Unicode
ဒေါဝံမြို့တွင် အန္တရာယ်ကျရောက်လေပြီ
________________
" အားလုံး မြေပေါ်ကိုတက်ကြ"
အရုဏ၏အမိန့်သံဆုံးသည်နှင့် နဂါးမင်းသားအဏ္ဏမှ ဦးဆောင်၍ ဂူတံခါးကိုဖွင့်ကာ ယခင်နည်းလမ်းအတိုင်း မြေပေါ်သို့ အလျင်အမြန်ပြေးတက်ကြသည်။
မြေပေါ်သို့ရောက်လေသော် အရုဏ၊ အဏ္ဏနှင့် ရေဝတီတို့သည် လူအသွင်ပြန်လည်ဖန်ဆင်းလိုက်သည်။
မရှေးမနှောင်းပင် သူတို့၏ဘေးပတ်လည်တစ်လျှောက် အဲမောင်းအချွန်များက သူတို့ကို ဦးတည်ရွယ်လာသည်။
အဲမောင်းကိုင်ဆောင်ထားသော စစ်သည်များက သူတို့ဘေးတွင် အယောက်တစ်ရာမျှရှိသည်။ ယင်းစစ်သည်များထံတွင် အနက်ရောင်အငွေ့များလှိုက်နေသောကြောင့် မှော်နက်ဖြင့်ပြုစားခံထားကြောင်း၊ မှော်နက်ဖြင့် စွမ်းအားအတိုးခံထားရကြောင်း သိရှိနိုင်သည်။
ထို့နောက်တွင်မူ သစ်ပင်ကြီးတစ်ပင်၏အကိုင်းပေါ် ခြေချိတ်ထိုင်နေသည့် စုန်းမကိဏီနှင့် ယင်းသစ်ပင်ဘေးရှိ တိုက်ဆင်ပေါ်တွင် အခန့်သားထိုင်နေသော မင်းယောဇာကို တွေ့ရသည်။
မင်းယောဇာက ခနဲ့တဲ့တဲ့ရယ်သည်။
" ငလျင်လှုပ်တော့ မြေထဲက အကောင်ပလောင်တွေ မြေပေါ်တက်လာရတာပဲ မဟုတ်လား"
အရုဏ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ မင်းယောဇာ ဒေါဝံသို့ တစ်ချိန်ချိန် ရောက်ရှိလာမည်မှန်း ခန့်မှန်းမိသော်လည်း ယခုလို မြို့ကို ရုတ်တရက်ဖောက်ခွဲရင်း ရောက်လာမည်ဟု မထင်မှတ်ထားခဲ့ပေ။
စဉ်းစားနေရင်းမှာတင် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးနှင့်အတူ မြေကြီးတို့ တုန်ခါသွားပြန်သည်။
မင်းယောဇာက တစ်မြို့လုံးကို ဖောက်ခွဲ၍ မြေလှန်ပစ်ရန် ကြံစည်ထားပုံပေါ်သည်။
" ဒီမှာ ဟေ့ကောင်၊ ဒီမှာရှိနေတဲ့လူတွေအတွင်း မင်းရဲ့ဘိုးအေထက် ဆယ်ဆလောက် ပိုအသက်ကြီးတဲ့လူတွေပါတယ်။ အကြီးတွေကို ရိုရိုသေသေစကားပြောရမှန်း မင်းအမိက မသင်ထားဘူးလား"
အဏ္ဏသည် မင်းယောဇာကို ယခုမှမြင်ဖူးခြင်းဖြစ်သော်လည်း စတွေ့ကတည်းက ရန်သူအမှတ်နှင့် အမြင်ကတ်ရသည်မို့ လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ငေါက်လိုက်သည်။
မင်းယောဇာကမူ ပါးချိုင့်များခွပ်ဝင်သော ခန့်မှန်းရခက်သည့် အပြုံးတစ်ပွင့်သာပေးသည်။ ထို့နောက် သူတို့အားလုံးကို အထက်စီးဆန်ဆန်ကြည့်ကာ
"ခန့်မှန်းကြည့်ရအောင်။ အသင်က နဂါးမင်းသားအဏ္ဏ ဟုတ်သလား"
ဟု တည်ကြည်စွာမေးသည်။
အဏ္ဏက တင်းမာသောမျက်နှာထားဖြင့် ခါးထောက်သည်။
" ဟုတ်တယ်။ ငါက မင်းသားအဏ္ဏပဲ။ မင်းကရော ဘာကောင်လဲ"
" ကျွန်ုပ် ဘယ်သူလဲဆိုတာ သိချင်ရင် ဘေးက မင်းသားအရုဏကို မေးကြည့်ပါလား"
ယောဇာစကားကြောင့် အဏ္ဏ အရုဏဘက်ကို လှည့်ကြည့်မိသည်။ အရုဏ၏ မျက်ဝန်းများက ခုနကထက်တောင် ပိုမိုကြောက်ဖို့ကောင်းနေကာ မြစိမ်းရောင်မှ အနီရောင်သို့ ပြောင်းလဲနေပြီဖြစ်သည်။
ကြည့်ရသည်မှာ သူ အတော်လေးဒေါသထွက်နေပုံရသည်။
မင်းယောဇာက မထိတထိဆိုသည်။
" နော် အစ်ကိုတော်။ ကျွန်ုပ်ကို သူနဲ့မိတ်ဆက်ပေးပါဦး"
" အစ်ကိုတော်?"
အဏ္ဏ တအံ့တဩရေရွတ်သည်။ အစ်ကိုတော်နှင့် ညီတော်ကြားမှ ဆက်ဆံရေး အလွန်အမင်းဆိုးဝါးနေပါတကား ဟု သူတွေးတောမိသည်။
"ကျွန်ုပ်က မင်းသားအရုဏရဲ့ညီတော် မင်းယောဇာပဲ။ အရင်ကတော့ မင်းသားမင်းယောဇာ။ အခုတော့ ဥတ္တရနိုင်ငံရဲ့ ပြည့်ရှင်မင်း မင်းယောဇာ"
" ပြည့်ရှင်မင်း" ဟုသောနေရာတွင် မင်းယောဇာသည် အသံကိုဖိပြော၏။
ထိုအခါ အရုဏမှာ မျက်နှာပိုမိုမာကြောတင်းမာသွားသော်လည်း သူ့ဘေးရှိအဏ္ဏကမူ စပ်ဖြဲဖြဲရုပ်နှင့် နှာရှုပ်သည်။
" အခုခေတ် ဘုရင်တွေကို စိတ္တဇကောင်တွေချည်း ရွေးတင်မြှောက်တာလားဟ"
သူ့စကားကြောင့် မင်းယောဇာ အထိနာသွားပြီး စကားဖြင့် ပြန်လည်တုံ့ပြန်ရန်ပြင်စဉ် အရုဏက ကြားဖြတ်ဝင်ပြောလာသည်။
"မင်း နဂါးမျက်ရှင်ကို ယူဖို့ ရောက်လာတာလား"
မင်းယောဇာ ဆင်ပေါ်ရှိ ခုံပေါ်တွင် ပို၍သက်သောင့်သက်သာထိုင်လိုက်သည်။
"အစကတော့ ဟုတ်တယ်။ ဒါပေမဲ့ နဂါးမျက်ရှင်လိုမျိုး တန်ခိုးရှိတဲ့မျက်ရှင်တစ်ခု ရှိတယ်လို့ကြားတယ်။ နဂါးမျက်ရှင်ထက်ပိုကောင်းတဲ့အချက်က အဲ့ဒီ့မျက်ရှင်က ပိုင်ရှင်မရှိဘဲ သူနဲ့ထိုက်တန်သူကို သူ့သခင်အဖြစ်ရွေးချယ်မယ်ဆိုတဲ့အချက်ပဲ။ အဲ့အကြောင်းကို ကြားကြားချင်း ကျွန်ုပ် နဂါးမင်းသားအဏ္ဏရဲ့မျက်ရှင်ကို စိတ်မဝင်စားတော့ဘူး။ ကျွန်ုပ်ရဲ့ကိုယ်ပိုင်မျက်ရှင် ဖန်တီးရမယ်လို့ တွေးမိတယ်"
" ဟဟ မင်းက ကမ္ဘာဦးကတည်းကရှိနေတဲ့ မြင့်မြတ်တဲ့မျက်ရှင်ကို အရယူနိုင်မယ် ထင်တာလား။ ရယ်ရတဲ့အကောင်ပဲ။ မျက်ရှင်က မင်းလိုကောင်မျိုးကို သခင်အဖြစ်လက်ခံမယ်ထင်လား"
အဏ္ဏ၏ လှောင်ပြောင်သောအသံက ထပ်မံပြီးထွက်ပေါ်လာပြန်သည်။ သည်တစ်ခါတော့ သစ်ပင်ပေါ်တွင် ခြေချိတ်ထိုင်နေသည့် ကိဏီက ဘတ်ခနဲပြန်ပြောလာသည်။
" အဘိုးကြီး ပါးစပ်ပိတ်ထားပါလား"
အသုံးအနှုန်းကြောင့် အဏ္ဏ ထောင်းခနဲဖြစ်သွားကာ သူ လက်ညှိုးငေါက်ငေါက်ထိုး၍ဆိုသည်။
" မင်းလိုမှော်နက်ပညာရှင်က ငါလိုမင်းသားကို အမိန့်ပေးလို့မရဘူးကွ။ ဒီစုန်းမျိုးမစစ်မရဲ့"
ဆက်လက်ပြီး အရေးမပါသည့် စကားနိုင်လုပွဲဖြစ်ကာ အချိန်ကြန့်ကြာမည်စိုး၍ ရန်တွေ့ရန်ဟန်ပြင်နေသော ကိဏီကို ယောဇာ လက်ပြ၍ တားဆီးလိုက်သည်။ ထို့နောက် ယောဇာကပဲ တည်တည်ငြိမ်ငြိမ်နှင့်ဆိုသည်။
" ကျွန်ုပ်က အရှင့်သားတို့နဲ့တိုက်ခိုက်ဖို့အတွေးမရှိဘူး။ ကျွန်ုပ်လိုချင်တာကို ရရင် ဒီကနေ အသာတကြည်ထွက်သွားမှာ။ ဒါပေမဲ့ ပြဿနာတစ်ခုက မျက်ရှင်ရဲ့ နေရာကို ကျွန်ုပ်မသိဘူး။ ဒေါဝံရဲ့ မြေအောက်မှာရှိတယ်ဆိုတာ သိပေမဲ့ အရှင့်သားတို့မြင်တဲ့အတိုင်း ဒေါဝံက ကျယ်လွန်းလှတယ်။ ဒါကြောင့် ဟောဒီက အရှင့်သားအဏ္ဏက မျက်ရှင်တည်နေရာကိုများ သိခဲ့ရင် ကျွန်ုပ်တို့ကို ပြောပြပေးပါ။ မဟုတ်ရင်တော့ မြို့တစ်ခုလုံးကို ဖောက်ခွဲပစ်ရမှာပဲ"
" ဟားဟားဟားဟား ဟားဟားဟား"
အဏ္ဏ အားပါးတရရယ်သည်။ ရယ်လို့ဝမှ ခေါင်းကိုမော်ပြီး
" ငါ မသိဘူး"
ဟု ပြတ်ပြတ်သားသားဆိုလာသည်။
မင်းယောဇာစိတ်ပျက်သွားပြီး ဒီနဂါးကိုလည်း တစိမ့်စိမ့်နှင့်ဒေါသထွက်လှသဖြင့် ထုထောင်းပစ်လိုက်ချင်သည်။ သို့သော်လည်း အချိန်မတန်သေး၍ စိတ်ထိန်းလိုက်ရသည်။
ဘေးရှိ စိတ်လိုက်မာန်ပါလုပ်တတ်သော ကိဏီကိုလည်း လက်ကာပြ၍ လှမ်းထိန်းရသေးသည်။
နဂါးမင်းသားက အော်ကြီးဟစ်ကျယ်ပြောသည်။
" သိလည်း မင်းတို့ကို ပြောပြမယ်ထင်နေလား"
မင်းယောဇာ ဆက်လက်ပြီး ဒီနဂါးနှင့် စကားနိုင်မလုချင်တော့ပေ။ ဖြစ်သင့်သည်ကို ဦးစားပေးရမည်ဖြစ်သဖြင့်
" ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲ လမ်းခွဲကြတာပေါ့။ စေတနာနဲ့အသိပေးရရင် မြို့ကနေ အမြန်ထွက်ခွာကြပါ။ ဗုံးထဲပါသွားရင် ကျွန်ုပ်ကို အပြစ်မဆိုပါနဲ့"
ဟုသာ ဆိုပြီး ယောဇာ လှည့်ထွက်သွားရန်ပြင်သည်။
ထိုအချိန်တွင် နန္ဒ၏အသံက စူးစူးနစ်နစ်ထွက်ပေါ်လာသည်။
" အစ်ကိုတော် ဘာလို့ဒီလောက်ထိလုပ်ရတာလဲ။ မြို့ကိုမြေလှန်ချင်ရင်တောင် မြို့သူမြို့သားတွေကို ဖယ်ရှားခိုင်းပြီးမှ လုပ်ရမှာပေါ့။ အခုတော့ ပြည်သူတွေကိုပါ ထိခိုက်နေပြီ"
မင်းယောဇာ တိတ်ဆိတ်နေသည်။ သူ၏ရုပ်အမူအရာကိုကြည့်ရင်း ယုဂန် လက်သီးဆုပ်လိုက်မိသည်။
ယုဂန်: " သူလိုချင်တာလည်း ဒါပဲလေ"
ယုဂန်စကားကြောင့် နန္ဒထိတ်လန့်သွားသည်။ ယုဂန်က မင်းယောဇာကိုပဲ ပြင်းထန်စူးရဲစွာစိုက်ကြည့်နေသည်။
ယုဂန်: " ဟုတ်တယ်မလား မင်းယောဇာ။ မင်းက ပြည်သူတွေကိုတစ်ပါတည်းသတ်ချင်နေတာပဲ။ မင်းက ဝိဉာဉ်တွေကိုအလိုရှိနေတာလေ။ မင်းအတွက်တော့ မြို့ကိုရုတ်ချည်းဗုံးခွဲတာက တစ်ချက်ခုတ်နှစ်ချက်ပြတ် အစီအစဉ်ပဲမဟုတ်လား"
ယောဇာ၏ပါးအတွင်းသို့ ပါးချိုင့်ကလေးများချိုင့်ဝင်သွားသည်။ သူ လေးတွဲ့တည်ကြည်စွာဆိုသည်။
" အစ်ကိုတော်ယုဂန် ခါတိုင်းလို ဉာဏ်ကောင်းနေတုန်းပဲနော်"
