𝖯𝖺𝗋𝗍 (46)

15.8K 1.8K 155
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းသည် သူ့အား ချစ်စဖွယ်ပြုံးပြလျက် မော်ကြည့်နေသောဟွန်းလေးကြောင့် မှင်သက်၍သာကြည့်နေမိစဉ် သူဌေးဂျွန်ဆီထံမှနေ စိတ်လှုပ်ရှားသည့်အသံထွက်ပေါ်လာမှ အသိပြန်ကပ်သည် ။

" ဟွန်းလေး... အခု.. စကားပြောလိုက်တာလား.. Daddyကိုကြည့်ပါဦး.. ဟွန်းလေး... "

ဂျောင်ဂုသည် သူ့၏သားဖြစ်သူကို အလျှင်စလိုဟန်နှင့် ကောက်ယူပွေ့ချီပြီး မျက်နှာချင်းဆိုင်ကြည့်လိုက်သည့်အခါ ဟွန်းလေးသည် သူ့အဖေကို ချစ်စဖွယ်အပြုံးနှင့် အသံထပ်ပြုလာသည် ။

" Daddy..."

" တ..တကယ်ပဲ...."

သူဌေးဂျွန်က သူ့၏သားဖြစ်သူထံမှ ခေါ်သံပြုလာသော နာမ်စားကြောင့် မျက်ရည်စဝေ့သည်အထိ စိတ်လှုပ်ရှားပျော်ရွှင်သွားရသည် ။

သူ့၏လက်ထဲမှာပင် ကြီးပြင်းလာခဲ့သော ဟွန်းလေးက အသက်သုံးနှစ်ကျော် အခုဆိုလျှင်လေးနှစ်ပြည့်မြောက်ခါနီးသည့်တိုင် စကားတစ်ခွန်း မဆိုခဲ့သည်ကြောင့် စိုးရိမ်ပူပန်စိတ်ကိန်းအောင်းနေခဲ့ရသည် ။
သူ့၏စောင့်ရှောက်မှုက လိုအပ်သွား၍များ ဟွန်းလေးက စကားမပြောတာလား စသဖြင့် ထုတ်ဖော်မပြခဲ့သော အတွေးပေါင်းများစွာနှင့် ။

" အာ... Daddyရဲ့ဟွန်းလေးက.. စကားပြောခဲ့ပြီပဲ.. Daddy ပျော်လိုက်တာ..."

မျက်ရည်စတစ်ချို့နှင့် ရယ်မောမိသည့် သူဌေးဂျွန်က သူ့၏သားကိုလည်း တဖွဖွထွေးပွေ့နေသေးလျှင် ထိုမြင်ကွင်းကိုကြည့်နေသည့်ထယ်ယောင်းမှာလည်း မျက်ရည်စတို့ဝဲတက်လျက် အမျိုးသားနှင့်သားဖြစ်သူအား အပေါ်ကနေအုပ်မိုးဖက်တွယ်လျက် ပြုံးမိသည်မှာ ကြည်ကြည်နူးနူး ။

" ဒီအကြောင်းကို အဘိုးကိုလည်း ပြောရမယ်... အဘိုးကလည်း ဟွန်းလေးစကားပြောဖို့ကို ဘယ်လောက်တောင်မှ မျှော်လင့်နေလိုက်သလဲ..."

" အင်း... အခုပဲ သွားပြောရအောင်... ကို..."

သူဌေးဂျွန်နှင့်ဒေါက်တာကင်မ်တို့မောင်နှံသည် ဟွန်းလေးကိုပွေ့ချီလျက် အောက်ထပ်သို့ဒုန်းဆိုင်းဆင်းလာကြကာ သတင်းကောင်းကို ဉက္ကဌကြီးထံပါးလိုက်သည့်အခါ ဉက္ကဌကြီးမှာလည်း တအံ့တသြဖြင့်စိတ်လှုပ်ရှားသွားရသည် ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Donde viven las historias. Descúbrelo ahora