ကျောင်းသားအဆောင်ရဲ့ တံခါးပိတ်ချိန်ရောက်ဖို့ အစောကြီးလိုသေးပေမယ့် ကျောင်းမှာ အမှုဖြစ်ထားတာကြောင့် အဆောင်မှာနေတဲ့ ဘယ်ကျောင်းသားကိုမှ အပြင်ထွက်ခွင့်မပြုထားပေ။
အခန်းတိုင်းက မီးလင်းနေလျက်ရှိသော်လည်း တိတ်ဆိတ်နေသည်။
အခန်း နံပါတ် (၃၃) သည် တတိယထပ်ရှိ ဓာတ်လှေကားထဲက ထွက်ထွက်ချင်း ဝဲဘက် ၃ ခန်းမြောက် အခန်းဖြစ်သည်။
ထိုက်ဟုန်စစ် အခန်းတံခါးကို ကတ်ဖြတ်၍ ဖွင့်လိုက်သည်။
သူတစ်ခါမှ ထင်မှတ်မထားမိတာက သူနေမယ့် အခန်းထဲမှာ ပြင်းပြစွာ နမ်းရှိုက်နေတဲ့ လူနှစ်ယောက်ကို တွေ့လိုက်ရမယ်ဆိုတာကိုပဲ။
ရုတ်တရတ် အခန်းတံခါးပွင့်သွားတာမလို့ ထိုလူနှစ်ယောက်ကလည်း သူ့ကို ကြောင်အမ်းစွာ ပြန်ကြည့်နေတယ်။
"စိတ်မရှိပါနဲ့..."
ထိုက်ဟုန်စစ်က တံခါးကို ပြန်ပိတ်ပြီးတော့ အပြင်မှာ မတ်တပ်ရပ်နေသည်။
'အခန်း နံပါတ်က အသေချာကို ၃၃ ပါ'
ကျောင်းသားဆောင်မှာ လူနေထူထပ်ကာ လူနံ့တွေက နေရာအနှံ့မှာ ခွဲခြားမရဘဲ ရောထွေးနေသည်။
အခန်းထဲမှာ ရောက်နေတဲ့ လူနှစ်ယောက်ရဲ့ အနံ့ကို အပြင်ကနေ သူ သတိမထားလိုက်မိဘူး။
ပြီးတော့ ကျောင်းသားဆောင်တွေက တစ်ယောက်ခန်းတွေ ဟုတ်မဟုတ် ဆိုတာကို သူ ထည့်မတွေးမိလိုက်တာလည်းပါသည်။
သူသည် လူတွေနဲ့ တစ်ခန်းတည်း မျှသုံးဖို့အတွက် ကြိုတင်ပြင်ဆင်မထားမိခဲ့ပေ။
မိနစ်အနည်းငယ်ကြာတော့ အခန်းတံခါးပွင့်လာပြီး ကျောင်းသားတစ်ယောက်ထွက်လာတယ်။
ထိုက်ဟုန်စစ်ကို မြင်တော့ ထိုလူငယ်က ကို့ရို့ကားယားနိုင်စွာ ပြုံးပြပြီး အခန်းထဲမှာ ကျန်ခဲ့တဲ့ တစ်ယောက်ဘက်လှည့်ကာ လက်ဝှေ့ကို ယမ်းပြပြီး နှုတ်ဆက်လေသည်။
"ငါ အလှည့်ရောက်တော့မယ်ထင်တယ် သူတို့ စစ်မေးတာပြီးရင် တစ်ခါတည်း ပြန်လိုက်တော့မယ်သိလား ပြန်ရောက်ရင် စာပို့လိုက်မယ်"
"အင်း...ကောင်းကောင်းပြန်ဦး"
ထိုက်ဟုန်စစ် ထိုလူနှစ်ယောက်ကြားမှာ ကသိကအောက်နိုင်စွာ ရပ်နေရတယ်။
အရင်ဆုံး ထွက်လာတဲ့ တစ်ယောက်က ဓာတ်လှေကားထဲဝင်သွားသည်။
ကျန်ရစ်ခဲ့သည့် ကျောင်းသားက မျက်တောင်ကို မှေးစင်းပြီး ထိုက်ဟုန်စစ်ကို စူးစမ်းသလို စိုက်ကြည့်နေသည်။
တံခါးဘောင်ကို ပျင်းတိပျင်းရွဲမှီပြီး လက်ပိုက်ထားတဲ့ ထိုလူသားရဲ့ပုံစံက အထက်စီးဆန်လှ၏။
ဂုတ်အစပ်လောက်ထိ ရှည်ကာ အဖျားအနည်းငယ်ကော့နေသည့် လှိုင်းတွန့်ဆံပင်တွေက ဖရိုဖရဲနိုင်သော်လည်း ဘဲဥပုံမျက်နှာကျရှိတဲ့ ထိုသူနဲ့ အတော်လေး လိုက်ဖက်သည်။
မျက်နှာတစ်ခုလုံးမှာ သတိထားမိဆုံးနေရာက မျက်ရစ်နှစ်ထပ်နှင့် ညို့ယူဆွဲဆောင်နိုင်သည့် မျက်လုံးများပင်။
ထိုလူက ထိုက်ဟုန်စစ်ကို အကြည့်တစ်ချက်သာ ပေးပြီး အခန်းထဲကိုပြန်ဝင်သွားသည်။
ထိုက်ဟုန်စစ်လည်း နောက်က လိုက်ဝင်သွား၏။
ဘီရိုရှေ့က luggage တစ်လုံးနဲ့ ထိုလူ့ဘေးက ကုတင်ပေါ်မှာ သပ်သပ်ရပ်ရပ်ခင်းထားတဲ့ အိပ်ယာခင်းတစ်ခုရှိနေလို့သာ အခန်းက လူနေသည့် ပုံပေါက်နေတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီလူသားနဲ့ တစ်ခန်းတည်း တူတူနေဖို့ အကြောင်းဖန်လာပြီဆိုတော့ ထိုက်ဟုန်စစ်ကပဲ ဦးစွာနှုတ်ဆက်လိုက်သည်။
"ကျွန်တော်က ထိုက်ဟုန်စစ်လို့ခေါ်ပါတယ် ပထမနှစ် Scripture art ကပါ "
"ခွန်းယံ
Theater art နောက်ဆုံးနှစ် "
Theater art နောက်ဆုံးနှစ်...