ဤသည်မှာ " တစ်မြို့လုံးကိုသတ်ရန် အကြံအစည်ရှိသည်" ဟူသောအချက်ကို ဝန်ခံလိုက်ခြင်းဖြစ်သဖြင့် အရုဏ၏ဒေါသများ ဟုန်းခနဲတောက်လောင်သွားသည်။
သို့ပါ၍ သူ ခြင်္သေ့တစ်ကောင်၏ဟိန်းသံနှင့်ညီမျှသော အသံဖြင့် ဒေါသတကြီးမာန်မဲသည်။
" မင်းရဲ့လောဘအတွက် တစ်မြို့လုံးကို ဗုံးခွဲမြေလှန်နေတာ ဘုရင်တစ်ယောက်ရဲ့လုပ်ရပ်လား။ မင်းဆိုးမင်းညစ်ဆိုတဲ့စကားလုံးထက်တောင် မင်းကပိုပြီးယုတ်ညံ့သေးတယ် မင်းယောဇာ"
မင်းယောဇာမှာမူ ပကတိခံစားချက်သေနေသောမျက်နှာဖြင့် အသံဆိတ်နေသည်။ ထို့နောက် ဆင်ကို ဘေးသို့လှည့်၍ တခြားဦးတည်ချက်ပြောင်းကာ
"ကျွန်ုပ်မှာ အစ်ကိုတော်နဲ့စကားနိုင်လုဖို့အချိန်မရှိဘူး။ နောက်မှ ထပ်တွေ့တာပေါ့ အစ်ကိုတော်"
ဟုဆိုသည်။ သူ ထိုနေရာမှ လှည့်ထွက်သွားသည်။
သို့ရာတွင် မင်းယောဇာ၏အနောက်တည့်တည့်သို့ လက်နက်တစ်မျိုး တဟုန်ထိုးလာနေကြောင်း သူ၏အသိစိတ်က ခန့်မှန်းမိလိုက်သည်။
မင်းယောဇာ ဆင်ပေါ်မှနေရင်း ဘေးသို့ရှောင်လိုက်သည်။ ထိုအခါမင်းယောဇာ၏ နားရွက်ဘေးမှ ဓားရှည်တစ်ချောင်း ကပ်သီးလေးဖြတ်ပြေးသွားသည်။
တစ်ဆက်တည်းပင် အရုဏ၏မာကြောသောအသံကို ကြားရသည်။
" မင်းရဲ့လုပ်ရပ်ကို ခုချက်ချင်းရပ်။ ဗုံးတွေကို ခုချက်ချင်းဖယ်ရှားစမ်း"
မင်းယောဇာ ဆင်ကို ပြန်လှည့်လိုက်သည်။ သူ၏မျက်နှာမှာ မိုးရွာခါနီးတိမ်တိုက်များပမာ မဲမှောင်ကျနေသည်။
" တိုက်ခိုက်ဖို့ကို စတင်ရွေးချယ်တာ အစ်ကိုတော်ပဲနော်"
ထို့နောက် မင်းယောဇာ အချက်ပြလိုက်လျှင် ဝန်းရံနေသော စစ်သည်များက တိုက်ခိုက်ရန်အသွင် အသင့်ပြင်လေသည်။
သို့ရာတွင် အရုဏမှာ အကြောက်အရွံ့မရှိသည့်နှယ် ပကတိတည်ငြိမ်နေပြီး မင်းသားအဏ္ဏကို လှမ်းမေးသည်။
" အရှင့်သား ဒီလူတွေအားလုံးကို အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိသလား"
အဏ္ဏ နှုတ်ခမ်းစွန်းတစ်ဖက်တည်း ကွေးညွတ်၍ ညစ်ကျယ်ကျယ် ပြုံးကာ စိတ်ကြီးဝင်ဟန်ဖြင့်ဆိုသည်။
" ရှိတာပေါ့။ ဘာမှော်နက်ပညာရှင်လဲ။ ငါ့အတွက် ပမွှားလေးတွေ...."
" ကောင်းပြီ"
ထို့နောက် အရုဏ သူ့လက်ယာဘက်ရှိ ညီတော်များဆီ လှည့်ပြောသည်။
" နန္ဒ၊ ပီယံ၊ ဧက ငါပြောတာကို သေချာနားထောင်ပါ။ အခွင့်အခါသင့်တာနဲ့ မင်းတို့သုံးယောက် ချက်ချင်းထွက်ပြေးပြီး ဒီမြို့ကလူတွေ ဘေးလွတ်ရာပြေးနိုင်အောင် စီစဉ်ပါ။ ဗုံးတွေချထားတဲ့နေရာကိုကြည့်ပြီး လွတ်လမ်းအမြန်ရှာပါ။ တတ်နိုင်သမျှ ထိခိုက်မှုမရှိအောင် ကြိုးစားပါ"
ပီယံ: " ဟုတ်ကဲ့ပါ အစ်ကိုတော်"
အရုဏ: " နောက်ပြီး ရေဝတီက သမီးတော်လေးနဲ့ စောရံဆီ သွားပြီး သူတို့နှစ်ယောက်ကို ခေါ်ထုတ်ပါ"
ရေဝတီ: " ဟုတ်ကဲ့ အရှင့်သား"
အရုဏ: " ယုဂန်လည်း ရေဝတီနဲ့လိုက်သွား။ ကလေးနဲ့စောရံကို ခေါ်ပြီးတာနဲ့ ပီယံတို့နဲ့ ပူးပေါင်းပြ်ီး မြို့သူမြို့သားတွေကိုဘေးလွတ်ရာရွှေ့ဖို့ စီစဉ်ပါ"
အားလုံးဟာ အရုဏ၏အမိန့်ကို အသာတကြည်လိုက်နာကြသော်လည်း ယုဂန်ဟာမူ စိုးရိမ်သည့်မျက်နှာထားဖြင့်
ပြန်လည်ပြောကြားလာသည်။
" မောင်နဲ့ အရှင့်သားနဲ့ နှစ်ယောက်တည်း အဆင်ပြေပါ့မလား"
အဏ္ဏ: "မင်းခင်ပွန်းရဲ့အစွမ်းကို မင်းမယုံဘူးလား"
ယုဂန် မောင့်ကိုယုံသည်။ သို့ရာတွင် စိုးရိမ်စိတ်က ရှိစမြဲဖြစ်၏။ သို့ပါ၍ သူမျက်နှာလေးမဲ့ကာ မျက်ဝန်းတို့ ဖျော့မှိန်ဝိုင်းစက်သွားလျှင် မောင်က သူ့လက်ကလေးကို အသာကိုင်၍ နှစ်သိမ့်သည်။
" မောင် ဘာမှမဖြစ်စေရဘူး ကတိပေးတယ်"
ယုဂန် မျက်နှာငယ်လေးဖြင့်ခေါင်းညိတ်သည်။ သူ မလွှတ်ချင်လွှတ်ချင်ဖြင့် မောင့်လက်ကို လွှတ်လိုက်ရ၏။
ယင်းနောက် မောင်ဟာ မင်းယောဇာဘက်ကို စူးရှတောက်လောင်သော မျက်ဝန်းများဖြင့် ကြည့်လျက် တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြင်လိုက်သည်။
သူ အဏ္ဏဘက်ကို တစ်ချက်လှမ်းကြည့်ပြီး နှစ်ယောက်သား အကြည့်နှင့် အချိန်းအချက်ပြုလိုက်သည်။
ထို့အတူ ရေဝတီ၊ နန္ဒနှင့် ပီယံတို့လည်း အခွင့်အရေးကို သတိကြီးကြီးနှင့် စောင့်ဆိုင်းနေသည်။
" အခုပဲ"
အရုဏ မာန်အပြည့်နှင့် အော်သည်။
ထိုအခါ အဏ္ဏသည် နဂါးကြီးအသွင်သို့ မျက်တစ်ခတ်အတွင်းပြောင်းလဲသွားလျက် မိမိတို့လူတစ်စုကို ဝိုင်း၍ လေပွေပမာ ဆက်တိုက်လှည့်ပတ်လေသည်။
ယင်းအခါ မြင်ကွင်းကိုကွယ်သည့်နှယ် ဖြစ်သွားပြီး အကာအကွယ်လည်း ရသွားလေသည်။ တစ်ဆက်တည်းပင် ရေဝတီ၏နဂါးအသွင်က ယုဂန်ကို သယ်ဆောင်၍ ကောင်းကင်ပေါ် အလျင်အမြန်ပျံတက်သွားသည်။
ထို့အတူ ပီယံ၊ ဧကနှင့် နန္ဒတို့သည်လည်း အနီးအနားရှိ သူတို့မြင်းများပေါ်သို့ ခုန်တက်၍ နဂါးလေပွေဆုံးသည်နှင့် လွတ်ရာသို့ အမြန်ပြေးထွက်သွားသည်။
ပီယံတို့နောက်သို့ မင်းယောဇာ၏ မြင်းစီးစစ်သည်များ ပြေးလိုက်ရန် ဟန်ပြင်သေးသည်။
သို့ရာတွင် အရုဏ၏ ကြီးမားသော ဘီလူးအသွင်က ယင်းမြင်းစီးစစ်သည်တို့ကို အရှေမှ ပိတ်ကာလိုက်သည်။ ထ်ို့နောက် ၎င်းစစ်သည်တို့ကို အစွမ်းဖြင့်ရိုက်ချလိုက်ရာ မြင်းအပါအဝင် စစ်သည်များအားလုံး အတုံးတုံးအရုံးရုံး လဲကျသွားလေသည်။
တစ်ဖက်တွင်လည်း နဂါးအသွင်ဖြင့် အဏ္ဏက စစ်သည်များကို တဟုန်ထိုးတိုက်ခိုက်နေလေသည်။ နဂါးပီပီအဏ္ဏ၏လက်စက ပြင်းနေသည်မို့ အရုဏ ဟန့်တားလိုက်သည်။
" ဒီစစ်သည်တွေက ကျွန်ုပ်တိုင်းပြည်ရဲ့စစ်သည်တွေပဲ။ သူတို့က စိတ်ညှို့ခံထားရတာမို့လို့ တတ်နိုင်သမျှ မသေအောင် တိုက်ခိုက်ပေးပါ။ ဘယ်သူ့ကိုမှ အကြောင်းမဲ့သက်သက် မသေစေချင်ဘူး"
အဏ္ဏ ခေါင်းတစ်ချက်သာ ညိတ်ပြပြီး သူ၏အမြီးဖြင့် ဆယ်ယောက်မျှ စစ်သည်များကို မေ့လဲသွားအောင် ရိုက်ချလိုက်သည်။
စစ်သည်များဟာ မှော်နက်အစွမ်းဖြင့် ရုပ်သေးဖုတ်ကောင်သဖွယ် ဖြစ်နေသော်လည်း အဏ္ဏနှင့် အရုဏအတွက်မူ အလွန်တရာပမွှားဖြစ်နေသေးသည်။
ထို့အပြင် မေ့လဲရုံမျှ၊ မလှုပ်ရှားနိုင်မျှသာ တိုက်ခိုက်သည်မို့ မှော်အစွမ်းတောင်သိပ်ထုတ်သုံးစရာမလိုဘဲ မိမိတို့၏လက်ဖြင့်၊ အမြီးဖြင့် ရိုက်ရုံနှင့်တင် ပွဲပြီးလေသည်။
စစ်သည်များကို နှိမ်နှင်းရန် အချိန်သိပ်မကြာလိုက်ပေ။
ကိဏီသည် မိမိတို့ရင်ဆိုင်ရသူ နှစ်ဦး၏အစွမ်းကို ဒီအတိုင်းမယှဉ်နိုင်မှန်းသိသည်မို့ အေးအေးဆေးဆေးထိုင်၍ ပွဲကြည့်နေရာမှ သစ်ကိုင်းပေါ်တွင် ပေါ့ပါးစွာမတ်တပ်ရပ်လိုက်သည်။
ထို့နောက် သူမ၏လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အနက်ရောင်အငွေ့များကို ထုတ်လွှတ်လိုက်သည်။
မရှေးမနှောင်းပင် ဤနယ်ပယ်တွင်ရှိသော ဖုတ်သဘက်များ၊ သရဲများ၊ တစ္တေကြီးများသည် ထိုနေရာသို့ အသီးသီးရောက်ချလာလေသည်။
အနှီ ပုံပျက်ပန်းပျက်နာနာဘာဝများကိုကြည့်ရင်း အဏ္ဏ ဟက်ခနဲရယ်လိုက်သည်။
" အရှင့်သား ဒီအကောင်တွေကိုတော့ စိတ်ရှိလက်ရှိသတ်လို့ရတယ်မဟုတ်လား"
အရုဏ၏ခွင့်ပြုမိန့်ကို စောင့်ဆိုင်းမနေဘဲ စကားဆုံးသည်နှင့် နဂါးအဏ္ဏသည် အစွယ်ချွန်များပြည့်နေသော မြွေပါးစပ်ကို ဖွင့်ကာ ယင်းအတွင်းမှ လျှံလျှံငြီးသောမီးတောက်များ မှုတ်ထုတ်လျက် နာနာဘာဝများကို မီးလောင်တိုက်သွင်းလေသည်။
ကိဏီ ထိတ်လန့်သွားသည်။ သူမ တစ်စုံတစ်ရာလုပ်ဆောင်ရန် ပြင်စဉ်တွင် ရုတ်တရက် သူမရပ်နေသော သစ်ပင်မှာ အစိတ်စိတ်အမြွှာမြွှာ ကျိုးကြေသွားသည်။
ဟုတ်သည်။ သစ်ပင်က ထက်ပိုင်းကျိုးခြင်းမဟုတ်။ မှန်တစ်ချပ်ကွဲသွားသလို တစ်စစီကြေမွသွားခြင်းဖြစ်သည်။
တကယ်က သစ်ပင်ကို ခွဲချေလိုက်သောစွမ်းအားသည် ကိဏီကို ဦးတည်ခဲ့ခြင်းဖြစ်သည်။
ဆဋ္ဌမအာရုံကောင်းသော ကိဏီသည် သစ်ပင်ပေါ်မှ အလျင်အမြန်ရှောင်ကာ သိမ်းငှက်အသွင်ဖန်ဆင်း၍ ပျံသန်းနိုင်လိုက်သောကြောင့်သာ ကပ်သီးလေးလွတ်မြောက်သွားခြင်းဖြစ်သည်။
သူမကို အသေသတ်ရန် ကြံရွယ်လိုက်သူကို သူမ,လှမ်းကြည့်လိုက်သည်။
ဘီလူးအသွင်ဖြင့် မင်းသားအရုဏဖြစ်သည်။
မင်းသားအရုဏက စွမ်းအားဖြင့် ပစ်လွှတ်ကာ သူမအပါအဝင် သစ်ပင်တစ်ပင်လုံးကို ချေမွပစ်ရန် ကြံရွယ်ခဲ့သည်။
နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကထက် မင်းသားအရုဏမှာ ပိုမိုစွမ်းအားကြီးနေသည်။
ယခု သူမရင်ဆိုင်နေရသည်က အင်အားကြီးမားလွန်းသည်ဟု ထင်ရှားသော ဒဏ္ဍာရီလာနဂါးနှင့် အလွန်အမင်းစွမ်းအားကြီးလာသည့် ဘီလူးတစ်ကောင်ပင်။
သူမတစ်ယောက်တည်းနှင့် ယှဉ်တိုက်ရန် မဖြစ်နိုင်တော့မှန်း ကိဏီသိလိုက်သည်။ သူမ မျက်တစ်လုံးရှင်ကို အလျင်အမြန် လှမ်းခေါ်ရမည်။
ထို့အပြင် လိုအပ်ပါက မိမိတို့၏မဟာမိတ်များကိုပါ ခေါ်ဆောင်ရပေလိမ့်မည်။
***********************************
မိမိတို့ တည်းခိုရာအခန်းနားသို့ ရောက်သည်နှင့် ကလေးငိုသံစူးစူးကို ကြားလိုက်ရသည်။
ငိုသံကြောင့် သမီးဇောဖြင့် စိတ်ပူသွားသည်မို့ ယုဂန် အခန်းတံခါးကို ဝုန်းခနဲဖွင့်၍ အခန်းထဲသို့ ပြေးဝင်သွားသွားသည်။
တော်သေးသည်က ယုဂန်စိုးရိမ်မိသလို ရန်သူများရှိမနေဘဲ စောရံနှင့် ကလေးနှစ်ဦးတည်းသာရှိနေသည်။ စောရံက ကလေးကိုပွေ့ချီကာ အငိုတိတ်အောင် ချော့မော့နေသည်။
ယုဂန်နှင့် ရေဝတီရောက်လာသည်ကိုမြင်သော် စောရံဝမ်းပန်း တသာဖြစ်သွားသည်။
" သခင်လေး"
ယုဂန် ဘာမှတောင်မဆိုနိုင်ဘဲ စောရံလက်ထဲမှ သမီးကိုလွှဲပြောင်းယူ၍ ချီလိုက်သည်။
မျက်နှာနှင့်အသံကို မှတ်မိနေပြီဖြစ်သော ကလေးက ယုဂန်ကိုမြင်သော် နှုတ်ခမ်းလေးမဲ့မဲ့ပြီး ပိုငိုပြလာသည်။ သူမ၏လက်သီးဆုပ်သေးသေးလေးများက လေပေါ်တွင် ဝှေ့ယမ်းနေသည်။
" သခင်မလေးက ခုနကပေါက်ကွဲသံတွေကြောင့် လန့်ပြီးငိုသွားတာ။ အငိုမရပ်တော့ဘူး"
စောရံကရှင်းပြသည်။
ယုဂန် ကလေးကို ထိုင်လျက်အနေအထားသို့ ပြောင်း၍ချီလိုက်ကာ ကလေး၏ကျောကို အသာအယာပွတ်သပ်သည်။ ဣန္ဒီက ယုဂန်၏ပခုံးပေါ်တွင် မေးတင်ကာ အော်ငိုစမြဲဖြစ်သည်။
" ဖဘုရားရောက်လာပြီနော်။ ဣန္ဒီ မကြောက်နဲ့တော့နော်။ ဘာမှမဖြစ်ဘူး။ ဘာမှမဖြစ်ဘူး"
ယုဂန်သည် သူ၏လက်တစ်ဖက်ဖြင့် စောင်တစ်ထည်ကိုလှမ်းယူလိုက်သည်။ ထို့နောက် ကလေးကို သူ၏ရင်ဘတ်နှင့် ကပ်ချည်ဖို့လုပ်ရင်း
" ဒီကနေ မြန်မြန်ထွက်ဖို့ပြင်တော့"
ဟု ရေးကြီးသုတ်ပျာဆိုသည်။
စောရံက ကလေးကို ယုဂန်ကိုယ်နှင့် ကပ်ချည်၍ချီပိုးနိုင်အောင် ကူညီပေးသည်။
ပြီးသည်နှင့် ချက်ချင်းပင် တည်းခိုခန်းမှ ထွက်ခွာခဲ့ကြသည်။
ရေဝတီသည် နဂါးအသွင် ပြန်လည်ဖန်ဆင်းပြီး ယုဂန်နှင့် စောရံကို ကျောပေါ်တင်ကာ ပီယံတို့ကိုရှာရန် ခပ်နိမ့်နိမ့်ပျံသန်းသည်။
ယုဂန်သည် သူ့ရင်ဘတ်တွင်ကပ်လျက် သူ့ကိုမော့ကြည့်နေသော သမီးတော်လေးဆီ ငုံ့ကြည့်ရင်း စိတ်မောလူမော သက်ပြင်းချလိုက်မိသည်။
ကလေးတို့ထုံးစံအတိုင်း အာရုံပြောင်းသွားပြီဖြစ်၍ မငိုတော့သော သမီးတော်လေးက ဘေးဘီဝန်းကျင်ကိုလည်း လိုက်ကြည့်နေကာ ယုဂန်ကိုပါ ပြူးတူးတူးလေး ငေးကြည့်သည်။
ယုဂန် ကလေး၏နှာခေါင်းကို လက်ညှိုးဖြင့်တို့လိုက်သည်။ ထိုအခါ သမီးလေးကရယ်ပြသည်။
အပျော်ကူးစက်သွားသည်ထင်သည်။ ယုဂန် ပြုံးလိုက်မိပြီး သမီးလေး၏နဖူးကို တစ်ချက်နမ်းရှုပ်လိုက်သည်။
" ခမည်းတော် ဘာမှဖြစ်မှာမဟုတ်ပါဘူး။ ခမည်းတော်က အရမ်းစွမ်းအားကြီးတာ သိတယ်မဟုတ်လား"
ဘာမှနားမလည်သေးသည့် သမီးကိုနှစ်သိမ့်ခြင်းလား၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မိခြင်းလား ယုဂန်ကိုယ်တိုင်ပင် မသဲကွဲပါချေ။
ယုဂန် ကလေးကိုပွေ့ဖက်လိုက်ကာ မောင်နှင့် အဏ္ဏတို့ ကျန်ခဲ့သောအရပ်ဆီ လှမ်းကြည့်မိသည်။
သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုက အလွန်တရာလေးလံနေသည်။
*******************************
ဖုတ်သဘက်နှင့် တစ္ဆေသရဲများ တစ်ကောင်မျှပင် မကျန်ရစ်တော့ချေ။
နာနာဘာဝများသည် မြေပြင်ပေါ်တွင် သွေးသံရဲရဲနှင့်လဲကျ၍လည်းကောင်း၊ မီးကျွမ်း၍လည်းကောင်း၊ ပြာဖြစ်၍လည်းကောင်း၊ ထွက်ပြေးသွားကြ၍လည်းကောင်း အကောင်းတိုင်းကျန်သည့် အကောင်ဟူ၍ မကျန်ရစ်တော့ချေ။
အတန်ကြာသည်အထိ အသေအကြေတိုက်ခိုက်ခဲ့ပါသော်လည်း နဂါးမင်းသားနှင့် အရုဏမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်တောင်မရဘဲ အကုန်လုံးကို မှောက်သွားအောင် အလဲထိုးနိုင်ခဲ့သည်။
အစွမ်းကုန်တိုက်ခိုက်ခဲ့ရသော ကိဏီသည် အလွန်အမင်းမောဟိုက်နေပြီး သူမနှင့်အတူ ယှဉ်တွဲတိုက်ခိုက်ပေးနေသည့် မျက်တစ်လုံးရှင်ဟာလည်း အလွန်တရာကို အကျပ်ရိုက်နေဟန်ရှိသည်။
မျက်တစ်လုံးရှင်သည် သူ၏အဓိက တိုက်ခိုက်မှုဖြစ်သော ရန်သူ၏အရိပ်မှ ပုံစံတူမကောင်းဆိုးဝါးဖန်တီးကာ ရန်သူကိုပြန်လည်တိုက်ခိုက်စေသော မှော်နက်ပညာကို ထုတ်သုံးရန် ကြိုးစားသေးသည်။
သို့ရာတွင် သူ၏အစွမ်းမှာ နဂါးမင်းသားအဏ္ဏအပေါ် သက်ရောက်မှုမရှိနေပါချေ။ ထို့အတူ မင်းသားအရုဏပေါ်ကိုလည်း မှော်နက်အစွမ်းက အကျိုးမသက်ရောက်တော့ပေ။
ကြားဖူးသည့်အတိုင်း နဂါးမျက်ရှင်ဟာ မှော်နက်အစွမ်းများကို ကာကွယ်နိုင်ပုံပေါ်သည်။ သို့ပါ၍ နဂါးမျက်ရှင်၏ ကာကွယ်မှုအောက်သို့ ရောက်ရှိသွားသော အရုဏဟာလည်း မှော်နက်အစွမ်းကို ခုခံနိုင်သွားခြင်းဖြစ်ရမည်။
ထိုသို့ မှော်နက်အစွမ်း မသက်ရောက်သည်မို့ ကိဏီ၏ စိတ်ညှို့အစွမ်းဟာလည်း အလုပ်မဖြစ်တော့ဘဲ နဂါးနှင့်ဘီလူးကို လက်ရုံးစွမ်းရည်ချည်းနှင့်သာ တိုက်ခိုက်နေရသည်။
စိတ်ညှို့ခြင်း၊ လူကိုတိုက်ရိုက် ထိခိုက်အောင်ပြုလုပ်ခြင်း စသော မှော်နက်အစွမ်းများကို ထုတ်မသုံးနိုင်ပါက အဏ္ဏနှင့် အရုဏကို ရင်ဆိုင်နိုင်ရန်ခဲယဉ်းသည်။
သည်နှစ်ယောက်ကိုနိုင်ဖို့ နည်းလမ်းမှာ စဉ်းစားမရအောင် ကျပ်တည်းနေသည်။
ထိုသို့ မှော်နက်ပညာရှင်များ၏ အကျပ်ရိုက်နေခြင်းကို ရိပ်စားမိသော် လူအသွင် ပြန်လည်ဖန်ဆင်းထားသော အဏ္ဏသည် ခါးထောက်ကာ အားပါးတရရယ်သည်။
" ဟားဟားဟား ငါ တစ်မိုးအောက်တစ်ယောက် မင်းသားအဏ္ဏပါကွ။ ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ မင်းတို့က ထင်နေတာလား။ မင်းသားအရုဏကလည်း သူမတူတဲ့စွမ်းအင်တွေကို ရရှိပြီးသွားပြီ။ ငါတို့နှစ်ယောက်ကို မင်းတို့ အမှောက်သိပ်နိုင်မယ်ထင်နေတာလား။ မင်းတို့ စောက်ရူးတွေပဲ"
ထိုအချိန်ထိ ကိဏီနှင့် မျက်တစ်လုံးရှင်တို့၏ကာကွယ်နှုအောက်တွင် အခန့်သားထိုင်ကာ အေးအေးဆေးဆေး ပွဲထိုင်ကြည့်နေခဲ့သော မင်းယောဇာသည် ယခုမှ ခပ်ပြုံးပြုံးလေးပင် စကားဆိုလာသည်။
" နတ်နဂါးရယ်၊ မဟာသစ်ပင်ကြီးရဲ့အစွမ်းရှိတဲ့ ဘီလူးရယ်ကို ဘယ်သူကများ အထင်သေးဝံ့မှာပါလဲ။ ဒါပေမဲ့ ကျွန်ုပ်ကလည်း နိုင်မယ်မသေချာဘဲ အသင်တို့ကို မိုက်ရူးရဲဆန်ဆန် စိတ်မခေါ်ဝံ့ပါဘူး။ ကျွန်ုပ်မှာလည်း အထောက်အပံ့ရှိပါတယ်"
စကားအဆုံးတွင် မင်းယောဇာသည် မျက်တစ်လုံးရှင်နှင့် ကိဏီတို့ကို တပ်ဆုတ်ရန် အချက်ပြသည်။
ကိဏီနှင့် မျက်တစ်လုံးရှင်တို့ အနောက်ပြန်ဆုတ်သွားလျှင် အရုဏနှင့် အဏ္ဏတို့ရှုပ်ထွေးသွားကြသည်။
မင်းယောဇာ၏ ယုံကြည်ချက်ပြင်းထန်နေသော အကြည့်များက အားကောင်းသောဝှက်ဖဲတစ်ချပ်ရှိနေကြောင်း မီးမောင်းထိုးပြနေသည်။ ထို့အပြင် ကိဏီနှင့် မျက်တစ်လုံးရှင်ကိုပါ တပ်ဆုတ်ခိုင်းလိုက်ခြင်းက မင်းယောဇာတွင် ပိုမိုကြီးမားသော ရွှေ့ကွက်ရှိနေကြောင်း သက်သေထူနေသည်။
မင်းယောဇာဟာ ကြိုးကိုင်ခြယ်လှယ်၍ ထိန်းချုပ်တတ်သူဖြစ်သည်။ သူဟာ ထက်မြက်ခြင်းမှတစ်ပါး မည်သည့်အစွမ်းမျှ တစ်ဖက်ကမ်းခပ်မတတ်မြောက်ပါသော်လည်း သူ၏လက်အောက်တွင် ထိပ်တန်းမှော်နက်ပညာရှင်များ ကျိုးနွံစွာ ခစားနေသည်ကို ကြည့်ခြင်းဖြင့် သူဟာမည်မျှ ခြယ်လှယ်ထိန်းချုပ်တတ်သူဖြစ်ကြောင်း သိရှိနိုင်သည်။
ယခု သူ၏ရွှေ့ကွက်ကိုလည်း အထင်သေး၍မရချေ။
မင်းယောဇာဟာ ဉာဏ်ကစားသမားဖြစ်သည်။ ခြယ်လှယ်ကြိုးကိုင်တတ်သော သူ့ပါရမီကြောင့် လက်ချောင်း ၊ ခြေချောင်းများပင် သိပ်မလှုပ်လိုက်ရဘဲ ဟီရနန်းတော်ကို တက်သိမ်းရန် နှစ်ကြိမ်တိတိပြုလုပ်နိုင်ခဲ့သူဖြစ်သည်။ ယခုဆို ထီးနန်းနှင့် တိုင်းပြည်ပါ သူ့လက်တွင်းသို့ ကျရောက်နေလေပြီ။
