ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွ...

By SuMon5383

29.9K 2.6K 22

EP-153 Author - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရ... More

Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Paid gp
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-31
Ch-32
Ch-33
Ch-34
Ch-35
Ch-36
တစ်လတာအထူးပရိုမိုးရှင်းအစီအစဉ်
Ch-37
Ch-38
Ch-39
Ch-40
Ch-41
Ch-42
Ch-43
Ch-44
Ch-45
Ch-46
Ch-47
Ch-48
Ch-49
Ch-50
New Bl novel
Ch-51
Ch-52
Ch-53
Ch-54
Ch-55
Ch-56
Ch-57
Ch-58
Ch-59
Ch-60
✅✅ Complete ✅✅
Ch-61
Ch-62
Ch-63
Ch-64
Ch-65
Ch-66
Ch-67
ပရိုမိုးရှင်းလေးလာပါပြီ
Ch-68
Ch-69
Ch-70
Ch-71
Ch-72
Ch-73
Ch-74
Ch-75
Ch-76
Ch-77
Ch-78
Ch-79
Ch-80
Ch-81
Ch-82
Ch-83
Ch-84
Ch-85
Ch-86
ပရိုမိုးရှင်းလေးလာပါပြီရှင့်
Ch-87
Ch-88
Ch-89
Ch-90
Ch-91
Ch-92
Ch-93
Ch-94
Ch-95
Ch-96
Ch-97
Gpဝင်မယ့်ကလေးတွေအတွက်

Ch-1

4.2K 149 0
By SuMon5383

CH-1 ကျွန်မနာမည်လင်းယိရှင်း။

ငါ့နာမည်လင်းယိရှင်း။ငါက၂၅နှစ်ရှိပြီ။

ငါ့မိဘတွေကငါအရမ်းကိုငယ်သေးတဲ့အချိန်ကတည်းကကားတိုက်မှုနဲ့သေဆုံးသွားခဲ့တယ်။ငါလည်းပဲကားတိုက်ခံရတဲ့ထဲကတစ်ယောက်ပေမယ့်ကံကောင်းစွာပဲအသက်ရှင်နိုင်ခဲ့တယ်။ဒါပေမယ့်ငါ့ရဲ့ကလေးဘဝမှတ်ဥာဏ်အားလုံးငါ့မိဘတွေအပါအဝင်ပေါ့ အားလုံးမေ့ပျောက်သွားခဲ့ပါပြီ။ကားကလက်ရန်းကိုရိုက်မိပြီးလေထဲအကြိမ်ရေများများလည်ထွက်သွားခဲ့တာကပဲငါပြန်မှတ်မိနိုင်တဲ့တစ်ခုတည်းသောအပိုင်းပဲ။အခုထိတိုင်မြင်ကွင်းကငါ့စိတ်ထဲထင်ထင်ရှားရှားစွဲနေတုန်းပဲ။

  ဒီနေ့ထိတိုင်အောင်ငါမျက်လုံးတွေမှိတ်လိုက်တိုင်းအချို့အချိန်တွေဆိုကားကမြေပေါ်လျှောပါသွားပြီးနားစည်ကွဲမတတ်သတ္တုချင်းပွတ်တိုက်သွားတဲ့အသံတွေကိုကြားနိုင်နေဆဲပဲ။

ရှင်သန်ခြင်း သို့ သေဆုံးခြင်းကိုဖြစ်ပေါ်စေခဲ့တဲ့အသံ။

  ကားမတော်တဆမှုကငါ့ရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေခဲ့တယ်။

  အဲ့အချိန်ကစပြီးငါကငါ့ရဲ့အချစ်ရဆုံးမိဘတွေကိုဆုံးရှုံးခဲ့ရရုံသာမကသရဲတွေကိုပါမြင်နိုင်ခဲ့တယ်။

