𝖯𝖺𝗋𝗍 (22)

14.9K 2K 136
                                    

𝖹𝖺𝗐𝗀𝗒𝗂

သူဌေးဂျွန်၏အဖြေကြောင့် ဆွံ့အမှင်သက်သွားရပါသည့်ထယ်ယောင်း ။

'သဘောကျလို့..'ဟူသည် ဝန်ခံစကားသည် ရိုးရှင်းသော်လည်း ထယ်ယောင်းအတွက် ကမ္ဘာမြေပြင်ထက် ငလျှင်လှုပ်ခတ်သွားသလိုမျိုးပင် ။
ထယ်ယောင်း၏မျက်ဝန်းထဲကို စိုက်ကြည့်နေပါသည့် သူဌေးဂျွန်၏မျက်ဝန်းနက်နက်တွေအောက် ခန္ဓာကိုယ်တစ်ခုလုံးက ခွန်အားဆုတ်ယုတ်သွားခဲ့ရသည် ။

" ကျွန်တော်.. ဒေါက်တာကင်မ်ကို သဘောကျပါတယ်... လက်ထပ်ချင်ပါတယ်... အဲ့ဒါကြောင့် ကျွန်တော့်ကို လက်ခံပေးရင်ကောင်းမှာပဲ..."

မည်သည့်တုံ့ပြန်စကားမျှ မထွက်ကျလာနိုင်သည့်ထယ်ယောင်းသည် အာစေးမိနေသူလိုမျိုး ။
သူဌေးဂျွန်က သူ့ကိုသဘောကျလိမ့်မည်ဟု ယောင်ယမ်း၍မျှပင်အတွေးမဝင်ခဲ့ဖူးချေ ။
ဒီလိုကိစ္စမျိုးက အတွေးဝင်သင့်တဲ့ကိစ္စမျိုးလည်း ဟုတ်မှမဟုတ်တာ ။

" ဒေါက်တာ့အတွက် စဉ်းစားချိန်လိုအပ်မယ်ဆိုတာ ကျွန်တော် သိပါတယ်... အနေခက်အောင်လည်း ထပ်မလုပ်ချင်တော့လို့... စကားကိုခဏရပ်ပေးပါ့မယ်...."

ရုတ်တရက်ဆန်ဆန် ဖွင့်ဟခံရသည့်အခြေအနေကို ထယ်ယောင်းမှာ ဖြေရှင်းစရာနည်းလမ်းမရှိ၍ တောင့်တောင့်ကြီးနှင့် နှုတ်ပိတ်ရင်းသာ နေမိသည် ။
သူ့၏နားရွက်ဖျားနှင့် ပါးပြင်မို့မို့တို့က နီစွေးပူထူနေလျက် ခြေဖျားလက်ဖျားတို့ကတော့ ဆန့်ကျင်လှစွာအေးစက်နေ၏ ။

" ဒီညကတော့... ဒေါက်တာကင်မ်... ပြန်လို့မဖြစ်ဘူး... ဟိုတယ်အရှေ့မှာ သတင်းသမားတွေက စောင့်နေကြတုန်းပဲ.... ညစာကို ခဏနေအခန်းထဲလာပို့ခိုင်းထားပါတယ်..."

" သ...သတင်းတွေ တက်လာတာကို တွေ့လိုက်တယ်... ဗီဒီယိုကိစ္စ... ဘယ်လိုဖြေရှင်းမှာလဲ..."

ထယ်ယောင်း၏အမေးကြောင့် သူဌေးဂျွန်က ထယ်ယောင်းနှင့်အနည်းငယ်အလှမ်းခွာ၍ ဆိုဖာထက်မှာ ထိုင်ချလာသည် ။

" ဒေါက်တာကင်မ် အနေရခက်တယ်ဆိုရင်တော့... ဗီဒီယိုဖိုင်ကို ပြန်ဖြုတ်ချခိုင်းလို့ရပါတယ်... ဖြေရှင်းတာကတော့... မလိုအပ်ဘူးထင်တာပဲ... ဒါက ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ပြီး ကျွန်တော့်ရဲ့ဝန်ခံမှုပဲလေ...."

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now