မင်းယောဇာက နူးညံ့သောပါးချိုင့်များ နစ်ဝင်သွားသည်အထိ ပြုံးသည်။ ထို့နောက်တွင် သူဟာ သူ့ညာဘက်လက်ရှိ ကျောက်စိမ်းလက်စွပ်နားကပ်၍ တိုးညင်းစွာ ရေရွတ်လိုက်သည်။
" နတ်မင်းတို့"
နားပါးသော အဏ္ဏသည် အဆိုပါခေါ်သံကို ပြတ်ပြတ်သားသားကြားလိုက်၏။
မရှေးမနှောင်းပင် မိမိတို့အထက်ရှိ မိုးကောင်းကင်မှ မြည်ဟည်းသံကြီးကို ကြားလိုက်ရသည်။
အဏ္ဏနှင့် အရုဏတို့ ပြိုင်တူ မိုးကောင်းကင်ကို မော့ကြည့်မိလိုက်သည်။
ကောင်းကင်ဝယ် တိမ်တို့က စက်ဝိုင်းသဏ္ဍာန်လှည့်လည်ရစ်ခွေကာ ချောက်ချားဖွယ်ရာ အရောင်အဝါများ ထွန်းလင်းနေသည်ကို တွေ့ရလေသည်။
ယင်းနောက် အဆိုပါစက်ဝိုင်းအတွင်း ဘာမျှမမြင်ရလောက်အောင် မဲမှောင်ကျသွားသည်။
ဟိန်းအော်သံကြီးများကို ကြားရသည်။
တိမ်များက ပို၍ ရူးသွပ်ဖွယ်ကောင်းလောက်အောင် လေဆင်နှာမောင်းပမာ တဟုန်ထိုးဝေ့ဝိုက်လာသည်။ တိမ်များက ထိုအဝိုင်းအတိုင်း အောက်သို့သက်ဆင်းလာပြီး ကောင်းကင်ကြီးဟာ အပေါက်ဖြစ်သွားသည့်နှယ် လှိုဏ်ခေါင်းသဏ္ဍာန်ပေါ်လာသည်။
ကောင်းကင်တို့ ပြိုကျလာသည့်အတိုင်းပါပင်။
တစ်ခဏအကြာတွင် အနှီကောင်းကင်လှိုဏ်ခေါင်းအတွင်းမှ လူပေါင်းများစွာ ပျံသန်းခုန်ဆင်းလာကြသည်။
လူ...
မဟုတ်သေးချေ။
သွေးရောင်အချွန်အတက်များပါသည့် တမူထူးခြားသော အဝတ်တို့ကို ဝတ်ကာ မကောင်းဆိုးဝါးတစ်ကောင်နှင့် ထင်မှတ်မှားရသော ထိုသူတို့က လုံးဝလူမဟုတ်နိုင်ချေ။
" အသူရာနတ်တွေ"
အဏ္ဏ ထိတ်လန့်တကြား ရေရွတ်သည်။
မြင်းမိုရ်တောင်၏အောက်ခြေတွင် နေထိုင်ကြသော အဆင့်နိမ့်သည့် အသူရာနတ်တို့က လူ့ပြည်သို့ သက်ဆင်းလာကြပေပြီ။
စကြဝဠာတိုင်းသည် အလွှာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အလွှာများမှာ လူ့လောက၊ အပါယ်လောက၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ ငရဲပြည်၊ နာနာဘာဝလောက စသည်ဖြင့် ကွဲပြားကြသည်။
အလွှာတို့သည် ကမ္ဘာတစ်ခုတည်းပေါ်တွင် တည်ရှိနေသော်လည်း အလွှာတစ်ခုမှ တခြားတစ်ခုကို မမြင်နိုင်၊ မကြားနိုင်သလို၊ ဖြစ်တည်မှုကိုတောင် မခံစားနိုင်ပေ။ သို့ရာတွင် ပါရမီထူးသူများက တခြားသောအလွှာတစ်ခုမှ ဖြစ်တည်မှုကို သိရှိနိုင်ပြီး ဆက်သွယ်မှုများပြုလုပ်နိုင်ကြသည်။ တချို့သော စကြဝဠာများတွင်တော့ အလွှာအသ်ီးသီး ဆက်သွယ်ခြင်းကို လူတိုင်းနီးပါးလုပ်နိုင်၍ ပုံမှန်ကိစ္စသာဖြစ်သည်။ စွမ်းအားကြီးလွန်းသော သူများနှင့် နတ်တို့၏လက်အောက်ခံမျိုးနွယ်များကမူ အလွှာတိုင်းကို ဖြတ်သန်းသွားလာနိုင်ကြသည်။
အဆိုပါ အလွှာများထဲတွင် နတ်ပြည်၊ ဗြဟ္မာပြည် နှင့် ငရဲပြည်တို့မှာ ရှင်းပြရ ရှုပ်ထွေးသောအလွှာများဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ပြည်နှင့်ငရဲပြည်ကို ကမ္ဘာတစ်ခု၏ အလွှာတစ်ခုဟု ဆိုသော်လည်း တကယ်တမ်း ယင်းတို့မှာ တစ်ခုတည်းစီသာရှိ၍ စကြဝဠာအားလုံး၏ နတ်ပြည်၊ ငရဲပြည် ဖြစ်နေခြင်းပင်။
ပိုမိုရှင်းလင်းအောင်ပြောရလျှင် နတ်ပြည်သည်
ပင်လယ်ကြီးဖြစ်၍ စကြဝဠာမြစ်ချောင်းအားလုံးက အဆိုပါပင်လယ်တစ်ခုတည်းမှ စီးဆင်းလာကြသည်။ ထို့အတူ ငရဲပြည်သည်လည်း သမုဒ္ဒရာတစ်ခုဖြစ်ပြီး စကြဝဠာမြစ်ချောင်းအားလုံးက အဆိုပါငရဲပြည်တစ်ခုတည်းကိုသာ ထိစပ်နေသည်။
စကြဝဠာတိုင်းက ဘုံနတ်ပြည်၊ ဘုံဗြဟ္မာပြည်၊ ဘုံငရဲပြည်တို့ကိုသာ မျှဝေသုံးစွဲနေကြခြင်းဖြစ်သည်။
သို့ပါ၍ ငရဲပြည်သို့ မတော်တဆရောက်ရှိသွားပါက တခြားသော စကြဝဠာမှလူများနှင့် တွေ့ဆုံပြီး မိတ်ဆွေဖြစ်သွားနိုင်သည်။
နတ်ပြည်ရောက်သောအခါတွင်မူ စကြဝဠာတိုင်းကို သွားလာနိုင်လိမ့်မည်။ သို့ရာတွင် နတ်များက သူတို့၏သုခဘုံကို စွန့်ခွာပြီး တခြားသောစကြဝဠာများဆီ မသွားလိုကြပေ။ အကြောင်းရှိမှ သွားလိုရာစကြဝဠာ၏ လူ့ပြည်သို့ သက်ဆင်းကြသည်။
အသူရာနတ်တို့သည် အပါယ်ဘုံတွင် ပါဝင်သော်လည်း သာမန်လူမရောက်နိုင်သော မြင်းမိုရ်တောင်အလွှာတွင်နေ၍ တာဝတိံသာနတ်စာရင်းဝင်ဖြစ်သည်။
သို့ပါ၍ လူ့ပြည်သက်ဆင်းခြင်းကို အလွယ်တကူပင် ပြုလုပ်နိုင်ကြသည်။
ယခု လူ့ပြည်သက်ဆင်းလာသော အသူရာနတ်များက မှော်လက်နက်ကိုယ်စီဆွဲကိုင်ကာ ကြွေးကြော်သံများဖြင့် တပ်စုလိုက်ဖြစ်သည်။ အယောက်ပေါင်း ငါးဆယ်မျှရှိသည်။
အဆိုပါနတ်တို့ လူ့ပြည်ကိုရောက်သည်နှင့် ကောင်းကင်တံခါး ပြန်လည်ပိတ်ဆို့သွားသည်။
အသူရာနတ်တို့က လေပေါ်တွင်ပျံနေကာ သူတို့၏ချပ်ဝတ်တန်ဆာများနှင့် လက်နက်များမှလည်း အနီရောင်မီးများ ဟုန်းဟုန်းတောက်နေသည်။
မင်းယောဇာက ခပ်ပြုံးပြုံးလေးပင် ထပ်ဆိုသည်။
" ကျွန်ုပ်က အသူရာနတ်တွေနဲ့ အပေးအယူတစ်ခုလုပ်ခဲ့တယ်လေ"
************************************
A/N
Facts တွေက လျှောက်ရေးထားတာနော်။ တကယ်ယုံမနေကြနဲ့ဦး။
.
.
.
Zawgyi
ေဒါဝံၿမိဳ႕တြင္ အႏၲရာယ္က်ေရာက္ေလၿပီ
________________
" အားလုံး ေျမေပၚကိုတက္ၾက"
အ႐ုဏ၏အမိန႔္သံဆုံးသည္ႏွင့္ နဂါးမင္းသားအဏၰမွ ဦးေဆာင္၍ ဂူတံခါးကိုဖြင့္ကာ ယခင္နည္းလမ္းအတိုင္း ေျမေပၚသို႔ အလ်င္အျမန္ေျပးတက္ၾကသည္။
ေျမေပၚသို႔ေရာက္ေလေသာ္ အ႐ုဏ၊ အဏၰႏွင့္ ေရဝတီတို႔သည္ လူအသြင္ျပန္လည္ဖန္ဆင္းလိုက္သည္။
မေရွးမေႏွာင္းပင္ သူတို႔၏ေဘးပတ္လည္တစ္ေလွ်ာက္ အဲေမာင္းအခြၽန္မ်ားက သူတို႔ကို ဦးတည္႐ြယ္လာသည္။
အဲေမာင္းကိုင္ေဆာင္ထားေသာ စစ္သည္မ်ားက သူတို႔ေဘးတြင္ အေယာက္တစ္ရာမွ်ရွိသည္။ ယင္းစစ္သည္မ်ားထံတြင္ အနက္ေရာင္အေငြ႕မ်ားလႈိက္ေနေသာေၾကာင့္ ေမွာ္နက္ျဖင့္ျပဳစားခံထားေၾကာင္း၊ ေမွာ္နက္ျဖင့္ စြမ္းအားအတိုးခံထားရေၾကာင္း သိရွိႏိုင္သည္။
ထို႔ေနာက္တြင္မူ သစ္ပင္ႀကီးတစ္ပင္၏အကိုင္းေပၚ ေျခခ်ိတ္ထိုင္ေနသည့္ စုန္းမကိဏီႏွင့္ ယင္းသစ္ပင္ေဘးရွိ တိုက္ဆင္ေပၚတြင္ အခန႔္သားထိုင္ေနေသာ မင္းေယာဇာကို ေတြ႕ရသည္။
မင္းေယာဇာက ခနဲ႔တဲ့တဲ့ရယ္သည္။
" ငလ်င္လႈပ္ေတာ့ ေျမထဲက အေကာင္ပေလာင္ေတြ ေျမေပၚတက္လာရတာပဲ မဟုတ္လား"
အ႐ုဏ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္လိုက္မိသည္။ မင္းေယာဇာ ေဒါဝံသို႔ တစ္ခ်ိန္ခ်ိန္ ေရာက္ရွိလာမည္မွန္း ခန႔္မွန္းမိေသာ္လည္း ယခုလို ၿမိဳ႕ကို ႐ုတ္တရက္ေဖာက္ခြဲရင္း ေရာက္လာမည္ဟု မထင္မွတ္ထားခဲ့ေပ။
စဥ္းစားေနရင္းမွာတင္ က်ယ္ေလာင္လြန္းေသာ ေပါက္ကြဲသံႀကီးႏွင့္အတူ ေျမႀကီးတို႔ တုန္ခါသြားျပန္သည္။
မင္းေယာဇာက တစ္ၿမိဳ႕လုံးကို ေဖာက္ခြဲ၍ ေျမလွန္ပစ္ရန္ ႀကံစည္ထားပုံေပၚသည္။
" ဒီမွာ ေဟ့ေကာင္၊ ဒီမွာရွိေနတဲ့လူေတြအတြင္း မင္းရဲ႕ဘိုးေအထက္ ဆယ္ဆေလာက္ ပိုအသက္ႀကီးတဲ့လူေတြပါတယ္။ အႀကီးေတြကို ႐ို႐ိုေသေသစကားေျပာရမွန္း မင္းအမိက မသင္ထားဘူးလား"
အဏၰသည္ မင္းေယာဇာကို ယခုမွျမင္ဖူးျခင္းျဖစ္ေသာ္လည္း စေတြ႕ကတည္းက ရန္သူအမွတ္ႏွင့္ အျမင္ကတ္ရသည္မို႔ လက္ညႇိဳးေငါက္ေငါက္ထိုးကာ ေအာ္ေငါက္လိုက္သည္။
မင္းေယာဇာကမူ ပါးခ်ိဳင့္မ်ားခြပ္ဝင္ေသာ ခန႔္မွန္းရခက္သည့္ အၿပဳံးတစ္ပြင့္သာေပးသည္။ ထို႔ေနာက္ သူတို႔အားလုံးကို အထက္စီးဆန္ဆန္ၾကည့္ကာ
"ခန႔္မွန္းၾကည့္ရေအာင္။ အသင္က နဂါးမင္းသားအဏၰ ဟုတ္သလား"
ဟု တည္ၾကည္စြာေမးသည္။
အဏၰက တင္းမာေသာမ်က္ႏွာထားျဖင့္ ခါးေထာက္သည္။
" ဟုတ္တယ္။ ငါက မင္းသားအဏၰပဲ။ မင္းကေရာ ဘာေကာင္လဲ"
" ကြၽန္ုပ္ ဘယ္သူလဲဆိုတာ သိခ်င္ရင္ ေဘးက မင္းသားအ႐ုဏကို ေမးၾကည့္ပါလား"
ေယာဇာစကားေၾကာင့္ အဏၰ အ႐ုဏဘက္ကို လွည့္ၾကည့္မိသည္။ အ႐ုဏ၏ မ်က္ဝန္းမ်ားက ခုနကထက္ေတာင္ ပိုမိုေၾကာက္ဖို႔ေကာင္းေနကာ ျမစိမ္းေရာင္မွ အနီေရာင္သို႔ ေျပာင္းလဲေနၿပီျဖစ္သည္။
ၾကည့္ရသည္မွာ သူ အေတာ္ေလးေဒါသထြက္ေနပုံရသည္။
မင္းေယာဇာက မထိတထိဆိုသည္။
" ေနာ္ အစ္ကိုေတာ္။ ကြၽန္ုပ္ကို သူနဲ႔မိတ္ဆက္ေပးပါဦး"
" အစ္ကိုေတာ္?"
