အလႊာ (အလွှာ)(Completed)

Por Junowai97

28K 1.7K 77

ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအပ်တာပါ ကို့ ဘဝမှာ ကိုချစ်တဲ့ နှင်းဆီ တွေရယ် ငယ်ရယ် ပဲ လိုအ... Más

Part-(2)
Part-(3)
Part-(4)
Part-(5)
Part-(6)
Part-(7)
Part-(8)
Part-(9)
Part-(10)
Part-(11)
Part-(12)
Part-(13)
Part-(14)
Part-(15)
Part-(16)
Part-(17)
Part-(18)Ending
Part-(1)Uni
Part-(2)uni
Part-(3)uni
Part-(4)uni
Part-(5)uni
Part-(6)uni
Part-(7)uni
Part-(8)uni
Part-(9)uni
Part-(10)uni
Part-(11)uni
Part-(12)uni
Part-(13)uni
Part-(14)uni
Part-(15)uni
Part-(16)uni
Part-(17)uni
Part-(18)Ending uni

Part-(1)

3.3K 76 11
Por Junowai97

လောက ကြီးထဲမှာ လူချင်းအတူတူ
အသက်ရှူ ပုံချင်း အတူတူ
ဒီကမ္ဘာမြေ ကြီး ပေါ်မှာ မွေးဖွား လာ ခဲ့ ရတာချင်း အတူတူပါပဲ

ကျွန်တော်တို့မွေး ကတည်းက ပြောင်းလဲမရတဲ့ ဖြစ်တည်ခြင်းတွေ

အနေအထားတွေ အခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ သတ်မှတ်ခဲ့ကြတဲ့

အလွှာဆိုတဲ့ ခွဲခြား မှု စည်းမျဉ်းကြီးက
ဘယ်စာအုပ် ဘယ်အဘိဓာန်မှာမှပြ ဌာန်းမထား ဘဲ

သားစဉ်မြေးဆက် တလျှောက် လက်ဆင့်ကမ်းယူလာခဲ့ကြတဲ့ logic တစ်ခုအဖြစ် ခေါင်းထဲ စွဲနေကြတာဘာ့ကြောင့် များပါလဲ

အလွှာဟာ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်ကြွယ်ဝခြင်းတွေကိုသာ ကိုယ် စားပြုနိုင်ပေမယ့်

ကျွန်တော်တို့ ဝဲဘက်ရင်အုံက နှလုံးသား နဲ့ပတ်သက်တဲ့ ကိစ္စတွေကြားမှာ
အလွှာ ဆိုတဲ့ သတ်မှတ်ချက် ဝင်ရောက်လာခဲ့လျှင်တော့

ဒါဟာ ကျွန်တော်တို့ နှလုံးသား အပါအဝင် တစ်ဘဝ လုံးကိုပါ အဆိပ် သင့်စေနိုင်တဲ့ အန္တရာယ် များတဲ့ ဘောင်မဝင်ဘဲ အရိုးစွဲနေတဲ့ တရားမဝင်ဥပဒေတစ်ခု ဖြစ်သွားပြီ မဟုတ်လား...

.... .... .... .... ..... .... ..... .....

"Cheer!"

ဂုဏ်ပြုသံ တွေက နာမည်ကြီးတဲ့ club တစ်ခု ၏ VIP ဝိုင်း တစ်ခု ဆီမှ ထွက်ပေါ်လာခဲ့ သည်။

ဂုဏ်ပြု ခံ ရသူ ကာယကံ ရှင်က တော့ ခပ်ဖူးဖူး နှုတ်ခမ်းလေး တွေ လှုပ်ရုံ လေး ပြုံးပြ ကာ လက်ထဲ မှ ယမကာ ခွက်လှလှ လေး ကို လှုပ် ရမ်း လျှက် အရှေ့မှဂုဏ်ပြုနေသော ဖန်ခွက် လေးတွေဆီသို့ အသာအယာထိခတ်လိုက်သည်။

