(Complete)အေးစက်တဲ့မြွေဘုရင်က...

Autorstwa Kyiphyuswe

241K 31.7K 745

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... Więcej

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (3.2)

5K 702 20
Autorstwa Kyiphyuswe

(3.2)

ထိုနေရာ က မြက်ခင်းပြင် ​ဖြစ်ကာ သူ့ကိုယ်အောက်မှာလဲ နူးညံ့တဲ့ မြက်တွေ ရှိနေလေတယ်။ ပြီးတော့ ကမ္ဘာမြေကြီးရဲ့ မြက်ခင်း ရနံ့က သူ့နှာခေါင်း ကိုလာရောက် ကျီစယ်တာကြောင့် အရာရာတိုင်းက သဘာဝ ဆန်နေကာ အရမ်းကို သက်တောင့် သက်သာ ရှိလေတယ်။

အရမ်းကောင်း ပေမယ့် သူ့ရဲ့ တင်ပါးအောက်မှာ တစ်ခုခု ရှိနေသလိုပဲ။

စုယွမ် ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ သူက စိတ်ခံစားချက် တွေကိုတောင်မှ ပျောက်ဆုံး သွားရလောက်တဲ့ အထိ တုန်လှုပ် သွားခဲ့လေတယ်။

သူ့ဘေးမှာ ကောင်ငယ်လေး တစ်ယောက် လဲလျောင်း နေပြီးတော့ ပြီးတော့ သူက ထိုကောင်လေးရဲ့ ခြေထောက်ကို ဖိထားမိနေတာပဲ။

စုယွမ် က ကြောက်လန့် တကြားနဲ့ အဝေးကို အမြန်ရွေ့ကာ ဆောင့်ကြောင့်ထိုင် ချလိုက်ပြီးတော့ ကောင်ငယ်လေးရဲ့ ခြေထောက်ကို အသေအချာလေး စစ်ဆေး လိုက်လေတယ်။

ကောင်ငယ်လေးရဲ့ ခြေထောက်လေး က ထူးဆန်းနဲ့ ပုံစံ ကွေးနေတာကို တွေ့လိုက်ရပြီးတော့ စုယွမ်က အပြစ်ရှိစိတ်တွေ နဲ့ သူ့နှာခေါင်းထိပ်ကို ထိလိုက်တယ်။

သူက ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးလေ။

အရာအားလုံး က ဘုရားသခင် စီမံတာပဲလေ။ သူက ဒီနေရာမှာ ပြုတ်ကျ မယ်မှန်း ဘယ်လိုလုပ် သိမှာတဲ့လဲ။ ​ပြီးတော့ ကောင်ငယ်လေးရဲ့ ​ခြေထောက်ကိုလည်း ချိုးဖို့ မရည်ရွယ် ခဲ့ပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ သူက တစ်ချို့အချိန်တွေမှာ ရှက်တက်ပြီး ရည်မှန်းချက် မရှိပေမယ့်လည်း သူ့မှာ သေချာတဲ့ တုံ့ပြန်ချက် တစ်ချို့ ကတော့ ရှိဆဲ ပါပေ။

သူက ဒါကို ဖြစ်စေ မှတော့ သူက ဒါကို သဘာဝ ကျကျပဲ ကျော်သွားမှာ မဟုတ်ပါဘူး ။

စုယွမ် က ကောင်ငယ်လေးကို ကောက်ပွေ့ကာ သူ့လက်မောင်းကြားထဲမှာ ပွေ့ထားလိုက်တယ်။

နောက်တော့ မျက်လုံးတွေက မထိန်းနိုင်တော့ပဲ အတော်အသင့် ပြူးကျယ် သွားလေတယ်။

သူ့လက်မောင်းကြား က ကောင်ငယ်လေး ရဲ့ ဆံပင်တွေက ငွေခဲရောင် တောက်ပ နေကာ  ဂလက်စီ ကြီး နဲ့ တူနေခဲ့တယ်။ သူ့ရဲ့ မျက်နှာလေး က အရမ်းကို တန်ဖိုးကြီး ပြီးတော့ ပြိုင်ဆိုင်လို့ မရနိုင်လောက်ပေ။ ဒီကောင်လေး ရဲ့ အလှတရား က ရုပ်ပြထဲက အလှလေး လို ဖြစ်နေပြီးတော့ သူ့အလှကတော့ အရမ်းကို အပေါစားဆန်နေတယ်။

