နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-64

62 4 0
By LinnLinn438

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-64

"သားငယ် ဧည့်ခန်းမှာလည်းရှုပ်ပွနေတာပဲ...

မေမေရောက်နေတာလား....ဘာကိစ္စလဲ မေမေ

သားကိုလာကြည့်တာ....ဝသုန်ကပြောတယ်လေ..အန်တီခက်သားအဖြစ်ကိုလာကြည့်ပါဦးတဲ့...ကုမ္ပဏီမှာ စာရင်းတွေမှားလို့မှား...စိတ်နဲ့လူနဲ့မကပ်...ဖြစ်နေတယ်ဆိုလို့

ဒီကောင်တော့ တွေ့ရင်နာပြီပဲ

မေမေ သားအကြိုက်ဟင်းတွေချက်လာတယ်....ဒီနေ့သားအလုပ်နားရက်ဆိုတော့ မေမေညနေမှပြန်မယ်
သားအိမ်ကရှုပ်ပွနေတာပဲ..ဒီနေ့မေမေနဲ့အတူအိမ်ရှင်းရမယ်

သားဘာမှလုပ်ချင်စိတ်မရှိဘူး

ဘယ်လိုဖြစ်နေတာလဲနေဂုဏ်ရှိန်လင်း....မင်းနှယ်....လွမ်းနာကျပြီးအဘိုးကြီးရုပ်ပေါက်သွားဦးမယ်သားငယ်ရယ်
ဒီတစ်ပတ်ထဲ သမီးက ပြန်လာမှာမဟုတ်ဘူးလား

ဟုတ်တယ် မေမေ

အေးလေ ပြန်လာမယ့်ရက်လည်းနီးနေပြီကို တက်တက်ကြွကြွနေမှပေါ့

သားနေချင်ပါတယ်....ဒါပေမယ့် လူက စိတ်သွားတိုင်ကိုယ်မပါဘူးဖြစ်နေတယ်ဗျ

ငါ့နှယ်...မွေးရကျိုးနပ်တဲ့သားပဲ....မိဘတွေနဲ့၇နှစ်နီးပါးခွဲရတာတောင် ဘာမှမဖြစ်တာ...ချစ်သူနဲ့ခွဲရတော့ လဒမှိုင်မှိုင်နေတယ်

မတူဘူးလေဗျာ...မေမေကလည်း

ဟုတ်ပါတယ် ပြောမိတဲ့ကျွန်မကပဲမှားတာပါ
အခုတော့ ကိုယ်တော်ချောက ထိုင်ရာကထပြီး ရေချိုးတော်မူပါ....ပြီးရင် နေ့လည်စာသုံးဆောင်တော်မူပါ
ဒီအမေကပြင်ဆင်ထားလိုက်မယ်...ဟုတ်ပြီလား

အမိန့်တော်အတိုင်းပါ မယ်တော်ဘုရား
ဒါနဲ့ အိမ်မှာ ဖခမည်းတော်ကြီးကို ဘယ်လိုထားခဲ့လဲဘုရာ့း

သားအဖေကိုပူမနေနဲ့...သူ့ဘာသာနေတတ်တယ်

Daddy Father ဖေဖေဘဝသနားစရာလေးပါလား

ဒီကောင်လေးကတော့.....

ဟားဟား "

