နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-43

48 1 0
By LinnLinn438


~~~~~~~

""ခွင်းရေ ခွင်း

ဟေ ဘာလဲဟင် ထဝီ ငါဒီမှာ ပုံဆွဲနေတာ

သြော် ခွင်းကဒီရောက်နေတာကို
ပြောစရာရှိလို့ရှာနေတာ

ဘာပြောမို့လဲ

ငါတို့ ဒီနှစ်ဆို ကျောင်းပြီးတော့မှာမလား

အင်း

အဲ့တာ တို့တွေကျောင်းနောက်ဆုံးနှစ်အနေနဲ့ အမှတ်တရဖြစ်သွားအောင် ပြပွဲလေးလုပ်ကြပါလားလို့ ဆရာမချိုင်ရွတ်က အကြံပေးလိုက်တယ်

နောက်ဆုံးနှစ်တွေစုပေါင်းပြီးတော့လား ထဝီ

အင်း ဟုတ်တယ် လုပ်မယ်ဆိုရင် ဆရာမကိုလာပြောတဲ့ ကျောင်းအုပ်ကိုပြောပြီးစီစဥ်ပေးမယ်တဲ့

အင်း ကောင်းပါတယ် တို့တွေရဲ့လက်ရာကိုပြသခွင့်ရမှာဆိုတော့ လုပ်မယ်လေ

အင်း ဒါဆို ဆရာမချိုင်ရွတ်ကိုသွားပြောကြရအောင်

အင်း ""

ကုန်ဆုံးခဲ့တဲ့လေးနှစ်တာကာလမှာ လူရောစိတ်ပါပြောင်းလဲသွားခဲ့တယ်
အရင်လို ဆံပင်အရှည်မထားဖြစ်တော့ပဲ ဆံပင်ကုတ်ခွဲပဲထားဖြစ်တယ်
သူငယ်ချင်းတွေနဲ့အတူရှိချိန်ကလွဲရင် တစ်ယောက်တည်းသီးသန့်နေလေ့ရှိတယ်
အားလပ်ရက်တွေမှာ အဘွားအတွက် ကုသိုလ်ကောင်းမှုလုပ်ရင်း သင်ယူနေတဲ့ပန်းချီပညာရပ်ကို တော်သထက်တော်အောင် လေ့ကျင့်နေခဲ့တယ်
မေ့ပျောက်သင့်တဲ့အရာကို မေ့ပျောက်အောင်ကြိုးစားခဲ့ရတာ ခက်ခဲလွန်းတယ်
ဒါပေမယ့် အခုထိ မမေ့နိုင်သေးတာ ဘယ်လိုလုပ်ရမလဲ

~~~~~~~~~~~~~~~~~~~~~

""သားရေ တီလေး Supermarket သွားမလို့ ဘာမှာချင်သေးလဲ

ဟင့်အင်း မမှာတော့ဘူးတီလေး

အိုကေ ဒါဆို တီလေးသွားပြီနော်

ဟုတ်ကဲ့

သြော် ဒါနဲ့ ညကသားဖုန်းကို ကိုလေးက ခေါ်မရလို့တဲ့
ပြန်ခေါ်လိုက်ပါဦး

ဟုတ် တီလေး ""

""ဟဲလို ဖေဖေ

အေး ညကသားဖုန်းကို ခေါ်မရဘူး

သားစက်ပိတ်ထားလို့ဖေဖေ

မေသင်လွင်ဆက်ပြန်ပြီလား

ဟုတ်တယ် ဖေဖေ နားညီးလို့ ခေါ်မရအောင် ပိတ်ထားလိုက်တာ

သား ဒီကိုပြန်လာဖို့မတွေးတော့ဘူးလား

မလာချင်ဘူး ဖေဖေ သားကို စိတ်ဒုက္ခပေးမယ့်သူတွေရှိတဲ့နေရာဆီ ပြန်မလာချင်ဘူး

သားအဘိုးနဲ့အဘွားက သားကိုသတိရနေတာ
အဘိုးနဲ့အဘွားကိုလာမတွေ့တော့ဘူးလား

သား စဥ်းစားနေပါတယ်

သားကျောင်းပြီးပြီဆိုရင် ဒီကိုပြန်လာတော့ကွာ
ဖေဖေမင်းကိုလုပ်ငန်းတွေလွှဲပေးပြီးအနားယူချင်ပြီ

