The Everlasting One (volume 2...

By _pannthoon_

758K 75K 17.5K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Volume 3 Preview

6.1K 766 85
By _pannthoon_

Unicode

သူသည် ၂၁ ရာစု​၏ ကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူး​၏။

ထို့နောက် မမျှော်လင့်ပါဘဲ တခြားသောစကြဝဠာသို့ရောက်ရှိကာ ထိုတွင် မောင်နှင့်တွေ့ဆုံခဲ့သည်။

သူ မိသားစုတစ်ခုကိုပိုင်ဆိုင်ခဲ့သည်။ မောင်နှင့်အတူ ထာဝရလက်တွဲရင်း သားသမီးတို့ကို အတူတူပျိုးထောင်သွားမည်ဟု သူ​၏အနာဂတ်စိတ်ကူးကို ပုံဖော်ခဲ့ဖူးသည်။

သို့ရာတွင်.....

ထိုသို့ အရာအားလုံးပြီးပြည့်စုံနေပြီးမှ သူပြန်လည်ရောက်ရှိလာသည်က ပိုးသတ်ဆေးနံ့များမွှန်နေသော ဆေးရုံတစ်ခုသာ။

သူမလှုပ်ရှားနိုင်ပေ။ သူ ကိုမာဝင်နေသည်။ ဆေးရုံကုတင်ထက် ပက်လက်လှန်ရင်းသာ မျက်နှာကြက်ကို စိုက်ကြည့်နေရသည်။

သို့ရာတွင် သူမျက်လုံးထောင့်စွန်း၌ တစ်စုံတစ်ရာကိုတွေ့နိုင်သည်။ ယင်းမှာ ကြောင်ဖြူတစ်ကောင်ဖြစ်သည်။

မဟုတ်သေး ဆံပင်အဖြူရောင်ရှိသော လူတစ်ယောက်ဖြစ်သည်။ ထိုသူက မာရစ်မျိုးနွယ်ဝင် စုန်းထီး နရတ်သာ။

" အမတ်မင်း ကျွန်ုပ်တို့ အလောင်းကစားတစ်ခုလောက် လုပ်ကြည့်ကြတော့မလား"

အဆိုပါ စုန်းထီးနရတ်က ခပ်ပြုံးပြုံးနှင့်ဆိုသည်။

ထို့နောက်တွင် သူ​၏လက်တစ်ဖက်က မင်းလွင်​၏အောက်ဆီဂျင်ပိုက်ကို ဖြုတ်လိုက်လေသည်။

အမှောင်ထုကြီးစိုးလာသည်။
ထို့နောက်တွင် စစ်ပွဲထဲသို့ သူပြန်လည်ရောက်ရှိလာသည်။

" အချိန်ယန္တရားတံခါးပေါက် ပွင့်တော့မယ်!"

" ငါတို့ရဲ့ ရွေးချယ်မှုတိုင်းက စကြဝဠာအသစ်တစ်ခုကိုဖြစ်ပွားစေတယ်။ စကြဝဠာအသစ်ဖြစ်ပေါ်တာက ကိစ္စမရှိပေမဲ့ စကြဝဠာနှစ်ခုကို ပူးပေါင်းဖို့ကြိုးစားမိရင်တော့
ကြီးမားတဲ့ ဆိုးကျိုးတစ်ခုဖြစ်ပေါ်လာမှာပဲ"

" လူသောင်းသိန်းချီ သေဆုံးနေပြီ။ အချိန်ကိုထိန်းချုပ်နိုင်တဲ့ 5th dimension ကိုသွားဖို့အတွက် မင်းယောဇာက တစ်မြို့လုံး တစ်နိုင်ငံလုံး လူမျိုးတုံးသတ်ပစ်မှာသေချာတယ်"

" အချိန်ယန္တရားထဲ ဖြတ်သန်းနိုင်ဖို့ ဘာတွေကိုစတေးရနိုင်မလဲ"

ပျက်စီးခြင်းကံနှင့် ဖွားမြင်လာသူ ယောဇာ​၏လုပ်ရပ်များက နိုင်ငံအနှံ့ သွေးပင်လယ်ဝေခြင်းကို ဖြစ်ပေါ်စေလာသောအခါ...

