(Complete)အေးစက်တဲ့မြွေဘုရင်က...

By Kyiphyuswe

230K 30.9K 743

' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王... More

မိတ်ဆက်
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2. 2)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (4. 1)
အပိုင်း (4.2)
အပိုင်း ( 5.1)
အပိုင်း (5.2)
အပိုင်း (6)
အပိုင်း (7.1)
အပိုင်း (8.2)
အပိုင်း (7. 2)
အပိုင်း (8.1)
အပိုင်း (10.1)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.2)
အပိုင်း (11. 1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း ( 12. 2)
အပိုင်း (13. 1)
အပိုင်း (13. 2)
အပိုင်း (14. 1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15. 2)
အပိုင်း (16. 1)
အပိုင်း (16. 2)
အပိုင်း (17 .1)
အပိုင်း (17.2)
အပိုင်း (18. 1)
အပိုင်း (18. 2)
အပိုင်း (19. 1)
အပိုင်း (19. 2)
အပိုင်း (20.1)
အပိုင်း (20. 2)
အပိုင်း (21. 1)
အပိုင်း (21.2)
အပိုင်း (22.1)
အပိုင်း (22.2)
အပိုင်း (23 )
အပိုင်း (24)
အပိုင်း (25)
အပိုင်း (26.1)
အပိုင်း (26.2)
အပိုင်း ( 27)
အပိုင်း (28)
အပိုင်း (29)
အပိုင်း (30)
အပိုင်း (31.1)
အပိုင်း (31.2)
အပိုင်း (32)
အပိုင်း (33)
အပိုင်း (34)
အပိုင်း (35)
အပိုင်း ( 36)
အပိုင်း (37)
အပိုင်း (38)
အပိုင်း (39)
အပိုင်း (40)
အပိုင်း (41.1)
အပိုင်း( 41.2)
အပိုင်း(42.1)
အပိုင်း (42.2)
အပိုင်း (43)
အပိုင်း (44. 1)
အပိုင်း (44.2)
အပိုင်း (45)
အပိုင်း (46)
အပိုင်း (47.1)
အပိုင်း (47.2)
အပိုင်း (48)
အပိုင်း (49)
အပိုင်း (50)
အပိုင်း (51)
အပိုင်း (52)
အပိုင်း (53)[ Final]

အပိုင်း (1.1)

9.3K 869 16
By Kyiphyuswe

(1.1)

စုယွမ် တစ်ယောက် လွဲရမ်းနေရာမှ နိုးထလာတဲ့ အခါ သူ့ရဲ့ မျက်လုံးကို ဖမ်းစား သွားနိုင်တဲ့ ပထမဆုံး အရာကတော့ သွေးလိုမျိုး ထူထဲတောက်ပတဲ့ အနီရောင်တစ်ခု ပဲ ဖြစ်လေတယ်။

သူက အဲ့တာကို ဆွဲဖြဲလိုက်ကာ ဘာလဲဆိုတာကို သေချာ ကြည့်ဖို့ အတွက် လက်ထဲကို ထည့်လိုက်တယ်။

ဒါကြီးက သတို့သမီး ခေါင်းဆောင်း နဲ့ တူမနေဘူးလား?

အဲ့လိုပြောမှပဲ သူအခု ထိုင်နေတဲ့ နေရာက ယမ်းနေကာ ကျဥ်းမြောင်း နေတော့ အဲ့တာက သတို့သမီး မင်္ဂလာ ဝေါယာဥ် နဲ့ မတူပေဘူးလား?

