နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-54

51 1 0
By LinnLinn438

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-54

~~~~~~~

ဂုဏ့်ကိုတွေ့လိုက်တာမို့ ကားထဲကပြန်ထွက်မည်အလုပ်မှာ ကားတံခါးကဖွင့်မရတော့ဘဲ ကားဝင်းထဲကနေ မောင်းထွက်လာခဲ့သည်

"သူတို့နှစ်ယောက် အဆင်ပြေပါ့မလား

ပြေမှာပါ မပြေလည်း ခွင်းကကားထဲကနေထွက်လို့မှမရတာ
ကားတံခါးlockချထားတယ်လေ

အင်း ဒီတစ်ခေါက်ခရီးမှာ ခွင်းနဲ့နေလင်း အရင်ကထက် အဆင်ပြေလာပါစေလို့ဆုတောင်းပါတယ်

ကဲ ငါတို့လည်းပြန်ကြရအောင်

အေးပြန်မယ်လေကွာ....."

>>>>>>>>>>><<<<<<<<>>>>>><<<<<<>>>>>

"ရှင်ကဘာလို့ဒီကားထဲရောက်နေရတာလဲ

ဒါကိုယ့်ကားလေ မောင့်သက်လျာ
မင်းရိပ်မိမှာစိုးလို့ကားလဲလာတာ

ရှင်နဲ့ဘာဆိုင်လို့ နှင်းခက်နဲ့လဲပြီးလိုက်လာတာလဲ

ကိုယ်ကခန့်ညားအကူအညီတောင်းလို့ပါ

ခန့်ညားက

ဟုတ်တယ်
သူကနှင်းခက်နဲ့မခွဲနိုင်လို့ ကိုယ့်ကိုမင်းနဲ့အတူလိုက်သွားပေးဖို့အကူအညီတောင်းထားတာ
ကိုယ်ကလည်း မင်းကိုစိတ်မချတာမို့လက်ခံခဲ့တာ
ခရီးဝေးကိုမိန်းကလေးတွေချည်းပဲသွားမှာကအန္တရာယ်များတယ်
ကိုယ်ပါတော့မင်းအတွက်ပိုအန္တရာယ်ကင်းတယ်

မဟုတ်ဘူး ရှင်ကမှတစ်ကယ့်အန္တရာယ်

ဟားဟား ညကလည်း ကိုယ်မင်းကိုဘာမှမလုပ်ပါဘူးကွာ

အခုချက်ချင်းပြန်မယ် ကားရပ်ပေး

မရပါဘူး ကိုယ်တို့ ဟိုင်းဝေးလမ်းပေါ်ရောက်နေပြီ
ပြန်လှည့်မရတော့ဘူး

ဘာလို့မရရမှာလဲ

ကိုယ်ကမရဘူး

ရှင်သက်သက်အကျင့်ယုတ်တာ

အခုမှသိတာလား မောင့်သက်လျာ

ရှင်......""

ခွင်းမှာကြိတ်မနိုင်ခဲမရဖြစ်နေရပြီး ဂုဏ့်ကိုတစစီလုပ်ပစ်ချင်နေတာ
ဉာဏ်များချက်က.....

တီး တီး တီး တီး
လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင်
"သူတို့ကဘာလို့စက်ပိတ်ထားရတာလဲ
အကျင့်တွေကိုက လုံးဝမကောင်းတာ

ခေါ်မနေနဲ့ည ဖုန်းအားကုန်တာပဲရှိမယ်
ဖုန်းကိုင်မှာမဟုတ်ဘူး

ရှင်တို့ပေါင်းကြံထားတာမဟုတ်လား

မဟုတ်ပါဘူး ကိုယ်က Innocent လေးပါနော်

တောက်ခ်

စိတ်ကိုလျှော့ပါညရယ်
အခုကားပေါ်မှာ အေးဆေးအိပ်လိုက်
ကိုယ်ကကားကိုငြိမ့်ငြိမ့်လေးမောင်းပေးမယ်"

အခုမှတော့ သူမဘာမှလုပ်မရတော့ပါ
ဂုဏ်မောင်းတဲ့ကားနဲ့ကလောကိုသွားရဖို့ပဲရှိသည်

