(Complete)အေးစက်တဲ့မြွေဘုရင်က...

Af Kyiphyuswe

246K 32K 746

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... Mere

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (1.2)

6.3K 753 26
Af Kyiphyuswe

(1.2)

''ကောင်းကင်ပေါ်သို့ တက်လှမ်းခြင်း'' ဆိုတဲ့ ဝတ္ထုက ပိုင်ရှုးစာပေမှာ ကျော်ကြားနေတဲ့ ဝတ္ထု တစ်ပုဒ် ဖြစ်လေတယ်။

အဲ့တာ က စွမ်းအားကြီးမားတဲ့ အမျိုးသမီး သူရဲကောင်း စုချင်းရှု အကြောင်း ဖြစ်ပြီးတော့ သူမက မွေးကတည်း က ပါရမီပြည့်ဝ ပြီးတော့ သူမရဲ့ ​ခြေထောက်အောက် မှာ ခစားလိုတဲ့ အမျိုးသားတွေ အများကြီး ကို ဆွဲဆောင် နိုင်ခဲ့တယ်။

အဆုံးမှာတော့ အမျိုးသမီး သူရဲကောင်းက အကောင်းဆုံး တစ်ယောက် ကို ရွေးချယ်ခဲ့တယ်။

အဲ့တာကတော့ ရှင်းယုမန် ရဲ့ ခေါင်းဆောင် ဖြစ်ပြီးတော့ တာအိုအဖော် ဖြစ်လာခဲ့ ကြတယ်။ နှစ်ယောက်စလုံး က အချင်းချင်း တစ်ယောက် ကို တစ်ယောက် ကူညီ ပြီးတော့ သူတို့စိတ်ကူးယဥ်ထားတဲ့ အထက်ကောင်းကင်ဘုံကို နောက်ဆုံးမှာ တက်လှမ်းသွား နိုင်တော့တယ်။

သူက အဲ့တာကို စဖက်တုံး က ဆိုရင် သူက အဲ့ဝတ္ထု က အရမ်းကိုပဲ မိုက်တယ်လို့ ထင်ပြီးတာ့ ဇာတ်ကြောင်း တစ်လျောက်လုံး မှာလဲ ဘာမှ ညှင်းပန်း နှိပ်စက်မှုတွေ မရှိလုနီးပါးပဲ။

ဇာတ်ကြောင်း တစ်ခု လုံးက အမျိုးသမီး ဇာတ်လိုက်နဲ့ အမျိုးသား ဇာတ်လိုက် တို့က တစ်ခြားသူတွေကို ရိုက်နှက်ပြီးတော့ ဖတ်ရတာ က အရမ်းကို စိတ်သက်တောင့် သက်သာ ရှိလေတယ်။

သေချာတာပေါ့ အဲ့ထဲမှာ စုယွမ် ရဲ့ စိတ်ကို မသက်မသာ ဖြစ်စေတဲ့ အရာ ကတော့ ထိုထဲက အမျိုးသား အမြောက်စာ ဇာတ်ကောင်လေး ဖြစ်တဲ့ သူနဲ့နာမည်တူ စုယွမ် ကြောင့်ပေါ့။ အဲ့ဇာတ်ကောင်လေး က ပေါ်လာတဲ့ အခန်း က အရမ်းနည်း ပေမယ့် ရက်စက်စွာ အနိုင်ကျင့် ခံရပြီး သေသွား ခဲ့တယ်လေ။

စာအုပ်ထဲမှာတော့ စုယွမ်ဘဝဟာ မိသားစုရဲ့ ကောင်းကျိုးနဲ့ အချစ်အတွက် ပေးဆပ်ခဲ့ ရပြီးတော့ ရွှမ်ပင်း ( ငွေရောင်မြွေ) မျိုးနွယ်ထဲကို ဝင်ခဲ့ရလေတယ်။

