CH-9 တစ်ဖြည်းဖြည်းနဲ့ငါကစုယန်ရဲ့နာနီဖြစ်လာနေပြီ
"ရှင်!"
မိမိသည်စုယန်၏လက်ထဲမှစာချုပ်အားမုန်းတီးစွာဖြင့်လုယူလိုက်သည်။
"ကောင်းပြီ!ရှင်နိုင်တယ်"
မိမိလည်းထွက်သွားရန်ပြင်နေစဉ်မှာပင် စုယန်မှတားဆီးလာသည်။
"ရှင်ဘာထပ်ဖြစ်ပြန်တာတုန်း"
စုယန်သည်မိမိအားမျှော်လင့်ချက်မဲ့နေသောကလေးတစ်ဦးလိုကြည့်ကာ မိမိခေါင်းထက်တွင်လက်တင်၍နံရံထက်ရှိနာရီဆီကြမ်းကြမ်းတမ်းတမ်းလှည့်ပေးလိုက်သည်။
"ရွှေငါးလေး အခု၇နာရီ၁၂မိနစ်ရှိနေပြီ။ဒါကစာချုပ်ထဲကအတိုင်း မင်းရဲ့ဝတ္တရားတွေဖြည့်ဆည်းပေးရမယ့်အချိန်ရောက်ပြီလေ။မင်းမနက်စာပြင်ဖို့အချိန်ပဲ"
"ဘာ!ကျွန်မကနာနီလို့ရှင်ထင်နေတာလား"
"စာချုပ်ထဲမှာ မင်းကမနက်စာ၊နေ့လည်စာနဲ့ညစာပြင်ဆင်ပေးရမယ်လို့ ဖော်ပြထားတယ်။ဒါကြောင့် အခုမင်းမနက်စာသွားပြင်ဆင်နိုင်ပါပြီ။ငါကအစားချေးများတဲ့လူမဟုတ်ပါဘူး။ငါကဘာမဆိုစားတယ်"
ထို့နောက်စုယန်သည်သူ့ပိုက်ဆံအိတ်ထဲမှ 200rmbအားထုတ်ပေးလာသည်။
"စားစရိတ်"
မိမိလည်း200rmbအားယူလိုက်ကာအကြံတစ်ခုအားတွေးနေတော့သည်။
ငါအမှန်တိုင်းပြောရမယ်ဆိုရင်လေ နင်ကဘာမဆိုစားတယ် ဟုတ်တယ်မလား။ငါကသာအဝယ်တော်တစ်ယောက်ဆိုရင် ငါကနင့်ရဲ့အထက်တန်းစားပုံရိပ်နဲ့ယှဉ်နိုင်အောင် အမြင့်ဆုံးအရည်အသွေးရှိတဲ့မနက်စာကိုသေချာဝယ်ရလိမ့်မယ်။
မိမိသည်စုယန်၏နောက်ကျောအားကြည့်ကာ ကလိမ်ကျကျပြုံးလိုက်ပြီး 200rmbအားယူကာ အနွေးထည်အားပြီးစလွယ်ဆွဲသွားလိုက်သည်။မိမိသည်မျက်နှာမသစ်ပဲ တံခါးမှထွက်ခွားသည်။နက်နက်နဲနဲတွေးလိုက်စမ်း!
