𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖢𝗂𝗍𝗁 𝖠 𝖱...

By Sandi_Bear

846K 102K 8.9K

π–ͺ𝗂𝗆 π–³π–Ίπ–Ύπ—π—’π—Žπ—‡π—€ Γ— π–©π–Ύπ—ˆπ—‡ π–©π—Žπ—‡π—€π—„π—ˆπ—ˆπ—„ β™‘οΈŽ 𝖲𝗐𝖾𝖾𝗍 π–±π—ˆπ—†π–Ίπ—‡π–Όπ–Ύ β™‘οΈŽ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1... More

π–¨π—‡π—π—‹π—ˆπ–½π—Žπ–Όπ—π—‚π—ˆπ—‡
𝖯𝖺𝗋𝗍 (1)
𝖯𝖺𝗋𝗍 (2)
𝖯𝖺𝗋𝗍 (3)
𝖯𝖺𝗋𝗍 (4)
𝖯𝖺𝗋𝗍 (5)
𝖯𝖺𝗋𝗍 (6)
𝖯𝖺𝗋𝗍 (7)
𝖯𝖺𝗋𝗍 (8)
𝖯𝖺𝗋𝗍 (9)
𝖯𝖺𝗋𝗍 (10)
𝖯𝖺𝗋𝗍 (11)
𝖯𝖺𝗋𝗍 (12)
𝖯𝖺𝗋𝗍 (13)
𝖯𝖺𝗋𝗍 (14)
𝖯𝖺𝗋𝗍 (15)
𝖯𝖺𝗋𝗍 (16)
𝖯𝖺𝗋𝗍 (17)
𝖯𝖺𝗋𝗍 (18)
𝖯𝖺𝗋𝗍 (19)
𝖯𝖺𝗋𝗍 (20)
𝖯𝖺𝗋𝗍 (22)
𝖯𝖺𝗋𝗍 (23)
𝖯𝖺𝗋𝗍 (24)
𝖯𝖺𝗋𝗍 (25)
𝖯𝖺𝗋𝗍 (26)
𝖯𝖺𝗋𝗍 (27)
𝖯𝖺𝗋𝗍 (28)
𝖯𝖺𝗋𝗍 (29)
𝖯𝖺𝗋𝗍 (30)
𝖯𝖺𝗋𝗍 (31)
𝖯𝖺𝗋𝗍 (32)
𝖯𝖺𝗋𝗍 (33)
𝖯𝖺𝗋𝗍 (34)
𝖯𝖺𝗋𝗍 (35)
𝖯𝖺𝗋𝗍 (36)
𝖯𝖺𝗋𝗍 (37)
𝖯𝖺𝗋𝗍 (38)
𝖯𝖺𝗋𝗍 (39)
𝖯𝖺𝗋𝗍 (40)
𝖯𝖺𝗋𝗍 (41)
𝖯𝖺𝗋𝗍 (42)
𝖯𝖺𝗋𝗍 (43)
𝖯𝖺𝗋𝗍 (44)
𝖯𝖺𝗋𝗍 (45)
𝖯𝖺𝗋𝗍 (46)
𝖯𝖺𝗋𝗍 (47)
𝖯𝖺𝗋𝗍 (48)
𝖯𝖺𝗋𝗍 (49)
𝖯𝖺𝗋𝗍 (50) π–₯𝗂𝗇𝖺𝗅

𝖯𝖺𝗋𝗍 (21)

15.2K 2K 197
By Sandi_Bear

𝖹𝖺𝗐𝗀𝗒𝗂    

ထယ္ေယာင္းႏွင့္သူေဌးဂြၽန္၏ေဘးပတ္လည္လည္၌ သတင္းမီဒီယာသမားမ်ားသည္ ကင္မရာမီးေရာင္ တဖ်တ္ဖ်တ္ႏွင့္ အလုအယက္သတင္းယူေနၾကသည္ ။

ထယ္ေယာင္းသည္ ႏြေးေထြးအိစက္သည့္အထိအေတြ႕ကို ခံယူလိုက္ရၿပီး မယုံၾကည္နိုင္စရာစကားတစ္ခြန္းကိုပါ သူေဌးဂြၽန္ထံကေန နားဆင္လိုက္ရ၍ အထိတ္တလန့္ႏွင့္မ်က္လုံးေလးမွာ အဝိုင္းသား ။

" သူေဌးဂြၽန္က.. လိင္တူခ်စ္သူရွိတာလား... ဘယ္တုန္းကလဲ... ဘယ္လိုစေတြျဖစ္ခဲ့တာလဲ!.. ေမးတာကို တစ္ခ်က္ေလာက္ ေျဖေပးပါဦး... သူေဌးဂြၽန္!!..."

အုန္းအုန္းကြၽက္ကြၽက္ႏွင့္ အင္တာဗ်ဴးရန္အတြက္ အသည္းအသန္ႀကိဳးစားေနၾကပါေသာ သတင္းမီဒီယာမ်ားသမားမ်ား၏ တစ္ေယာက္တစ္ေပါက္စကားသံမ်ားက သူတို႔ႏွစ္ဦး၏နားထံသို႔တိုးမဝင္ ။

ေဂ်ာင္ဂုသည္ ေလာေလာလတ္လတ္ကမွ နမ္းမိလိုက္သည့္ေဒါက္တာကင္မ္၏ အသည္းပုံသ႑ာန္ႏႈတ္ခမ္းပါးကိုအၾကည့္ေရာက္ၿပီး ထိုမွတဆင့္ သူ႕အား မ်က္လုံးအဝိုင္းသားႏွင့္ ေယာင္နနေလး ၾကည့္ေနပါေသာ ေဒါက္တာကင္မ္၏မ်က္လုံးလွလွထဲကို စိုက္ၾကည့္မိသည္ ။

ေဒါက္တာကင္မ္ကို သူ လက္ထပ္ခြင့္ေတာင္းဖို႔ ရည္႐ြယ္ထားသည္ဆိုေသာ္လည္း ယခုလို ျဗဳန္းစားအေျခအေနမ်ိဳးႏွင့္ေတာ့မဟုတ္ ။

အဘိုးက ေဂ်ာင္ဂုကို အသိမေပးဘဲ လီဟန္နာႏွင့္သူ႕၏ မဂ္လာပြဲအေၾကာင္းအား လူပုံလယ္မွာခ်ျပရန္အတြက္ ေရွ႕ကိုဇြတ္တိုးေန၍ ေဂ်ာင္ဂုသည္လည္း ေရွ႕သို႔တိုးလိုက္ရျခင္း ။

သူ႕၏အေလာသုံးဆယ္ျဖစ္သြားမႈေၾကာင့္ ထိတ္လန့္သြားရွာသည့္ေဒါက္တာကင္မ္အတြက္ေတာ့ စိတ္မေကာင္းျဖစ္မိေပမယ့္ လူပုံအလယ္မွာ လက္ထပ္ခြင့္ေတာင္းမိသည္ကို လုံးဝေနာင္တမရွိ ။

" ေနာက္ကိုဆုတ္ေပးၾကပါ.... "

ဟိုတယ္၏လုံၿခဳံေရးမ်ားသည္ ဝိုင္းအုံေနေသာ သတင္းေထာက္မ်ားကိုလာေရာက္ရွင္းလင္းေပးသည္ ။

ရွဲခနဲဖယ္ခြာသြားလိုက္ရသည့္လူအုပ္ႀကီးမွာ လူသြားလမ္းေပၚလာခဲ့မွ ေဂ်ာင္ဂုသည္ ေဒါက္တာကင္မ္၏လက္ေကာက္ဝတ္ကို အသာလွမ္းဆုပ္ကိုင္လိုက္လွ်င္ ေဒါက္တာကင္မ္၏ခႏၶာကိုယ္သည္ တြန့္ခနဲ ။

" လူရွင္းတဲ့ေနရာကို ေခၚထုတ္သြားေပးပါမယ္... ေဒါက္တာကင္မ္...."