ယနေ့ မနက်က သေဆုံးသူ မိန်းကလေးနဲ့ မေဂျာအတူတူပဲ။
ခွန်းယံဆိုသူက သူ့ကို ရှိတယ်လို့တောင် မထင်ဘဲ ဘီရိုထဲကို အဝတ်တွေစီထည့်နေသည်။
တစ်ဖက်လူက နာမည်နဲ့ မေဂျာကလွဲပြီး သူ့ကို နောက်ထပ် ဘာစကားမှ ထပ် ပြောမလာပေ။
ထိုက်ဟုန်စစ်လည်း လုပ်စရာမရှိတာကြောင့် ကုတင်အလွတ်ပေါ်မှာ လှဲကာ ဖုန်းကြည့်ရင်း အချိန်ဖြုန်းနေလိုက်သည်။
Mora လူသေဆုံးမှု နဲ့ ပတ်သတ်တဲ့ သတင်းသည် လွန်ခဲ့တဲ့ မိနစ်အနည်းငယ် အချိန်အတွင်းကမှ လိုင်းပေါ်ကို စတင်ရောက်ရှိလာတာဖြစ်သည်။
ထိုက်ဟုန်စစ် အွန်လိုင်းပေါ်မှာ လူတွေးရေးထားသည့် ထင်မြင်ချက်များကို လိုက်ဖတ်ကြည့်နေစဉ်မှာပဲ သူ့အခန်းဖော်က အဝတ်အစားတွေ ရှင်းလင်းလို့ပြီးသွားပြီး ရေချိုးခန်းထဲဝင်သွားသည်။
လူနှစ်ယောက်ရှိသည့် အခန်းမှာ အလွန်အမင်း တိတ်ဆိတ်နေတယ်။
မိနစ်နှစ်ဆယ်လောက်ကြာပြီးတော့ ခွန်းယံက ရေချိုးခန်းထဲကထွက်လာသည်။။
ဆံပင်က ရေစက်တို့က လည်ဂုတ်ထက်ကို တစ်စက်ချင်းစီကျဆင်းနေသည်။
ထို ရေစက်တို့ ကျဆင်းနေသည့် ဂုတ်ပိုးထက်တွင် သွေးကြာမျှင်လို အနီရောင် အစင်းကြောင်း။
ဆံပင်ရှည်တွေနဲ့ ကွယ်နေလို့ နားရွက်အပေါ်ပိုင်းကို သေချာမမြင်ရပေ။
နားရွက်နှစ်ဖက်နောက်မှ မျဉ်းပြိုင်ပုံစံရှိနေတဲ့ အနီရောင် မျဉ်းနှစ်ကြောင်းက လည်ဂုတ်ထက်တွင် 'ပ'စောက်ပုံ တစ်သားတည်း ပေါင်းစည်းသွားသည့် ပုံသဏ္ဍာန်ရှိသည်။
ခွန်းယံက အင်္ကျီကို ခပ်သွက်သွက်ပြန်ဝတ်ပြီး
သူ့ဂုတ်စပ်က အရာကို မြင်တွေ့မှာ မလိုလားသည့် ဟန်ဖြင့် စည်းထားသည့် ဆံပင်ရှည်တွေကို ပြန်ဖြေချလိုက်သည်။
စပ်စုတယ် အထင်မခံချင်တာကြောင့် ထိုက်ဟုန်စစ် ရေချိုးခန်းထဲကို ဝင်ပြီး ရှောင်နေလိုက်တယ်။
အတူတူ တစ်ခန်းတည်းနေရမယ့်လူက တရင်းတနှီးမဆက်ဆံတာက ထိုက်ဟုန်စစ် အတွက်ပိုအဆင်ပြေသည်။
လူသားတွေက သူနဲ့ ခပ်ကင်းကင်းနေလေ အလုပ်လုပ်ရတာ အဆင်ပြေလေ ဖြစ်တာကြောင့်ပင်။
______
တိတ်ဆိတ်နေသည့် သန်းခေါင်ယံသည် ဝိညာဉ်တွေ လှုပ်ရှားတက်ကြွကြသည့် အချိန်ဖြစ်သည်။
အိပ်မောကျနေတဲ့ လူတွေနဲ့တော့ ဆန့်ကျင်ဘက်ပင်။
ဘေးဘက်ကုတင်က ပုဂ္ဂိုလ်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကို အတည်ပြုပြီးတာနဲ့ ထိုက်ဟုန်စစ် အဆောင်ဝန်း အပြင်ကို တိတ်တိတ်လေးထွက်လာခဲ့တယ်။
ကျောင်းဝန်းတစ်ခုလုံးဟာ ခြောက်ခြားဖွယ်တိတ်ဆိတ်နေပြီး တိုးညှင်းတဲ့ လေတိုက်သံကတောင် တစ္ဆေညည်းသံနဲ့ တူနေတယ်။
"ရုံးအုပ် ! ကျမတို့ ဒီမှာ "
လှမ်းအော်လိုက်တဲ့ မိန်းကလေးရဲ့ အသံကျယ်ကျယ်ကြောင့် သွားလာနေတဲ့ ဝိညာဉ်တွေဟာ တုန့်ခနဲရပ်ပြီး သူတို့ဘက်ကို လှည့်ကြည့်လာတယ်။
တစ်စက္ကန့်အတွင်းမှာ ရာဇဝတ်ရုံးက နတ်သားရဲတွေမှန်းသိသွားကြတော့ ချက်ချင်း ဆိုသလို နေရာမှာတင် ပျောက်ကွယ်သွားကြတယ်။
"နင့် ပါးစပ်ကို ပိတ်ထားလို့မရဘူးလား "
သူမဘေးရှိ သူမနဲ့ရုပ်ချင်း ခပ်ဆင်ဆင်တူတဲ့ လူငယ်လေး က လှမ်းဟန့်သည်။
ထိုက်ဟုန်စစ်ကို စောင့်ရတာကြာလို့ နှစ်ယောက်လုံးရဲ့ မျက်နှာက သုန်မှုန်နေသည်။
"Sorry ငါ့ အခန်းဖော် အိပ်တဲ့ထိစောင့်နေရလို့ "
"အခန်းဖော်ရှိနေတာလား ? "
"အင်း ငါလည်း မထင်ထားဘူး "
သူတို့ ရာဇဝတ်ရုံးရဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ သိမ့်ဝတီက မေးခွန်းတွေ တရစပ်မေးသည်။
"ဘယ်လိုနေလဲ ? သဘောကောင်းရဲ့လား ? ရုံးအုပ်ကိုရော လူမဟုတ်တာ ရိပ်မိမသွားဘူးလား ? "
ထိုက်ဟုန်စစ် သူမလို တက်ကြွလွန်းတဲ့ အလုပ်သင် နတ်သားရဲမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။
နဂါးမျိုးနွယ် နတ်သားရဲချင်းအတူတူကို အစ်ကို ဖြစ်သူက တည်ငြိမ်သလောက် ညီမဖြစ်သူက တစ်စက်လေးမှ အငြိမ်မနေ။
သွင်မင်းပိုင်နဲ့ သိမ့်ဝတီကမောင်နှမဆိုတာ ဘယ်လိုမျိုး ဆက်စပ်ပြီး တွေးကြည့်ရမလဲ မသိတော့ဘူး။
"အခု ကျမတို့က ဘယ်သွားမှာလဲဟင် တရားခံသွားဖမ်းကြမှာလား "
"မျက်မြင် သက်သေလိုက်ရှာမလို့ "
Theater art ဌာနအနီး...
လူသေလို့ ကြိုးတားထားတဲ့ နေရာမှာ လူ့စည်းကမ်းကို ဂရုစိုက်စရာမလိုတဲ့ ဝိညာဉ်အချို့ရှိနေသည်။
ဝိညာဉ်တွေက ထိုက်ဟုန်စစ်တို့ကို မြင်တော့ နေရာကနေရှဲသွားကြတယ်။
နတ်သားရဲတွေရဲ့ ဘုန်းတန်ခိုးအရှိန်အဝါက အဆင့်နိမ့် ဝိညာဉ်တွေကို ကြောက်ရွံ့စေတယ်။
"တစ်ယောက်ယောက် ဒီနားမှာ ဖြစ်သွားတဲ့ လူသေမှုနဲ့ ပတ်သတ်ပြီးပြောပြနိုင်လား "
သွင်မင်းပိုင်က ကြောက်ရွံ့နေတဲ့ ဝိညာဉ်တွေကြောင့် သူ့ရဲ့ ပင်ကိုယ်လေသံအား အတတ်နိုင်ဆုံး ညင်သာအောင် သတိထား၍ မေးသည်။
ငြိမ်ကုတ်နေတဲ့ ဝိညာဉ်တွေက သူသွားငါသွားနဲ့ တစ်ယောက်ကို တစ်ယောက်တွန်းထိုးနေကြသည်။
စိတ်ရှည်ဖို့ လေ့ကျင့်နေသည့် သွင်မင်းပိုင်က လက်ထဲမှာ ကိုင်ထားတဲ့ ပုတီးက ပုလဲလုံးတွေကို ဖျစ်လိုက်ရင်း...