ဒါပေမယ့် မြွေဘုရင်ကြီး က သူ့ကို ပစ်ပယ်ထားခဲ့တဲ့ အတွက်ကြောင့် သူဟာ အခွင့်အရေး တစ်ခုမှ မရခဲ့ပေ။ အဲ့အစား သူက ရွှမ်ပင်း နယ်မြေ တစ်ခုလုံးရဲ့ လျှို့ဝှက်မြေပုံကို ခိုးလိုတဲ့ အတွက်ကြောင့် ကြီးမြတ်တဲ့ စောင့်ရှောက်သူ စီးထူယန် ကို မြူစွယ်ခဲ့လေတယ်။ ဒါပေမယ့် သူက ဖော်ထုတ်ခံလိုက်ရပြီးတော့ မြွေဘုရင် ကြီးက မြွေပေါင်းထောင်ချီ ရှိတဲ့ ဂူထဲကို တိုက်ရိုက်ထည့် ခဲ့လေတယ်။

အဆုံးမှာတော့ သူက မြွေထောင်ပေါင်း များစွာရဲ့ ကိုက်စားခြင်းကို ခံရပြီးတော့ သေခဲ့လေတယ်။

အရိုးတောင် မကျန်ခဲ့ပေ။ သူ့ရဲ့ ဝိဉာဥ် ကလည်း ထိုမြွေထောင်ပေါင်းချီ တဲ့ ဂူထဲမှာ ထာဝရ အကျဥ်းချ ခံရပြီးတော့ သူက နေ့ရော ညပါ မြွေထောင်းပေါင်းချီ ထိတွေ့ဆက်ဆံ ခဲ့ရကာ အဆုံးသတ် က အလွန်းအမင်းကို ဆန်းကြယ် နေခဲ့လေတယ်။

စာအုပ်ထဲက စုယွမ်ရဲ့ ကံကြမ္မာကို တွေးမိတဲ့ အခါ စုယွမ်က မနေနိုင်တော့ပဲ သူ့ရဲ့ ကိုယ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထား မိလေတယ်။

ကောလဟာလ တွေအရ ထိုလူက ရုပ်ဆိုး ၊ လှည့်ဖျား ပြီး လူသား အစိမ်းလိုက် စားတဲ့ အေးစက်တဲ့ မြွေမကောင်းဆိုးဝါး ကြီးတဲ့။

စုယွမ် က သတို့သမီးဝေါယာဥ် ပေါ်မှာ ထိုင်နေရင်းနဲ့ ကို တုန်ရီ နေခဲ့လေတယ်။

ဘုရားရေ ..... သူအကြောက်ဆုံး က မြွေတွေ ပဲလို့။

မေမေရေ ဒီနေရာကြီးက အရမ်းကို ကြောက်ဖို့ ကောင်းတယ်ဗျာ။

သား လေ အိမ်ကို ပဲ ပြန်ချင်တယ်လို့။

နှလုံးသားလေး တုန်နေတဲ့ အချိန်မှာပဲ သူ့ရှေ့ကလိုက်ကာက ပွင့်သွားကာ လှပတဲ့ ပုံရိပ်တစ်ခုက သတို့သမီး ဝေါယာဥ်ထဲကို ဝင်လာခဲ့တယ်။

အဲ့တာက လှပ ငယ်ရွယ်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ပြီးတော့ အပြာရောင် ဝတ်စုံလေး ကို ဝတ်ထားကာ သနားစရာကောင်း လှပတဲ့ မျက်နှာလေး ရှိလေတယ်။

အဲ့တာက သူ့ဘက်ကနေ ပါလာတဲ့ သတို့သမီးခန်းဝင် အစေခံ ဖြစ်တဲ့ ရွှီးဟယ် ပဲ ဖြစ်လေတယ်။ အဲ့ကောင်မလေး က ကြီးမြတ်တဲ့ စောင့်ရှောက်သူနဲ့ အရမ်းကို ချစ်ကျွမ်းဝင် သွားကြမှာ ဖြစ်ပြီးတော့ ငွေရောင်​မြွေ မျိုးနွယ် တစ်ခုလုံးက အမျိုးသမီး တွေကို အချစ်နဲ့လွှမ်းမိုး နိုင်သွားမယ့် သူပဲ ဖြစ်လေတယ်။

