Dear Medical Student[Complete...

By Thone_82

63.1K 4.5K 229

☪️BJYXSZD💖 💚YiZhan FanFiction❤️ ဖခင်၏ ခိုင်းစေမှုကြောင့် တစ်ခါမှမမြင်ဖူးသည့် လူတစ်ယောက်အား မိမိဆန္ဒမပါပဲ... More

into & Part-1
Part-2
Part-3
Part-4
Part-5
Part-5(2)
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-22(2)
Part-24
Part-25 [Final]

Part-23

1.9K 134 6
By Thone_82

Unicode

"ငါ့..ငါ့အစ်ကိုက သူမကို..တ ကယ် ချစ်ခဲ့ တာ.."

"တကယ်ချစ်ရင် မမလီလီကို အိမ်တွင်းအကြမ်းိက်နည်းတွေနဲ့ နှိပ်စက်မှာတဲ့လား!
မင်းအစ်ကိုက မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးဆိုတာ လူတိုင်းသိတယ်ကွ!"

"မ  ဟုတ်ဘူး...မဟုတ် ပါ ဘူး..."

မျက်စိရှေ့တင် မှိန်ဖျော့ဖျော့ခန္ဓာကိုယ်နှင့်သူမက မျက်ရည်များကြားမှ ပြောလာသည်မို့ ၀မ်ရိလင်း သူမကိုသာ စူးစိုက်ကာကြည့်နေမိသည်။

၀မ်ရိလင်းသည် ချက်ချင်းပဲ ဖုန်းကိုကောက်ယူကာ မိမိလူယုံကို ချက်ချင်းအိမ်လာခဲ့ဖို့ဖုန်းဆက်ခေါ်ပြီး
သူမကိုပြန်ကြည့်ကာ

"တကယ်လို့သာ မင်းရိရိကိုမွေးစားထားတာမှန်ခဲ့ရင် ငါလုပ်ခဲ့တာတွေအပေါ် ပြန်​ပေးဆပ်မယ်
ဒါပေမဲ့ မင်းညာခဲ့ရင်တော့ ငါက ငါ့ဆုံးဖြတ်ချက်အတိုင်းလုပ်မှာ!"

➖➖➖➖➖➖
"ကိုကိုလေး..."

ဆိုဖာပေါ်တွင် ဒူးပေါ်ခြေထောက်တင်ကာ ဟန်ပါပါထိုင်ရင်း Mac Bookဖြင့်အလုပ်ရှုတ်နေသောရိပေါ်ကို ဘေးမှာ ခပ်ကျုံ့ကျုံ့ထိုင်ကာ TVကြည့်နေသည့်ရှောင်းကျန့်က ခေါ်လိုက်ခြင်းဖြစ်သည်။

"'လေး'ဖြုတ်!"

"ဗျာ...."

ရိပေါ်က မိမိအား ပြူးကြောင်ကြောင်လေးကြည့်နေသောရှောင်းကျန့်၏ ဟ,နေသည့် နှုတ်ခမ်းလေးအား  ပြွတ်ခနဲမြည်အောင်နမ်းပစ်လိုက်၏။

ပါးစပ်အား လက်ဖဝါးဖြူဖြူလေးနှင့်အုပ်ရင်း ရှောင်ကျန့်က ပါးမို့မို့လေး ရဲတက်သွာသည်အထိ ရှက်လို့နေသည်။

"ကိုကို လို့ပဲခေါ်
လေး'မထည့်နဲ့"

ရိပေါ်သည် ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြ၍TVပြန်လှည့်ကြည့်နေသော ရှောင်းကျန့်ကိုကြည့်ပြီး အသဲယားနေ၏။

"အားကျန့်.."

"ဗျာ.."

"လူတိုင်းမှာရည်မှန်းချက်ကိုယ်စီရှိကြတယ်မို့လား..."

ရှောင်းကျန့်က ရိပေါ်စကားကိုထောက်ခံစွာ ခေါင်းငြိမ့်ပြသည်။

"ကျွန်တော့်ရည်မှန်းချက်က ဆရာ၀န်ဖြစ်ချင်တာ
ကိုကို့ရည်မှန်းချက်က ဘာလဲဟင်"

သူ့အကွက်ထဲ၀င်လာပြီမို့ ရိပေါ်က ရှောင်းကျန့်အနားတိုး၍ ခါးသေးသေးအား အသာဖက်ကာ ခပ်တည်တည်ဖြင့်

"ကိုကို့ရည်မှန်းချက်က ရှောင်းကျန့်ယောကျ်ားဖြစ်ဖို့!"