သူ့ရဲ့ အတွေးတွေကြောင့် သူတောင် ပြန်အံ့သြ သွားလေတယ်။ သူက အမြန်ပဲ သူ့ရှေ့က လိုက်ကာကို ဖွင့်လိုက်ကာ သူ့ရဲ့ မျက်လုံး က အရမ်းကို ထူးဆန်းနေတာ တွေ့လိုက်ရတယ်......  ။

အဲ့တာက ညသန်းခေါင် ဖြစ်ပုံရတယ်။ ပြီးတော့ အဲ့တာရဲ့ ဘေးပတ်ပတ်လည်မှာ သစ်ရွက်ခြောက်တွေ လေတိုက်လို့ တရှဲရှဲ မြည်နေပြီးတော့ ထိုဟာက မြေပြင်ပေါ်မှာ တရွတ်တိုက် ဆွဲနေတဲ့ အသံကြီး နဲ့ မတူဘူးလား?

မင်္ဂလာ ဝေါယာဥ်ရဲ့ အရှေ့မှာ အနီရောင် ဝတ်ထားတဲ့ လူတန်း နှစ်ခု ရှိပြီးတော့ သူတို့ရဲ့ လက်ထဲမှာ အနီရောင် မီးအိမ်တွေ ကိုင်ထားကာ အမှောင်ထဲမှာ မီးအိမ်အားကိုးပြီး  လမ်းလျောက် နေခဲ့လေတယ်။

ခဏလေး နေပါအုံး ကြည့်ရတာ တစ်စုံတစ်ခု တော့မှား နေသလိုပဲ.......။

​​ခြေရာတွေ မရှိဘူး!

စုယွမ် က တုန်ရီစွာနဲ့ အောက်ကို ငုံ့ကြည့်လိုက်တယ်။ အဲ့နေရာ မှာ အမြှီးတွေ ရှိပြီးတော့ မြေပြင်ပေါ် ကို တရွတ်တိုက် ဆွဲနေကြလေတယ်။

ဟီးဟီး .....။

သူက မြေပေါ် တရွတ်တိုက် ဆွဲတဲ့ အသံကြား ရတာ မထူးဆန်း တော့ပါဘူးလေ။ ခြေထောက်အစား အမြီးနဲ့ လမ်းလျောက် ကြတာကိုး ။

အဲ့တာကို စုယွမ် တွေးကြည့် ပြီးတဲ့နောက် သူက လိုက်ကာကို အမြန်ပဲ ချလိုက်ကာ ဝေါယာဥ်ထဲမှာ ပြန်ပုန်းလိုက်ပြီးတော့ လက်ဖဝါး ထဲမှာ ချွေးတွေနဲ့ ပြည့်နေခဲ့လေတယ်။

သူအသက် တစ်ချက် မရှု နိုင်သေးခင်မှာပဲ သူ့ရဲ့ခေါင်းက အတော်လေး နာကျင်လာကာ သူ့ခေါင်း ထဲကို မရေမတွက်နိုင်တဲ့ မှတ်ဉာဏ်တွေ ထိုးသွင်း ခံလာရလေတယ်။ သူရဲ့ ခေါင်းက အရမ်းကို နာကျင်နေရတဲ့ အတွက်​ကြောင့် နဖူးက ချွေးတွေထွက်လာကာ  မဖိထားပဲ မနေနိုင်တော့ပါပေ။

တစ်နာရီခွဲလောက် ကြာပြီးတဲ့နောက်မှာ တဖြေးဖြေးနဲ့ နာကျင်မှု က နှေးလာခဲ့တယ်။ ပြီးတော့ သူက အခုလက်ရှိ အခြေအနေကို သဘောပေါက်သွားလေတယ်။

သူက ကူးပြောင်းလာတာပဲ။

ခေတ်သစ်ရဲ့ ဒုတိယ မျိုးဆက် သူဌေးသား လေးတစ်ယောက် အနေနဲ့ သူက စားမယ်၊ သောက်မယ် နဲ့ ကစားမယ် ဆိုတာ ကိုပဲ သိလေတယ်။ သူ့အတွက် ဒီလိုမျိုး စိတ်ကူးယဉ် ကမ္ဘာမျိုးက အရင်အခြေအနေတွေကို ဇာတ်ကားတစ်ခု အနေနဲ့ သာ မြင်တွေ့ခဲ့ရတယ်။