ဆေးရုံရောက်နေချိန်ငါ့မျက်လုံးတွေဖွင့်လိုက်တော့ငါတစ်ခါမှမမြင်ဖူးခဲ့တဲ့ကြောက်စရာအရာတွေနဲ့ဝန်းရံခံထားရတယ်။သူတို့ထဲကအုပ်စုတစ်ခုကမျက်နှာကျက်မှာလွှင့်မျောနေရင်းငါ့ကိုစိတ်ဝင်တစားစောင့်ကြည့်နေတယ်။

အဲ့အချိန်မှာပဲငါဟာအခြားသူတွေနဲ့ကွဲပြားတဲ့ဘဝတစ်ခုမှာနေထိုင်ဖို့ဖြစ်လာခဲ့တာပဲ။
 
ဒါပေမယ့်ငါအသက်ကြီးလာလေလေငါ့ပတ်ဝန်းကျင်ကသရဲတွေကလည်းထူးဆန်းသထက်ထူးဆန်းလာလေပဲ။
 
ဥပမာပြောရရင်

  ငါအခုနေ,နေတဲ့နေရာမှာလွန်ခဲ့တဲ့နှစ်တွေတုန်းကလူသတ်မှုတစ်ခုဖြစ်ခဲ့တယ်။အငယ်အနှောင်းတစ်ဦးကိုတရားဝင်ဇနီးကလသာဆောင်ကနေတွန်းချခဲ့တယ်။မယားကြီးကအပြစ်ကိုဝန်ခံခဲ့ပေမယ့်မယားငယ်ရဲ့ဝိညာဉ်ကတော့ဘယ်တော့မှမကျွတ်လွတ်ခဲ့ပါဘူး။
 
ဒါကြောင့်နေ့တိုင်းဆိုသလိုသူမကပြတင်းပေါက်ကနေသူမကိုယ်သူမတွဲလောင်းချိတ်ဆွဲနေတော့တယ်။သူမကပြူ းကျယ်ဝိုင်းစက်နေတဲ့နီရဲရဲမျက်လုံးကြီးတွေနဲ့ငါ့ကိုစူးစူးရဲရဲကြည့်နေတတ်တယ်။

   ဒီနေရာက၂၆ထပ်နော်။သူမကနေ့တိုင်းဇောက်ထိုးတွဲလောင်းနေဖို့ကြိုးစားနေတာလား။သူမမကြောက်ဘူးလား။သူမအမြင့်မကြောက်ဘူးပေါ့လေ။ငါကတော့သူမကဒီတိုက်ခန်းကနေထွက်သွားဖို့တွန့်ဆုတ်နေတာလို့ထင်တယ်။အိုင်းး

  လိုက်ကာကိုဆွဲပိတ်လိုက်ရင်တော့ငါကသူမကိုမမြင်ရနိုင်တော့ဘူး။ဒါပေမယ့်နေ့တိုင်းတော့လိုက်ကာကြီးပိတ်မထားနိုင်ဘူးလေ ဟုတ်တယ်မလား။ကျစ်!!ထားလိုက်တော့။သူမကြောင့်သာလူတိုင်းကဒီနေရာမှာသရဲခြောက်တယ်လို့ယုံကြည်နေကြတာလေ။အရင်အိမ်ငှားတွေအားလုံးကတစ်ပတ်အတွင်းမှာပဲထွက်သွားကြတယ်။ဒါကြောင့်ငါ့အတွက်ကံကောင်းစွာပဲဒီတိုက်ခန်းကအထက်တန်းစားဇိမ်ခံအဆောက်အဦးတစ်ခုထဲကဖြစ်ပေမယ့်လည်းဒီအခန်းအတွက်စျေးကွက်ပေါက်စျေးရဲ့သုံးပုံတစ်ပုံပဲငါပေးခဲ့ရတယ်လေ။
 
