နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-56

50 2 0
By LinnLinn438

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-56

""တီခိုင်ဖြင့် အိပ်လို့တောင်မပျော်ဘူးသမီးရယ်
သမီးတို့ကို ဆက်သွယ်လို့လည်းမရ....ကားအက်စီးဒန့်ဖြစ်တဲ့သတင်းကို ကြားလိုက်ရတော့ တီခိုင့်မှာဆောက်တည်ရာမရပဲ.........

သားကိုအခုလိုပြန်တွေ့ရလို့ မေမေသိပ်ဝမ်းသာတာပဲ....သားတို့ကားအက်စီးဒန့်ဖြစ်တဲ့သတင်းကိုကြားကြားချင်း မေမေတို့လိုက်လာပြီးစုံစမ်းပေမယ့် ရဲတွေက သားတို့အလောင်းကို သားရဲကောင်တွေဆွဲသွားပြီလို့ ပြောတယ်
ဒါပေမယ့် မေမေတို့မယုံခဲ့ဘူး
ရဲတွေကလက်လျှော့ချင်ပေမယ့် မေမေတို့က လုံးဝလက်မလျှော့ခဲ့ဘူး

သားတို့ကားအက်စီးဒန့်ကရိုးရိုးသာမန်အက်စီးဒန့်မဟုတ်ဘူး

ဟုတ်တယ် ဖေဖေ
သားတို့ ကားမောင်းနေရင်း ရှေ့ကနေ တည့်တည့်ဝင်လာတာ
ဘယ်လိုရှောင်ရှောင်မရဘူး
သားတို့ကားအက်စီးဒန့်ဖြစ်ပြီး လုံးဝသတိမေ့နေခဲ့တာ
"မရတ္တ"ရွာသားတွေ သားတို့ကိုလာခေါ်ပြီး ဆေးကုသပေးခဲ့လို့ အခုလိုအသက်ရှင်ခဲ့တာ

တော်ပါသေးရဲ့ အခုလိုကူညီပေးခဲ့လို့ အဲ့ဒီရွာသားတွေကိုကျေးဇူးတင်လိုက်တာ

တီခိုင်တို့သွားပြီး ကျေးဇူးတင်စကားပြောရင်း "မရတ္တ"ရွာလေးအတွက် လိုအပ်တာတွေကူညီပေးချင်တယ်သမီး"

အဘွားမိုင်ပွန်ကမှာထားတယ်
ရွာကို သူမတို့ကလွဲရင် တခြားဘယ်သူ့ကိုမှခေါ်မလာရဘူးလို့....
အကယ်၍ ခေါ်လာခဲ့ရင် သူမတို့မှတ်ဉာဏ်ထဲက လမ်းတွေကိုဖျောက်ဖျက်ပစ်ရလိမ့်မယ်လို့ သတိပေးထားတယ်

"ရတယ်တီခိုင် အဘွားမိုင်ပွန်က မလိုအပ်ဘူးလို့ပြောထားတယ်
သူတို့ရွာကို သူစိမ်းလာတာမကြိုက်ဘူးလို့ပြောတယ်

ဟုတ်လား အဲ့လိုဆိုတော့လည်း ရပါတယ်ကွယ်
တီခိုင် အမြဲတမ်း "မရတ္တ"ရွာလေးအတွက် မေတ္တာပို့ပေးမယ်
သားနဲ့သမီးကို တီခိုင်တို့ဆီပြန်လာနိုင်အောင် ကူညီစောင့်ရှောက်ပေးခဲ့လို့

ညသံသရာခွင်း မင်းရောအဆင်ပြေရဲ့လား

ဟုတ်ကဲ့ ပြေပါတယ် အန်တီခက်ဂုဏ်လင်း

ကဲ ဒါဆို အန်ကယ်တို့ပြန်တော့မယ်....သမီးလည်း ဂရုစိုက်နော် မနက်ဖြန် ဆေးရုံမှာ သားတို့နှစ်ယောက်စလုံး ဆေးစစ်ချက်လုပ်ရမယ်

သမီးဘာမှမဖြစ်ပါဘူးအန်ကယ်

သားရောပဲ

ဒါပေမယ့် မေမေတို့စိတ်မချဘူး

လူကြီးတွေ စိတ်အေးရအောင် ဆေးစစ်ချက်လုပ်လိုက်ပါသမီးတို့ရယ်.