"ဘယ်သူ့ကိုမှ အန္တရာယ်ပြုမှာ မဟုတ်ပါဘူး... ကျွန်တော်တို့က မေးခွန်းလေးနည်းနည်းလောက်မေးပြီး ပြန်မှာပါ "
အတော်လေးကြာတဲ့ အထိ တုန့်ပြန်မှု မရှိ။
"ကျုပ်...ကျုပ်...ဖြေပါ့မယ်"
သစ်ပင်နောက်ကွယ်က ချောင်းကြည့်နေတဲ့ ခေါင်းဖြူအဘိုးအိုက တုန်ရီစွာနဲ့ ရှေ့ကိုထွက်လာတယ်။
သူ့နောက်မှာ ပုံပန်းသွင်ပြင် အစုံနဲ့ ဝိညာဉ်တွေရှိနေပြီး အကုန်လုံးက ထိုက်ဟုန်စစ်တို့သုံးယောက်ကို စူးစမ်းသလိုကြည့်နေကြတယ်။
"ရုံးအုပ်က ဘာများသိချင်လို့ပါလဲ "
"ကျွန်တော်သိချင်တာ ဒီအဆောင်ခေါင်မိုးထပ်ကနေ ခုန်ချပြီးသတ်သေသွားတဲ့ မိန်းကလေးအကြောင်းပါ သူသေသွားတာကို အစအဆုံးမြင်လိုက်တဲ့သူများရှိလား "
"ကျုပ် မြင်လိုက်ပါတယ် ကျုပ်တို့ အုပ်စုက အမြဲတမ်း ဒီ သစ်ပင်နားမှာ ညတိုင်း ထိုင်နေကျ"
အုံ့မှိုင်းနေတဲ့ ကုက္ကိုလ်ပင်အိုကြီးက တစ္ဆေသရဲတွေ ခိုလှုံဖို့ နေရာကောင်းပင်။
မီးအလင်းရောင်နဲ့ ဝေးတဲ့ ဒီလိုနေရာမျိုးကို သာမန်လူက ညအချိန် တော်ရုံတန်ရုံ သတ္တိနဲ့ လာရဲမှာမဟုတ်ဘူး။
ခုလို လောလောလတ်လတ် လူသေထားတဲ့ အခြေအနေဆို ပို၍တောင် လာကြမှာမဟုတ်ပေ။
လုံခြုံရေးတွေက ကင်းလှည့်ရင်တောင် ဒီနားကို ခြေဦးမလှည့်ကြ။
တစ္ဆေအဘိုးအိုက ဆက်ပြောတယ်။
"အဲ့နေ့က မနက်အစောကြီး မိန်းကလေး တစ်ယောက် ခေါင်မိုးထပ်ကနေ ခုန်ချခဲ့တာ ဟုတ်ပါတယ်...
အဲ့ ကလေးမက မြေကြီးပေါ်တန်းမကျဘူး သူ့ကိုယ်က သစ်ပင်ခွကြားမှာ တင်လျက်သားနဲ့ အကြားကြီးရှိနေခဲ့တာ...
နာရီအနည်းငယ်ကြာတော့ သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းရောက်လာပါတယ်
သူက သစ်ပင်အောက်က သစ်ရွက်ခြောက်တွေလှည်းနေတုန်း
မြေကြီးပေါ်က သွေးစက်တွေကိုတွေ့ပြီး ပေါ်ကို မော့ကြည့်တော့မှ အဲ့ မိန်းကလေးရဲ့ အလောင်းကိုတွေ့သွားတာပဲ"
အဘိုးရဲ့ ထွက်ဆိုချက်က လူတွေကြားထဲမှာ ပြန့်နှံ့နေတဲ့ သတင်းနဲ့ သိပ်မကွာခြားလှပေ။
"သေပြီးနောက်မှာရော အဲ့ မိန်းကလေး ဝိညာဉ်ကိုတွေ့လိုက်သေးလား "
"မတွေ့မိပါဘူး..."
လူတစ်ယောက်သေပြီးတဲ့နောက်မှာ ဝိညာဉ်က သေပြီးပြီးချင်းမှာပဲ ခန္ဓာကိုယ်ကို စွန့်ခွာသွားတာရှိသလို အချို့အခြေအနေတွေမှာကျတော့ ဝိညာဉ်ဖြစ်သွားပြီဆိုတဲ့ အသိစိတ်ဝင်ခြင်း၊ မဝင်ခြင်းပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို စွန့်ခွာတဲ့ အချိန်က ကွာခြားသည်။
ပြီးတော့ သေဆုံးချိန်အရ တွက်ကြည့်ရင် ဒီမိန်းကလေးက သစ်ပင်ပေါ်ကို ပြုတ်ကျသွားတဲ့ အချိန်မှာ ဝိညာဉ်က ခန္ဓာကနေ မခွာသေးဘဲ ဆေးရုံရောက်မှ ခန္ဓာကို စွန့်သွားတာကြောင့် ဝိညာဉ်က အခင်းဖြစ်ပွားရာနေရာမှာ မရှိတာလည်းဖြစ်နိုင်သည်။
ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် သတ်သေမှုတွေနဲ့ သိပ်မကွာခြားပေမယ့် ရဲတွေဘက်ကကြည့်ရင် မသင်္ကာစရာကောင်းနေတုန်းပဲ။
ဘာလို့ ဒီမိန်းကလေးက ကိုယ့်ကိုယ်ကို အနာကျင်ဆုံး နည်းလမ်းကို အသုံးပြုပြီးသေရတာလဲ။
တိုက်ပေါ်က ခုန်ချတယ်ဆိုရင်တောင် ဘာလို့ ကွန်ကရစ်လမ်းပေါ်ကိုခုန်မချဘဲနဲ့ သစ်ပင်ပေါ်ကို ခုန်ချရတာလဲ။
"သူ မသေခင်တုန်းကရော ပုံမှန်မဟုတ်တဲ့ ကိစ္စတွေရှိသေးလား ကျနော် ဆိုလိုချင်တာက ဒီနားဝန်းကျင်မှာ လူကို အန္တရာယ်ပြု တတ်တဲ့ ဝိညာဉ်ဆိုးတွေရှိလား "
အဘိုးအိုက ခေါင်းတစ်ခါခါ လက်တစ်ခါခါနဲ့ ငြင်းတယ်။
"မရှိဘူး...မရှိဘူး ဒီကျောင်းမှာ သက်တမ်းရှည် ဝိညာဉ်အိုကြီးတွေသာ ရှိရင် ရှိမယ် အန္တရာယ်ပြုပြီး ခြောက်လှန့်တတ်တဲ့ ဝိညာဉ်တွေ မရှိတော့တာကြာပါပြီ"
ကြည့်ရတာ ဒီ အမှုရဲ့ တရားခံအစစ်အမှန်ပေါ်ဖို့ ရဲတွေနဲ့ပဲ ဆိုင်တော့မယ့်ပုံပေါ်တယ်။ တရားခံသည် လူအုပ်ကြားထဲက လူတစ်ယောက်ဖြစ်ဖို့ ဖြေနိုင်ခြေပိုများနေသည်။
ဒါပေမယ့် ထိုက်ဟုန်စစ် အတွက် ဝိညာဉ် ပျောက်ဆုံးနေတဲ့ ကိစ္စက တစ်ခုခု ရှုပ်ထွေးနေသလို ခံစားရဆဲပဲ။
ပြီးတော့ ဒီမိန်းကလေးရဲ့ ဝိညာဉ်ပျောက်ဆုံးနေတာက ပထမဆုံး ဖြစ်ရပ်မဟုတ်ဘူး။ သူ့ထက်အရင် အခြား သက်တမ်းအသင့်အတင့်ရှိတဲ့ ဝိညာဉ်တွေလည်း အစအနရှာလို့ မရအောင်ပျောက်ဆုံးနေတယ်။
နေရာတိုင်းမှာလည်း မဟုတ်ဘဲနဲ့ ဒီ မဉ္ဇရီမြို့ အနီးတဝိုက်က ဝိညာဉ်တွေပဲ ပျောက်နေတာက သူ့ကို မခံချိ မခံသာ ဖြစ်စေသည်။
အဘိုးအိုကို မေးလိုသမျှမေးပြီး သွင်မင်းပိုင်တို့ မောင်နှမနဲ့ လမ်းခွဲတော့ မနက် ၃ နာရီထိုးတော့မည်။
လင်းကြက်တွန်သံတွေ တစ တစကြားနေရပြီမို့ ဝိညာဉ်အချို့ဟာ အိပ်တန်းတက်ကုန်ပြီ။
ပတ်ဝန်းကျင်ကတော့ မှောင်နေဆဲပဲ။
အဆောင် အဝင်တံခါးဝက လုံခြုံရေး ဦးလေးကြီးကတော့ အိပ်ပျော်နေသည်။
ထိုက်ဟုန်စစ် အခန်းတံခါးကို အသံမမြည်အောင် သတိထားပိတ်လိုက်သည်။
အခန်းမီးထဲတွင် အခန်းမီးက ပွင့်လျက်သားရှိနေ၏။
ဘေးဘက် ကုတင်တွင် အိပ်နေသည့် ကောင်လေးက မရှိတော့ပေ။
သူဝင်လာတဲ့ အချိန်မှာပဲ ရေချိုးခန်းထဲကနေ ပစ္စည်းတွေ ဆက်တိုက်ပြုတ်ကျသည့် အသံက ထွက်ပေါ်လာသည်။
"ဟေး... မင်း အထဲမှာ ရှိနေတာလား ? "
ပြန်ဖြေသံ ထွက်မလာ။
သူ့ဒီအလုပ်ကို လုပ်လာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ လူသားတစ်ယောက်နဲ့ ဒီလောက်ထိ အနီးကပ်နေရလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး။
အခုလို အခြေအနေမှာ ဒီတိုင်းလက်ပိုက်ကြည့်နေရမလား ဝင်ပါသင့်သလား။
ရေပန်းက ရေကျသံနဲ့ အတူ သွေးညှီနံ့က ထိုက်ဟုန်စစ်ရဲ့ နှာခေါင်းထဲကို တိုးဝင်လာသည်။
"ဒီမှာ မင်း အဆင်ပြေရဲ့လား "
အထဲကနေ လော့ခ်ချထားသည့် တံခါးက သူ့လက်ချက်နဲ့ အလွယ်တကူပွင့်သွားသည်။
မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက သိပ်တော့ ကြည့်လို့ မကောင်းလှ။
သူ့ အခန်းဖော်ကောင်လေးရဲ့ ကိုယ်ပေါ်မှာ သွေးတို့ဖြင့် ဖုံးလွှမ်းနေသည်။
"အွတ်..."