အဏၰ တအံ့တဩေရ႐ြတ္သည္။ အစ္ကိုေတာ္ႏွင့္ ညီေတာ္ၾကားမွ ဆက္ဆံေရး အလြန္အမင္းဆိုးဝါးေနပါတကား ဟု သူေတြးေတာမိသည္။
"ကြၽန္ုပ္က မင္းသားအ႐ုဏရဲ႕ညီေတာ္ မင္းေယာဇာပဲ။ အရင္ကေတာ့ မင္းသားမင္းေယာဇာ။ အခုေတာ့ ဥတၱရႏိုင္ငံရဲ႕ ျပည့္ရွင္မင္း မင္းေယာဇာ"
" ျပည့္ရွင္မင္း" ဟုေသာေနရာတြင္ မင္းေယာဇာသည္ အသံကိုဖိေျပာ၏။
ထိုအခါ အ႐ုဏမွာ မ်က္ႏွာပိုမိုမာေၾကာတင္းမာသြားေသာ္လည္း သူ႔ေဘးရွိအဏၰကမူ စပ္ၿဖဲၿဖဲ႐ုပ္ႏွင့္ ႏွာရႈပ္သည္။
" အခုေခတ္ ဘုရင္ေတြကို စိတၱဇေကာင္ေတြခ်ည္း ေ႐ြးတင္ေျမႇာက္တာလားဟ"
သူ႔စကားေၾကာင့္ မင္းေယာဇာ အထိနာသြားၿပီး စကားျဖင့္ ျပန္လည္တုံ႔ျပန္ရန္ျပင္စဥ္ အ႐ုဏက ၾကားျဖတ္ဝင္ေျပာလာသည္။
"မင္း နဂါးမ်က္ရွင္ကို ယူဖို႔ ေရာက္လာတာလား"
မင္းေယာဇာ ဆင္ေပၚရွိ ခုံေပၚတြင္ ပို၍သက္ေသာင့္သက္သာထိုင္လိုက္သည္။
"အစကေတာ့ ဟုတ္တယ္။ ဒါေပမဲ့ နဂါးမ်က္ရွင္လိုမ်ိဳး တန္ခိုးရွိတဲ့မ်က္ရွင္တစ္ခု ရွိတယ္လို႔ၾကားတယ္။ နဂါးမ်က္ရွင္ထက္ပိုေကာင္းတဲ့အခ်က္က အဲ့ဒီ့မ်က္ရွင္က ပိုင္ရွင္မရွိဘဲ သူနဲ႔ထိုက္တန္သူကို သူ႔သခင္အျဖစ္ေ႐ြးခ်ယ္မယ္ဆိုတဲ့အခ်က္ပဲ။ အဲ့အေၾကာင္းကို ၾကားၾကားခ်င္း ကြၽန္ုပ္ နဂါးမင္းသားအဏၰရဲ႕မ်က္ရွင္ကို စိတ္မဝင္စားေတာ့ဘူး။ ကြၽန္ုပ္ရဲ႕ကိုယ္ပိုင္မ်က္ရွင္ ဖန္တီးရမယ္လို႔ ေတြးမိတယ္"
" ဟဟ မင္းက ကမာၻဦးကတည္းကရွိေနတဲ့ ျမင့္ျမတ္တဲ့မ်က္ရွင္ကို အရယူႏိုင္မယ္ ထင္တာလား။ ရယ္ရတဲ့အေကာင္ပဲ။ မ်က္ရွင္က မင္းလိုေကာင္မ်ိဳးကို သခင္အျဖစ္လက္ခံမယ္ထင္လား"
အဏၰ၏ ေလွာင္ေျပာင္ေသာအသံက ထပ္မံၿပီးထြက္ေပၚလာျပန္သည္။ သည္တစ္ခါေတာ့ သစ္ပင္ေပၚတြင္ ေျခခ်ိတ္ထိုင္ေနသည့္ ကိဏီက ဘတ္ခနဲျပန္ေျပာလာသည္။
" အဘိုးႀကီး ပါးစပ္ပိတ္ထားပါလား"
အသုံးအႏႈန္းေၾကာင့္ အဏၰ ေထာင္းခနဲျဖစ္သြားကာ သူ လက္ညႇိဳးေငါက္ေငါက္ထိုး၍ဆိုသည္။
" မင္းလိုေမွာ္နက္ပညာရွင္က ငါလိုမင္းသားကို အမိန႔္ေပးလို႔မရဘူးကြ။ ဒီစုန္းမ်ိဳးမစစ္မရဲ႕"
ဆက္လက္ၿပီး အေရးမပါသည့္ စကားႏိုင္လုပြဲျဖစ္ကာ အခ်ိန္ၾကန႔္ၾကာမည္စိုး၍ ရန္ေတြ႕ရန္ဟန္ျပင္ေနေသာ ကိဏီကို ေယာဇာ လက္ျပ၍ တားဆီးလိုက္သည္။ ထို႔ေနာက္ ေယာဇာကပဲ တည္တည္ၿငိမ္ၿငိမ္ႏွင့္ဆိုသည္။
" ကြၽန္ုပ္က အရွင့္သားတို႔နဲ႔တိုက္ခိုက္ဖို႔အေတြးမရွိဘူး။ ကြၽန္ုပ္လိုခ်င္တာကို ရရင္ ဒီကေန အသာတၾကည္ထြက္သြားမွာ။ ဒါေပမဲ့ ျပႆနာတစ္ခုက မ်က္ရွင္ရဲ႕ ေနရာကို ကြၽန္ုပ္မသိဘူး။ ေဒါဝံရဲ႕ ေျမေအာက္မွာရွိတယ္ဆိုတာ သိေပမဲ့ အရွင့္သားတို႔ျမင္တဲ့အတိုင္း ေဒါဝံက က်ယ္လြန္းလွတယ္။ ဒါေၾကာင့္ ေဟာဒီက အရွင့္သားအဏၰက မ်က္ရွင္တည္ေနရာကိုမ်ား သိခဲ့ရင္ ကြၽန္ုပ္တို႔ကို ေျပာျပေပးပါ။ မဟုတ္ရင္ေတာ့ ၿမိဳ႕တစ္ခုလုံးကို ေဖာက္ခြဲပစ္ရမွာပဲ"
" ဟားဟားဟားဟား ဟားဟားဟား"
အဏၰ အားပါးတရရယ္သည္။ ရယ္လို႔ဝမွ ေခါင္းကိုေမာ္ၿပီး
" ငါ မသိဘူး"
ဟု ျပတ္ျပတ္သားသားဆိုလာသည္။
မင္းေယာဇာစိတ္ပ်က္သြားၿပီး ဒီနဂါးကိုလည္း တစိမ့္စိမ့္ႏွင့္ေဒါသထြက္လွသျဖင့္ ထုေထာင္းပစ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း အခ်ိန္မတန္ေသး၍ စိတ္ထိန္းလိုက္ရသည္။
ေဘးရွိ စိတ္လိုက္မာန္ပါလုပ္တတ္ေသာ ကိဏီကိုလည္း လက္ကာျပ၍ လွမ္းထိန္းရေသးသည္။
နဂါးမင္းသားက ေအာ္ႀကီးဟစ္က်ယ္ေျပာသည္။
" သိလည္း မင္းတို႔ကို ေျပာျပမယ္ထင္ေနလား"
မင္းေယာဇာ ဆက္လက္ၿပီး ဒီနဂါးႏွင့္ စကားႏိုင္မလုခ်င္ေတာ့ေပ။ ျဖစ္သင့္သည္ကို ဦးစားေပးရမည္ျဖစ္သျဖင့္
" ဒါဆိုရင္ေတာ့ ဒီေလာက္နဲ႔ပဲ လမ္းခြဲၾကတာေပါ့။ ေစတနာနဲ႔အသိေပးရရင္ ၿမိဳ႕ကေန အျမန္ထြက္ခြာၾကပါ။ ဗုံးထဲပါသြားရင္ ကြၽန္ုပ္ကို အျပစ္မဆိုပါနဲ႔"
ဟုသာ ဆိုၿပီး ေယာဇာ လွည့္ထြက္သြားရန္ျပင္သည္။
ထိုအခ်ိန္တြင္ နႏၵ၏အသံက စူးစူးနစ္နစ္ထြက္ေပၚလာသည္။
" အစ္ကိုေတာ္ ဘာလို႔ဒီေလာက္ထိလုပ္ရတာလဲ။ ၿမိဳ႕ကိုေျမလွန္ခ်င္ရင္ေတာင္ ၿမိဳ႕သူၿမိဳ႕သားေတြကို ဖယ္ရွားခိုင္းၿပီးမွ လုပ္ရမွာေပါ့။ အခုေတာ့ ျပည္သူေတြကိုပါ ထိခိုက္ေနၿပီ"
မင္းေယာဇာ တိတ္ဆိတ္ေနသည္။ သူ၏႐ုပ္အမူအရာကိုၾကည့္ရင္း ယုဂန္ လက္သီးဆုပ္လိုက္မိသည္။
ယုဂန္: " သူလိုခ်င္တာလည္း ဒါပဲေလ"
ယုဂန္စကားေၾကာင့္ နႏၵထိတ္လန႔္သြားသည္။ ယုဂန္က မင္းေယာဇာကိုပဲ ျပင္းထန္စူးရဲစြာစိုက္ၾကည့္ေနသည္။
ယုဂန္: " ဟုတ္တယ္မလား မင္းေယာဇာ။ မင္းက ျပည္သူေတြကိုတစ္ပါတည္းသတ္ခ်င္ေနတာပဲ။ မင္းက ဝိဉာဥ္ေတြကိုအလိုရွိေနတာေလ။ မင္းအတြက္ေတာ့ ၿမိဳ႕ကို႐ုတ္ခ်ည္းဗုံးခြဲတာက တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ အစီအစဥ္ပဲမဟုတ္လား"
ေယာဇာ၏ပါးအတြင္းသို႔ ပါးခ်ိဳင့္ကေလးမ်ားခ်ိဳင့္ဝင္သြားသည္။ သူ ေလးတြဲ႕တည္ၾကည္စြာဆိုသည္။
" အစ္ကိုေတာ္ယုဂန္ ခါတိုင္းလို ဉာဏ္ေကာင္းေနတုန္းပဲေနာ္"
ဤသည္မွာ " တစ္ၿမိဳ႕လုံးကိုသတ္ရန္ အႀကံအစည္ရွိသည္" ဟူေသာအခ်က္ကို ဝန္ခံလိုက္ျခင္းျဖစ္သျဖင့္ အ႐ုဏ၏ေဒါသမ်ား ဟုန္းခနဲေတာက္ေလာင္သြားသည္။
သို႔ပါ၍ သူ ျခေသၤ့တစ္ေကာင္၏ဟိန္းသံႏွင့္ညီမွ်ေသာ အသံျဖင့္ ေဒါသတႀကီးမာန္မဲသည္။
" မင္းရဲ႕ေလာဘအတြက္ တစ္ၿမိဳ႕လုံးကို ဗုံးခြဲေျမလွန္ေနတာ ဘုရင္တစ္ေယာက္ရဲ႕လုပ္ရပ္လား။ မင္းဆိုးမင္းညစ္ဆိုတဲ့စကားလုံးထက္ေတာင္ မင္းကပိုၿပီးယုတ္ညံ့ေသးတယ္ မင္းေယာဇာ"
မင္းေယာဇာမွာမူ ပကတိခံစားခ်က္ေသေနေသာမ်က္ႏွာျဖင့္ အသံဆိတ္ေနသည္။ ထို႔ေနာက္ ဆင္ကို ေဘးသို႔လွည့္၍ တျခားဦးတည္ခ်က္ေျပာင္းကာ
"ကြၽန္ုပ္မွာ အစ္ကိုေတာ္နဲ႔စကားႏိုင္လုဖို႔အခ်ိန္မရွိဘူး။ ေနာက္မွ ထပ္ေတြ႕တာေပါ့ အစ္ကိုေတာ္"
ဟုဆိုသည္။ သူ ထိုေနရာမွ လွည့္ထြက္သြားသည္။
သို႔ရာတြင္ မင္းေယာဇာ၏အေနာက္တည့္တည့္သို႔ လက္နက္တစ္မ်ိဳး တဟုန္ထိုးလာေနေၾကာင္း သူ၏အသိစိတ္က ခန႔္မွန္းမိလိုက္သည္။
မင္းေယာဇာ ဆင္ေပၚမွေနရင္း ေဘးသို႔ေရွာင္လိုက္သည္။ ထိုအခါမင္းေယာဇာ၏ နား႐ြက္ေဘးမွ ဓားရွည္တစ္ေခ်ာင္း ကပ္သီးေလးျဖတ္ေျပးသြားသည္။
တစ္ဆက္တည္းပင္ အ႐ုဏ၏မာေၾကာေသာအသံကို ၾကားရသည္။
" မင္းရဲ႕လုပ္ရပ္ကို ခုခ်က္ခ်င္းရပ္။ ဗုံးေတြကို ခုခ်က္ခ်င္းဖယ္ရွားစမ္း"
မင္းေယာဇာ ဆင္ကို ျပန္လွည့္လိုက္သည္။ သူ၏မ်က္ႏွာမွာ မိုး႐ြာခါနီးတိမ္တိုက္မ်ားပမာ မဲေမွာင္က်ေနသည္။
" တိုက္ခိုက္ဖို႔ကို စတင္ေ႐ြးခ်ယ္တာ အစ္ကိုေတာ္ပဲေနာ္"
ထို႔ေနာက္ မင္းေယာဇာ အခ်က္ျပလိုက္လွ်င္ ဝန္းရံေနေသာ စစ္သည္မ်ားက တိုက္ခိုက္ရန္အသြင္ အသင့္ျပင္ေလသည္။
သို႔ရာတြင္ အ႐ုဏမွာ အေၾကာက္အ႐ြံ႕မရွိသည့္ႏွယ္ ပကတိတည္ၿငိမ္ေနၿပီး မင္းသားအဏၰကို လွမ္းေမးသည္။
" အရွင့္သား ဒီလူေတြအားလုံးကို အႏိုင္တိုက္ႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိသလား"
အဏၰ ႏႈတ္ခမ္းစြန္းတစ္ဖက္တည္း ေကြးၫြတ္၍ ညစ္က်ယ္က်ယ္ ၿပဳံးကာ စိတ္ႀကီးဝင္ဟန္ျဖင့္ဆိုသည္။
" ရွိတာေပါ့။ ဘာေမွာ္နက္ပညာရွင္လဲ။ ငါ့အတြက္ ပမႊားေလးေတြ...."