ဒီအချိန်မှာတော့ ငွေခဲရောင် တောက်ပ နေတဲ့ ဆံနွယ်လေးနဲ့ အလှလေးဟာ သူ့ရဲ့ မျက်လုံးတွေကိုတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားလေတယ်။ သူ့မျက်နှာ လေးက ဖြူဖျော့နေကာ နဖူးမှာလည်း ပွန်းပဲ့ ဒဏ်ရာ ရှိနေဆဲပါပဲ။ ဒါပေမယ့်လည်း သူက အလွန်အမင်းကို နှစ်လိုဖွယ် ကောင်းနေ သေးပါတယ်။

ဒီလောက်လှတဲ့ ကောင်ငယ်လေးက သူ့​ကြောင့် ထိခိုက်သွားရတာကို စုယွမ် တွေ့လိုက်ရတော့ သူ့ကိုသူ ကြိမ်ဆဲ ပြီးတော့ လုံးဝကို ခွင့်လွှတ်ပေးလို့ မရနိုင်တဲ့ ကောင် လို့ကို တွေးမိလေတယ်။

ဒါပေမယ့် ဒါက ဘယ်သူရဲ့ အမှားမှ မဟုတ်ပဲနဲ့ အတိတ်ကိုလည်း ပြန်ပြောင်း လို့မှ မရတော့ပဲလေ။

သူက ပြန်ပြီး ကယ်ဆယ်လို့တော့ ရတယ်လေ။

ဒါပေမယ့် ဒီကောင်ငယ်လေး က ဘယ်သူတဲ့လဲ?

သူက ဘယ်မိသားစု က တဲ့လဲ?

ထိုဟာကို တွေးနေစဥ် အတွင်းမှာပဲ စုယွမ် က သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်လေး ရဲ့ နဖူးကို ထိကြည့်လိုက်တယ်။

လက်က ကောင်ငယ်လေး ရဲ့ နဖူးကို ထိပြီးပြီး ချင်းမှာပဲ သူ့ဆီကို မှတ်ဉာဏ်တွေက စီးဆင်းလာခဲ့တယ်။

ပြောရမယ်ဆိုရင် ဒါက အနက်ရောင် မြွေ မျိုးနွယ်ပါ။ ပြီးတော့ အနက်ရောင်  ရှိတာက မျိုးနွယ်ရဲ့ ဂုဏ်သရေ ရှိတဲ့သူပဲ ဖြစ်တယ်။ ပြီးတော့ မျိုးနွယ်ထဲက တစ်ခြားမြွေ တွေကိုလည်း သူက ဦးဆောင် နိုင်လေတယ်။

ဒါပေမယ့် ဒီကောင်လေး ကတော့ ငွေရောင်မြွေ သေးသေးလေးပါ။ ပြီးတော့ ပူ ဟာ သူမွေးလာကတည်း က အမည်မသိ မျိုးစိတ် အဖြစ် သက်မှတ်ခြင်း ခံခဲ့ရတယ်။ 

ထိုနေရာမှာ အနက်ရောင် အမြင့်ဆုံးနဲ့ ငွေရောင် အမြင့်ဆုံး တို့ ရှိကြကာ အနက်ရောင် အသန့်က မျိုးနွယ်စု ဂုဏ်ဆောင် ဖြစ်ပြီးတော့ ငွေရောင် အသန့်က တော့ ဘာလဲဆိုတာကို မသိကြပေ။

