'အင်း....ဟင်း...'
'အဝေး...အဝေး..သတိရလာပြီလား..?'
အသံလာရာကိုကြည့်မိတော့ကျွန်တော့်လက်ကိုဆွဲကိုင်ကာကျွန်တော့်ကိုငေးကြည့်နေတဲ့မျက်လုံးတစုံ....
'ဖယ်...ခင်ဗျားကျုပ်လက်ကိုလွှတ်..'
သူ့လက်ထဲရောက်နေတဲ့ကျွန်တော့်လက်ကိုရုန်းတော့အသားထဲကနာတာများဆစ်ခနဲပင်...
'အ့....'
'အော်..ကြည့်...ခုတော့နာပြီမဟုတ်လား...?လက်မှာဆေးသွင်းထားတော့အပ်စိုက်ထားတယ်လေ....အဝေးကခုလိုရုန်းတော့နာသွားတာပေါ့....ဖူး...မောင်မှုတ်ပေးမယ်နော်....ဖူး..ဖူး..'
ပြောပြောဆိုဆိုနဲ့သူကကျွန်တော်ရုန်းလိုက်လို့သွေးနည်းနည်းစို့သွားတဲ့ကျွန်တော့်လက်ကိုတစ်သျှူးလေးနဲ့ခပ်ဖွဖွသုတ်လိုက်....လေနဲ့မှုတ်ပေးလိုက်နဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေတော့သည်....
သံယောဇဉ်ဆိုတာကဖြတ်ရခက်တယ်ဗျ...
အစကတည်းကကိုယ့်အတွက်နာကြင်ရမဲ့ကြိုးတချောင်းသာဖြစ်မယ်ဆိုရင်ဘာမှမစဉ်းစားဘဲဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးစွန့်လွှတ်ပစ်သင့်ရင်စွန့်လွှတ်တတ်ရတယ်...
မဟုတ်ရင်နောက်ဆုံးကြကိုယ်ဘဲရင်ကွဲရမှာမဟုတ်လား....
'ဟင့်...'
'အဝေး....ဘာလို့ငိုနေတာလဲ...?မငိုပါနဲ့...'
'ထွက်သွားပေး....'
'ဟင်...'
'ကျုပ်တစ်ယောက်တည်းနေချင်တာမို့..ခဏလောက်လေးဘဲဖြစ်ဖြစ်ထွက်သွားပေးနိုင်မလား..?'
'ဒါပေမဲ့....'
'အဝေး...တောင်းဆိုတာပါ...မောင်...အဝေးတစ်ယောက်တည်းနေချင်လို့..ခဏလေးပါဘဲ..ခဏလေးပါ..'
မျက်ရည်တွေဝိုင်းကာပြောလာတဲ့သူ့ကိုကျွန်တော်ဘယ်လိုမှလျစ်လျူမရှုနိုင်တာကြောင့်သူ့သဘောဆန္ဒအတိုင်းသူ့အနားကနေခဏလောက်ထွက်လာလိုက်သည်...
အခန်းတံခါးပိတ်ပြီးအပြင်ရောက်တော့အခန်းထဲကနေအဝေးရဲ့ရှိုက်ကြီးတငင်ငိုကြွေးသံကိုကြားလိုက်ရသည်...
ကျွန်တော်လဲအဝေးတံခါးကိုမှီကာအဝေးနည်းတူမျက်ရည်ကျမိသည်.....
'တောင်းပန်ပါတယ်အဝေး....မောင်အဝေးကိုချစ်ဖို့ကြိုးစားကြည့်ပေမဲ့မောင့်နှလုံးသားထဲမှာဆူးကဟိုးနေရာအတွင်းဖက်အထိနေရာယူထားလို့....မောင်...မောင်တောင်းပန်ပါတယ်ကွာ.......အင့်...'
အခန်းထဲကကောင်လေးဟာလဲစားပွဲပေါ်ကသူနဲ့မောင်တို့ရဲ့ရှားရှားပါးပါးတပုံတည်းသာရိုက်ဖူးတဲ့ပုံလေးကိုရင်ဝယ်ပိုက်ရင်းတစ်ယောက်တည်းစကားဆိုပြန်တော့သည်...
မချစ်မှန်းလဲသိပါတယ်မောင်....
အဝေးကိုအရိပ်တကြည့်ကြည့်နဲ့အထိခိုက်မခံတာလဲသိပါတယ်မောင်...
မောင့်ရင်ထဲမှာအဝေးအတွက်နေရာမရှိဘူးဆိုတာသိနေတာတောင်ဘာလို့အဝေးမိုက်ရူးရဲဆန်ဆန်မောင့်စီကရလာမဲ့အချစ်တွေကိုအရူးတစ်ယောက်လိုမျှော်လင့်တောင့်တနေရတာလဲ....
တကယ်ပါမောင်ရယ်...မချစ်ရင်လဲနေပါ..ဒါပေမဲ့သစ္စာတော့မဖောက်ပါနဲ့လား....?အဝေး....ဒီရင်ထဲကနေမခံစားနိုင်လို့ပါ.........
အဝေးအနာဂတ်ကိုမတွေးရဲဘူးမောင်.....
ခုအဝေးဗိုက်ထဲကမောင့်သွေးသားလေးလူ့လောကထဲရောက်လာတဲ့အခါကြအဝေးအပေါ်မောင်ခုလိုတွေဆက်လုပ်နေဦးမယ်ဆိုရင်အဝေး...အဝေးလုပ်ချင်တာတစ်ခုဘဲရှိတယ်မောင်...
ဟင့်...အဲ့တာကအဝေးဗိုက်ထဲက ကလေးလေးနဲ့အဝေး...ဒီလောက...မောင့်ဘေးကနေ....မောင်ရှာလို့မရနိုင်တဲ့ဟိုးလောကတဆုံးကိုထွက်သွားလိုက်ချင်တာ...
ပြောလို့မရဘူးလေ...သေခြင်းတရားကအဝေးတို့သားအဖပေါ်မှာတော့ပျော်ရွှင်မှုသုခဘုံလေးကိုယူဆောင်လာနိုင်တာဘဲမဟုတ်လား....?
------------------------------------------
၃လ.....
အဝေးဗိုက်ထဲကမောင့်သွေးသားလေးသုံးလတောင်ရောက်လာပြီ.....