ထိုစကားကိုကြားကြားချင်း ရှောင်းကျန့်က ခေါင်းလေးငြိမ့်နေပေမဲ့ ထိုစကားရဲ့အဓိပ္ပါယ်ကိုသိသွားပြီးနောက် မျက်လုံးပြူးကာ ကိုကိုလေးအားမော့ကြည့်မိသည်။

ပြီတီတီနှင့် ပြန်ကြည့်နေသည့်ကိုကိုလေးကြောင့် ရှောင်းကျန့်ဆူပုတ်စွာ လက်သီးဆုပ်ဖြင့် ရင်အုပ်မာမာကြီးအား တစ်ချက်ထုလိုက်၏။

"မဟုတ်ဘဲနဲ့! "

"ဟုတ်ပါတယ်ကွာ..."

"ကိုကို ကျွန်တော်နဲ့မတွေ့ခင်တုန်းက ဘာရည်မှန်းထားလဲ"

ရိပေါ်ကမေးစေ့ပွတ်ကာ စဥ်းစား၏။

"အဲ့အချိန်တုန်းကတော့ ကိုကိုက မိသားစုလုပ်ငန်းတွေကို ဦးစီးနေရတာဆိုတော့ ရည်မှန်းချက်က ဘာမှန်းတောင်မသိဘူး
ကိုယ့်ဆေးကျောင်းသားလေးရောက်လာပြီးမှ ရှောင်းကျန့်ယောကျ်ားဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိသွားတာ"

"ပြောတော့ စစတွေ့တုန်းက ကျွန်တော့်ကိုမကြိုက်ဘူးဆို..."

"အခုအရမ်းကြိုက်တယ်လေ"

"အဲ့တုန်းက ကိုကိုကျွန်တော့်ကို မကြည်ဘဲနဲ့
စကားတောင် သိပ်မပြောဘူးလေ..ရိုင်းလဲရိုင်းတယ်"

အမှတ်သည်းခြေကြီးသော ဤကောင်လေးကိုရိပေါ်လက်ဖျားခါရပါသည်။

သူပြောသမျှစကားအားလုံးကို ဆေးစာတွေအပြည့်နဲ့ဦးနှောက်လေးက မှတ်ထားတော့တာပဲ။

ထိုအချိန်က ရိပေါ်ဟာ ဒယ်ဒီ့ကိုရွဲ့ချင်စိတ်ပဲရှိခဲ့တာမို့ ရှောင်းကျန့်အား ရိုင်းပြစွာဆက်ဆံမိခဲ့တာပါ။
နောက်ပြီး ရှောင်းကျန့်က သူ့ကို ဂျစ်ကန်ကန်လေးပြန်ပြောတော့ ပိုရွဲ့ပြလိုက်ခြင်းဖြစ်သည်။
အခုတော့ဖြင့် ဒယ်ဒီ့ကိုရွဲ့ချင်စိတ်ထက် ဆေးကျောင်းသားလေးကိုချစ်တဲ့စိတ်က ပိုများသွားပြီမို့....

ရိပေါ်ရှောင်းကျန့်ခါးလေးအား လက်နှစ်ဖက်နှင့်ကိုင်ကာ ပေါင်ပေါတင်လိုက်တာမို့ ဆေးကျောင်းသားလေးက သူ့ပေါင်ပေါ် ကားယားလေး။

"ဟုတ်ပါပြီ
ကိုကိုအဲ့တုန်းက ကိုကို့ကောင်လေးအပေါ် ရိုင်းခဲ့မိတာ တောင်းပန်ပါတယ်နော်
ကိုကို့ခလေးလေးက ခွင့်လွှတ်ပေးမှာလား ဟင်"

"အဲ့ကိစ္စအတွက် ကိုကို့ကိုအပြစ်တင်တာမဟုတ်ပါဘူး ခွင့်လွှတ်ပြီးသားပါ
ပြီးတော့ ကျွန်တော်လဲ ကိုကို့ကို အရမ်းချစ်တာ"

