𝖯𝖺𝗋𝗍 (38)

13.8K 1.9K 102
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းသည် မိမိတာဝန်ယူရသည့် ခွဲစိတ်မှုတစ်ခုပြီးဆုံးသည်နှင့် ခွဲစိတ်ခန်းထဲကနေထွက်လာခဲ့ကာ ခွဲစိတ်ခန်းဝင်ထားသည့်လက်အိတ်အဖြူကိုချွတ်၍ စနစ်တကျ အမှိုက်ပုံးထဲတွင် စွန့်ပစ်လိုက်သည် ။

ပြီးလျှင် သန့်စင်ခန်းထဲမှာ လက်ဆေးသန့်စင်လျက် ဂျူတီကုတ်ကို ပြန်ဝတ်ကာ ခွဲစိတ်ခန်းဝင်စဉ်တုန်းက ချွတ်ထားခဲ့ရသော ရွှေရောင်မောင်းကွင်းလက်စွပ်လေးကို မိမိ၏လက်သူကြွယ်ထက် ပြန်လည်ဆင်မြန်းရင်း အပြုံးရေးရေးဖြစ်တည်သွားရသည် ။

" အော?... အဲ့ဒီ့လက်စွပ်က ဘာကြီးလဲ... အရင်ကမတွေ့ဖူးပါဘူး..."

အရေးပေါ်ဌာန၏ကောင်တာမှာ ထယ်ယောင်း ခွဲစိတ်မှုမှတ်တမ်းကို စစ်ဆေးမှုပြုနေစဉ် ပတ်ခ်ဂျီမင်းသည် ထယ်ယောင်း၏အနားသို့ဆွေ့ခနဲရောက်လာရင်း ထယ်ယောင်း၏ညာလက်သူကြွယ်မှ အရောင်တလဲ့လဲ့ လက်စွပ်လေးကြောင့် မျက်ဝန်းတို့ကိုမှေးစင်းပြီး တရားခံစစ်သလိုကြည့်လာလျှင် ထယ်ယောင်းသည်ရှက်ဝဲဝဲဟန်နှင့် လည်ဂုတ်ကို ပွတ်သပ်လိုက်မိသည် ။

သူဌေးဂျွန်၏လက်ထပ်ခွင့်အား သူ လက်ခံလိုက်သည်ကို ဆေးရုံကမည်သူမျှမသိသေးပေ ။
သူကိုယ်တိုင် အဲ့လိုကိစ္စကို လိုက်လံကြေညာပြောဆိုရအောင်လည်းမဟုတ်၍ နှုတ်ဆိတ်နေမိခဲ့တာ ။

" မဟုတ်မှ... မင်း... "

" အော... "

ပတ်ခ်ဂျီမင်းမေးချင်သည်ကို ထယ်ယောင်းမှာသိနေ၍ ရှက်ရှက်နှင့်ပင် အဖြေပေးလိုက်သည့်အခါ ပတ်ခ်ဂျီမင်းက အလွန်တရာအံ့အားသင့်သွားဟန်ဖမ်းလျက် ပွင့်ဟသွားသော သူ့နှုတ်ခမ်းထူထူလေးတွေကိုပင် လက်ဖဝါးလေးနှင့်ဖိပိတ်လိုက်သေးသည် ။

" ဝါး!... တကယ်ကြီး... "

" အော..."

" ဝါး!!... ဂုဏ်ယူပါတယ်.. ကင်မ်ထယ်ယောင်း..."

" ရား.. တိုးတိုး..."

" ဒါက သူများတွေသိမှာ ရှက်စရာကိစ္စမှမဟုတ်တာ... ငါတကယ် မင်းအတွက် ဂုဏ်ယူတယ်.. ထယ်ထယ်.. အား.. ငါ့ရဲ့ထယ်ထယ်လေး နောက်ဆုံးတော့...."

ဂျီမင်းသည် ထယ်ယောင်းကို ပွေ့ဖက်ပြီးတော့ပင် စိတ်ရင်းအမှန်နှင့်ပျော်မြူးနေလျှင် ထယ်ယောင်းမှာ ရယ်မိရသေးသည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now