အနည်းငယ်စူထွက်လာတဲ့ဗိုက်ကလေးကိုကြည့်တိုင်းပေါက်ထွက်သွားရင်ရောဆိုပြီးတွေးကာအဝေးကြောက်မိပေမဲ့မောင်ကတော့အသဲယားစွာလာလာတို့ကြည့်တတ်သည်......
အရင်ကထက်အဝေးအပေါ်ကိုနည်းနည်းလေးဂရုစိုက်လာပြီးတဆက်တည်းမောင်နဲ့သူမနဲ့အဆက်အသွယ်လဲပျက်သွားခဲ့ကြသည်...
မနက်ဆိုမောင်ရုံးသွားဖို့ပြင်ဆင်ပေးပြီးမောင်ရုံးသွားတဲ့အချိန်ဆိုအိမ်မှာမိပုနဲ့တစ်ယောက်တည်းရယ်.......
၄လကျော်ဗိုက်ပေမဲ့အဝေးဗိုက်ကတော့သူများနဲ့မတူစွာသာမာန်လူတွေထက်နှစ်ဆပိုပူသည်.....
မောင်ကစိတ်ပူပူနဲ့ဆေးခန်းပြပေးတော့ဆရာမလေးကအမွှာဖြစ်လောက်တယ်လို့ပြောတုန်းကဆိုအဝေးမှာတွေးရင်းပျော်မိပြန်သည်...
ဘာရယ်မဟုတ်မောင်အရမ်းလိုချင်တဲ့သမီးလေးတစ်ယောက်..သားလေးတစ်ယောက်မွေးပေးချင်မိသည်......
'အဝေး...ဟဲလို.....'
'အော်..အင်း...ပြောလေမောင်.....'
'ဘာတွေတွေးနေလို့မောင့်ကိုပြန်မဖြေရတာလဲအဝေးလေး...'
'ဘာရယ်မဟုတ်ပါဘူး..မောင်...ဒီတိုင်း....'
'ကဲ..ထားပါ...အဝေး...မောင်ခုပြန်လာနေပြီ...အဝေးအဆင်သင့်ဖြစ်ပြီလား...?'
'ဟင့်အင်း...မဖြစ်သေးဘူး....'
'ဟာဗျာ....မောင်အဆင်သင့်လုပ်ခိုင်းထားတယ်လေ..'
'သိတယ်လေ...မောင့်ဘာသာဘဲသွားလို့မရဘူးလားဗျာ...အဝေးမလိုက်ချင်ဘူး...ဒီဗိုက်ကြီးနဲ့အဆင်မပြေဘူး...'
'အဝေးကလဲ...ကလေးပစ္စည်းလေးတွေသွားဝယ်မဲ့ဟာ....အဝေးပါတော့အဝေးအကြိုက်ရွေးလို့ရတာပေါ့...'
'ရတယ်...မောင်အဆင်ပြေတာသာဝယ်ခဲ့လိုက်..'
'မဟုတ်ဘူးလေအဝေးရဲ့...ကိုယ်ဝန်ရှိတည်းကအဝေးကအပြင်မထွက်တာ...ခုနည်းနည်းပါးပါးလေးအပြင်ထွက်ပါဦးလား....?'
'ဟင့်အင်း.......'
'အဝေးကလဲ...လိမ်မာပါတယ်...'
'မလိုက်ချင်ပါဘူးဆိုမောင်ရာ....'
'အဝေးကလဲ....ပြေးကြည့်မှအဝေးနဲ့မောင်ဘဲရှိတာ....တစ်ရက်လောက်တော့မောင်လဲကိုယ့်ယောကျ်ားနဲ့ကိုယ်အပြင်လေးလျှောက်လည်ချင်တာပေါ့...ဘာလဲ..?အဝေဂကမောင့်ဒီဆန္ဒလေးကိုတောင်မဖြည့်ဆည်းပေးချင်လို့လား...ဟင်..?'
'ဟင်း....'
'နော်...အဝေးနော်....'
'ပြီးရော..ပြီးရော...မောင်သာရောက်ရင်ဖုန်းဆက်လိုက်...ဒါဘဲနော်....'
'အွန်း...ဟီး......'
'တူ..တူ....တူ....'
ကျသွားတဲ့မောင့်ဖုန်းလေးကိုကြည့်ရင်းအတွေးလွန်မိပြန်သည်..
'သား..အဝေး...?'
'အော်...မေမေကြီး...'
'မာမီလို့ခေါ်လေသားရဲ့.....'
'ဟုတ်...မာမီ...ဘာလိုချင်လို့လဲဟင်..?အဝေးဘာလုပ်ပေးရမလဲ..?'
'အမလေး..လုပ်စရာမလိုပါဘူးကွယ်....သားကမာမီ့မြေးလေးကိုလွယ်ပေးထားတာနဲ့တင်တော်တော်ပင်ပန်းနေပါပြီ....'
'မဟုတ်တာဘဲမာမီ......'
'အင်း..အင်း...ဒါနဲ့...စောနကသားလား...?'
'ဟုတ်တယ်မာမီ...'
'သူကဘာတဲ့လဲအဝေး....?'
'ကျုပ်နဲ့ကလေးပစ္စည်းသွားဝယ်ဖို့တဲ့မာမီ....အဲ့တာ...'
'သွားလေသား..သွားရမှ,ပေါ့..တခါတလေလေးကိုယ်ဝန်သည်ကလှုပ်လှုပ်ရှားရှားလေးရှိတော့ကောင်းတာပေါ့......'
'ဟုတ်..ဒါဆိုသားအဝတ်သွားလဲတော့မယ်နော်....'
'အေး..အေး...လိုချင်တာရှိရင်ဝယ်သာဝယ်လာခဲ့နော်သား...'
'ဟုတ်ကဲ့......'
ဒီလိုနဲ့ကျွန်တော်လဲအဝတ်လဲဖို့အပေါ်ထပ်ကိုတက်လာခဲ့လိုက်သည်.....
သိသိသာသာပူထွက်လာတဲ့ဗိုက်ကြောင့်အရင်းကအဝတ်တွေကလဲမတော်တော့တာကြောင့်ခုဆိုမောင့်အဝတ်တွေယူဝတ်နေရသည်...
မောင့်အဝတ်တွေထဲကအဆင်ပြေရာတထည်နဲ့အဝေးကိုမောင်ဝယ်ပေးထားတဲ့ဘောင်းဘီလေးတွေထဲကတထည်ကိုယူဝတ်ကာမှန်ရှေ့သွားရပ်ကြည့်မိသည်.......