ည ဘယ်လိုသဘောရလဲ

လုပ်လိုက်တာပေါ့

အင်း

ဒါဆို အန်တီတို့ပြန်မယ်....

ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါရှင့်

ခွင်း ငါတို့လည်းပြန်တော့မယ်
နင်အေးဆေးအနားယူဦး
မနက်ဖြန် ငါတို့လာခေါ်မယ်....ငါနဲ့သမုတာဝန်ကျတဲ့ဆေးရုံမှာ ဆေးစစ်ချက်လုပ်ရမယ်

အေးပါ နင်တို့လည်းဂရုစိုက်ပြန်နော်

အင်းအင်း

ည မနက်ဖြန် ကိုယ်လာခေါ်မှာ
သွင်ထက်လာခေါ်ရင်မလိုက်နဲ့

အန်ကယ်တို့စောင့်နေပြီဂုဏ်
ပြန်တော့

ညကလည်း

ပြန်တော့ မနက်ဖြန် သွင်ထက်တို့နဲ့လိုက်လာမှာ
ဆေးရုံမှာ တွေ့မယ်

ည.........

ဟေ့ရောင် မရစ်စမ်းနဲ့ မင်းတို့အခုမှအိမ်ပြန်ရောက်တာ အနားယူရမယ်..
လာခဲ့ ငါတို့ ကားထဲထိလိုက်ပို့ပေးမယ်

ဟေ့ရောင်တွေ ငါမလိုက်ဘူးလို့.....
ည.....ညရေ....."

"Bossကတော့နော်....ဒီတစ်ခေါက်အခွင့်အရေးမှာ အစ်မနဲ့အဆင်ပြေသွားတာလား
တညညနဲ့....နားကိုညည်းတယ်

ဟုတ်ပါ့ ဝသုန်ပြောတာအန်ကယ်ထောက်ခံတယ်
အိန္ဒြေလေးထိန်းပါဦးသားရယ်
သမီးက လူကြီးတွေရှေ့မှာအနေရခက်တယ်လေ

သားသိပါတယ်....ဒါပေမယ့် ညရှေ့ရောက်ရင် သားကအိန္ဒြေကိုထိန်းလို့မရတော့တာ

ယုံပါတယ် မေမေလည်း မင်းကိုသိပ်ကြည့်မရတော့ဘူး
တခြားအချိန်ဆို တည်လွန်းတဲ့သားက ညသံသရာခွင်းရှေ့ဆို စပ်စလူးခါနေတာ

ဟားဟား
ဒါနဲ့ မေမေတို့က ရန်ကုန်ဘယ်တော့ပြန်မှာလဲ

ဟေ့ရောင် မင်းကအခုမှသားဖြစ်သူကိုပြန်တွေ့ရတဲ့မိဘတွေကိုပြန်လွှတ်နေတာလား

မဟုတ်ပါဘူး သားကမေမေတို့ခဏပဲလာတာထင်လို့

အကြာကြီးနေဦးမှာ....သားကိုခေါ်ပြီးမှပြန်မှာ
ဝသုန်ပဲ ရန်ကုန်နဲ့ပြင်ဦးလွင်ကို အသွားအပြန်လုပ်လိမ့်မယ်

ကောင်းတာပေါ့
ဝသုန်ကထပ်ပြီးအပင်ပန်းခံပေးပါဦးကွာ
နောက်မှ ငါမင်းကိုBonusနဲ့ နားရက်ရှည်ပေးပါ့မယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်Boss"