" ေကာင္းၿပီ"
ထို႔ေနာက္ အ႐ုဏ သူ႔လက္ယာဘက္ရွိ ညီေတာ္မ်ားဆီ လွည့္ေျပာသည္။
" နႏၵ၊ ပီယံ၊ ဧက ငါေျပာတာကို ေသခ်ာနားေထာင္ပါ။ အခြင့္အခါသင့္တာနဲ႔ မင္းတို႔သုံးေယာက္ ခ်က္ခ်င္းထြက္ေျပးၿပီး ဒီၿမိဳ႕ကလူေတြ ေဘးလြတ္ရာေျပးႏိုင္ေအာင္ စီစဥ္ပါ။ ဗုံးေတြခ်ထားတဲ့ေနရာကိုၾကည့္ၿပီး လြတ္လမ္းအျမန္ရွာပါ။ တတ္ႏိုင္သမွ် ထိခိုက္မႈမရွိေအာင္ ႀကိဳးစားပါ"
ပီယံ: " ဟုတ္ကဲ့ပါ အစ္ကိုေတာ္"
အ႐ုဏ: " ေနာက္ၿပီး ေရဝတီက သမီးေတာ္ေလးနဲ႔ ေစာရံဆီ သြားၿပီး သူတို႔ႏွစ္ေယာက္ကို ေခၚထုတ္ပါ"
ေရဝတီ: " ဟုတ္ကဲ့ အရွင့္သား"
အ႐ုဏ: " ယုဂန္လည္း ေရဝတီနဲ႔လိုက္သြား။ ကေလးနဲ႔ေစာရံကို ေခၚၿပီးတာနဲ႔ ပီယံတို႔နဲ႔ ပူးေပါင္းျပ္ီး ၿမိဳ႕သူၿမိဳ႕သားေတြကိုေဘးလြတ္ရာေ႐ႊ႕ဖို႔ စီစဥ္ပါ"
အားလုံးဟာ အ႐ုဏ၏အမိန႔္ကို အသာတၾကည္လိုက္နာၾကေသာ္လည္း ယုဂန္ဟာမူ စိုးရိမ္သည့္မ်က္ႏွာထားျဖင့္
ျပန္လည္ေျပာၾကားလာသည္။
" ေမာင္နဲ႔ အရွင့္သားနဲ႔ ႏွစ္ေယာက္တည္း အဆင္ေျပပါ့မလား"
အဏၰ: "မင္းခင္ပြန္းရဲ႕အစြမ္းကို မင္းမယုံဘူးလား"
ယုဂန္ ေမာင့္ကိုယုံသည္။ သို႔ရာတြင္ စိုးရိမ္စိတ္က ရွိစၿမဲျဖစ္၏။ သို႔ပါ၍ သူမ်က္ႏွာေလးမဲ့ကာ မ်က္ဝန္းတို႔ ေဖ်ာ့မွိန္ဝိုင္းစက္သြားလွ်င္ ေမာင္က သူ႔လက္ကေလးကို အသာကိုင္၍ ႏွစ္သိမ့္သည္။
" ေမာင္ ဘာမွမျဖစ္ေစရဘူး ကတိေပးတယ္"
ယုဂန္ မ်က္ႏွာငယ္ေလးျဖင့္ေခါင္းညိတ္သည္။ သူ မလႊတ္ခ်င္လႊတ္ခ်င္ျဖင့္ ေမာင့္လက္ကို လႊတ္လိုက္ရ၏။
ယင္းေနာက္ ေမာင္ဟာ မင္းေယာဇာဘက္ကို စူးရွေတာက္ေလာင္ေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္လ်က္ တိုက္ခိုက္ရန္ အသင့္အေနအထားသို႔ ျပင္လိုက္သည္။
သူ အဏၰဘက္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ႏွစ္ေယာက္သား အၾကည့္ႏွင့္ အခ်ိန္းအခ်က္ျပဳလိုက္သည္။
ထို႔အတူ ေရဝတီ၊ နႏၵႏွင့္ ပီယံတို႔လည္း အခြင့္အေရးကို သတိႀကီးႀကီးႏွင့္ ေစာင့္ဆိုင္းေနသည္။
" အခုပဲ"
အ႐ုဏ မာန္အျပည့္ႏွင့္ ေအာ္သည္။
ထိုအခါ အဏၰသည္ နဂါးႀကီးအသြင္သို႔ မ်က္တစ္ခတ္အတြင္းေျပာင္းလဲသြားလ်က္ မိမိတို႔လူတစ္စုကို ဝိုင္း၍ ေလေပြပမာ ဆက္တိုက္လွည့္ပတ္ေလသည္။
ယင္းအခါ ျမင္ကြင္းကိုကြယ္သည့္ႏွယ္ ျဖစ္သြားၿပီး အကာအကြယ္လည္း ရသြားေလသည္။ တစ္ဆက္တည္းပင္ ေရဝတီ၏နဂါးအသြင္က ယုဂန္ကို သယ္ေဆာင္၍ ေကာင္းကင္ေပၚ အလ်င္အျမန္ပ်ံတက္သြားသည္။
ထို႔အတူ ပီယံ၊ ဧကႏွင့္ နႏၵတို႔သည္လည္း အနီးအနားရွိ သူတို႔ျမင္းမ်ားေပၚသို႔ ခုန္တက္၍ နဂါးေလေပြဆုံးသည္ႏွင့္ လြတ္ရာသို႔ အျမန္ေျပးထြက္သြားသည္။
ပီယံတို႔ေနာက္သို႔ မင္းေယာဇာ၏ ျမင္းစီးစစ္သည္မ်ား ေျပးလိုက္ရန္ ဟန္ျပင္ေသးသည္။
သို႔ရာတြင္ အ႐ုဏ၏ ႀကီးမားေသာ ဘီလူးအသြင္က ယင္းျမင္းစီးစစ္သည္တို႔ကို အေရွမွ ပိတ္ကာလိုက္သည္။ ထ္ို႔ေနာက္ ၎စစ္သည္တို႔ကို အစြမ္းျဖင့္႐ိုက္ခ်လိုက္ရာ ျမင္းအပါအဝင္ စစ္သည္မ်ားအားလုံး အတုံးတုံးအ႐ုံး႐ုံး လဲက်သြားေလသည္။
တစ္ဖက္တြင္လည္း နဂါးအသြင္ျဖင့္ အဏၰက စစ္သည္မ်ားကို တဟုန္ထိုးတိုက္ခိုက္ေနေလသည္။ နဂါးပီပီအဏၰ၏လက္စက ျပင္းေနသည္မို႔ အ႐ုဏ ဟန႔္တားလိုက္သည္။
" ဒီစစ္သည္ေတြက ကြၽန္ုပ္တိုင္းျပည္ရဲ႕စစ္သည္ေတြပဲ။ သူတို႔က စိတ္ညႇိဳ႕ခံထားရတာမို႔လို႔ တတ္ႏိုင္သမွ် မေသေအာင္ တိုက္ခိုက္ေပးပါ။ ဘယ္သူ႔ကိုမွ အေၾကာင္းမဲ့သက္သက္ မေသေစခ်င္ဘူး"
အဏၰ ေခါင္းတစ္ခ်က္သာ ညိတ္ျပၿပီး သူ၏အၿမီးျဖင့္ ဆယ္ေယာက္မွ် စစ္သည္မ်ားကို ေမ့လဲသြားေအာင္ ႐ိုက္ခ်လိုက္သည္။
စစ္သည္မ်ားဟာ ေမွာ္နက္အစြမ္းျဖင့္ ႐ုပ္ေသးဖုတ္ေကာင္သဖြယ္ ျဖစ္ေနေသာ္လည္း အဏၰႏွင့္ အ႐ုဏအတြက္မူ အလြန္တရာပမႊားျဖစ္ေနေသးသည္။
ထို႔အျပင္ ေမ့လဲ႐ုံမွ်၊ မလႈပ္ရွားႏိုင္မွ်သာ တိုက္ခိုက္သည္မို႔ ေမွာ္အစြမ္းေတာင္သိပ္ထုတ္သုံးစရာမလိုဘဲ မိမိတို႔၏လက္ျဖင့္၊ အၿမီးျဖင့္ ႐ိုက္႐ုံႏွင့္တင္ ပြဲၿပီးေလသည္။
စစ္သည္မ်ားကို ႏွိမ္ႏွင္းရန္ အခ်ိန္သိပ္မၾကာလိုက္ေပ။
ကိဏီသည္ မိမိတို႔ရင္ဆိုင္ရသူ ႏွစ္ဦး၏အစြမ္းကို ဒီအတိုင္းမယွဥ္ႏိုင္မွန္းသိသည္မို႔ ေအးေအးေဆးေဆးထိုင္၍ ပြဲၾကည့္ေနရာမွ သစ္ကိုင္းေပၚတြင္ ေပါ့ပါးစြာမတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ သူမ၏လက္ႏွစ္ဖက္ကို ေဝွ႔ယမ္းကာ အနက္ေရာင္အေငြ႕မ်ားကို ထုတ္လႊတ္လိုက္သည္။
မေရွးမေႏွာင္းပင္ ဤနယ္ပယ္တြင္ရွိေသာ ဖုတ္သဘက္မ်ား၊ သရဲမ်ား၊ တေစၱႀကီးမ်ားသည္ ထိုေနရာသို႔ အသီးသီးေရာက္ခ်လာေလသည္။
အႏွီ ပုံပ်က္ပန္းပ်က္နာနာဘာဝမ်ားကိုၾကည့္ရင္း အဏၰ ဟက္ခနဲရယ္လိုက္သည္။
" အရွင့္သား ဒီအေကာင္ေတြကိုေတာ့ စိတ္ရွိလက္ရွိသတ္လို႔ရတယ္မဟုတ္လား"
အ႐ုဏ၏ခြင့္ျပဳမိန႔္ကို ေစာင့္ဆိုင္းမေနဘဲ စကားဆုံးသည္ႏွင့္ နဂါးအဏၰသည္ အစြယ္ခြၽန္မ်ားျပည့္ေနေသာ ေႁမြပါးစပ္ကို ဖြင့္ကာ ယင္းအတြင္းမွ လွ်ံလွ်ံၿငီးေသာမီးေတာက္မ်ား မႈတ္ထုတ္လ်က္ နာနာဘာဝမ်ားကို မီးေလာင္တိုက္သြင္းေလသည္။
ကိဏီ ထိတ္လန႔္သြားသည္။ သူမ တစ္စုံတစ္ရာလုပ္ေဆာင္ရန္ ျပင္စဥ္တြင္ ႐ုတ္တရက္ သူမရပ္ေနေသာ သစ္ပင္မွာ အစိတ္စိတ္အႁမႊာႁမႊာ က်ိဳးေၾကသြားသည္။
ဟုတ္သည္။ သစ္ပင္က ထက္ပိုင္းက်ိဳးျခင္းမဟုတ္။ မွန္တစ္ခ်ပ္ကြဲသြားသလို တစ္စစီေၾကမြသြားျခင္းျဖစ္သည္။
တကယ္က သစ္ပင္ကို ခြဲေခ်လိုက္ေသာစြမ္းအားသည္ ကိဏီကို ဦးတည္ခဲ့ျခင္းျဖစ္သည္။
ဆ႒မအာ႐ုံေကာင္းေသာ ကိဏီသည္ သစ္ပင္ေပၚမွ အလ်င္အျမန္ေရွာင္ကာ သိမ္းငွက္အသြင္ဖန္ဆင္း၍ ပ်ံသန္းႏိုင္လိုက္ေသာေၾကာင့္သာ ကပ္သီးေလးလြတ္ေျမာက္သြားျခင္းျဖစ္သည္။
သူမကို အေသသတ္ရန္ ႀကံ႐ြယ္လိုက္သူကို သူမ,လွမ္းၾကည့္လိုက္သည္။
ဘီလူးအသြင္ျဖင့္ မင္းသားအ႐ုဏျဖစ္သည္။
မင္းသားအ႐ုဏက စြမ္းအားျဖင့္ ပစ္လႊတ္ကာ သူမအပါအဝင္ သစ္ပင္တစ္ပင္လုံးကို ေခ်မြပစ္ရန္ ႀကံ႐ြယ္ခဲ့သည္။
ေနာက္ဆုံးအႀကိမ္ေတြ႕ခဲ့တုန္းကထက္ မင္းသားအ႐ုဏမွာ ပိုမိုစြမ္းအားႀကီးေနသည္။
ယခု သူမရင္ဆိုင္ေနရသည္က အင္အားႀကီးမားလြန္းသည္ဟု ထင္ရွားေသာ ဒ႑ာရီလာနဂါးႏွင့္ အလြန္အမင္းစြမ္းအားႀကီးလာသည့္ ဘီလူးတစ္ေကာင္ပင္။