အပြင်မထွက်ရတာကြောင့်ဘဲလား...ဒါမှမဟုတ်...မောင်နေ့တိုင်းလိမ်းခိုင်းတဲ့ဖြူဖြူအရည်တွေကြောင့်လားဘဲမသိ....အဝေးမျက်နှာဟာအရင်လိုမဲခြောက်မနေတော့ဘဲဖြူဝင်းဝင်းလေးဖြစ်နေတော့သည်....
ကိုယ်နံနေမှာစိုးတာကြောင့်ပေါင်ဒါမှုန့်အနည်းငယ်ထည့်ပြီးဆံပင်ကိုဆီလိမ်းကာလက်နဲ့ဖြီးသင်လိုက်သည်.....
'အော်...ဒီမှာနှစ်ချောင်းထောင်သွားပြီ....ဟင်း......'
လက်နဲ့ဖြီးမရတော့တဲ့အဆုံးအဝေးမှန်တင်ခုံပေါ်ကဘီးကိုသွားယူရပြန်သည်......
ခေါင်းဖြီးကိုလှမ်းယူဖို့အောက်အငုံ့...ရင်ဘတ်ထဲစူးကနဲအောင့်လာတာကြောင့်ကိုယ်ကိုမြန်မြန်ပြန်မတ်လိုက်ရသည်.......
ဘာလဲ..ခုမှဘာထဖြစ်တာလဲ..?
အနားကကုတင်မှာဝင်ထိုင်ရင်းသက်သာလိုသက်သာညားအသက်ကိုရှူသွင်းရှူထုတ်လုပ်မိပြန်သည်....
အသက်ရှူကြပ်လိုက်တာ...ရင်ထဲမှာလဲနေလို့မကောင်းဘူးတလှပ်လှပ်နဲ့......လေးလေးကြီး...
၅မိနစ်လောက်ထိုင်နေပြီးတော့မှအဆင်ပြေသွားပေမဲ့ရင်ထဲမှာတော့တော်တော်လေးကိုဆိုးရွားနေခဲ့သည်....
ဘာမှမဖြစ်ပါဘူး..အဆင်ပြေမှာပါ...
ကိုယ့်ဘာသာကိုယ်အားတင်းရင်းနေရာမှထရပ်တော့အချိန်ကိုက်ဆိုသလိုမြည်လာတဲ့ကြိုးဖုန်းလေး......
ရုတ်တရက်ဆိုတော့လန့်သွားတာကြောင့်စားပွဲပေါ်တင်ထားတဲ့မောင်နဲ့အဝေးရဲ့ပုံလေးကိုလက်နဲ့တိုက်မိသည်အထိ.....
'ခွမ်း........ခလွမ်း....!!'
အဝေးသတိထားမိချိန်မှာတော့ဓာတ်ပုံလေးရဲ့မှန်ဘောင်ကတစစီကွဲလို့နေပြီ.....
အိုး.....စိတ်ထဲမကောင်းလိုက်တာ.....
စိတ်မကောင်းစွာနဲ့ကျနေတဲ့ဖန်ကွဲစတွေကိုလက်နဲ့ကောက်ဖို့ပြင်တော့ချက်ချင်းဆိုသလိုမောင့်မေမေကဝင်လာတော့သည်...
'သား..အဝေး...!'
'အ့....'
ရုတ်တရက်ဆိုတော့လန့်သွားတာနဲ့လက်ထဲကဖန်ကွဲစကိုစုပိကုင်မိတော့လက်ညိုးပေါ်ကနေသွေးထွက်လာတော့သည်.....
'အမလေး...သားရယ်...ထိကုန်ပြီ...လာ..လာ....အဲ့တာတွေမကောက်နဲ့တော့...မိပုလုပ်ပါစေ.....'
'မဟုတ်တာ..ကျုပ်ကြောင့်ဖြစ်သွားတာဘဲ.....ကျုပ်ဘဲ...'
'မလုပ်ရပါဘူးသားရယ်...လာ..လာ..ဒီလာခဲ့.....မိပု..မိပု..!!'
'ရှင်...မေမေကြီး...'
'ဒါတွေလာရှင်း..'
'ဟုတ်..ဟုတ်ကဲ့.....'
'လာ..သားလာ....ဒီလာ....'
'ဟုတ်.....'
မောင့်မေမေခေါ်ရာနောက်ကိုလိုက်သွားတော့မောင့်မေမေကအဝေးကိုအိမ်ရှေ့ကဆိုဖာပေါ်မှာထိုင်ခိုင်းပြီးမကြာပါသူမလဲဆေးဗုံးကြီးဆွဲကာရောက်ချလာသည်......
'အဝေး...'
'ဗျာ....'
'သားလက်မာမီ့ကိုပြပါဦး...'
'ဘာမှမဖြစ်ပါဘူး..ရှသွားရုံပါ.....သွေးလဲမထွက်တော့ဘူး...'
'အိုး...ဘယ်ဟုတ်မလဲသားရယ်...ပိုးလေးတော့သတ်ထားရမှာပေါ့...လာ....မာမီဘဲလုပ်ပေးမယ်......'
'ရတယ်...ကျုပ်...အ့....'
'စပ်လို့လားသား..ခဏနော်...မာမီမှုတ်ပေးမယ်....'
'ဟုတ်..ရပါပြီ.ကျေးဇူးပါ.....'
'အွန်း.....ကဲ...ရော့..plasterလေးကပ်သွားလိုက်.....'
'ဟုတ်ကဲ့.....'
'သား..အဝေး..'
'ဗျာ..ကျုပ်ကိုခေါ်လိုက်တာလား...မာမီ?'
'အင်း....သားကြည့်ရတာအတွေးလွန်နေပုံဘဲ....ဘာတွေများတွေးပူစရာရှိလို့လဲသားရယ်...ဟိုကောင်လေးခြေရှုပ်ပြန်ပြီလား....?ဟုတ်လားသား..?'
'မ...မဟုတ်ပါဘူး..မောင်ကလိမ်မာပါတယ်...'
'အဲ့တာဆိုဘာလို့များလဲသားရယ်....နေလို့များမကောင်းလို့လား..?'
'မဟုတ်ပါဘူး...ကျုပ်အဆင်ပြေပါတယ်....'