" ကျွန်ုပ်ရဲ့ဦးလေးက အချိန်ကူးသန်းတံတားတည်ဆောက်နည်းကို ရေးသားခဲ့တယ်။ သူ့ဆီမှာ အဲ့ဒီ့တံတားကို ဖျက်ဆီးနည်းလည်း ရှိနေတယ်"

မာရစ်မျိုးနွယ်​၏ စကားများကြောင့် မာရစ်မိသားစု​၏အမွေအနှစ်အစီအရင်များကို ပြန်လည်ရှာဖွေဖို့ ဖြစ်လာသည့်အခါ....

" မောင့်ကို ထပ်ပြီး မထားသွားပါနဲ့တော့ ယုဂန်။ ကျေးဇူးပြုပြီးကတိပေးပါ"

ကတိစကားတောင်းဆိုမှုနှင့်အတူ မှုန်ရီဝေဝါးနေခဲ့တဲ့ မောင့်မျက်ဝန်းတွေ။

သူ့ကိုဆုပ်ကိုင်ထားတဲ့ သမီးတော်လေးရဲ့လက်သေးသေးလေးတွေ၊ သူ့ရင်ခွင်ထဲ တိုးဝင်လာတဲ့ မင်းသားလေးဝသန္တရဲ့ ရှိုက်ငိုသံတွေ။

ထို့နောက်တွင် ပေါက်ကွဲမှုတွေ၊ မီးတွေ၊ ပြိုကျလာတဲ့ ကျောက်မှုန်ကျောက်မွှားတွေ။

" မင်းယောက်ျား ဆုံးသွားပြီလေ ယုဂန်နိုင်"

လှောင်ပြောင်ရင်းဆိုလာသည့် မင်းယောဇာ​​၏ မထိတရီစကားတွေ။

ကောင်းကင်ကြီး နှစ်ခြမ်းကွဲသည်။ လူ့အလောင်းများ လမ်းပေါ်တွင် စုပြုံလာသည်။

လောကကြီး​၏ပျက်စီးခြင်းကို ဦးတည်လာသောအမှုကိစ္စများ တစ်စထက်တစ်စ နီးကပ်လာလေပြီ။

စစ်ပွဲတွေ။

လူသေအလောင်းတွေ။

ထို့ထက်မူ

နှစ်ခြမ်းကွဲလာသော ကောင်းကင်ကြီးနှင့် ပုံဖော်မရအောင်ရှုပ်ထွေးပြီး လှပလွန်းသော သဘာဝ​၏ဆန်းကျယ်သော မုခ်တံခါးဝတွေ။

လူလုပ်စကြဝဠာကူးသန်းပေါက် ပေါ်ထွက်လာလေပြီ။

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အချိန်များအားလုံးဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာပင် ဒြပ်ထုအနေနှင့် ပုံပေါ်လာလေပြီ။ 

" ဒါတွေကို မတားဆီးနိုင်ရင် စကြဝဠာသုံးခုလုံး ပျက်စီးသွားလိမ့်မယ်"

ထိုအရာအားလုံးကို တားဆီးနိုင်သူက

" မင်းလွင်..."

ယုဂန်နိုင် ပေရွက်ကိုကြည့်ရင်း အံ့ဩစွာ ရေရွတ်မိလိုက်သည်။

" အရှင့်သားအရုဏ ထီးနန်းကို ဆက်ခံတော်မူပါ"

အမတ်အိုကြီးတစ်စုဟာ အရုဏရှေ့တွင် ရိုသေစွာနှင့်ပြားပြားဝပ်ကာ တညီတညွတ်တောင်းဆိုလာခဲ့သည်။

*************************
.
.
.
Zawgyi

သူသည္ ၂၁ ရာစု​၏ ေက်ာင္းသားတစ္ဦးျဖစ္ခဲ့ဖူး​၏။

ထို႔ေနာက္ မေမွ်ာ္လင့္ပါဘဲ တျခားေသာစၾကဝဠာသို႔ေရာက္ရွိကာ ထိုတြင္ ေမာင္ႏွင့္ေတြ႕ဆုံခဲ့သည္။

သူ မိသားစုတစ္ခုကိုပိုင္ဆိုင္ခဲ့သည္။ ေမာင္ႏွင့္အတူ ထာဝရလက္တြဲရင္း သားသမီးတို႔ကို အတူတူပ်ိဳးေထာင္သြားမည္ဟု သူ​၏အနာဂတ္စိတ္ကူးကို ပုံေဖာ္ခဲ့ဖူးသည္။

သို႔ရာတြင္.....