ဒီဟာကမင်းတို့ပြောလေ့ရှိတဲ့အရှုံးထဲကအမြတ်ထွက်ဆိုတာဖြစ်လိမ့်မယ်လို့ငါထင်တယ်။
  
ဘာပဲဖြစ်ဖြစ်သူမတွဲလောင်းနေ,နေရင်တောင်မှသူမခေါင်းဆီသွေးဆောင့်တက်လာမှာမှမဟုတ်တာလေ။သူမကျေနပ်သလိုသာလုပ်ပါစေတော့။
  
အိုး!ပြီးတော့ငါအရမ်းလန်းတဲ့ကောင်လေးနဲ့တွေ့ပြီးဆွဲဆောင်ခံလိုက်ရတဲ့အချိန်ရှိခဲ့တယ်။အချို့အကြောင်းတွေကြောင့်ငါကသူ့ကိုအရမ်းကိုဆွဲဆောင်ချင်ခဲ့တယ်။ဒါကြောင့်ငါကသူဘယ်သွားသွားနှာဘူးမကြီးလိုတစ်ကောက်ကောက်လိုက်တော့တယ်။သူငါ့ကိုသင်္ချ ိုင်းကုန်းဆီဦးဆောင်ခေါ်သွားချိန်မှာတော့အဲ့အချိန်မှာပဲဘာတွေဖြစ်နေတာလဲဆိုတာနားလည်လိုက်လေ။သရဲလန်းလန်းလေးနဲ့တို့နဲ့အကြည့်ချင်းဆုံသွားခဲ့တယ်။
  
အဲ့အချိန်ကစပြီးအဖော်ငယ်လေးဟာငါ့ရဲ့တံခါးပေါက်ရှေ့မှာလက်ပိုက်ပြီးရပ်နေခဲ့တော့တယ်။အခုတော့သူ့မျက်နှာမှာတည်ကြည်ဖြောင့်မတ်တဲ့အမူအရာရှိနေပြီးသူ့ဂူဆီမပြန်တော့ဘူးလေ။သူမတ်တပ်ရပ်ဖို့ကြိုးစားရင်မြင်းထိုင်ထိုင်နေလိမ့်မယ်။သူမြင်းထိုင်ထိုင်ဖို့ကြိုးစားရင်တော့တံခါးပေါက်မှာလှဲပြီးပြားကပ်နေလိမ့်မယ်။
   
ငါတော့ဆွံ့အသွားပါပြီဟယ်။ဒါပေမယ့်အဲ့ဒါကပထမဆုံးအပြစ်စလုပ်ခဲ့တဲ့ငါ့အမှားပါပဲလေ။ဒါကြောင့်ငါကသူ့ကိုလေလိုပဲဆက်ဆံလိုက်တော့တယ်။ဒါပေမယ့်ငါအိမ်ကနေအဝင်အထွက်လုပ်တိုင်းသူငါ့ကိုအာရုံမစိုက်ခင်ငါကသူ့ကိုတိတ်တိတ်လေးချောင်း,ချောင်းကြည့်သွားမိတယ်။သူကသရဲတစ်ကောင်ဖြစ်ပေမယ့်လည်း ငါကတော့သူ့ရဲ့ချောမောတဲ့မျက်နှာလေးကိုမြင်နေရရုံနဲ့တင်ကျေနပ်ပါတယ်။
  
ငါ့မှာအိမ်မွေးတိရိစ္ဆာန်သရဲလေးနှစ်ကောင်ရှိတယ်။ခွေးသရဲကိုစပိုက်လို့ခေါ်ပြီးကြောင်သရဲကိုတော့တွန်လို့ခေါ်တယ်။သူတို့နာမည်တွေကငါငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့စိတ်ဝင်စားစရာအစီအစဉ်တစ်ခုဖြစ်တဲ့တွန်နဲ့ဂျယ်ရီကနေလာခဲ့တာလေ။
  