အခု ခန္ဓာကိုယ် ပိုင်ရှင် နာမည် က လည်း စုယွမ် လို့ခေါ်ပြီးတော့ မသေမျိုး ကျင့်ကြံတဲ့ မိသားစုလို့ ထင်ရှားကျော်ကြားတဲ့ စု မိသားစု ခေါင်းဆောင်ရဲ့  ကိုယ်လုပ်တော်ဖွား သားတစ်ယောက် ဖြစ်လေတယ်။

ဒီအချိန်မှာတော့ သူက ထက်မြတ်တဲ့ပါရမီရှင် ဖြစ်တဲ့ သူ့အစ်မ စုချင်းရှု အစား ကြီးမြတ်တဲ့ ရေခဲမျိုးနွယ်ရဲ့ ကြီးမြတ်လှတဲ့ မကောင်းဆိုးဝါး  မြွေဘုရင်ကြီး ဟဲလျန်ချန်းကို လက်ထပ်ရမှာပဲ ဖြစ်လေတယ်။

အဲ့တာကို သိပြီးတဲ့နောက် စုယွမ်ခမျာ မတက်နိုင်တော့ပဲ ချွေးတွေ စိမ့်ထွက်လာခဲ့လေတယ်။

စုယွမ်က မိသားစု အကျိုးအတွက် မင်္ဂလာ ပွဲ ကျင်းပတယ်ဆိုတာကို မတွေ့မကြုံ ဘူး တာတော့ မဟုတ်ပေ။ ဒါပေမယ့် သူ မတွေ့ဘူးတာက စုမိသားစု လိုမျိုးဟာ အမျိုးသား တစ်ယောက် ကို အမျိုးသမီး လို ဝတ်ဆင် ဖော်ပြပြီးတော့ လက်ထပ်ဖို့ လွှတ်ပေးလိုက်တာ ကိုပဲ!

အဲ့လိုမျိုးကို သူတကယ်ကြီး မကြားဘူးဘူး။ အဲ့လိုမျိုးက ကမ္ဘာမှာ အတော်လေး ရှားပါးတယ်လေ!

စုယွမ် က သူ့စိတ်ထဲမှာ ကြိမ်ဆဲ နေပေမယ့် အရေးကြီးဆုံး အချက်က အဲ့နေရာမှာ လိုက်လျောညီထွေ ဖြစ်အောင် ညှိပြီးတော့ ကောင်းစွာ အသက်ဆက်ရှင်ဖို့ပဲ ဆိုတာကို သိလေတယ်။

အသက်ဆက်ရှင် ဖို့အကြောင်းတွေးလိုက်မိတဲ့ အခါ စုယွမ် က မတက်နိုင်ပဲ တုန်ရီသွားလေတယ်။

ဒီကမ္ဘာကြီး က တကယ်ကြီးကို ထူးဆန်းတာပဲ!

ဒီကမ္ဘာမှာ ရှိတဲ့ သေမျိုးတွေက လေ့ကျင့်ပြီးတော့ မသေမျိုးတွေ ဖြစ်လာတာ အများကြီး ရှိလေတယ်။ တစ်ချို့ဆို နေနဲ့ လရဲ့ အနှစ်သာရ ကို စုဆောင်း စုပ်ယူပြီးတော့ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်လာကြတယ်။

မှော်စွမ်းအင်နဲ့ တောင်တွေကို ရွေ့လျားအောင် လုပ်နိုင်ပြီး ပင်လယ်ကိုတောင် ပိုင်း နိုင်တယ်။ သန်မာ မှုက အကျွင်းမဲ့ အာဏာ ပဲ။