'ဟင်း.....တကယ်ဘဲအဆင်ပြေရဲ့လားသားရယ်....?တစ်ခုခုအဆင်မပြေတာှရိရင်လဲမာမီ့ကိုပြောပြပါလားကွယ်..မာမီကူညီနိုင်တာရှိကူညီလို့ရတာပေါ့....'
'..........'
'သား..အဝေး.....ကဲပါ...သားမပြောချင်လဲမာမီမမေးတော့ပါဘူး...ဟိုမှာသာကိုယ့်ယောကျ်ားနဲ့ကိုယ်ပျော်ခဲ့ကြနော်....'
'အဲ.....အင်း.........'
'ဟက်....ပါးလေးတွေရဲလို့..ဒါလေးကရှက်သွားတာလေးများလား...?'
'.....ဟို.....အင်း...အဲ့တာက...ကြားရတာတမျိုးဘဲမို့ပါမာမီ....'
'ဟားဟား..အေးပါကွယ်...'
'တီ..တီ'(ကားဟွန်းတီးသံ)
'အဝေးရေ.....မောင်ရောက်ပြီ......'
'ဟော...အဝေး...သားတောင်ရောက်ပြီ...သွားတော့လေသား...ညမနက်စေနဲ့နော်...'
'ဟုတ်မာမီ..ဒါနဲ့..မာမီဘာမှာစရာရှိသေးလဲဟင်...?'
'ဟင့်အင်း...ထွေထွေထူးထူးမှာစရာမရှိပါဘူးကွယ်..ပျော်ပျော်သာသွား..နော်..'
'ဟုတ်ကဲ့...'
'ဖြည်းဖြည်းလျှောက်...ချော်ကျဦးမယ်.....ဟဲ့...ဖြိုးဝေမောင်..ကိုယ့်ယောကျ်ားကိုနည်းနည်းလာတွဲဦးလေ....'
'ဟီး...လာခဲ့မှာပေါ့မာမီရယ်...မေ့သွားလို့ပါ...'
'မင်းကတော့လေ..လာ..ပြောင်စပ်စပ်လုပ်မနေနဲ့...မြန်မြန်လာ...'
'ရတယ်မာမီ...ကျုပ်ဘာသာဘဲသွားလို့ရ..အမလေး...မောင့်...ဘယ်လိုဖြစ်နေတာလဲ...?'
လမ်းလျှောက်ရက်အကောင်းကြီးကိုဆွေ့ကနဲကောက်ပွေ့လိုက်တဲ့မောင့်ကြောင့်ခပ်မြန်မြန်မောင့်ပုခုံးကိုပုတ်ရင်းအဖြေရှာမိသည်...
'ချော်ကျမှာစိုးလို့ပါအဝေးရဲ့..'
'မောင်လုပ်မှနှစ်ယောက်လုံးဟပ်ထိုးတွေကျကုန်တော့မှာ....အဲ..မောင်..ဘာလုပ်တာလဲ...?'
'အား...အဝေးကိုယ်နံ့လေးကမွှေးလိုက်တာ....အရမ်းမွှေလို့အနံ့ခံကြည့်တာလေအဝေးလေးရဲ့....'
'မာမီရှိတယ်နော်မောင်....ဘယ်လိုဖြစ်နေတာလဲ..?'
'ကိုယ့်ယောကျ်ားကိုယ်ကိုအနံ့ခံတာဘဲဟာကိုအဝေးကလဲ...'
'ရွှတ်...အား...'
'ဟာ..မောင့်...'
'ဟားဟားဟား.....'
'ဖယ်တော့..ဆင်းတော့မယ်..ခုချပေး....'
'အဝေးကလဲ....'
'မောင်နော်...'
'ကဲ..သားရေ..မစနဲ့လေ....မင်းကလဲကွယ်....အမေရှေ့လဲမရှောင်ပါလားကွယ်...ချစ်ချင်ရင်ညမှချစ်ကြဟေ့...'
'အိုကေပါဗျာ...'
'ဘာ..ဘာအိုကေတာလဲ...?ခင်ဗျားနော်...'
'ဟီး..ဟီး...'
'ကဲ..သွားကြတော့...အပြန်နောက်ကျလိမ့်မယ်....သား..အဝေးကိုလဲအရမ်းမစနဲ့နော်....'
'ဟုတ်ပါပြီမာမီရယ်...'
မောင့်အမေကြားထဲကနေပြောတော့မှငြိမ်သွားတဲ့မောင်...ဒါတောင်ပွေ့ထားရက်နဲ့အဝေးခါးနဲ့ဗိုက်ကိုမထိတထိလက်နဲ့တို့ပြီးစတုန်း....
တကယ်ပါ..မောင်ဟာမနိုင်စိန်လေး....
'အဝေး...'
ကားပေါ်ကိုပွေ့တင်ပြီးခါးပတ်ပတ်ပေးနေရင်းဆိုလာတဲ့မောင့်ကြောင့်အဝေးမောင့်ကိုကြောင်တောင်တောင်နဲ့ပြူးကြည့်မိသည်.....
'ပြောလေမောင်....ဘာဖြစ်လို့လဲ...?'
'အဝေးလက်ထဲမှာဘာကြီးကိုင်ထားတာလဲ....?'
'ဗျာ...'
'အဲ့ဘယ်ဘက်လက်မှာလေ...'
'အော်..အဲ့တာ..ဓာတ်ပုံလေးတပုံပါဘဲမောင်....အဝေးကြောင့်ကျကွဲသွားလို့..အဲ့တာအသစ်ဘောင်လေးပြန်ဝယ်ထည့်ချင်လို့ယူလာတာမောင်...'
'အော်.....'
မောင်ကဘာမှဆက်မပြောတော့ဘဲအဝေးဘက်ခြမ်းကားတံခါးကိုပိတ်ကာမောင်းသူဘက်ဝင်ထိုင်ရင်းကားကိုအရှိန်မှန်မှန်နဲ့ကုန်တိုက်တစ်ခုစီကိုခရီးနှင်ခဲ့တော့သည်...
ကုန်တိုက်ရဲ့ကားရပ်နားတဲ့နေရာမှာမောင်ကကားကိုထိုးပြီးအဝေးကိုတွဲကာလမ်းလျှောက်တော့လဲအဝေးရင်ထဲဘာလို့ရယ်မသိစိုးရိမ်ထိတ်လန့်နေမိသည်...
တခဏမောင်ကအဝေးလက်ကိုလွှတ်လိုက်တော့အဝေးစိတ်ထဲအရမ်းကိုထိတ်လန့်သွားမိသည်.....