ပါးစပ်ထဲကနေ သွေးတစ်ပွက် အန်ချလိုက်တဲ့ ထိုကောင်လေးကြောင့်
ရေချိုးခန်း ကြမ်းပြင်မှာလည်း ရေနဲ့ ရောနှောနေသည့် သွေးများက နေရာ အနှံ့။
ဆံပင်ရှည်တွေကို စုစည်းထားတဲ့ ကြိုးက ပြေလျော့နေကာ ကပိုကရို အဝတ်အစားတွေ၊ မှေးစင်းနေတဲ့ မျက်ရစ်နှစ်ထပ်နဲ့ မျက်ခွံ...
ခွန်းယံသည် သတိအပြည့်အဝရှိနေသည့် ပုံမပေါ်ပေ။
ဒီတိုင်းသာ ဆက်တိုက် သွေးအန်နေရင် သွေးဆုံးရှုံးမှုကြောင့် သေသွားနိုင်သည်။
ထိုက်ဟုန်စစ်က ထိုကောင်လေးကို ဆွဲထူကာ ရေချိုးခန်းအပြင်သို့ သယ်မဖို့ လုပ်တော့ သူ့ လက်ထဲကနေ အသည်းအသန် ရုန်းကန်လာတယ်။
အဲ့တော့မှရေပန်းအောက်ကနေ ထွက်လာတဲ့ ခွန်းယံရဲ့ အသားတွေက မီးကျည်ခဲလို ပူတောက်နေမှန်း ထိုက်ဟုန်စစ် သတိထားမိသည်။
ရုတ်တရတ် သူ့ခေါင်းထဲမှာ အနုတ်သဘောဆောင်တဲ့ အတွေးတစ်ခုပေါ်လာသည်။
"ခွန်းယံ! ခွန်းယံ!
သတိထားဦးလေ "
ထိုက်ဟုန်စစ်ရဲ့ အသံက အေးစက်ခက်ထန်ပြီး အမိန့်ပေးနေသလိုပဲ။
ထိုက်ဟုန်စစ်က လက်တစ်ဖက်နဲ့ ခွန်းယံရဲ့ မျက်နှာကို ထိန်းကိုင်ထားသည်။
ဒါပေမယ့် သူ့ လက်ထဲက ကောင်လေးကတော့ ရုန်းကန်နေဆဲ။
ရုန်းကန်နေတဲ့ ခွန်အားသည် ခုဏတုန်းကထက် သိသိသာသာ တိုးလာသည်။
နှုတ်ခမ်းထောင့်ကနေ စီးကျလာသည့် သွေးစက်များဖြင့် ထိုက်ဟုန်စစ်ရဲ့ လက်ဖျံတစ်ခုလုံး ရွှဲနစ်သွားသည်။
အားထည့်ပြီး အုပ်ကိုင်ထားတာကြောင့် ခွန်းယံရဲ့ ပါးပြင်က နူးညံ့တဲ့ အထိအတွေ့တောင် သူ့ လက်ဖဝါးမှာ စွဲငြိလာပြီလို့တောင် ထင်ရ၏။
ငွေရောင်သန်လျက်တစ်လက်က ထိုက်ဟုန်စစ်ရဲ့ ကျန်လက်ထစ်ဖက်ကနေ ထွက်ပေါ်လာသည်။
ခွန်းယံရဲ့ သူငယ်အိမ်က သေးကျုံ့သွားပြီး သူ့ မေးရိုးကို ထိန်းကိုင်ထားသည့် ထိုက်ဟုန်စစ်ရဲ့ လက်ကို အသည်းအသန် ရိုက်ပုတ်တော့သည်။
အသက်ရှူသံတွေက ကြမ်းတမ်းပြီး မျက်သားတွေပါ နီရဲလာတဲ့ ခွန်းယံကြောင့် ထိုက်ဟုန်စစ် ခပ်မြန်မြန်ပဲ သန်လျက်ကို မျက်ခုံးနှစ်ခုကြားနေရာသို့ ချိန်ရွယ် ထိုးစိုက်လိုက်သည်။
အားသန်တဲ့ ရေစီးကြောင်းတစ်ခုက တွန်းကန်နေသလိုမျိုး သံလျက်က ရှေ့ကို ဆက်ရွေ့မသွားနိုင်ပေ။
ခွန်းယံရဲ့ မျက်လုံးများက လုံးဝ မှိတ်ကျသွားသည်။
အနီရင့်ရောင် အခိုးအငွေ့တို့က ခန္ဓာကိုယ်ထဲက ပျံ့လွင့် ပျောက်ကွယ်သွားသည်ကို ထိုက်ဟုန်စစ် တွေ့လိုက်ရသည်။
အားအင်ကုန်ခမ်း သွားတဲ့ ထိုက်ဟုန်စစ်မှာလည်း သန်လျက်ကို လွှတ်ချပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ရသည်။
ဒီအတိုင်းဆိုရင် သေဆုံးသွားသည့် မိန်းကလေးက သူကိုယ်တိုင် ဒီနေရာကို ရောက်လာရခြင်း၏ အဓိကအကြောင်းတရား မဟုတ်နိုင်လောက်တော့ပေ။
__________
Zawgyi
ေက်ာင္းသားအေဆာင္ရဲ႕ တံခါးပိတ္ခ်ိန္ေရာက္ဖို႔ အေစာႀကီးလိုေသးေပမယ့္ ေက်ာင္းမွာ အမႈျဖစ္ထားတာေၾကာင့္ အေဆာင္မွာေနတဲ့ ဘယ္ေက်ာင္းသားကိုမွ အျပင္ထြက္ခြင့္မျပဳထားေပ။
အခန္းတိုင္းက မီးလင္းေနလ်က္ရွိေသာ္လည္း တိတ္ဆိတ္ေနသည္။
အခန္း နံပါတ္ (၃၃) သည္ တတိယထပ္ရွိ ဓာတ္ေလွကားထဲက ထြက္ထြက္ခ်င္း ဝဲဘက္ ၃ ခန္းေျမာက္ အခန္းျဖစ္သည္။
ထိုက္ဟုန္စစ္ အခန္းတံခါးကို ကတ္ျဖတ္၍ ဖြင့္လိုက္သည္။
သူတစ္ခါမွ ထင္မွတ္မထားမိတာက သူေနမယ့္ အခန္းထဲမွာ ျပင္းျပစြာ နမ္းရွိုက္ေနတဲ့ လူႏွစ္ေယာက္ကို ေတြ႕လိုက္ရမယ္ဆိုတာကိုပဲ။
႐ုတ္တရတ္ အခန္းတံခါးပြင့္သြားတာမလို႔ ထိုလူႏွစ္ေယာက္ကလည္း သူ႕ကို ေၾကာင္အမ္းစြာ ျပန္ၾကည့္ေနတယ္။
"စိတ္မရွိပါနဲ႕..."