~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘာပြောတယ် ဒင်းတို့ကမသေသေးဘူးဟုတ်လား
နင်တို့အလုပ်ကိုသေချာမလုပ်ခဲ့ဘူးလား
နင်တို့ပြောတော့ အသက်ရှင်စရာအကြောင်းမရှိဘူးဆို
ဘာလို့ သူတို့ကအသက်ပြန်ရှင်လာရတာလဲ
နင်တို့အသေတိုက်မသတ်ခဲ့ဘူးလား

လွင် လွင်အခုစိတ်ကိုအေးအေးထားနော်

ရှင့်ပါးစပ်ပိတ်ထားခန့်နောင်
ပြောဦးလေ နင်တို့ပါးစပ်မပါကြဘူးလား ငါမေးနေတယ်

ကျွန်တော်တို့သေချာလုပ်ခဲ့တာပါမမလေး
သူတို့ကားက လုံးဝပျက်စီးသွားတာပါ
မကြာခင် မီးလောင်ပြီးသေမှာမို့ ကျွန်တော်တို့ကားပေါ်ကနေပဲကြည့်နေခဲ့တာပါ

အေးအဲ့လိုကြည့်နေခဲ့တာနင်တို့အမှားပဲ
သူတို့ကားမီးလောင်ပြီးမသေခင် သေနတ်နဲ့ပစ်သတ်ခဲ့ရမှာ......ငါနင်တို့ကိုသေနတ်ပါပေးလိုက်တယ်လေ

ကျွန်တော်တို့ပေါ့လျော့မှုကြောင့်ပါ
နောက်မဖြစ်စေရပါဘူး မမလေး

တောက်ခ် ငါနင်တို့ကိုသတ်ပစ်ချင်လောက်အောင်ဒေါသထွက်နေတာနော်
သူတို့အစား နင်တို့သေသွားလိမ့်မယ်

တောင်းပန်ပါတယ် မမလေး

တောက်ခ်
နင်တို့အခုလုံအောင်ပုန်းနေ
လူမြင်ကွင်းကိုထွက်မလာနဲ့
ငါပို့ထားတဲ့ ပိုက်ဆံနဲ့လောက်ငှအောင်သုံး
ငါဖုန်းမဆက်မချင်း အဆက်အသွယ်မလုပ်နဲ့

ဟုတ်ကဲ့ မမလေး

နင်တို့ကို အခုလိုက်ရှာနေတယ်
သူတို့ဘက်က သဲလွန်စရထားလို့ ကားအက်စီးဒန့်ပြစ်မှုကိုလိုက်နေပြီ

ဟုတ်ကဲ့ ကျွန်တော်တို့နားလည်ပါတယ်မမလေး

အေးဒါပဲ "

"လွင် လွင်ထပ်ပြီးပြစ်မှုတွေမကျူးလွန်ပါနဲ့နော်

ရှင့်ကိုကျွန်မပြောခဲ့ဖူးပါတယ်
ကျွန်မအနားမှာနေချင်ရင်ပါးစပ်ကိုပိတ်ထား
ဝင်မရှုပ်နဲ့

ဒါပေမယ့် ကိုယ်အဲ့လိုမလုပ်နိုင်ဘူး
မင်းထပ်ပြီးအပြစ်တွေလုပ်မှာကို လက်ပိုက်ကြည့်မနေနိုင်ဘူး

မရဘူး ကျွန်မကတော့ ကျွန်မလုပ်ချင်ရာကိုဖြစ်အောင်လုပ်မှာပဲ
ကျွန်မမိဘတွေတောင် ကျွန်မနဲ့ပက်သက်တဲ့ကိစ္စတွေကိုဝင်မပါဘူး
ရှင်ကသူစိမ်း.....နားလည်တယ်နော်

မင်းဘယ်အရာကိုပဲဆက်လုပ်ပါစေ...ကိုယ်ရအောင်တားမှာ

တားနိုင်ရင်တားကြည့်လေ
အခုကားအက်စီးဒန့်ကိုပဲကြည့်ပါလား
ရှင်သိလိုက်လို့လား....ကျွန်မပြောမှရှင်သိရတာမဟုတ်ဘူးလား
အဟက်