'မောင်!!'
'ဟင်...ဘာဖြစ်တာလဲအဝေး....?နေလို့မကောင်းလို့လား...?လမ်းလျှောက်ရအဆင်မပြေလို့လား..?'
'ဟင့်အင်း....အင့်...'
'အဝေး....ဘာဖြစ်တာလဲဟင်..?မောင့်ကိုပြောပါဦး...မောင်စိတ်ပူလာပြီ..'
'အဝေး...အဝေး...ကြောက်တယ်မောင်...ဟင့်...'
ပြောပြောဆိုဆိုနဲ့အဝေးဟာကျွန်တော့်လက်ထဲသူ့ရဲ့လက်ကိုနေရာယူရင်းကျွန်တော့်ကိုမလွှတ်တမ်းဖက်တွယ်ထားတော့သည်....
'မောင်....အင့်...အဝေးကိုထားမသွားပါနဲ့နော်..အဝေးလက်ကိုမဖြုတ်လိုက်ပါနဲ့နော်...ကျေးဇူးပြု၍....ကျေးဇူးပြု၍ပါမောင်.....အဝေးမှာ..အားကိုးစရာကမောင်ဘဲရှိတာမို့...ဟင့်...အင့်...'
'ဟမ်...အဝေး...အဝေး...မောင့်ကိုကြည့်...မောင့်ကိုကြည့်ပါဦး...'
သူ့မေးဖျားလေးကိုအသာမကာသူ့ကိုမော့ကြည့်စေတော့မျက်ရည်လေးစမ်းတမ်းစမ်းတမ်းနဲ့ကျွန်တော့်ကိုမော့ကြည့်လာသူ...
'အဝေး.....'
'အင့်....'
'ဘာဖြစ်တာလဲ?မောင့်ကိုပြော....'
'ဟင့်အင်း.....ဟင့်...'
'အဝေး...မောင့်ကိုမယုံလို့လား...?'
'ဟင့်..မ..မဟုတ်..ပါဘူး....အင့်...'
'ဒါဆိုအဝေးဘာဖြစ်တာလဲမောင့်ကိုပြောပြလေ.....'
'ကျုပ်..ကျုပ်လေမောင့်ကို....ဆုံးရှုံးရမှာ...ကြောက်နေမိတယ်မောင်...အင့်...ဘာမှန်းမသိပေမဲ့မနက်တည်းကအဝေးရင်ထဲနေလို့မကောင်းဘူး....မောင်.....အဝေးကိုထားမသွားဖူးမို့လားဟင်....ဟင့်......မောင်မချစ်လဲရပါတယ်....ဒီတိုင်း..ဟင့်...အင့်..အဝေး...ကိုသာ...ထားမသွားပါနဲ့နော်....'
'အဝေးရယ်...'
ပထမကကျွန်တော့်ကိုဖက်ထားတဲ့သူဟာအဝေးဖြစ်ပေမဲ့ခုတစ်ခေါက်မှာတော့သူ့ကိုကျွန်တော့်ရင်ခွင်ကျယ်ထဲထွေးပွေ့ထားမိသည်....
ကျောလေးတွေကိုခပ်ဖွဖွပုတ်ကာနှုတ်ကတိုးဖွဖွနဲ့မငိုဖို့ချော့မြူမိပေမဲ့အဝေးဟာကျွန်တော့်ရင်ခွင်ထဲပိုတိုးလို့ငိုနေပြန်တော့သည်......
'ဟင့်...အင့်...'
'လိမ်မာတယ်..မောင့်အဝေးလေးက...မောင်ကအဝေးကိုထားမသွားမှာမို့မငိုတော့နဲ့နော်....မွ....'
နဖူးပြင်ပေါ်အနမ်းခပ်ဖွဖွလေးခြွေကာချော့မြူမိတော့သူလေးကရှက်လို့ထင်ခါးပေါ်ကသူလေးရဲ့လက်တွေပိုတင်းကြပ်လာတာကိုခံစားမိသည်..
မကြာပါအငိုတိတ်သွားတဲ့ကျွန်တော့်ရဲ့အငိုသန်တောသားလေး...
သေချာကြည့်မိတော့အဝေးဟာအရင်ကနဲ့တခြားစီပင်...
အရင်ကညိုညက်ညက်အသားအရည်တွေဟာခုတော့ဘယ်စီရောက်သွားမှန်းမသိ..အဲ့အစားဝင်းမွတ်မွတ်အသားလေးနဲ့....ကြည်ရှင်းတဲ့မျက်နှာလေးရယ်..မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေး...နောက်....ကျွန်တော့်ရဲ့ခပ်ပွပွအဝတ်ကြားထဲမြုပ်နေတဲ့အဝေးရဲ့စူတူတူဗိုက်ကလေးနဲ့ကိုယ်လေး...
'ဟက်...ချစ်စရာလေးဘဲ....'
'ဘာကိုလဲ....?ဟင့်...'
'မောင့်အရှေ့ကကလေးလေးကိုပြောတာပါ...သဘောကျလွန်းလို့ငေးမကြည့်ဘဲမနေနိုင်လို့ပါဗျ့...'
'ဟာဗျာ...သွား...သွားမယ်....မာမီကညမိုးမနက်ခင်ပြန်လာခဲ့တဲ့...'
'ဟော...မောင့်ကိုကြမစောင့်ဘူးလားအဝေးလေး....အဝေးကသွားတတ်လို့လား..မောင်မပါဘဲ....'
'ဟို....ခင်ဗျားကကြံဖန်ရစ်နေတာကိုး..'
'အမလေး...ကျွန်တော်မျိုးကြီးကဘယ်နားမှာရစ်နေလို့လဲသခင်လေးရယ်...သခင်လေးကချိတ်တွေမကောင်းတော့ချော့နေရတာကျွန်တော်မျိုးကြီးမဟုတ်ဘူးလား...ဟားဟား...'
'ခင်ဗျားဗျာ...ဟွန့်...'
'စိတ်ဆိုးနေတာလေးကလဲကွာ...အဲ့ဗိုက်သာရှိမနေရင်မောင်အသဲယားလွန်းလို့အဝေးကိုဆွဲလှည့်ပြစ်မှဦသိလား....?'
'ဟာ...ခင်ဗျား..ပြောလေဆိုးလေ....သွား...မလိုက်နဲ့တော့...လမ်းမသိလဲပါးစပ်နဲ့မေးသွားမယ်....'
