CH-4ရှန်ရှောက်ချင်နဲ့စုယန်
"အား…"
မိမိမှာအိပ်မက်မှနိုးလာသည်နှင့် အော်လိုက်သည်။
မိမိ၏နဖူးပေါ်မှချွေးများကိုသုတ်လိုက်ပြီး ရင်ဘတ်ပေါ်လက်တင်ကာမြန်ဆန်နေသောနှလုံးအားငြိမ်သက်စေရန်ကြိုးစားလိုက်သည်။
မတ်တပ်ရပ်လိုက်ပြီးသက်ပြင်းမောချလိုက်သည်။
"အွီး…အဲ့ဒါက အိပ်မက်တစ်ခုပဲ။အဲ့ဒါကအိပ်မက်တစ်ခုပဲ…ဟားဟား ငါ့ရဲ့မျက်နှာကျက်ကရေယိုတယ်လို့အိပ်မက်မက်တာကိုငါမယုံနိုင်ဘူး။ပြီးတော့ငါကအပေါ်ထပ်ကအိမ်နီးချင်းဆီဆွေးနွေးဖို့သွားရှာပေမယ့်ဆိုးလိုက်တဲ့ကံကြောင့်ရာဇဝတ်မှုတစ်ခုထဲဝင်ပါမိတာနဲ့အဆုံးသတ်သွားတယ်။ပြီးတော့မျက်မြင်သက်သေတစ်ဦးဖြစ်လာပြီးလူသတ်သမားကငါ့ကိုသတ်တော့မလို့ပဲ။ဒါပေမယ့်အဲ့အချိန်ငါသေတော့မယ်အချိန်မှဒီကောင်တွေကငါ့ကိုသူတို့ကroleplayနေကြတာတဲ့လေ အဟားဟားဟားဟားဟား ရယ်စရာကောင်းလိုက်တဲ့ဇာတ်လမ်းကို ဒီဟာကဘယ်လိုမှဖြစ်မလာနိုင်ဘူးလေ ဟားဟား အိပ်မက်တစ်ခုဖြစ်နေတာပဲ"
အခုတော့ငါအသက်ဝဝရှူထုတ်နိုင်သွားရပါပြီ။
"မင်းပြောလို့ပြီးပြီလား"
အေးစက်သောအသံတစ်ခုကဖြတ်ပြောလာသည်။
ထိုသည်ကမိမိမမှတ်မိသောအသံဖြစ်သည်။မိမိမှာချက်ချင်းသတိကပ်သွားသည်နှင့်ကြမ်းပြင်ပေါ်ရှိစောင်ပေါ်တွင်လှဲနေကြောင်းသိလိုက်ရသည်။
ဒီဟာကငါ့တိုက်ခန်းမဟုတ်ဘူးနော်။ထိုသည်မှာရေများဖြင့်ပြည့်နေခဲ့သောတိုက်ခန်းနှင့်တူလေသည်။
ဒါပေမယ့်ရေတွေမရှိတော့ဘူး။ပရိဘောဂပစ္စည်းတွေလည်းပဲမရှိတော့ဘူး။အမှန်တော့လေ ငါ့အောက်ကစောင်ကလွဲလို့အခန်းထဲဘာမှကိုမရှိတော့တာဟ!