ဒါပေမယ့် အခုဆက်လုပ်မယ့်လုပ်ရပ်တွေကိုတော့ကိုယ်ရအောင်တားမှာ

တားပေါ့
ဒါပေမယ့် ရှင်မလုပ်နိုင်ဘူးဆိုတာကျွန်မသိတယ်"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ည

ဟင်

ကိုယ်တို့အိမ်ကို နေ့လည်စာထမင်းစားဖိတ်ချင်လို့

ညကိုလား

အင်း
တီခိုင့်ကိုပါခေါ်ခဲ့နော်
မေမေကဖိတ်ခိုင်းလိုက်တာ....

အန်တီခက်ဂုဏ်လင်းကလား

အင်း မေမေက

ကောင်းပြီလေ လာခဲ့ပါ့မယ်

အင်း ဒါဆို ကိုယ်မေမေ့ကိုပြန်ပြောပြလိုက်မယ်"

~~~~~~~~~~~~~~~~~~~~~~~~~~

"အန်တီ အကောင်းဆုံးတော့ ချက်ပြုတ်ပြင်ဆင်ထားတာပဲ
သမီးတို့စားရတာအဆင်ပြေမယ်လို့ထင်ပါတယ်"

ဒေါ်ခက်ဂုဏ်လင်း ချိုသာနေပါလား
တစ်ကယ်ကြီး ဂုဏ်ပြောသလို နောင်တရနေတာလား
ဟန်ဆောင်နေတာလား

"အဆင်ပြေပါတယ် အန်တီခက်ဂုဏ်လင်း
အန်တီခက်ဂုဏ်လင်းက ဟင်းချက်ကောင်းသားပဲနော်

အဟင်း ချီးကျူးစကားအတွက် ကျေးဇူးပါ သမီး"

ဂုဏ်နှင့်ဖေဖေ မျက်စပစ်ကာ မေမေ့အခြေအနေကိုကြည့်နေမိသည်
မေမေက ညကို  သမီး သမီးနဲ့ ပါးစပ်ဖျားကမချ....
ထမင်းဝိုင်းကနေ အချိုပွဲတည်းတဲ့အထိ ညကြိုက်တာတွေချည်းပဲ
သူ့ကို ညကလည်း "ည"ကြိုက်တတ်တဲ့အရာတွေမေးနေတာ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ဟဲလို မမလေး

ငါနင်တို့ကိုခိုင်းစရာရှိတယ်

ဟုတ်ကဲ့

ပြင်ဦးလွင်မှာ ရှိတဲ့ ငွေစင်သွန်း ပန်းချီသင်တန်းကို မီးသွားရှို့လာခဲ့
ညနေဘက် ညသံသရာခွင်း သင်တန်းထဲမှာ တစ်ယောက်တည်းရှိနေတဲ့အချိန် မီးသွားရှို့လာခဲ့

နေဂုဏ်ရှိန်လင်းကရော.....မမလေး

အဟင်း သူက သူချစ်ရတဲ့သူ မီးလောင်ခံရပြီးသေသွားတာကို ကြည့်ရင်း ရင်ကွဲနာကျသေလိမ့်မယ်
လောကမှာ အနာကျင်ရဆုံးက အချစ်ရဆုံးသူကိုယ့်ရှေ့မှာ သေသွားတာကိုမြင်ရတာပဲ"

လွင် မင်းလုပ်ရပ်တွေကသိပ်ကိုမှားနေပြီ

မဖြစ်ဘူး ငါနေဂုဏ်ရှိန်လင်းကို လှမ်းပြောရမယ်....

"ဟဲလို

ကိုနေဂုဏ်ရှိန်လင်း ဟုတ်ပါတယ်နော်

ဟုတ်ပါတယ် ဘယ်သူပါလဲ

ခင်ဗျား ချစ်သူရဲ့ပန်းချီသင်တန်းကို မီးရှို့မယ့်လူရှိတယ်
ဒီနေ့ညနေပဲ ရှို့မှာ