"ရှင်ကဆန်းဝှစ်နဲ့နို့တို့ ပေါင်မုန့်နဲ့ယိုတို့လိုချင်တာလား။ပုံမှန်မနက်စာမျိုးပဲလား။အိမ်မက်မက်နေလိုက်လေ"
ဆယ်မိနစ်မကြာခင်တွင်ပင် မိမိသည်ရပ်ကွက်ပတ်လည်ရှိမနက်စာဆိုင်မှ ပြန်လာခဲ့သည်။မိမိသည်အစားအစာအများအပြားအားသယ်လာခဲ့သည်။
"ကျွန်မမနက်စာပါလာခဲ့ပြီ။လာစားတော့"
မိမိသည်ထမင်းစားပွဲပေါ်တင်ကာ ပလက်စတစ်အိတ်များအားဖယ်၍ ဝယ်လာခဲ့သောအမယ်များကိုနေရာချလိုက်သည်။
မနက်စာဆိုင်သည် သူတို့၏တို့ဟူးပျော့နှင့်ပေါင်မုန့်ချောင်းကြော်များဖြင့်လူသိများလေသည်။သို့သော်ငြား မိမိသည်သခင်ငယ်လေးမှ ဤကဲ့သို့အစားအစာမျိုးဖြင့်နေသားမကျမည်ကိုတော့စိုးရိမ်လေသည်။ထို့ကြောင့် ကြင်နာတတ်သောနှလုံးသားရှိသည့်မိန်းမသားတစ်ဦးအဖြစ် မိမိသည်သူတို့၏လူကြိုက်များသော ဟင်းပွဲများထဲမှတစ်ခုဖြစ်သည့် ပေါင်းဖိုတွင်းမှလတ်လတ်ဆတ်ဆတ်ထွက်လာသည့် ကြိတ်ထားသောအသားဖြင့်ဖက်ထုပ်ပေါင်းတစ်ခြင်းကိုလည်းဝယ်လာခဲ့လိုက်သည်။
"ဒါကဘာလဲ"
စုယန်သည်မိမိဝယ်လာခဲ့သောမနက်စာအားငေးကြည့်နေလေသည်။သူ၏အမူအယာမှာ ETအားစိုက်ကြည့်နေသလိုမျိုးပင်။
"မနက်စာလေ စားတော့"
မိမိသည် ချမ်းသာသောလူများမှာ သာမန်လူများ၏မနက်စာအားဘယ်တုန်းကမှမစားဖူးမှန်း သိလေသည်။မိမိသည်ပန်းကန်လုံးနှစ်လုံးနှင့်တူများအားယူနေရင်း သွားများပင်ပေါ်သည်အထိခိုးပြုံးလိုက်သည်။ထို့နောက် စုယန်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ကာ စတင်စားသောက်တော့သည်။
မိမိသည်စားနေရင်း စုယန်၏အမူအယာအားစူးစမ်းရန်ခိုးကြည့်လိုက်သည်။
မိမိသည်သူကနေ ဤသည်မှာသူ၏အစားအသောက်ပုံစံမဟုတ်ကြောင်းပြောလာပါက လှောင်ပြောင်ပြောရန်အရာအားလုံးအား တွေးထားနှင့်ပြီးဖြစ်သည်။မမျှော်လင့်စွာပင် စုယန်သည်အားလုံးအပေါ်စောဒကမတက်ခဲ့ပေ။သူသည်မိမိဝယ်လာသည်များကို တိတ်တဆိတ်ဖြင့်သာစားသောက်နေသည်။
"တို့ဟူးပျော့ကမွှေလိုက်ရင်ပိုကောင်းတယ်"
မိမိသည်သူ့အားသတိပေးလိုက်သည်။
ရုတ်ချည်းပင်သူသည်မိမိထံလက်ဖြန့်လာသည်။
"ဘာလဲ"
"ငါ့ပိုက်ဆံလေ။ငါမင်းကို200rmbပေးလိုက်တယ်။မင်းကဒါတွေပဲဝယ်လာခဲ့တာလေ။ငါ့ပိုက်ဆံပြန်အမ်းငွေဘယ်လောက်ကျန်သေးလဲ"
"ဟမ့်!ကပ်စီးကုပ်လိုက်တာ"
မိမိသည်ရေရွတ်ရင်း လက်ကျန်ငွေအားထုတ်ရန်အိတ်ထောင်ထဲလက်ထည့်လိုက်သည်။
အကြွေစေ့များသည် ထမင်းစားပွဲပေါ်ကလန်ကလန်ဖြင့်ကျလာတော့သည်။
မိမိသည် စုယန်မှတွန့်ကြေနေသောပိုက်ဆံများအားကြည့်ရင်း သူ့မျက်နှာတွင် သွေးကြောပြာများပေါ်လာသည်ကို စောင့်ကြည့်နေလိုက်သည်။
"ထားလိုက်တော့။နေ့လည်စာနဲ့ညစာပြင်ဖို့ ပြန်အမ်းငွေကိုသုံးလိုက်"
ထို့နောက် ခေါင်းငုံ့ကာသူ့အစားကိုပြန်စားနေတော့သည်။
မနက်စာစားပြီးနောက် မိမိသည်မီးဖိုချောင်အားသန့်ရှင်းရေးလုပ်နေဟန်ဆောင်လိုက်သည်။သို့သော်အမှန်တော့ မိမိသည်စုယန်အား ဖုန်းမှတစ်ဆင့်အဓိကစာလုံးများတွင်ရှာဖွေနေခြင်းဖြစ်သည်။ထူးဆန်းစွာပင် ဝက်ဘ်ပေါ်တွင်သူ့အကြောင်းဘာမှရှိမနေပါချေ။မိမိသည်ရှုပ်ထွေးသွားသည်။သူကစာရေးဆရာတစ်ယောက်မလား?