~~~~~~~~~~~~~~~~~~~~~~~~~~~

"ငါခိုင်းတဲ့အလုပ်ပြီးပြီလား

ဟုတ် ပြီးပြီ မမလေး
အသေအချာကိုလုပ်ထားပါတယ်

အိုကေ ငါနင်တို့အတွက်လွှဲပေးပြီးပြီ

ဟုတ် မမလေး "

အဟင်း နင်တို့မကြာခင်မြူမှုန်လိုပျောက်ကွယ်သွားရတော့မှာပါ....အဟင်းဟင်း

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ည နေ့လည်စာ စားမယ်လေ

ဟင့်အင်း ဗိုက်မဆာဘူး

ဒါဆို ဗိုက်မဆာသေးလည်းခဏတော့စောင့်ဦးနော်
ရှေ့နားကလမ်းခွဲကိုရောက်ရင် စားသောက်ဆိုင်တန်းရှိတယ်
ကိုယ်တို့ခဏဝင်နားကြမယ် ကားကအကြာကြီးဆက်မောင်းရဦးမှာ

အင်း စားသောက်ဆိုင်ကပြန်ထွက်ရင် ကျွန်မမောင်းပါ့မယ်

အင်း ကိုယ်ခဏမှေးဦးမယ်နော်

အင်း ရတယ် "

လမ်းခွဲကိုရောက်သည့်အချိန် ကားရှင်းနေတာမို့ ကားကိုကွေ့မည့်အချိန်မှာ ရုတ်တရက် ပေါ်လာသည့်ကားအကြီးတစ်စီးက ခွင်းတို့ကားဆီကိုတည့်တည့်မောင်းလာနေသည်
ဂုဏ်က ကားကိုဘရိတ်နင်းပေမယ့်မမိပါ
ကားက ဘရိတ်မမိသည့်အတွက် ရပ်မရဘဲ ခွင်းတို့ကားနှင့် ကားအကြီးတို့ထိပ်တိုက်အနေအထားနှင့် တိုက်မည့်တော့မည့်အခြေအနေမှာရှိနေသည်
ထိုကားကြီးက ခွင်းတို့ကားကိုမရှောင်ဘဲ တည့်တည့်မောင်းလာနေသည်
"ည ခါးပတ်ကိုသေချာပတ်ထားနော်
ကိုယ်တို့ကားကဘရိတ်မမိဘူးဖြစ်နေတယ်
ရှေ့က ကားကကိုယ်တို့ဆီတည့်တည့်လာနေတာ
ကိုယ်ကားကိုကွေ့လည်း သူတို့က ကိုယ်တို့လမ်းကြောင်းကိုလိုက်ပိတ်နေတယ်

ဘယ်လိုလုပ်ကြမလဲ ဂုဏ်"

နောက်ဆုံးမှာ သူတို့ကားနှင့် ကားအကြီးတို့ တိုက်မိပြီးကားအကြီးကရှေ့ပိုင်းပွန်းပဲရုံလောက်သာဖြစ်သွားပြီး ခွင်းတို့ကားမှာ ကားတစ်စီးလုံးလည်သွားပြီး လမ်းဘေးသို့ထိုးကျသွားသည်

"ည...."

"ငါတို့တာဝန်ကျေပြီသူရ
သွားမယ် "

လမ်းဘေးမှာတော့ အငွေ့တလူလူထွက်နေသည့်ကားတစ်စီးသားကျန်ရှိခဲ့လေသည်

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"အနွန်....ဒီကိုလာခဲ့စမ်း

ဟုတ်ကဲ့ မိုင်ပွန်"

မိုင်ပွန်ဆိုသည်မှာ ဤရွာ၌ အသက်အကြီးဆုံးအဘွားအိုတစ်ယောက်ဖြစ်ပြီး အကြားအမြင်ရနတ္ခက်ဆရာမတစ်ယောက်ဖြစ်ကာ သြဇာအရှိဆုံးလူကြီးတစ်ယောက်လည်းဖြစ်သည်