မှိုင်တွေနေရာက နည်းနည်းပဲ ဖြစ်ဖြစ် သားငယ်စိတ်ပျော်သွားတော့ သူမဝမ်းသာရပါသည်

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂုဏ် ဒီနေ့မနက် ၅နာရီထပြီး အပြင်သွားဖို့ ပြင်ဆင်နေသည်
ကုမ္ပဏီမသွားဘဲ သူသွားရမယ့်နေရာရှိသည့်အတွက် အလုပ်များကို မနေ့ကတည်းကလက်စသတ်ထားပြီးဖြစ်သည်
ဒီနေ့ သူအရမ်းပျော်နေသည်....တစ်လနီးပါးခွဲထားရသည့် သက်လျာကို လေဆိပ်မှာ သွားကြိုရမည်ဖြစ်သည်
ချစ်ရသူကို ကိုယ်တိုင် လေဆိပ်မှာ သွားကြိုချင်သည့်အတွက် မနေ့ညနေကတည်းက ပြင်ဦးလွင်ရှိ သူ့အဘိုးအဘွားတွေပေးထားခဲ့သည့် အိမ်သို့ ရောက်နေခဲ့တာဖြစ်သည်

လေယာဥ်ဆိုက်ပြီဆိုပေမယ့် အခုထိညကိုသူမတွေ့ရသေးပါ....
လူတွေအများကြီး ထွက်ပေါ်လာပြီးနောက်မှာ တွေ့လိုက်ရပါပြီ....အဝါရောင်Crop topလေးကို ဂျင်းစကပ်အတိုလေးနဲ့တွဲဖတ်ဝတ်ဆင်ထားပြီး...အဖြူရောင် Sneakerကို ဝတ်ဆင်ထားသည့် သူ့ရဲ့သက်လျာဟာ သူ့အတွက် သီးသန့်ဖြစ်တည်လာသည့် အလှတရားလေးပါပဲ
လမ်းလျှောက်လိုက်တိုင်းမှာ မြင်နေရသည့် ပေါင်တံသွယ်သွယ်လေးတွေက အခါခါပြန်လှည့်ကြည့်မိသည့်အထိ လှနိုင်လွန်းသည်
ခါးစပ်နားအထိ ရှည်နေတဲ့ဆံနွယ်တို့ဟာ လမ်းလျှောက်တိုင်း လေထဲမှာ လွင့်နေသည်...

သူ့ရဲ့အလှတရားလေးဟာ သူ့မျက်စိရှေ့မှာရောက်နေသည်ကို သတိမထားမိနိုင်သေးပဲ အလှကွန်ရက်မှာတင် ယစ်မူးနေသည်

"မောင့်....မောင်ရေ....မောင့်...."

မောင်ဘာဖြစ်သွားတာလဲ...ခွင်းကိုတွေ့တော့ ပျော်သွားတဲ့လူက အခုသူ့ရှေ့မှာရောက်နေတာကို သတိမထားနိုင်တဲ့အထိ ဘာတွေတွေးနေတာလဲ.....
ခွင်း မောင့်မျက်နှာရှေ့မှာ လက်တကာကာနဲ့မောင့်အာရုံပြန်ဝင်လာအောင်လုပ်နေပေမယ့် မောင်ကအခုထိကျောက်ရုပ်တစ်ရုပ်လိုပဲ...
မောင့်နား...နားကပ်ပြီး...
"မောင်ရေ...ညရောက်နေပြီလေ..."

"ဟင် ည....

မောင်ဘာတွေတွေးနေတာလဲ....

အဟီး ညရဲ့အလှမှာ ယစ်မူးသွားတာ
ငေးရင်းငေးရင်း သတိလွတ်သွားတာ...

ဖြစ်ရမယ် မောင်ရယ်...အဟင်း
ညရဲ့အမျိုးသားလေးက ဒီနေ့အရမ်းကြည့်ကောင်းနေတယ်....လူငယ်ဆန်ဆန်လေးဝတ်လာတာပဲ

ကိုယ်ကအခုမှ ၂၈နှစ်ပဲရှိသေးပါတာနော်

အဟင်းဟင်း....သိပါတယ်မောင်ရယ်....