အရိုင်းဆန်တဲ့ မှေးကျဉ်းကျဉ်း မျက်ဝန်းတစ်စုံ၏ အခိုးတွေဝေနေပုံက ယမကာကြောင့်လား
သူ့ရဲ့ရှိရင်းစွဲ ဆွဲအားတွေကြောင့် လား မှိန်ပျပျမီးရောင်အောက် မှာ ပတ်ပတ်လည် မှအာရုံတွေ၏ စတည်းချရာ အကြည့်ပေါင်းစုံတွေက ထိုမျက်ဝန်းတွေကိုတော့ ရင်ဆိုင်နိုင်ခြင်းသိပ်မရှိကြ

ကြည့်လိုက် လျှင် ရုန်းမထွက်နိုင်သည့် လျှို့ဝှက် ထောက်ချောက် ဆူးချွန်သေးသေးလေးတွေ မြှုပ်ထားသလို
ထိုမျက်ဝန်းတွေက လွတ်လမ်းမရှိ

ကာလာဖောက်ထားသော ဆံပင်တွေကိုအပြောင်သိမ်းကာ အနီရဲရဲ ဝတ်စုံနှင့် တောက်လောင်နေတဲ့ အရောင်ရင့်ရင့်တွေ က ဘယ်လိုမှ မှိန်ကျသွားဖို့ မဖြစ်နိုင်
သည် ညအတွက်နှင်းဆီရောင်တွေ ခနေတဲ့ သူဟာ သည်ရပ် ဝန်းရဲ့ အဓိက ဇာတ်ဆောင် ဖြစ် ပါလိမ့်မည်။

Vshape ပုံ သဏ္ဍန် coat ကြောင့် လစ်လပ်နေတဲ့ အသားစိုင်တွေဟာ ထိမိကိုင်မလျှင်ပင် အရာကြီးကြီးတွေ ထင်ကာ ထိခိုက်မိသွားတော့မည့် အလား

လစ်လပ်နေတဲ့ အသားစိုင်တွေအပေါ်မှာ နောက်ဆုံး ထွက် limited edition ဆွဲကြိုး လေးက တောက်လောက်မှုတွေ၏ အားဖြည့် လောင်စာ လေးအလား

ပတ်ပတ်လည် ၏ အာရုံတွေမှာ သည်မီးပွားလေး လာစင်မှာကို အတော်လေး တွန့်ဆုတ်နေကြသလို
တချို့က မျှော် လင့် နေတဲ့ မျက်ဝန်းတွေနှင့်

"Congratulations! ပါ project အောင်မြင်သွားတဲ့ အတွက်"

ခပ်စူးစူး မျက်ဝန်းတွေ က ဘေးမှ လူကို ဟန်ပါပါ စောင်းငဲ့ ကြည့် လာတော့ နားတစ်ဖက် မှနားဆွဲ လေးက လှုတ်ယမ်းသွားရသည်။

"ဘယ်တုန်းက ကျရှုံး ဖူးလို့လဲ"

အေးစက်စက် မေးလာသော မေးခွန်းအတွက် တစ်ဖက်လူမှာ ချက်ချင်းဖြေဆိုဖို့ အဖြေတို့ ရှိမနေဟန်

အနည်းငယ် မျှတုံ့ဆိုင်းသွားတဲ့ ဟန်အမူအရာကို ချက်ချင်းပြန်ထိန်းလိုက်ကာ

"အာ..အောင်မြင်ပြီးရင်း အောင်မြင်နေတဲ့ CEO အတွက် ကျွန်တော်က ထပ်ဆင့်ဂုဏ်ပြု တာပါဗျာ အဟွန်း.."

လောကကြီးက သည်လိုပါပဲ
ငွေ များ တရားနိုင်ဆိုသည့် အတိုင်း
သူ့ကို ငွေကြောင့် ပဲ လူတွေက မော် မကြည့် ရဲကြတာ
ငွေကြောင့် ပဲ အမှားတွေက အမှန်ဖြစ်ကုန်တာ

CEO Park Jimin ဟုအမည်ကြားလိုက်သည်နှင့် သူ့နောက်က ကပ်ပါလာသည့် ပိုင်ဆိုင် မှု ဂုဏ် ဒြပ် တွေက လူကိုမမြင်ခင် ကြိုတင်မိတ်ဆက်ကြတာမျိုး