ထိုနေ့ခေတ်မှာ နေရာငါးခု က အရမ်းကို လူသိများကြော်ကြား လေတယ်။ 

တစ်ခုက ရှင်းယွဲ့ဂိတ်ဝ ဖြစ်ပြီးတော့ ထိုနေရာကနေ မသေမျိုးတွေ မွေးထုတ်ပေးတာ ဖြစ်ပြီးတော့ ထန်းဟူ အပိုင်းထဲမှာ ရှိလေတယ်။

နောက်တစ်ခု က နဂါးမျိုးဆက် ကနေ ဆင်းသက်လာတဲ့ နဂါးမျိုးနွယ် ဖြစ်ကာပေဟိုင် မှာ ရှိလေတယ်။ 

တစ်ခုက ကြီးမြတ်တဲ့ မြွေအရှင် ထွက်ပေါ်လာတဲ့နေရာ ဖြစ်တဲ့ ငွေရောင်မြွေမျိုးနွယ် ဖြစ်ပြီးတော့ ရွယ်ပင်း နေရာမှာ ရှိလေတယ်။

နောက်တစ်ခုက တစ္စေဘုရင် ပေါ်ပေါက်လာတဲ့ တစ္စေမျိုးနွယ် ဖြစ်ပြီးတော့ တစ္စေကြီးစိုးရာ နေရာမှာ ရှိလေတယ်။

တစ်ခုကတော့ မသေမျိုး တစ်ဝက်တွေ ထွက်တဲ့ စုမိသားစု ဖြစ်ပြီးတော့ ချင်းလီကျင်းမှာ ရှိလေတယ်။

ထိုမျိုးနွယ် ငါးခု က တစ်ခုနဲ့ တစ်ခု ယှဥ်ပြိုင် နေကြပြီးတော့ မျိုးနွယ် တစ်ခုစီ တိုင်း ကလည်း အရမ်းပဲ သန်မာ ကြလေတယ်။ သူတို့တွေ ကြားထဲမှာမှ ငွေရောင်မြွေမျိုးနွယ် က မြွေဘုရင်ကြီး ဟဲလျန်ချန်း က ပိုပြီးတော့ သာလေတယ်။

တစ်ခါက မျိုးနွယ်စု စုပေါင်း ယှဥ်ပြိုင်ပွဲမှာ သူက တစ်ခြား မိသားစုတွေက ၄ ယောက်လုံးကို ရှုံးပွဲ မရှိ တိုက်နိုင်ခဲ့တယ်။  အဲ့ကတည်းက သူဟာ ကြောက်စရာကောင်းတဲ့ ဂုဏ်ပုဒ်ကို ရခဲ့တာပဲ ဖြစ်လေတယ်။

လွန်ခဲ့တဲ့ ၃ လက ဟဲလျန်ချန်း ထွက်လာချိန်မှာ စုကျားထင်းရဲ့ ဂုဏ်ယူရတဲ့ သမီးမျက်ရှုလေး စုချင်းရှုကို မတော်တဆ တွေ့မိသွားကြတယ်လေ။

စုမိသားစု က အရမ်းကို တုန်လှုပ် သွားပြီးတော့ ဒေါသ ထွက်သွားလေတယ်။

စုချင်းရှု က ငယ်စဥ်ကတည်းက ထက်မြတ်တဲ့ အရည်အချင်း ရှိပြီးတော့ သူမက စု မိသားစု ရဲ့ အနာဂတ် မျှော်လင့်ချက်လေး ဖြစ်လေတယ်။ ပြီးတော့ မသေမျိုး အဖြစ် စိတ်ကူးယဥ် ကမ္ဘာထဲကို ဝင်နိုင်မယ့် လူနဲ့ ပိုပြီးတော့ တူလေတယ်။

ဒါကြောင့်မလို စု မိသားစု က သူမ ငယ်စဥ်ကတည်းက ကျင့်ကြံမှု အရင်းအမြစ်တွေ အများကြီး ထောက်ပံ့ ပေးခဲ့တာ ပဲ ဖြစ်လေတယ်။