ကိုယ်ညကိုဖတ်ထားပါရစေဦး...ဒီခန္ဓာကိုယ်သေးသေးလေးကိုလွမ်းနေတာ...ကိုယ်ဖတ်လိုက်တိုင်းရင်ခွင်ထဲမြုပ်သွားတာ...လုံးဝဖတ်လို့မဝဘူး

ကားထဲရောက်မှဖတ်တော့...ဒါကမြန်မာနိုင်ငံဆိုတာမမေ့နဲ့ဦးမောင်....လူမြင်ကွင်းမှာ ဖတ်ရင် အပြောခံရလိမ့်မယ်....

ဟုတ်ပါပြီဗျာ ကားထဲရောက်ရင်တော့ဖတ်ရုံနဲ့မရဘူးနော်...အဲ့နှုတ်ခမ်းလေးကို နမ်းမှာ

မောင်တို့ယောကျ်ားလေးတွေကလေ ရရင်ရသလိုအခွင့်အရေးယူတာနော်

ကိုယ်ချစ်တဲ့မိန်းကလေးမို့လို့ပါညရယ်...တခြားသူဆိုစိတ်ကူးထဲတောင်မထည့်ပါဘူးဗျာ
တခြားကောင်တွေတော့မသိဘူး...ကိုယ်ကမင်းနဲ့မှ ကိလေသာစိတ်ပေါက်တာ...ကျန်တဲ့အချိန်ဆို ကိလေသာစိတ်ကုန်ခမ်းနေတာဗျ

အာ့ဆို မောင်တခါတည်းဘုန်းကြီးဝတ်လိုက်ပါလား

အမလေးဗျာ...ပြောရက်လိုက်တာ ညရယ် ကိုယ့်ကိုမင်းအနားမှာမရှိစေချင်တော့ဘူးလား

မဟုတ်ဘူးလေ မောင့်ကို ကုသိုလ်ရအောင် အကြံပေးတာပါ

မဝတ်ဘူး...ယာယီဝတ်တာကလွဲလို့ ရာသက်ပန်မဝတ်ဘူး...မင်းနဲ့ခဏလေးတောင်မခွဲနိုင်ဘူး
မင်း ဆွီဒင်ကိုရောက်နေတဲ့အချိန်တွေက ကိုယ့်အတွက် ဖြတ်သန်းရတာခက်ခဲတယ်
အဲ့ယာယီဝတ်ဖို့ကိုတောင် ကိုယ့်မှာမနည်းစိတ်ပိုင်းဖြတ်ရမှာ...ကိုယ်တော့သေချာတယ်..ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်တော့မှာ

ဟုတ်ပါပြီ ည နောက်မစတော့ပါဘူး...."
ထိုသို့ပြောမှ မောင့်မျက်နှာကြည်လင်သွားသည်
မောင်ကလေ စကားအမှားခံလို့ကိုမရပါ....အထိမခံတဲ့ကြွေပန်းကန်လေး....

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလှပြင်ခန်းထဲကနေကြားနေရသည့် ခန်းမထဲကသီချင်းသံသည် မကြာခင်ကျင်းပတော့မည့် မဂ်လာဧည့်ခံပွဲအား ရည်ညွှန်းနေသည်

"သတို့သမီးလေးက မာမီ့လက်စွမ်းနဲ့အရမ်းတွေလှနေတာပဲကွယ်...သတို့သားမြင်ရင်တော့ ငုတ်တုတ်မေ့နေမှာမြင်ယောင်သေးတယ်...အဟင်းဟင်း

မာမီ့ကိုကျေးဇူးတင်ပါတယ်ရှင်...အခုလိုလှလှပပလေးပြင်ဆင်ပေးထားလို့

အမလေး မလိုပါဘူးနော် သမီးက နဂိုလှပြီးသားဆိုတော့ မာမီ့မိတ်ကပ်အစွမ်းနဲ့ပေါင်းလိုက်တဲ့အခါ အခုလိုလှသွားတာပါကွယ်

အဟင်း

သတို့သမီးအရံလေးတွေကရော လိုအပ်တာရှိသေးလား
ဘယ်နေရာပြင်ချင်သေးလဲ မာမီ့ကိုပြော

မလိုတော့ပါဘူး မာမီ အဆင်ပြေပါတယ်.....