"ငါတို့ရွာနဲ့အတော်ဝေးတဲ့နေရာမှာ ကားမတော်တဆမှုဖြစ်ထားတယ်
အဲ့ကားထဲမှာပါတဲ့လူနှစ်ယောက်မှာ မိန်းကလေးက ငါတို့ရွာအတွက်အရေးကြီးတယ်
မင်းတို့အခုချက်ချင်းအဲ့လူနှစ်ယောက်ကိုသွားခေါ်လာခဲ့

ကျွန်တော်က ဘယ်လိုသွားခေါ်ရမှာလဲ မိုင်ပွန်

ကားလမ်းပေါက်တဲ့နေရာကိုမင်းသိတယ်မဟုတ်လား

ဟုတ်ကဲ့ သိပါတယ် မိုင်ပွန်

အဲ့နေရာနားမှာ မတော်တဆမှုဖြစ်ထားတဲ့ကားရှိတယ်
မင်းတို့မြန်မြန်သွားမှ သူတို့အသက်ကိုမီမယ်
အခုလူခေါ်ပြီးချက်ချင်းသွား
ငါဖြတ်လမ်းကိုပြောပြလိုက်မယ်

ဟုတ်ကဲ့မိုင်ပွန်"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုင်ပွန်ပြောပြသည့်နေရာကို ၄နာရီကြာလမ်းလျှောက်ပြီးသည့်နောက်မှာရှာတွေ့ခဲ့ပါသည်
ထိုနေရာကို လှည့်ပတ်ရှာဖွေပြီးနောက် မိုင်ပွန်ပြောသည့်ကားကို ရှာတွေ့ခဲ့သည်
သူတို့မြင်သလောက် ကားကဘာမှရစရာမရှိအောင်ပျက်စီးနေသည်
ကားထဲကလူနှစ်ယောက်မှာတော့ ယောကျ်ားလေးက မိန်းကလေးအား ဖတ်ထားပြီး ထိခိုက်မှုနည်းအောင်ကာကွယ်ပေးထားပုံရသည်
နှစ်ယောက်စလုံး သွေးထွက်သံယိုနှင့်မြင်ရက်စရာမရှိပါ

"မိုင်ပွန်ရေ....မိုင်ပွန် မိုင်ပွန်ပြောထားသည့်လူနှစ်ယောက်ပါလာပါပြီ

အေးအေး ဒီကိုခေါ်လာခဲ့

နှစ်ယောက်စလုံး သွေးတွေနဲ့ချည်းပါပဲလား
ဟဲ့ မိပန် နောင်ခမ်း
ရေနွေးတည်ပြီး အဝတ်သန့်ယူလာခဲ့စမ်း

ဟုတ် မိုင်ပွန်"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နာကျင်မှုတစ်ချို့ကြောင့် ဂုဏ်သတိရလာသည်
သူနောက်ဆုံးမှတ်မိတာက ညအားသူဖတ်လိုက်ပြီးနောက် ကားတိုက်မှုဖြစ်တာပဲမှတ်မိသည်

"လူလေး မင်းချက်ချင်းမထနဲ့ဦး ဒဏ်ရာတွေကချက်ချင်းမသက်သာသေးဘူး

ကျွန်တော် ဘယ်ရောက်နေတာလဲ အဘွား နောက်ပြီး ကျွန်တော့်ချစ်သူရော

မင်းရောက်နေတာက လူသူအရောက်ပေါက်နည်းတဲ့ရွာတစ်ရွာပါ
မင်းတို့ကို အချိန်မီခေါ်လာနိုင်ခဲ့လို့ကံကောင်းတယ်
မင်းချစ်သူက မိပန်တို့အိမ်မှာ ဆေးကုပေးထားတယ်
မင်းတို့နှစ်ယောက်စလုံးသတိမေ့နေတာ တစ်ပတ်ရှိပြီ
မိန်းကလေးကတော့အခုထိသတိမရသေးဘူး