ရွှီးဟယ်က သတို့သမီးဝေါယာဥ် ထဲကို ဝင်လာကာ စုယွမ်ဘေးမှာ ဝင်ထိုင်လိုက်ပြီးတော့ ငြင်သာ သိမ်မွေ့စွာ ပြောလေတယ်။

'' သခင်မလေး ၊ ငွေရောင်မြွေမျိုးနွယ် ကို ကျွန်မတို့ နောက် နာရီဝက်လောက် နေရင် ရောက်ပါတော့မယ်။ မကြောက်လန့်နေပါနဲ့။ ရွှီးဟယ် က သခင်မလေး နဲ့ အတူ အမြဲ ရှိနေမှာပါ ''

နင့်အမကြီး ကိုပဲ သခင်မလေး လား!

စုယွမ် က သူ့နှလုံးသားထဲကနေ ကြိမ်ဆဲနေ ပေမယ့် အခုအခြေအနေ ကတော့ တစ်ခြားသူတွေ ထက် ပိုကောင်းတယ်လေ။

သူ့ရှေ့က ထိုင်နေတဲ့ ရွှီးဟယ် က သာမန် အစေခံ တစ်ယောက် မဟုတ်ခဲ့ပေ။ သူမက တကယ်ကို အရည်အသွေး ရှိပြီးတော့ စုမိသားစု ရဲ့ ထိန်းချုပ် မှုအောက်မှာ ရှိကာ စုချင်းရှု ကနေ စုယွမ်ကို ထိန်းချုပ်ပြီးတော့ အနီးကပ်စောင့်ကြည့် ဖို့အထိ လွှတ်ထားတဲ့ သူပဲ ဖြစ်လေတယ်။

တကယ်လို့ စုယွမ်သာ အနည်းငယ်လေး ပြောင်းလဲသွားတာ ကို သူမသိသွား ပါက သူဟာ ဆေးခါးကြီးကို ချက်ချင်းသောက် လိုက်ရမှာ ကြောက်ရလေတယ်။

( ဆေးခါးကြီး = ဒုက္ခ)

သူ့ရဲ့ စိတ်အခြေအနေ ကို ဖော်ပြမိမှာနဲ့ စကားတွေ လွန်ကုန်မှာ စိုးတဲ့အတွက်ကြောင့် စုယွမ်က မျက်စိ မှိတ်ထားပြီးတော့ သူမနဲ့ ပြောဆိုဖို့ကို ငြင်းပယ် လိုက်လေတယ်။

စုယွမ် က ဒီလို လုပ်တာကို တွေ့တော့ ရွှီးဟယ် ရဲ့ မျက်လုံးထဲမှာ မပျော်ရွှင်မှုတွေ တစ်ခဏ ဖြတ်ပြေး သွားပေမယ့် သူမရဲ့ မျက်နှာမှာတော့ စိတ်ရှည် သည်းခံ မှုတွေ ရှိလေတယ်။

'' သခင်မလေး က ပင်ပန်းနေပြီပဲ ၊ အနားယူ လိုက်အုံးနော်။ ရွှီးဟယ် က အပြင်မှာ ရှိနေမယ်နော်။ လိုအပ်တာ တစ်ခုခု ရှိရင် ရွှီးဟယ် ကို ခေါ်လိုက်နော် ''

ထိုစကားပြောပြီးတာနဲ့ ထိုကောင်မလေး က ထွက်သွားတော့လေတယ်။

စုယွမ် က သူ့ရဲ့ မျက်လုံးကို ထပ်ဖွင့်လိုက်တဲ့ အချိန်မှာတော့ သူ့စိတ်က ထိုတစ်ခဏလေး မှာပဲ ရှားရှားပါးပါး ကြည်လင် နေခဲ့တယ်။

သူက စာအုပ်ထဲက စုယွမ် မဟုတ်ဘူး ။ သူက ဘယ် မိသားစု အချစ်အတွက် နဲ့မှ မသေပေးနိုင်ဘူး။ ဒါ့အပြင် သူက စာအုပ်ကို ဖတ်ထားပြီးတဲ့ အတွက်ကြောင့် ဘာလို့ မြွေဘုရင်က အရမ်းသန်မာ နေလဲဆိုတာ ကိုသိလေတယ်။