နောက်ပြီး မီးရှို့တဲ့အချိန်က ခင်ဗျားချစ်သူတစ်ယောက်တည်းရှိနေတဲ့အချိန်ဖြစ်လိမ့်မယ်

ခင်ဗျားဘယ်သူလဲ
ဒီအကြောင်းတွေ ဘယ်လိုသိတာလဲ
ခင်ဗျား ပြောတာတွေက အမှန်ဆိုတာဘယ်လိုယုံရမှာလဲ

ကျွန်တော့်ဘက်က အသိပေးပြီးသွားပြီ
ယုံတာမယုံတာကခင်ဗျားအပိုင်း
ခင်ဗျားချစ်သူအသက်အန္တရာယ်ထိခိုက်ခဲ့ရင် ခင်ဗျားအပြစ်ပဲ နေဂုဏ်ရှိန်လင်း.....

တီး............"

နောက်ပြောင်ပြီးပြောတာလား
အတည်ပြောတာလား......ဆိုတာ အခုချိန်မှာ မခွဲခြားနိုင်တော့ဘူး
မကြာခင် ညက သင်တန်းချိန်ပြီးတော့မှာ.....သင်တန်းချိန်ပြီးနာရီဝက်အထိ နေပြီးမှ ညက အိမ်ပြန်တာ

"တီ....တီ...တီ....

ဟဲလို ဂုဏ်

ညအခုသင်တန်းစောဆင်းလို့ရမလား

ဘာလို့လဲ ဆယ့်ငါးမိနစ်ပဲ လိုတော့တာကို.....
နောက်ပြီး သင်တန်းကမီးပျက်သွားလို့ ပြင်ပေးဖို့လူတွေလည်းခေါ်ထားတာ
အဲ့တာပြီးမှ ညအိမ်ပြန်မှာ.......

ဟင် မီးပြင်တဲ့လူတွေရောက်နေတာလား

အင်းလေ ဒီလောက် ပူအိုက်နေတာကို မီးကဘာဖြစ်မှန်းမသိဘူး ရှော့ဖြစ်ပြီးပျက်သွားလို့ခေါ်ထားတာ

အခုကလေးတွေကိုသင်တန်းစောဆင်းပေးလိုက်ပါလား
ကလေးတွေစောစောနားရတာပေါ့
ညကို ကိုယ်လာကြိုမယ်.....မီးပြင်သမားတွေကိုကြည့်ပေးဖို့ ကိုယ့်လူတစ်ယောက်ကိုလွှတ်ပေးမယ်
သူအပြင်ကနေကြည့်ပေးလိမ့်မယ်
နော်ည

အကြောင်းရင်းတိတိကျကျပြောလေ.....ဂုဏ်

ကိုယ်ရောက်တဲ့အခါပြောပြမယ်
နော် အခုသင်တန်းစောဆင်းပေးလိုက်ပါ

အင်းအင်း "

"ကျော်မျိုး....မင်း ဆီလောင်းပြီးပြီလား....

အေးပြီးပြီ မင်းဘက်ကရော.....

အေးဆေးပဲ မီးစလေးရှို့လိုက်ယုံပဲ........
အပြင်ဘက်လမ်းကြောင်းထိ မင်း ဆီလမ်းကြောင်းချထားတယ်မလား

အေးချထားတယ်......ဒါမှ ငါတို့ကိုမရိပ်မိမှာ

ပြီးပြီဆိုသွားမယ်....

အစ်မလေး အားလုံး ပြီးသွားပါပြီ
အဆင်ပြေရဲ့လားခင်ဗျ

အင်း အဆင်ပြေပါတယ်
ဒီမှာ မင်းတို့အတွက် အခကြေးငွေပါ.....

ဟုတ်ကဲ့ ကျွန်တော်တို့ကိုခွင့်ပြုပါဦးခင်ဗျ

ကောင်းပါပြီ

ကဲ ကလေးတို့ရေ ဒီနေ့ဆယ်မိနစ်စောလွှတ်လိုက်မယ်
အိမ်မှာ ဆရာမသင်ပေးလိုက်တဲ့ပုံတွေကို ပြန်လေ့ကျင့်ခဲ့ကြနော်