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အဘွား

မလိုပါဘူးကွယ်

ကျွန်တော့်ချစ်သူကိုသွားကြည့်ချင်တယ်အဘွား

အနွန် လာခဲ့ဦး

ဟုတ်ကဲ့ ကျွန်တော် ရှိပါတယ် အဘွား

ဒီသူငယ်ကို မိပန်အိမ်လိုက်ပို့ပေးလိုက်ပါဦး

ဟုတ်ကဲ့ အဘွား "

"မိပန်ရေ ခဏထွက်ခဲ့ပါဦးဟေ့

လာပြီ အနွန်ရေ

သြော် ဧည့်သည်လူလေးသတိရလာပြီပဲ
လာလာ မိန်းကလေးကတော့လုံးဝသတိမရသေးဘူး

"ည......"

သူ့မျက်ဝန်း၌မျက်ရည်တို့ပြည့်လာသည်
သူ့ထက် ညက ထိခိုက်မှုပိုများသည်
ထိခိုက်မှုနည်းအောင် သူကာကွယ်ပေးခဲ့ပါရက်နဲ့ အများကြီး နာကျင်စေခဲ့မိပြီ
ညရဲ့မျက်နှာသွယ်သွယ်လေးဟာ ဖြူဖတ်ပြီး အားနည်းနေပုံပေါ်သည်
"အမြန်သတိရလာပါတော့ညရယ်.....ကိုယ့်ကိုစိတ်ပူအောင်မလုပ်ပါနဲ့ကွာ...."

+++++++++++++++++++++++++++++

"ဟဲ့ ခန့်ညား နင်ခွင်းတို့နဲ့ဖုန်းရလား
ငါအခုထိသူတို့ကိုဆက်လို့မရဘူး

သူတို့သွားတာနှစ်ရက်ရှိပြီနော်

အေးဟုတ်တယ် ငါက သူတို့သွားတဲ့နေ့က ဖုန်းပိတ်ထားတာ
ညနေပြန်ဖွင့်ကြည့်တော့ဖုန်းတွေခေါ်ထားတာအများကြီးပဲ
ငါပြန်ခေါ်တော့ဖုန်းလုံးဝမကိုင်ဘူး
ဆက်သွယ်မှုဧရိယာပြင်ပပဲပြောနေတယ်

ဟုတ်လား ငါတို့လည်းခေါ်မရဘူး
သူတို့တစ်ခုခုများဖြစ်နေတာလား

မဟုတ်လောက်ပါဘူး အန္တရာယ်ကင်းလောက်မှာပါ

တီးတီးတီး.....

ဟဲလို ဝသုန်

ဟုတ် ကိုသွင်ထက်
Bossကိုဆက်သွယ်မရလို့ အဲ့တာ ကိုသွင်ထက်တို့များဆက်သွယ်လို့ရလားလှမ်းမေးတာဗျ

မရဘူး ဝသုန် အစ်ကိုတို့လည်းဆက်နေတာပဲ

ဟုတ်ကဲ့ ဒီမှာ Bossသိမှဖြစ်မယ့်လုပ်ငန်းကိစ္စတွေရှိလို့
နောက်ပြီး Bossမိဘတွေကလည်း Bossကိုဆက်သွယ်မရလို့ခင်ဗျ

အေးအေးငါတို့ထပ်ဆက်သွယ်ကြည့်ဦးမယ်
ဆက်သွယ်လို့ရရင်မင်းကိုပြန်ဆက်ဖို့ငါတို့ပြောပြလိုက်မယ်

ဟုတ်ကဲ့ ကိုသွင်ထက် "

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"ခန့်နောင်ကိုလွင်အားလုံးလိုက်လျောပေးမယ်
ဘာလိုချင်လဲခန့်နောင်
ဟိုနေ့က လွင့်စကားတွေလွန်သွားရင်တောင်းပန်ပါတယ်

ကိုယ်စိတ်မဆိုးပါဘူးလွင် ဝမ်းနည်းတာ

ဝမ်းမနည်းပါနဲ့ လွင်တောင်းပန်တယ်နော်

လွင် ဒီနေ့အရင်နဲ့မတူဘူးနော်
သိပ်ပျော်နေတာကိုယ်သတိထားမိတယ်

ဟုတ်တယ် လွင်မမြင်ချင်တဲ့လူနှစ်ယောက်သေသွားပြီလေ

ဟင် လွင်ဘာပြောလိုက်တာလဲ

ကိုနေတို့ကားမတော်တဆမှုဖြစ်တာလွင့်လက်ချက်လေ

လွင် မင်း

ဘာလို့လဲ

မင်းဘာလို့ရက်စက်ရတာလဲလွင်

လွင် ရက်စက်တာမဟုတ်ဘူး လွင့်မျက်စိရှေ့မှာမမြင်ချင်တဲ့အရာတွေကိုရှင်းထုတ်ပစ်လိုက်ရုံပဲ

မင်းသိပ်ကိုမှားတယ်လွင်

မမှားဘူး ခန့်နောင်

မင်းအဲ့လိုလုပ်လိုက်ရတော့စိတ်ပျော်လား

အင်း ပျော်နေတယ်

အဲ့ပျော်ရွှင်မှုကကြာရှည်မခံဘူးဆိုတာရောမင်းသိလား

ကြာရှည်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ
လက်ရှိမှာ လွင်ပျော်နေဖို့ပဲလိုတယ်
အခုဆို ကိုနေ့မိဘတွေရော ညသံသရာခွင်းရဲ့အဒေါ်ရော ငိုချင်းချနေပြီလေ
သူတို့သူငယ်ချင်းတွေလည်း ကိုနေနဲ့ညသံသရာခွင်းရဲ့အလောင်းကိုလိုက်ရှာနေတယ်လို့ကြားတယ်
လွင်အဲ့လိုဖြစ်စေချင်နေတာလေ လွင်နာကျင်ခဲ့ရတဲ့အချိန်တွေမှာ သူတို့ကပျော်နေခဲ့တာမလား

ဒါပေမယ့် ......

ရှူး လွင်အခုသိပ်စိတ်ပျော်နေတယ်
ဒါ့ကြောင့် လွင်တို့အကောင်းဆုံးအရသာအတွက် အချိန်ဖြုန်းလိုက်ရအောင် နော် ခန့်နောင်"

လွင့်ရဲ့နှိုးဆော်မှုတို့ကြောင့် သူ့စိတ်တွေထိန်းမရတော့ပါ

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"လူလေး မင်းအနားယူပါဦးကွယ်
မိန်းကလေးက မကြာခင်သတိရလာတော့မှာပါ

ကျွန်တော် စိတ်ပူလို့ပါအဘွား

မင်းက ဒီမိန်းကလေးကိုတော်တော်ချစ်တာပဲလူလေး

ချစ်တာပေါ့အဘွားရယ်
ကျွန်တော့်ရဲ့အထက်တန်းကျောင်းသားဘဝတည်းက ချစ်ခဲ့ရတဲ့အချစ်ဦးပါ

အဘွားသိပါတယ်ကွယ်

မင်းတို့ရောက်နေတာနှစ်ပတ်လောက်ပဲရှိသေးတယ်လို့ထင်နေတယ်မဟုတ်လားလူလေး

ဟုတ်ကဲ့ အဘွား

အမှန်ကတစ်လရှိပြီလူလေး

ဗျာ

ဟုတ်တယ် အဘွားတို့ရွာက သဘာဝလွန်စွမ်းအားတွေနဲ့တည်ရှိနေတဲ့ရွာလေ
အဘွားက ဒီရွာရဲ့အုပ်ချုပ်သူပေါ့
အဘွားတို့ရွာရှိမှန်း သာမန်လူတွေမသိနိုင်သလို ရောက်လည်းမရောက်လာနိုင်ဘူး
ရေစက်ရှိလို့သာရောက်လာနိုင်တာ
ဒီမှာ အချိန်တွေက မင်းတို့ဆီမှာထက် ကုန်တာမြန်တယ်

ဒါဆို ကျွန်တော်တို့ကို မိသားစုတွေကစိတ်ပူနေတော့မှာပဲ
ကျွန်တော်တို့ဘယ်လိုဆက်သွယ်လို့ရနိုင်မလဲအဘွား

အဘွားတို့ဆီမှာတော့ မင်းတို့ဆီကလိုခေတ်မီဆက်သွယ်ရေးကိရိယာတွေမရှိဘူးကွဲ့
လူသူအရောက်ပေါက်နည်းပြီး တသီးတသန့်တည်ရှိနေတဲ့ရွာဆိုတော့ တခြားနေရာကသူတွေနဲ့ဆက်သွယ်စရာမရှိဘူး

ဒါဆို ဘယ်လိုလုပ်ရမလဲ အဘွား
ကျွန်တော်တို့အမြန်ဆုံးပြန်ရောက်မှဖြစ်မယ်"

သူနဲ့အဘွားမိုင်ပွန်တို့စကားပြောနေတုန်း ညက သတိရလာသည်
"ည.....ည.....ည......

အင်း ဂုဏ်

ည ကိုယ့်ကိုမှတ်မိတယ်
တော်သေးတာပေါ့ ကိုယ့်ကိုမေ့သွားပြီထင်တာ

မမေ့ပါဘူး
ဒါနဲ့ ညတို့ဘယ်နေရာရောက်နေတာလဲ
အဘွားကရောဘယ်သူလဲ

အဘွားက ဒီရွာရဲ့အုပ်ချုပ်သူ ည
ကိုယ်တို့ကိုကယ်တင်ပေးထားတဲ့သူပေါ့

ကျေးဇူးတင်ပါတယ် အဘွား

ရပါတယ်ကွယ် မိန်းကလေး အခုဘယ်လိုနေလဲ ခေါင်းမူးတာရှိလား

ဟုတ် မူးတယ်အဘွား

ခဏပြန်လှဲနေလိုက်ဦး.......တော်ကြာနေ သက်သာသွားလိမ့်မယ်

ဟုတ်ကဲ့အဘွား....

လူလေးက မိန်းကလေးဘေးမှာနေပေးလိုက်ပါဦး
အဘွား မင်းတို့အတွက် စားစရာပြင်ပေးဖို့ အနွန်နဲ့မိပန်ကိုပြောလိုက်ဦးမယ်

ရတယ် အဘွား ကျွန်တော်တို့မဆာသေးပါဘူး

အိုး ရတယ် ရတယ် "

"ည နေရတာ အဆင်ပြေရဲ့လား ကိုယ့်ကိုပြော

အင်း ပြေပါတယ်
ဂုဏ်ရော သက်သာရဲ့လား

အင်း ကိုယ်ကသက်သာနေပါပြီ
ညသတိမရသေးလို့စိတ်ပူနေတာ
ကိုယ်သတိရလာကတည်းက ညအအနားရောက်နေတာ

ဘာလို့အဲ့လိုလုပ်တာလဲ
အေးဆေးနားနေမှပေါ့

ကိုယ်ကယောကျ်ားလေးလေ ညရဲ့
ပြီးတော့ သိပ်ထိခိုက်မိတာမဟုတ်ဘူး ညကပိုပြီးထိခိုက်မိတာကြောင့် ကိုယ့်မှာထိုင်မရထမရနဲ့စိတ်တွေပူနေတာ

အခုသွားနားတော့လေ
တစ်ယောက်တည်းနေလို့ဖြစ်ပါတယ်
သွားနားတော့ဂုဏ်

ဟင့်အင်း မနားဘူး
အဘွားက မှာခဲ့တယ်

နားထောင်ချင်တဲ့နေရာမျိုးဆို နှစ်ခါမပြောရဘူးနော်

ဒါကတော့ မတူဘူးလေညရယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ခန့်ညား ရဲတိုင်ထားတာကဘာအကြောင်းထူးလဲ

အခုထိငါတို့အလောင်းမှရှာမတွေ့သေးတာ
ရဲတွေက တောရဲသားကောင်တွေဆွဲသွားပြီထင်တယ်လို့ပြောပေမယ့်ငါမယုံဘူး
သူတို့ သေချာပေါက် အသက်ရှင်နေသေးတယ်