မြွေဘုရင် က ရှေးမြွေ ကျင့်စဥ်ကို ကျင့်တဲ့ အတွက်ကြောင့် ဖြစ်လေတယ်။ အဲ့ကျင့်စဥ်မှာ အားနည်းချက် တစ်ခုရှိလေတယ်။  သူက လပြည့်ညတိုင်းမှာ အရမ်းကို အလွန်အမင်း အားနည်း လေ့ရှိတယ်။

ထိုအားနည်းချက်ကို သူ့ရဲ့ စောင့်ရှောက်သူ စီးထူယန် က တစ်နှစ်အတွင်း သိသွားမှာ ဖြစ်ကာ မြွေဘုရင်ကြီး ကို သူ့က မသေရုံတမယ်  မူရင်းပုံပြောင်းအောင် ရိုက်နှက်ခဲ့ပြီးတော့ စည်းခပ်ကာ ငွေရောင်မြွေမျိုးနွယ်ရဲ့ အကြီးအကဲ ရာထူးကို သိမ်းပိုက်ခဲ့တယ်။

နောက်တော့ ထို စောင့်ရှောက်သူ စီးထူယန် က အမျိုးသားဇနီးသည်ရဲ့ လက်ဖွဲ့အစေခံ ရွှီးဟယ်နဲ့ လက်ထပ်ခဲ့ပြီးတော့ စုချင်းရှု ရဲ့ ညွှန်ကြားမှုနဲ့ အတူ ရွှီးဟယ်က စီးထူယန် နဲ့ ချစ်ကျွမ်းဝင် သွားခဲ့ကြတယ်။

ဒါပေမယ့် သူမဟာ စီးထူယန် အပေါ် ပြင်းပြင်းထန်ထန် ချစ်ခင်ခဲ့ပြီးတော့ သူ့ရဲ့ လွှမ်းမိုးမှု အောက်မှာပဲ သူမက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်သွားလေတယ်။

ဒါကြောင့်မလို့ သူလုပ်ရမှာက နှစ်နှစ်လောက် တိတ်တိတ်လေး ငြိမ်နေရမှာပဲ ဖြစ်လေတယ်။ ပြီးတော့ ကြီးမြတ်တဲ့ စောင့်ရှောက်သူက လမ်းကြောင်းမှန်ပေါ် ပြန်တက်တဲ့ အချိန်မှာ သူက ထွက်ပြေးလို့ ရပြီလေ။

ဒီလောက်လေးလံတဲ့ အတွေးတွေ တွေးပြီးတဲ့နောက် စုယွမ်က အရမ်းကို အိပ်ငိုက်လာသလို ခံစားရတယ်။ ဒါကြောင့် သူက တွေးနေတာကို ရပ်လိုက်လေတယ်။ သူက ခေတ်သစ်အချိန်မှာဆိုရင် အရမ်းကို ပွင့်လင်းတဲ့ စိတ်ရှိသူ ပဲ ဖြစ်တယ်။

သူက အမြဲတမ်း ပျော်ရွှင်စွာနဲ့ သက်တောင့်သက်သာ နေခဲ့လေတယ်။

လူတွေရဲ့ ဘဝလေး က သတ်တမ်း အတိုလေးပဲလေ။ သူတို့က ဘာလို့များ သက်တောင့်သက်သာ ဖြစ်အောင် မနေကြရမှာတဲ့လဲ။

ဒါပေမယ့် အသက်အနည်းငယ်လောက် ရှုပြီးတဲ့နောက် စုယွမ်က အိပ်ပျော်သွားတော့တယ်။

'' သခင်မလေး........ ''

'' သခင်မလေး မင်း မကြာခင် နိုးသင့်နေပြီ''