'ဟားဟားဟား.....အဟက်...ချစ်ဇနီးလေးကလဲကွာ...ဟားဟား....'
'မောင်နော်....အဲ့လိုမစနဲ့........'
'ဟားဟား.......'
'သွား...မောင့်ကိုမခေါ်တော့ဘူး....ကျုပ်ကိုတအားစတာဘဲ....'
'ဟော.....'
နှစ်ယောက်သားပျော်မြူးပြီးစနောက်နေချိန်မှာဘဲအချိန်ကိုက်ဆိုသလိုရပ်ထားတဲ့ကားတစ်စီးကစက်ကိုနှိုးကာသူတို့ရှိရာရဲ့မလှမ်းမကမ်းကိုမောင်းလာတော့သည်....
'အဝေးလေးရေ....'
'မခေါ်နဲ့...နောက်ကလိုက်လဲမလာနဲ့....'
'ဟားဟား...ဇနီးလေးကလဲကွာ.....'
မောင့်..အဲ့လိုမခေါ်နဲ့ဆို....အဝေးရှက်တယ်....'
'ဘာဖြစ်လဲ..ကိုယ့်မိန်းမကိုကိုယ်ခေါ်တာဘဲဟာ..'
'မောင်ဟာလေ..ပြောလေကဲလေဘဲ....'
'မနိုင်ဘူးပေါ့လေ....'
'ဟုတ်တယ်..မနိုင်ဘူး...မနိုင်ဘူးသိလား...'
'ဒါဘဲလေ...ဟက်....ကဲ..လာ..မောင့်လက်ကိုမလွှတ်တမ်းတွဲပြီးမောင့်နောက်ကနေယုံယုံကြည်ကြည်လိုက်ခဲ့ပေတော့ချစ်ဇနီးလေးရေ...ဟားဟား....'
'မောင့်.........ဘာလို့အော်နေတာလဲဗျာ....'
'အဝေးကလဲ.........'
ထိုအချိန်မှာဘဲတဖြည်းဖြည်းနီးကပ်လာတဲ့ကားလေး..........
'ဝူး................ကျွီး.........'
'အဝေး.......!!!ကား...!!!'
'မောင့်!!!'
....
........
............
......................
အရှောင်ကောင်းလိုက်လို့ပေါ့...မဟုတ်ရင်..ဒီကားကအဝေးရောကျွန်တော်ရောသက်ပျောက်ကိန်းဆိုက်နိုင်သည်...
ခုတော့နှစ်ယောက်လုံးမြေပြင်ပေါ်မှာ....ကံကောင်းသည်ဆိုရမည်....အဝေးကိုအချိန်မှီရင်ခွင်ထဲထည့်ဖက်ထားမိလို့......မဟုတ်ရင်...အဝေးကိုယ်ဝန်ကိုရောအဝေးရောတစ်ခုခုထိခိုက်သွားနိုင်သည်မဟုတ်လား..ကျွန်တော်ကတော့ပွန်းပဲ့ရုံသာ
'အဝေး....ဘာဖြစ်သွားသေးလဲဟင်......?'
ရင်ခွင်ထဲကသူလေးကိုကြည့်တော့ကြောက်လွန်း၍ထင်..အသက်ရှူသံတွေတောင်ပြင်းလို့နေသည်.......
အဝေးပုံကိုကြည့်ကာလူကပိုလို့ပင်ဒေါသထွက်လာသည်....
'တောက်....!!ခွေးမသား...ဒီကောင်......သေအောင်သတ်ပြစ်မယ်....'
ဘေးကတွေ့တဲ့ဒုတ်တချောင်းကောက်ကာမလှမ်းမကမ်းမှာရပ်ထားတဲ့ကားစီသွားကာသတ်ပြစ်မယ်ပြောနေတာကြောင့်အဝေးမှာဝင်တားရပြန်သည်...
'မောင်.......မလုပ်....မလုပ်ပါနဲ့........ထားလိုက်ပါ...ခု..ဘာမှမှမဖြစ်သွားဘဲ...'
'အဝေးတစ်ခုခုဖြစ်ရင်လဲသူ့ကိုသေအောင်ရိုက်သတ်မှာ....ကားကိုလူလိုမမောင်းဘူး...သူတောင်းစား...တောက်!!'
'တော်ပါတော့မောင်ရယ်....'
မောင်နဲ့အဝေးစကားအခြေအတင်ဖြစ်နေချိန်မှာဘဲအဝေးတို့ကိုတိုက်မိမလိုဖြစ်တဲ့မလှမ်းမကမ်းမှာရပ်ထားတဲ့ကားပေါ်ကနေလူတစ်ယောက်ဆင်းလာတော့သည်......
အပေါ်အောက်အဖြူရောင်ဝတ်နဲ့လူ....အရပ်ကရှည်ရှည်...သေးသေးသွယ်သွယ်ရယ်...
စီးထားတဲ့ဖိနပ်ကိုအကြည့်ရောက်မိတော့ lady shoesအဖြူလေး......
မိန်း..မိန်းကလေးတစ်ယောက်လား....?
ချက်ချင်းဘဲကျွန်တော်တို့စီလျှောက်လာတဲ့သူကိုမော့ကြည့်မိတော့ဆွံ့အသွားခဲ့သည်.......
ရဲရင့်တက်ကြွတဲ့ခြေလှမ်းတွေနဲ့သူမဟာလက်တဖက်ကနေလဲbaseball တုတ်ကိုဆွဲကိုင်ရင်းအဝေးနဲ့မောင်ရှိရာကိုတလှမ်းချင်းလျှောက်လာတော့သည်....
'မောင်............'
'ဟမ်.....'
'ကျွန်မကိုမှတ်မိသေးရဲ့လား....?'
အံ့ဩတကြီးနဲ့မောင်လဲအဝေးနည်းတူသူမကိုငေးကြည့်နေမိသည်.....
အရင်ကလိုဆံပင်ရှည်တွေမရှိတော့ဘဲတိုမြောက်မြောက်ယောကျ်ားstyleအပြည့်နဲ့သူမဟာအရင်ကလိုမာန်မာနတွေရှိတုန်း....
မျက်နှာပေါ်ကအလိုမကျမှုတွေကအစခုထက်ထိတိုင်မပြောင်းမလဲသေး...
