𝖯𝖺𝗋𝗍 (40)

15.1K 1.9K 321
                                    

𝖹𝖺𝗐𝗀𝗒𝗂

မဂ်လာသတိုးသားဝတ်စုံဝတ်ဆင်ထားသည့် ထယ်ယောင်းကို အချိန်အတန်ကြာသည်အထိ မှင်သက်ငေးမောနေပါသော သူဌေးဂျွန်ကြောင့် ထယ်ယောင်းသည် ရှက်ရွံ့ကြည်နူးမှုနှင့်အတူ မနေတတ်မထိုင်တတ်လည်းဖြစ်ရသည် ။

ဒေါက်တာကင်မ်အပေါ် ကျဆုံးနေသည့်သူဌေးဂျွန်၏အမူအရာမှာ ဘေးလူပင်အတိုင်းသားမြင်နေရကာ မဖုံးနိုင်မဖိနိုင်မို့ ဒီဇိုင်နာ မင်အဲနာနှင့်ဆိုင်ဝန်ထမ်းလေးများပင် ပြုံးတုံ့တုံ့နှင့် ။

" ဒေါက်တာကင်မ်ကရော.. ဝတ်စုံဝတ်ရတာ အဆင်ပြေရဲ့လား..."

" ဟုတ်... အဆင်ပြေပါတယ်...."

" ဒါဆို... သေချာစစ်ဆေးလိုက်ကြပါဦး... တစ်ခုခုပြင်စရာလိုတာတွေရှိရင်.. ကျွန်မကိုပြောပေးနော်..."

မင်အဲနာက သတိုးသားလောင်းနှစ်ဦးအတွက် သီးသန့်အချိန်ကုန်ဆုံးစေနိုင်ရန် အလိုက်တသိပင် သူမ၏ဝန်ထမ်းများကိုမျက်ရိပ်ပြ၍ အဝတ်လဲခန်းအတွင်းကနေ ရှောင်ထွက်ပေးသွားကြသည် ။

ထိုအချိန်ထိ ထယ်ယောင်းကို ငေးစိုက်ကြည့်နေဆဲဖြစ်ပါသော သူဌေးဂျွန်ကြောင့် ထယ်ယောင်းမှာ ပါးမို့မို့နှစ်ဖက်က နီစွေးနေပြီ ။

" အဟမ်း... ဟို... အ..အဆင်ပြေတယ်နော်.. ဝတ်စုံက နေရမခက်ဘူး..."

ဒေါက်တာကင်မ်ဆီထံမှ အရှက်ပြေစကားသံက သြရှရှ ။

ဂျောင်ဂုသည် ထိုအခါမှ အသိပြန်ဝင်လာကာ ဒေါက်တာကင်မ်ထံ ခြေတံရှည်ရှည်တို့နှင့်လှမ်းလိုက်သည် ။
ခြေလမ်းခပ်ကြဲကြဲကြောင့် ဒေါက်တာကင်မ်အရှေ့နီးကပ်သွားရကာ သူ့ကိုတအံ့တသြလေးကြည့်လာပါသည့် ဒေါက်တာကင်မ်၏မျက်နှာလှလှလေးကို လက်နှစ်ဖက်လုံးနှင့်အသာဆွဲယူမိသည် ။

ပြင်းပြသည့်စိတ်ဆန္ဒကို သူဟာ မလုပ်ဆောင်ခင်မှာတော့ ထုံးစံမပျက်စေရဘဲ ခွင့်တောင်းခံလိုက်၏ ။

" နမ်းချင်တယ်.. ဒေါက်တာကင်မ်...."

သူဌေးဂျွန်က ထယ်ယောင်း၏နှုတ်ခမ်းသားထံ ငုံ့ဆင်းလာသည့်အခါ ထယ်ယောင်းသည်အလိုအလျောက်ပင် ဦးခေါင်းလေးကမော့သွားရကာ သူဌေးဂျွန်၏အနမ်းကိုတုံ့ပြန်လိုက်သည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Där berättelser lever. Upptäck nu