သည်ဘဝ သည်အခြေအနေ ကို သူသိပ်ကြိုက် သည် ။
သည်နေရာတွင် ရပ် တည်ဖို့ ကြိုးစား ခဲ့ ရ စတေးပစ်ခဲ့ ရသည့် အရာတွေသည် မနည်းမနော
သူ့ဘဝ၏ အစိတ်အပိုင်းတော်တော် များ များ ငယ်စဉ်ဘဝ လွတ်လပ် မှု

သူ့ရဲ့ အကြီးမားဆုံး သော နှလုံးသားရေးရာတွေအထိ အလဲအထပ် လုပ်နိုင်ခဲ့သည်။

အကြောင်းအရင်း သည် သူငွေကိုကြိုက်လို့
သူငွေ ကို အရမ်း ကြိုက်လွန်းသည်။
ငွေမရှိသည့် ဘဝသည် အရာရာနောက် မှာ ချည်း
ငွေကြောင့် လက်ညိုး ညွန်ရာ အားလုံးကို သူရခဲ့သည်။

သူ့ဘဝမှာ ငွေ ရှိသည်။
ပညာရှိသည် ။
တစ်လောကလုံး မလွန်ဆန်နိုင်သော အရှိန်အဝါ တွေနှင့် အန္တရာယ် မျက်နှာလေးကိုပိုင်ဆိုင်ထားသည်။
ဘာတွေ ထပ်လို ဦးမလဲ

ဒါတွေကြောင့် သူဆိုတာ သည်လောက မှာ မသိသူမရှိလောက်အောင် မင်းမူ နိုင်နေခဲ့သည်။

"နောက်လာမယ့် project တွေအတွက်လည်း အားဖြည့် ကူညီ ကြပါဦး"

မျက်ခုံးတန်းတစ်ဖက်ကို ဟန်ပါပါပင့်တင် ပြီး ပြော လိုက်တော့ သူနှင့်အတူ ထိုင်နေသူများက

"ပါရ မှာပေါ့
ဒီလောက် တော်တဲ့ CEO ကြီးရှိနေပါလျှက် နဲ့ မပါဘူးဆို ကျွန်တော်တို့သိပ် မိုက်မဲ ရာကျတော့ မှာ ပေါ့ ဟုတ်တယ် မဟုတ်လား"

ဘေးမှရေချိန်ကိုက်နေသည့် လူများက လည်း ထိုလူ ၏ စကားကိုရောယောင် လိုက်ပါ ထောက်ခံလျှက်

သည်လောက ၏ ဘုရင်တစ်ပါး အဖို့ စကား အသွား အလာတွေသည် ဘယ်ကို သွားပြီး ဘယ်ကို ဦးတည် နေမှန်းသိသော် လည်း ဒါတွေကို သူဂရုမစိုက်တတ်

ခွေးဟောင်တိုင်း ခေါင်းထောင် ကြည့်မိလျှင်အိပ်ရေးပျက်တတ်တာမို့
ပါးပါးလေး ပြုံးကာ လက်ကျန်ယမကာကို မော့ လိုက်ပြီး

"ပြန်တော့မယ် ဆက်ပြီး ပျော်ကြပါ
အားလုံးအတွက် စီစဉ်ပေးခဲ့တယ်"

"နေပါဦး CEOရယ်
CEO အတွက် သိပ်ပျင်းစရာကောင်း နေလို့လား
ကျွန်တော်တို့ အပျော် လေးတွေ ဖန်တီးပေးရမလား"

"မလိုဘူး ကျုပ်မှာ အဲလောက်အချိန်တွေပေါ မနေဘူး Mr. Chen "

အသက်အရွယ် မတိမ်းမယိမ်း ရှိနေကြတဲ့ သူတို့သည် ရာထူး ဂုဏ်သိမ် ပိုင်ဆိုင်ကြွယ် ဝမှုဆိုတဲ့ စည်း သေးသေးလေး တစ်ခု နှင့်သာပိုင်းခြားမထား ခဲ့ပါက လူငယ်တွေ အပေါင်းအသင်းတွေ အဖြစ် သည်နေရာတွင် လွတ်လွတ်လပ်လပ် စကားပြောနိုင်ကြပေလိမ့်မည်ထင်သည်။

"Jimin!"