ဒါကြောင့် ဒီကောင်ငယ်လေး က သူမွေးပြီးနောက် သိပ်မကြာခင်ပဲ  မိဘတွေရဲ့ စွန့်ပစ် ခြင်းကို ခံခဲ့ရတယ်လေ။

သူက အခုဆို အသက် ၁၀ နှစ် ရှိနေပြီ ဖြစ်ပေမယ့် အခုတော့ အသက် ၇ နှစ် ဒါမှမဟုတ် ၈ နှစ်လောက်ပဲ ရှိသေးတယ်လို့ ထင်ရလေတယ်။ ဒီအချိန်မှာ သူက ဘာလို့ ဒီနေရာကို ရောက်လာရတာ လဲ ဆိုတာကတော့ ဆယ်ကျော်သက်ရွယ် တစ်အုပ်က လိုက်ပြီး ရိုက်နှက်တဲ့ အတွက်​ကြောင့် သူက ဒီနေရာကို ထွက်ပြေး လာတာပဲ ဖြစ်လေတယ်။

ကောင်လေးရဲ့ မှတ်ဉာဏ်တွေ ထဲက ခံစားချက်ကို ခံစားမိတော့ စုယွမ်က အနည်းငယ် စိတ်ဓာတ်ကျ သွားလေတယ်။

ခေါင်းကိုက် သက်သာသွားပြီးတဲ့ နောက်မှာတော့ အရှင်သခင်ကြီး စုယွမ် က တစ်စုံတစ်ရာ ကို သဘောပေါက် သွားတယ်။

သူပွေ့ထားတဲ့ ကောင်ငယ်လေး က မြွေလေးပဲ! !!

သူက မြွေလေးကို သူ့လက်မောင်း ထဲမှာတောင် ဒီလိုလေး ပွေ့ထားမိတယ်။ ထိုအတွေးနဲ့တင် စုယွမ် က ကောင်လေးကို အဝေးဆီ လွှင့်ပြစ်ချင်စိတ်တွေ ပေါ်လာလေတယ်။

( ဘာလဲ ငြိုငြင်တာလား 🤣😌)

ဒါပေမယ့် အခုလို အချိန်မျိုးမှာတော့ သူက ကောင်လေးကို လွင့်ပစ်မယ့် အတွေးတွေကို ရပ်တန့်လိုက်ပြီးတော့ ငွေရောင်မြွေလေးရဲ့ လှပပြီး နူးညံ့တဲ့ မျက်နှာလေးကို ငုံ့ကြည့်လိုက်တယ်။

အဆုံးမှာတော့ သူက ကြောက်ရွံ့တာထက် အနည်းငယ် ပိုပြီးတော့ စိတ်ဖိအား များသွားလေတယ်။

အခုမှ လက်ခံရရှိလာတဲ့ သတင်းအချက် အလက်တွေ ကြောင့် စုယွမ် က သူ့ဘာသာ သူ တိတ်တိတ်လေး တွေးမိလေတယ်။

သူဟာ မတော်တဆ နဲ့ အနက်ရောင်​မြွေမျိုးနွယ် ပိုင်နက်ထဲကို ရောက်လာတာတော့ မဟုတ်လောက် ပါဘူးနော်။

တကယ်လို့ ရောက်လာလဲ ဘာဖြစ်လဲ အရင်ဆုံး   စိတ်ငြိမ်အောင်ထား ရမယ်။ စိတ်ငြိမ်ပြီးတဲ့နောက် အရင်ဆုံး အခြေအနေ ကို နားလည်အောင် ထားရမယ်။ ပြီးတော့ ထွက်သွား ရမယ်။

သူနေတဲ့ အချိန်အတောအတွင်း လေးမှာ သူက လက်မောင်းထဲက ငွေရောင်မြွေလေး ကို ကောင်းကောင်း ဂရုစိုက်ပေးလို့ ရတယ်လေ။

စုယွမ် က ထိုကောင်လေး ကို ဒီထက် ပိုပြီး ဝလာအောင် လုပ်ရမယ်လို့ လျှို့ဝှက်စွာ တွေးမိလေတယ်။ သူက ချက်ပြုတ်တဲ့ ​​နေရာမှာတော့ အတော်လေး တော်တယ်လေ။