ထယ္ေယာင္းကိုအသိေပးစကားဆိုၿပီးမွ လက္ဆြဲေခၚေဆာင္သည့္သူေဌးဂြၽန္ေနာက္သို႔ ထယ္ေယာင္းသည္ အသိစိတ္ေသခ်ာမကပ္ေသးသည့္ဟန္ႏွင့္လိုက္ပါသြားရသည္ ။

သူတို႔ႏွစ္ဦးသားကို ဓာတ္ပုံတဖ်တ္ဖ်တ္ရိုက္ကာ သတင္းယူရင္းက်န္ရစ္ခဲ့ရသည့္ သတင္းသမားမ်ားသည္ လုံၿခဳံေရးေတြ၏တားျမစ္မႈေၾကာင့္ ဆက္မလိုက္နိုင္ေသာ္လည္း တစ္ေယာက္တစ္ေပါက္ ေမးခြန္းထုတ္သံမ်ားႏွင့္ဆူညံဆူညံ ။

ထိုျမင္ကြင္းကို အစအဆုံးျမင္ေတြ႕လိုက္ရသည့္ ဉကၠဌႀကီးသည္ သူ႕ေျမး၏လက္သြက္မႈေၾကာင့္ စကားပင္မဆိုနိုင္ေတာ့ေခ် ။

လီဟန္နာကေတာ့ ဂြၽန္ေဂ်ာင္ဂုက လူပုံအလယ္မွာ လိင္တူခ်စ္သူဟုဖြင့္ခ်ခဲ့သည္ေၾကာင့္ သူမအရွက္ပိုမကြဲခင္ ပြဲအတြင္းကေန ထေရွာင္ထြက္ခြာသြားေတာ့သည္ ။

ပြဲအတြင္းကိုေရာက္ေနသည့္ ေဂ်ာင္ဂု၏သူငယ္ခ်င္းျဖစ္သူ ခ်ာအြန္ဝူးကလည္း သူငယ္ခ်င္း၏လုပ္ရပ္ေၾကာင့္ တအံ့တၾသႏွင့္ပါးစပ္ေလးအေဟာင္းသား ။

Golden Time၏ႏွစ္ပတ္လည္ပြဲသည္ သူေဌးဂြၽန္၏အျပဳအမူေၾကာင့္ အုတ္ေအာ္ေသာင္းနင္းျဖစ္သြားၾကကာ အေတာ္ေလးထိန္းယူလိုက္ရသည္ ။

တိုက္ရိုက္ ရိုက္ကူးယူထားသည့္ သူေဌးဂြၽန္က ေဒါက္တာကင္မ္ကိုအနမ္းေပးကာ လက္ထပ္ခြင့္ေတာင္းသည့္ဗီဒီယိုဖိုင္မွာလည္း အြန္လိုင္းေပၚမွာ ခဏတြင္းခ်င္းပ်ံ့ႏွံ႕သြားကာ အာရွ၏အခ်မ္းသာဆုံးစာရင္းဝင္သူေဌးေလး၏အခ်စ္ေရးသတင္းမွာ ျပည္သူလူထုတစ္ရပ္လုံး၏အာ႐ုံကိုဖမ္းစားသြားခဲ့သည္ ။

" ဟိုတယ္အေရွ႕မွာလည္း သတင္းသမားေတြနဲ႕ျပည့္ေနလို႔ အျပင္ကို ထြက္လို႔လြယ္ေသးမယ္မထင္ဘူး... အခုေလာေလာဆယ္ အခန္းတစ္ခုမွာအနားယူလို႔ရေအာင္ စီစဥ္ေပးပါမယ္..."

ဟိုတယ္၏သီးသန့္ဓာတ္ေလွကားျဖင့္ အေပၚဆုံးထပ္က VIP ROOMဆီသို႔ ထယ္ေယာင္းကို ေခၚေဆာင္လာသည့္သူေဌးဂြၽန္ ။

အခန္းေရွ႕ကိုေရာက္သည္အထိ ဆုပ္ကိုင္ထားဆဲလက္ေၾကာင့္ ထယ္ေယာင္းမွာ ေယာင္နနႏွင့္ သူေဌးဂြၽန္ကိုၾကည့္မိလွ်င္ သူေဌးဂြၽန္သည္ ထယ္ေယာင္းလက္ကို အလိုက္သင့္ေျဖေလ်ာ့ေပးသည္ ။

လမ္းတစ္ေလွ်ာက္လုံး တိတ္ဆိတ္မႈတို႔ႀကီးစိုးေနရာမွ ေဂ်ာင္ဂုသည္ အခန္းနားကိုေရာက္မွ သူ႕ဘက္ကေနစၿပီး စကားဆိုခဲၾသည္ ။

" ကြၽန္ေတာ့္ေၾကာင့္ အခက္ႀကဳံသြားရတဲ့အတြက္ အႏူးအၫႊတ္ေတာင္းပန္ပါတယ္... ေဒါက္တာကင္မ္.. ဒါေပမယ့္... ကြၽန္ေတာ့္ရဲ႕ လက္ထပ္ခြင့္ေတာင္းတာက... စိတ္ရင္းအမွန္ျဖစ္လို႔ လက္ခံေပးရင္ေကာင္းမွာပဲ..."

" ခ...ခဏ... ကြၽန္ေတာ္... ဦးႏွောက္လိုက္ေတြးလို႔ မမီဘူး...."

ထိုလက္ထပ္ခြင့္စကားကို ထပ္မံၾကားလိုက္ရသည့္အခါ ထယ္ေယာင္းသည္ ကပ်ာကယာတုံ႕ျပန္မိလိုက္သည္ ။

သူ..သူေဌးဂြၽန္က... ထယ္ေယာင္းကို... ဘာလို႔...။

" ေဒါက္တာ...အခု စိတ္ရႈပ္ေထြးေနေလာက္မယ္ဆိုတာကို.. သိပါတယ္... ကြၽန္ေတာ့္ဘက္က.. ေသခ်ာျပင္ဆင္မႉျပဳခဲ့သင့္တာ... ကြၽန္ေတာ့္ကိုေသခ်ာစဥ္းစားေပးဖို႔ ေတာင္းဆိုပါတယ္.. အခုေတာ့ အနားယူလိုက္ပါဦး.."

" မ..မဟုတ္ေသးဘူးေလ...."