ကောင်မလေးတွေ သတို့သမီးအရံလေးတွေကို မြန်မာဝတ်စုံကူဝတ်ပေးလိုက်ကြဦး

ဟုတ်ကဲ့ မာမီ

သတို့သမီးလေးက ပန်းစည်းကိုင်ဖို့ပဲကျန်တော့တယ်
ပန်းစည်းရော ရောက်ပြီလား ကေသီ

ဟုတ် ဒီမှာရှင့်မာမီ

မာမီ့ကိုပေး
ကဲ သတို့သမီးလေးကအားလုံးပြင်ဆင်လို့ပြီးပါပြီရှင်
ပွဲစဖို့ ၃၀မိနစ်ပဲလိုတော့တယ်
ရင်ခုန်နေပြီလား...သမီး

ဘယ်လိုပြောရမလဲ မာမီရယ်

အာ့ဆိုလည်း မပြောနဲ့တော့ ဒီကသိချင်လို့ပါဆို

အဟင်းဟင်း

ဒေါက် ဒေါက် ဒေါက်

အခန်းတံခါးသွားဖွင့်ပေးလိုက်ပါဦး

သမီးကပြင်လို့ပြီးသွားပြီပဲ...ချွေးမလောင်းလေးကလှလိုက်တာကွယ်

ယောက္ခမကြီးက မြှောက်နေပြီသတို့သမီးလေးရေ

ပွဲစဖို့၁၀မိနစ်ပဲလိုတော့တယ်ဆိုတာလာပြောတာ
အဆင်သင့်ပြင်ထားတော့နော်သမီး

ဟုတ်ကဲ့ အမေ

ကဲ သတို့သမီးအရံလေးတွေလည်းအဆင်သင့်ပြင်ထားတော့နော် ခန်းမထဲဝင်ဖို့အချိန်နီးနေပြီ

ဟုတ်ကဲ့ရှင့်

သူငယ်ချင်းတို့ရေ ငါတော့ရင်တွေအရမ်းခုန်နေပြီ

ငါတို့ရောပဲ အခုမှ သတို့သမီးအရံစလုပ်ဖူးတာဆိုတော့ စိတ်လှုပ်ရှားနေတယ်

ခန်းမထဲဝင်ဖို့အချိန်ရောက်ပါပြီရှင့်..."

ပွဲစီစဉ်သူ ညီမလေးက ခန်းမထဲဝင်ဖို့လာပြောတာမို့ သူမတို့အားလုံး ခန်းမဆီသို့ လာခဲ့ကြသည်

"သားကြီးတို့ ငါစိတ်တွေလှုပ်ရှားနေတယ်...ငါ့ကိုစိတ်ငြိမ်အောင်လုပ်ပေးကြပါဦး

မင်းမပြောနဲ့ သတို့သားအရံလုပ်ရမယ့်ငါတို့လည်းစိတ်လှုပ်ရှားနေတာ ထိန်းမရဘူးကွ

သြော်တော်တော်အားကိုးရတဲ့သူငယ်ချင်းတွေပါလား

ဟော သားတို့သုံးယောက်ကဘယ်လိုဖြစ်နေတာလဲ
မတ်တပ်တွေရပ်လို့...

စိတ်လှုပ်ရှားနေလို့အမေရေ

အဟင်းဟင်း အခုပဲခန်းမထဲဝင်ရတော့မယ့်ဟာကို

အချိန်ရောက်ပြီလားအမေ

ရောက်ပြီ အဲ့တာကြောင့် သားတို့ကိုလာခေါ်တာ

ဟုတ်ကဲ့

အမေ့ချွေးမလေးကအရမ်းလှတာပဲကွယ်....

အမေသွားကြည့်ပြီးပြီလား

ကြည့်ပြီးပါပြီရှင့်...