ပြောပြီး ရင်ခွင်ထဲ မျက်နှာ၀ှက်ထားသောကောင်လေးကြောင့် ရိပေါ် ကျောပြင်သေးသေးလေးကို ဖက်၍ ခေါင်းလိမ်းဆီရနံ့သင်းသင်းရနေသော ဆံပင်အုပ်အုပ်ထံ မျက်နှာအပ်ရင်း

"ကိုကိုလဲ မင်းကိုသိပ်ချစ်တယ်
ဘယ်သူမှမမြင်အောင် Luggageအိတ်ထဲထည့်ပြီး သွားလေရာ ယူသွားချင်တာ
ကိုကိုက မင်းကို လူသိရှင်ကြား တရား၀င်လက်ထပ်ပြီးမှ ကိုကို့အပိုင်အဖြစ် ကိုကို့အိမ်သူအဖြစ်သတ်မှတ်မှာ
ဒီလိုပြောလို့ ကိုကို့အားကျန့်လေး ၀မ်းမနည်းသွားနဲ့နော်"

"ကျွန်တော်သိပါတယ်
ကိုကိုက တခြားလူတွေထင်ထားတာထက် အားကျန့်ကို ပိုတန်ဖိုးထားတယ်
အားကျန့်ရဲ့ နှလုံးသားကိုရော ခန္ဓာကိုယ်ကိုပါ တန်ဖိုးထားတာ...."

ပုခုံးပေါ်မှေးတင်ကာ ရှောင်းကျန့်က ရိပေါ်ဆံပင်တို့ကို လက်ချောင်းလေးများနှင့် ဆော့ကစားနေ၏။
တစ်ချက်တစ်ချက် ရိပေါ် ပုခုံးကို သူ့မေးစေ့ဖျားလေးနှင့် ဖိတိုက်ကာ ယားအောင်လဲလုပ်တတ်သေးသည်။

၀မ်ရိပေါ်လို ရေခဲတုံးက ကလိထိုးတောင်မယားတတ်တာ ဆေးကျောင်းသားလေးမသိဘူးထင်ပါရဲ့။

ဒါပေမဲ့ ရှောင်းကျန့်ရဲ့ အပြုအမူသေးသေးလေးတွေ မျက်တောင်တစ်ချက်ခက်တာကအစ စကားပြောနေတာအဆုံး ရိပေါ်ကို တကယ်ပဲ အသဲယားစေပါသည်။

"မနက်ဖြန်ကိုကိုတို့ ပေကျင်းပြန်ကြတာပေါ့
ကိုကို ဒယ်ဒီ့ဆီမှာ အားကျန့်နဲ့လက်ထပ်ဖို့ ခြေသလုံးဖက်ရဖက်ရ မရရအောင်တောင်းဆိုမှာ..."

"ကျွန်တော် အသက်၁၈နှစ်ပြည့်ပြီးပါပြီကိုကို
ကျွန်တော်ကြိုက်တာလုပ်ပိုင်ခွင့်ရှိပါတယ်
ပြီးတော့ ကိုကိုက ကျွန်တော့်အုပ်ထိန်းသူလေ..."

လူကြီးဆန်စွာပြောလာသည့်ရှောင်းကျန့်က ရိပေါ်ပုခုံးကို မေးဖျားလေးနှင့် ပွတ်နေစမြဲ။

ရိပေါ် ခါးသေးသေးအား လက်ဖြင့်ခပ်ကြမ်းကြမ်းဖျစ်ညှစ်ကာ အံကြိတ်ထားလိုက်မိသည်။
ကြာလာရင် ဒီဆေးကျောင်းသားလေးလုပ်ပုံနဲ့ ၀မ်ရိပေါ်တို့ အစာငတ်နေတဲ့ကျား မျက်စိရှေ့မှာ လာလှဲနေတဲ့ သားကောင်ကို ငတ်ငတ်နှင့်စားသလို ဖြစ်ပေတော့မည်။

"ကိုကို့ကိုအများကြီးချစ်တယ်
ကျွန်တော်က ဘယ်သူမှသဘောမတူလဲ ကိုကိုနဲ့ပဲလက်ထပ်မှာ...
ရှောင်းကျန့်က ၀မ်ရိပေါ်အပိုင်လေ...နော်"

"အင်း!"