"ဟမ် ဘာတွေဖြစ်နေတာလဲ"
မိမိမှာစောင်ကိုဆုပ်ကိုင်ထားပြီးပတ်ပတ်လည်အားအကဲခတ်ကြည့်လိုက်သည်။အဆုံးမှာတော့မိမိအကြည့်မှာညာဘက်နံရံပေါ်မှီနေသည့်ဆွဲဆောင်မှုရှိလှသောအမျိုးသားပေါ်ကျရောက်သွားသည်။သူသည်လည်းမိမိအားစိုက်ကြည့်နေသည်။ငါတော့ရှက်သွေးဖြန်းသွားမိပြီနော်။
"ရှင်က…"
မိမိစကားပြောလိုက်ချိန်တွင်ဆွဲဆောင်မှုအားပြင်းလွန်းသောအမျိုးသားမှာဟမ့်ကနဲလုပ်လိုက်ပြီးခေါင်းစောင်းလိုက်သည်။
"မင်းအအိပ်လွန်ပြီးရူးသွားတာလား ဒါမှမဟုတ် လန့်သွားပြီးအတိတ်မေ့သွားတာလား။မင်းကငတုံးမလား"
သူကချောမောခန့်ညားနေပေမယ့် သူ့ရဲ့ဆိုးဝါးတဲ့ပါးစပ်ကတော့အဆိပ်ပြင်းလွန်းတယ်နော်။
မိမိမှာဤကဲ့သို့သဘောထားမျိုးဖြင့်ပြေလည်မည်မှာမဟုတ်၍မတ်တပ်ရပ်လိုက်သော်ငြား မိမိခေါင်းမှာမူးဝေနေဆဲပင်။
စက္ကန့်အနည်းငယ်အကြာတွင်တော့မိမိမှာ အမျိုးသားဆီခြေလှမ်းကျယ်ကျယ်လှမ်းသွားလိုက်သည်။
မိမိမှာသူ့ခန္ဓာကိုယ်အရွယ်အစား၏တစ်ဝက်မျှသာရှိသော်ငြား မိမိစိတ်သဘောထားမှာတော့သူနှင့်ယှဉ်နိုင်လေသည်။မိမိသည်မေးစေ့ကိုပင့်လိုက်ပြီးသူ့အားစိုက်ကြည့်လိုက်သည်။
"အရူး!excuse me!ဒါကကျွန်မတို့အနေနဲ့ပထမဆုံးတွေ့ဖူးတာလေ။ရှင်ဘယ်လိုတောင်ရိုင်းစိုင်းနေရတာလဲ။ဟိုဦးလေး၂ယောက်ရောဘာဖြစ်သွားပြီလဲ။ကျွန်မရှင်နဲ့စကားမပြောချင်ဘူး။သူတို့ကိုသွားခေါ်ချေ။ကျွန်မသူတို့နဲ့ပြောစရာရှိတယ်"
"ဘယ်ကဦးလေးတွေလဲ"
ချောမောသည့်အမျိုးသားမှာ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။သူသည်ငြင်းဆန်နေပုံပေါ်သည်။
"စောစောတုန်းကသူတို့မျက်နှာတစ်ပြင်လုံးမုတ်ဆိတ်တွေနဲ့ ဦးလေး၂ယောက်ရှိတယ်လေ။ရှင်သူတို့ကိုသိသင့်တယ် ဟုတ်တယ်မလား။သူတို့ကိုကျွန်မဆီခေါ်ခဲ့"
"မင်းကိုယ်တို့ကိုမမှတ်မိဘူးလား"
အခြားမရင်းနှီးသည့်အသံကပြောလာသည်။မိမိသည်အသံလာရာကိုချက်ခြင်းလှည့်ကြည့်လိုက်သည်။အဲ့ဒါကနောက်ထပ်ခပ်လန်းလန်းဘဲလေးပဲဟ။သူ၏အပြုံးမျက်နှာလေးကသန့်စင်ခန်းထဲကနေထွက်ပေါ်လာသည်။
ဘာတွေဖြစ်နေတာလဲ!ဦးလေးကြီး၂ယောက်ကပျောက်နေပြီးအခုတော့ကြည့်ကောင်းတဲ့အမျိုးသား၂ယောက်ကဒီမှာရှိနေတယ်။
မိမိစိတ်အစဉ်မှာရောထွေးနေလေပြီ။
"ရှင်ဘာပြောလိုက်တယ်"
"ကိုယ်တို့မျက်နှာတွေဆေးကြောလိုက်ရုံနဲ့မင်းကမမှတ်မိတော့ဘူးလေ။စုယန်ရေငါတို့ကအရမ်းလန်းနေပုံပဲ"
သန့်စင်ခန်းထဲမှအမျိုးသားမှာတခစ်ခစ်ရယ်နေတော့သည်။
တစ်ခုခုမှာရုတ်တရက်ရှင်းလင်းသွားပြီး မိမိမှာအနီးဆုံးရှိစုယန်ဆိုသည့်လူထံလက်ညှိုးထိုးလိုက်သည်။မိမိသည်စိတ်လှုပ်ရှားမှုကြောင့်ထိတ်လန့်နေသည်ကိုဖုံးမထားနိုင်တော့ပေ။
"ရှင်တို့၂ယောက်က ဦးလေးကြီး၂ယောက်ပေါ့လေ"
မမျှော်လင့်စွာပင်စုယန်သည်သူ့လက်ဖြင့် မိမိလက်ညှိုးအားဖမ်းဆုပ်လိုက်သည်။သူ့မျက်နှာမှာတော့အေးစက်နေဆဲပင်။
"Bingo!ဒါပေမယ့်မင်းစကားပြောတဲ့အခါလက်ညှိုးမထိုးနဲ့။အဲ့ဒါကရိုင်းတယ်"
"O…ok ကျွန်မနားလည်ပြီ။သွားစို့"
မိမိမှာသူ့ဆုပ်ကိုင်ထားမှုမှလက်ညှိုးလေးကိုအားဖြင့်ဆွဲထုတ်လိုက်သည်။
မိမိလက်ညှိုးလေးမှာခုထိတိုင်နွေးနေဆဲပင်။လက်ညှိုးထိပ်လေးမှာတော့နည်းနည်းထုံကျင်နေသည်။
မိန်းမငယ်လေးတစ်ဦးကိုရှင့်အနေနဲ့ လက်လွတ်စပယ်ထိခွင့်မရှိဘူးရှင့် okလား!