သားလည်း ကြည့်ချင်လိုက်တာဗျာ

အခုပဲခန်းမထဲဝင်ရတော့မှာ...အဲ့ကျရင်မင်းကြည့်လို့ရပြီ

သွားမယ်လေ သားတို့

ဟုတ်ကဲ့ "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟင်....................သွားကြမယ်ချစ်ကမ္ဘာဘုံ....
လိုက်မလားကွယ်

သီးသန့်တဲ့မေတ္တာဘုံ....သီတာရေမြေခြားနေပါတယ်
ထူးခြားတဲ့သစ္စာဘုံ......ယူဇနာတစ်ရာဝေးကွာရာဝယ်

ဆန်းပြားတဲ့ဗိမာန်ပုံ......

ဟင်....လိုက်ခဲ့မကွဲ့....သည်းညှာယုံ.....
မောင်သွားရာ....ဖဝါးထပ်မျှလိုက်မယ်ယုံ

အန္တရာယ်ရန်စွယ်မမှုပါကွယ်....မောင့်တစ်ယောက်အတွက် အသက်ကိုပုံ....."

ခန်းမရဲ့အလယ် လျှောက်လမ်းနီနီထက်မှာ နေရာယူနှင့်နေတဲ့ သတို့သားဖြစ်သူက သူ၏သတို့သမီးလေး လှမ်းလာနေသည်ကို မျက်တောင်မခတ်စတမ်းငေးကြည့်နေသည်
ဒီနေ့က သူတို့ရဲ့လက်ထပ်ပွဲနေ့....သူချစ်ရတဲ့မိန်းကလေးကို ဇနီးအဖြစ်ပိုင်ဆိုင်ရတော့မည့်နေ့ရက်လေး

"ဘုန်း.........

ကိုယ့်သတို့သမီးလေး.....လှလိုက်တာဗျာ

အဟင်း ဘုန်းလည်းအတူတူပါပဲ..."

ဘုန်းက သူမဆီကို လက်ကမ်းလှမ်းပေးလာတာမို့ လက်ကမ်းလိုက်တဲ့အချိန်မှာ ဘုန်းက သူမလက်အား သူ့လက်ကိုချိတ်စေသည်
သတို့သားနဲ့သတို့သမီးလေးနေရာယူပြီးနောက်မှာ နှစ်ဖက်မိဘတွေကနေရာယူပြီး... သတို့သားသတို့သမီးအရံတွေဖြစ်ကြတဲ့ ဂုဏ်နဲ့ညကတစ်တွဲ၊ သွင်ထက်နဲ့သမုတို့ကတစ်တွဲ....ခန့်ညားရဲ့အသိမိတ်ဆွေကတစ်တွဲ....အသီးသီးနေရာယူပြီးနောက် လျှောက်လမ်းကနေ မဂ်လာစင်မြင့်ထက်ဆီသို့လျှောက်လာနေကြသည်

မဂ်လာပွဲနောက်ခံသီချင်းက မဂ်လာပွဲနှင့်လိုက်ဖက်လှသည်

"မနက်မိုးသောက် ရောင်နီလင်းပြီ
မြူမှုန်လွှမ်းခြုံမြက်ခင်းစိမ်းပေါ်တွင်

သံသာဟစ်ကျွေး ငှက်ကျေးငယ်ပေါင်းစုံ
မဂ်လာနှင့်အပြည့် ဤနေ့ရက်ပေတည်း

စုံဖက်လက်ထပ် မဂ်လာကျူးကို
အလွန်ရွှင်လန်းစွာကျူးရင့်ကြပါပြီ

ရိုသေစွာဝပ်တွားကိုယ်တော်ခြေရင်းတွင်
အကြင်လူသားနှစ်ဦးစုံဖက်အကြောင်းပါပြီ

ယနေ့မှစ၍ ကြင်သူနှစ်ဦးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ယနေ့မှစ၍ ကြင်သူနှစ်ဦးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ....."