ဟုတ်တယ် ငါတို့လည်း အဲ့လိုပဲယုံကြည်နေတယ်

ကားကဘရိတ်ကြိုးအဖြတ်ခံထားရတာ
ငါတို့အားလုံးစစ်ထားပြီးသားကို ဘယ်လိုဖြစ်တာလဲ

ငါတို့ကားဝင်းထဲမှာရပ်တဲ့အထိဘရိတ်မိသေးတယ်

ဘရိတ်ကြိုးဖြတ်ဖို့ကကျွမ်းတဲ့သူအဖို့မခက်ဘူး
ဒါဘယ်သူ့လက်ချက်ဖြစ်နိုင်မယ်ထင်လဲ

မေသက်လွင် "

သူတို့သူငယ်ချင်းတွေအားလုံး ခွင်းတို့အကြောင်းပြောနေတုန်း အန်တီဒေါ်ခက်ဂုဏ်လင်းက ဝင်ပြောလာသည်
"မေသက်လွင် ဒီလိုလုပ်ရပ်မျိုးကိုကျူးလွန်မယ့်ဖြစ်နိုင်ချေရှိသူက သူပဲသားတို့
အန်တီ့သားနဲ့ညသံသရာခွင်းကို မလိုမုန်းထားရှိသူကသူပဲရှိတာ
အန်တီကတော့ သူလို့ပဲထင်တယ်

အန်တီပြောတာဖြစ်နိုင်ချေရှိပါတယ်

ဒါပေမယ့် ရဲတွေကသက်သေမရှိပဲပြောမယ့်ငါတို့စကားတွေကိုမယုံလောက်ဘူးနော်

မယုံတာကသူတို့အပိုင်း ငါတို့ထင်သလိုသာဖြစ်နေခဲ့ရင် တရားခံကအေးဆေးလွတ်နေတာမဖြစ်သင့်ဘူး

ဟုတ်တယ် သား
အန်တီ မေသက်လွင်နောင်ကိုလူလွှတ်ထားတယ်
မကြာခင်မှာ သူ့ဆီကနေသတင်းကြားရလိမ့်မယ်
အန်တီ မင်းတို့သူငယ်ချင်းညသံသရာခွင်းကို တစ်ကယ်အားနာပြီးရှက်မိပါတယ်ကွယ်
အန်တီ သူ့ကိုတောင်းပန်ဖို့သွားခဲ့ပေမယ့် အန်တီ့မာနက ပြဿနာကိုပိုပြီးဆိုးရွားစေခဲ့တယ်

အန်တီ ကိုယ့်အမှားကိုယ်သိရင်ရပါပြီ
တောင်းပန်တာကိုတော့ ခွင်းပြန်ရောက်လာတဲ့အချိန်မှာတောင်းပန်လိုက်ပါ
တောင်းပန်ခြင်းက အသက်အရွယ်၊မာနတရားတို့နဲ့မသက်ဆိုင်ဘူးမလား

ဟုတ်ပါတယ် အန်တီကိုယ့်ကိုယ်ကိုသိပါတယ်"

"မိန်းကလေး အဘွား မင်းကိုအကူအညီတောင်းစရာရှိတယ်ကွယ်
အခုမင်းလည်းသက်သာနေပြီဆိုတော့ ကူညီလို့ရရင်ကူညီပေးစေချင်တယ်ကွယ်

ဟုတ်ကဲ့ ရပါတယ် အဘွား
သမီး ဘာများကူညီပေးရမလဲရှင့်
သမီးတို့ကိုအခုလိုဒဏ်ရာတွေသက်သာလာအောင်
ကုသပေးခဲ့တဲ့အဘွားတို့ကို မကူညီပေးနိုင်စရာမရှိပါဘူး

ဟုတ်ပါတယ် အဘွား
ကျွန်တော်တို့ကိုပြောပါ

အေးကွယ် အခုလိုကြားရလို့ဝမ်းသာပါတယ်"

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Part-55မျှော်
Author Ester Linn





Continue Reading

You'll Also Like

1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."