ထိုက္ဟုန္စစ္က တံခါးကို ျပန္ပိတ္ၿပီးေတာ့ အျပင္မွာ မတ္တပ္ရပ္ေနသည္။
'အခန္း နံပါတ္က အေသခ်ာကို ၃၃ ပါ'
ေက်ာင္းသားေဆာင္မွာ လူေနထူထပ္ကာ လူနံ႕ေတြက ေနရာအႏွံ႕မွာ ခြဲျခားမရဘဲ ေရာေထြးေနသည္။
အခန္းထဲမွာ ေရာက္ေနတဲ့ လူႏွစ္ေယာက္ရဲ႕ အနံ႕ကို အျပင္ကေန သူ သတိမထားလိုက္မိဘူး။
ၿပီးေတာ့ ေက်ာင္းသားေဆာင္ေတြက တစ္ေယာက္ခန္းေတြ ဟုတ္မဟုတ္ ဆိုတာကို သူ ထည့္မေတြးမိလိုက္တာလည္းပါသည္။
သူသည္ လူေတြနဲ႕ တစ္ခန္းတည္း မွ်သုံးဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မထားမိခဲ့ေပ။
မိနစ္အနည္းငယ္ၾကာေတာ့ အခန္းတံခါးပြင့္လာၿပီး ေက်ာင္းသားတစ္ေယာက္ထြက္လာတယ္။
ထိုက္ဟုန္စစ္ကို ျမင္ေတာ့ ထိုလူငယ္က ကို႔ရို႔ကားယားနိုင္စြာ ၿပဳံးျပၿပီး အခန္းထဲမွာ က်န္ခဲ့တဲ့ တစ္ေယာက္ဘက္လွည့္ကာ လက္ေဝွ႕ကို ယမ္းျပၿပီး ႏႈတ္ဆက္ေလသည္။
"ငါ အလွည့္ေရာက္ေတာ့မယ္ထင္တယ္ သူတို႔ စစ္ေမးတာၿပီးရင္ တစ္ခါတည္း ျပန္လိုက္ေတာ့မယ္သိလား ျပန္ေရာက္ရင္ စာပို႔လိုက္မယ္"
"အင္း...ေကာင္းေကာင္းျပန္ဦး"
ထိုက္ဟုန္စစ္ ထိုလူႏွစ္ေယာက္ၾကားမွာ ကသိကေအာက္နိုင္စြာ ရပ္ေနရတယ္။
အရင္ဆုံး ထြက္လာတဲ့ တစ္ေယာက္က ဓာတ္ေလွကားထဲဝင္သြားသည္။
က်န္ရစ္ခဲ့သည့္ ေက်ာင္းသားက မ်က္ေတာင္ကို ေမွးစင္းၿပီး ထိုက္ဟုန္စစ္ကို စူးစမ္းသလို စိုက္ၾကည့္ေနသည္။
တံခါးေဘာင္ကို ပ်င္းတိပ်င္း႐ြဲမွီၿပီး လက္ပိုက္ထားတဲ့ ထိုလူသားရဲ႕ပုံစံက အထက္စီးဆန္လွ၏။
ဂုတ္အစပ္ေလာက္ထိ ရွည္ကာ အဖ်ားအနည္းငယ္ေကာ့ေနသည့္ လွိုင္းတြန႔္ဆံပင္ေတြက ဖရိုဖရဲနိုင္ေသာ္လည္း ဘဲဥပုံမ်က္ႏွာက်ရွိတဲ့ ထိုသူနဲ႕ အေတာ္ေလး လိုက္ဖက္သည္။
မ်က္ႏွာတစ္ခုလုံးမွာ သတိထားမိဆုံးေနရာက မ်က္ရစ္ႏွစ္ထပ္ႏွင့္ ညို႔ယူဆြဲေဆာင္နိုင္သည့္ မ်က္လုံးမ်ားပင္။
ထိုလူက ထိုက္ဟုန္စစ္ကို အၾကည့္တစ္ခ်က္သာ ေပးၿပီး အခန္းထဲကိုျပန္ဝင္သြားသည္။
ထိုက္ဟုန္စစ္လည္း ေနာက္က လိုက္ဝင္သြား၏။
ဘီရိုေရွ႕က luggage တစ္လုံးနဲ႕ ထိုလူ႕ေဘးက ကုတင္ေပၚမွာ သပ္သပ္ရပ္ရပ္ခင္းထားတဲ့ အိပ္ယာခင္းတစ္ခုရွိေနလို႔သာ အခန္းက လူေနသည့္ ပုံေပါက္ေနတာျဖစ္သည္။
ဘာပဲျဖစ္ျဖစ္ ဒီလူသားနဲ႕ တစ္ခန္းတည္း တူတူေနဖို႔ အေၾကာင္းဖန္လာၿပီဆိုေတာ့ ထိုက္ဟုန္စစ္ကပဲ ဦးစြာႏႈတ္ဆက္လိုက္သည္။
"ကြၽန္ေတာ္က ထိုက္ဟုန္စစ္လို႔ေခၚပါတယ္ ပထမႏွစ္ Scripture art ကပါ "
"ခြန္းယံ
Theater art ေနာက္ဆုံးႏွစ္ "
Theater art ေနာက္ဆုံးႏွစ္...
ယေန႕ မနက္က ေသဆုံးသူ မိန္းကေလးနဲ႕ ေမဂ်ာအတူတူပဲ။
ခြန္းယံဆိုသူက သူ႕ကို ရွိတယ္လို႔ေတာင္ မထင္ဘဲ ဘီရိုထဲကို အဝတ္ေတြစီထည့္ေနသည္။
တစ္ဖက္လူက နာမည္နဲ႕ ေမဂ်ာကလြဲၿပီး သူ႕ကို ေနာက္ထပ္ ဘာစကားမွ ထပ္ ေျပာမလာေပ။
ထိုက္ဟုန္စစ္လည္း လုပ္စရာမရွိတာေၾကာင့္ ကုတင္အလြတ္ေပၚမွာ လွဲကာ ဖုန္းၾကည့္ရင္း အခ်ိန္ျဖဳန္းေနလိုက္သည္။
Mora လူေသဆုံးမႈ နဲ႕ ပတ္သတ္တဲ့ သတင္းသည္ လြန္ခဲ့တဲ့ မိနစ္အနည္းငယ္ အခ်ိန္အတြင္းကမွ လိုင္းေပၚကို စတင္ေရာက္ရွိလာတာျဖစ္သည္။
ထိုက္ဟုန္စစ္ အြန္လိုင္းေပၚမွာ လူေတြးေရးထားသည့္ ထင္ျမင္ခ်က္မ်ားကို လိုက္ဖတ္ၾကည့္ေနစဥ္မွာပဲ သူ႕အခန္းေဖာ္က အဝတ္အစားေတြ ရွင္းလင္းလို႔ၿပီးသြားၿပီး ေရခ်ိဳးခန္းထဲဝင္သြားသည္။
လူႏွစ္ေယာက္ရွိသည့္ အခန္းမွာ အလြန္အမင္း တိတ္ဆိတ္ေနတယ္။
မိနစ္ႏွစ္ဆယ္ေလာက္ၾကာၿပီးေတာ့ ခြန္းယံက ေရခ်ိဳးခန္းထဲကထြက္လာသည္။။
ဆံပင္က ေရစက္တို႔က လည္ဂုတ္ထက္ကို တစ္စက္ခ်င္းစီက်ဆင္းေနသည္။
ထို ေရစက္တို႔ က်ဆင္းေနသည့္ ဂုတ္ပိုးထက္တြင္ ေသြးၾကာမွ်င္လို အနီေရာင္ အစင္းေၾကာင္း။