ဒီနှစ်ကောင်နဲ့ပတ်သက်ပြီးကောင်းတဲ့အရာတွေကတော့ငါကသူတို့ကိုကျွေးမွေးစရာမလိုသလိုရေချိုးပေးစရာလည်းမလိုဘူး။လမ်းလျှောက်ထွက်ပေးစရာမလိုသလိုသူတို့ကဘာဂရုစိုက်မှုမှမလိုတာလေ။အခြေခံအားဖြင့်တော့ငါဘာမှမလုပ်ပေးခဲ့ဘူး။
  
ဒါပေမယ့်ငါ့ကိုလည်းပဲသူတို့ကဂရုမစိုက်ကြဘူး။
 
ဘယ်လိုပဲဆိုဆိုအရင်အပတ်ကငါအလုပ်ထုတ်ခံခဲ့ရတယ်။တစ်နှစ်မပြည့်သေးတဲ့ငါ့ရဲ့အမည်မဲ့ရုံးဝန်ထမ်းတစ်ဦးရဲ့အသက်မွေးဝမ်းကြောင်းဘဝကုန်ဆုံးခဲ့တယ်။
  
ငါရပ်နားခံခဲ့ရတဲ့အကြောင်းပြချက်ကတော့ရိုးရှင်းပါတယ်။ငါကကုမ္ပဏီရဲ့အမျိုးသမီးသန့်စင်ခန်းအသုံးပြုနေချိန်မှာသူမကိုယ်သူမတွဲလောင်းဆွဲနေတဲ့ထူးဆန်းတဲ့ပုံစံနဲ့သရဲတစ်ကောင်ကိုငါသတိထားမိလိုက်တယ်။အရမ်းကိုပေါ်လွင်ပြီးစိတ်ဒဏ်ရာရလောက်တဲ့တစ်ခုခုကိုနှစ်စက္ကန့်အတွင်းမြင်ပြီးချိန်မှာတော့ငါလည်းသန့်စင်ခန်းတံခါးကိုတွန်းဖွင့်ပြီးအမောတကောပြေးထွက်လာလိုက်တယ်။ငါအရမ်းကိုကြောက်လန့်နေတဲ့အတွက်ရှေ့မှာရှိနေတဲ့အရာကိုအာရုံမစိုက်နိုင်ခဲ့ဘူး။ဒါကြောင့်ငါကသူ့သားအလုပ်ဆီလာစစ်ဆေးတဲ့သူဌေးရဲ့အမေကိုဝင်တိုက်မိသွားတယ်။သူမကတော့အခန်းကိုဖြတ်ပြီးပျံသွားတော့တာပေါ့။

  အုဖ်!!!!

  ငါရှင်းပြတာကိုဂရုမစိုက်ပဲငါ့သူဌေး(သရဲတွေကိုမမြင်ရတဲ့)ဟာရက်စက်ခဲ့တယ်။သူကအလုပ်သမားတွေအားလုံးရှေ့မှာငါ့ကိုအလုပ်ထုတ်ခဲ့ပြီး ငါ့ကိုတရားမစွဲဆိုတာကပဲသူ့အတွက်စေတနာထားခဲ့ပြီးဖြစ်တယ်လို့ပြောတယ်လေ။ပြီးတော့သူကငါ့ရဲ့အရင်နှစ်လစာလုပ်အားခကိုသူ့မိခင်ရဲ့ဆေးဖိုးအဖြစ်ယူလိုက်တယ်။
 
ဘလာ ဘလာ ဘလာ……

  ငါမျက်စိလှန်ရုံပဲတတ်နိုင်တော့တယ်။ဒီနတ်သမီးကမင်းတို့သေမျိုးတွေကိုရွံသွားပါပြီ ဟမ့်!
  
ငါ့ရဲ့လက်ရှိအလုပ်အခြေအနေကတော့သိပ်မကွာပါဘူး။ငါ့လိုလူတွေအများကြီးရှိတယ်လေ။ငါတို့မှာဘွဲ့ကြိုဒီဂရီတွေရှိရင်အလုပ်ကောင်းတွေလိုချင်တယ်။ဒါပေမယ့်အမှန်မှာတော့ ငါတို့အလုပ်ကောင်းကောင်းမရနိုင်ခဲ့သလိုမလိုလားပေမယ့်ဆိုးဝါးတဲ့အလုပ်တွေမှာပဲအခြေကျဖို့လုပ်နေရတယ်။ဒါကြောင့်ငါတို့ဟာတုတ်တုတ်မှမလှုပ်နိုင်အောင်ကပ်တွယ်နေရတယ်။
  
ငါ့ရဲ့ကိုယ်ရေးအကျဉ်းကို အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းအစုံကိုပေးပို့ခဲ့ပေမယ့်သူတို့ဆီကနေဘာပြန်စာမှမရခဲ့ဘူး။
  
ကံမကောင်းစွာနဲ့ဘဲလစဉ်ဝင်ငွေမရှာနိုင်သေးခင်မှာပဲသုံးဖြုန်းခဲ့ပြီးဖြစ်တဲ့ငါဟာမွဲနေပါပြီ။ဒီလကုန်မှာသာအလုပ်တစ်ခုမရှာနိုင်ခဲ့ရင်ငါလည်းပဲပြတင်းပေါက်မှာတွဲလောင်းချိတ်နေတဲ့အငယ်မနဲ့သွားjoinရတော့မယ်။ငါတို့တူတူစခန်းချနိုင်တော့မယ်ဟေ့။

"ငါဘာလုပ်ရမလဲ။ငါဘာလုပ်ရမလဲ"
 
ငါဟာဗုဒ္ဓကျမ်းစာရွတ်ဖတ်နေသလိုတတွတ်တွတ်ရွတ်နေခဲ့တယ်။အိပ်ရာခင်းပေါ်ခြေချိတ်လှဲရင်းရှေ့နောက်လွှဲလို့ငြီးတွားနေတော့တယ်။
  
"ရှေးစာဆိုတွေကပြောတယ်။တောင်တန်းတွေကကွေး လေစီးကြောင်းတွေနဲ့လမ်းကြောင်းကအဆုံးသတ်ပုံပေါ်တယ်။အတိတ်ကမှောင်မိုက်နေတဲ့မိုးမခပင်နဲ့ပန်းပွင့်တွေကအခြားရွာမှာနေတယ်(ဤဘာသာပြန်ဆိုမှုမှာ မှားနိုင်သည်။)ဘုရားသခင်ကမင်းအတွက်တံခါးတစ်ပေါက်ပိတ်ထားနိုင်ပေမယ့်အခြားပြတင်းပေါက်ကိုဖွင့်ပေးလိမ့်မယ်တဲ့!ငါ့ရဲ့ပြတင်းပေါက်ကဘယ်အချိန်မှပွင့်လာမှာလဲ…"
 
ငါဟာငါ့လက်ချောင်းတွေကိုကီးဘုတ်ပေါ်အားပြင်းပြင်းနဲ့ရိုက်နေခဲ့တယ်။ငါ့စာလုံးတစ်ခုချင်းစီမှာပုဒ်ဖြတ်သင်္ကေတတစ်ခုစီနှိပ်လိုက်တယ်။တုံ့ပြန်မှုတွေ.တစ်ခုမှ.ရှိမနေဘူးလား။

ငါ့ရဲ့အစာအိမ်ရောဦးနှောက်ပါဗလာဖြစ်နေတာကိုနားလည်ပါတယ်။ငါမတွေးနိုင်တော့သလိုတိုက်ခန်းကလည်းတိတ်ဆိတ်နေတယ်။ငါဟာငါ့ရဲ့အသက်ရှူသံသာကြားနေရတယ်။ပြီးနောက်အခြားပြဿ    နာကိုငါရှာတွေ့ခဲ့တယ်။ဘယ်အချိန်ကငါ့အသက်ရှူသံတွေလေးလံနေခဲ့တာလဲ။တိုက်ခန်းကပဲတိတ်ဆိတ်နေလွန်းတာလား။

ငါထိုအရာကိုတွေးမိသည်နှင့်မျက်နှာကျက်ဆီငေးကြည့်လိုက်တယ်။

တစ်ခုခုတော့ထူးဆန်းနေတယ်။အထင်လွဲတာဖြစ်နေမလား။ဘာကထူးဆန်းနေတာကိုငါရှင်းမပြတတ်ဘူး။ဒါပေမယ့်ထူးဆန်းတယ်လို့ခံစားနေရတုန်းပဲ။တစ်ခုခုကပိုနေသလိုပေမယ့်တူတူပဲလားဟ။အဲ့ဒါကအမှန်ကိုထူးခြားတဲ့ခံစားချက်တစ်ခုပဲ။တစ်ကယ်ပဲလား။ဘာပြဿ     နာဖြစ်နေတာလဲ။

ငါစဉ်းစားနေတုန်းမှာပဲမျက်နှာကျက်ကနေအစက်တစ်စက်ကရုတ်တရက်ဆိုသလိုငါ့နဖူးပေါ်တိုက်ရိုက်ကျလာတယ်။အဲ့ဒါကအေးပြီးငါ့ကိုနာကျင်စေတယ်။

"ဘာဖြစ်နေတာလဲဟ"

ငါဟာနောက်ဆုံးတော့တွေဝေနေမှုထဲကထွက်လာခဲ့ပြီးမျက်နှာကျက်ပေါ်မှာနက်မှောင်နေတဲ့အစက်တစ်ခုကိုသတိပြုမိလိုက်တယ်။အဲ့အစက်ကဘယ်အချိန်ကရှိနေခဲ့တာလဲဆိုတာငါမတွေးတတ်တော့ဘူး။ဒါပေမယ့်အဲ့ဒါကနံရံကပ်စက္ကူဒီဇိုင်းတစ်ခုလည်းမဟုတ်ဘူးလေ။အဲ့ဒါကရေစက်တစ်စက်ဟ!

အိုးငါလူး!ငါနဖူးကိုရိုက်လိုက်တယ်။

ငါဟာကံဆိုးမှုတွေနဲ့ဘယ်အချိန်ကစပြီးဆက်နွှယ်သွားတာလဲ။ငါ့ရဲ့အပေါ်ထပ်ကအိမ်နီးချင်းတောင်မှအဲ့ထဲဝင်joinနေလိုက်သေးတယ်ပေါ့လေ။

ငါလည်းဖုန်းနဲ့သော့တွေကိုဆွဲယူကာဓာတ်လှေကားထဲကရောသောပါးဝင်လိုက်ကာ၂၇ထပ်မှ၂၇၀၅ဆီတည့်တည့်ဦးတည်လိုက်သည်။

Continue Reading

You'll Also Like

122K 15.6K 106
ခေါင်းစဉ် မမကြီး ဘာလို့လက်မထပ်သေးတာလဲ သူမက ဘ၀ကူးပြီး မီးပုံထဲခုန်ကူးခဲ့တယ်။ ယွဲ့ယိုကျင့်က ဒုတိယမိသားစုခွဲရဲ့ အကြီးဆုံးသမီးဖြစ်ပြီး သူ့ညီမတွေရဲ့ အချစ...
7.4K 390 9
Quick Transmigration Type မျိုးပါရှင့်။ ဒီnovelလေးရဲ့ ထူးခြားချက်က တခြားစာစဥ်တွေလို ဗီလိန်မနေရာတို့၊ အရံဇာတ်ကောင်လေး ၊အမြောက်စာလေး စတဲ့နေရာတွေမှာ ပြ...
54.9K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
18K 1.3K 16
အမျိုးသမီး MC ရှန်းရှသိုင်းစာစဥ်ပါရှင့်