ပြဲထဲကကိစၥေၾကာင့္ ေဂ်ာင္ဂု၏ဖုန္းထဲသို႔ ဖုန္းေခၚဆိုမႈမ်ား ဆက္တိုက္ဝင္လ်က္ရွိေနသည္ေၾကာင့္ ဖုန္းျမည္သံမွာ အဆက္မျပတ္ထြက္ေပၚေနသည္ ။

ထယ္ေယာင္းသည္ ထိုဖုန္းသံေၾကာင့္ စကားတို႔ထပ္မထြက္နိုင္ေတာ့ ။
အခုလက္ရွိ သူ႕တစ္ကိုယ္လုံးမွာထူပူေနၿပီး ဦးႏွောက္ကလည္း ေကာင္းေကာင္းအလုပ္မလုပ္နိုင္ေသး ။

သူေဌးဂြၽန္က သူ႕ကို အခန္းထဲမွာအနားယူရန္ တံခါးဖြင့္ေပးလာသည့္ အခါ ထယ္ေယာင္းမွာ ဝင္လိုက္႐ုံသာတတ္နိုင္ေတာ့သည္ ။

" ေဒါက္တာကင္မ္ကို ေစာင့္ေရွာက္ဖို႔အတြက္ ဝန္ထမ္းလႊတ္ေပးလိုက္မွာမို႔ သက္ေသာင့္သက္သာအနားယူပါ..."

" မလိုပါဘူး... ဟို..."

သူေဌးဂြၽန္၏ဖုန္းထံကေန ထပ္မံထြက္ေပၚလာပါသည့္ ဖုန္းေခၚဆိုသံ ။

" အလုပ္..မ်ားေနပုံပဲ... အရင္ေျဖလိုက္ပါ... သူေဌးဂြၽန္..."

ေဂ်ာင္ဂုသည္ ေဒါက္တာကင္မ္၏စကားေၾကာင့္ ကုတ္၏အတြင္းအိတ္ထဲကေန ဖုန္းထုတ္ၾကည့္လိုက္သည့္အခါ အဘိုးဆီကေနေရာ ဆယ္ဟိုဆီကေနေရာဖုန္းဝင္ထားကာ ခ်ာအြန္ဝူးထံကေနေတာ့ ေခၚဆိုမႈအမ်ားဆုံး ။

" ကြၽန္ေတာ္ ေျဖရွင္းစရာကိစၥေလးေတြရွိလို႔... ခဏခြင့္ျပဳပါ.. ေဒါက္တာကင္မ္... ၿပီးရင္ ျပန္လာခဲ့မယ္...."

" ဟုတ္....."

အခန္းတံခါးကိုျပန္ေစ့ပိတ္ေပးၿပီးမွ ထြက္ခြာသြားခဲ့ပါသည့္ သူေဌးဂြၽန္ ။

ထိုအခါမွ ထယ္ေယာင္းသည္ အခန္းက်ယ္ထဲက ဆိုဖာထက္မွာ အ႐ုပ္ႀကိဳးျပတ္ခ်မိသြားသည္ ။

သူ... အေစာပိုင္းက ႀကဳံလိုက္ရတာေတြက... ဘာေတြလဲ??..

ထယ္ေယာင္းအတြက္ အရာရာက လက္သင့္ခံရန္ ခဲယဥ္းေနခဲ့ကာ ေငါင္စင္းစင္းႀကီးထိုင္ေနမိသည္မွာ သူ႕ထံသို႔ ဂ်ီမင္းက ဖုန္းေခၚဆိုမႈမဝင္လာခင္အထိ ။

" ရား!!!.. ကင္မ္ထယ္ေယာင္း!!.. ငါ... ျမင္လိုက္ရတာက... ဘာလဲ...."

" ဘာကိုလဲ...."

နိုက္ဂ်ဴတီက်သည့္ဂ်ီမင္းမွာ နားေနခန္းက စားပြဲခုံမွာ ေရႏြေးစိမ္ထားသည့္ ေခါက္ဆြဲဘူးကို တဖူးဖူးမႈတ္စားကာ ဖုန္းသုံးေနပါစဥ္ သူေဌးဂြၽန္၏အခ်စ္ေရးဆိုသည့္စာသားႀကီးႏွင့္ ဗီဒီယိုေတြေတာက္ေလွ်ာက္တက္လာခဲ့သည္ေၾကာင့္ စပ္စပ္စုစုဝင္ၾကည့္လိုက္သည့္အခါ စားလက္စေခါက္ဆြဲမွ်င္ေတြပင္ အျပင္သို႔ျပန္ထြက္လာလ်က္ ေခ်ာင္းတဟြတ္ဟြတ္ႏွင့္ သီးသြားခဲ့ရသည္ ။

သူေဌးဂြၽန္က ထယ္ေယာင္းကိုနမ္းၿပီး လက္ထပ္ခြင့္ေတာင္းသည့္ဗီဒီယိုဖိုင္မွာ Hot topic ျဖစ္ေနခဲ့ၿပီးေတာ့ သူလည္း အလြန္အမင္းအံ့အားသင့္သြားရင္းမွ သူငယ္ခ်င္းျဖစ္သူဆီ ဖုန္းခ်က္ျခင္းေခၚဆိုလိုက္မိတာ ။

" မင္း! ဘယ္တုန္းတည္းက သူေဌးဂြၽန္နဲ႕ ျဖစ္ေနခဲ့တာလဲ! ဟမ္!.. ငါက မင္းသူငယ္ခ်င္း မဟုတ္ဘူးလား... ငါ့ကိုေတာ့ မင္းနဲ႕သူေဌးဂြၽန္အေၾကာင္းေျပာထားသင့္တာေပါ့ကြ!.. ငါ့မွာ ဗီဒိုယိုတက္လာမွ မင္းနဲ႕သူေဌးဂြၽန္အေၾကာင္းကိုသိရတာေတာ့ မဟုတ္ေသးဘူးေလကြာ..."

" မင္း... ဘာေတြေျပာေနတာလဲ... ဂ်ီမင္း... ဘာဗီဒီယိုလဲ...."

ဂ်ီမင္းက စက္ေသနတ္ပစ္သလို တရစပ္ရန္ေတြ႕ၿပီးမွ သူ႕သူငယ္ခ်င္း၏ ဘာမွမသိေသးသလိုအသံေနအသံထားေၾကာင့္ မ်က္လုံး ပုတ္ခတ္ပုတ္ခတ္ ျဖစ္သြားရသည္ ။

" သူေဌးဂြၽန္က.. မင္းကို popoေပးၿပီး.. လက္ထပ္ခြင့္ေတာင္းတဲ့ ဗီဒီယိုဖိုင္ေလ...."

" ဘာ!?...."

ထယ္ေယာင္းသည္ ဂ်ီမင္း၏စကားေၾကာင့္ ဖုန္းကိုခ်လိဳက္ၿပီး လိုင္းတက္လိုက္သည့္အခါ အြန္လိုင္းေပၚမွာ ပြထေနၿပီျဖစ္ေသာ သူႏွင့္သူေဌးဂြၽန္၏ဗီဒီယိုဖိုင္ေၾကာင့္ လက္ထဲကဖုန္းပင္လႊတ္ခ်မိမတတ္ျဖစ္သြားခဲ့ရေတာ့သည္ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

" ဝါး... ဂြၽန္ေဂ်ာင္ဂု... ဝါး... ဝါး....."