ဖေဖေက အကောင်းကြီးရှိသေးတာကို

ဟေ့ရောင် ဖေဖေက နေမကောင်းဖြစ်မှအနားယူရမှာလားကွ

ဟားဟား စတာပါ ဖေဖေရာ

အဲ့အချိန်ရောက်မှထပ်ပြောတာပေါ့ နော့်ဖေဖေ

ဟုတ်ပါပြီကွာ ဒါဆို သားလည်း ကျန်းမာရေး ဂရုစိုက်ဦး

ဟုတ် ဖေဖေလည်းဂရုစိုက်နော်
မေမေ့ကိုတော့မမှာတော့ပါဘူး
အမြဲ ကျန်းမာသွက်လက်နေမှာအသေအချာပဲလေ

အေးအေး ဒါဆို ဖေဖေ ဖုန်းချလိုက်တော့မယ်

ဟုတ်ကဲ့ ဖေဖေ ""

ဖေဖေနဲ့အဆက်အသွယ်ရှိပေမယ့် မေမေ့ကိုတော့ လုံးဝမဆက်ဖြစ်ပါ
သူရှိနေတဲ့နေရာကိုသိပေမယ့် လိုက်လာရင် ဘယ်သူမှ မသိတဲ့နေရာဆီ ထွက်သွားမယ်ချိန်းခြောက်ထားလို့ မေမေရော မေသက်လွင်ပါ သူ့ဆီလိုက်မလာရဲတာ
တီလေးမိသားစုက သူ့အပေါ်မှာ မိသားစုအရင်းအခြာလိုဆက်ဆံတာမို့ အနေကြပ်တာမျိုးမရှိပါ
တီလေးခင်ပွန်းက နယ်သာလန်နိုင်ငံသားဖြစ်ပြီး Construction Company ထောင်ထားတာမို့ သူကျောင်းပြီးရင် Companyမှာ အလုပ်ဝင်ဖို့ စည်းရုံးနေတာ

မေသက်လွင်ကတော့ သူ့ဆီ လိုက်လာလို့မရတော့ Singapore ကနေ နားဒုက္ခလှမ်းပေးတယ်
ဖုန်းနံပါတ်အမျိုးမျိုးနဲ့ဆက်တတ်လွန်းလို့ ဖုန်းပိတ်ထားရတာလည်း ခဏခဏပဲ

~~~~~~~~~~~~~~~~

ပြပွဲနေ့~~~~~~~~~

""တီခိုင်ရေ သမီး ဒီနေ့ ပြပွဲမှာ ရှိနေမှာ နေ့လည်ပိုင်း ပြန်မလာဖြစ်ဘူး ညနေမှပြန်လာဖြစ်မယ် အဲ့တာ သမီးကို နေ့လည်စာ မစောင့်နဲ့နော်

အေးအေးသမီး တီခိုင် အိမ်အလုပ်တွေပြီးတာနဲ့ ပြပွဲကိုလာခဲ့မယ်

ဟုတ် တီခိုင် ဒါဆို သမီး သွားပြီနော် ပန်းချီကားတွေပြန်စစ်ရဦးမှာမို့လို့

အေးအေးသမီး လမ်းမှာ ဂရုစိုက်နော်

ဟုတ်ကဲ့ ""

တီ တီ တီ

""ဟဲလို ထဝီ

အေး ခွင်းရေ နင်လာနေပြီလား

အင်း ငါအခုအိမ်ကထွက်လာနေပြီ

အေး ငါပန်းချီကားတွေပြန်စစ်ထားတယ်
နင်အေးဆေးလာခဲ့နော်

ကျေးဇူးပါ ထဝီ အချစ်ကလေး

ခွင်း နင်ငါ့ကို လာချွဲနေတာဟုတ်လား

ဘာလဲ မချွဲရဘူးလား
ထိရာကပဲချွဲခွင့်ရှိတာလား

အရူးမဘာတွေပြောနေတာလဲ

အမယ် မရှက်ပါနဲ့ အစ်မကထိရာနဲ့ကြိုက်နေပြီဆိုတာငါရိပ်မိပါတယ်နော်

မသိဘူး မြန်မြန်သာလာခဲ့

ဟားဟား အေးပါ ဒါဆို ဖုန်းချလိုက်တော့မယ် ကားမောင်းနေတာမို့လို့

အင်းအင်း ခွင်း""

ထိရာက တစ်ကျောင်းတည်းတက်နေတာဆိုတော့ အရင်လိုမောင်နဲ့ခွင်းတို့အဆောင်ဆီမလာဖြစ်ပေမယ့် ကန်တင်းထိုင်တာတို့ ကျောင်းဝန်းထဲပတ်သွားနေရတာမျိုးဆိုရင် တိုက်ဆိုင်တဲ့အခါ တွေ့မိတယ်
တွေ့တဲ့အချိန်တိုင်းလည်း ထဝီ့ကိုအမြဲရှိုးနေတာ
ထဝီကလည်း ထိရာကိုတွေ့ရင် ရှက်ကိုးရှက်ကန်းနဲ့ ပါးပြင်လေးက ပန်းနုရောင် သန်းနေတာ

သူတို့၂ယောက်က ခွင်းနဲ့မောင့်ရဲ့အကြောင်းကိုအသေးစိတ်မမေးပေမယ့် ခွင်းတို့ပြတ်ဆဲသွားပြီဆိုတာကို မောင်ကျောင်းပြောင်းသွားတည်းက ရိပ်မိနေကြပါတယ်

အားလုံးကပြီးဆုံးခဲ့ပြီ အခုထိမမေ့နိုင်သေးတာကသူမပဲ

မောင်ရော သူမကိုမေ့သွားနိုင်ပြီလား