"မနက်မိုးသောက် ရောင်နီလင်းပြီ
မြူမှုန်လွှမ်းခြုံမြက်ခင်းစိမ်းပေါ်တွင်

သံသာဟစ်ကျွေး ငှက်ကျေးငယ်ပေါင်းစုံ
မဂ်လာနှင့်အပြည့် ဤနေ့ရက်ပေတည်း

စုံဖက်လက်ထပ် မဂ်လာကျူးကို
အလွန်ရွှင်လန်းစွာကျူးရင့်ကြပါပြီ

ရိုသေစွာဝပ်တွားကိုယ်တော်ခြေရင်းတွင်
အကြင်လူသားနှစ်ဦးစုံဖက်အကြောင်းပါပြီ

ယနေ့မှစ၍ ကြင်သူနှစ်ဦးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ယနေ့မှစ၍ ကြင်သူနှစ်ဦးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ....."

မဂ်လာစင်မြင့်ထက်၌ နေရာယူပြီးနောက်မှာ အခမ်းအနားမှုးက မဂ်လာအခမ်းအနားစတင်ကြောင်းကြေညာပြီး....မဂ်လာဇနီးမောင်နှံအတွက် ဆုမွန်ကောင်း ခြွေပါသည်
လက်ထပ်လက်စွပ်ကို နှင်းခက်ဘက်မှ တူမလေးက ယူလာပေးပြီး လက်စွပ်လဲဝတ်ခြင်းပြုလုပ်ပါသည်
ထို့နောက်မှာ ဧည့်သည်တော်များအား လိုက်လံဧည့်ခံပါသည်
ခွင်းတို့သမုတို့က ပွဲထဲရှိ ဝိုင်းတစ်ခုမှာထိုင်ရင်း ချစ်ရတဲ့သူငယ်ချင်းစုံတွဲကိုကြည့်ရင်း အပြုံးပန်းဝေနေပါသည်
ကျောင်းနေဘက်သူငယ်ချင်းတွေအပါအဝင် ဆရာ၊ဆရာမတွေပါလာကြတဲ့ပွဲမို့ မဂ်လာပွဲလေးဟာ ပျော်စရာ အတိပါပဲ

မဂ်လာပန်းစည်းပစ်မည့်အချိန်မှာ ခွင်းရောသမုရော အလုအယက်ဖမ်းဖို့ တခြားမိန်းကလေးတွေနဲ့အတူစောင့်နေသည်

"ကဲ Ladyတို့ Readyပဲလား

Ready.....!!!

1...2...3....

ရေး........"

ပန်းစည်းကို ဖမ်းယူရရှိသွားသူကတော့......

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဂုဏ်ယူပါတယ်ခန့်ညားနဲ့နှင်းခက်
သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ပါစေ

ကျေးဇူးပါ သူငယ်ချင်းတို့

ည....ကိုယ်တို့ဒီနေ့တော့ ခန့်ညား Bachelor Night မို့ သောက်ခွင့်ပြုနော်...

အင်း ရပါတယ် အရမ်းတော့မသောက်နဲ့နော်မောင်

ဟုတ်ကဲ့ပါဗျ

နှင်းခက် ငါတို့ဒီကောင့်ကိုခေါ်သွားမယ်နော်...ညနေ၅နာရီ အမီလာပြန်ပို့ပေးမယ်

အေးပါ....ဂရုစိုက်သွားကြဦး...."