လည်စလုတ်ခပ်ကြီးကြီးကအထက်အောက်ရွေ့လျားသွားပြီးနောက် ရိပေါ်မှောင်မိုက်နေသည့်စိတ်တစ်ချို့ကို ကြည်လင်အောင်ထိန်းကြောင်းရင်း TVတွင် ပြသနေသော ရုပ်ရှင်ကားကိုသာ အာရုံစိုက်နေရလေသည်။

➖➖➖➖➖➖
တုန်ယင်နေသည့်လက်အစုံက ကိုင်ထားသော စာရွက်စာတမ်းတွေကို လွှတ်ချမိမတတ်။

"တကယ်ပဲ....တကယ်ပဲ ဒယ်ဒီကလေးဆန်ပြီး အမှားတွေလုပ်ခဲ့မိတာလား"

စာချုပ်တစ်ခုထဲတွင် ရှောင်းအန်နာက ရိပေါ်အား မိဘမဲ့ဂေဟာတစ်ခုမှ ခေါ်ယူမွေးစားထားကြောင်းစာချုပ်နှင့်၊နောက်ထပ်စာရွက်သည် ၀မ်ရိပေါ်နှင်းရှောင်းအန်နာဟာ သွေးသားတော်စပ်မှုမရှိ100%ဆိုသည့်အကြောင်းအရာတစ်ချို့ပါ၀င်သည်။

"ဒါဆို မင်းရဲ့ကိုယ်၀န်ကရော....
မင်းတခြားလူတစ်ယောက်နဲ့ ကိုယ်၀န်ရတာ ငါသိတယ်"

"ရှောင်းကျန့်...အင့်..ဟင့်...
ရှောင်း ကျန့် က ငါ့ ခလေးလေး...."

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
အားကျန့်က မမလီယာရဲ့သွေးသားစစ်စစ်ကွ"

"အင့်....သူ့ ခလေး က အသေ မွေးတာ....
အစ် ကိုက...လီယာ ၀မ်း နည်းမှာ စိုးလို့ ငါ့ ခလေးကို
အ စားထိုးခဲ့တာ....
ငါ့ အစ် ကိုက လီယာ့ကို သိပ် ချစ်တာ အဟင့်..."

ငိုနေသည့်သူမ၏ ပါးပြင်ရှိမျက်ရည်တစ်စက်က ကြွေပြားခင်းထားသော ကြမ်းပြင်ပေါ် တောက်ခနဲ။

"မမလီယာကို မင်းအစ်ကိုက နှိပ်စက်တယ်....
တကယ်ချစ်တာရော ဟုတ်ရဲ့လား"

"လီ ယာ က သူ့ဘာသာ ထိခိုက်အောင် လုပ် တာ
သူမက ငါ့ အစ်ကို လက် ထဲကနေ ထွက်ပြေးချင်ခဲ့တာ
ပြီး တော့ သူမကိုယ်တိုင်ပဲ...အစ်ကို့ကို စိတ်ဒဏ်ရါတွေပေးခဲ့တာ..."

၀မ်ရိလင်းမယုံနိုင်စွာ စောင်ဖြူဖြူအား  တွေတွေကြီးငေကြည့်နေမိသည်။

"ဒါကြောင့် ရိရိက အားကျန့်ကို သူ့ညီမဟုတ်မှန်းသိလို့ ခိုးပြေးသွားခဲ့တာပေါ့...."

"ရှောင်း ကျန့်.. ငါ့သားလေး အန္တရာယ် ရှိ နေတယ်
၀မ်ရိလင်း! နင် ၀မ်၀မ်လေးအပေါ် လုပ်ခဲ့မိတာတွေ အတွက် နောင် တရရင် ကျန့်ကျန့်လေး ကို ကယ်ပေးပါ"

➖➖➖➖
တစ်ဖက်တွင်တော့ ရိပေါ်နှင့်ရှောင်းကျန့်က SuperMarketingတစ်ခုတွင် စျေး၀ယ်နေကြသည်။

တစ်နေရာအရောက် ဖရဲသီးနှင့်ပက်သက်သည့် ဖျော်ရည် ကိတ်မုန့် အလှဖော်ထားသည့်ဖရဲသီးများနှင့် ဖရဲသီးအလုံးကြီးများရောင်းသည့် ဆိုင်ရှေ့ကဖြတ်သွားတော့ ရှောင်းကျန့်က ရိပေါ်လက်မောင်းကိုအတင်းဆွဲ၍

"ကိုကို ကိုကို....ဖရဲသီးဖျော်ရည်သောက်ကြမယ်.."