အရင်တုန်းကလဲမောင့်ကြောင့်ကျွန်တော့်ကိုခုလိုဘဲကြည့်ခဲ့ဖူးပါသည်...ခုလဲ...သားရဲတကောင်လိုအဝေးကိုမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်နေပုံကကြောက်စရာပင်....
'ဆူး......မင်း...ဘယ်လိုကနေဘယ်လို..ခုလိုပြောင်းလဲသွားရတာလဲ...?'
'ဟက်.....ပုံစံကယောကျ်ားပုံပေါက်သွားလို့လား...?ဒါပေမဲ့ဒီကျွန်မရင်ထဲကနှလုံးသားကတော့ခုထက်ထိတိုင်မပြောင်းလဲသေးပါဘူးလေ....'
'ဆူး...မင်းကအရင်လိုမသိမ့်မွေ့တော့ဘူးနော်....မင်းအရမ်းပြောင်းလဲသွားပြီ....'
'ဟုတ်တယ်...ကျွန်မကိုမကြိုက်မှတော့ဒီဟာတွေသောက်လုပ်ရှုပ်ခံပြီးသိမ်းထားစရာမှမဟုတ်တာ....ဒီတော့ကျွန်မအရင်styleအတိုင်းအမောက်ထောင်ပြရုံပေါ့...'
'မင်း...ဘာကိုပြောချင်.....'
'ခွပ်......!'
'အ့......'
'မောင့်!!!'
သူမဟာသူမလက်ထဲကဒုတ်နဲ့မောင့်ခေါင်းကိုရိုက်ချလိုက်တာကြောင့်မောင့်ကိုယ်ဟာပုံရက်သားကြမ်းပေါ်လဲကျသွားတော့သည်.....
မျက်လုံးတို့တင်းတင်းမှိတ်ထားပြီးခေါင်းပေါ်ကနေသွေးတွေတစက်စက်ကျနေတဲ့မောင့်ကြောင့်အဝေးစိုးရိမ်စွာနဲ့မောင့်အနားသွားဖို့လုပ်တော့အဝေးကိုနောက်ဘက်ကနေလှမ်းချုပ်ထားတဲ့လူနှစ်ယောက်...
'ဖယ်...လွှတ်ပေး....အင့်.....မောင့်..မောင့်.........'
'တာရာဝေး.....သူ့ကိုနင်ထိစရာမလိုဘူး........သူ့ကိုငါဘဲပိုင်တာ....'
'ရူးနေလား....မင်းသူ့ကိုချစ်တယ်ဆိုဘာလို့ခုလိုလုပ်ရတာလဲ...?လွှတ်ပေး....မောင့်ခေါင်းပေါ်ကနေသွေးတွေစီးကျနေတာ....ဟင့်.....'
'အဲ့တော့ဘာဖြစ်လဲ.....ပြီးတော့...တဆိတ်...ကျွန်မသူ့ကိုချစ်သေးပါတယ်လို့ခုပြောမိသေးလို့လား...?noနော်...ကျွန်မသူ့ကိုမုန်းတယ်..အရမ်းဘဲ....အနားကနေပြစ်ပြစ်ခါခါ တွန်းထုတ်ခဲ့တဲ့သူ့ကိုအရမ်းမုန်းတယ်......'
'မင်း.....မောင့်ကိုမထိနဲ့နော်....မောင်...မောင်...ထ..ထပါဦး...'
'ဟား...ဟား......မင်းတို့ကအဲ့လောက်ချစ်ပြမှတော့လဲတူတူဘဲစေတနာနဲ့ပို့ပေးမယ်နော်........'
'ခွပ်!!!'
'သေမင်းစီကိုပေါ့..........'
'ဟင်း........မောင်.......'
လဲကျနေရက်နဲ့မောင်ရှိရာစီကိုသွားဖို့ကြိုးစားမိသည်...
ခေါင်းကိုထိထားတာကြောင့်ခေါင်းတွေတရိပ်ရိပ်မူးလာပြီးနောက်တော့ကျွန်တော့်အမြင်အာရုံတို့ဟာအမှောင်အတိပေါ့........
'မမလေး...သူတို့ကိုဘာလုပ်မှာလဲ...?'
'ဆွဲခေါ်လာခဲ့..ဒီနေ့တခါတည်းအပြတ်ရှင်းမယ်.....'
'ဟုတ်ကဲ့......'
'ဟက်...သူတို့ကငါ့ကိုအရင်လာစတာလေ..ဒီတော့လဲခံလိုက်ပေါ့.........'
သတိလစ်မေ့မျောနေတဲ့အဝေးနားကိုသွားရပ်ကာအဝေးမျက်နှာကိုလက်နဲ့တင်းနေအောင်ဆုပ်ကိုင်မိသည်......
'ဟက်...တော်တော်ပြောင်းလဲသွားတာဘဲ....မောင်....ရှင်သူ့လိုတောသားကိုကြွေရုပ်ဖြစ်အောင်ပြောင်းလဲနိုင်တာတကယ်ချီးကြူးပါတယ်.....ဟင်း...ဒါပေမဲ့......စိတ်မကောင်းစရာက...ရှင်တို့နှစ်ယောက်ကဒီနေ့သေကွဲကွဲရတော့မှာလေ..........ကျွတ်...ကျွတ်.....မောင်...ရှင်သိလား....ဆူးဆိုတဲ့ကျွန်မကမပိုင်ရဘူးဆိုရင်အဲ့ပစ္စည်းကိုရအောင်ဖျက်စီးတတ်တယ်ဆိုတာဘဲ.....ဟက်...မကြာပါဘူး...ရှင်ရောသူရောကိုကျွန်မဖျက်စီးပြမယ်...စောင့်ကြည့်နေလိုက်....ဆူးဆိုတာဘဘ်လိုလူလဲသိအောင်ပြမယ်.......ဟက်...........'
------------------------
Next chapter spoiler
အဝေး.....အားတင်းထားနော်...ဟင့်......
အ့....ဟင့်............မောင့်ကိုသိပ်မုန်းတာဘဲ.....
မပြောပါနဲ့......မောင်...မောင်မင်းကိုချစ်တယ်လေ.......နောက်ကျနေမှန်းသိပေမဲ့အဝေး...ဟင့်..မောင်မင်းကိုအရမ်းချစ်ပါတယ်ကွာ.........
အဟွတ်.........
အဝေး!!!
အဟွတ်...ဟွတ်.....
မောင့်ကိုထားမသွားပါနဲ့နော်.....အဝေး.......