သူမတစ္ေယာက္တည္းႏွင့္ ယွဥ္တိုက္ရန္ မျဖစ္ႏိုင္ေတာ့မွန္း ကိဏီသိလိုက္သည္။ သူမ မ်က္တစ္လုံးရွင္ကို အလ်င္အျမန္ လွမ္းေခၚရမည္။
ထို႔အျပင္ လိုအပ္ပါက မိမိတို႔၏မဟာမိတ္မ်ားကိုပါ ေခၚေဆာင္ရေပလိမ့္မည္။
***********************************
မိမိတို႔ တည္းခိုရာအခန္းနားသို႔ ေရာက္သည္ႏွင့္ ကေလးငိုသံစူးစူးကို ၾကားလိုက္ရသည္။
ငိုသံေၾကာင့္ သမီးေဇာျဖင့္ စိတ္ပူသြားသည္မို႔ ယုဂန္ အခန္းတံခါးကို ဝုန္းခနဲဖြင့္၍ အခန္းထဲသို႔ ေျပးဝင္သြားသြားသည္။
ေတာ္ေသးသည္က ယုဂန္စိုးရိမ္မိသလို ရန္သူမ်ားရွိမေနဘဲ ေစာရံႏွင့္ ကေလးႏွစ္ဦးတည္းသာရွိေနသည္။ ေစာရံက ကေလးကိုေပြ႕ခ်ီကာ အငိုတိတ္ေအာင္ ေခ်ာ့ေမာ့ေနသည္။
ယုဂန္ႏွင့္ ေရဝတီေရာက္လာသည္ကိုျမင္ေသာ္ ေစာရံဝမ္းပန္း တသာျဖစ္သြားသည္။
" သခင္ေလး"
ယုဂန္ ဘာမွေတာင္မဆိုႏိုင္ဘဲ ေစာရံလက္ထဲမွ သမီးကိုလႊဲေျပာင္းယူ၍ ခ်ီလိုက္သည္။
မ်က္ႏွာႏွင့္အသံကို မွတ္မိေနၿပီျဖစ္ေသာ ကေလးက ယုဂန္ကိုျမင္ေသာ္ ႏႈတ္ခမ္းေလးမဲ့မဲ့ၿပီး ပိုငိုျပလာသည္။ သူမ၏လက္သီးဆုပ္ေသးေသးေလးမ်ားက ေလေပၚတြင္ ေဝွ႔ယမ္းေနသည္။
" သခင္မေလးက ခုနကေပါက္ကြဲသံေတြေၾကာင့္ လန႔္ၿပီးငိုသြားတာ။ အငိုမရပ္ေတာ့ဘူး"
ေစာရံကရွင္းျပသည္။
ယုဂန္ ကေလးကို ထိုင္လ်က္အေနအထားသို႔ ေျပာင္း၍ခ်ီလိုက္ကာ ကေလး၏ေက်ာကို အသာအယာပြတ္သပ္သည္။ ဣႏၵီက ယုဂန္၏ပခုံးေပၚတြင္ ေမးတင္ကာ ေအာ္ငိုစၿမဲျဖစ္သည္။
" ဖဘုရားေရာက္လာၿပီေနာ္။ ဣႏၵီ မေၾကာက္နဲ႔ေတာ့ေနာ္။ ဘာမွမျဖစ္ဘူး။ ဘာမွမျဖစ္ဘူး"
ယုဂန္သည္ သူ၏လက္တစ္ဖက္ျဖင့္ ေစာင္တစ္ထည္ကိုလွမ္းယူလိုက္သည္။ ထို႔ေနာက္ ကေလးကို သူ၏ရင္ဘတ္ႏွင့္ ကပ္ခ်ည္ဖို႔လုပ္ရင္း
" ဒီကေန ျမန္ျမန္ထြက္ဖို႔ျပင္ေတာ့"
ဟု ေရးႀကီးသုတ္ပ်ာဆိုသည္။
ေစာရံက ကေလးကို ယုဂန္ကိုယ္ႏွင့္ ကပ္ခ်ည္၍ခ်ီပိုးႏိုင္ေအာင္ ကူညီေပးသည္။
ၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ တည္းခိုခန္းမွ ထြက္ခြာခဲ့ၾကသည္။
ေရဝတီသည္ နဂါးအသြင္ ျပန္လည္ဖန္ဆင္းၿပီး ယုဂန္ႏွင့္ ေစာရံကို ေက်ာေပၚတင္ကာ ပီယံတို႔ကိုရွာရန္ ခပ္နိမ့္နိမ့္ပ်ံသန္းသည္။
ယုဂန္သည္ သူ႔ရင္ဘတ္တြင္ကပ္လ်က္ သူ႔ကိုေမာ့ၾကည့္ေနေသာ သမီးေတာ္ေလးဆီ ငုံ႔ၾကည့္ရင္း စိတ္ေမာလူေမာ သက္ျပင္းခ်လိုက္မိသည္။
ကေလးတို႔ထုံးစံအတိုင္း အာ႐ုံေျပာင္းသြားၿပီျဖစ္၍ မငိုေတာ့ေသာ သမီးေတာ္ေလးက ေဘးဘီဝန္းက်င္ကိုလည္း လိုက္ၾကည့္ေနကာ ယုဂန္ကိုပါ ျပဴးတူးတူးေလး ေငးၾကည့္သည္။
ယုဂန္ ကေလး၏ႏွာေခါင္းကို လက္ညႇိဳးျဖင့္တို႔လိုက္သည္။ ထိုအခါ သမီးေလးကရယ္ျပသည္။
အေပ်ာ္ကူးစက္သြားသည္ထင္သည္။ ယုဂန္ ၿပဳံးလိုက္မိၿပီး သမီးေလး၏နဖူးကို တစ္ခ်က္နမ္းရႈပ္လိုက္သည္။
" ခမည္းေတာ္ ဘာမွျဖစ္မွာမဟုတ္ပါဘူး။ ခမည္းေတာ္က အရမ္းစြမ္းအားႀကီးတာ သိတယ္မဟုတ္လား"
ဘာမွနားမလည္ေသးသည့္ သမီးကိုႏွစ္သိမ့္ျခင္းလား၊ သို႔မဟုတ္ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္မိျခင္းလား ယုဂန္ကိုယ္တိုင္ပင္ မသဲကြဲပါေခ်။
ယုဂန္ ကေလးကိုေပြ႕ဖက္လိုက္ကာ ေမာင္ႏွင့္ အဏၰတို႔ က်န္ခဲ့ေသာအရပ္ဆီ လွမ္းၾကည့္မိသည္။
သူ႔ႏွလုံးသားထဲတြင္ တစ္စုံတစ္ခုက အလြန္တရာေလးလံေနသည္။
*******************************
ဖုတ္သဘက္ႏွင့္ တေစၦသရဲမ်ား တစ္ေကာင္မွ်ပင္ မက်န္ရစ္ေတာ့ေခ်။
နာနာဘာဝမ်ားသည္ ေျမျပင္ေပၚတြင္ ေသြးသံရဲရဲႏွင့္လဲက်၍လည္းေကာင္း၊ မီးကြၽမ္း၍လည္းေကာင္း၊ ျပာျဖစ္၍လည္းေကာင္း၊ ထြက္ေျပးသြားၾက၍လည္းေကာင္း အေကာင္းတိုင္းက်န္သည့္ အေကာင္ဟူ၍ မက်န္ရစ္ေတာ့ေခ်။
အတန္ၾကာသည္အထိ အေသအေၾကတိုက္ခိုက္ခဲ့ပါေသာ္လည္း နဂါးမင္းသားႏွင့္ အ႐ုဏမွာ ထိခိုက္ဒဏ္ရာ အနည္းငယ္ေတာင္မရဘဲ အကုန္လုံးကို ေမွာက္သြားေအာင္ အလဲထိုးႏိုင္ခဲ့သည္။
အစြမ္းကုန္တိုက္ခိုက္ခဲ့ရေသာ ကိဏီသည္ အလြန္အမင္းေမာဟိုက္ေနၿပီး သူမႏွင့္အတူ ယွဥ္တြဲတိုက္ခိုက္ေပးေနသည့္ မ်က္တစ္လုံးရွင္ဟာလည္း အလြန္တရာကို အက်ပ္႐ိုက္ေနဟန္ရွိသည္။
မ်က္တစ္လုံးရွင္သည္ သူ၏အဓိက တိုက္ခိုက္မႈျဖစ္ေသာ ရန္သူ၏အရိပ္မွ ပုံစံတူမေကာင္းဆိုးဝါးဖန္တီးကာ ရန္သူကိုျပန္လည္တိုက္ခိုက္ေစေသာ ေမွာ္နက္ပညာကို ထုတ္သုံးရန္ ႀကိဳးစားေသးသည္။
သို႔ရာတြင္ သူ၏အစြမ္းမွာ နဂါးမင္းသားအဏၰအေပၚ သက္ေရာက္မႈမရွိေနပါေခ်။ ထို႔အတူ မင္းသားအ႐ုဏေပၚကိုလည္း ေမွာ္နက္အစြမ္းက အက်ိဳးမသက္ေရာက္ေတာ့ေပ။
ၾကားဖူးသည့္အတိုင္း နဂါးမ်က္ရွင္ဟာ ေမွာ္နက္အစြမ္းမ်ားကို ကာကြယ္ႏိုင္ပုံေပၚသည္။ သို႔ပါ၍ နဂါးမ်က္ရွင္၏ ကာကြယ္မႈေအာက္သို႔ ေရာက္ရွိသြားေသာ အ႐ုဏဟာလည္း ေမွာ္နက္အစြမ္းကို ခုခံႏိုင္သြားျခင္းျဖစ္ရမည္။
ထိုသို႔ ေမွာ္နက္အစြမ္း မသက္ေရာက္သည္မို႔ ကိဏီ၏ စိတ္ညႇိဳ႕အစြမ္းဟာလည္း အလုပ္မျဖစ္ေတာ့ဘဲ နဂါးႏွင့္ဘီလူးကို လက္႐ုံးစြမ္းရည္ခ်ည္းႏွင့္သာ တိုက္ခိုက္ေနရသည္။
စိတ္ညႇိဳ႕ျခင္း၊ လူကိုတိုက္႐ိုက္ ထိခိုက္ေအာင္ျပဳလုပ္ျခင္း စေသာ ေမွာ္နက္အစြမ္းမ်ားကို ထုတ္မသုံးႏိုင္ပါက အဏၰႏွင့္ အ႐ုဏကို ရင္ဆိုင္ႏိုင္ရန္ခဲယဥ္းသည္။
သည္ႏွစ္ေယာက္ကိုႏိုင္ဖို႔ နည္းလမ္းမွာ စဥ္းစားမရေအာင္ က်ပ္တည္းေနသည္။
ထိုသို႔ ေမွာ္နက္ပညာရွင္မ်ား၏ အက်ပ္႐ိုက္ေနျခင္းကို ရိပ္စားမိေသာ္ လူအသြင္ ျပန္လည္ဖန္ဆင္းထားေသာ အဏၰသည္ ခါးေထာက္ကာ အားပါးတရရယ္သည္။
" ဟားဟားဟား ငါ တစ္မိုးေအာက္တစ္ေယာက္ မင္းသားအဏၰပါကြ။ ငါ့ကို တိုက္ခိုက္ႏိုင္မယ္လို႔ မင္းတို႔က ထင္ေနတာလား။ မင္းသားအ႐ုဏကလည္း သူမတူတဲ့စြမ္းအင္ေတြကို ရရွိၿပီးသြားၿပီ။ ငါတို႔ႏွစ္ေယာက္ကို မင္းတို႔ အေမွာက္သိပ္ႏိုင္မယ္ထင္ေနတာလား။ မင္းတို႔ ေစာက္႐ူးေတြပဲ"
ထိုအခ်ိန္ထိ ကိဏီႏွင့္ မ်က္တစ္လုံးရွင္တို႔၏ကာကြယ္ႏႈေအာက္တြင္ အခန႔္သားထိုင္ကာ ေအးေအးေဆးေဆး ပြဲထိုင္ၾကည့္ေနခဲ့ေသာ မင္းေယာဇာသည္ ယခုမွ ခပ္ၿပဳံးၿပဳံးေလးပင္ စကားဆိုလာသည္။
" နတ္နဂါးရယ္၊ မဟာသစ္ပင္ႀကီးရဲ႕အစြမ္းရွိတဲ့ ဘီလူးရယ္ကို ဘယ္သူကမ်ား အထင္ေသးဝံ့မွာပါလဲ။ ဒါေပမဲ့ ကြၽန္ုပ္ကလည္း ႏိုင္မယ္မေသခ်ာဘဲ အသင္တို႔ကို မိုက္႐ူးရဲဆန္ဆန္ စိတ္မေခၚဝံ့ပါဘူး။ ကြၽန္ုပ္မွာလည္း အေထာက္အပံ့ရွိပါတယ္"