"ဟင့်အင်း ဖျော်ရည်ထဲမှာ ဆေးသကြားနဲ့ တခြားဓာတုပစ္စည်းတွေ ပါတယ်...
ဖရဲသီးပဲ ၀ယ်ရအောင် နော်..."

ရှောင်းကျန့်မှာ အင်းဟုပင်မလုပ်ရသေး စျေးခြင်းထဲ ဖရဲသီးတစ်လုံးထည့်သွားသောရိပေါ်ကြောင့် တစ်ယောက်သောသူမျက်နှာက ဆူပုတ်ပုတ်။

ဆရာ၀န်ထက် ပိုသိပိုတတ်နေတဲ့ လူကြီး။

ဆူပုတ်နေတဲ့ရှောင်းကျန့်မျက်နှာအနေအထားကြောင့် ရိပေါ်က ပြောလိုက်သေးသည်။

"ဖရဲသီးက ခွဲပြီးဇွန်းနဲ့ကော်စားမှအရသာရှိတာ" တဲ့လေ။

°°°°°
TBC




Zawgyi


"တကယ်ချစ်ရင် မမလီလီကို အိမ်တွင်းအကြမိးက်နည်းတွေနဲ့ နှိပ်စက်မှာတဲ့လား!

"မ  ဟုတ်ဘူး...မဟုတ် ပါ ဘူး..."


သူမကိုပြန်ကြည့်ကာ


➖➖➖➖➖➖
"ကိုကိုလေး..."


"'လေး'ဖြုတ်!"

"ဗျာ...."



"ကိုကို လို့ပဲခေါ်
လေး'မထည့်နဲ့"


"အားကျန့်.."

"ဗျာ.."





"ကိုကို့ရည်မှန်းချက်က ရှောင်းကျန့်ယောက်ျားဖြစ်ဖို့!"



"မဟုတ်ဘဲနဲ့! "

"ဟုတ်ပါတယ်ကွာ..."



"အဲ့အချိန်တုန်းကတော့ ကိုကိုက မိသားစုလုပ်ငန်းတွေကို ဉီးစီးနေရတာဆိုတော့ ရည်မှန်းချက်က ဘာမှန်းတောင်မသိဘူး
ကိုယ့်ဆေးကျောင်းသားလေးရောက်လာပြီးမှ ရှောင်းကျန့်ယောက်ျားဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိသွားတာ"


"အခုအရမ်းကြိုက်တယ်လေ"



သူပြောသမျှစကားအားလုံးကို ဆေးစာတွေအပြည့်နဲ့ဉီးနှောက်လေးက မှတ်ထားတော့တာပဲ။



"ဟုတ်ပါပြီ




"ကျွန်တော်သိပါတယ်









"အင်း!"


➖➖➖➖➖➖






အ စားထိုးခဲ့တာ....

ငိုနေသည့်သူမ၏ ပါးပြင်ရှိမျက်ရည်တစ်စက်က ကြွေပားခင်းထားသော ကြမ်းပြင်ပေါ် တောက်ခနဲ။






➖➖➖➖
တစ်ဖက်တွင်တော့ ရိပေါ်နှင့်ရှောင်းကျန့်က SuperMarketingတစ်ခုတွင် ဈေးဝယ်နေကြသည်။




ရှောင်းကျန့်မှာ အင်းဟုပင်မလုပ်ရသေး ဈေးခြင်းထဲ ဖရဲသီးတစ်လုံးထည့်သွားသောရိပေါ်ကြောင့် တစ်ယောက်သောသူမျက်နှာက ဆူပုတ်ပုတ်။




°°°°°
TBC

Continue Reading

You'll Also Like

2K 202 6
BoysPlanet ရဲ့ traineeလေးနှစ်ယောက်ဖြစ်တဲ့ Kim GyuVin နဲ့ Sung HanBinတို့ရဲ့ Shipလေးကိုသဘောကျလို့ Fanfic လေးဖန်တီးချင်လို့ပါ OTPမတူရင် ကျော်သွားလို့...
1.3K 112 3
ဟန်ထယ်ဆန်းနဲ့ဂင်အီဟန်ကို ချစ်သူများအတွက် ရည်ရွယ်သည် ။
177K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
83.5K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