ဟုတ်ကဲ့ပါ ဆရာမ

သင်တန်းဆင်းလို့ရပါပြီ....."

"ဟေ့ရောင် မီးမရှို့နဲ့ဦး
ကလေးတွေအကုန်ထွက်ပြီးမှ ရှို့လိုက်တော့

အေးပါကွာ ငါစိတ်လောသွားလို့ပါ....."

10minutes later...............

"ရှို့လိုက်တော့....."

"ဝုန်း..........."

"ဟယ် ဟိုခြံကမီးပတ်ပတ်လည်ဝိုင်းနေတာပဲ.....
လုပ်ကြပါဦး.....အထဲမှာ ကလေးတွေရော ဆရာမလေးရောရှိနေသေးတယ်မလား....

ကလေးတွေကခုနကပဲသင်တန်းဆင်းသွားပြီလေ
ဆရာမပဲထွက်မလာသေးတာ....."

မီးသတ်ကားသံတွေဆူညံစွာ ငွေစင်သွန်းပန်းချီသင်တန်းရှေ့သို့ရောက်ရှိလာသည်
မီးသတ်ကားများနည်းတူ နက်ရောင်စွေးသောကားတစ်စီးသည်လည်း ထိုအိမ်ရှေ့သို့ဆိုက်ရောက်လာသည်

"ည......."

"ကယ်ကြပါဦး.....အဟွတ် အဟွတ်"

ကလေးတွေကို သင်တန်းဆင်းပေးပြီးနောက်မှာ တံခါးတွေပိတ်ပြီး လိုက်စစ်ပြီးတာနဲ့ အပြင်ထွက်မည်အလုပ် မီးကရုတ်တရက်ခြံပတ်ပတ်လည်မှာ ထတောက်လောင်သည်
အိမ်ကိုပါမီးကူးစက်နေတာကြောင့် မီးခိုးငွေ့တို့မွှန်ထူကာ ခွင်း အသက်ရှုကြပ်လာရသည်
အိမ်အပြင်ကိုထွက်နိုင်ဖို့ကြိုးစားပေမယ့်မရပါ
ခွင်းရဲ့ခန္ဓာကိုယ်ဟာ အားနည်းလာပါသည်

"ဟဲ့ ဟိုကောင်လေးအိမ်ထဲပြေးဝင်သွားပြီ
လုပ်ကြပါဦး

ဟိုဆရာမလေးကိုဝင်ကယ်တာထင်တယ်
မီးကအရှိန်ပြင်းပြင်းနဲ့လောင်နေတာ....သေကုန်တော့မှာပဲ"

မီးသတ်သမားတို့က အရှိန်ပြင်းစွာ တောက်လောင်နေသည့်မီးအား ကြိုးစားပြီးငြိမ်းသတ်နေကြသည်
အိမ်အတွင်းရှိ လူနှစ်ယောက်အားကယ်တင်ရန်ကြိုးစားနေကြသည်

"ဟားဟား ဟားဟား သေကြစမ်း
နင်တို့နှစ်ယောက်ဒီလောကကြီးထဲကနေပျောက်ကွယ်သွားရင်ရပြီ
နင်တို့ပေါင်းစည်းချင်နေရင် တမလွန်ဘဝမှာ ပေါင်းစည်းကြ
ငါ့မျက်စိရှေ့မှာ မပေါင်းစည်းနဲ့
ဟားဟား သိပ်ပျော်တာပဲ....နင်တို့နှစ်ယောက်အရှင်လတ်လတ်မီးလောင်ပြီးသေနေမှာကို Liveမကြည့်ရတာတော့နှမြောတယ် ကိုနေနဲ့ညသံသရာခွင်းရယ်
ဟားဟား
နင်တို့တော်တယ် သူတို့နှစ်ယောက် မီးလောင်တဲ့အိမ်ထဲမှာရှိနေတာကို Viedo ရိုက်ပြလို့
ငါနင်တို့အတွက် ငွေလွှဲပေးပြီးပြီ