သန့်စင်ခန်းထဲရှိအမျိုးသားမှာလည်းထွက်လာခဲ့သည်။သူသည်လမ်းလျှောက်လာရင်းရာဘာလက်အိတ်(သန့်ရှင်းရေးလုပ်ချိန်သုံး)ကိုလည်းချွတ်ရန်အားကြိုးမာန်တက်ကြိုးစားနေသည်။
တစ်ဖက်ကိုမချွတ်နိုင်သေးခင်ထိသူသည်အားတော်တော်စိုက်နေရသည်။ပြီးနောက်သူသည်မိမိနှင့်လက်ဆွဲနှုတ်ဆက်ရန်လုပ်လာသည်။
"Hi!ကိုယ့်နာမည်ကရှန်ရှောက်ချင်။ကိုယ်တို့မင်းကိုခြောက်မိသွားလား။မလုပ်လိုက်မိလောက်ပါဘူးနော်"
မိမိမှာသူ့လက်အားငေးကြည့်ကာလက်ဆွဲနှုတ်ဆက်သင့်မသင့်ဆုံးဖြတ်ရန်မဝံ့မရဲဖြစ်နေသည်။သူသည်သန့်စင်ခန်းထဲကနေ ရာဘာလက်အိတ်များဝတ်ပြီးထွက်လာသည်လေ။သူ့လက်တွေကဘယ်နေရာတွေမှာထိကိုင်ခဲ့လဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
သို့သော်သူသည်မိမိအားတောက်ပလှသည့်အပြုံးတစ်ပွင့်ပေးအပ်လာသည်။ထို့ကြောင့်မိမိမှာငြင်းဆိုရန်မဝံ့တော့ပေ။မိမိသည်သတ္တိကိုဆင့်ခေါ်လိုက်ပြီးသူ့လက်ကိုထိလိုက်သည်။
"မဆိုးပါဘူး"
"အိမ်အသုံးအဆောင်ပစ္စည်းတွေကရေကြောင့်ပျက်စီးကုန်ပြီလေ။ဒါကြောင့်ရွေ့ပြောင်းရေးကုမ္ပဏီကိုခေါ်ပြီးဖယ်ဖို့ကူညီခိုင်းရတယ်။အဲ့ဒါကအရမ်းဆူညံပြီးရှုပ်ထွေးနေတာတောင်မင်းကတော့အိပ်နေနိုင်သေးတယ်လေ။ငါတော့သဘောကျသွားပြီ။ငါသိချင်တာကလေ မင်းကအိပ်နေတာလား လန့်ပြီးသတိလစ်သွားတာလားဆိုတာပဲ"
ရှန်ရှောက်ချင်ကပျော်ရွှင်စွာပြောလာသည်။
သူ၏ရွှင်လန်းမှုမှာမိမိအားပုံမှန်မဟုတ်သလိုခံစားရစေသည်။သူတို့တွေကရေပိုက်ပျက်နေရင်ဘာလို့မပြင်တာလဲ။သူတို့ပရိဘောဂပစ္စည်းတွေပျက်စီးသွားတာတောင် ဘာမှမဖြစ်သလိုနေ,နေတယ်။သူတို့တိုက်ခန်းထဲဘာမှမကျန်တော့တာတောင်မှ ပျော်နေသေးတယ်ပေါ့လေ။
မိမိစိတ်တစ်ခုလုံးတွင် မေးမြန်းချင်သည့်မေးခွန်းများဖြင့်ပြည့်နှက်နေသည်။သို့သော်ယခုတွင်တော့ အရေးကြီးဆုံးအရာမှာတစ်ခုတည်းပင်။
"ရှင်တို့၂ယောက်ကတစ်ကယ်ပဲခုနကလူ၂ယောက်ပေါ့လေ"
"ဒါပေါ့။အတုတွေဖြစ်ကြောင်း အာမခံပါတယ်။ကိုယ်တို့ကခန့်ညားသွားတော့ မင်းကမမှတ်မိတော့တာလေ။ကိုယ်ခုနကပြောခဲ့သလိုပဲ ကိုယ့်နာမည်ကရှန်ရှောက်ချင်။အဲ့ဒီပိုကာမျက်နှာပေးနဲ့ကောင်ကစုယန်။သူကဒီတိုက်ခန်းပိုင်ရှင်လေ"