ထိုင်ခုံမှ ရပ် လိုက်တော့ လက်တစ်ဖက် ကို လာရောက် လှမ်းကိုင် လိုက်သည့် လက်တွေကြောင့် မျက်ခုံးတန်းတွေ က အလိုမကျစွာတွန့်ချိုးပြီး စိုက်ကြည့် လာသည့် မျက်ဝန်းတွေ က စူးစူးရဲရဲ

အသနားခံနေသည့် မျက်ဝန်းတွေ သည် သနားချင်စရာမကောင်း လှစွာ ကိုင်ထား သည့် လက်တစ်ဖက်ကို ခပ်ဆပ်ဆပ် ပုတ်ချလိုက်ရင်း

"ဒီနေရာက မင်း ရဲ့ ကိုယ်ရေးကိုယ်တာ တွေကို ဖြေရှင်း နေရမယ့် နေရာ မဟုတ်ဘူး ဆိုတာ မင်း သဘောပေါက်သင့်တယ်"

"ဘာ့လို့လဲ
ဘာဖြစ်နေလို့ လဲ
သူက ဘာကောင်းနေလို့မမေ့နိုင်ရတာလဲ"

ကျောခိုင်းထွက်ခွာတော့ မည့် ခြေလှမ်းတွေ က ရပ်တန့်သွား ရသလို တိတ်ဆိတ်သွားသည့် အခန်းထဲမှ အာရုံတွေသည် ပို၍ ပို၍ သူ့ အပေါ်သက်ရောက်လာကြသည်။

ပြင်းရှရှ အသက်ရှူ သံတွေဟာ တိတ်ဆိတ်နေသောပတ်ဝန်းကျင်မှာ ကြီးစိုးလာခဲ့သည်။

"ငါ့အကြောင်းတွေ ပေးသိရလောက်အောင် မင်းက ငါနဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘောင်ဝင် ခဲ့လို့လဲ

မင်းမှာ အဲလို အခွင့် အရေး ဘယ်တော့မှ ရှိလာ မှာ မဟုတ်ဘူး"

ပြောပြီး လှည့် ထွက်သွား တဲ့ ကျောပြင်ငယ်ဟာ ပတ်ပတ်လည် မှ ဝေဖန်မှုတွေ တီးတိုးစကားသံတွေ ကို ဂရုမစိုက်စွာ ထို ရပ်ဝန်းကို ကျောခိုင်းပစ်ခဲ့သည်။

ခေါင်းငိုက်စိုက်ချ၍ ကျန်ရစ်ခဲ့ သူအား ဘေးမှ မိတ်ဆွေ အပေါင်း အသင်းတွေက နှစ်သိမ့်မှုတွေ ပြုလျှက် ကျန်ခဲ့ ကြသည်။

"ဟူး... ငါတစ်ယောက်တည်းပဲ စိတ်ရှုတ်နေရတာလား"

အဆောက်အဦး အပြင်ဘက်ကို ထွက်လာတော့ ဝန်ထမ်း ကောင်လေး က ဦး ညွှတ်လာကာ

"ကား အငှါး မောင်း ပေးမယ့် သူရောက်ပါပြီ အစ်ကို "

"Ok"

သည်နေရာသည့် သူ့လို လုပ်ငန်းရှင်တစ်ယောက်အတွက်စိမ်းသက်မနေခဲ့
တစ်ခါတစ်ရံ ကားမောင်းပြန်ဖို့ ရန်အတွက် အဆင်မပြေသော နေရက်များတွင် Jimin ယာယီ ကားမောင်းပေးရန် စီစဉ် ခိုင်းတတ်သည်။

သည်နေ့သည် အလွန်အကျွံ မူးနေခဲ့ ခြင်းမရှိသော်လည်း စိတ်တို့သည် မကြည်လင်
ဘာအကြောင်းရယ်ဖြင့် ခေါင်းစဉ်တွေက တပ်မရ
သူကိုယ်တိုင် ကားမောင်းချင်စိတ်လည်း မရှိပါ

ကားတံခါးကို လှပ် ပြီး ဝန်ထမ်းကောင်လေးမှ သူ့ကိုဝင်ထိုင်စေသည်။

သူဝင်ထိုင်လိုက်သည်နှင့် အရှေ့မှ အငှါး driver လေးသည် cap အနက်ကို ဆောင်းပြီး ထိုင်နေခဲ့ကာ မောင်းနှင်ရန်အသင့်ရှိနေခဲ့သည်။