~~~~~~~~~~~~~~~~~~~~~

""ခွင်းတို့ရဲ့ပြပွဲကို လာကြည့်ကြသူကအများအပြားပါပဲ

ရှုခင်းတွေ၊သဘာဝကိုပုံဖော်ရေးဆွဲထားတဲ့ပန်းချီကားတွေ
မေတ္တာကိုဖော်ကျူးထားတဲ့ပန်းချီကားတွေ
ရေဆေး၊ဆီဆေး၊ခဲခြစ်ပန်းချီကားတွေ.....စတဲ့များစွာသောလက်ရာတို့ကို ရေးဆွဲပြသထားတာမို့ လာရောက်ကြည့်ရှုသူများက ကိုယ်သဘောကျရာ ပန်းချီကားလေးတွေကို အနုစိတ်ကြည့်ရှုနေကြတာကိုတွေ့ရတယ်

ခွင်းတို့လိုပန်းချီကားရေးဆွဲသူတွေက ကိုယ့်ပန်းချီကားရဲ့ဘေးမှာရပ်နေပြီး ကြည့်ရှုသူတွေရဲ့မေးမြန်းချက်ကိုဖြေကြားဖို့ အသင့်ရှိနေရတယ်

ထဝီနဲ့ခွင်းက ဘေးချင်းကပ်ပန်းချီကားတွေကိုပြသထားတာမို့ နှစ်ယောက်သားစကားပြောလိုက် ပန်းချီကားလေးတွေအကြောင်းရှင်းပြလိုက်နဲ့ အလုပ်ရှုပ်နေကြတယ်

""Hello miss, is this painting depicting separation, can you explain it to me?
hello miss ဒီပန်းချီကားက ခွဲခွာခြင်းကို သရုပ်ဖော်ရေးဆွဲထားတာလား
ငါ့ကို ရှင်းပြပေးနိုင်မလား""

Suitကို သပ်ရပ်စွာဝတ်ဆင်ထားပြီး လူကြီးလူကောင်းပုံစံရှိသည့် နိုင်ငံခြားသားတစ်ဦးက ခွင်းအား သူ့ရှေ့က ခွင်းရဲ့ပန်းချီကားနဲ့ပက်သက်ပြီး မေးမြန်းလာတယ်