ဆံပင္ရွည္ေတြနဲ႕ ကြယ္ေနလို႔ နား႐ြက္အေပၚပိုင္းကို ေသခ်ာမျမင္ရေပ။
နား႐ြက္ႏွစ္ဖက္ေနာက္မွ မ်ဥ္းၿပိဳင္ပုံစံရွိေနတဲ့ အနီေရာင္ မ်ဥ္းႏွစ္ေၾကာင္းက လည္ဂုတ္ထက္တြင္ 'ပ'ေစာက္ပုံ တစ္သားတည္း ေပါင္းစည္းသြားသည့္ ပုံသ႑ာန္ရွိသည္။
ခြန္းယံက အကၤ်ီကို ခပ္သြက္သြက္ျပန္ဝတ္ၿပီး
သူ႕ဂုတ္စပ္က အရာကို ျမင္ေတြ႕မွာ မလိုလားသည့္ ဟန္ျဖင့္ စည္းထားသည့္ ဆံပင္ရွည္ေတြကို ျပန္ေျဖခ်လိဳက္သည္။
စပ္စုတယ္ အထင္မခံခ်င္တာေၾကာင့္ ထိုက္ဟုန္စစ္ ေရခ်ိဳးခန္းထဲကို ဝင္ၿပီး ေရွာင္ေနလိုက္တယ္။
အတူတူ တစ္ခန္းတည္းေနရမယ့္လူက တရင္းတႏွီးမဆက္ဆံတာက ထိုက္ဟုန္စစ္ အတြက္ပိုအဆင္ေျပသည္။
လူသားေတြက သူနဲ႕ ခပ္ကင္းကင္းေနေလ အလုပ္လုပ္ရတာ အဆင္ေျပေလ ျဖစ္တာေၾကာင့္ပင္။
______
တိတ္ဆိတ္ေနသည့္ သန္းေခါင္ယံသည္ ဝိညာဥ္ေတြ လႈပ္ရွားတက္ႂကြၾကသည့္ အခ်ိန္ျဖစ္သည္။
အိပ္ေမာက်ေနတဲ့ လူေတြနဲ႕ေတာ့ ဆန႔္က်င္ဘက္ပင္။
ေဘးဘက္ကုတင္က ပုဂၢိုလ္ေလး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားတာကို အတည္ျပဳၿပီးတာနဲ႕ ထိုက္ဟုန္စစ္ အေဆာင္ဝန္း အျပင္ကို တိတ္တိတ္ေလးထြက္လာခဲ့တယ္။
ေက်ာင္းဝန္းတစ္ခုလုံးဟာ ေျခာက္ျခားဖြယ္တိတ္ဆိတ္ေနၿပီး တိုးညွင္းတဲ့ ေလတိုက္သံကေတာင္ တစ္ေဆညည္းသံနဲ႕ တူေနတယ္။
"႐ုံးအုပ္ ! က်မတို႔ ဒီမွာ "
လွမ္းေအာ္လိုက္တဲ့ မိန္းကေလးရဲ႕ အသံက်ယ္က်ယ္ေၾကာင့္ သြားလာေနတဲ့ ဝိညာဥ္ေတြဟာ တုန႔္ခနဲရပ္ၿပီး သူတို႔ဘက္ကို လွည့္ၾကည့္လာတယ္။
တစ္စကၠန႔္အတြင္းမွာ ရာဇဝတ္႐ုံးက နတ္သားရဲေတြမွန္းသိသြားၾကေတာ့ ခ်က္ခ်င္း ဆိုသလို ေနရာမွာတင္ ေပ်ာက္ကြယ္သြားၾကတယ္။
"နင့္ ပါးစပ္ကို ပိတ္ထားလို႔မရဘူးလား "
သူမေဘးရွိ သူမနဲ႕႐ုပ္ခ်င္း ခပ္ဆင္ဆင္တူတဲ့ လူငယ္ေလး က လွမ္းဟန႔္သည္။
ထိုက္ဟုန္စစ္ကို ေစာင့္ရတာၾကာလို႔ ႏွစ္ေယာက္လုံးရဲ႕ မ်က္ႏွာက သုန္မႈန္ေနသည္။
"Sorry ငါ့ အခန္းေဖာ္ အိပ္တဲ့ထိေစာင့္ေနရလို႔ "
"အခန္းေဖာ္ရွိေနတာလား ? "
"အင္း ငါလည္း မထင္ထားဘူး "
သူတို႔ ရာဇဝတ္႐ုံးရဲ႕ တစ္ဦးတည္းေသာ မိန္းကေလးျဖစ္သူ သိမ့္ဝတီက ေမးခြန္းေတြ တရစပ္ေမးသည္။
"ဘယ္လိုေနလဲ ? သေဘာေကာင္းရဲ႕လား ? ႐ုံးအုပ္ကိုေရာ လူမဟုတ္တာ ရိပ္မိမသြားဘူးလား ? "
ထိုက္ဟုန္စစ္ သူမလို တက္ႂကြလြန္းတဲ့ အလုပ္သင္ နတ္သားရဲမ်ိဳးကို တစ္ခါမွ မျမင္ဖူးဘူး။
နဂါးမ်ိဳးႏြယ္ နတ္သားရဲခ်င္းအတူတူကို အစ္ကို ျဖစ္သူက တည္ၿငိမ္သေလာက္ ညီမျဖစ္သူက တစ္စက္ေလးမွ အၿငိမ္မေန။
သြင္မင္းပိုင္နဲ႕ သိမ့္ဝတီကေမာင္ႏွမဆိုတာ ဘယ္လိုမ်ိဳး ဆက္စပ္ၿပီး ေတြးၾကည့္ရမလဲ မသိေတာ့ဘူး။
"အခု က်မတို႔က ဘယ္သြားမွာလဲဟင္ တရားခံသြားဖမ္းၾကမွာလား "
"မ်က္ျမင္ သက္ေသလိုက္ရွာမလို႔ "
Theater art ဌာနအနီး...
လူေသလို႔ ႀကိဳးတားထားတဲ့ ေနရာမွာ လူ႕စည္းကမ္းကို ဂ႐ုစိုက္စရာမလိုတဲ့ ဝိညာဥ္အခ်ိဳ႕ရွိေနသည္။
ဝိညာဥ္ေတြက ထိုက္ဟုန္စစ္တို႔ကို ျမင္ေတာ့ ေနရာကေနရွဲသြားၾကတယ္။
နတ္သားရဲေတြရဲ႕ ဘုန္းတန္ခိုးအရွိန္အဝါက အဆင့္နိမ့္ ဝိညာဥ္ေတြကို ေၾကာက္႐ြံ႕ေစတယ္။
"တစ္ေယာက္ေယာက္ ဒီနားမွာ ျဖစ္သြားတဲ့ လူေသမႈနဲ႕ ပတ္သတ္ၿပီးေျပာျပနိုင္လား "
သြင္မင္းပိုင္က ေၾကာက္႐ြံ႕ေနတဲ့ ဝိညာဥ္ေတြေၾကာင့္ သူ႕ရဲ႕ ပင္ကိုယ္ေလသံအား အတတ္နိုင္ဆုံး ညင္သာေအာင္ သတိထား၍ ေမးသည္။
ၿငိမ္ကုတ္ေနတဲ့ ဝိညာဥ္ေတြက သူသြားငါသြားနဲ႕ တစ္ေယာက္ကို တစ္ေယာက္တြန္းထိုးေနၾကသည္။
စိတ္ရွည္ဖို႔ ေလ့က်င့္ေနသည့္ သြင္မင္းပိုင္က လက္ထဲမွာ ကိုင္ထားတဲ့ ပုတီးက ပုလဲလုံးေတြကို ဖ်စ္လိုက္ရင္း...