အိပ်ပျော်နေတုံး ထိုအသံကို ကြားလိုက်တော့ စုယွမ်က တုန်တက် သွားတယ်။

စုယွမ်ရဲ့ မျက်လုံးတွေ ဖွင့်လိုက်တဲ့ အချိန်မှာတော့ ရွှီးဟယ်ရဲ့ ကျက်သရေရှိပြီး လှပတဲ့ မျက်နှာက သူ့မျက်လုံး ထဲကို ဝင်လာခဲ့လေတယ်။

ကောင်းပြီလေ။

သူက အခု ကိုယ်အိပ်ချင်သလောက် အိပ်လို့ ရတဲ့ ခေတ်သစ် က ချမ်းသာတဲ့ ဒုတိယ မျိုးဆက် သူဠေးသား မှ မဟုတ်တော့ပဲကိုး။

အခုတော့ သူက အမျိုးသား တစ်ယောက် ပေမယ့် အမျိုးသမီး တစ်ယောက် လို့ဖော်ပြ ဝတ်ဆင်ပေး ခံရပြီးတော့ သနားစရာကောင်းတဲ့ မြွေဘုရင်လေးကို တွန်းအားပေးပြီး လက်ထပ်ရတော့မယ်။

ဘယ်လိုတောင် ဝမ်းနည်းစရာ ကောင်းလိုက်တဲ့ အရာမျိုးလဲ။

နောက်တော့ သူက ရွှီးဟယ် တစ်ယောက် ဘေးဘီဝဲယာ ကို ကြည့်ပြီးတော့ အခန်းကို တင်းကြပ်စွာ ပိတ်ကာ ဘယ်သူမှ ချောင်းကြည့်မနေတာကို သေချာအောင် လုပ်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ သူမရဲ့ အင်္ကျီ လက်ထဲက ပန်းရောင် ကြွေ ပုလင်းကို ထုတ်လိုက်လေတယ်။

စုယွမ် က နှလုံးသားထဲမှာ ဆိုးဝါးတဲ့ ခံစားချက် တစ်ခု ရှိနေပြီးတော့ တုန်ရီလာခဲ့တယ်။

'' ဒါက ဘာကြီးလဲ? ''

'' ဒါက မျိုးနွယ်စု ထဲက ရှာတွေ့ထားတဲ့ နူးညံ့ပြီးတော့ နှစ်လိုဖွယ် ကောင်းတဲ့ အမှုန့်လေ။ အဲ့တာကို အချိန်အကြာကြီး သုံးလိုက်ရင် အဲ့တာက သွေးတွေနဲ့ အရိုးထဲ ထိကို နစ်မြုပ်သွား နိုင်တယ်။ အဲ့တာက လုံလောက်တဲ့ ပမာဏ တစ်ခု အထိရောက်ရင် ခန္ဓာကိုယ် တစ်ခု လုံး ကို စည်းခပ် ပြီးသား ဖြစ်သွား လိမ့်မယ်။ မြွေဘုရင်ကြီး က နှစ်ဝက်အတွင်းမှာ သူ့ရဲ့ နဂိုပုံစံကို ပြန်ပြောင်း သွားပြီး သက်ဖြတ်မှုတွေ လုပ်လိမ့်မယ်။ အဲ့အချိန်ကျရင် သခင်မလေး က တရားမျှတ မှုကို ရှာပေးလိုက်ရုံပဲ။ ''

ကြားရတာ တော့ အရမ်းကောင်းတာပဲနော်!

ဒါပေမယ့် သူက တရားမျှတ မှုရဖို့ စိတ်မဝင်စား ပါဘူးနော်။

သူက ဇာတ်ကြောင်း ပြီးအောင်ပဲ အသားလေး စောင့်ဆိုင်း လိုတာပါ။ ပြီးတော့ သူက ​မြွေထောင်ချီ ဂူထဲကိုလည်း ပစ်ချ တာ မခံလိုပါဘူးနော်။

'' သခင်မလေး မင်းက အဆင်မပြေ ဘူးလား? ''

ချက်ချင်း မတုံ့ပြန်တဲ့ အတွက်ကြောင့် ရွှီးဟယ်ရဲ့ မျက်လုံးတွေက အသာလေး ကျဥ်းမြောင်း သွားတယ်။ ပြီးတော့ အန္တရယ် ရှိတဲ့ အရိပ်ယောင်က မျက်လုံးထဲမှာ ပေါ်ပေါက်လာတယ်။