ထိုသို႔ အရာအားလုံးၿပီးျပည့္စုံေနၿပီးမွ သူျပန္လည္ေရာက္ရွိလာသည္က ပိုးသတ္ေဆးနံ႔မ်ားမႊန္ေနေသာ ေဆး႐ုံတစ္ခုသာ။

သူမလႈပ္ရွားႏိုင္ေပ။ သူ ကိုမာဝင္ေနသည္။ ေဆး႐ုံကုတင္ထက္ ပက္လက္လွန္ရင္းသာ မ်က္ႏွာၾကက္ကို စိုက္ၾကည့္ေနရသည္။

သို႔ရာတြင္ သူမ်က္လုံးေထာင့္စြန္း၌ တစ္စုံတစ္ရာကိုေတြ႕ႏိုင္သည္။ ယင္းမွာ ေၾကာင္ျဖဴတစ္ေကာင္ျဖစ္သည္။

မဟုတ္ေသး ဆံပင္အျဖဴေရာင္ရွိေသာ လူတစ္ေယာက္ျဖစ္သည္။ ထိုသူက မာရစ္မ်ိဳးႏြယ္ဝင္ စုန္းထီး နရတ္သာ။

" အမတ္မင္း ကြၽန္ုပ္တို႔ အေလာင္းကစားတစ္ခုေလာက္ လုပ္ၾကည့္ၾကေတာ့မလား"

အဆိုပါ စုန္းထီးနရတ္က ခပ္ၿပဳံးၿပဳံးႏွင့္ဆိုသည္။

ထို႔ေနာက္တြင္ သူ​၏လက္တစ္ဖက္က မင္းလြင္​၏ေအာက္ဆီဂ်င္ပိုက္ကို ျဖဳတ္လိုက္ေလသည္။

အေမွာင္ထုႀကီးစိုးလာသည္။
ထို႔ေနာက္တြင္ စစ္ပြဲထဲသို႔ သူျပန္လည္ေရာက္ရွိလာသည္။

" အခ်ိန္ယႏၲရားတံခါးေပါက္ ပြင့္ေတာ့မယ္!"

" ငါတို႔ရဲ႕ ေ႐ြးခ်ယ္မႈတိုင္းက စၾကဝဠာအသစ္တစ္ခုကိုျဖစ္ပြားေစတယ္။ စၾကဝဠာအသစ္ျဖစ္ေပၚတာက ကိစၥမရွိေပမဲ့ စၾကဝဠာႏွစ္ခုကို ပူးေပါင္းဖို႔ႀကိဳးစားမိရင္ေတာ့
ႀကီးမားတဲ့ ဆိုးက်ိဳးတစ္ခုျဖစ္ေပၚလာမွာပဲ"

" လူေသာင္းသိန္းခ်ီ ေသဆုံးေနၿပီ။  အခ်ိန္ကိုထိန္းခ်ဳပ္ႏိုင္တဲ့ 5th dimension ကိုသြားဖို႔အတြက္ မင္းေယာဇာက တစ္ၿမိဳ႕လုံး တစ္ႏိုင္ငံလုံး လူမ်ိဳးတုံးသတ္ပစ္မွာေသခ်ာတယ္"

" အခ်ိန္ယႏၲရားထဲ ျဖတ္သန္းႏိုင္ဖို႔ ဘာေတြကိုစေတးရႏိုင္မလဲ"

ပ်က္စီးျခင္းကံႏွင့္ ဖြားျမင္လာသူ ေယာဇာ​၏လုပ္ရပ္မ်ားက ႏိုင္ငံအႏွံ႔ ေသြးပင္လယ္ေဝျခင္းကို ျဖစ္ေပၚေစလာေသာအခါ...

" ကြၽန္ုပ္ရဲ႕ဦးေလးက အခ်ိန္ကူးသန္းတံတားတည္ေဆာက္နည္းကို ေရးသားခဲ့တယ္။ သူ႔ဆီမွာ အဲ့ဒီ့တံတားကို ဖ်က္ဆီးနည္းလည္း ရွိေနတယ္"

မာရစ္မ်ိဳးႏြယ္​၏ စကားမ်ားေၾကာင့္ မာရစ္မိသားစု​၏အေမြအႏွစ္အစီအရင္မ်ားကို ျပန္လည္ရွာေဖြဖို႔ ျဖစ္လာသည့္အခါ....