"ဘယ္သူ႕ကိုမွ အႏၱရာယ္ျပဳမွာ မဟုတ္ပါဘူး... ကြၽန္ေတာ္တို႔က ေမးခြန္းေလးနည္းနည္းေလာက္ေမးၿပီး ျပန္မွာပါ "
အေတာ္ေလးၾကာတဲ့ အထိ တုန့္ျပန္မႈ မရွိ။
"က်ဳပ္...က်ဳပ္...ေျဖပါ့မယ္"
သစ္ပင္ေနာက္ကြယ္က ေခ်ာင္းၾကည့္ေနတဲ့ ေခါင္းျဖဴအဘိုးအိုက တုန္ရီစြာနဲ႕ ေရွ႕ကိုထြက္လာတယ္။
သူ႕ေနာက္မွာ ပုံပန္းသြင္ျပင္ အစုံနဲ႕ ဝိညာဥ္ေတြရွိေနၿပီး အကုန္လုံးက ထိုက္ဟုန္စစ္တို႔သုံးေယာက္ကို စူးစမ္းသလိုၾကည့္ေနၾကတယ္။
"႐ုံးအုပ္က ဘာမ်ားသိခ်င္လို႔ပါလဲ "
"ကြၽန္ေတာ္သိခ်င္တာ ဒီအေဆာင္ေခါင္မိုးထပ္ကေန ခုန္ခ်ၿပီးသတ္ေသသြားတဲ့ မိန္းကေလးအေၾကာင္းပါ သူေသသြားတာကို အစအဆုံးျမင္လိုက္တဲ့သူမ်ားရွိလား "
"က်ဳပ္ ျမင္လိုက္ပါတယ္ က်ဳပ္တို႔ အုပ္စုက အၿမဲတမ္း ဒီ သစ္ပင္နားမွာ ညတိုင္း ထိုင္ေနက်"
အုံ႕မွိုင္းေနတဲ့ ကုကၠိုလ္ပင္အိုႀကီးက တစ္ေဆသရဲေတြ ခိုလႈံဖို႔ ေနရာေကာင္းပင္။
မီးအလင္းေရာင္နဲ႕ ေဝးတဲ့ ဒီလိုေနရာမ်ိဳးကို သာမန္လူက ညအခ်ိန္ ေတာ္႐ုံတန္႐ုံ သတၱိနဲ႕ လာရဲမွာမဟုတ္ဘူး။
ခုလို ေလာေလာလတ္လတ္ လူေသထားတဲ့ အေျခအေနဆို ပို၍ေတာင္ လာၾကမွာမဟုတ္ေပ။
လုံၿခဳံေရးေတြက ကင္းလွည့္ရင္ေတာင္ ဒီနားကို ေျခဦးမလွည့္ၾက။
တစ္ေဆအဘိုးအိုက ဆက္ေျပာတယ္။
"အဲ့ေန႕က မနက္အေစာႀကီး မိန္းကေလး တစ္ေယာက္ ေခါင္မိုးထပ္ကေန ခုန္ခ်ခဲ့တာ ဟုတ္ပါတယ္...
အဲ့ ကေလးမက ေျမႀကီးေပၚတန္းမက်ဘဴး သူ႕ကိုယ္က သစ္ပင္ခြၾကားမွာ တင္လ်က္သားနဲ႕ အၾကားႀကီးရွိေနခဲ့တာ...
နာရီအနည္းငယ္ၾကာေတာ့ သန႔္ရွင္းေရးလုပ္တဲ့ ဝန္ထမ္းေရာက္လာပါတယ္
သူက သစ္ပင္ေအာက္က သစ္႐ြက္ေျခာက္ေတြလွည္းေနတုန္း
ေျမႀကီးေပၚက ေသြးစက္ေတြကိုေတြ႕ၿပီး ေပၚကို ေမာ့ၾကည့္ေတာ့မွ အဲ့ မိန္းကေလးရဲ႕ အေလာင္းကိုေတြ႕သြားတာပဲ"
အဘိုးရဲ႕ ထြက္ဆိုခ်က္က လူေတြၾကားထဲမွာ ျပန႔္ႏွံ႕ေနတဲ့ သတင္းနဲ႕ သိပ္မကြာျခားလွေပ။
"ေသၿပီးေနာက္မွာေရာ အဲ့ မိန္းကေလး ဝိညာဥ္ကိုေတြ႕လိုက္ေသးလား "
"မေတြ႕မိပါဘူး..."
လူတစ္ေယာက္ေသၿပီးတဲ့ေနာက္မွာ ဝိညာဥ္က ေသၿပီးၿပီးခ်င္းမွာပဲ ခႏၶာကိုယ္ကို စြန႔္ခြာသြားတာရွိသလို အခ်ိဳ႕အေျခအေနေတြမွာက်ေတာ့ ဝိညာဥ္ျဖစ္သြားၿပီဆိုတဲ့ အသိစိတ္ဝင္ျခင္း၊ မဝင္ျခင္းေပၚမူတည္ၿပီး ခႏၶာကိုယ္ကို စြန႔္ခြာတဲ့ အခ်ိန္က ကြာျခားသည္။
ၿပီးေတာ့ ေသဆုံးခ်ိန္အရ တြက္ၾကည့္ရင္ ဒီမိန္းကေလးက သစ္ပင္ေပၚကို ျပဳတ္က်သြားတဲ့ အခ်ိန္မွာ ဝိညာဥ္က ခႏၶာကေန မခြာေသးဘဲ ေဆး႐ုံေရာက္မွ ခႏၶာကို စြန႔္သြားတာေၾကာင့္ ဝိညာဥ္က အခင္းျဖစ္ပြားရာေနရာမွာ မရွိတာလည္းျဖစ္နိုင္သည္။
ဒါေတြက ျဖစ္ေလ့ျဖစ္ထရွိတဲ့ သာမန္ သတ္ေသမႈေတြနဲ႕ သိပ္မကြာျခားေပမယ့္ ရဲေတြဘက္ကၾကည့္ရင္ မသကၤာစရာေကာင္းေနတုန္းပဲ။
ဘာလို႔ ဒီမိန္းကေလးက ကိုယ့္ကိုယ္ကို အနာက်င္ဆုံး နည္းလမ္းကို အသုံးျပဳၿပီးေသရတာလဲ။
တိုက္ေပၚက ခုန္ခ်တယ္ဆိုရင္ေတာင္ ဘာလို႔ ကြန္ကရစ္လမ္းေပၚကိုခုန္မခ်ဘဲနဲ႕ သစ္ပင္ေပၚကို ခုန္ခ်ရတာလဲ။
"သူ မေသခင္တုန္းကေရာ ပုံမွန္မဟုတ္တဲ့ ကိစၥေတြရွိေသးလား က်ေနာ္ ဆိုလိုခ်င္တာက ဒီနားဝန္းက်င္မွာ လူကို အႏၱရာယ္ျပဳ တတ္တဲ့ ဝိညာဥ္ဆိုးေတြရွိလား "
အဘိုးအိုက ေခါင္းတစ္ခါခါ လက္တစ္ခါခါနဲ႕ ျငင္းတယ္။
"မရွိဘူး...မရွိဘူး ဒီေက်ာင္းမွာ သက္တမ္းရွည္ ဝိညာဥ္အိုႀကီးေတြသာ ရွိရင္ ရွိမယ္ အႏၱရာယ္ျပဳၿပီး ေျခာက္လွန႔္တတ္တဲ့ ဝိညာဥ္ေတြ မရွိေတာ့တာၾကာပါၿပီ"
ၾကည့္ရတာ ဒီ အမႈရဲ႕ တရားခံအစစ္အမွန္ေပၚဖို႔ ရဲေတြနဲ႕ပဲ ဆိုင္ေတာ့မယ့္ပုံေပၚတယ္။ တရားခံသည္ လူအုပ္ၾကားထဲက လူတစ္ေယာက္ျဖစ္ဖို႔ ေျဖနိုင္ေျခပိုမ်ားေနသည္။
ဒါေပမယ့္ ထိုက္ဟုန္စစ္ အတြက္ ဝိညာဥ္ ေပ်ာက္ဆုံးေနတဲ့ ကိစၥက တစ္ခုခု ရႈပ္ေထြးေနသလို ခံစားရဆဲပဲ။
ၿပီးေတာ့ ဒီမိန္းကေလးရဲ႕ ဝိညာဥ္ေပ်ာက္ဆုံးေနတာက ပထမဆုံး ျဖစ္ရပ္မဟုတ္ဘူး။ သူ႕ထက္အရင္ အျခား သက္တမ္းအသင့္အတင့္ရွိတဲ့ ဝိညာဥ္ေတြလည္း အစအနရွာလို႔ မရေအာင္ေပ်ာက္ဆုံးေနတယ္။
ေနရာတိုင္းမွာလည္း မဟုတ္ဘဲနဲ႕ ဒီ မၪၨရီၿမိဳ႕ အနီးတဝိုက္က ဝိညာဥ္ေတြပဲ ေပ်ာက္ေနတာက သူ႕ကို မခံခ်ိ မခံသာ ျဖစ္ေစသည္။