စုယွမ် က အမြန်ပဲ ရှင်းပြ လိုက်တယ်။

'' ငါတို့က အခုမှ ငွေရောင်မြွေ မျိုးနွယ် ကို ရောက်တာလေ။ ပြီးတော့လည်း ငါတို့ရဲ့ အခြေအနေ တွေကိုလည်း သေချာအောင် မလုပ်ရသေးဘူးလေ။ ဒါကြောင့် ငါတို့အလောတကြီး စတင်မယ်ဆိုရင် တစ်စုံတစ်ခု မှားသွားမှာ ကြောက်လို့ပါ ''

'' သခင်မလေး စိတ်ပူ စရာ မလိုပါဘူး။ ဒီဟာက နှုးညံ့ပြီးတော့ ပျော်ဝင်လွယ်တယ်။ အနံ့လည်း မရှိသလို အရသာ လဲ မရှိဘူး။ ဒါကြောင့် ဘယ်သူကမှ မတွေ့နိုင်ဘူး။ ဒါ့အပြင် မြွေဘုရင် ဟဲလျန်ချန်း က အရမ်းကို စိတ်ကြီးဝင်တဲ့ လူဖြစ်ပြီးတော့ သူက စပ်စုလိုစိတ် ပြင်းပြတဲ့ လူမျိုး မဟုတ်ဘူး။ သခင်မလေး ၊ မငြင်းပယ်ပါနဲ့။ မကြာခင် ရေသွားချိုးပါ။ ရေချိုး ပြီးတာနဲ့ ရွှီးဟယ် ဆီကို ပြန်လာခဲ့ပါ။ ကျွန်မက သခင်မလေးကို ဒီနူးညံ့တဲ့ အမှုန့်ကို ချောဆီ အဖြစ် ကူလိမ်း ပေးပါ့မယ် ''

ဘာရယ်! 

ဒီလိုဟာကြီးကို သူ့ရဲ့ ကိုယ်ပေါ်ကိုတောင် လိမ်းရမှာပေါ့လေ!

စုယွမ်က တင်းကြပ်စွာ ပြောလိုက်တယ်။

'' ဒါဆို ငါလည်း အဆိပ်မိသွားရင်ရော? ''

ရွံရှာမှုနဲ့ အထင်သေးမှုတွေက ရွှီးဟယ်ရဲ့မျက်လုံးထဲမှာ ဖြတ်ပြေး သွားလေတယ်။

'' သခင်မ ဒါက မကောင်းဆိုးဝါး စွမ်းအင် ကျင့်ကြံတဲ့ သူတွေ အပေါ်ကိုပဲ သက်ရောက်တာပါ ''

စုယွမ်က ရုန်းကန် နေလိုပေမယ့် ရွှီးဟယ် က သူ့ကို ဘာမှ ဆက်မပြောတော့ပဲ ရေချိုးဖို့ ဆွဲခေါ်သွားတော့တယ်။

ဒီလောက်သိမ်မွေ့ နူးညံ့တဲ့ ညီမငယ်လေးက တော့ သွားပါပြီ။

.........
ဘာသာပြန်သူရဲ့ အမှာစကား

ဒါဟာ သစ္စာရှိတဲ့ ခွေးကြီးက သူ့ရဲ့ ချိုမြိန်တဲ့ ဇနီးလေးကို ဘယ်လိုချိုမြိန်စွာ ဖမ်းဆုပ်ထားမလဲ ဆိုတဲ့ ဝတ္ထုလေးပါ။ လူတိုင်း စိတ်အေးလက်အေး ထားပြီး ဖက်လို့ရပါတယ်။

( နားမလည်တာရှိရင် လာမေးပါ)

Fortsæt med at læse

You'll Also Like

706K 38K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
261K 34.8K 31
story description>>>>> start-5/10/2021 end-1/1/2022
116K 14.1K 111
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
15.5K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant