First Love , Perfect Love (Co...

Da TreasureHeaven

2.3M 171K 22.2K

Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023 Altro

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
28
29
30
31
32
ဇာတ်သိမ်းပိုင်း
💞
Book Details

27

66.9K 4.5K 512
Da TreasureHeaven

ဖုန်းလာ​နေသည်မို့ ကာရံညီညာက အိပ်​နေရင်းမှ မျက်လုံးမဖွင့်ဘဲ ကုတင်​ပေါ်လက်နဲ့ စမ်းကာ ကိုင်လိုက်သည်။ ​တောင်ကြီးက ည​​နေ​ခြောက်နာရီ​လောက်မှ ပြန်လာပြီး သုံးနာရီ​လောက်ပဲ အိပ်လိုက်ရပြီး ​​ကျောင်းသွားခဲ့ရသည်။ ​ကျောင်းက အတန်းချိန်ပြီး​တော့ ​နေ့လယ်သုံးနာရီ ထိုး​နေပြီ။ ထည့်ယူသွားတဲ့ ထမင်းချိုင့်​တောင် ဖွင့်မစားဖြစ်ဘဲ အိမ်​ရောက်​ရောက်ချင်း အိပ်​ပျော်​နေတာ။

' Hello '

' Video Callဖွင့်လိုက်ပါ့လား။ စကား​ပြောရ​အောင်။ '

ကာရံညီညာက အိပ်ယာ​ပေါ်မှ ကျုံးထလိုက်ပြီး Video Callဖွင့်လိုက်သည်။အိပ်​ရေးပျက်ထားတာမို့ မျက်​တောင်အရှည်ကြီး​တွေက ဟိုတစ်စု၊ဒီတစ်စု ပူးကပ်​နေသည်။

" ဘာ​ပြောမလို့လဲ။ "

အိပ်​ရေးပျက်သွားတာမို့ စိတ်​​ကောက်သွားပုံပဲ။ ကာရံညီညာက မကြည််မသာနဲ့ ​ဖြေလာသည်။

" အိပ်​ပျော်​​နေတာပဲ။ "

" အင်း ... ​ကျောင်းကပြန်​ရောက်ထဲက အိပ်​နေတာ။ မ​​နေ့က ကားအကြာကြီး စီးထားရ​တော့ ခါး​တွေနာ​နေတာ။ "

စိုင်းစွမ်းထက်ပိုင်က ထမင်းစားခန်းမှာ ဖြစ်ကာ ဖုန်းကို စားပွဲ​ပေါ်မှာ ပစ္စည်းတစ်ခုခုနဲ့ ​ထောက်ထားတာ ဖြစ်သည်။စိုင်းစွမ်းထက်ပိုင်က လက်ပတ် နာရီကို တစ််ချက်ကြည့်ပြီးမှ ထပ်​ပြောလာသည်။

" အိပ်ချင်​နေ​သေးလား။ ကိုယ် ပြီးမှ တစ်​ခေါက်​ခေါ်လိုက်မယ်​လေ။ "

" ဟင့်အင်း "

ကာရံညီညာက ကုတင်​ပေါ် တင်ပလ္လင်​ခွေကာ ထိုင်​နေပြီး ​ကုတင်​ခေါင်းရင်းက တိုင်​ပေါ်ကိုခေါင်းအုံး​​ထောင်ထားကာ ဖုန်းကို ထို​ပေါ်မှာ တင်ထားလိုက်သည်။ ရှပ်လက်ရှည်အဖြူနဲ့ ပုဆိုးအနီကွက်​လေးပဲ ဝတ်ထား​သေးတာမို့ ​ကျောင်းကပြန်လာပြီးအဝတ်အစား​တောင် မလဲရ​သေးမှန်း သိသာသည်။

"ငါးရက်​လောက်ဆိုရင် ကိုယ်ပြန်လာလို့ရပြီ။ "

ကာရံညီညာက ခုနကလို ​ခေါင်းငိုက်စိုက် မဟုတ်​​တော့ဘဲ ​ခေါင်း​​လေး​​မော့လာကာ မျက်စံဝိုင်းဝိုင်း​​​လေးကပါ ​တောက်ပလာပြီး​​မေးသည်။

" တကယ်လား။ "

" အင်း ...ကို​ဇော်မျိုးကို အလုပ်ထုတ်လိုက်တာမို့ ပုံမှန်ဆို ဆယ်ရက်​လောက် ကြာဦးမှာ ဆို​ပေမယ့် ဒီ​နေရာကို အစားထိုးမယ့် တွဲဖက်အင်ဂျင်နီယာ​က မထင်မှတ်ဘဲ ခပ်မြန်မြန်​ရောက်လာမှာလေ။ လုပ်ငန်းအ​ကြောင်း​တော့ ​သေချာ​ဆွေး​နွေးရမှာ​ပေါ့။ကုမ္ပဏီက ​ခေါ်တာမဟုတ်ဘဲ စိုင်းရတုဟန်နဲ့ စပ်ဆက်ပြီး ​ခေါ်လိုက်တာ။ ကိုယ်တို့နဲ့​ကျောင်း​နေဖက်ပဲ။သူက စိုင်းရတုနဲ့Modelဘက်ပါ လိုင်းတူ​တော့ သူတို့ချင်း ပိုရင်းနှီးသွားတာ။စိုင်းရတုက အာမခံ​ပေးထားတာမို့ စိတ်ချရတယ်။လုပ်ငန်းပိုင်းလည်း ကျွမ်းကျင်ပြီး နာမည်ပျက်မရှိဘူး။ "

" ​ကောင်းတာ​ပေါ့။ "

ကာရံညီညာက Tutorialစာအုပ်ကို ​ပေါင်​ပေါ်​ရွှေ့တင်လိုက်ရင်း ​ပြောလာသည်။

" စာအုပ်​တွေ စစ်ရဦးမှာ။ အရင်က မင်းပါကူစစ်​ပေး​တော့ ပျင်းစရာမရှိဘူး။ အခုကြ ပျင်း​နေ​ရော။ "

ကာရံညီညာက ​တခါတ​လေ အပျင်းကြီးတတ်သည်။ စာစစ်ရင်​​တောင် စိုင်းစွမ်းထက်ပိုင် ရင်ခွင်ထဲ​​ခွေ​နေကာ လူတစ်ကိုယ်လုံးက ပစ်မှီထားတာမျိုး၊ စိုင်းစွမ်းထက်ပိုင် ကိုယ်​ပေါ် ဝမ်းလျား​မှောက်ကာ ထပ်လျက်ဖြင့် ရင်ဘတ်​ပေါ် ​ခေါင်း​လေးမီပြီး စစ်တာမျိုး​တွေ ရှိသည်။ ဒီအတွက်​ကြောင့်လည်း စိုင်းစွမ်းထက်ပိုင်၏ ကားအ​နောက်ခန်းထဲမှာ အ​မွှေးပွ​စောင်နဲ့ ဆီလီကွန်​ခေါင်းအုံး​လေးက အမြဲတမ်း ရှိ​နေတတ်သည်။

" လူကြီ​လေး ... ဒီကို ကြည့်စမ်း။ "

စာအုပ်​တွေကို ခုံနံပါတ် အစဥ်လိုက်အတိုင်း ထပ်​နေရင်းမှ ကာရံညီညာက ​​မော့ကြည့်သည်။ စိုင်းစွမ်းထက်ပိုင်၏ လက်ထဲမှာ ဆွဲကြိုး​​လေး တစ်ကုံးရှိ​နေသည်။

" သ​ဘောကျလား။ "

" အင်း ... လှတယ်။ "

စိုင်းစွမ်းထက်ပိုင်က ဆွဲကြိုးကိုင်ထားသည့် လက်​လေးကို ဖုန်းအနားထိ တိုးကပ်ကာ ပြလိုက်သည်။

" လူကြီး​လေးအတွက် ... မင်္ဂလာဦးလက်​​ဆောင် "

" ဆွဲကြိုးမဝတ်ချင်ဘူး။မင်းပဲ သိမ်းထားလိုက်။ "

" ​သေချာကြည့်ကြည့်ပါဦးကွ။ "

​ရွှေဖြူ ဆွဲကြိုးမျှင်၏ အ​ပေါ်မှာ ​သေချာအနုစိပ်ပြုလုပ်ထားတဲ့ အဆင်တန်ဆာ​လေးကို ကာရံညီညာ မြင်သာ​အောင် စိုင်းစွမ်းထက်ပိုင်က ပြသည်။

" ​ဝေရာ​စေ့ ပုံစံလား။ "

" အင်း "

ဆွဲကြိုးမျှင်​ပေါ်မှာကပ်ပြီး အလှဆင်ထားတာက ​ဝေရာ​စေ့ပုံစံ​ ရွှေဖြူပြား​သေး​သေး​ပါးပါးလေး​တွေပင်။

" ဆယ်တန်း​ပြီး​​နောက်ရက် အ​ဖြေ​ရတဲ့​နေ့က ကိုယ်ဝယ်​ပေးတဲ့ ဆွဲကြိုးနဲ့ ပုံစံတူ​လေ။အ​ကောင်းဆုံး​​တွေပဲ အမြဲ​ပေးချင်​ပေမယ့် အဲ့ဒီအရွယ်တုန်းက ကိုယ်ပိုင်ဝင်​ငွေမရှိခဲ့ဘူး​လေ။ အခုမှ ကိုယ်ပိုင်ပိုက်ဆံနဲ့ ကိုယ်တို့ရဲ့ အမှတ်တရပစ္စည်း​လေးကို ​​သေချာပုံသွင်းဖြစ်တာ။ လုပ်ရတာ လက်ဝင်တာမို့ အချိန်​တော့ ​စောင့်လိုက်ရတယ်။ ဒီလူက အမြဲတမ်း စ, ​​နောက်​နေ​ပေမယ့် လူကြီး​လေးနဲ့ ပတ်သတ်ရင် အ​သေးစိတ်ကစ မှတ်မိ​နေပြီး အရာရာ ဖြည့်ဆည်း​ပေးချင်တာ အတည်ပါ။ "

" သုံးရာ​တန်ဆွဲကြိုးလည်း အခုထိ ရှိ​သေးတယ်။အိမ်မှာဆို ​ပျောက်မှာဆိုးလို့ အရင်ရက်က ခင်မီ​ဇော်ကို လာ​​ပေးခိုင်းထားတာ။ "

ကာရံညီညာက ကုတင်​ပေါ်က ခဏဆင်းသွားပြီး ပြန်လာ​တော့ လက်ထဲမှာ ​ဝေရာ​​​​စေ့ ဆွဲကြိုး​လေးပါလာသည်။

" မင်းက စ, ​နောက်ပြီး ​ပေးလိုက်တာဆို​ပေမယ့် ချစ်သူဘဝရဲ့ ပထမဆုံး အမှတ်တရမို့ ငါလည်း တန်ဖိုးထားတယ်။ အခုထိ သိမ်းထားတယ်။"

​ယောကျ်ား​လေးနှစ်​ယောက် ဖြစ်တာမို့ ချစ်သူဘဝမှာ အမှတ်တရပစ္စည်း လက်​ဆောင်​ပေးတာ မရှိသ​လောက်ရှားသည်။ ချစ်သူများ​နေ့မှာ​တောင် ​ချောကလတ်​တွေ၊ အရုပ်​တွေ အပြန်အလှန်​ပေးရမည့်အစား လူသတ်ကား၊သရဲကား ၊3Dရုပ်ရှင်သွားကြည့်တာတို့ နဲ့ အချိန်ကုန်တာ များသည်။

" ကိုယ်က ပျက်သွားပြီ​တောင် ထင်​နေတာ။ "

" ကြိုးပျက်သွားလို့ အသစ်​တော့ ​ပြောင်းထားတယ်။ တချို့အ​​စေ့​တွေကလည်း ပြုတ်ကုန်တာ​တော့ ရှိတယ်​လေ။ "

" ကိုယ်ကအခု မင်္ဂလာဦးအထိမ်းအမှတ် ဝယ်​​ပေးတာမို့ လက်ခံ​ပေးပါ။ သိမ်းထားလည်း သ​ဘောပဲ။ "

" အင်း "

ကာရံညီညာက ​ခေါင်းငြိမ့်သည်။ စိုင်းစွမ်းထက်ပိုင်က စကား​ပြော​နေရင်းမှ ကာရံညီညာ့ဆီ ​ကိုယ်တိုင်Designဆွဲထားတဲ့ အိမ်ပုံ​လေး​​တွေ ပို့​ပေးသည်။ နှစ်ထပ်ခွဲ​လေးကို လှလှပပ​လေး။

" ပြန်လာမှ ​ပြောလည်း ရ​ပေမယ့် ​ပျော်စရာဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ အရင်မျှ​ဝေချင်တာမို့ ကိုယ်မ​စောင့်နိုင်ဘူး။ ကိုယ်ပို့ထားတဲ့ အိမ်ပုံစံ​တွေထဲက တစ်ခု​ရွေးလိုက်​လေ။ အဲ့ဒါ ကိုယ်တို့အိမ်​လေး ဖြစ်လာမှာ။ "

ကာရံညီညာက ပုံ​​လေး​တွေကို ကြည့်လိုက်သည်။​အေး​အေးချမ်းချမ်းနဲ့ လှလှ​လေး​လေး​တွေကြည့်ပဲ။

" အခုအိမ်မှာ ​နေသွားမှာဆို​ပေမယ့် အိမ်​ထောင်ကျပြီးသွား​နောက် ကိုယ်တို့အိမ်​လေးလည်း ရှိချင်လို့​လေ။ ကိုယ်နဲ့လူကြီး​​လေး ​နှစ်​ယောက်ပဲ ပိုင်တဲ့အိမ်မျိုး​​ပေါ့။ ခြံဝယ်ပြီးတာ ​ခြောက်လ​လောက်ရှိပြီ။ အခု အိမ်​ဆောက်ဖို့အတွက်လည်း ကိုယ်ပိုင် ပိုက်ဆံက လုံ​လောက်​နေပြီမို့ လူကြီး​လေးကို အိမ်​လေးတစ်လုံး​ပေးမလို့။ "

" ငါက မင်းကို ဘာမှ မ​ပေးနိုင်​သေးဘူး။ "

ကာရံညီညာက ​လေသံခပ်တိုးတိုး​လေးနဲ့ ​ပြောလာသည်။ စိုင်းစွမ်းထက်ပိုင်၏ ဝင်​ငွေဘယ်​လောက်​​တောင် ရှိသလဲ မှန်းဆလို့ရပါသည်။သာမန်နှစ်ထပ်တိုက်တစ်လုံးဆိုရင်​တောင် ကြီးကြပ်​ရေးအတွက် ဝင်​ငွေက သိန်းတစ်ရာ့ငါးဆယ်​လောက်ရှိသည်။တစ်နှစ်အတွင်း ​အောင်မြင်တဲ့ အင်ဂျင်နီယာတစ်​ယောက် လက်ခံသည့် အ​​ဆောက်အဦးက အနည်းဆုံး ဆယ်​ဂဏန်း​ကျော်ရှိသည်။ Hotel​တွေပါ ထည့်တွက်ရင် ထိုထက်နှစ်ဆဖြစ်သည်။

" ​​ချစ်​ပေး​နေရင်ပဲရပါပြီ။ အချစ်ရဲ့ သ​​ဘောတရားမှာ ဘယ်သူက​တော့ သာတယ်။ ဘယ်သူက​တော့ နစ်နာတယ်ရယ်လို့ မရှိပါဘူး။ "

" အင်း "

" စိတ်မ​ကောင်းဖြစ်သွားတာလား။ ကိုယ်က ​ပျော်​စေချင်လို့ ​ပြောလိုက်ကာမှကွာ။ ချက်ချင်း ပြေးလာလို့ ရတာမဟုတ်လို့ မျက်နှာမ​ကောင်း မဖြစ်ပါနဲ့လား။ "

" အင်းပါ "

" ကိုယ်ပြန်လာရင် လူကြီး​လေး မိဘ​တွေကို တစ်​ခေါက်သွား​တွေ့ရ​​အောင်​လေ။ ကန်​​တော့ရင်း​ပေါ့။ "

" အင်း "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့မျက်နှာ​လေးကို ​ငေးကြည့်ပြီးမှ ​ချော့သည့်​လေသံဖြင့် ​မေးလာသည်။

" ဒီ​တော့​ပြောပါဦး။ ကိုယ့်ကို ချစ်သလား။
ဒါမှမဟုတ် လွမ်း​နေသလား။ လွမ်းတာနဲ့ချစ်တာ ဘယ်ဟာကပိုလဲ။ "

ဖုန်းထဲမှာ​တောင် ကာရံညီညာ့၏ နားရွက်​လေး​တွေ ရဲသွားတာ မြင်​နေရသည်။

" ကိုယ် ... မစ ... "

မ​​ဖြေ​လောက်ဘူးအထင်နဲ့ စိုင်းစွမ်းထက်ပိုင်က ​​ပြောလိုက်​​တော့ ကာရံညီညာက ​ဖြေလာသည်။

" မင်းကိုချစ်တယ်။ ​​
​နောက်ပြီးလွမ်းတယ်။
ချစ်တဲ့စိတ်ကပိုတယ်။ "

စိုင်းစွမ်းထက်ပိုင်၏ ရယ်သံခပ်​​​သော​သောကို ကာရံညီညာ ကြားလိုက်ရသည်။

" ကိုယ်က​တော့ ... ကိုပိုလွမ်း​နေတာ။ "

" အရူး​ကောင် "

စိုင်းစွမ်းထက်ပိုင်က Dirty Talkတစ်ခုကို ​အက်ရှရှ​လေသံနဲ့ ​ပြောလိုက်​တော့ ကာရံညီညာက ချက်ချင်း ​အော်ပြီး video call ကိုပါ Endပစ်လိုက်သည်။ မျက်နှာတစ်ခုလုံး ပူထူလာသလို ခံစားလာရတာမို့ လက်နဲ့ယပ်ခပ်သလို ပြုလုပ်​​နေလိုက်သည်။ ပြီး​နောက် ပြန်​တွေးပြီး ပြုံး​နေမိသည်။ကုတင်​ပေါ်က​နေ ​ နေရာမ​ရွှေ့မီ စိုင်းစွမ်းထက်ပိုင်ဆီက messageတစ်​စောင် ဝင်လာပြန်သည်။

' See You Soon,my peaches ' ဆိုတဲ့ စာသားနဲ့အတူ လျှာသပ်​နေတဲ့ emoji​တောင် အစစ်ပါ​သေးသည်။

' မင်းက တဏှာရူးပဲ။ '

ကာရံညီညာ့ဆီက messageပို့ပြီး ခဏကြာ​တော့ စိုင်းစွမ်းထက်ပိုင်ဆီက voice message​ရောက်လာသည်။

' သုံးဆယ့်တစ်ဘုံမှာ ဒီဘုံပဲ လွတ်လွတ်လပ်လပ်နဲ့ တဏှာရူးလို့​ကောင်းတာ​လေ။ " တဲ့။

ကာရံညီညာက ပခုံးနှစ်ဖက်လုံး လှုပ်သည်အထိ ရယ်​နေမိသည်။ကာရံညီညာက စာမပြန်​​တော့​ပေမယ့် စိုင်းစွမ်းထက်ပိုင်က ​နောက်ထပ် videoတစ်ခု ထပ်ပို့လာသည်။စိုင်းစွမ်းထက်ပိုင်၏ လက်အ​ကွေးအဆန့်ပြုလုပ်သည့်​နေရာမှာ အရင်ညက ကာရံညီညာကိုက်ထား​​လို့ ညို​နေသည့် ​ဒဏ်ရာနေရာကို ဆွဲ​ဆောင်မှုရှိရှိ နမ်းပြ​နေ​တဲ့ Videoဖြစ်သည်။သုံးမိနစ်​လောက် ​စောင့်ပြီးတာ​တောင် ကာရံညီညာက စာမပြန်​တော့ ​နောက်ထပ် စာတစ်​စောင် ထပ်ပို့လာသည်။

' ကိုယ်က Sexyကျကျနဲ့ ဖြား​​ယောင်းနေတဲ့ဟာ ...လူကြီး​လေးက ဘာမှမတုံ့ပြန်ဘူး။ အခုကြ ကိုယ့်ကိုယ်ကိုယ် မြန်မာရုပ်ရှင်​တွေထဲက ​ရေခပ်ကပြန်လာတဲ့ မင်းသမီးကို ​​နှောက်ယှက်​နေတဲ့ လူဆိုးကြီးလို ခံစား​နေရပြီ။ ​တော်​သေးတယ် ...ကိုယ်ကရုပ်ခံ​လေးရှိလို့။'

' မင်းကအဲ့ဒီထက်ဆိုးတယ်။ '

' သိတယ် ... ကိုယ့်ကိုယ်ကိုယ်မို့ မ​ပြောရက်လို့။ '

ကာရံညီညာက အိပ်ယာ​ပေါ် လှဲချလိုက်ပြီး စာအုပ်​​တွေ ​ဘေးသို့ တွန်းဖယ်ကာ စိုင်းစွမ်းထက်ပိုင်နဲ့ messengerမှတစ်ဆင့် စာပို့​နေပြန်သည်။Video Callပြီးသွားတာ​တောင် အပြန်အလှန် Message​တွေ ပို့​နေတုန်းပင်။ကာရံညီညာ့ဘက်က တစ်​စောင်ဆို စိုင်းစွမ်းထက်ပိုင်ဘက်က သုံး​စောင်ပို့သည်။

..............................

" ​တောင်ကြီးအလုပ်ဆိုက်က ဒုတိယအရစ်​အတွက် န​လေးရာ့ဆယ့်ငါးသိန်း။ ​နောက်အရစ်အတွက်က စာချုပ်ထဲမှာ ပါတဲ့အတိုင်း ဒုတိယအထပ် စလစ်ပြင်​လောင်းပြီးမှ လွှဲ​ပေးလိမ့်မယ် အ​ဖေ။ "

စိုင်းစွမ်းထက်ပိုင် အိမ်ပြန်​ရောက်​​တော့ ည​နေ​လေးနာရီ​တောင် မထိုး​သေးဘူး။ဦးစွမ်းထက်သူက အလုပ်ကပြန်​​ရောက်ပြီမို့ မိဘနှစ်​​ယောက်လုံး ဧည့်ခန်းမှာ ရှိ​နေ​တော့ ချက်ချင်းပင် ​ကျောပိုးအိတ်ထဲက ပိုက်ဆံထည့်ထားသည့် စက္ကူအိတ်ကို စားပွဲ​ပေါ်ချလိုက်သည်။

" သားရမယ့် ကြီးကြပ်​ရေးFeeထဲက သိန်းငါးဆယ် အရင်ယူထားလိုက်တယ်။ ကျန်တဲ့​ငွေက ပစ္စည်း​တွေအတွက် ​​ငွေကြိုရှင်းတာနဲ့ အလုပ်သမား​တွေ ​ငွေရှင်း​ပေးတာမို့ မကျန်​​တော့ဘူး။ ဒီဒုတိယအရစ်မှာ အ​ဖေ့ကုမ္ပဏီအတွက် ကြက်​ပေါင်ကွင်းပဲ ကျန်တယ်။ "

" ဟာ ... ​ဟေ့​ကောင်။ အဲ့ဒါများ ... ဟန်နဲ့ပန်နဲ့ ပိုက်ဆံထုပ်ချ​ပေး​နေ​သေးတယ်။ "

ဦးစွမ်းထက်သူက ​​ပြောလိုက်​တော့ စိုင်းစွမ်းထက်ပိုင်က ​ကျောပိုးအိတ်ထဲ ပိုက်ဆံပြန်ထည့်ရင်းမှ ရယ်​နေသည်။

" လုပ်ငန်းသ​​ဘောအရ ​ငွေစာရင်း ရှင်းတမ်း​လေ အ​ဖေရယ်။ ကျန်တာ​လေးပဲ ယူထားလိုက်ပါ။ ကြက်​ပေါင်ကွင်း အစိမ်း​လေးက အ​ရောင်ပိုလှတယ်။ ဘယ်ဘက်လက်မှာ စွပ်​ပေးပါရ​စေ။ "

စိုင်းစွမ်းထက်ပိုင်က ဦးစွမ်းထက်သူ၏ ဘယ်ဘက်လက်​ကောက်ဝတ်ကို ကြက်​​ပေါင်ကွင်း အစိမ်းဝတ်​ပေးလိုက်သည်။

" မင်း​ပြော​​တော့ မင်းရဲ့ကြီးကြပ်​​ရေးFee သိန်းတစ်ရာ​​ကျော်ကို အားလုံးပြီးမှ ယူမယ်ဆို။ "

" အဲ့ဒါက အိမ်​ထောင်မကျခင်ကဗျ။ အခုအိမ်​ထောင်ရှိ​နေပြီ။ သားက ဒီပိုက်ဆံနဲ့ ယောကျ်ားယူမလို့။ စုထားတဲ့ပိုက်ဆံနဲ့​ပါပေါင်းပြီး သူ့စိတ်ကြိုက်​လေး မင်္ဂလာဦးဆွမ်းကပ်ပြီး အလှုူလုပ်မလို့။ကိုယ်ပိုင်​ငွေနဲ့ပဲ နှစ်​ယောက်ဘဝ စတင််ချင်လို့။ "

​ဒေါ်နန်းခမ်းလွင်က​တော့ ဘာမှဝင်မ​ပြောဘဲ ပြုံး​နေသည်။

" ငါက မင်းနဲ့ကြီးကြပ်​ရေးfeeကို သ​ဘောတူထားတဲ့အတိုင်းတွက်ပြီး အရစ်ကျ​ငွေ​တောင် အဲ့ဒီဆိုက်ကို ​​ခြောက်ခုခွဲပြီး သွင်းဖို့ သ​ဘောတူထားတာ။ Exportသံမျှင်​တွေမှာထားတာ ​ရောက်​တော့မယ်။ မင်း ဒီပိုက်ဆံ​တွေနဲ့ စရံ သွားရှင်း။မင်းပိုက်ဆံကိုအ​ကြွေး မှတ်ထားလိုက်။ငါအားလုံးပြီးမှ ပြန်​ပေးမယ်။လုပ်ငန်းထဲက​ငွေ ထည့်မသုံးနိုင်ဘူး။ "

" ဟင့်အင်း ... ကျွန်​တော်က သားဖချင်းလည်း အ​ကြွေးမထားဘူး။ စိတ်​တော့မရှိပါနဲ့။"

" ​​ဟေ့​ကောင် ...ငါက မင်းအ​မေကို ဘယက်ဝယ်​ပေးဖို့လည်း ပိုက်ဆံလို​​နေလို့ကွ။ "

"ကိုယ့်အိမ်​ထောင်နဲ့ကိုယ်ပဲ fatherရယ်။ကိုယ်ချင်းမစာနိုင်ဘူး။ ကိုယ့်အိမ်​ထောင်ဖက်ဆီက အမှတ်ယူရမှာ ကိုယ့်တာဝန်​​လေ။မ​ကျေနပ်ရင် ​နောက်ထပ်ဆိုက်​တွေ လက်ခံပြီး အ​မေ့ကို မျက်နှာပြန်လုပ်လိုက်။ "

စိုင်းစွမ်းထက်ပိုင်က ​ကျောပိုးအိတ်ကို ပခုံး​ပေါ် ခပ်​​​လျော​လျောလွယ်ပြီး ထ, သွားသည်။

" စိုင်းစွမ်း မျက်တွင်း​​တွေညိုပြီး ​ချောင်ကျ​နေတာ ​သေချာနားဦး​နော်။ "

​အိမ်​ပေါ်တက်သွား​သော စိုင်းစွမ်းထက်ပိုင်ကို ကြည့်ကာ ​ဒေါ်နန်းခမ်းလွင်က ​အော်​ပြောလိုက်​တော့ စိုင်းစွမ်းထက်ပိုင်က နားလည်​ကြောင်း အို​ကေပုံစံလက်ကိုသုံးကာ လုပ်ပြသွားသည်။

" ဟုတ်အ​မေ "

" မင်း သားကို ကြည့်ဦး။ "

" ရှင်နဲ့တူတာ​လေ။ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်။ "

​ဒေါ်နန်းခမ်းလွင်က ​ပြော​ပြောဆိုဆိုနဲ့ ရယ်ရင်း မီးဖို​ချောင်ဘက် ထွက်သွားသည်။ခရီးက ပြန်​ရောက်ခါစမို့ စိုင်းစွမ်းထက်ပိုင် ကြိုက်တတ်တာ​လေး​တွေ ချက်​ပေးရဦးမည်။

..............................

ကာရံညီညာ အိမ်ကို ပြန်​​ရောက်​တော့ ခြံ​ထဲမှာ စိုင်းစွမ်းထက်ပိုင်၏ ကားကို​တွေ့ရသည်။ ​ရေမ​ဆေးထားရ​သေးသည်မို့ ဘီးလုံး​တွေလည်း ညစ်ပက်​နေကာ ကားမှန်မှာလည်း ဖုန်​​တွေရှိ​နေ​သေးသည်။ကာရံညီညာက ဆိုင်ကယ်ကို ဖြစ်သလို ရပ်ခဲ့ပြီး အိမ်ထဲ ​ပြေးဝင်လာသည်။

" စိုင်းစွမ်း ​ရောက်​နေတာလား။ "

ဧည့်ခန်းက စားပွဲ​ပေါ်မှာ အလှတင်ထားသည့် ပန်းကို လဲ​နေ​သော ​​ဒေါ်နန်းခမ်းလွင်ကို ကာရံညီညာက ​မေးလိုက်သည်။ တစ်ရက်​တောင် ကြို​ရောက်လာလို့ အံ့သြ​နေခဲ့တာ ဖြစ်သည်။

" အင်း ... တစ်နာရီ​လောက်ရှိ​ပေါ့။ "

ကာရံညီညာက ​ခေါင်းငြိမ့်လိုက်ပြီး အိမ်​ပေါ်ကို ခပ်သွက်သွက်​ပြေးတက်သွားသည်။ နှစ်​ယောက်အတူ​နေသည့် အခန်းတံခါးကို ဆွဲဖွင့်လိုက်​တော့ စိုင်းစွမ်းထက်ပိုင်က bathrobeအဖြူကို ဝတ်ထားပြီး ဆံပင်​တွေကို ​ရေသုတ်​​နေသည်။

" ကိုကို "

ကာရံညီညာက ​ခေါ်လိုက်ပြီး ​တောင်ကြီးမှာ ကာရံညီညာ လိုက်လာတုန်းညကလို ပုံစံတူ စိုင်းစွမ်းထက်ပိုင်ဆီ ​ပြေးသွား​တော့ စိုင်းစွမ်းထက်ပိုင်ကလည်း ​ပွေ့ထားလိုက်သည်။

" ငါ့ကို ကြိုမ​ပြောဘူး။ ငါ ​​ကျောင်းက ​​စော​စောပြန်လာမှာ​ပေါ့။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို အ​ပေါ်တိုးကာ ​ပွေ့လိုက်ပြီးမှ ကာရံညီညာ၏ ခါးကို ခပ်ဖွဖွ​​လေး ညှစ်လိုက်ပြီး ခပ်တိုးတိုး​​ပြောသည်။

" Suprise​လေကွာ။ဒီလိုမှန်းသိရင် ​ရေမချိုး​သေးပါဘူး။ မဟုတ်လည်း ထပ်ချိုးရမယ့်အတူတူ။ "

" ဘာ​ပြောတယ် "

" Positionက ​တောင်ကြီးမှာတုန်းကနဲ့အတူတူပဲ​လေ။မတူတာဆိုလို့ လူကြီး​လေးက အနံ့အသက်​လေး ဂရုစိုက်ဖို့လို​နေတာ။ ​ခေါင်းကအနံ့ထွက်​နေပြီ။ "

ကာရံညီညာက သူ့ဆံပင်​လေး​တွေ ကိုင်ကြည့်​လိုက်တော့လည်း နည်းနည်း​စေး​နေသည်။​ခေါင်းမ​လျှော်တာ သုံးရက်​တောင် ရှိသွားပြီ​လေ။

" နံရင် အနားမကပ်နဲ့​​​လေ "

ကာရံညီညာက မ​ကျေမချမ်း​ပြောပြီး စိုင်းစွမ်းထက်ပိုင်၏ ကိုယ်​ပေါ်ကဆင်းသွား​တော့ စိုင်းစွမ်းထက်ပိုင်က Back hugအ​နေအထားဖြင့် ကာရံညီညာ့ကို အ​နောက်မှ သိုင်းဖက်ပါသည်။ပြီး​နောက် လက်တစ်ဖက်က ကာရံညီညာ့၏ ရှပ်အကျီ​လေးကို ဂုတ်သား​ဖွေး​ဖွေး​​လေး​တွေ ​ပေါ်​အောင် ဆွဲချပြီး နှုတ်ခမ်းနဲ့ ထိ​တွေ့နမ်းသည်။

" လွမ်း​နေတာ။ "

ကိုယ်တိုင်လည်း လွမ်း​နေခဲ့ရတာမို့ ကာရံညီညာက မရုန်း​ပေ။

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို မျက်နှာချင်းဆိုင် ဆွဲလှည့်ပြီး ဆံဖျားမှ စတင်ကာနမ်းသည်။နဖူးက ​မွေးညှင်း​နု​လေး​တွေကိုပါ ယုယုယယနဲ့ နမ်းသည်။နှာ​​ခေါင်းထိပ်​ဖျားလေးကို ဖိကိုက်လိုက်​တော့ ကာရံညီညာက ​ပေ​​စောင်း​စောင်းကြည့်လာသည်။

"လွမ်း​နေလို့ အားပါသွားတာ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ခါးကို ခပ်တင်းတင်း ​ပွေ့ဖက်လိုက်ပြီးမှ ​ခေါင်း​​စောင်းငဲ့ကာ နှုတ်ခမ်းကို နမ်းသည်။ကာရံညီညာ့၏ အ​ပေါ်နှုတ်ခမ်း​လေးက ပါးတာမို့ ဂရုတစိုက်နဲ့ အသာ​လေး သွားနဲ့ကြိတ်သွားသည်။

" ကိုကို ... "

နမ်း​နေတာကို ရပ်လိုက်ပြီး ကာရံညီညာက ​ခေါ်လိုက်​​တော့မို့ အ​နှောက်အယှက် ဖြစ်သွား​ပေမယ့် စိုင်းစွမ်းထက်ပိုင်က ပြန်ထူးပါသည်။

" ဟမ် "

" မင်းအနားယူဖို့လိုတယ်။ မျက်ကွင်းတွေညို​နေတာ။ "

" ရတယ် ... ဘာမှမဖြစ်ဘူး။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ရင်ဘတ်​ပေါ် လက်​လေးတင်ကာ ထပ်ပြောသည်။

" နားလိုက်ဦး။ ​လူကဖြင့် ​ကောင်း​ကောင်းမနားရ​သေးဘဲနဲ့ ...လဲသွားလိမ့်မယ်။ "

" ​ကောင်းခန်း​ရောက်မှ ဆင်ဆာဖြတ်လိုက်သလို၊​နောက်အပတ် ​မျှော်ဆိုသလို လုပ်ပြီကွာ။ "

အိပ်​ရေးပျက်ထားတာ​တွေ​ရော၊ ခရီးပန်းတာ​ရော​ကြောင့် နားဖို့လို​နေမှန်း စိုင်းစွမ်းထက်ပိုင်လည်း ကိုယ်တိုင် သိပါသည်။လွမ်း​နေခဲ့ရသမျှ တင်းတိမ်​အောင် နမ်းချင်ရုံ​လေးပင်။

" မျက်လုံးကဖြင့် အိပ်ချင်​နေပြီမလား။မကြာခင်ပဲ စင်းကျလာ​​တော့မှာ။ ​တောင့်ခံထားလို့ ရမှာမဟုတ်ဘဲနဲ့များ ... "

" မဖြစ်နိုင်တာ မရှိရ​အောင် Lionအားဖြည့်အချိုရည်​သောက်လိုက်ရမလား။"

ဒီ​လောက်ပင်ပန်းထားတာ​တောင် စ​ ,နေ​သေးတာမို့ ကာရံညီညာမှာ ရယ်​နေရုံသာ တတ်နိုင်သည်။

" ဒီ​နေ့​တော့ ဆင်ဆာလို့ရတယ်။ ​နောက်ရက်မရဘူး​နော်။ ဆင်ဆာမှာစိုးလို့ ကြံကြိုဝယ်ထားမှာ။ "

" ​ပေါက်ကရ​တွေ။ "

ကာရံညီညာက ​ကျောပိုးအိတ်​လေးကို မှန်တင်ခုံ​ပေါ် တင်လိုက်ပြီး စိုင်းစွမ်းထက်ပိုင်အတွက် အိပ်ယာခင်း အပါး​လေး ခင်း​ပေးသည်။ ​ခေါင်းအုံး​လေးပါ ​သေချာ​နေရာချပြီး ကိုယ်တိုင်ပါ အိပ်ယာ​ပေါ် တက်လှဲလိုက်ပြီး စိုင်းစွမ်းထက်ပိုင်ကို ​ခေါ်လိုက်သည်။

" ​ဘေးမှာလာအိပ် "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့​ဘေးမှာ ဝင်လှဲလိုက်ပြီး ကာရံညီညာ့​ခေါင်း​အောက် လက်လျိုကာ ​ခေါင်း​လေးကို ခပ်ဖွဖွ​လေး ဖက်ထားသည်။

" အိပ်​တော့​လေ။ "

" အိပ်မှာ​လေ ... "

ကာရံညီညာက အိပ်ယာ​ပေါ်မှ ကျုံးထလိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ​ခေါင်း​လေးကို ​ပေါင်​ပေါ်တင်ကာ နဖူး​လေး​​တွေကို လက်နဲ့ခပ်ဖွဖွနှိပ်​ပေးသည်။

" ငါ့ကိုကြည့်​မ​နေနဲ့ ... အိပ်ပါဆို "

" အိပ်မလို့ပဲကွ။ လူကြီး​လေး မျက်နှာက ​အောက်ကပင့်ကြည့်​တော့ ရုပ်ဆိုးလိုက်တာ။ အဲ့ဒါ​လေး ​​တွေး​နေလို့ပါ။ "

ကာရံညီညာက ရယ်လိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ မျက်လုံးနှစ်ဖက်ကို လက်ဖဝါးတစ်ဖက်နဲ့ အုပ်လိုက်ပြီး ကျန်လက်တစ်ဖက်က နှိပ်​ပေး​နေသည်။မဟုတ်ရင် ဒီတစ်​ယောက်က မအိပ်​သေးဘဲ စ, ​နောက်​နေမှာ။

" အ​ဝေးကပြန်လာပြီးမှ ​တွေ့ရတာကို ​ချော့သိပ်တာနဲ့ပဲ ပြီးသွားရတယ်လို့။ ပန်းအိုး​​လောက်​တော့ ကျကွဲမယ် ထင်​နေတာ။ "

" မင်းက​တော့ ... "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ဂုတ်မှနှိမ်ချလိုက်ပြီး တစ်ချက်နမ်းကာ ​ မှန်တင်ခုံ​ပေါ်က ပန်အိုးအမာ​လေးကို ​ခြေ​ထောက်နဲ့ အသာ ကန်ချလိုက်သည်။

" စိတ်ကတက်ကြွ​နေ​ပေမယ့် လူက အိပ်ချင်​နေပြီ​လေ။အနည်းဆုံး​တော့ ပန်းအိုး​လေး ကျကွဲသွားတယ်ဆိုပြီး ​ဖြေသိမ့်လို့ရတာ​ပေါ့။ "

ကာရံညီညာက ရယ်​နေတာမို့ နှိပ်​ပေး​နေသည့် လက်​တွေပါတုန်ယင်​နေသည်။ခဏကြာ​တော့ စ​နောက်​နေရင်း စိုင်းစွမ်းထက်ပိုင်လည်း အိပ်​ပျော်သွားသည်။

....................

" ဟူး!!! "

ကာရံညီညာက ​​လေပူ​တွေကို အကြိမ်ကြိမ်မှုတ်ထုတ်​နေသည်။ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ လက်​လေးကို လက်​ချောင်းချင်းယှက်သွယ်ကာ တွဲကိုင်ထားသည်။

" အဆင်​ပြေသွားမှာပါ။ ကိုယ်တို့က လူကြီး​တွေကို အမှားလာ​တောင်းပန်တာ​လေ။အနည်းဆုံး​တော့ သူတို့ နား​​ထောင်​ပေးမှာပါ။ "

" အင်း "

ကာရံညီညာတို့ အိမ်​ရှေ့​ရောက်​နေတာ ဆယ်မိနစ်​လောက်ရှိ​​နေပြီ။ကားရပ်ထားပြီး ကား​​ပေါ်က မဆင်းရ​သေးဘူး။ကာရံညီညာ စိတ်အဆင်သင့် ဖြစ်ပြီဆိုမှ စိုင်းစွမ်းထက်ပိုင်က ကား​ပေါ်ကဆင်းလိုက်သည်။ လက်တစ်ဖက်က ​တောင်ကြီးမှ ဝယ်လာ​ခဲ့တဲ့ ပစ္စည်း​တွေဆွဲပြီး ​နောက်လက်တစ်ဖက်က ကာရံညီညာနဲ့ လက်​ချောင်းတစ်​ချောင်းချင်းဆီ ယှက်သွယ်ဆုပ်ကိုင်ကာ တွဲထားသည်။

" အ​မေ ၊ အ​ဖေ "

ဧည့်ခန်းမှာထိုင်​နေတဲ့ ​ဒေါ်ခင်ချိုက စာရင်းလုပ်​နေရင်းမှ ​မော့ကြည့်သည်။ကာရံညီညာနဲ့ အကြည့်ချင်းဆုံသွား​တော့ လူပါ အခြားတစ်ဖက်လှည့်ကာ ​ကျော​ပေးသွားသည်။ဦးမြတ်သာက​တော့ ပုံမှန်အတိုင်းသာ ထိုင်​နေသည်။သားက လက်တွဲ​ဖော်အဖြစ် ​​ယောကျ်ား​လေးတစ်​ယောက်ကို အိမ်​ခေါ်လာတာမို့ မျက်နှာထား​တော့ တင်း​နေသည်။စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ​ခေါင်းငြိမ့်ပြပြီး အထဲဝင်ခိုင်းသည်။

" ကျွန်​တော် လာကန်​တော့တာအ​မေ။ ​"

" ကန်​တော့ပြီးရင်ပြန် "

​ဒေါ်ခင်ချိုက အခုထိကာရံညီညာ့ကို ကြည့်မလာ​သေးဘူး။

" ​တောင်းပန်ပါတယ် အ​မေနဲ့အ​ဖေ။ ကျွန်​တော် သူကလွဲရင် ဘယ်သူနဲ့မှ မဖြစ်နိုင်လို့ပါ နားလည်​ပေးပါ။ "

စိုင်းစွမ်းထက်ပိုင်က ဘာမှဝင်မ​ပြော​ပေမယ့် ကာရံညီညာ့၏ မိဘ​တွေကို ​လေးစားမှုရှိသည်။ကာရံညီညာက ​ဒေါ်ခင်ချို၏ အနားသွားကာ အ​နောက်မှ သိုင်းဖက်သည်။

" အ​မေ ကျွန်​တော့်ကိုမမုန်းပါနဲ့။ "

ကာရံညီညာက ငို​နေ​​တော့ ​ဒေါ်ခင်ချိုကပါ မျက်ရည်ကျလာသည်။အသံမထွက်​ပေမယ့် တိတ်တဆိတ်သာ ရှိုုက်ငို​နေသည်။

" ငါ​ပြောထားတယ်မလား။ ဖြစ်ပြီးမှ​တော့ ထားလိုက်ပါ​တော့။ "

ဦးမြတ်သာကပါ ဝင်​ပြောလာသည်။

" ကျွန်​တော်အပြင်ကပဲ ​စောင့်ပါ့မယ်။ ဦး​လေးတို့ မိသားစုချင်း စကား​ပြောကြပါ။ "

စိုင်းစွမ်းထက်ပိုင်က အလိုက်သိစွာပဲ ​ရှောင်ထွက်​ပေးသွားသည်။

" အ​မေ "

​ဒေါ်ခင်ချိုက ကာရံညီညာ့ဖက်ထားတာကို ဖယ််ချပြီး မျက်နှာချင်းဆိုင်လိုက်သည်။မျက်ရည်ကျ​နေတဲ့ သားကိုကြည့်ပြီး နစ်နစ်နာနာ စကား​​တွေက ​ပြောမထွက်ဘူး။

" သူက နင့်ကို တစ်သက်လုံးလက်တွဲမှာ ​သေချာလား။မျိုးဆက်မရှိလည်း အဆင်​ပြေတာ ​သေချာလား။ "

" ​သေချာတယ်အ​မေ။ သူကသားကို အရမ်းချစ်ပါတယ်။ အ​မေတို့သူ့ကို ​စောင့်ကြည့်နိုင်ပါတယ်။ "

​ဒေါ်ခင်ချိုက သက်ပြင်းချပြီးမှ ခပ်​အေး​အေးသာ ​ပြောလာသည်။

" နင်​ရွေးချယ်တဲ့လမ်း။ နင်အဆုံးထိ​လျှောက်​ပေါ့။ ဘာမှဝင်မ​ပြော​​တော့ဘူး။အဆင်​ပြေတယ်ဆိုရင် ပြီးတာပဲ။ "

" ​ကျေးဇူးတင်ပါတယ် "

ကာရံညီညာက ​​ဒေါ်ခင်ချိုကို ​နောက်တစ်​ခေါက် ဖက်ပြန်​တော့ ခဏ​လောက်တုံ့ဆိုင်း​နေပြီးမှ ​ဒေါ်ခင်ချိုက ပြန်လည်ဖက်သည်။ ဦးမြတ်သာက​တော့ သားမိနှစ်​ယောက်ကိုကြည့်ကာ စိတ်​​အေးသွားသလို သက်ပြင်းချ​နေသည်။

ဆက်ရန်

Zawgyi

ဖုန္းလာ​ေနသည္မို႔ ကာရံညီညာက အိပ္​ေနရင္းမွ မ်က္လုံးမဖြင့္ဘဲ ကုတင္​ေပၚလက္နဲ႕ စမ္းကာ ကိုင္လိုက္သည္။ ​ေတာင္ႀကီးက ည​​ေန​ေျခာက္နာရီ​ေလာက္မွ ျပန္လာၿပီး သုံးနာရီ​ေလာက္ပဲ အိပ္လိုက္ရၿပီး ​​ေက်ာင္းသြားခဲ့ရသည္။ ​ေက်ာင္းက အတန္းခ်ိန္ၿပီး​ေတာ့ ​ေန႕လယ္သုံးနာရီ ထိုး​ေနၿပီ။ ထည့္ယူသြားတဲ့ ထမင္းခ်ိဳင့္​ေတာင္ ဖြင့္မစားျဖစ္ဘဲ အိမ္​ေရာက္​ေရာက္ခ်င္း အိပ္​ေပ်ာ္​ေနတာ။

' Hello '

' Video Callဖြင့္လိုက္ပါ့လား။ စကား​ေျပာရ​ေအာင္။ '

ကာရံညီညာက အိပ္ယာ​ေပၚမွ က်ဳံးထလိုက္ၿပီး Video Callဖြင့္လိုက္သည္။အိပ္​ေရးပ်က္ထားတာမို႔ မ်က္​ေတာင္အရွည္ႀကီး​ေတြက ဟိုတစ္စု၊ဒီတစ္စု ပူးကပ္​ေနသည္။

" ဘာ​ေျပာမလို႔လဲ။ "

အိပ္​ေရးပ်က္သြားတာမို႔ စိတ္​​ေကာက္သြားပုံပဲ။ ကာရံညီညာက မၾကည္္မသာနဲ႕ ​ေျဖလာသည္။

" အိပ္​ေပ်ာ္​​ေနတာပဲ။ "

" အင္း ... ​ေက်ာင္းကျပန္​ေရာက္ထဲက အိပ္​ေနတာ။ မ​​ေန႕က ကားအၾကာႀကီး စီးထားရ​ေတာ့ ခါး​ေတြနာ​ေနတာ။ "

စိုင္းစြမ္းထက္ပိုင္က ထမင္းစားခန္းမွာ ျဖစ္ကာ ဖုန္းကို စားပြဲ​ေပၚမွာ ပစၥည္းတစ္ခုခုနဲ႕ ​ေထာက္ထားတာ ျဖစ္သည္။စိုင္းစြမ္းထက္ပိုင္က လက္ပတ္ နာရီကို တစ္္ခ်က္ၾကည့္ၿပီးမွ ထပ္​ေျပာလာသည္။

" အိပ္ခ်င္​ေန​ေသးလား။ ကိုယ္ ၿပီးမွ တစ္​ေခါက္​ေခၚလိုက္မယ္​ေလ။ "

" ဟင့္အင္း "

ကာရံညီညာက ကုတင္​ေပၚ တင္ပလႅင္​ေခြကာ ထိုင္​ေနၿပီး ​ကုတင္​ေခါင္းရင္းက တိုင္​ေပၚကိုေခါင္းအုံး​​ေထာင္ထားကာ ဖုန္းကို ထို​ေပၚမွာ တင္ထားလိုက္သည္။ ရွပ္လက္ရွည္အျဖဴနဲ႕ ပုဆိုးအနီကြက္​ေလးပဲ ဝတ္ထား​ေသးတာမို႔ ​ေက်ာင္းကျပန္လာၿပီးအဝတ္အစား​ေတာင္ မလဲရ​ေသးမွန္း သိသာသည္။

"ငါးရက္​ေလာက္ဆိုရင္ ကိုယ္ျပန္လာလို႔ရၿပီ။ "

ကာရံညီညာက ခုနကလို ​ေခါင္းငိုက္စိုက္ မဟုတ္​​ေတာ့ဘဲ ​ေခါင္း​​ေလး​​ေမာ့လာကာ မ်က္စံဝိုင္းဝိုင္း​​​ေလးကပါ ​ေတာက္ပလာၿပီး​​ေမးသည္။

" တကယ္လား။ "

" အင္း ...ကို​ေဇာ္မ်ိဳးကို အလုပ္ထုတ္လိုက္တာမို႔ ပုံမွန္ဆို ဆယ္ရက္​ေလာက္ ၾကာဦးမွာ ဆို​ေပမယ့္ ဒီ​ေနရာကို အစားထိုးမယ့္ တြဲဖက္အင္ဂ်င္နီယာ​က မထင္မွတ္ဘဲ ခပ္ျမန္ျမန္​ေရာက္လာမွာေလ။ လုပ္ငန္းအ​ေၾကာင္း​ေတာ့ ​ေသခ်ာ​ေဆြး​ေႏြးရမွာ​ေပါ့။ကုမၸဏီက ​ေခၚတာမဟုတ္ဘဲ စိုင္းရတုဟန္နဲ႕ စပ္ဆက္ၿပီး ​ေခၚလိုက္တာ။ ကိုယ္တို႔နဲ႕​ေက်ာင္း​ေနဖက္ပဲ။သူက စိုင္းရတုနဲ႕Modelဘက္ပါ လိုင္းတူ​ေတာ့ သူတို႔ခ်င္း ပိုရင္းႏွီးသြားတာ။စိုင္းရတုက အာမခံ​ေပးထားတာမို႔ စိတ္ခ်ရတယ္။လုပ္ငန္းပိုင္းလည္း ကြၽမ္းက်င္ၿပီး နာမည္ပ်က္မရွိဘူး။ "

" ​ေကာင္းတာ​ေပါ့။ "

ကာရံညီညာက Tutorialစာအုပ္ကို ​ေပါင္​ေပၚ​ေ႐ႊ႕တင္လိုက္ရင္း ​ေျပာလာသည္။

" စာအုပ္​ေတြ စစ္ရဦးမွာ။ အရင္က မင္းပါကူစစ္​ေပး​ေတာ့ ပ်င္းစရာမရွိဘူး။ အခုၾက ပ်င္း​ေန​ေရာ။ "

ကာရံညီညာက ​တခါတ​ေလ အပ်င္းႀကီးတတ္သည္။ စာစစ္ရင္​​ေတာင္ စိုင္းစြမ္းထက္ပိုင္ ရင္ခြင္ထဲ​​ေခြ​ေနကာ လူတစ္ကိုယ္လုံးက ပစ္မွီထားတာမ်ိဳး၊ စိုင္းစြမ္းထက္ပိုင္ ကိုယ္​ေပၚ ဝမ္းလ်ား​ေမွာက္ကာ ထပ္လ်က္ျဖင့္ ရင္ဘတ္​ေပၚ ​ေခါင္း​ေလးမီၿပီး စစ္တာမ်ိဳး​ေတြ ရွိသည္။ ဒီအတြက္​ေၾကာင့္လည္း စိုင္းစြမ္းထက္ပိုင္၏ ကားအ​ေနာက္ခန္းထဲမွာ အ​ေမႊးပြ​ေစာင္နဲ႕ ဆီလီကြန္​ေခါင္းအုံး​ေလးက အၿမဲတမ္း ရွိ​ေနတတ္သည္။

" လူႀကီ​ေလး ... ဒီကို ၾကည့္စမ္း။ "

စာအုပ္​ေတြကို ခုံနံပါတ္ အစဥ္လိုက္အတိုင္း ထပ္​ေနရင္းမွ ကာရံညီညာက ​​ေမာ့ၾကည့္သည္။ စိုင္းစြမ္းထက္ပိုင္၏ လက္ထဲမွာ ဆြဲႀကိဳး​​ေလး တစ္ကုံးရွိ​ေနသည္။

" သ​ေဘာက်လား။ "

" အင္း ... လွတယ္။ "

စိုင္းစြမ္းထက္ပိုင္က ဆြဲႀကိဳးကိုင္ထားသည့္ လက္​ေလးကို ဖုန္းအနားထိ တိုးကပ္ကာ ျပလိုက္သည္။

" လူႀကီး​ေလးအတြက္ ... မဂၤလာဦးလက္​​ေဆာင္ "

" ဆြဲႀကိဳးမဝတ္ခ်င္ဘူး။မင္းပဲ သိမ္းထားလိုက္။ "

" ​ေသခ်ာၾကည့္ၾကည့္ပါဦးကြ။ "

​ေ႐ႊျဖဴ ဆြဲႀကိဳးမွ်င္၏ အ​ေပၚမွာ ​ေသခ်ာအႏုစိပ္ျပဳလုပ္ထားတဲ့ အဆင္တန္ဆာ​ေလးကို ကာရံညီညာ ျမင္သာ​ေအာင္ စိုင္းစြမ္းထက္ပိုင္က ျပသည္။

" ​ေဝရာ​ေစ့ ပုံစံလား။ "

" အင္း "

ဆြဲႀကိဳးမွ်င္​ေပၚမွာကပ္ၿပီး အလွဆင္ထားတာက ​ေဝရာ​ေစ့ပုံစံ​ ေ႐ႊျဖဴျပား​ေသး​ေသး​ပါးပါးေလး​ေတြပင္။

" ဆယ္တန္း​ၿပီး​​ေနာက္ရက္ အ​ေျဖ​ရတဲ့​ေန႕က ကိုယ္ဝယ္​ေပးတဲ့ ဆြဲႀကိဳးနဲ႕ ပုံစံတူ​ေလ။အ​ေကာင္းဆုံး​​ေတြပဲ အၿမဲ​ေပးခ်င္​ေပမယ့္ အဲ့ဒီအ႐ြယ္တုန္းက ကိုယ္ပိုင္ဝင္​ေငြမရွိခဲ့ဘူး​ေလ။ အခုမွ ကိုယ္ပိုင္ပိုက္ဆံနဲ႕ ကိုယ္တို႔ရဲ႕ အမွတ္တရပစၥည္း​ေလးကို ​​ေသခ်ာပုံသြင္းျဖစ္တာ။ လုပ္ရတာ လက္ဝင္တာမို႔ အခ်ိန္​ေတာ့ ​ေစာင့္လိုက္ရတယ္။ ဒီလူက အၿမဲတမ္း စ, ​​ေနာက္​ေန​ေပမယ့္ လူႀကီး​ေလးနဲ႕ ပတ္သတ္ရင္ အ​ေသးစိတ္ကစ မွတ္မိ​ေနၿပီး အရာရာ ျဖည့္ဆည္း​ေပးခ်င္တာ အတည္ပါ။ "

" သုံးရာ​တန္ဆြဲႀကိဳးလည္း အခုထိ ရွိ​ေသးတယ္။အိမ္မွာဆို ​ေပ်ာက္မွာဆိုးလို႔ အရင္ရက္က ခင္မီ​ေဇာ္ကို လာ​​ေပးခိုင္းထားတာ။ "

ကာရံညီညာက ကုတင္​ေပၚက ခဏဆင္းသြားၿပီး ျပန္လာ​ေတာ့ လက္ထဲမွာ ​ေဝရာ​​​​ေစ့ ဆြဲႀကိဳး​ေလးပါလာသည္။

" မင္းက စ, ​ေနာက္ၿပီး ​ေပးလိုက္တာဆို​ေပမယ့္ ခ်စ္သူဘဝရဲ႕ ပထမဆုံး အမွတ္တရမို႔ ငါလည္း တန္ဖိုးထားတယ္။ အခုထိ သိမ္းထားတယ္။"

​ေယာက်္ား​ေလးႏွစ္​ေယာက္ ျဖစ္တာမို႔ ခ်စ္သူဘဝမွာ အမွတ္တရပစၥည္း လက္​ေဆာင္​ေပးတာ မရွိသ​ေလာက္ရွားသည္။ ခ်စ္သူမ်ား​ေန႕မွာ​ေတာင္ ​ေခ်ာကလတ္​ေတြ၊ အ႐ုပ္​ေတြ အျပန္အလွန္​ေပးရမည့္အစား လူသတ္ကား၊သရဲကား ၊3D႐ုပ္ရွင္သြားၾကည့္တာတို႔ နဲ႕ အခ်ိန္ကုန္တာ မ်ားသည္။

" ကိုယ္က ပ်က္သြားၿပီ​ေတာင္ ထင္​ေနတာ။ "

" ႀကိဳးပ်က္သြားလို႔ အသစ္​ေတာ့ ​ေျပာင္းထားတယ္။ တခ်ိဳ႕အ​​ေစ့​ေတြကလည္း ျပဳတ္ကုန္တာ​ေတာ့ ရွိတယ္​ေလ။ "

" ကိုယ္ကအခု မဂၤလာဦးအထိမ္းအမွတ္ ဝယ္​​ေပးတာမို႔ လက္ခံ​ေပးပါ။ သိမ္းထားလည္း သ​ေဘာပဲ။ "

" အင္း "

ကာရံညီညာက ​ေခါင္းၿငိမ့္သည္။ စိုင္းစြမ္းထက္ပိုင္က စကား​ေျပာ​ေနရင္းမွ ကာရံညီညာ့ဆီ ​ကိုယ္တိုင္Designဆြဲထားတဲ့ အိမ္ပုံ​ေလး​​ေတြ ပို႔​ေပးသည္။ ႏွစ္ထပ္ခြဲ​ေလးကို လွလွပပ​ေလး။

" ျပန္လာမွ ​ေျပာလည္း ရ​ေပမယ့္ ​ေပ်ာ္စရာဆိုရင္ ကိုယ္ခ်စ္တဲ့သူနဲ႕ အရင္မွ်​ေဝခ်င္တာမို႔ ကိုယ္မ​ေစာင့္နိုင္ဘူး။ ကိုယ္ပို႔ထားတဲ့ အိမ္ပုံစံ​ေတြထဲက တစ္ခု​ေ႐ြးလိုက္​ေလ။ အဲ့ဒါ ကိုယ္တို႔အိမ္​ေလး ျဖစ္လာမွာ။ "

ကာရံညီညာက ပုံ​​ေလး​ေတြကို ၾကည့္လိုက္သည္။​ေအး​ေအးခ်မ္းခ်မ္းနဲ႕ လွလွ​ေလး​ေလး​ေတြၾကည့္ပဲ။

" အခုအိမ္မွာ ​ေနသြားမွာဆို​ေပမယ့္ အိမ္​ေထာင္က်ၿပီးသြား​ေနာက္ ကိုယ္တို႔အိမ္​ေလးလည္း ရွိခ်င္လို႔​ေလ။ ကိုယ္နဲ႕လူႀကီး​​ေလး ​ႏွစ္​ေယာက္ပဲ ပိုင္တဲ့အိမ္မ်ိဳး​​ေပါ့။ ၿခံဝယ္ၿပီးတာ ​ေျခာက္လ​ေလာက္ရွိၿပီ။ အခု အိမ္​ေဆာက္ဖို႔အတြက္လည္း ကိုယ္ပိုင္ ပိုက္ဆံက လုံ​ေလာက္​ေနၿပီမို႔ လူႀကီး​ေလးကို အိမ္​ေလးတစ္လုံး​ေပးမလို႔။ "

" ငါက မင္းကို ဘာမွ မ​ေပးနိုင္​ေသးဘူး။ "

ကာရံညီညာက ​ေလသံခပ္တိုးတိုး​ေလးနဲ႕ ​ေျပာလာသည္။ စိုင္းစြမ္းထက္ပိုင္၏ ဝင္​ေငြဘယ္​ေလာက္​​ေတာင္ ရွိသလဲ မွန္းဆလို႔ရပါသည္။သာမန္ႏွစ္ထပ္တိုက္တစ္လုံးဆိုရင္​ေတာင္ ႀကီးၾကပ္​ေရးအတြက္ ဝင္​ေငြက သိန္းတစ္ရာ့ငါးဆယ္​ေလာက္ရွိသည္။တစ္ႏွစ္အတြင္း ​ေအာင္ျမင္တဲ့ အင္ဂ်င္နီယာတစ္​ေယာက္ လက္ခံသည့္ အ​​ေဆာက္အဦးက အနည္းဆုံး ဆယ္​ဂဏန္း​ေက်ာ္ရွိသည္။ Hotel​ေတြပါ ထည့္တြက္ရင္ ထိုထက္ႏွစ္ဆျဖစ္သည္။

" ​​ခ်စ္​ေပး​ေနရင္ပဲရပါၿပီ။ အခ်စ္ရဲ႕ သ​​ေဘာတရားမွာ ဘယ္သူက​ေတာ့ သာတယ္။ ဘယ္သူက​ေတာ့ နစ္နာတယ္ရယ္လို႔ မရွိပါဘူး။ "

" အင္း "

" စိတ္မ​ေကာင္းျဖစ္သြားတာလား။ ကိုယ္က ​ေပ်ာ္​ေစခ်င္လို႔ ​ေျပာလိုက္ကာမွကြာ။ ခ်က္ခ်င္း ေျပးလာလို႔ ရတာမဟုတ္လို႔ မ်က္ႏွာမ​ေကာင္း မျဖစ္ပါနဲ႕လား။ "

" အင္းပါ "

" ကိုယ္ျပန္လာရင္ လူႀကီး​ေလး မိဘ​ေတြကို တစ္​ေခါက္သြား​ေတြ႕ရ​​ေအာင္​ေလ။ ကန္​​ေတာ့ရင္း​ေပါ့။ "

" အင္း "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့မ်က္ႏွာ​ေလးကို ​ေငးၾကည့္ၿပီးမွ ​ေခ်ာ့သည့္​ေလသံျဖင့္ ​ေမးလာသည္။

" ဒီ​ေတာ့​ေျပာပါဦး။ ကိုယ့္ကို ခ်စ္သလား။
ဒါမွမဟုတ္ လြမ္း​ေနသလား။ လြမ္းတာနဲ႕ခ်စ္တာ ဘယ္ဟာကပိုလဲ။ "

ဖုန္းထဲမွာ​ေတာင္ ကာရံညီညာ့၏ နား႐ြက္​ေလး​ေတြ ရဲသြားတာ ျမင္​ေနရသည္။

" ကိုယ္ ... မစ ... "

မ​​ေျဖ​ေလာက္ဘူးအထင္နဲ႕ စိုင္းစြမ္းထက္ပိုင္က ​​ေျပာလိုက္​​ေတာ့ ကာရံညီညာက ​ေျဖလာသည္။

" မင္းကိုခ်စ္တယ္။ ​​
​ေနာက္ၿပီးလြမ္းတယ္။
ခ်စ္တဲ့စိတ္ကပိုတယ္။ "

စိုင္းစြမ္းထက္ပိုင္၏ ရယ္သံခပ္​​​ေသာ​ေသာကို ကာရံညီညာ ၾကားလိုက္ရသည္။

" ကိုယ္က​ေတာ့ ... ကိုပိုလြမ္း​ေနတာ။ "

" အ႐ူး​ေကာင္ "

စိုင္းစြမ္းထက္ပိုင္က Dirty Talkတစ္ခုကို ​အက္ရွရွ​ေလသံနဲ႕ ​ေျပာလိုက္​ေတာ့ ကာရံညီညာက ခ်က္ခ်င္း ​ေအာ္ၿပီး video call ကိုပါ Endပစ္လိုက္သည္။ မ်က္ႏွာတစ္ခုလုံး ပူထူလာသလို ခံစားလာရတာမို႔ လက္နဲ႕ယပ္ခပ္သလို ျပဳလုပ္​​ေနလိုက္သည္။ ၿပီး​ေနာက္ ျပန္​ေတြးၿပီး ၿပဳံး​ေနမိသည္။ကုတင္​ေပၚက​ေန ​ ေနရာမ​ေ႐ႊ႕မီ စိုင္းစြမ္းထက္ပိုင္ဆီက messageတစ္​ေစာင္ ဝင္လာျပန္သည္။

' See You Soon,my peaches ' ဆိုတဲ့ စာသားနဲ႕အတူ လွ်ာသပ္​ေနတဲ့ emoji​ေတာင္ အစစ္ပါ​ေသးသည္။

' မင္းက တဏွာ႐ူးပဲ။ '

ကာရံညီညာ့ဆီက messageပို႔ၿပီး ခဏၾကာ​ေတာ့ စိုင္းစြမ္းထက္ပိုင္ဆီက voice message​ေရာက္လာသည္။

' သုံးဆယ့္တစ္ဘုံမွာ ဒီဘုံပဲ လြတ္လြတ္လပ္လပ္နဲ႕ တဏွာ႐ူးလို႔​ေကာင္းတာ​ေလ။ " တဲ့။

ကာရံညီညာက ပခုံးႏွစ္ဖက္လုံး လႈပ္သည္အထိ ရယ္​ေနမိသည္။ကာရံညီညာက စာမျပန္​​ေတာ့​ေပမယ့္ စိုင္းစြမ္းထက္ပိုင္က ​ေနာက္ထပ္ videoတစ္ခု ထပ္ပို႔လာသည္။စိုင္းစြမ္းထက္ပိုင္၏ လက္အ​ေကြးအဆန့္ျပဳလုပ္သည့္​ေနရာမွာ အရင္ညက ကာရံညီညာကိုက္ထား​​လို႔ ညို​ေနသည့္ ​ဒဏ္ရာေနရာကို ဆြဲ​ေဆာင္မႈရွိရွိ နမ္းျပ​ေန​တဲ့ Videoျဖစ္သည္။သုံးမိနစ္​ေလာက္ ​ေစာင့္ၿပီးတာ​ေတာင္ ကာရံညီညာက စာမျပန္​ေတာ့ ​ေနာက္ထပ္ စာတစ္​ေစာင္ ထပ္ပို႔လာသည္။

' ကိုယ္က Sexyက်က်နဲ႕ ျဖား​​ေယာင္းေနတဲ့ဟာ ...လူႀကီး​ေလးက ဘာမွမတုံ႕ျပန္ဘူး။ အခုၾက ကိုယ့္ကိုယ္ကိုယ္ ျမန္မာ႐ုပ္ရွင္​ေတြထဲက ​ေရခပ္ကျပန္လာတဲ့ မင္းသမီးကို ​​ေႏွာက္ယွက္​ေနတဲ့ လူဆိုးႀကီးလို ခံစား​ေနရၿပီ။ ​ေတာ္​ေသးတယ္ ...ကိုယ္က႐ုပ္ခံ​ေလးရွိလို႔။'

' မင္းကအဲ့ဒီထက္ဆိုးတယ္။ '

' သိတယ္ ... ကိုယ့္ကိုယ္ကိုယ္မို႔ မ​ေျပာရက္လို႔။ '

ကာရံညီညာက အိပ္ယာ​ေပၚ လွဲခ်လိဳက္ၿပီး စာအုပ္​​ေတြ ​ေဘးသို႔ တြန္းဖယ္ကာ စိုင္းစြမ္းထက္ပိုင္နဲ႕ messengerမွတစ္ဆင့္ စာပို႔​ေနျပန္သည္။Video Callၿပီးသြားတာ​ေတာင္ အျပန္အလွန္ Message​ေတြ ပို႔​ေနတုန္းပင္။ကာရံညီညာ့ဘက္က တစ္​ေစာင္ဆို စိုင္းစြမ္းထက္ပိုင္ဘက္က သုံး​ေစာင္ပို႔သည္။

..............................

" ​ေတာင္ႀကီးအလုပ္ဆိုက္က ဒုတိယအရစ္​အတြက္ ​လေးရာဆယ့္ငါးသိန္း။ ​ေနာက္အရစ္အတြက္က စာခ်ဳပ္ထဲမွာ ပါတဲ့အတိုင္း ဒုတိယအထပ္ စလစ္ျပင္​ေလာင္းၿပီးမွ လႊဲ​ေပးလိမ့္မယ္ အ​ေဖ။ "

စိုင္းစြမ္းထက္ပိုင္ အိမ္ျပန္​ေရာက္​​ေတာ့ ည​ေန​ေလးနာရီ​ေတာင္ မထိုး​ေသးဘူး။ဦးစြမ္းထက္သူက အလုပ္ကျပန္​​ေရာက္ၿပီမို႔ မိဘႏွစ္​​ေယာက္လုံး ဧည့္ခန္းမွာ ရွိ​ေန​ေတာ့ ခ်က္ခ်င္းပင္ ​ေက်ာပိုးအိတ္ထဲက ပိုက္ဆံထည့္ထားသည့္ စကၠဴအိတ္ကို စားပြဲ​ေပၚခ်လိဳက္သည္။

" သားရမယ့္ ႀကီးၾကပ္​ေရးFeeထဲက သိန္းငါးဆယ္ အရင္ယူထားလိုက္တယ္။ က်န္တဲ့​ေငြက ပစၥည္း​ေတြအတြက္ ​​ေငြႀကိဳရွင္းတာနဲ႕ အလုပ္သမား​ေတြ ​ေငြရွင္း​ေပးတာမို႔ မက်န္​​ေတာ့ဘူး။ ဒီဒုတိယအရစ္မွာ အ​ေဖ့ကုမၸဏီအတြက္ ၾကက္​ေပါင္ကြင္းပဲ က်န္တယ္။ "

" ဟာ ... ​ေဟ့​ေကာင္။ အဲ့ဒါမ်ား ... ဟန္နဲ႕ပန္နဲ႕ ပိုက္ဆံထုပ္ခ်​ေပး​ေန​ေသးတယ္။ "

ဦးစြမ္းထက္သူက ​​ေျပာလိုက္​ေတာ့ စိုင္းစြမ္းထက္ပိုင္က ​ေက်ာပိုးအိတ္ထဲ ပိုက္ဆံျပန္ထည့္ရင္းမွ ရယ္​ေနသည္။

" လုပ္ငန္းသ​​ေဘာအရ ​ေငြစာရင္း ရွင္းတမ္း​ေလ အ​ေဖရယ္။ က်န္တာ​ေလးပဲ ယူထားလိုက္ပါ။ ၾကက္​ေပါင္ကြင္း အစိမ္း​ေလးက အ​ေရာင္ပိုလွတယ္။ ဘယ္ဘက္လက္မွာ စြပ္​ေပးပါရ​ေစ။ "

စိုင္းစြမ္းထက္ပိုင္က ဦးစြမ္းထက္သူ၏ ဘယ္ဘက္လက္​ေကာက္ဝတ္ကို ၾကက္​​ေပါင္ကြင္း အစိမ္းဝတ္​ေပးလိုက္သည္။

" မင္း​ေျပာ​​ေတာ့ မင္းရဲ႕ႀကီးၾကပ္​​ေရးFee သိန္းတစ္ရာ​​ေက်ာ္ကို အားလုံးၿပီးမွ ယူမယ္ဆို။ "

" အဲ့ဒါက အိမ္​ေထာင္မက်ခင္ကဗ်။ အခုအိမ္​ေထာင္ရွိ​ေနၿပီ။ သားက ဒီပိုက္ဆံနဲ႕ ေယာက်္ားယူမလို႔။ စုထားတဲ့ပိုက္ဆံနဲ႕​ပါေပါင္းၿပီး သူ႕စိတ္ႀကိဳက္​ေလး မဂၤလာဦးဆြမ္းကပ္ၿပီး အလႈူလုပ္မလို႔။ကိုယ္ပိုင္​ေငြနဲ႕ပဲ ႏွစ္​ေယာက္ဘဝ စတင္္ခ်င္လို႔။ "

​ေဒၚနန္းခမ္းလြင္က​ေတာ့ ဘာမွဝင္မ​ေျပာဘဲ ၿပဳံး​ေနသည္။

" ငါက မင္းနဲ႕ႀကီးၾကပ္​ေရးfeeကို သ​ေဘာတူထားတဲ့အတိုင္းတြက္ၿပီး အရစ္က်​ေငြ​ေတာင္ အဲ့ဒီဆိုက္ကို ​​ေျခာက္ခုခြဲၿပီး သြင္းဖို႔ သ​ေဘာတူထားတာ။ Exportသံမွ်င္​ေတြမွာထားတာ ​ေရာက္​ေတာ့မယ္။ မင္း ဒီပိုက္ဆံ​ေတြနဲ႕ စရံ သြားရွင္း။မင္းပိုက္ဆံကိုအ​ေႂကြး မွတ္ထားလိုက္။ငါအားလုံးၿပီးမွ ျပန္​ေပးမယ္။လုပ္ငန္းထဲက​ေငြ ထည့္မသုံးနိုင္ဘူး။ "

" ဟင့္အင္း ... ကြၽန္​ေတာ္က သားဖခ်င္းလည္း အ​ေႂကြးမထားဘူး။ စိတ္​ေတာ့မရွိပါနဲ႕။"

" ​​ေဟ့​ေကာင္ ...ငါက မင္းအ​ေမကို ဘယက္ဝယ္​ေပးဖို႔လည္း ပိုက္ဆံလို​​ေနလို႔ကြ။ "

"ကိုယ့္အိမ္​ေထာင္နဲ႕ကိုယ္ပဲ fatherရယ္။ကိုယ္ခ်င္းမစာနိုင္ဘူး။ ကိုယ့္အိမ္​ေထာင္ဖက္ဆီက အမွတ္ယူရမွာ ကိုယ့္တာဝန္​​ေလ။မ​ေက်နပ္ရင္ ​ေနာက္ထပ္ဆိုက္​ေတြ လက္ခံၿပီး အ​ေမ့ကို မ်က္ႏွာျပန္လုပ္လိုက္။ "

စိုင္းစြမ္းထက္ပိုင္က ​ေက်ာပိုးအိတ္ကို ပခုံး​ေပၚ ခပ္​​​ေလ်ာ​ေလ်ာလြယ္ၿပီး ထ, သြားသည္။

" စိုင္းစြမ္း မ်က္တြင္း​​ေတြညိုၿပီး ​ေခ်ာင္က်​ေနတာ ​ေသခ်ာနားဦး​ေနာ္။ "

​အိမ္​ေပၚတက္သြား​ေသာ စိုင္းစြမ္းထက္ပိုင္ကို ၾကည့္ကာ ​ေဒၚနန္းခမ္းလြင္က ​ေအာ္​ေျပာလိုက္​ေတာ့ စိုင္းစြမ္းထက္ပိုင္က နားလည္​ေၾကာင္း အို​ေကပုံစံလက္ကိုသုံးကာ လုပ္ျပသြားသည္။

" ဟုတ္အ​ေမ "

" မင္း သားကို ၾကည့္ဦး။ "

" ရွင္နဲ႕တူတာ​ေလ။ ကိုယ့္ကိုယ္ကိုယ္ပဲ အျပစ္တင္လိုက္။ "

​ေဒၚနန္းခမ္းလြင္က ​ေျပာ​ေျပာဆိုဆိုနဲ႕ ရယ္ရင္း မီးဖို​ေခ်ာင္ဘက္ ထြက္သြားသည္။ခရီးက ျပန္​ေရာက္ခါစမို႔ စိုင္းစြမ္းထက္ပိုင္ ႀကိဳက္တတ္တာ​ေလး​ေတြ ခ်က္​ေပးရဦးမည္။

..............................

ကာရံညီညာ အိမ္ကို ျပန္​​ေရာက္​ေတာ့ ၿခံ​ထဲမွာ စိုင္းစြမ္းထက္ပိုင္၏ ကားကို​ေတြ႕ရသည္။ ​ေရမ​ေဆးထားရ​ေသးသည္မို႔ ဘီးလုံး​ေတြလည္း ညစ္ပက္​ေနကာ ကားမွန္မွာလည္း ဖုန္​​ေတြရွိ​ေန​ေသးသည္။ကာရံညီညာက ဆိုင္ကယ္ကို ျဖစ္သလို ရပ္ခဲ့ၿပီး အိမ္ထဲ ​ေျပးဝင္လာသည္။

" စိုင္းစြမ္း ​ေရာက္​ေနတာလား။ "

ဧည့္ခန္းက စားပြဲ​ေပၚမွာ အလွတင္ထားသည့္ ပန္းကို လဲ​ေန​ေသာ ​​ေဒၚနန္းခမ္းလြင္ကို ကာရံညီညာက ​ေမးလိုက္သည္။ တစ္ရက္​ေတာင္ ႀကိဳ​ေရာက္လာလို႔ အံ့ၾသ​ေနခဲ့တာ ျဖစ္သည္။

" အင္း ... တစ္နာရီ​ေလာက္ရွိ​ေပါ့။ "

ကာရံညီညာက ​ေခါင္းၿငိမ့္လိုက္ၿပီး အိမ္​ေပၚကို ခပ္သြက္သြက္​ေျပးတက္သြားသည္။ ႏွစ္​ေယာက္အတူ​ေနသည့္ အခန္းတံခါးကို ဆြဲဖြင့္လိုက္​ေတာ့ စိုင္းစြမ္းထက္ပိုင္က bathrobeအျဖဴကို ဝတ္ထားၿပီး ဆံပင္​ေတြကို ​ေရသုတ္​​ေနသည္။

" ကိုကို "

ကာရံညီညာက ​ေခၚလိုက္ၿပီး ​ေတာင္ႀကီးမွာ ကာရံညီညာ လိုက္လာတုန္းညကလို ပုံစံတူ စိုင္းစြမ္းထက္ပိုင္ဆီ ​ေျပးသြား​ေတာ့ စိုင္းစြမ္းထက္ပိုင္ကလည္း ​ေပြ႕ထားလိုက္သည္။

" ငါ့ကို ႀကိဳမ​ေျပာဘူး။ ငါ ​​ေက်ာင္းက ​​ေစာ​ေစာျပန္လာမွာ​ေပါ့။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို အ​ေပၚတိုးကာ ​ေပြ႕လိုက္ၿပီးမွ ကာရံညီညာ၏ ခါးကို ခပ္ဖြဖြ​​ေလး ညွစ္လိုက္ၿပီး ခပ္တိုးတိုး​​ေျပာသည္။

" Suprise​ေလကြာ။ဒီလိုမွန္းသိရင္ ​ေရမခ်ိဳး​ေသးပါဘူး။ မဟုတ္လည္း ထပ္ခ်ိဳးရမယ့္အတူတူ။ "

" ဘာ​ေျပာတယ္ "

" Positionက ​ေတာင္ႀကီးမွာတုန္းကနဲ႕အတူတူပဲ​ေလ။မတူတာဆိုလို႔ လူႀကီး​ေလးက အနံ႕အသက္​ေလး ဂ႐ုစိုက္ဖို႔လို​ေနတာ။ ​ေခါင္းကအနံ႕ထြက္​ေနၿပီ။ "

ကာရံညီညာက သူ႕ဆံပင္​ေလး​ေတြ ကိုင္ၾကည့္​လိုက္ေတာ့လည္း နည္းနည္း​ေစး​ေနသည္။​ေခါင္းမ​ေလွ်ာ္တာ သုံးရက္​ေတာင္ ရွိသြားၿပီ​ေလ။

" နံရင္ အနားမကပ္နဲ႕​​​ေလ "

ကာရံညီညာက မ​ေက်မခ်မ္း​ေျပာၿပီး စိုင္းစြမ္းထက္ပိုင္၏ ကိုယ္​ေပၚကဆင္းသြား​ေတာ့ စိုင္းစြမ္းထက္ပိုင္က Back hugအ​ေနအထားျဖင့္ ကာရံညီညာ့ကို အ​ေနာက္မွ သိုင္းဖက္ပါသည္။ၿပီး​ေနာက္ လက္တစ္ဖက္က ကာရံညီညာ့၏ ရွပ္အက်ီ​ေလးကို ဂုတ္သား​ေဖြး​ေဖြး​​ေလး​ေတြ ​ေပၚ​ေအာင္ ဆြဲခ်ၿပီး ႏႈတ္ခမ္းနဲ႕ ထိ​ေတြ႕နမ္းသည္။

" လြမ္း​ေနတာ။ "

ကိုယ္တိုင္လည္း လြမ္း​ေနခဲ့ရတာမို႔ ကာရံညီညာက မ႐ုန္း​ေပ။

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို မ်က္ႏွာခ်င္းဆိုင္ ဆြဲလွည့္ၿပီး ဆံဖ်ားမွ စတင္ကာနမ္းသည္။နဖူးက ​ေမြးညွင္း​ႏု​ေလး​ေတြကိုပါ ယုယုယယနဲ႕ နမ္းသည္။ႏွာ​​ေခါင္းထိပ္​ဖ်ားေလးကို ဖိကိုက္လိုက္​ေတာ့ ကာရံညီညာက ​ေပ​​ေစာင္း​ေစာင္းၾကည့္လာသည္။

"လြမ္း​ေနလို႔ အားပါသြားတာ။ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့၏ ခါးကို ခပ္တင္းတင္း ​ေပြ႕ဖက္လိုက္ၿပီးမွ ​ေခါင္း​​ေစာင္းငဲ့ကာ ႏႈတ္ခမ္းကို နမ္းသည္။ကာရံညီညာ့၏ အ​ေပၚႏႈတ္ခမ္း​ေလးက ပါးတာမို႔ ဂ႐ုတစိုက္နဲ႕ အသာ​ေလး သြားနဲ႕ႀကိတ္သြားသည္။

" ကိုကို ... "

နမ္း​ေနတာကို ရပ္လိုက္ၿပီး ကာရံညီညာက ​ေခၚလိုက္​​ေတာ့မို႔ အ​ေႏွာက္အယွက္ ျဖစ္သြား​ေပမယ့္ စိုင္းစြမ္းထက္ပိုင္က ျပန္ထူးပါသည္။

" ဟမ္ "

" မင္းအနားယူဖို႔လိုတယ္။ မ်က္ကြင္းေတြညို​ေနတာ။ "

" ရတယ္ ... ဘာမွမျဖစ္ဘူး။ "

ကာရံညီညာက စိုင္းစြမ္းထက္ပိုင္၏ ရင္ဘတ္​ေပၚ လက္​ေလးတင္ကာ ထပ္ေျပာသည္။

" နားလိုက္ဦး။ ​လူကျဖင့္ ​ေကာင္း​ေကာင္းမနားရ​ေသးဘဲနဲ႕ ...လဲသြားလိမ့္မယ္။ "

" ​ေကာင္းခန္း​ေရာက္မွ ဆင္ဆာျဖတ္လိုက္သလို၊​ေနာက္အပတ္ ​ေမွ်ာ္ဆိုသလို လုပ္ၿပီကြာ။ "

အိပ္​ေရးပ်က္ထားတာ​ေတြ​ေရာ၊ ခရီးပန္းတာ​ေရာ​ေၾကာင့္ နားဖို႔လို​ေနမွန္း စိုင္းစြမ္းထက္ပိုင္လည္း ကိုယ္တိုင္ သိပါသည္။လြမ္း​ေနခဲ့ရသမွ် တင္းတိမ္​ေအာင္ နမ္းခ်င္႐ုံ​ေလးပင္။

" မ်က္လုံးကျဖင့္ အိပ္ခ်င္​ေနၿပီမလား။မၾကာခင္ပဲ စင္းက်လာ​​ေတာ့မွာ။ ​ေတာင့္ခံထားလို႔ ရမွာမဟုတ္ဘဲနဲ႕မ်ား ... "

" မျဖစ္နိုင္တာ မရွိရ​ေအာင္ Lionအားျဖည့္အခ်ိဳရည္​ေသာက္လိုက္ရမလား။"

ဒီ​ေလာက္ပင္ပန္းထားတာ​ေတာင္ စ​ ,ေန​ေသးတာမို႔ ကာရံညီညာမွာ ရယ္​ေန႐ုံသာ တတ္နိုင္သည္။

" ဒီ​ေန႕​ေတာ့ ဆင္ဆာလို႔ရတယ္။ ​ေနာက္ရက္မရဘူး​ေနာ္။ ဆင္ဆာမွာစိုးလို႔ ႀကံႀကိဳဝယ္ထားမွာ။ "

" ​ေပါက္ကရ​ေတြ။ "

ကာရံညီညာက ​ေက်ာပိုးအိတ္​ေလးကို မွန္တင္ခုံ​ေပၚ တင္လိုက္ၿပီး စိုင္းစြမ္းထက္ပိုင္အတြက္ အိပ္ယာခင္း အပါး​ေလး ခင္း​ေပးသည္။ ​ေခါင္းအုံး​ေလးပါ ​ေသခ်ာ​ေနရာခ်ၿပီး ကိုယ္တိုင္ပါ အိပ္ယာ​ေပၚ တက္လွဲလိုက္ၿပီး စိုင္းစြမ္းထက္ပိုင္ကို ​ေခၚလိုက္သည္။

" ​ေဘးမွာလာအိပ္ "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့​ေဘးမွာ ဝင္လွဲလိုက္ၿပီး ကာရံညီညာ့​ေခါင္း​ေအာက္ လက္လ်ိဳကာ ​ေခါင္း​ေလးကို ခပ္ဖြဖြ​ေလး ဖက္ထားသည္။

" အိပ္​ေတာ့​ေလ။ "

" အိပ္မွာ​ေလ ... "

ကာရံညီညာက အိပ္ယာ​ေပၚမွ က်ဳံးထလိုက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ ​ေခါင္း​ေလးကို ​ေပါင္​ေပၚတင္ကာ နဖူး​ေလး​​ေတြကို လက္နဲ႕ခပ္ဖြဖြႏွိပ္​ေပးသည္။

" ငါ့ကိုၾကည့္​မ​ေနနဲ႕ ... အိပ္ပါဆို "

" အိပ္မလို႔ပဲကြ။ လူႀကီး​ေလး မ်က္ႏွာက ​ေအာက္ကပင့္ၾကည့္​ေတာ့ ႐ုပ္ဆိုးလိုက္တာ။ အဲ့ဒါ​ေလး ​​ေတြး​ေနလို႔ပါ။ "

ကာရံညီညာက ရယ္လိုက္ၿပီး စိုင္းစြမ္းထက္ပိုင္၏ မ်က္လုံးႏွစ္ဖက္ကို လက္ဖဝါးတစ္ဖက္နဲ႕ အုပ္လိုက္ၿပီး က်န္လက္တစ္ဖက္က ႏွိပ္​ေပး​ေနသည္။မဟုတ္ရင္ ဒီတစ္​ေယာက္က မအိပ္​ေသးဘဲ စ, ​ေနာက္​ေနမွာ။

" အ​ေဝးကျပန္လာၿပီးမွ ​ေတြ႕ရတာကို ​ေခ်ာ့သိပ္တာနဲ႕ပဲ ၿပီးသြားရတယ္လို႔။ ပန္းအိုး​​ေလာက္​ေတာ့ က်ကြဲမယ္ ထင္​ေနတာ။ "

" မင္းက​ေတာ့ ... "

စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ ဂုတ္မွႏွိမ္ခ်လိဳက္ၿပီး တစ္ခ်က္နမ္းကာ ​ မွန္တင္ခုံ​ေပၚက ပန္အိုးအမာ​ေလးကို ​ေျခ​ေထာက္နဲ႕ အသာ ကန္ခ်လိဳက္သည္။

" စိတ္ကတက္ႂကြ​ေန​ေပမယ့္ လူက အိပ္ခ်င္​ေနၿပီ​ေလ။အနည္းဆုံး​ေတာ့ ပန္းအိုး​ေလး က်ကြဲသြားတယ္ဆိုၿပီး ​ေျဖသိမ့္လို႔ရတာ​ေပါ့။ "

ကာရံညီညာက ရယ္​ေနတာမို႔ ႏွိပ္​ေပး​ေနသည့္ လက္​ေတြပါတုန္ယင္​ေနသည္။ခဏၾကာ​ေတာ့ စ​ေနာက္​ေနရင္း စိုင္းစြမ္းထက္ပိုင္လည္း အိပ္​ေပ်ာ္သြားသည္။

....................

" ဟူး!!! "

ကာရံညီညာက ​​ေလပူ​ေတြကို အႀကိမ္ႀကိမ္မႈတ္ထုတ္​ေနသည္။ စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ၏ လက္​ေလးကို လက္​ေခ်ာင္းခ်င္းယွက္သြယ္ကာ တြဲကိုင္ထားသည္။

" အဆင္​ေျပသြားမွာပါ။ ကိုယ္တို႔က လူႀကီး​ေတြကို အမွားလာ​ေတာင္းပန္တာ​ေလ။အနည္းဆုံး​ေတာ့ သူတို႔ နား​​ေထာင္​ေပးမွာပါ။ "

" အင္း "

ကာရံညီညာတို႔ အိမ္​ေရွ႕​ေရာက္​ေနတာ ဆယ္မိနစ္​ေလာက္ရွိ​​ေနၿပီ။ကားရပ္ထားၿပီး ကား​​ေပၚက မဆင္းရ​ေသးဘူး။ကာရံညီညာ စိတ္အဆင္သင့္ ျဖစ္ၿပီဆိုမွ စိုင္းစြမ္းထက္ပိုင္က ကား​ေပၚကဆင္းလိုက္သည္။ လက္တစ္ဖက္က ​ေတာင္ႀကီးမွ ဝယ္လာ​ခဲ့တဲ့ ပစၥည္း​ေတြဆြဲၿပီး ​ေနာက္လက္တစ္ဖက္က ကာရံညီညာနဲ႕ လက္​ေခ်ာင္းတစ္​ေခ်ာင္းခ်င္းဆီ ယွက္သြယ္ဆုပ္ကိုင္ကာ တြဲထားသည္။

" အ​ေမ ၊ အ​ေဖ "

ဧည့္ခန္းမွာထိုင္​ေနတဲ့ ​ေဒၚခင္ခ်ိဳက စာရင္းလုပ္​ေနရင္းမွ ​ေမာ့ၾကည့္သည္။ကာရံညီညာနဲ႕ အၾကည့္ခ်င္းဆုံသြား​ေတာ့ လူပါ အျခားတစ္ဖက္လွည့္ကာ ​ေက်ာ​ေပးသြားသည္။ဦးျမတ္သာက​ေတာ့ ပုံမွန္အတိုင္းသာ ထိုင္​ေနသည္။သားက လက္တြဲ​ေဖာ္အျဖစ္ ​​ေယာက်္ား​ေလးတစ္​ေယာက္ကို အိမ္​ေခၚလာတာမို႔ မ်က္ႏွာထား​ေတာ့ တင္း​ေနသည္။စိုင္းစြမ္းထက္ပိုင္က ကာရံညီညာ့ကို ​ေခါင္းၿငိမ့္ျပၿပီး အထဲဝင္ခိုင္းသည္။

" ကြၽန္​ေတာ္ လာကန္​ေတာ့တာအ​ေမ။ ​"

" ကန္​ေတာ့ၿပီးရင္ျပန္ "

​ေဒၚခင္ခ်ိဳက အခုထိကာရံညီညာ့ကို ၾကည့္မလာ​ေသးဘူး။

" ​ေတာင္းပန္ပါတယ္ အ​ေမနဲ႕အ​ေဖ။ ကြၽန္​ေတာ္ သူကလြဲရင္ ဘယ္သူနဲ႕မွ မျဖစ္နိုင္လို႔ပါ နားလည္​ေပးပါ။ "

စိုင္းစြမ္းထက္ပိုင္က ဘာမွဝင္မ​ေျပာ​ေပမယ့္ ကာရံညီညာ့၏ မိဘ​ေတြကို ​ေလးစားမႈရွိသည္။ကာရံညီညာက ​ေဒၚခင္ခ်ိဳ၏ အနားသြားကာ အ​ေနာက္မွ သိုင္းဖက္သည္။

" အ​ေမ ကြၽန္​ေတာ့္ကိုမမုန္းပါနဲ႕။ "

ကာရံညီညာက ငို​ေန​​ေတာ့ ​ေဒၚခင္ခ်ိဳကပါ မ်က္ရည္က်လာသည္။အသံမထြက္​ေပမယ့္ တိတ္တဆိတ္သာ ရွိုုက္ငို​ေနသည္။

" ငါ​ေျပာထားတယ္မလား။ ျဖစ္ၿပီးမွ​ေတာ့ ထားလိုက္ပါ​ေတာ့။ "

ဦးျမတ္သာကပါ ဝင္​ေျပာလာသည္။

" ကြၽန္​ေတာ္အျပင္ကပဲ ​ေစာင့္ပါ့မယ္။ ဦး​ေလးတို႔ မိသားစုခ်င္း စကား​ေျပာၾကပါ။ "

စိုင္းစြမ္းထက္ပိုင္က အလိုက္သိစြာပဲ ​ေရွာင္ထြက္​ေပးသြားသည္။

" အ​ေမ "

​ေဒၚခင္ခ်ိဳက ကာရံညီညာ့ဖက္ထားတာကို ဖယ္္ခ်ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္သည္။မ်က္ရည္က်​ေနတဲ့ သားကိုၾကည့္ၿပီး နစ္နစ္နာနာ စကား​​ေတြက ​ေျပာမထြက္ဘူး။

" သူက နင့္ကို တစ္သက္လုံးလက္တြဲမွာ ​ေသခ်ာလား။မ်ိဳးဆက္မရွိလည္း အဆင္​ေျပတာ ​ေသခ်ာလား။ "

" ​ေသခ်ာတယ္အ​ေမ။ သူကသားကို အရမ္းခ်စ္ပါတယ္။ အ​ေမတို႔သူ႕ကို ​ေစာင့္ၾကည့္နိုင္ပါတယ္။ "

​ေဒၚခင္ခ်ိဳက သက္ျပင္းခ်ၿပီးမွ ခပ္​ေအး​ေအးသာ ​ေျပာလာသည္။

" နင္​ေ႐ြးခ်ယ္တဲ့လမ္း။ နင္အဆုံးထိ​ေလွ်ာက္​ေပါ့။ ဘာမွဝင္မ​ေျပာ​​ေတာ့ဘူး။အဆင္​ေျပတယ္ဆိုရင္ ၿပီးတာပဲ။ "

" ​ေက်းဇူးတင္ပါတယ္ "

ကာရံညီညာက ​​ေဒၚခင္ခ်ိဳကို ​ေနာက္တစ္​ေခါက္ ဖက္ျပန္​ေတာ့ ခဏ​ေလာက္တုံ႕ဆိုင္း​ေနၿပီးမွ ​ေဒၚခင္ခ်ိဳက ျပန္လည္ဖက္သည္။ ဦးျမတ္သာက​ေတာ့ သားမိႏွစ္​ေယာက္ကိုၾကည့္ကာ စိတ္​​ေအးသြားသလို သက္ျပင္းခ်​ေနသည္။

ဆက္ရန္

Continua a leggere

Ti piacerà anche

133K 23K 108
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
493K 50.5K 200
လယ်သမားဇနီးမှာ နေရာလွတ်ရှိနေတယ် GP1 (26-175) 500 GP2 (176-325) 2500 GP3 (326-475) 2500 GP4 (476-625) 2500 GP5 (626-725) 2000
405K 78.4K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...