စကားအဆုံးတြင္ မင္းေယာဇာသည္ မ်က္တစ္လုံးရွင္ႏွင့္ ကိဏီတို႔ကို တပ္ဆုတ္ရန္ အခ်က္ျပသည္။
ကိဏီႏွင့္ မ်က္တစ္လုံးရွင္တို႔ အေနာက္ျပန္ဆုတ္သြားလွ်င္ အ႐ုဏႏွင့္ အဏၰတို႔ရႈပ္ေထြးသြားၾကသည္။
မင္းေယာဇာ၏ ယုံၾကည္ခ်က္ျပင္းထန္ေနေသာ အၾကည့္မ်ားက အားေကာင္းေသာဝွက္ဖဲတစ္ခ်ပ္ရွိေနေၾကာင္း မီးေမာင္းထိုးျပေနသည္။ ထို႔အျပင္ ကိဏီႏွင့္ မ်က္တစ္လုံးရွင္ကိုပါ တပ္ဆုတ္ခိုင္းလိုက္ျခင္းက မင္းေယာဇာတြင္ ပိုမိုႀကီးမားေသာ ေ႐ႊ႕ကြက္ရွိေနေၾကာင္း သက္ေသထူေနသည္။
မင္းေယာဇာဟာ ႀကိဳးကိုင္ျခယ္လွယ္၍ ထိန္းခ်ဳပ္တတ္သူျဖစ္သည္။ သူဟာ ထက္ျမက္ျခင္းမွတစ္ပါး မည္သည့္အစြမ္းမွ် တစ္ဖက္ကမ္းခပ္မတတ္ေျမာက္ပါေသာ္လည္း သူ၏လက္ေအာက္တြင္ ထိပ္တန္းေမွာ္နက္ပညာရွင္မ်ား က်ိဳးႏြံစြာ ခစားေနသည္ကို ၾကည့္ျခင္းျဖင့္ သူဟာမည္မွ် ျခယ္လွယ္ထိန္းခ်ဳပ္တတ္သူျဖစ္ေၾကာင္း သိရွိႏိုင္သည္။
ယခု သူ၏ေ႐ႊ႕ကြက္ကိုလည္း အထင္ေသး၍မရေခ်။
မင္းေယာဇာဟာ ဉာဏ္ကစားသမားျဖစ္သည္။ ျခယ္လွယ္ႀကိဳးကိုင္တတ္ေသာ သူ႔ပါရမီေၾကာင့္ လက္ေခ်ာင္း ၊ ေျခေခ်ာင္းမ်ားပင္ သိပ္မလႈပ္လိုက္ရဘဲ ဟီရနန္းေတာ္ကို တက္သိမ္းရန္ ႏွစ္ႀကိမ္တိတိျပဳလုပ္ႏိုင္ခဲ့သူျဖစ္သည္။ ယခုဆို ထီးနန္းႏွင့္ တိုင္းျပည္ပါ သူ႔လက္တြင္းသို႔ က်ေရာက္ေနေလၿပီ။
မင္းေယာဇာက ႏူးညံ့ေသာပါးခ်ိဳင့္မ်ား နစ္ဝင္သြားသည္အထိ ၿပဳံးသည္။ ထို႔ေနာက္တြင္ သူဟာ သူ႔ညာဘက္လက္ရွိ ေက်ာက္စိမ္းလက္စြပ္နားကပ္၍ တိုးညင္းစြာ ေရ႐ြတ္လိုက္သည္။
" နတ္မင္းတို႔"
နားပါးေသာ အဏၰသည္ အဆိုပါေခၚသံကို ျပတ္ျပတ္သားသားၾကားလိုက္၏။
မေရွးမေႏွာင္းပင္ မိမိတို႔အထက္ရွိ မိုးေကာင္းကင္မွ ျမည္ဟည္းသံႀကီးကို ၾကားလိုက္ရသည္။
အဏၰႏွင့္ အ႐ုဏတို႔ ၿပိဳင္တူ မိုးေကာင္းကင္ကို ေမာ့ၾကည့္မိလိုက္သည္။
ေကာင္းကင္ဝယ္ တိမ္တို႔က စက္ဝိုင္းသ႑ာန္လွည့္လည္ရစ္ေခြကာ ေခ်ာက္ခ်ားဖြယ္ရာ အေရာင္အဝါမ်ား ထြန္းလင္းေနသည္ကို ေတြ႕ရေလသည္။
ယင္းေနာက္ အဆိုပါစက္ဝိုင္းအတြင္း ဘာမွ်မျမင္ရေလာက္ေအာင္ မဲေမွာင္က်သြားသည္။
ဟိန္းေအာ္သံႀကီးမ်ားကို ၾကားရသည္။
တိမ္မ်ားက ပို၍ ႐ူးသြပ္ဖြယ္ေကာင္းေလာက္ေအာင္ ေလဆင္ႏွာေမာင္းပမာ တဟုန္ထိုးေဝ့ဝိုက္လာသည္။ တိမ္မ်ားက ထိုအဝိုင္းအတိုင္း ေအာက္သို႔သက္ဆင္းလာၿပီး ေကာင္းကင္ႀကီးဟာ အေပါက္ျဖစ္သြားသည့္ႏွယ္ လႈိဏ္ေခါင္းသ႑ာန္ေပၚလာသည္။
ေကာင္းကင္တို႔ ၿပိဳက်လာသည့္အတိုင္းပါပင္။
တစ္ခဏအၾကာတြင္ အႏွီေကာင္းကင္လႈိဏ္ေခါင္းအတြင္းမွ လူေပါင္းမ်ားစြာ ပ်ံသန္းခုန္ဆင္းလာၾကသည္။
လူ...
မဟုတ္ေသးေခ်။
ေသြးေရာင္အခြၽန္အတက္မ်ားပါသည့္ တမူထူးျခားေသာ အဝတ္တို႔ကို ဝတ္ကာ မေကာင္းဆိုးဝါးတစ္ေကာင္ႏွင့္ ထင္မွတ္မွားရေသာ ထိုသူတို႔က လုံးဝလူမဟုတ္ႏိုင္ေခ်။
" အသူရာနတ္ေတြ"
အဏၰ ထိတ္လန႔္တၾကား ေရ႐ြတ္သည္။
ျမင္းမိုရ္ေတာင္၏ေအာက္ေျခတြင္ ေနထိုင္ၾကေသာ အဆင့္နိမ့္သည့္ အသူရာနတ္တို႔က လူ႔ျပည္သို႔ သက္ဆင္းလာၾကေပၿပီ။
စၾကဝဠာတိုင္းသည္ အလႊာမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ အလႊာမ်ားမွာ လူ႔ေလာက၊ အပါယ္ေလာက၊ နတ္ျပည္၊ ျဗဟၼာျပည္၊ ငရဲျပည္၊ နာနာဘာဝေလာက စသည္ျဖင့္ ကြဲျပားၾကသည္။
အလႊာတို႔သည္ ကမာၻတစ္ခုတည္းေပၚတြင္ တည္ရွိေနေသာ္လည္း အလႊာတစ္ခုမွ တျခားတစ္ခုကို မျမင္ႏိုင္၊ မၾကားႏိုင္သလို၊ ျဖစ္တည္မႈကိုေတာင္ မခံစားႏိုင္ေပ။ သို႔ရာတြင္ ပါရမီထူးသူမ်ားက တျခားေသာအလႊာတစ္ခုမွ ျဖစ္တည္မႈကို သိရွိႏိုင္ၿပီး ဆက္သြယ္မႈမ်ားျပဳလုပ္ႏိုင္ၾကသည္။ တခ်ိဳ႕ေသာ စၾကဝဠာမ်ားတြင္ေတာ့ အလႊာအသ္ီးသီး ဆက္သြယ္ျခင္းကို လူတိုင္းနီးပါးလုပ္ႏိုင္၍ ပုံမွန္ကိစၥသာျဖစ္သည္။ စြမ္းအားႀကီးလြန္းေသာ သူမ်ားႏွင့္ နတ္တို႔၏လက္ေအာက္ခံမ်ိဳးႏြယ္မ်ားကမူ အလႊာတိုင္းကို ျဖတ္သန္းသြားလာႏိုင္ၾကသည္။
အဆိုပါ အလႊာမ်ားထဲတြင္ နတ္ျပည္၊ ျဗဟၼာျပည္ ႏွင့္ ငရဲျပည္တို႔မွာ ရွင္းျပရ ရႈပ္ေထြးေသာအလႊာမ်ားျဖစ္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ နတ္ျပည္ႏွင့္ငရဲျပည္ကို ကမာၻတစ္ခု၏ အလႊာတစ္ခုဟု ဆိုေသာ္လည္း တကယ္တမ္း ယင္းတို႔မွာ တစ္ခုတည္းစီသာရွိ၍ စၾကဝဠာအားလုံး၏ နတ္ျပည္၊ ငရဲျပည္ ျဖစ္ေနျခင္းပင္။
ပိုမိုရွင္းလင္းေအာင္ေျပာရလွ်င္ နတ္ျပည္သည္
ပင္လယ္ႀကီးျဖစ္၍ စၾကဝဠာျမစ္ေခ်ာင္းအားလုံးက အဆိုပါပင္လယ္တစ္ခုတည္းမွ စီးဆင္းလာၾကသည္။ ထို႔အတူ ငရဲျပည္သည္လည္း သမုဒၵရာတစ္ခုျဖစ္ၿပီး စၾကဝဠာျမစ္ေခ်ာင္းအားလုံးက အဆိုပါငရဲျပည္တစ္ခုတည္းကိုသာ ထိစပ္ေနသည္။
စၾကဝဠာတိုင္းက ဘုံနတ္ျပည္၊ ဘုံျဗဟၼာျပည္၊ ဘုံငရဲျပည္တို႔ကိုသာ မွ်ေဝသုံးစြဲေနၾကျခင္းျဖစ္သည္။
သို႔ပါ၍ ငရဲျပည္သို႔ မေတာ္တဆေရာက္ရွိသြားပါက တျခားေသာ စၾကဝဠာမွလူမ်ားႏွင့္ ေတြ႕ဆုံၿပီး မိတ္ေဆြျဖစ္သြားႏိုင္သည္။
နတ္ျပည္ေရာက္ေသာအခါတြင္မူ စၾကဝဠာတိုင္းကို သြားလာႏိုင္လိမ့္မည္။ သို႔ရာတြင္ နတ္မ်ားက သူတို႔၏သုခဘုံကို စြန႔္ခြာၿပီး တျခားေသာစၾကဝဠာမ်ားဆီ မသြားလိုၾကေပ။ အေၾကာင္းရွိမွ သြားလိုရာစၾကဝဠာ၏ လူ႔ျပည္သို႔ သက္ဆင္းၾကသည္။
အသူရာနတ္တို႔သည္ အပါယ္ဘုံတြင္ ပါဝင္ေသာ္လည္း သာမန္လူမေရာက္ႏိုင္ေသာ ျမင္းမိုရ္ေတာင္အလႊာတြင္ေန၍ တာဝတႎသာနတ္စာရင္းဝင္ျဖစ္သည္။
သို႔ပါ၍ လူ႔ျပည္သက္ဆင္းျခင္းကို အလြယ္တကူပင္ ျပဳလုပ္ႏိုင္ၾကသည္။
ယခု လူ႔ျပည္သက္ဆင္းလာေသာ အသူရာနတ္မ်ားက ေမွာ္လက္နက္ကိုယ္စီဆြဲကိုင္ကာ ေႂကြးေၾကာ္သံမ်ားျဖင့္ တပ္စုလိုက္ျဖစ္သည္။ အေယာက္ေပါင္း ငါးဆယ္မွ်ရွိသည္။
အဆိုပါနတ္တို႔ လူ႔ျပည္ကိုေရာက္သည္ႏွင့္ ေကာင္းကင္တံခါး ျပန္လည္ပိတ္ဆို႔သြားသည္။
အသူရာနတ္တို႔က ေလေပၚတြင္ပ်ံေနကာ သူတို႔၏ခ်ပ္ဝတ္တန္ဆာမ်ားႏွင့္ လက္နက္မ်ားမွလည္း အနီေရာင္မီးမ်ား ဟုန္းဟုန္းေတာက္ေနသည္။
မင္းေယာဇာက ခပ္ၿပဳံးၿပဳံးေလးပင္ ထပ္ဆိုသည္။
" ကြၽန္ုပ္က အသူရာနတ္ေတြနဲ႔ အေပးအယူတစ္ခုလုပ္ခဲ့တယ္ေလ"
************************************
A/N
Facts ေတြက ေလွ်ာက္ေရးထားတာေနာ္။ တကယ္ယုံမေနၾကနဲ႔ဦး။