𝖯𝖺𝗋𝗍 (45)

16.2K 1.9K 267
                                    

𝖹𝖺𝗐𝗀𝗒𝗂

မနက်ခင်း နေရောင်ခြည်အလင်းတန်းသည် မှန်တံခါး၌ကာရံထားသော နီညိုရောင်လိုက်ကာစနောက်ဆီမှနေ တစ်စွန်းတစ်စဖြာကျနေသည် ။

ညတုန်းက သောက်မယ်ဆိုပြီး သွားယူခဲ့သည့်ဝိုင်ပုလင်းလေးဟာလည်း ထိတောင်မထိလိုက်ရဘဲ စားပွဲထက်၌ မနေ့တုန်းက တင်ဆောင်ထားသည့်အတိုင်း ။

အဖြူရောင်စောင်ပုံထဲ၌ လုံးထွေးလျက်ရှိသည့် ဒေါက်တာကင်မ်၏ခန္ဓာကိုယ်သည် လစ်ဟလျက်ရှိသောပခုံးသားဝင်းမွတ်မွတ်နှင့်အတူ ဆံနွယ်ကောက်ကောက်လေးက ရှုပ်ပွလျက်ရှိနေကာ မျက်နှာလှလှလေးကတော့ အိပ်စက်ခြင်းထဲ ပျော်ဝင်နေဆဲ ။

ဒေါက်တာကင်မ်၏ဘေးမှာတော့ သူဌေးဂျွန်သည် ခန္ဓာကိုယ်ကိုတစ်ခြမ်းစောင်းအနေအထားဖြင့် လက်ထောက်ပြီးခေါင်းလေးတင်ထားကာ သူ့၏အသစ်စက်စက်အမျိုးသားလေးအား တစိုက်မတ်မတ်ငေးကြည့်လျက်ရှိသည် ။

အတန်ကြာမှ သူ့၏အမျိုးသားလေးမှာ လေးပင်လှသည့်မျက်ခွံတို့ကိုပွင့်ဟလာလျက် လှပသည့်မျက်ဝန်းလေးထင်ဟပ်လာသည့်အခါ သူသည် နှစ်ခြိုက်လှသည့်အပြုံးလေးနှင့် ကြိုဆိုမှုပြုလိုက်သည် ။

" မောနင်း... ထယ်..."

ထယ်ယောင်းသည် အိပ်ရာကနိုးထ၍ မျက်လုံးဖွင့်လျှင်ဖွင့်ခြင်း သူဌေးဂျွန်၏မျက်နှာချောချောက ကြိုဆိုနေ၍ ရှက်ရိပ်သန်းသွားရသော်လည်း ကြည်နူးနှစ်သက်သည့်အပြုံးလှလှလေးနှင့်ပင် တုံ့ပြန်လိုက်သည် ။

" မောနင်း... ကို...."

ရေချိုးပြီးသွားသော သူဌေးဂျွန်က bathrobeကိုသာဝတ်ဆင်ထားလျက် နဖူးစထက်ကဆံနွယ်လေးတွေက ခပ်ဝဲဝဲကျနေကာ ရေစတို့ကသိပ်မခြောက်သွေ့သေးချင် ။

" ခေါင်းကိုပြောင်အောင်မသုတ်ဘူးလား...."

" မသုတ်အားသေးဘူးလေ... "

" ဘာလို့လဲ..."

" ထယ့်အနားကနေ မခွာနိုင်သေးလို့..."

စောစောစီးစီး ထယ်ယောင်းကိုကျီစယ်လာပါသည့်အမျိုးသားကြောင့် ထယ်ယောင်းသည် မျက်ဝန်းများမှေးမှိတ်သည်အထိ သဘောတကျရယ်မိသည် ။
နောက်မှ သူ့ခန္ဓာကိုယ်ထက်ဝယ် မည်သည့်အဝတ်အစားမျှမကပ်သေးသည်ကို သတိမူမိလိုက်သည့်အခါ မျက်နှာလေးကရဲခနဲ ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now