အကြောင်းအရင်း မရှိ လှ စွာ driver လေး ၏ hoodie နှင့် cap ကြားမှ လည် ဂုတ်သား လေးကို စိုက်ကြည့် နေမိသည်။

"လူကြီးမင်း အဆင်သင်ြ့ဖစ်ရင် ကျွန်တော် မောင်းပါတော့မယ်"

ထွက်ပေါ်လာ တဲ့ အသံကြောင့် အတွေး စများ အချိတ်အဆက် မမိတော့ ပေါင်ပေါ်တင်ထားသည့် လက်ချောင်းလေးတွေနှင့် လည်ပင်းမှ Adam's apple လေးက လှုတ်ရှားသွား ရကာ စိတ်ရဲ့ ခေတ္တခဏ မငြိမ်မသက် ဖြစ်သွား ချင်းကို ဖော်ကျူးနေခဲ့ သည်။

သိပ်ရင်းနှီးတယ်
သို့သော် ထို အသံပိုင်ရှင် က ဘယ်လိုမှ ဖြစ်နိုင်လိမ့်မည်မဟုတ်

"အင်း မောင်းလို့ရပြီ"

အတွေးတွေ သည် မှေးစက်ကာ လိုက်ပါလာမည်ဟု ကြိုတင်တွေး ဆခဲ့သော် လည်း အလုပ်မဖြစ်နိုင်တော့

သူ့ရဲ့ အာရုံတွေသည် သူ့ဆီတွင်ရှိမနေခဲ့
Driver seat မှ တစ်စုံတစ်ယောက် ထံ သို့သာ စူးစိုက်ကြည့်နေခဲ့မိသည်။

မီးပွိုင့် မိနေချိန်တွင်ပင် ကားမောင်းနေသော တစ်စွန်းတစ်စ မြင်နေရသည့် လက်ကောက်ဝတ် လေး မှ ခတ်ရှုတ်ရှုတ်ရေးခြစ်ထား သည့် အရာများ ကို မြင်လိုက် ရသည် နှင့် သူ့အသက်ရှူ သံတွေသည် အတိုင်းအဆမရှိ မြန်လာခဲ့တော့သည်။

အိမ်ရှေ့ရောက်သည်နှင့် ကားကိုခြံထဲ သွင်း လိုက်ပြီး ထိုကောင် လေး က တံခါး ကို ဖွင့် လာပေးခဲ့သည်။
Mask အုပ်ထားသည် မို့ မျက်နှာကိုသဲသဲ ကွဲကွဲမမြင်ရ

"အ"

ကား ထဲမှ ထွက်လာသည်နှင့် နက်စွေ့စွေ့ ခန္ဓာကိုယ် ထက်သို့ ယိုင်ကျလာသည့် သည်နေ့ည ၏ ခပ်ရဲရဲ နှင်းဆီပွင့်လေး

ပြန်ပြီး ထိန်းမတ် ပေး လိုက်ကာ ဖြည်လွှတ်လိုက်သော် လည်း ခါးထက် ရစ်ပတ်ထားတဲ့ နှင်းဆီနီလေး ၏ လက်တွေက မြဲမြံစွာ လွှတ်ပေးလာခြင်း မရှိခဲ့

"ဒီတိုင်းပဲ နေတော့ မှာလား"

ထပ်မံထွက်ကျလာသည့် ဒုတိယစကားတစ်ခွန်းမှာ နှင်းဆီနီလေး ၏ လက်တွေသည် driver လေး၏maskဆီသို့ လျှင်မြန်စွာ ရောက်ရှိသွားလေပြီ

"ခင်ဗျား!"

ပေါ်ထွက်လာသည့် မျက်နှာ အစိတ်အပိုင်း တွေသည် နှင်းဆီလေး ကို အသက်ရှူဖို့ မေ့သွား သည်အထိ ခဲတောင့်သွားစေသည်။

မျက်ဝန်းအိမ်မှ မဖိတ်ခေါ်ဘဲရောက်လာခဲ့သည့် အရာတွေသည် နှင်းဆီလေး ၏ ပါးပြင်ထက် တွင် တစ်ခဏချင်းပင် စိုစွတ်သွားရသည်။

အရှေ့မှ အနက်ရောင် ပုံရိပ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ရင်ခွင်ထဲတိုးဝင် လိုက်ပြီး

"ငယ်...ငယ် ကို့ဆီပြန်လာတာ မဟုတ်လား"

ရင်ခွင်ထဲ မှ ထွက်ကာ အရှေ့မှ လူသား၏ လက် များကိုကိုင်ကြည့်ကာ မျက်နှာ တွေ အထိ အရူးတစ်ယောက်လို ထိတွေ့ နေမိသည်။
မျက်ဝန်း ဝိုင်းကြီး တွေ နှုတ်ခမ်းပါးပါးလေးတွေ ဒါတွေ အားလုံး သူသိခဲ့သည့်အရာအားလုံးက သူရင်းနီးပြီးသား
သူအပိုင်တွေ မဟုတ်လား
သေချာအောင် ထိတွေ့  စစ်ဆေးနေမိသည်။

ပါးပြင်ပေါ်ထိတွေ့ နေသောလက်တွေ၏ လက်ကောက် ဝတ်တွေ ဆီ လာရောက် ဟန့်တား လိုက်တဲ့ သန်မာသော လက်တစ်စုံကြောင့် အနှီးလူသား ရဲ့ မျက်ဝန်းတွေကို စိုက်ကြည့် လိုက်တော့ ပကတိရိုးရှင်းနေတဲ့ အကြည့်တွေက နှင်းဆီလေး ကို လှောင်ပြောင်ပြနေသည်နှင့်မခြားနား

မဟုတ်ဘူး....သူ့ရဲ့ ငယ်က သူ့ကို ဘယ်တုန်းက မှ သည်လို ခပ်စိမ်းစိမ်းအကြည့် တွေနှင့် ကြည့်ခဲ့ ဖူးခြင်းမရှိခဲ့

"ခင် ဗျား ဘာတွေပြောနေတာလဲ
လူမှားနေပြီထင်တယ်
ခင်ဗျားကို ကျွန်တော်မသိဘူး"

မသိဘူးတဲ့
ဖြစ်နိုင် ပါသည်။ သူ့ရဲ့ တစ်ဦးတည်း သော ငယ် ဟာ သည်ကမ္ဘာကြီး ပေါ်မှာ ရှိမှ မရှိတော့ဘဲ

သူ့မျက်စိရှေ့မှာ ပဲ လော ကကြီက ထွက်ခွာသွား ခဲ့သည် မဟုတ်လား

ပါးပေါ်က လက်တွေကို ဖယ်ရှား လိုက်ကာ မျက်ရည်တွေကို ဖိပွတ်သုတ်လိုက်သည်။
လွန်ခဲ့သည့် နာရီ ပိုင်းက နှင်းဆီအရောင်တွေသည် နွမ်းကျသွားခဲ့ ရသည်က ရုတ်တရက်ဆန်ဆန်မို့ ပြင်ဆင်ချိန်တွေသည်ရှိမနေ

ပြင်ဆင်ချိန်မရှိလောက်အောင် ငယ် ဆိုသော တစ်စုံတစ်ယောက် က Jimin ဘဝ၏ အစိတ် အပိုင်း တော်တော် များများကို လွှမ်းမိုးထား နိုင်ခဲ့သည်။
ရက်စက်လိုက်တာ ငယ်ရယ်...
သူ့ကို မှ ထားပစ်ခဲ့ ရတယ်လို့

အထီးကျန်ရတာတွေသိပ်မုန်းတတ်သည့် သူ့ကို မှ ထားပစ်နိုင်ခဲ့ တဲ့ငယ်ဟာ သိပ်ဆိုးလွန်းသူပါ။

"ခင် ဗျားအဆင်ပြေရဲ့လား"

"အား...အဆင်ပြေပါတယ် "

တစ်စုံတစ်ယောက်နှင့် ချွတ်စွတ်တူသည့် ထိုလူသား ကို မမှိတ်မသုန် ကြည့်နေလျှက်မှ အတွေးတွေသည် တစ်ကျော့ပြန်လည်လာ ရသည်။

"ဒါဆို ကျွန်တော်ပြန်တော့မယ် ခွင့်ပြု ပါဦး"

လှည့်ထွက်သွားသော ခြေလှမ်းတွေမှာ တွေ ဝေတုန့်ဆိုင်း ခြင်းတွေမရှိစွာ အနား မှ ထွက်သွား နေသူကျောပြင် ကျယ်ကြီးကို ငေးစိုက် ကြည့်နေမိသည်။

ငယ် ကသူ့ကို ဘယ်တုန်းက မှ ထားရစ်ခဲ့ သူမဟုတ်

"ခဏ...ခဏလောက် နေပါ ဦး"

Jimin ၏ ဟန့်တား မှုကြောင့် အနောက်သို့ ခပ်စောင်းစောင်း လှည့် ကြည့် လာသော မျက်ဝန်းတွေသည် အတော် လေးပင်တည်တည်ငြိမ်ငြိမ် ရှိနေခဲ့သည်။

"အိမ်ထဲ ဝင်ပါဦးလား တစ်ခုခု သောက်ပါဦးလား"

ငယ်....နဲ့သိပ်တူတဲ့ သူကို ခဏလောက်ဖြစ်ဖြစ် ဆွဲထားချင်မိသည်။

"ကျွန်တော့် အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သိပ်ဦးစားမပေးတတ်ဘူး"

"Sorry ကိုလောသွားတယ်
မင်း အဲ club မှာပဲ အလုပ်လုပ် တာမဟုတ်လား"

"မပြောတတ်ဘူး
ကျွန်တော်က ငွေရရင် ရသလို ကြုံတဲ့ အလုပ် လုပ်လိုက်တာပဲ"

"အကူညီ လိုရင် ဆက်သွယ် လိုက်ပါ

ဒါက ငါ့ရဲ့ ကတ်"

ကမ်းပေးလာသော business crd ကို မယူဘဲ မျက်ဝန်းတွေ ကို စူးစိုက်ကြည့် လာသည့် ကောင်လေး ဟာ တကယ့်ကို နားလည်ရခက် လှပါသည်။

"ကို့အိမ်က တစ်ယောက်ယောက်ကို လိုက်ပို့ခိုင်း.."

"မလိုဘူး"

ထို့နောက် ခပ်ထေ့ထေ့ ပြုံးကြည့် လာကာ လက်ထဲမှ ကတ်ကို လက်ဖဝါး တွေ နှင့် ပွတ်တိုက် ဆွဲယူသွား ပြီး အိမ်ပြင်သို့ ထွက်ခွာသွား တော့သည်။
တဖြည်းဖြည်း ဝေး၍ ကျောပြင် ကျယ် ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေမိသည်။

"မင်းက မသိစေချင်ဘူး ဆိုတော့
ကို..ကဆက်ပြီး မသိသလိုနေပေးပါ့မယ်
ငယ်"

ဆိုးလ် မြို့၏ လမ်းမကြီး ထက် လူသွား လမ်းပေါ်မှာ လေးပင် စွာ လျှောက်သွား နေသော အနက်ရောင် ပုံရိပ်လေးက လက်ထဲမှ Business crd ကို လက်ဆစ်တွေဖြူ ဖျော့လာ သည်အထိ ကျစ်ကျစ် ပါအောင် ဆုပ်ထား လျှက်

"ဟန်ဆောင်ကောင်းလိုက်တာ
မျက်ရည်တွေတောင် ကျတော့မလို့
Park Jimin ရယ် ခင်ဗျား တတ်ပဲ တတ်နိုင်လွန်းတယ်"

16.4.23

Seguir leyendo

También te gustarán

122K 11.5K 28
Start date- 16.6.2021// End date- 24.7.2021// တချို့ကပြောကြတယ်..မျိုးတူလူသားနှစ်ဦးရဲ့ပုံမှန်မဟုတ်တဲ့ချစ်ခြင်းတွေဆိုတာကအရင်ဘ၀က ၀ဋ်‌ကြွေးတွေကြောင့်တဲ့...
1.4M 34.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
125K 10.9K 26
Тэр бол хүн дүрстэй чөтгөр. ©ᴠɴᴀʙɪ