အခုချက်ချင်း Overseaထွက်တော့

ဟုတ်ကဲ့ မမလေး "

"ပြစမ်း

ခန့်နောင်

မင်း မင်းတစ်ကယ်ကြီးမီးရှို့လိုက်တာလားလွင်

ဟုတ်တယ်လေ ရှင်မမြင်ဘူးလား အဲ့Viedoမှာမြင်နေရတာကို
ကွက်ကွက်ကွင်းကွင်းလေ

ငါသတိပေးပါရဲ့နဲ့ကွာ.....

ဟားဟား ရှင်အဲ့လိုလုပ်မယ်မှန်းသိလို့ ရှင်သတိပေးချိန်သိပ်မရအောင်....အချိန်ဆွဲပြီးမှ ခိုင်းလိုက်တာလေ
ကျွန်မထင်တဲ့အတိုင်းပဲ
ကိုနေက ဟိုမိန်းမဆီသွားဖို့ဆိုရင် သူချက်ချင်းမလာနိုင်သေးဘူး
ရှင်သတိလှမ်းပေးလည်း သူအဲ့မိန်းမကိုမကယ်နိုင်ဘူးလေ
ဟားဟား......

လွင့်....မင်းစိတ်လွတ်နေပြီ
မင်းစိတ်ကိုအဆုံးစွန်ထိမမိုက်ချင်စမ်းပါနဲ့
မင်းအခုလိုလုပ်တာအရမ်းဆိုးရွားသွားပြီ
မင်းသူတို့ကိုသတ်ဖို့ကြံစည်တာနှစ်ခါရှိပြီ
တရားဥပဒေကလွတ်ခဲ့ရင်တောင်....မင်းသေရင်ငရဲကလွတ်မယ်ထင်လားလွင်

ငရဲလား သေမှရောက်မယ့်နေရာကိုဘာတွေးကြောက်နေရမှာလဲ
အပြစ်နည်းနည်းလုပ်လို့ငရဲရောက်မယ့်အတူတူ
အပြစ်အကြီးကြီးလုပ်ပြီးရောက်သွားရင်မကောင်းဘူးလား
ဟားဟားဟားဟား
ငရဲတွေဘာတွေကျွန်မ မသိဘူး
ကျွန်မသိတာက နေဂုဏ်ရှိန်လင်း နဲ့ ညသံသရာခွင်း သေသွားဖို့ပဲ

လွင် စိတ်ကိုထိန်းပါ
ကိုယ်ပြောတာနားထောင်နော်

မထောင်ဘူး
ကျွန်မအခုစိတ်ပျော်နေတယ်
ဝိုင်သွားသောက်လိုက်ဦးမယ်
ဘိုင့် ဟန်နီ
အဟက်"

"ည......ည
မင်းဘယ်မှာလဲ ညရေ

ည......"

ညကိုသူတွေ့လိုက်ရချိန်မှာ....ညကကြမ်းပြင်ပေါ်၌မေ့လဲနေသည်
ညကိုသူပွေ့ချီပြီးပြန်ထွက်မည်အလုပ်....ခေါင်မိုးမှသစ်သားတန်းကြီးက အိမ်အဝင်တံခါး၌ကန့်လန့်ဖြတ်ပြုတ်ကျလာလေသည်

"ဝုန်း....."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Part-57မျှော်

Author Ester Linn

Continue Reading

You'll Also Like

4.3K 421 41
" ကျောင်းဆရာရဲ့သားသမီးဖြစ်တာနဲ့ပဲ စံပြတစ်ယောက်ပါလိုက်ဖြစ်ပေးရမှာလား..သူများလုပ်သလိုနေသလို နေလို့မရဘူးလား..အဆင့်ကောင်းမှ လိမ္မာရေးခြားရှိမှ ပေါင်းသင်းဆ...
222K 36.7K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