သူ့အားတစ်ပတ်ကြာစူးစမ်းပြီးနောက်တွင်တော့ မိမိသည်အနှစ်ချုပ်လိုက်နိုင်သည်။သူသည်လုပ်စရာမရှိသည့်အိုတာကုတစ်ယောက်သာပင်။
ဘယ်အချိန်မဆို မိမိမှတိုက်ခန်းအားသန့်ရှင်းရေးလုပ်ချိန်တိုင်း သူသည်ဧည့်ခန်းတွင်းနေကာ ဗီဒီယိုဂိမ်းကစားသည်ဖြစ်ဖြစ် TVကြည့်နေတတ်သည်ဖြစ်ဖြစ် ထူးဆန်းသောအချို့အင်တာနက်ဂိမ်းများဆော့နေသည်ဖြစ်ဖြစ်လုပ်နေတတ်သည်။
တစ်ခါတစ်ရံတွင် မိမိသည်စုယန်ဂိမ်းကစားနေသည်ကိုတိတ်တိတ်လေးကြည့်နေလိုက်သည်။သူသည်ဂိမ်းစွဲနေပုံရသည်။ဘေးကနေကြည့်ရင်း ငါလည်းဂိမ်းစွဲသွားတော့တာပဲ။သို့သော်ငြား သူသည်ဂိမ်းအားဘေးသို့ရုတ်တရက်ပစ်ချကာ သူ့အခန်းဆီပြေးသွားတော့သည်။
"ဟာ?ရှင်ထပ်မကစားတော့ဘူးလား"
မိမိသည်သူ၏ပိတ်ထားသောအိပ်ခန်းတံခါးအားစိုက်ကြည့်နေသည်။သူသည်နေ့ခင်းတစ်ခင်းလုံးထွက်လာတော့မည်မဟုတ်ပေ။
သူသည်မိမိအားဧည့်ခန်းတွင်းတစ်ယောက်တည်းထားရစ်ခဲ့လေသည်။သို့သော်မိမိသည် ဂိမ်းအားဆက်ကစားရန်ဆုံးဖြတ်လိုင်စဉ်တွင် သူသည်ရုတ်တရက်ပြန်ထွက်လာကာ မိမိ၏စိတ်ရှုပ်နေသောအမူအယာအားလျစ်လျူရှု၍ အကြင်နာမဲ့စွာပလပ်ဖြုတ်ချလိုက်ပြီး မိမိထံလေချွန်လိုက်သည်။
"ငါအခုချက်ချင်းမုဒ်ဝင်ဖို့လိုနေပြီ။စာပိုဒ်၃၅အရ ငါ့ကိုနှောင့်ယှက်မယ့် ဘယ်လိုဆူညံမှုမျိုးကိုမှ မင်းလုပ်ခွင့်မရှိဘူး။TVလည်းမရဘူး"
"ရှင်အရမ်းတောင်းဆိုလွန်းနေတာပဲ..."