အဲ့လိုလူမျိုး အား ဘယ်လိုလုပ် ​မြွေဘုရင်ရဲ့ မိန်းမအဖြစ် ဖအေ ဖြစ်တဲ့ သူက ပို့နိုင်မှာ တဲ့လဲ။

ဒါပေမယ့် ​မြွေဘုရင်က အရမ်းကို အာဏာရှင်ဆန်ပြီးတော့ လှည့်ဖျားလွန်းတဲ့သူလေ။ သူ့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ရင် သူက ကပ်ဘေး တစ်ခုကို အစပျိုးမယ်လို့ ပြောခဲ့တယ်။

စုမိသားစု က နှစ်ဖက်လုံး အဆင်ပြေမယ့် နည်းလမ်းတစ်ခုကို ရှာပေမယ့် မတွေ့ဆဲပါ။ ဒါပေမယ့် တစ်ခြား မျိုးနွယ်စု ၃ခု က ခေါင်းဆောင်တွေက လည်း တိတ်တဆိတ် လာလည်ကြလေတယ်။

သူတို့တွေ အကုန်လုံး က မြွေဘုရင်ကြီးကို တစ်ခါတည်း အမြစ်ပြတ် သုတ်သင် နိုင်မယ့် အခွင့်အရေး တစ်ခုလို့ ဒီဟာကို တွေးခဲ့ကြလေတယ်။

သူတို့က စုချင်းရှု ကို လွှတ်ပြီးတော့ မြွေဘုရင်ကြီး ကို စိတ်ရှုပ်ထွေးစေ ပြီးတော့ မြွေဘုရင်ကို ဖယ်ရှားဖို့ အခွင့်ကောင်းကို စောင့်မယ်လို့ တွေးခဲ့တယ်။

စုမိသားစု ရဲ့ ခေါင်းဆောင် က အကူအညီ မဲ့စွာနဲ့ပဲ စုချင်းရှု ကို ထိုတာဝန်ကြီးအား ဆောင်ရွက် ပေးဖို့ရာ အတွက် ဖျောင့်ဖျဖို့ အသွားမှာပဲ သူက စုယွမ်ကို တွေ့ခဲ့လေတယ်။

ဒီသားက မွေးကတည်းက သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်နေတာ ပဲ ဖြစ်လေတယ်။ ရုတ်တရက်ကြီး စုယွမ်ဟာ စုချင်းရှု နဲ့ ၈ ချက်ကနေ ၉ ချက်လောက်အထိ တူနေတာကို တွေ့ခဲ့ရလေတယ်။ တကယ်လို့ စုယွမ်သာ မိန်းမတစ်ယောက် ဖြစ်ခဲ့ရင် အကုန်အဆင်ပြေ သွားမယ်လို့ သူ မထိန်းနိုင်ပဲ တွေးမိလိုက်တယ်။

ထိုရုတ်တရက် အတွေးလေးက စုယွမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲ သွားစေခဲ့တယ်။

စုမိသားစု က စုယွမ်ဝတ်ဆင်လို့ ရမယ့် စိတ်ဝိဉာဥ် လက်နက် တစ်ခုကို တစ်ကယ်ကြီး ရှာတွေ့ခဲ့ပြီးတော့ သူ့ကို သမီးအဖြစ် ချက်ချင်းပဲ ပြောင်းလဲလိုက်တယ်။

စုယွမ် က အရင်တုံး က စုမိသားစု ရဲ့ မြင်ကွင်းထဲမှာ မရှိနေပါစေ အခုချိန်မှာတော့ သူက ပြင်းထန်စွာ ဆန့်ကျင်ခဲ့တယ်။ စုမိသားစုက စုယွမ်ရဲ့ မွေးမိခင်ကို ဖိအားပေး ခြိမ်းခြောက်ပြီးတော့ စုယွမ် ခေါင်းငြိမ့်လာအောင် လုပ်ခိုင်းလေတယ် ။