အဘိုးအိုကို ေမးလိုသမွ်ေမးၿပီး သြင္မင္းပိုင္တို႔ ေမာင္ႏွမနဲ႕ လမ္းခြဲေတာ့ မနက္ ၃ နာရီထိုးေတာ့မည္။
လင္းၾကက္တြန္သံေတြ တစ တစၾကားေနရၿပီမို႔ ဝိညာဥ္အခ်ိဳ႕ဟာ အိပ္တန္းတက္ကုန္ၿပီ။
ပတ္ဝန္းက်င္ကေတာ့ ေမွာင္ေနဆဲပဲ။
အေဆာင္ အဝင္တံခါးဝက လုံၿခဳံေရး ဦးေလးႀကီးကေတာ့ အိပ္ေပ်ာ္ေနသည္။
ထိုက္ဟုန္စစ္ အခန္းတံခါးကို အသံမျမည္ေအာင္ သတိထားပိတ္လိုက္သည္။
အခန္းမီးထဲတြင္ အခန္းမီးက ပြင့္လ်က္သားရွိေန၏။
ေဘးဘက္ ကုတင္တြင္ အိပ္ေနသည့္ ေကာင္ေလးက မရွိေတာ့ေပ။
သူဝင္လာတဲ့ အခ်ိန္မွာပဲ ေရခ်ိဳးခန္းထဲကေန ပစၥည္းေတြ ဆက္တိုက္ျပဳတ္က်သည့္ အသံက ထြက္ေပၚလာသည္။
"ေဟး... မင္း အထဲမွာ ရွိေနတာလား ? "
ျပန္ေျဖသံ ထြက္မလာ။
သူ႕ဒီအလုပ္ကို လုပ္လာတဲ့ သက္တမ္းတစ္ေလွ်ာက္လုံးမွာ လူသားတစ္ေယာက္နဲ႕ ဒီေလာက္ထိ အနီးကပ္ေနရလိမ့္မယ္လို႔ မေတြးခဲ့ဖူးဘူး။
အခုလို အေျခအေနမွာ ဒီတိုင္းလက္ပိုက္ၾကည့္ေနရမလား ဝင္ပါသင့္သလား။
ေရပန္းက ေရက်သံနဲ႕ အတူ ေသြးညွီနံ႕က ထိုက္ဟုန္စစ္ရဲ႕ ႏွာေခါင္းထဲကို တိုးဝင္လာသည္။
"ဒီမွာ မင္း အဆင္ေျပရဲ႕လား "
အထဲကေန ေလာ့ခ္ခ်ထားသည့္ တံခါးက သူ႕လက္ခ်က္နဲ႕ အလြယ္တကူပြင့္သြားသည္။
မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ ျမင္ကြင္းက သိပ္ေတာ့ ၾကည့္လို႔ မေကာင္းလွ။
သူ႕ အခန္းေဖာ္ေကာင္ေလးရဲ႕ ကိုယ္ေပၚမွာ ေသြးတို႔ျဖင့္ ဖုံးလႊမ္းေနသည္။
"အြတ္..."
ပါးစပ္ထဲကေန ေသြးတစ္ပြက္ အန္ခ်လိဳက္တဲ့ ထိုေကာင္ေလးေၾကာင့္
ေရခ်ိဳးခန္း ၾကမ္းျပင္မွာလည္း ေရနဲ႕ ေရာႏွောေနသည့္ ေသြးမ်ားက ေနရာ အႏွံ႕။
ဆံပင္ရွည္ေတြကို စုစည္းထားတဲ့ ႀကိဳးက ေျပေလ်ာ့ေနကာ ကပိုကရို အဝတ္အစားေတြ၊ ေမွးစင္းေနတဲ့ မ်က္ရစ္ႏွစ္ထပ္နဲ႕ မ်က္ခြံ...
ခြန္းယံသည္ သတိအျပည့္အဝရွိေနသည့္ ပုံမေပၚေပ။
ဒီတိုင္းသာ ဆက္တိုက္ ေသြးအန္ေနရင္ ေသြးဆုံးရႈံးမႈေၾကာင့္ ေသသြားနိုင္သည္။
ထိုက္ဟုန္စစ္က ထိုေကာင္ေလးကို ဆြဲထူကာ ေရခ်ိဳးခန္းအျပင္သို႔ သယ္မဖို႔ လုပ္ေတာ့ သူ႕ လက္ထဲကေန အသည္းအသန္ ႐ုန္းကန္လာတယ္။
အဲ့ေတာ့မွေရပန္းေအာက္ကေန ထြက္လာတဲ့ ခြန္းယံရဲ႕ အသားေတြက မီးက်ည္ခဲလို ပူေတာက္ေနမွန္း ထိုက္ဟုန္စစ္ သတိထားမိသည္။
႐ုတ္တရတ္ သူ႕ေခါင္းထဲမွာ အႏုတ္သေဘာေဆာင္တဲ့ အေတြးတစ္ခုေပၚလာသည္။
"ခြန္းယံ! ခြန္းယံ!
သတိထားဦးေလ "
ထိုက္ဟုန္စစ္ရဲ႕ အသံက ေအးစက္ခက္ထန္ၿပီး အမိန႔္ေပးေနသလိုပဲ။
ထိုက္ဟုန္စစ္က လက္တစ္ဖက္နဲ႕ ခြန္းယံရဲ႕ မ်က္ႏွာကို ထိန္းကိုင္ထားသည္။
ဒါေပမယ့္ သူ႕ လက္ထဲက ေကာင္ေလးကေတာ့ ႐ုန္းကန္ေနဆဲ။
႐ုန္းကန္ေနတဲ့ ခြန္အားသည္ ခုဏတုန္းကထက္ သိသိသာသာ တိုးလာသည္။
ႏႈတ္ခမ္းေထာင့္ကေန စီးက်လာသည့္ ေသြးစက္မ်ားျဖင့္ ထိုက္ဟုန္စစ္ရဲ႕ လက္ဖ်ံတစ္ခုလုံး ႐ႊဲနစ္သြားသည္။
အားထည့္ၿပီး အုပ္ကိုင္ထားတာေၾကာင့္ ခြန္းယံရဲ႕ ပါးျပင္က ႏူးညံ့တဲ့ အထိအေတြ႕ေတာင္ သူ႕ လက္ဖဝါးမွာ စြဲၿငိလာၿပီလို႔ေတာင္ ထင္ရ၏။
ေငြေရာင္သန္လ်က္တစ္လက္က ထိုက္ဟုန္စစ္ရဲ႕ က်န္လက္ထစ္ဖက္ကေန ထြက္ေပၚလာသည္။
ခြန္းယံရဲ႕ သူငယ္အိမ္က ေသးက်ဳံ႕သြားၿပီး သူ႕ ေမးရိုးကို ထိန္းကိုင္ထားသည့္ ထိုက္ဟုန္စစ္ရဲ႕ လက္ကို အသည္းအသန္ ရိုက္ပုတ္ေတာ့သည္။
အသက္ရႉသံေတြက ၾကမ္းတမ္းၿပီး မ်က္သားေတြပါ နီရဲလာတဲ့ ခြန္းယံေၾကာင့္ ထိုက္ဟုန္စစ္ ခပ္ျမန္ျမန္ပဲ သန္လ်က္ကို မ်က္ခုံးႏွစ္ခုၾကားေနရာသို႔ ခ်ိန္႐ြယ္ ထိုးစိုက္လိုက္သည္။
အားသန္တဲ့ ေရစီးေၾကာင္းတစ္ခုက တြန္းကန္ေနသလိုမ်ိဳး သံလ်က္က ေရွ႕ကို ဆက္ေ႐ြ႕မသြားနိုင္ေပ။
ခြန္းယံရဲ႕ မ်က္လုံးမ်ားက လုံးဝ မွိတ္က်သြားသည္။
အနီရင့္ေရာင္ အခိုးအေငြ႕တို႔က ခႏၶာကိုယ္ထဲက ပ်ံ့လြင့္ ေပ်ာက္ကြယ္သြားသည္ကို ထိုက္ဟုန္စစ္ ေတြ႕လိုက္ရသည္။
အားအင္ကုန္ခမ္း သြားတဲ့ ထိုက္ဟုန္စစ္မွာလည္း သန္လ်က္ကို လႊတ္ခ်ၿပီး ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိဳက္ရသည္။
ဒီအတိုင္းဆိုရင္ ေသဆုံးသြားသည့္ မိန္းကေလးက သူကိုယ္တိုင္ ဒီေနရာကို ေရာက္လာရျခင္း၏ အဓိကအေၾကာင္းတရား မဟုတ္နိုင္ေလာက္ေတာ့ေပ။
__________