စုယန်သည်မိမိစောဒကတက်နေသည်ကိုအဖတ်မလုပ်ဘဲ သူ့အခန်းဆီပြန်သွားလေသည်။သူသည်အခန်းတံခါးအားထပ်မံပိတ်လိုက်ပြန်သည်။
မိမိသည်အလိုမကျမှုများအားလျှော့ချရန် ဗီဒီယိုဂိမ်းထိ်န်းချုပ်စက်ခလုတ်များကိုစိတ်ဆိုးတကြီးဖိချလိုက်သည်။ထားလိုက်တော့။ငါကမပြေလည်မှုတွေကိုစိတ်ထဲမှတ်ထားတတ်တဲ့ ရှေးခေတ်တရုတ်ပြည်ရဲ့ဝန်ကြီးချုပ်တွေထဲကတစ်ယောက်လို ကြင်နာလွန်းတယ်။ဒီတစ်ကြိမ်တော့ ငါလွှတ်ပေးလိုက်မယ်!
ဤနှုန်းဖြင့်သာ အိမ်၌မိမိနေ,နေပါက စုယန်မှထွက်လာပြီးမိမိအသက်ရှူနေသည်မှာ ကျယ်လွန်းသည်ဟုပြောလာပြီး အသက်မရှူနဲ့ဟုပင်ပြောလာပေလိမ့်ဦးမည်။
မိမိမလှုပ်နိုင်မည့်တူတူ လတ်ဆတ်သောလေအားရှူရှိုက်ရန်အပြင်ထွက်သင့်ပေသည်။
ယနေ့သည်အလုပ်နားရက်မဟုတ်သည့်အတွက် အငြိမ်းစားယူထားသည့်ရပ်ကွက်ထဲရှိ အဘိုးအို၊အဘွားအိုများမှတစ်ပါး လမ်းလျှောက်နေသည့်လူငယ်မှာမိမိသာရှိလေသည်။
သဘာဝကျကျပင် လူတိုင်းသည်မိမိနောက်ကွယ်တွင်အတင်းပြောကြတော့သည်။
"ဝိုး ဒီမိန်းကလေးက အမြဲပျင်းရိနေတော့တာပါပဲ..."
ငါဘာမှမလုပ်ချင်ဘူးလို့ထင်သလား။အဲ့ဒါက ငါ့ရဲ့စွမ်းဆောင်ရည်တွေကို ပြသခွင့်မပြုတဲ့လူ့အဖွဲ့အစည်းရဲ့အပြစ်ပဲလေ။
စုယန်မှမိမိအားသေလောက်အောင် ငြီးငွေ့စေသဖြင့်မိမိလည်းလေကောင်းလေသန့်ရှူရန်ထွက်လာခဲ့လိုက်သည်။သို့သော်လည်း မိမိသာဝေးဝေးလျှောက်မိပါက ပြန်ရန်အခက်အခဲဖြစ်လာပေလိမ့်မည်။ထို့ကြောင့် ဖုန်းအားယူကာ ငွေအချို့အိတ်ကပ်ထဲထည့်၍ ရပ်ကွက်ပတ်လည်အနီးအနားလမ်းလျှောက်ရန်ထွက်လာလိုက်ပြီး ထို့နောက်တွင်တော့ နေ့လည်စာနှင့်ညစာပြင်ဆင်ရန်လိုအပ်သည့်စားသောက်ကုန်များအဆင်ပြေပြေဝယ်ယူနိုင်ရန် စူပါမားကတ်ဆီဦးတည်သွားလိုက်သည်။
ဝိုး!ငါကတော့ တစ်ဖြည်းဖြည်းနဲ့စုယန်ရဲ့နာနီဖြစ်လာနေပြီပဲ။
မိမိ၏အစားကြူးသောပါးစပ်ကြောင့် 4kgလောက်လေးသောဖရဲသီးကြီးအားသယ်လာလိုက်သည်။ထပ်ပြောရလျှင် မိမိလက်မောင်းများပေါ်ရှိစျေးဝယ်အိတ်များမှာ စားသောက်ကုန်များဖြင့်ပြည့်နေလေသည်။စူပါမားကတ်အပြင်သို့လမ်းလျှောက်ထွက်လာသည်နှင့် မိမိမှာလက်မောင်းများကျိုးသွားတော့မည်ဟုပင်ခံစားနေရသည်။မိမိ၏အဆစ်တိုင်းသည်လည်း စတင်ထုံကျင်လာတော့သည်။