" ေမာင့္ကို ထပ္ၿပီး မထားသြားပါနဲ႔ေတာ့ ယုဂန္။ ေက်းဇူးျပဳၿပီးကတိေပးပါ"

ကတိစကားေတာင္းဆိုမႈႏွင့္အတူ မႈန္ရီေဝဝါးေနခဲ့တဲ့ ေမာင့္မ်က္ဝန္းေတြ။

သူ႔ကိုဆုပ္ကိုင္ထားတဲ့ သမီးေတာ္ေလးရဲ႕လက္ေသးေသးေလးေတြ၊ သူ႔ရင္ခြင္ထဲ တိုးဝင္လာတဲ့ မင္းသားေလးဝသႏၲရဲ႕ ရႈိက္ငိုသံေတြ။

ထို႔ေနာက္တြင္ ေပါက္ကြဲမႈေတြ၊ မီးေတြ၊ ၿပိဳက်လာတဲ့ ေက်ာက္မႈန္ေက်ာက္မႊားေတြ။

" မင္းေယာက္်ား ဆုံးသြားၿပီေလ ယုဂန္ႏိုင္"

ေလွာင္ေျပာင္ရင္းဆိုလာသည့္ မင္းေယာဇာ​​၏ မထိတရီစကားေတြ။

ေကာင္းကင္ႀကီး ႏွစ္ျခမ္းကြဲသည္။ လူ႔အေလာင္းမ်ား လမ္းေပၚတြင္ စုၿပဳံလာသည္။

ေလာကႀကီး​၏ပ်က္စီးျခင္းကို ဦးတည္လာေသာအမႈကိစၥမ်ား တစ္စထက္တစ္စ နီးကပ္လာေလၿပီ။

စစ္ပြဲေတြ။

လူေသအေလာင္းေတြ။

ထို႔ထက္မူ

ႏွစ္ျခမ္းကြဲလာေသာ ေကာင္းကင္ႀကီးႏွင့္ ပုံေဖာ္မရေအာင္ရႈပ္ေထြးၿပီး လွပလြန္းေသာ သဘာဝ​၏ဆန္းက်ယ္ေသာ မုခ္တံခါးဝေတြ။

လူလုပ္စၾကဝဠာကူးသန္းေပါက္ ေပၚထြက္လာေလၿပီ။

အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္ အခ်ိန္မ်ားအားလုံးဟာ တစ္ခ်ိန္တည္း တစ္ေနရာတည္းမွာပင္ ျဒပ္ထုအေနႏွင့္ ပုံေပၚလာေလၿပီ။ 

" ဒါေတြကို မတားဆီးႏိုင္ရင္ စၾကဝဠာသုံးခုလုံး ပ်က္စီးသြားလိမ့္မယ္"

ထိုအရာအားလုံးကို တားဆီးႏိုင္သူက

" မင္းလြင္..."

ယုဂန္ႏိုင္ ေပ႐ြက္ကိုၾကည့္ရင္း အံ့ဩစြာ ေရ႐ြတ္မိလိုက္သည္။

" အရွင့္သားအ႐ုဏ ထီးနန္းကို ဆက္ခံေတာ္မူပါ"

အမတ္အိုႀကီးတစ္စုဟာ အ႐ုဏေရွ႕တြင္ ႐ိုေသစြာႏွင့္ျပားျပားဝပ္ကာ တညီတၫြတ္ေတာင္းဆိုလာခဲ့သည္။

*************************

Continue Reading

You'll Also Like

25.6K 1.3K 32
" ဒီဝတ်စုံကို မင်းဝတ်ချင်သလား ခွန်းသက်တံ့" "ကိုကိုသာ ကျွန်တော့်ကို မရွံမုန်းခဲ့ရင်ပေါ့" " ဒီဝတ္စုံကို မင္းဝတ္ခ်င္သလား ခြန္းသက္တံ့" "ကိုကိုသာ ကြၽန္...
2.4M 280K 106
Start Date : 4.9.2020 End Date : 24.11.2021 သူဟာ သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ ။ မှော်စွမ်းအင်တွေ၊ parallel worldတွေကို ယုံကြည်တဲ့ကောင်လေးတစ်ယေ...
177K 26.2K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~
892K 100K 59
The contents of this fiction are purely the author's imagination.