ထို့နောက်ရှန်ရှောက်ချင်က ရာဘာလက်အိတ်ဝတ်ထားသည့်လက်ဖြင့်စုယန်၏ကျောကိုပုတ်လိုက်သည်။ချက်ချင်းဆိုသလိုစုယန်၏ပိုကာမျက်နှာပေးမှာ ရွံ့ရှာနေသည့်မျက်နှာပေးဖြစ်သွားသည်။
"မင်း!မင်းရဲ့လက်တွေကအညစ်အကြေးမြောင်းတွေထဲရောက်ပြီးပြီမလား။ငါ့ကိုမထိနဲ့"
စုယန်သည်ရှန်ရှောက်ချင်အားပြင်းပြင်းထန်ထန်သတိပေးလိုက်သည်။
"ငါလက်အိတ်တွေဝတ်ထားတယ်လေ ကလေကချေကောင်ရဲ့။မင်းဘယ်လိုတောင်ငါ့ကိုရွံ့သလိုလုပ်နေတာလဲ။မင်းကသာမင်းဘဝမှာဒီလိုအလုပ်မျိုးမလုပ်ဘူးလို့ သစ္စာဆိုထားတဲ့တစ်ယောက်မလား။ဒါကြောင့်ရွေးချယ်စရာမရှိဘဲ မင်းကိုကူညီရတာလေ။ငါအလုပ်ကြိုးစားခဲ့ရပေမယ့် မင်းကတော့ကျေးဇူးသိတတ်ဖို့တောင်မသိပါလား။မင်းကမင်းကိစ္စမဟုတ်သလိုတောင်ရပ်နေသေးတယ်။မင်းမရှက်ဘူးလား"
"ဟေး!ငါကမင်းကိုအားကစားလုပ်ဖို့အခွင့်အရေးပေးနေတာလေ။သူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ ငါကမင်းကိုအချိန်တိုင်းကျန်းမာနေတဲ့ခန္ဓာကိုယ်ရရှိဖို့ထိန်းသိမ်းပေးရမယ်"
စုယန်စကားပြောသည့်အခါမိမိမှာခံစားချက်တစ်ခုမှ မခံစားရပေ။သူကအရာရာအပေါ်ယုံကြည်မနေသလိုပဲ။
"တစ်ဆိတ်လောက်နော်။ငါတို့၂ယောက်ထဲမှာဘယ်သူကပိုကျန်းမာတဲ့လူလဲ။ငါကနေ့တိုင်းလေ့ကျင်းခန်းလုပ်တယ်။မင်းကျတော့ရော မင်းကတော့နေ့တိုင်းအိမ်ထဲမှာပဲနေ,နေတယ်လေ"
နှစ်ဦးသားမရပ်မနားရန်ဖြစ်နေကြသည်ကိုမိမိမှာငြိမ်ငြိမ်လေးစောင့်ကြည့်နေသည်။အမှန်အတိုင်းပြောရလျှင်မိမိအိပ်နေစဉ်အတွင်းဘာတွေဖြစ်ပျက်ခဲ့ပါသနည်း။ထိုသုန်သုန်မှုန်မှုန်ဦးလေးကြီး၂ယောက်မှာ ဤကဲ့သို့ဆွဲဆောင်မှုရှိသည့်ကောင်လေးများအဖြစ်မည်ကဲ့သို့ပြောင်းသွားသနည်း။
"မင်းငေးလို့ဝပြီလား"
မိမိစိုက်ကြည့်နေသည်မှာပြင်းထန်လွန်း၍ထင်သည်။စုယန်သည်ရှန်ရှောက်ချင်နှင့်စကားနိုင်လုပွဲတွင်အရှုံးပေး၍မိမိအားတစ်ချက်ကြည့်လာသည်။
"မပြီးသေးဘူး"