မိမိမှစျေးဝယ်ရင်း စျေးဝယ်လှည်းထဲသို့ပစ္စည်းများနေရာချနေစဉ်တုန်းကတော့ ဘာတစ်ခုမှမခံစားရသေးပေ။ကောင်တာဆီမရောက်ခင်ထိပင် မသိခဲ့သေးပဲ နံပါတ်များဆက်တိုက်တက်လာတော့မှသာ မိမိမှဘယ်လောက်များများဝယ်ယူခဲ့သည်ကိုသိလိုက်ရသည်။
အိုင်းယား!ငါဘာလို့အများကြီးဝယ်ခဲ့ရတာလဲ။
စူပါမားကတ်မှနေအိမ်ပြန်နိုင်ရန် လမ်း၂သွယ်ရှိလေသည်။တစ်လမ်းမှာ မိမိမှဒီကိုလာစဉ်ကလာခဲ့သောလမ်းဖြစ်သည်။ထိုလမ်းမှာ မိန်းလမ်းဖြစ်၍အသွားအလာထူထပ်လေသည်။သို့သော် မိမိရပ်ကွက်၏အဓိကဝင်ပေါက်ဆီပြန်မရောက်ခင်အထိ တော်တော်များများကွေ့ဝိုက်သွားရန်လိုလေသည်။မိမိသွားနိုင်သည့်အခြားလမ်းမှာ အနီးအနားရှိအဆောက်အဦးနံရံနှစ်ခုကြားမှဖြစ်နေသော မှောင်မဲနေသည့်လမ်းကြားဖြစ်သည်။သို့သော်ငြား လမ်းကြားသည် မိမိအားရပ်ကွက်ဝင်ပေါက်ဆီတည့်တည့်ပို့ပေးနိုင်သည်။
တစ်ခုတည်းသောအားနည်းချက်မှာ လမ်းကြားသည်လမ်းကြားဖြစ်နေရုံမျှသာဖြစ်သည်။ပြီးနောက် သတင်းများအရဒီရက်များတွင်ထိုနေရာ၌ရာဇဝတ်မှုဖြစ်ပွားမှုသည် တိုးလာနေသည်။ထို့ကြောင့် မိမိမှာထိုလမ်းမှမသွားဖြစ်သည်မှာအတော်ကြာနေလေပြီ။
သို့သော် ပစ္စည်းဘယ်လောက်များများ မိမိသယ်ဆောင်ထားသည်ကိုတွေ့လိုက်သောအခါတွင်တော့ မိမိသည်နည်းနည်းထပ်တွေးကာ လမ်းကြားအားရွေးရန်ဆုံးဖြတ်လိုက်သည်။
နေ့ခင်းဘက်မှာ လူတွေကရာဇဝတ်မှုကျူ းလွန်မယ်ဆိုတာက ဘယ်လိုဖြစ်နိုင်မှာလဲ။
မိမိမှလမ်းကြားအပြင်ဘက်မတ်တပ်ရပ်လိုက်ချိန်မှာတော့ မိမိသည်နောင်တရသလိုခံစားနေရသည်။မိမိမှာလင်းထိန်သောနေရာတွင်ရပ်နေပေမယ့် လမ်းကြားတစ်ခုလုံးမှာတော့ အလင်းရောင်ရှိမနေပါပေ။လမ်းကြားသည် ရှည်လျားပြီးကျဉ်းမြောင်းကာ အဆုံးကိုပင် မမြင်နိုင်ခဲ့ပေ။ထိုသည်မှာ စကြာဝဠာသို့လျှို့ဝှက်ဆန်းကြယ်သောလမ်းတစ်လမ်းကဲ့သို့ပင်။
*ဂလု*
မိမိသည်တံထွေးမျိုချလိုက်ကာ စိတ်ကိုပြင်ဆင်လိုက်သည်။