အဲ့အချိန်မှာ စုချင်းရှုရဲ့ သူငယ်ချင်း ကောင်း ဖြစ်တဲ့ ရွှမ်းယုမန် ရဲ့ အငယ်ဆုံး ညီမဖြစ်သူ လင်ရှင်းအာ ကလည်း အရှေ့ကို တက်လာခဲ့တယ်။ သူမက နတ်ဘုရားမဖြစ်တဲ့ စုချင်းရှုကို အရမ်း နှစ်သက်လေတယ်။

သူမက စုယွမ်ရဲ့ မကြာခဏ တွေ့ဆုံခဲ့ပြီးတော့ အဲ့ကိစ္စသာ အောင်မြင်ပြီး သွားရင် သူမက သူ့ရဲ့ လက်တွဲဖော် ဖြစ်လာ ပေးမယ်ဆိုတဲ့ အရိတ်အမြွတ်တွေ ပြလာခဲ့တယ်။

ထို ချော့တစ်ခါ ချောက်တစ်လှည့် ပြီးတဲ့နောက်မှာတော့ စုယွမ်ဟာ ခေါင်းငြိမ့်ခဲ့ရတယ်။ ပြီးတော့ သူ့တစ်ယောက်ထဲ အားနဲ့ မြွေအသိုက်ကြီး ထဲကို ဝင်ပြီးတော့ မြွေဘုရင်ကြီးကို အာရုံလွဲ ကာ သုတ်သင်ရမယ့် လေးလံတဲ့ တာဝန်ကို ထမ်းထား ခဲ့ရလေတယ်။

အဲ့လိုနဲ့ပဲ သူက ဘာအတွက်ကြောင့် စုယွမ်ရဲ့ နေရာမှာ လမ်းတစ်ဝက်ပဲ ရှိသေးတာကို အစားထိုး ခံလိုက်ရတာလဲ ဆိုတာ မသိပါပေ။

နေပါအုံး ဒီဇာတ်ကွက်ကြီးက အရမ်းကို ရင်းနှီးနေ သလိုပဲ...... ။

အဲ့တာ က ဟိုရက်တုံး က သူ တစ်ညလုံး မအိပ်ပဲ ဖက်ခဲ့တဲ့ ' ကောင်းကင်သို့ တက်လှမ်းခြင်း ' ဆိုတဲ့ ဝတ္ထု ဇာတ်ကြောင်းကြီး မဟုတ်လား။

.......

ဒီဟာလေး ရေးပြီးသွားတဲ့ ထွမ်စလိတ်တာ အခြေအနေ  : ငါဘယ်သူလဲ ငါဘယ်ရောက်နေတာလဲ! 😐

Continue Reading

You'll Also Like

507K 34.2K 31
story description>>>>> start-5/10/2021 end-1/1/2022
23.5K 964 4
Growl company ရဲ့သူဌေးဖြစ်တဲ့ Oh Sehun နဲ့ Growl company ကိုအလုပ်လာလျှောက်တဲ့ သာမန်မိန်းကလေးတစ်ဦးဖြစ်တဲ့ LuHan
49.1K 6.6K 11
ကျွန်တော်မနေ့က body check upသွားလုပ်ခဲ့တယ်။ DRE test စစ်ပေးတဲ့လူက ကျွန်တော့်အထက်တန်းတုန်းက အတန်းဖော်ဟောင်းကြီးဖြစ်နေတယ်ဗျာ။ ပြီးတော့ သူကကျွန်တော့်ကို...
187K 19.8K 82
အချစ်ကြောင့် မျက်ကန်းဖြစ်ခဲ့ရတဲ့ ဖုန့်ဝူယိဟာ သူချစ်မိတဲ့ ယောက်ျားကြောင့်နဲ့ပဲ သေခဲ့ရတယ်... သူ့ကိုတစ်ဖက်သက် ချစ်နေခဲ့တဲ့ တစ်ယောက်သောသူကိုတော့ ပြန်လည်မ...