မိမိသည်မသိစ်ိတ်အရပြန်ဖြေလိုက်သည်။မိမိထံမှထိုစကားများထွက်သွားသည်နှင့်ရှန်ရှောက်ချင်နှင့်စုယန်သည်မိမိအားဘာလဲဆိုသည့်အမူအယာဖြင့်ကြည့်လာသည်။
ထိုသည်မှာအလွန်အဆင်မပြေ၍ ဘယ်နေရာကြည့်ရမှန်းတောင်မသိတော့ပေ။ထူးထူးဆန်းဆန်းလေထုအားပျောက်ကွယ်စေရန်မိမိမှာချောင်းနှစ်ချက်ဟန့်လိုက်သည်။
"အဟမ်း အဟမ်း!အဲ…ရှင်တို့တိုက်ခန်းကရေက ကျွန်မမျက်နှာကျက်ကိုပျက်စီးသွားစေတယ်။အခုအဲ့ဒီမှာရေတွေယိုနေပြီ"
မိမိသည်နောက်ဆုံးလမ်းကြောင်းပေါ်ပြန်ရောက်လာသည်။
"အဲ့ဒီတော့"
စုယန်မှမေးလာသည်။
မိမိမှာမျက်တောင်ခတ်လိုက်သည်။ဘယ်လိုတောင်စုယန်လိုလူမျိုးရှိနေရတာလဲ။သူ့ကြောင့်အောက်ထပ်ကအိမ်နီးနားချင်းဒုက္ခရောက်သွားတာကိုသူကစိတ်အေးအေးနဲ့ ယုံကြည်မှုရှိရှိနေနိုင်သေးတယ်ပေါ့လေ။သူ့ပုံစံကသူကပဲငါ့ကိုဘာသောက်ကိစ္စတစ်ခုမှမပေးထားသလိုပဲ။
အနည်းဆုံးတော့သူငါ့ကိုတောင်းပန်စကားတစ်ခွန်းတော့ပြောရမယ်လေ။အား…ဘာပဲဖြစ်ဖြစ် ငါကလည်းဒီကိုလာတာ သူ့ဆီကတောင်းပန်စကာနားထောင်ဖို့မှမဟုတ်တာ။ငါကပြဿ နာဖြေရှင်းချင်တယ်။ဒါပေါ့!ပိုက်ဆံနဲ့!
မိမိသည်ပေါက်ကွဲလွယ်သောစိတ်ကိုဖိနှိပ်ကာ စိတ်အေးအေးဖြင့်ပြောလိုက်သည်။
"ပြီးတော့ ကျွန်မရှင်တို့နဲ့တွေ့ဖို့လာတယ်။ရှင်တို့ကroleplayလိုမျိုးသောက်ကျိုးနည်းတွေဆော့နေမယ်လို့ဘယ်သူထင်မှာလဲ။ပြီးတော့စိတ်ပါလက်ပါနဲ့ကျွန်မကိုပါဆွဲထည့်လိုက်သေးတယ်။ကျွန်မတစ်ကယ်ကိုအစစ်လို့ထင်ခဲ့တာ။ကျွန်မမှာဖြင့်၂၅နှစ်တာကာလရဲ့ ဝမ်းနည်းမှုနဲ့အတွေ့အကြုံတွေအားလုံးကိုတောင်မှသတိရလိုက်သေးတယ်"
"ဒီ၂၅နှစ်တာကာလပတ်လုံးမင်းမှာဘာမှမရှိခဲ့ဘူးလို့ မပြောခဲ့ဘူးလား။အဲ့တုန်းကမင်းမှတ်ဥာဏ်တွေဘယ်ရောက်ကုန်တာလဲ"
စုယန်မှစကားဖြတ်ပြောကာမိမိအားအထင်သေးသလိုကြည့်လာသည်။
"ရှင်"
ငါတစ်ကယ်ကိုစုယန်ရဲ့ချောမောတဲ့မျက်ခွက်ကြီးကို၂ခါလောက်ရိုက်ပြီးထိုးနှက်ပစ်ချင်တယ်။သို့သော်ရှန်ရှောက်ချင်မှမိမိအားဆွဲလာသည်။
"စိတ်ထိန်းပါဦး!စိတ်ထိန်း!သူကအဲ့လိုပဲ။သူ့မှာရွံ့စရာပါးစပ်ရှိတယ်။မင်းရဲ့အဆင့်ကိုသူ့အဆင့်ဆီမနှိမ့်ချလိုက်ပါနဲ့"