ခ်ာအြန္ဝူးသည္ စကားတို႔ပင္ေရွ႕မဆက္နိုင္ဘဲ တဝါးဝါးႏွင့္အာေမဋိတ္သာျပဳေနမိလွ်င္ ဂြၽန္ေဂ်ာင္ဂုက အၾကည့္စူးစူးတစ္ခ်က္ေကြၽးလာသည္ ။

အခု သူတို႔ႏွစ္ဦးက ဟိုတယ္၏သီးသန့္စားေသာက္ခန္းတစ္ခုအတြင္းမွာ အတူတူထိုင္ေနၾကတာျဖစ္၏ ။

" ဝါး... ဝါး...."

" ငါ ေျဖရွင္းစရာကိစၥေတြ အမ်ားႀကီးရွိေသးတယ္... တဝါးဝါးလုပ္ေနမယ္ဆိုရင္.. သြားလိုက္ေတာ့..."

" စိတ္ခ်ည္းပဲ... သူေဌးမင္းရယ္.. ငါက မင္းရဲ႕အတြင္းသိအဆင္းသိ သူငယ္ခ်င္းေလ.. မင္းလိုလူက... ေယာက္်ားေလးတစ္ဦးကို လူသိရွင္ၾကား လက္ထပ္ခြင့္ေတာင္းတဲ့အျပင္ ဟိုဟာပါလုပ္လိုက္ေသးေတာ့.. ငါက မဝါးဘဲ ေနနိုင္ပါ့မလား... ဒါနဲ႕ ေနပါဦး... မင္းက ဘယ္တုန္းက သူနဲ႕ခ်စ္သူေတြျဖစ္သြားၿပီး လက္ထပ္ခြင့္ေတာင္းတဲ့အထိပါ.. အဆင့္တက္သြားရတာလဲ?.. "

အြန္ဝူး၏အေမးေၾကာင့္ ေဂ်ာင္ဂုသည္ မွင္ေသေသႏွင့္ပင္ ေျဖၾကားလာသည္ ။

" ခ်စ္သူေတြ... မဟုတ္ဘူး...."

" ဘာ?...."

" ဘာလို႔ ငါ့ကို အဲ့လိုၾကည့္တာလဲ...."

" မဟုတ္မွ... မင္း... ဒီအတိုင္း အသားလြတ္ႀကီး လက္ထပ္ခြင့္ကို ေတာင္းခဲ့တာေတာ့မဟုတ္ဘူးမလား...."

သူငယ္ခ်င္း၏အေၾကာင္းကိုသိသူပီပီ အြန္ဝူးမွာ ျဖစ္နိုင္ေခ်ကိဳအေမးထုတ္မိလိုက္လွ်င္ မ်က္ႏွာတည္ႀကီးႏွင့္သူေဌးမင္းမွာ ထိုသို႔ျပဳလုပ္ခဲ့သည့္ပုံ ။

" ဒါဆို... မင္း.. သူ႕ကို ခ်စ္ေရးဆိုခဲ့လား...."

" မဆိုရေသးဘူး..."

" ရား!.. မင္း အဆြဲထိုးမခံခဲ့ရဘူးလား..."

" ဘာလို႔ ငါက အဆြဲထိုးခံရမွာလဲ...."

" ဝါး... မင္း.. ဒီလို ျဖစ္မယ္ဆိုတာ ငါသိတယ္.. စီးပြားေရးပဲအကြက္ေက်ာ္ျမင္ ထက္ျမက္တာကဘာလုပ္ရမွာလဲ..."

အြန္ဝူးသည္ စိတ္ေလသလိုေခါင္းယမ္းလိုက္သည့္အခါ ေဂ်ာင္ဂု၏နားမလည္သလိုအၾကည့္မွာ က်ေရာက္လာသည္ ။

" ဘာလဲ...."

" မင္းက တစ္ထစ္ခ်င္းဆီတက္ရမယ့္ ေလွကားထစ္ကို တစ္ခါတည္း ေက်ာ္ခြတက္လိုက္လို႔ေျပာတာ.. ဟိုက မိန္းကေလးတစ္ေယာက္ မဟုတ္ဘူးေလ... ေယာက္်ားေလး... မင္းကို ဆြဲမထိုးလိုက္တာပဲ ေက်းဇူးတင္ရမယ္... ဘာမေျပာညာမေျပာနဲ႕... ရား... အရင္ဆုံး ခ်စ္ေရးေတာ့ဆိုသင့္တာေပါ့... အရိပ္အႁမြတ္ေလးေတာ့ ျပထားရမယ္ေလ... "

" ငါ.... ျပပါတယ္...."

" ဟမ္...."

" အရိပ္အႁမြတ္ျပထားတယ္...."

ေဂ်ာင္ဂု၏မပြင့္တပြင့္ေျဖသံေၾကာင့္ အြန္ဝူးမွာ ခဏမွ်ေတာ့ အံ့အားသင့္သြားရသည္ ။

" တကယ္ႀကီးလား... မင္းက...."

" အင္း...."

" မင္းက အဲ့ဒီ့တစ္ေယာက္ကို လက္ထပ္ခြင့္ေတာင္းလိုက္တည္းက အဲ့တစ္ေယာက္က မင္းအတြက္ တစ္ခုခုဆိုတာကိုသိၿပီးသားပါ.. ငါသိတဲ့ ဂြၽန္ေဂ်ာင္ဂုဆိုတာက... တျခားအေၾကာင္းအရာနဲ႕ေတာ့ အဲ့လိုလုပ္မွာမဟုတ္တဲ့သူေလ..."

" ေနာက္မွ စကားေျပာမယ္... ငါ အဘိုးကိုလည္းေျဖရွင္းရဦးမယ္.. ၿပီးေတာ့ ေဒါက္တာကင္မ္ကို... တစ္ေယာက္တည္း ထားခဲ့မိတာ... ျပန္သြားရမယ္..."

" Ok.. Ok... good luck... တစ္ခုခုဆို ငါ့ကို အခ်ိန္မေ႐ြးေခၚလိုက္...."

" အင္း... သြားၿပီ...."

ႏွစ္ပတ္လည္ပြဲက ဘယ္သို႔ဘယ္ပုံၿပီးခဲ့သည္ေတာ့မသိ ။
အဘိုးကလည္း သတင္းသမားမ်ားေၾကာင့္ ပြဲအတြင္းကေနထြက္ခြာၿပီး အိမ္ကိုအေစာႀကီးျပန္သြားရေၾကာင္း ဆယ္ဟိုက အေၾကာင္းၾကားလာကာ ပြဲအေျခအေနကိုလည္း ဆယ္ဟိုကပင္ထိန္းေပးထားရသည္ ။

အခုလို ပြဲဆူေနခ်ိန္၌ ေဂ်ာင္ဂုသာလူလုံးထြက္ျပလွ်င္ အေျခအေနကပိုထိန္းရခက္မည္ျဖစ္၍ ေဂ်ာင္ဂုသည္ ပြဲအတြင္းျပန္မသြားေတာ့ဘဲ ေဒါက္တာကင္မ္ရွိသည့္အခန္းကိုသာ ျပန္ဦးတည္လာခဲ့သည္ ။

" ေဒါက္... ေဒါက္...."

" ကြၽန္ေတာ္ပါ... ေဒါက္တာကင္မ္... ဝင္လာခဲ့မယ္ေနာ္...."

ေလာ့ခ္ခ်ထားျခင္းမရွိသည့္အခန္းတံခါးကို ဖြင့္ဝင္လိုက္သည့္အခါ ဧည့္ခန္းတြင္းက ဆိုဖာထက္ ငူငူငိုင္ငိုင္ႏွင့္ ထိုင္ေနေသာေဒါက္တာကင္မ္ကိုေတြ႕လိုက္ရ၍ ေဂ်ာင္ဂုမွာ စိုးရိမ္သြားရကာ ေျခတံရွည္ရွည္က ေဒါက္တာကင္မ္ထံပါး လွပ္ခနဲ ။

" ဘာျဖစ္လို႔လဲ... ေဒါက္တာကင္မ္...."

ထယ္ေယာင္းသည္ သူေဌးဂြၽန္အခန္းထဲဝင္လာသည္ကိုပင္ သတိမမူနိုင္ဘဲ သူ႕အနားသို႔ေရာက္လာမွ အသိစိတ္ျပန္ကပ္လ်က္ ေမာ္ၾကည့္မိသည္ ။

" ကြၽန္ေတာ့္ကို.. ဘာလို႔ ဒီလို လုပ္ခဲ့တာလဲ... သူေဌးဂြၽန္..."

နားမလည္နိုင္စြာ အေမးထုတ္လာခဲ့ပါသည့္ေဒါက္တာကင္မ္ေၾကာင့္ ေဂ်ာင္ဂုသည္ ေဒါက္တာကင္မ္၏မ်က္ဝန္းတည့္တည့္ကို စိုက္ၾကည့္ရင္း အေျဖတစ္ခုေပးလိုက္သည္ ။

" သေဘာက်လိဳ႕.... သေဘာက်လိဳ႕ပါ... ေဒါက္တာကင္မ္..."
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

𝖴𝗇𝗂𝖼𝗈𝖽𝖾          

ထယ်ယောင်းနှင့်သူဌေးဂျွန်၏ဘေးပတ်လည်လည်၌ သတင်းမီဒီယာသမားများသည် ကင်မရာမီးရောင် တဖျတ်ဖျတ်နှင့် အလုအယက်သတင်းယူနေကြသည် ။

ထယ်ယောင်းသည် နွေးထွေးအိစက်သည့်အထိအတွေ့ကို ခံယူလိုက်ရပြီး မယုံကြည်နိုင်စရာစကားတစ်ခွန်းကိုပါ သူဌေးဂျွန်ထံကနေ နားဆင်လိုက်ရ၍ အထိတ်တလန့်နှင့်မျက်လုံးလေးမှာ အဝိုင်းသား ။

" သူဌေးဂျွန်က.. လိင်တူချစ်သူရှိတာလား... ဘယ်တုန်းကလဲ... ဘယ်လိုစတွေဖြစ်ခဲ့တာလဲ!.. မေးတာကို တစ်ချက်လောက် ဖြေပေးပါဦး... သူဌေးဂျွန်!!..."

အုန်းအုန်းကျွက်ကျွက်နှင့် အင်တာဗျူးရန်အတွက် အသည်းအသန်ကြိုးစားနေကြပါသော သတင်းမီဒီယာများသမားများ၏ တစ်ယောက်တစ်ပေါက်စကားသံများက သူတို့နှစ်ဦး၏နားထံသို့တိုးမဝင် ။

ဂျောင်ဂုသည် လောလောလတ်လတ်ကမှ နမ်းမိလိုက်သည့်ဒေါက်တာကင်မ်၏ အသည်းပုံသဏ္ဍာန်နှုတ်ခမ်းပါးကိုအကြည့်ရောက်ပြီး ထိုမှတဆင့် သူ့အား မျက်လုံးအဝိုင်းသားနှင့် ယောင်နနလေး ကြည့်နေပါသော ဒေါက်တာကင်မ်၏မျက်လုံးလှလှထဲကို စိုက်ကြည့်မိသည် ။

ဒေါက်တာကင်မ်ကို သူ လက်ထပ်ခွင့်တောင်းဖို့ ရည်ရွယ်ထားသည်ဆိုသော်လည်း ယခုလို ​ဗြုန်းစားအခြေအနေမျိုးနှင့်တော့မဟုတ် ။

အဘိုးက ဂျောင်ဂုကို အသိမပေးဘဲ လီဟန်နာနှင့်သူ့၏ မဂ်လာပွဲအကြောင်းအား လူပုံလယ်မှာချပြရန်အတွက် ရှေ့ကိုဇွတ်တိုးနေ၍ ဂျောင်ဂုသည်လည်း ရှေ့သို့တိုးလိုက်ရခြင်း ။

သူ့၏အလောသုံးဆယ်ဖြစ်သွားမှုကြောင့် ထိတ်လန့်သွားရှာသည့်ဒေါက်တာကင်မ်အတွက်တော့ စိတ်မကောင်းဖြစ်မိပေမယ့် လူပုံအလယ်မှာ လက်ထပ်ခွင့်တောင်းမိသည်ကို လုံးဝနောင်တမရှိ ။

" နောက်ကိုဆုတ်ပေးကြပါ.... "

ဟိုတယ်၏လုံခြုံရေးများသည် ဝိုင်းအုံနေသော သတင်းထောက်များကိုလာရောက်ရှင်းလင်းပေးသည် ။

ရှဲခနဲဖယ်ခွာသွားလိုက်ရသည့်လူအုပ်ကြီးမှာ လူသွားလမ်းပေါ်လာခဲ့မှ ဂျောင်ဂုသည် ဒေါက်တာကင်မ်၏လက်ကောက်ဝတ်ကို အသာလှမ်းဆုပ်ကိုင်လိုက်လျှင် ဒေါက်တာကင်မ်၏ခန္ဓာကိုယ်သည် တွန့်ခနဲ ။

" လူရှင်းတဲ့နေရာကို ခေါ်ထုတ်သွားပေးပါမယ်... ဒေါက်တာကင်မ်...."

ထယ်ယောင်းကိုအသိပေးစကားဆိုပြီးမှ လက်ဆွဲခေါ်ဆောင်သည့်သူဌေးဂျွန်နောက်သို့ ထယ်ယောင်းသည် အသိစိတ်သေချာမကပ်သေးသည့်ဟန်နှင့်လိုက်ပါသွားရသည် ။

သူတို့နှစ်ဦးသားကို ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကာ သတင်းယူရင်းကျန်ရစ်ခဲ့ရသည့် သတင်းသမားများသည် လုံခြုံရေးတွေ၏တားမြစ်မှုကြောင့် ဆက်မလိုက်နိုင်သော်လည်း တစ်ယောက်တစ်ပေါက် မေးခွန်းထုတ်သံများနှင့်ဆူညံဆူညံ ။

ထိုမြင်ကွင်းကို အစအဆုံးမြင်တွေ့လိုက်ရသည့် ဉက္ကဌကြီးသည် သူ့မြေး၏လက်သွက်မှုကြောင့် စကားပင်မဆိုနိုင်တော့ချေ ။

လီဟန်နာကတော့ ဂျွန်ဂျောင်ဂုက လူပုံအလယ်မှာ လိင်တူချစ်သူဟုဖွင့်ချခဲ့သည်ကြောင့် သူမအရှက်ပိုမကွဲခင် ပွဲအတွင်းကနေ ထရှောင်ထွက်ခွာသွားတော့သည် ။

ပွဲအတွင်းကိုရောက်နေသည့် ဂျောင်ဂု၏သူငယ်ချင်းဖြစ်သူ ချာအွန်ဝူးကလည်း သူငယ်ချင်း၏လုပ်ရပ်ကြောင့် တအံ့တသြနှင့်ပါးစပ်လေးအဟောင်းသား ။

Golden Time၏နှစ်ပတ်လည်ပွဲသည် သူဌေးဂျွန်၏အပြုအမူကြောင့် အုတ်အော်သောင်းနင်းဖြစ်သွားကြကာ အတော်လေးထိန်းယူလိုက်ရသည် ။

တိုက်ရိုက် ရိုက်ကူးယူထားသည့် သူဌေးဂျွန်က ဒေါက်တာကင်မ်ကိုအနမ်းပေးကာ လက်ထပ်ခွင့်တောင်းသည့်ဗီဒီယိုဖိုင်မှာလည်း အွန်လိုင်းပေါ်မှာ ခဏတွင်းချင်းပျံ့နှံ့သွားကာ အာရှ၏အချမ်းသာဆုံးစာရင်းဝင်သူဌေးလေး၏အချစ်ရေးသတင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏အာရုံကိုဖမ်းစားသွားခဲ့သည် ။

" ဟိုတယ်အရှေ့မှာလည်း သတင်းသမားတွေနဲ့ပြည့်နေလို့ အပြင်ကို ထွက်လို့လွယ်သေးမယ်မထင်ဘူး... အခုလောလောဆယ် အခန်းတစ်ခုမှာအနားယူလို့ရအောင် စီစဥ်ပေးပါမယ်..."

ဟိုတယ်၏သီးသန့်ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်က VIP ROOMဆီသို့ ထယ်ယောင်းကို ခေါ်ဆောင်လာသည့်သူဌေးဂျွန် ။

အခန်းရှေ့ကိုရောက်သည်အထိ ဆုပ်ကိုင်ထားဆဲလက်​ကြောင့် ထယ်ယောင်းမှာ ယောင်နနနှင့် သူဌေးဂျွန်ကိုကြည့်မိလျှင် သူဌေးဂျွန်သည် ထယ်ယောင်းလက်ကို အလိုက်သင့်ဖြေလျော့ပေးသည် ။

လမ်းတစ်လျှောက်လုံး တိတ်ဆိတ်မှုတို့ကြီးစိုးနေရာမှ ဂျောင်ဂုသည် အခန်းနားကိုရောက်မှ သူ့ဘက်ကနေစပြီး စကားဆိုလိုက်သည် ။

" ကျွန်တော့်ကြောင့် အခက်ကြုံသွားရတဲ့အတွက် အနူးအညွှတ်တောင်းပန်ပါတယ်... ဒေါက်တာကင်မ်.. ဒါပေမယ့်... ကျွန်တော့်ရဲ့ လက်ထပ်ခွင့်တောင်းတာက... စိတ်ရင်းအမှန်ဖြစ်လို့ လက်ခံပေးရင်ကောင်းမှာပဲ..."

" ခ...ခဏ... ကျွန်တော်... ဦးနှောက်လိုက်တွေးလို့ မမီဘူး...."

ထိုလက်ထပ်ခွင့်စကားကို ထပ်မံကြားလိုက်ရသည့်အခါ ထယ်ယောင်းသည် ကပျာကယာတုံ့ပြန်မိလိုက်သည် ။

သူ..သူဌေးဂျွန်က... ထယ်ယောင်းကို... ဘာလို့...။

" ဒေါက်တာ...အခု စိတ်ရှုပ်ထွေးနေလောက်မယ်ဆိုတာကို.. သိပါတယ်... ကျွန်တော့်ဘက်က.. သေချာပြင်ဆင်မှူပြုခဲ့သင့်တာ... ကျွန်တော့်ကိုသေချာစဥ်းစားပေးဖို့ တောင်းဆိုပါတယ်.. အခုတော့ အနားယူလိုက်ပါဦး.."

" မ..မဟုတ်သေးဘူးလေ...."

ပွဲထဲကကိစ္စကြောင့် ဂျောင်ဂု၏ဖုန်းထဲသို့ ဖုန်းခေါ်ဆိုမှုများ ဆက်တိုက်ဝင်လျက်ရှိနေသည်ကြောင့် ဖုန်းမြည်သံမှာ အဆက်မပြတ်ထွက်ပေါ်နေသည် ။

ထယ်ယောင်းသည် ထိုဖုန်းသံကြောင့် စကားတို့ထပ်မထွက်နိုင်တော့ ။
အခုလက်ရှိ သူ့တစ်ကိုယ်လုံးမှာထူပူနေပြီး ဦးနှောက်ကလည်း ကောင်းကောင်းအလုပ်မလုပ်နိုင်သေး ။

သူဌေးဂျွန်က သူ့ကို အခန်းထဲမှာအနားယူရန် တံခါးဖွင့်ပေးလာသည့် အခါ ထယ်ယောင်းမှာ ဝင်လိုက်ရုံသာတတ်နိုင်တော့သည် ။

" ဒေါက်တာကင်မ်ကို စောင့်ရှောက်ဖို့အတွက် ဝန်ထမ်းလွှတ်ပေးလိုက်မှာမို့ သက်သောင့်သက်သာအနားယူပါ..."

" မလိုပါဘူး... ဟို..."

သူဌေးဂျွန်၏ဖုန်းထံကနေ ထပ်မံထွက်ပေါ်လာပါသည့် ဖုန်းခေါ်ဆိုသံ ။

" အလုပ်..များနေပုံပဲ... အရင်ဖြေလိုက်ပါ... သူဌေးဂျွန်..."

ဂျောင်ဂုသည် ဒေါက်တာကင်မ်၏စကားကြောင့် ကုတ်၏အတွင်းအိတ်ထဲကနေ ဖုန်းထုတ်ကြည့်လိုက်သည့်အခါ အဘိုးဆီကနေရော ဆယ်ဟိုဆီကနေရောဖုန်းဝင်ထားကာ ချာအွန်ဝူးထံကနေတော့ ခေါ်ဆိုမှုအများဆုံး ။

" ကျွန်တော် ဖြေရှင်းစရာကိစ္စလေးတွေရှိလို့... ခဏခွင့်ပြုပါ.. ဒေါက်တာကင်မ်... ပြီးရင် ပြန်လာခဲ့မယ်...."

" ဟုတ်....."

အခန်းတံခါးကိုပြန်စေ့ပိတ်ပေးပြီးမှ ထွက်ခွာသွားခဲ့ပါသည့် သူဌေးဂျွန် ။

ထိုအခါမှ ထယ်ယောင်းသည် အခန်းကျယ်ထဲက ဆိုဖာထက်မှာ အရုပ်ကြိုးပြတ်ချမိသွားသည် ။

သူ... အစောပိုင်းက ကြုံလိုက်ရတာတွေက... ဘာတွေလဲ??..

ထယ်ယောင်းအတွက် အရာရာက လက်သင့်ခံရန် ခဲယဥ်းနေခဲ့ကာ ငေါင်စင်းစင်းကြီးထိုင်နေမိသည်မှာ သူ့ထံသို့ ဂျီမင်းက ဖုန်းခေါ်ဆိုမှုမဝင်လာခင်အထိ ။

" ရား!!!.. ကင်မ်ထယ်ယောင်း!!.. ငါ... မြင်လိုက်ရတာက... ဘာလဲ...."

" ဘာကိုလဲ...."

နိုက်ဂျူတီကျသည့်ဂျီမင်းမှာ နားနေခန်းက စားပွဲခုံမှာ ရေနွေးစိမ်ထားသည့် ခေါက်ဆွဲဘူးကို တဖူးဖူးမှုတ်စားကာ ဖုန်းသုံးနေပါစဥ် သူဌေးဂျွန်၏အချစ်ရေးဆိုသည့်စာသားကြီးနှင့် ဗီဒီယိုတွေတောက်လျှောက်တက်လာခဲ့သည်ကြောင့် စပ်စပ်စုစုဝင်ကြည့်လိုက်သည့်အခါ စားလက်စခေါက်ဆွဲမျှင်တွေပင် အပြင်သို့ပြန်ထွက်လာလျက် ချောင်းတဟွတ်ဟွတ်နှင့် သီးသွားခဲ့ရသည် ။

သူဌေးဂျွန်က ထယ်ယောင်းကိုနမ်းပြီး လက်ထပ်ခွင့်တောင်းသည့်ဗီဒီယိုဖိုင်မှာ Hot topic ဖြစ်နေခဲ့ပြီးတော့ သူလည်း အလွန်အမင်းအံ့အားသင့်သွားရင်းမှ သူငယ်ချင်းဖြစ်သူဆီ ဖုန်းချက်ခြင်းခေါ်ဆိုလိုက်မိတာ ။

" မင်း! ဘယ်တုန်းတည်းက သူဌေးဂျွန်နဲ့ ဖြစ်နေခဲ့တာလဲ! ဟမ်!.. ငါက မင်းသူငယ်ချင်း မဟုတ်ဘူးလား... ငါ့ကိုတော့ မင်းနဲ့သူဌေးဂျွန်အကြောင်းပြောထားသင့်တာပေါ့ကွ!.. ငါ့မှာ ဗီဒိုယိုတက်လာမှ မင်းနဲ့သူဌေးဂျွန်အကြောင်းကိုသိရတာတော့ မဟုတ်သေးဘူးလေကွာ..."

" မင်း... ဘာတွေပြောနေတာလဲ... ဂျီမင်း... ဘာဗီဒီယိုလဲ...."

ဂျီမင်းက စက်သေနတ်ပစ်သလို တရစပ်ရန်တွေ့ပြီးမှ သူ့သူငယ်ချင်း၏ ဘာမှမသိသေးသလိုအသံနေအသံထားကြောင့် မျက်လုံး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည် ။

" သူဌေးဂျွန်က.. မင်းကို popoပေးပြီး.. လက်ထပ်ခွင့်တောင်းတဲ့ ဗီဒီယိုဖိုင်လေ...."

" ဘာ!?...."

ထယ်ယောင်းသည် ဂျီမင်း၏စကားကြောင့် ဖုန်းကိုချလိုက်ပြီး လိုင်းတက်လိုက်သည့်အခါ အွန်လိုင်းပေါ်မှာ ပွထနေပြီဖြစ်သော သူနှင့်သူဌေးဂျွန်၏ဗီဒီယိုဖိုင်ကြောင့် လက်ထဲကဖုန်းပင်လွှတ်ချမိမတတ်ဖြစ်သွားခဲ့ရတော့သည် ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

" ဝါး... ဂျွန်ဂျောင်ဂု... ဝါး... ဝါး....."

ချာအွန်ဝူးသည် စကားတို့ပင်ရှေ့မဆက်နိုင်ဘဲ တဝါးဝါးနှင့်အာမေဋိတ်သာပြုနေမိလျှင် ဂျွန်ဂျောင်ဂုက အကြည့်စူးစူးတစ်ချက်ကျွေးလာသည် ။

အခု သူတို့နှစ်ဦးက ဟိုတယ်၏သီးသန့်စားသောက်ခန်းတစ်ခုအတွင်းမှာ အတူတူထိုင်နေကြတာဖြစ်၏ ။

" ဝါး... ဝါး...."

" ငါ ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိသေးတယ်... တဝါးဝါးလုပ်နေမယ်ဆိုရင်.. သွားလိုက်တော့..."

" စိတ်ချည်းပဲ... သူဌေးမင်းရယ်.. ငါက မင်းရဲ့အတွင်းသိအဆင်းသိ သူငယ်ချင်းလေ.. မင်းလိုလူက... ယောက်ျားလေးတစ်ဦးကို လူသိရှင်ကြား လက်ထပ်ခွင့်တောင်းတဲ့အပြင် ဟိုဟာပါလုပ်လိုက်သေးတော့.. ငါက မဝါးဘဲ နေနိုင်ပါ့မလား... ဒါနဲ့ နေပါဦး... မင်းက ဘယ်တုန်းက သူနဲ့ချစ်သူတွေဖြစ်သွားပြီး လက်ထပ်ခွင့်တောင်းတဲ့အထိပါ.. အဆင့်တက်သွားရတာလဲ?.. "

အွန်ဝူး၏အမေးကြောင့် ဂျောင်ဂုသည် မှင်သေသေနှင့်ပင် ဖြေကြားလာသည် ။

" ချစ်သူတွေ... မဟုတ်ဘူး...."

" ဘာ?...."

" ဘာလို့ ငါ့ကို အဲ့လိုကြည့်တာလဲ...."

" မဟုတ်မှ... မင်း... ဒီအတိုင်း အသားလွတ်ကြီး လက်ထပ်ခွင့်ကို တောင်းခဲ့တာတော့မဟုတ်ဘူးမလား...."

သူငယ်ချင်း၏အကြောင်းကိုသိသူပီပီ အွန်ဝူးမှာ ဖြစ်နိုင်ချေကိုအမေးထုတ်မိလိုက်လျှင် မျက်နှာတည်ကြီးနှင့်သူဌေးမင်းမှာ ထိုသို့ပြုလုပ်ခဲ့သည့်ပုံ ။

" ဒါဆို... မင်း.. သူ့ကို ချစ်ရေးဆိုခဲ့လား...."

" မဆိုရသေးဘူး..."

" ရား!.. မင်း အဆွဲထိုးမခံခဲ့ရဘူးလား..."

" ဘာလို့ ငါက အဆွဲထိုးခံရမှာလဲ...."

" ဝါး... မင်း.. ဒီလို ဖြစ်မယ်ဆိုတာ ငါသိတယ်.. စီးပွားရေးပဲအကွက်ကျော်မြင် ထက်မြက်တာကဘာလုပ်ရမှာလဲ..."

အွန်ဝူးသည် စိတ်လေသလိုခေါင်းယမ်းလိုက်သည့်အခါ ဂျောင်ဂု၏နားမလည်သလိုအကြည့်မှာ ကျရောက်လာသည် ။

" ဘာလဲ...."

" မင်းက တစ်ထစ်ချင်းဆီတက်ရမယ့် လှေကားထစ်ကို တစ်ခါတည်း ကျော်ခွတက်လိုက်လို့ပြောတာ.. ဟိုက မိန်းကလေးတစ်ယောက် မဟုတ်ဘူးလေ... ယောက်ျားလေး... မင်းကို ဆွဲမထိုးလိုက်တာပဲ ကျေးဇူးတင်ရမယ်... ဘာမပြောညာမပြောနဲ့... ရား... အရင်ဆုံး ချစ်ရေးတော့ဆိုသင့်တာပေါ့... အရိပ်အမြွတ်လေးတော့ ပြထားရမယ်လေ... "

" ငါ.... ပြပါတယ်...."

" ဟမ်...."

" အရိပ်အမြွတ်ပြထားတယ်...."

ဂျောင်ဂု၏မပွင့်တပွင့်ဖြေသံကြောင့် အွန်ဝူးမှာ ခဏမျှတော့ အံ့အားသင့်သွားရသည် ။

" တကယ်ကြီးလား... မင်းက...."

" အင်း...."

" မင်းက အဲ့ဒီ့တစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တည်းက အဲ့တစ်ယောက်က မင်းအတွက် တစ်ခုခုဆိုတာကိုသိပြီးသားပါ.. ငါသိတဲ့ ဂျွန်ဂျောင်ဂုဆိုတာက... တခြားအကြောင်းအရာနဲ့တော့ အဲ့လိုလုပ်မှာမဟုတ်တဲ့သူလေ..."

" နောက်မှ စကားပြောမယ်... ငါ အဘိုးကိုလည်းဖြေရှင်းရဦးမယ်.. ပြီးတော့ ဒေါက်တာကင်မ်ကို... တစ်ယောက်တည်း ထားခဲ့မိတာ... ပြန်သွားရမယ်..."

" Ok.. Ok... good luck... တစ်ခုခုဆို ငါ့ကို အချိန်မရွေးခေါ်လိုက်...."

" အင်း... သွားပြီ...."

နှစ်ပတ်လည်ပွဲက ဘယ်သို့ဘယ်ပုံပြီးခဲ့သည်တော့မသိ ။
အဘိုးကလည်း သတင်းသမားများကြောင့် ပွဲအတွင်းကနေထွက်ခွာပြီး အိမ်ကိုအစောကြီးပြန်သွားရကြောင်း ဆယ်ဟိုက အကြောင်းကြားလာကာ ပွဲအခြေအနေကိုလည်း ဆယ်ဟိုကပင်ထိန်းပေးထားရသည် ။

အခုလို ပွဲဆူနေချိန်၌ ဂျောင်ဂုသာလူလုံးထွက်ပြလျှင် အခြေအနေကပိုထိန်းရခက်မည်ဖြစ်၍ ဂျောင်ဂုသည် ပွဲအတွင်းပြန်မသွားတော့ဘဲ ဒေါက်တာကင်မ်ရှိသည့်အခန်းကိုသာ ပြန်ဦးတည်လာခဲ့သည် ။

" ဒေါက်... ဒေါက်...."

" ကျွန်တော်ပါ... ဒေါက်တာကင်မ်... ဝင်လာခဲ့မယ်နော်...."

လော့ခ်ချထားခြင်းမရှိသည့်အခန်းတံခါးကို ဖွင့်ဝင်လိုက်သည့်အခါ ဧည့်ခန်းတွင်းက ဆိုဖာထက် ငူငူငိုင်ငိုင်နှင့် ထိုင်နေသောဒေါက်တာကင်မ်ကိုတွေ့လိုက်ရ၍ ဂျောင်ဂုမှာ စိုးရိမ်သွားရကာ ခြေတံရှည်ရှည်က ဒေါက်တာကင်မ်ထံပါး လှပ်ခနဲ ။

" ဘာဖြစ်လို့လဲ... ဒေါက်တာကင်မ်...."

ထယ်ယောင်းသည် သူဌေးဂျွန်အခန်းထဲဝင်လာသည်ကိုပင် သတိမမူနိုင်ဘဲ သူ့အနားသို့ရောက်လာမှ အသိစိတ်ပြန်ကပ်လျက် မော်ကြည့်မိသည် ။

" ကျွန်တော့်ကို.. ဘာလို့ ဒီလို လုပ်ခဲ့တာလဲ... သူဌေးဂျွန်..."

နားမလည်နိုင်စွာ အမေးထုတ်လာခဲ့ပါသည့်ဒေါက်တာကင်မ်ကြောင့် ဂျောင်ဂုသည် ဒေါက်တာကင်မ်၏မျက်ဝန်းတည့်တည့်ကို စိုက်ကြည့်ရင်း အဖြေတစ်ခုပေးလိုက်သည် ။

" သဘောကျလို့.... သဘောကျလို့ပါ... ဒေါက်တာကင်မ်..."
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

Continue Reading

You'll Also Like

510 79 20
Taekook / Vkook Top Tae Bottom Kook
351K 31.2K 32
~I Like Strawberry & You Like Coffee But I Want Our Lovestory Like a Sweet Strawberry~ Top-Kim Taehyung{Mg} Bottom-Jeon Jungkook{Jeon} Top-Min Yoongi...
41.3K 2.9K 72
α€–α€α€Ία€€α€Όα€Šα€·α€Ία€”α€±α€¬α€ΊπŸ˜‰πŸ˜‰
106K 18.3K 58
❝ ﹏ ΰΆΈΰΆ§ ࢸේ࢚ ΰΆšΰ·’ΰΆΊΰΆ±ΰ·ŠΰΆ±ΰΆšΰ· ΰΆ…ΰΆœΰ·Šβ€ΰΆ»..ΰΆΆΰ·’ΰΆΊΰ·”ΰΆ§ΰ·’ ΰΆ‡ΰΆ±ΰ·ŠΰΆ©ΰ·Š ΰΆ― ΰΆΆΰ·“ΰ·ƒΰ·ŠΰΆ§ΰ·Š ΰΆ‘ΰΆšΰ·š ΰΆšΰ·”ΰΆΈΰ·ΰΆ»ΰΆΊΰ· ශාࢴࢺ්࢚ ࢱිසා ΰΆ‘ΰΆ ΰ·ŠΰΆ ΰΆ» ࢚ැࢭ ΰΆ»ΰ·ΰΆšΰ·Šβ€ΰ·‚ΰΆΊΰ·™ΰΆšΰ·Š ΰ·€ΰ·”ΰΆ±ΰ·š ࢱැࢭ්ࢭࢸ් ΰΆΆΰ·™ΰΆ½ΰ·Š ΰ·€ΰΆœΰ·š ΰΆ―ΰ·”ΰΆ΄ΰ·ŠΰΆ΄ΰΆ­ΰ·Š ΰΆšΰ·™ΰΆ½ΰ·ŠΰΆ½ΰ·™ΰΆšΰ·Š ࢯිහා ΰΆ…ΰΆ©ΰ·”ΰΆΈ ΰΆ­ΰΆ»ΰΆΈΰ·™ ΰΆΆ...