စုယွမ် က ကောင်လေးကို ပွေ့ထားကာ မှတ်ဉဏ်ထဲက လမ်းအတိုင်းလျောက် လာပြီးတော့ ယိုယွင်းနေတဲ့ သစ်သားအိမ်လေး ဆီကို သွားလိုက်လေတယ်။

အဲ့တာက ငွေရောင်မြွေလေး ရဲ့ အိမ်ဖြစ်ပြီးတော့ အနက်ရောင် မြွေမျိုးနွယ် ရဲ့ အိမ်တွေနဲ့ အတော်ဝေးတဲ့ နေရာမှာ ရှိလေတယ်။

ငွေရောင်မြွေ အသေးလေး က အမည်မသိ မျိုးစုလို့ နာမည် တပ်ခံထားရတဲ့ အတွက်ကြောင့် အမဲရောက်မြွေတွေ က မျိုးနွယ်စု နားကိုတောင် အကပ်မခံ ခဲ့ပေ။ သူက မွေးကတည်းက အနက်ရောင် မြွေမျိုးနွယ် ကနေ ထုတ်ပယ်ခြင်း ခံထားရတာ ပဲ ဖြစ်လေတယ်။

ဒါပေမယ့် ငွေရောင်မြွေလေး က အချိန်အတော်ကြာထိ အနက်ရောင်မြွေ မျိုးနွယ် စုနဲ့ ကင်းကွာနေရတာကြောင့် သူ့အဖေ၊ အမေ ၊ ညီကို မောင်နှမ တွေကို လွမ်းဆွတ်နေခဲ့လေတယ်။

ဒါကြောင့် သူက မကြာခဏ သွားချောင်းကြည့်ခဲ့ ပေမယ့် ဆယ်ကျော်သက်တွေက သူ့ကို ရိုက်လွှတ်ခဲ့တယ်လေ။

ဒီအချိန်မှာလဲ အလားတူ ပါပဲ သူလည်းအရိုက်ခံ ရရော ထွက်ပြေးလာတာ ပဲ ဖြစ်တယ် ။

စုယွမ်က မှတ်ဉာဏ်တွေကြောင့် တုန်လှုပ်သွားပြီးတော့ သူက အထဲကိုဝင်ကာ အိပ်ယာလေး ပေါ်ကို ငွေရောင်​မြွေလေးအား ညင်သာစွာ တင်လိုက်ပြီးတော့ အိမ်တစ်ဝိုက်ကို လျောက်ကြည့်နေမိလေတယ်။

ဘေးပတ်ဝန်း ကျင်လေး က အတော့်ကို ကောင်းလေတယ်။ မြစ်သေးသေးလေးရယ်၊ သေးငယ်တဲ့ ဝါးတောလေးရယ်၊ တောင်တန်းနဲ့ ရေတွေ ရှိတယ်။ ဒါကြောင့် စုယွမ် က စားဖို့ သောက်ဖို့ကို စိတ်မပူခဲ့ပေ။

မြစ်ဘေးနားလေးမှာ ဆောင့်ကြောင့် ထိုင်ကာ စုယွမ် က ရုတ်တရက် ပဲ ရပ်တန့် သွားလေတယ်။

သူ့မျက်နှာကို အလန့်တကြားနဲ့ ထိကြည့်လိုက်တယ်။

................................

နှစ်ပိုင်းတင်ပေးတယ်နော် vote & cmt လိုချင် ပါတယ်နော်။

ဒီအပုဒ်ရဲ့ English name ကို သိကြရဲ့လား။ ​ပြောသွားကြအုံး။ မင်းတို့ မသိမှာ စိုးလို့ ။ ကိုယ်ကတော့ သိတယ်။

Czytaj Dalej

To Też Polubisz

188K 19.9K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...
49.2K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
456K 6.1K 6
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
15.1K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant