𝖯𝖺𝗋𝗍 (36)

14.5K 1.8K 179
                                    

𝖹𝖺𝗐𝗀𝗒𝗂

ထယ်ယောင်းက ဘဝမှာ တစ်စုံတစ်ယောက်နဲ့လက်ထပ်ပြီး မိသားစုဘဝကို တည်ဆောက်မယ်ဆိုတဲ့အတွေးကို လုံးဝမတွေးခဲ့ဖူးဘူး ။

သူ့ဘဝရဲ့အခြေအနေအရကြောင့်လည်း အဲ့လိုကိစ္စတွေက သူနဲ့မသက်ဆိုင်သလို ဖြစ်လာမှာမဟုတ်လောက်ဘူးလို့လည်း တွေးထင်ခဲ့ဖူးတယ် ။

အခုတော့ဖြင့် ထယ်ယောင်းကို သူဌေးဂျွန်က အခေါက်အခါမနည်းတဲ့လက်ထပ်ခွင့်အား တောင်းဆိုလာခဲ့ပြန်ပြီ ။

ထယ်ယောင်းသည် သူ့၏အရှေ့၌ ဒူးတစ်ဖက်ထောက်ကာ လက်စွပ်ဘူးကိုဖွင့်ဟထားလျက်အနေအထားဖြင့် လက်ထပ်ခွင့်တောင်းခံနေသော သူဌေးဂျွန်ကို ငေးစိုက်ကြည့်ရင်းမှ သူ့၏လက်အစုံဟာ တင်းတင်းကြပ်ကြပ်ဆုပ်မိသွားရသည် ။

ဘယ်အရာကိုမှ ခေါင်းထဲမထည့်ဘဲ သူဌေးဂျွန်တစ်ယောက်ကိုပဲကြည့်ပြီး သူ လောဘတက်ကြည့်လို့ရတယ်မလား?..
သူ့ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးအဖြစ် သဘောကျချစ်ခင်နှစ်သက်တဲ့သူနဲ့ တစ်သက်လုံး အတူတူကုန်ဆုံးသွားလို့ရတယ်မလား?..

ထယ်ယောင်းကို မျှော်လင့်ချက်သန်းနေသည့် မျက်ဝန်းများနှင့်စိုက်ကြည့်နေပါသောသူဌေးဂျွန်ကြောင့် နှလုံးသားလေးက ပို၍လှိုက်ဖိုလာသည် ။

" ကျွန်တော်... လက်မခံရင်.. သူဌေးဂျွန်.. ဘယ်လိုဆက်လုပ်မလဲ..."

အရောင်မှိန်ကျသွားခဲ့ပါသည့် သူဌေးဂျွန်၏ မျက်ဝန်းဝိုင်းဝိုင်း ။

ဒီတစ်ကြိမ်ကိုလည်း ဒေါက်တာကင်မ်က ဂျောင်ဂုရဲ့လက်ထပ်ခွင့်ကို လက်သင့်မခံလိုသေးကြောင်း ထင်မှတ်မိသွားလျှင် ဂျောင်ဂုသည် ဒေါက်တာကင်မ်၏အမေးကို အပြုံးရေးရေးလေးနှင့်သာတုံ့ပြန်မှုပြုလိုက်သည် ။

" ဒေါက်တာကင်မ် လက်ခံတဲ့အထိ... နောက်တစ်ခေါက်... နောက်ထပ်တစ်ခေါက်... ကျွန်တော့်ကိုလက်မခံမခြင်း မရေမတွက်နိုင်အောင် လက်ထပ်ခွင့်တောင်းခံသွားမယ်..."

သူဌေးဂျွန်၏အဖြေက ထယ်ယောင်း၏နှလုံးသားကို သိမ့်ခနဲလှုပ်ခတ်စေပြီး နှုတ်ခမ်းသားလေးက ကြည်နူးနှစ်သက်သည့်အပြုံးလှလှလေး ဖြစ်တည်သွားစေသည်အထိ ။

𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇 (𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾)Where stories live. Discover now