မဂ်လာပွဲပြီးတော့ နှစ်ဖက်မိဘတွေက အသီးသီးအိမ်ပြန်သွားကြပြီး မဂ်လာဇနီးမောင်နှံနဲ့သူတို့သူငယ်ချင်းတွေက ခန့်ညားတို့လက်ထပ်ပြီးသည့်အခါနေမည့်အိမ်၌ ရှိနေကြခြင်းဖြစ်သည်

"နှင်းခက် ဒီနေ့ညအတွက် နင်ရင်တွေခုန်နေပြီမလား
.အရူးမတွေ ဘာတွေလျှောက်ပြောနေကြတာလဲ

အယ်...မရှက်ပါနဲ့ ဒါကလက်ထပ်ပြီးရင်ကြုံရမှာပဲကို

ခွင်း နင်နော်

အဟားဟား

သမု...နင်ပန်းစည်းဖမ်းမိတာနော်
သတို့သမီးပစ်တဲ့ပန်းစည်းကိုရတဲ့သူက လက်ထပ်ရမယ့်ကိန်းရှိတယ်တဲ့
နင်ရောဘယ်တော့သတင်းကြားရမှာလဲ

ရှုပ်ရှုပ်ရှပ်ရှပ်တွေ ငါကအပျိုကြီးပဲလုပ်မှာ
နင်ကသာလက်ထပ်ဖို့သေချာနေတဲ့သူခွင်း

အဟင်း ငါသိနေတယ်နော် သမု

မိန်းမတွေဘာတွေသိနေကြတာလဲ
ငါ့ကိုပြောပြကြဦး

သတို့သမီးအသစ်စက်စက်လေးကမစပ်စုပါနဲ့
မဂ်လာဦးညအတွက်ပဲရင်ခုန်စမ်းပါ

သမုနဲ့ခွင်း...နင်....နင်တို့

ဟားဟား "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂုဏ်တစ်ယောက် အခုတလော ခန့်ညား၊သွင်ထက်တို့နဲ့ ကြိတ်စီစဥ်နေတာရှိသည်
ခါတိုင်း သူတို့ဆုံသည့်အချိန်က ဂုဏ် ညဆီလာတွေ့သည့်အချိန်သာဖြစ်သည်
အခုဟာက အမြဲလိုလို ဒီကောင်တွေဆုံဖြစ်နေသည်
ဆုံရင်လည်း သူမတို့မိန်းကလေးတွေမပါ....သူတို့ချည်းသာဖြစ်သည်

"နေလင်း မင်းရန်ကုန်ကနေပြင်ဦးလွင်ကို ခဏခဏလာနေတာ မထူးဆန်းပေမယ့် ငါတို့သုံးယောက်ခဏခဏဆုံနေတာကို မိန်းကလေးတွေ သံသယဝင်နေပြီနော်
ငါ့မိန်းမဆို ငါ့ကိုမေးနေတာ.....ရှင်တို့သုံးယောက်ခဏခဏဆုံနေတာဘာတွေလုပ်ကြတာလဲလို့
ငါ့မှာ မနည်းရှောင်ပြီးဖြေလာရတယ်

ဟုတ်တယ် နေလင်း ငါ့ကိုလည်းသမုကဆေးရုံမှာတွေ့တိုင်းမေးမေးနေတာ
ငါ့မှာ သူမသိအောင်လှည့်ပတ်ပြီးဖြေလာရတိုင်း...ကျောချမ်းတယ်ကွ
ဘယ်အချိန် နောက်ကနေဆော်ထည့်လိုက်မလဲလို့တွေးတွေးရင်း ကျောနာတယ်ကွ

ဟားဟား အေးပါကွာ မင်းတို့ခဏပဲသည်းခံပေးပါ
ငါစီစဥ်ထားတာပြီးပြီဆိုရင်မင်းတို့စိုးရိမ်နေစရာမလိုတော့ပါဘူး..."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟဲလိုမောင်

အခုညနေကိုယ်လာခေါ်မယ်..လှလှလေးပြင်ဆင်ထားနော်

ဘယ်သွားမလို့လဲမောင်

Secret ကိုယ်ပြောတဲ့အတိုင်းပြင်ဆင်ထားနော်

အင်းအင်း "