နောင်ဘဝများ....ရှိရင်.....ခင်ဗျားနဲ့.......မဆုံပါရ...စေနဲ့....
ကျုပ်....ခင်ဗျားကို........................မုန်းးးးးး...............
အဝေး.....!!!!!
----------------------
Zawgyi
'အင်း....ဟင်း...'
'အ့....'
'ဟင့်...'
'ထွက်သွားပေး....'
'ဟင်...'
'ဒါပေမဲ့....'
------------------------------------------
၃လ.....
၎လကျော်ဗိုက်ပေမဲ့အဝေးဗိုက်ကတော့သူများနဲ့မတူစွာသာမာန်လူတွေထက်နှစ်ဆပိုပူသည်.....
'အဝေး...ဟဲလို.....'
'အော်..အင်း...ပြောလေမောင်.....'
'ဟင့်အင်း...မဖြစ်သေးဘူး....'
'ဟင့်အင်း.......'
'အဝေးကလဲ...လိမ်မာပါတယ်...'
'အဝေးကလဲ....ပြေးကြည့်မှအဝေးနဲ့မောင်ဘဲရှိတာ....တစ်ရက်လောက်တော့မောင်လဲကိုယ့်ယောက်ျားနဲ့ကိုယ်အပြင်လေးလျှောက်လည်ချင်တာပေါ့...ဘာလဲ..?အဝေဂကမောင့်ဒီဆန္ဒလေးကိုတောင်မဖြည့်ဆည်းပေးချင်လို့လား...ဟင်..?'
'ဟင်း....'
'နော်...အဝေးနော်....'
'အွန်း...ဟီး......'
'တူ..တူ....တူ....'
'သား..အဝေး...?'
'အော်...မေမေကြီး...'
'မဟုတ်တာဘဲမာမီ......'
'ဟုတ်တယ်မာမီ...'
'သူကဘာတဲ့လဲအဝေး....?'
'ဟုတ်ကဲ့......'
ဘာလဲ..ခုမှဘာထဖြစ်တာလဲ..?
'ခွမ်း........ခလွမ်း....!!'
'သား..အဝေး...!'
'အ့....'
'ရှင်...မေမေကြီး...'
'ဒါတွေလာရှင်း..'
'ဟုတ်..ဟုတ်ကဲ့.....'
'လာ..သားလာ....ဒီလာ....'
'ဟုတ်.....'
'အဝေး...'
'ဗျာ....'
'ရတယ်...ကျုပ်...အ့....'
'ဟုတ်..ရပါပြီ.ကျေးဇူးပါ.....'
'ဟုတ်ကဲ့.....'
'သား..အဝေး..'
'ဟင်း.....တကယ်ဘဲအဆင်ပြေရဲ့လားသားရယ်....?တစ်ခုခုအဆင်မပြေတှာရိရင်လဲမာမီ့ကိုပြောပြပါလားကွယ်..မာမီကူညီနိုင်တာရှိကူညီလို့ရတာပေါ့....'
'..........'
'သား..အဝေး.....ကဲပါ...သားမပြောချင်လဲမာမီမမေးတော့ပါဘူး...ဟိုမှာသာကိုယ့်ယောက်ျားနဲ့ကိုယ်ပျော်ခဲ့ကြနော်....'
'အဲ.....အင်း.........'
'ဟားဟား..အေးပါကွယ်...'
'တီ..တီ'(ကားဟွန်းတီးသံ)
'အဝေးရေ.....မောင်ရောက်ပြီ......'
'ဟုတ်ကဲ့...'
'ဖြည်းဖြည်းလျှောက်...ချော်ကျဦးမယ်.....ဟဲ့...ဖြိုးဝေမောင်..ကိုယ့်ယောက်ျားကိုနည်းနည်းလာတွဲဦးလေ....'
'ကိုယ့်ယောက်ျားကိုယ်ကိုအနံ့ခံတာဘဲဟာကိုအဝေးကလဲ...'
'ရွှတ်...အား...'
'ဟာ..မောင့်...'
'ဟားဟားဟား.....'
'အဝေးကလဲ....'
'မောင်နော်...'
'အိုကေပါဗျာ...'
'ဟီး..ဟီး...'
'ဟုတ်ပါပြီမာမီရယ်...'
'အဝေး...'
'ဗျာ...'
'အဲ့ဘယ်ဘက်လက်မှာလေ...'
'အော်.....'
'မောင်!!'
'ဟင့်အင်း....အင့်...'
'အဝေး.....'
'အင့်....'
'ဟင့်အင်း.....ဟင့်...'
'ဟင့်..မ..မဟုတ်..ပါဘူး....အင့်...'
'အဝေးရယ်...'
'ဟင့်...အင့်...'
'ဟက်...ချစ်စရာလေးဘဲ....'
'ဘာကိုလဲ....?ဟင့်...'
'ခင်ဗျားဗျာ...ဟွန့်...'
'ဟားဟား.......'
'ဟော.....'
'အဝေးလေးရေ....'
'ဟားဟား...ဇနီးလေးကလဲကွာ.....'
'မနိုင်ဘူးပေါ့လေ....'
'အဝေးကလဲ.........'
'ဝူး................ကျွီး.........'
'အဝေး.......!!!ကား...!!!'
'မောင့်!!!'
....
........
............
......................
'တော်ပါတော့မောင်ရယ်....'
'မောင်............'
'ဟမ်.....'
အရင်ကလိုဆံပင်ရှည်တွေမရှိတော့ဘဲတိုမြောက်မြောက်ယောက်ျားstyleအပြည့်နဲ့သူမဟာအရင်ကလိုမာန်မာနတွေရှိတုန်း....
'ဟက်.....ပုံစံကယောက်ျားပုံပေါက်သွားလို့လား...?ဒါပေမဲ့ဒီကျွန်မရင်ထဲကနှလုံးသားကတော့ခုထက်ထိတိုင်မပြောင်းလဲသေးပါဘူးလေ....'
'မင်း...ဘာကိုပြောချင်.....'
'ခွပ်......!'
'အ့......'
'မောင့်!!!'
'ခွပ်!!!'
'သေမင်းစီကိုပေါ့..........'
'ဟင်း........မောင်.......'
'ဟုတ်ကဲ့......'
------------------------
Next chapter spoiler
အဟွတ်.........
အဝေး!!!
အဟွတ်...ဟွတ်.....
အဝေး.....!!!!!
----------------------