မောင်က ဘယ်သွားမည်ဆိုတာကိုမပြောဘဲ လာခေါ်မည်ဟုသာပြောတဲ့အတွက် မောင်ပြောထားသည့်အတိုင်း လှလှလေးပြင်ဆင်ပြီး မောင်လာခေါ်မည်ကိုစောင့်နေလိုက်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူစီစဥ်ထားသည့်နေရာကိုမရောက်ခင်မှာ ကားရပ်လိုက်ပြီး ညရဲ့မြင်လွှာနှစ်ဖက်ကို ပုဝါနှင့်စည်းနှောင်ထားလိုက်သည်

"မောင်....ပုဝါဘာလို့စည်းတာလဲ

ရှုး....ကိုယ့်ကိုယုံကြည်တယ်မလားည

အင်း ယုံတယ်လေ ဒါပေမဲ့ ဒီပုဝါစည်းတာနဲ့ဆိုင်လို့လား

ဆိုင်တယ် ညကိုယ့်ကိုယုံကြည်တယ်ဆိုရင် ကိုယ့်ကိုအခုချိန်ကစပြီး ဘာမှမမေးပဲနဲ့ ကိုယ့်နောက်ကိုလိုက်ခဲ့ပေးနိုင်မလား

အင်း ရတယ် မောင် .."

"ကိုယ့်လက်ကိုသေချာကိုင်နော်ည

ဘယ်အချိန်မှ ပုဝါဖြည်ပေးမှာလဲမောင်

ခဏလေး ခဏလေးပဲ သည်းခံပေးနော်...."

သူစီစဥ်ထားတာက သူညကိုဖွင့်ပြောခဲ့တဲ့နှင်းဆီခြံကြီးထဲမှာဖြစ်သည်
ညနဲ့သူ့ရဲ့အမှတ်တရများစွာရှိခဲ့သည့်နေရာလေးဖြစ်တာကြောင့် သူတို့နှစ်ယောက်ရဲ့အမှတ်တရဖြစ်လာမယ့်ပွဲလေးကိုလည်း ဒီနေရာမှာပဲစီစဥ်ခဲ့ခြင်းဖြစ်သည်

နှင်းဆီ့ဖြူဖြူတို့ရဲ့အလယ်မှာ မီးသီးလေးတွေကို ရောင်စုံတပ်ဆင်ထားပြီး မြက်ခင်းစိမ်းစိမ်းလေးပေါ်မှာ  ဖယောင်းတိုင်ခွက်လေးတွေကို အသည်းပုံ ပုံစံသဖွယ် ရောင်စုံထွန်းညှိထားသည်
ညနေခင်းနေဝင်ဆည်းဆာရောင်နောက်ခံထားပြီးပြင်ဆင်ထားသည့် ပွဲလေးဟာ Romantic ဆန်စွာ ရှိနေသည်
ခြံဝမှ ထိုနေရာသို့လာသည့်လမ်းတစ်လျှောက်ကို ဖယောင်းတိုင်ခွက်လေးတို့ဖြင့် ထွန်းညှိကာ လမ်းပြထားသည်

"မောင် မရောက်သေးဘူးလား

ခဏလေးပဲထပ်လျှောက်နော်ည
ရောက်တော့မယ်

မောင်ဘာတွေစီစဥ်ထားတာလဲ

ခဏနေသိရမှာပါဗျာ...."

သမုနဲ့နှင်းခက်လည်း နေလင်းတို့သုံးယောက်ကြိတ်ပြီးလုပ်နေသည့်အရာကဘာလဲဆိုတာအခုမှသိရသည်
အခုတော့ သူတို့လေးယောက်က အချိန်ကောင်းကိုစောင့်ပြီး နှင်းဗူးဖြန်းဖို့ စောင့်နေရတာဖြစ်သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Part-65မျှော်
Author Ester Linn

Continue Reading

You'll Also Like

367K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်...
370K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...