""Yes, This painting is separation.""
ဟုတ်ပါတယ် ဒီပန်းချီကားက ခွဲခွာခြင်းပါ

""I think what sort of separation is depicted is the separation of love, right?""
ဘယ်လိုခွဲခွာခြင်းမျိုးကို သရုပ်ဖော်ထားတာလဲ
ငါထင်တာတော့ချစ်ခြင်းရဲ့ခွဲခွာခြင်းလို့ထင်တယ်ဟုတ်တယ်မလား

""Yes,as you can imagine""
ဟုတ်ပါတယ် လူကြီးမင်းထင်သလိုပါပဲ

""It depicts the separation of two lovers. It is drawn to highlight the love of two people who love each other very much but cannot meet. It is a painting that reflects nostalgia, longing, remembering, pain and heartache.""
ချစ်သူနှစ်ဦးရဲ့ခွဲခွာခြင်းကို သရုပ်ဖော်ထားတာပါ သိပ်ချစ်ကြပေမယ့် ဆုံစည်းလို့မရတဲ့လူနှစ်ယောက်ရဲ့ချစ်ခြင်းကို ပေါ်လွင်အောင်ရေးဆွဲထားတာပါ လွမ်းဆွတ်ခြင်း တမ်းတခြင်း သတိရခြင်း နာကျင်ခြင်း စိတ်နာခြင်းတွေကို ထင်ဟပ်ပေါ်လွင်စေအောင် ပုံဖော်ရေးဆွဲထားတဲ့ပန်းချီကားတစ်ချပ်ပါ

"""I love your painting. It shows what kind of subject you are painting. Your work can be one of the top artists in the art field. Now try to do better. The work of a final year student is almost professional. You are a really good painter. Miss."
မင်းရဲ့ပန်းချီကားကိုငါသဘောကျတယ် ကြည့်လိုက်တာနဲ့ ဘယ်လိုအကြောင်းအရာမျိုးကိုပုံဖော်ရေးဆွဲထားမှန်းပေါ်လွင်စေတယ် မင်းရဲ့လက်ရာက တစ်ချိန်မှာ ပန်းချီပညာရှင်နယ်ပယ်မှာ ထိပ်တန်းလက်ရာတစ်ခုဖြစ်လာနိုင်တယ် အခုထက်ပိုပြီးကောင်းအောင် ကြိုးစားပါ နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်ရဲ့လက်ရာက ပညာရှင်အဆင့်နီးပါးရှိတယ် မင်းကတစ်ကယ်တော် တဲ့ပန်းချီကားရေးဆွဲသူပဲ မစ်စ်

""Thank you for the compliment, sir. I am a painter who is about to graduate from school.""
ချီးကျူးစကားအတွက်ကျေးဇူးတင်ပါတယ်လူကြီးမင်းကျွန်မကအခုမှကျောင်းပြီးမယ့်ပန်းချီရေးဆွဲသူပါ

""As you said, almost professional work is still not good""
လူကြီးမင်းပြောသလိုပညာရှင်နီးပါး လက်ရာမကောင်းသေးပါဘူးရှင့်

""I like your humble spirit""
နှိမ့်ချစွာပြောဆိုတဲ့မင်းရဲ့စိတ်ဓာတ်ကိုသဘောကျတယ်

""I want to buy this painting, can you sell it?""
ဒီပန်းချီကားကို ငါဝယ်ချင်တယ် မင်းရောင်းပေးနိုင်မလား

""Yes, you can "
ဟုတ်ကဲ့ ရပါတယ် လူကြီးမင်း

""Ok,Thanks ""
ကျေးဇူးတင်တယ်

အသက်၃၅ဝန်းကျင်ရှိတဲ့နိုင်ငံခြားသားက ခွင်းရဲ့ပန်းချီကားနဲ့ပက်သက်ပြီးမေးမြန်းချက်တွေမေးကာ ခွင်းမောင်နဲ့လမ်းခွဲပြီးနောက်ပိုင်း ကြုံတွေ့နေရတဲ့စိတ်အခြေအနေကို ပုံဖော်ရေးဆွဲထားတဲ့ပန်းချီကားကို သဘောကျတာကြောင့် ဝယ်ယူသွားတယ်
နောက်ထပ် ထဝီရဲ့ပန်းချီကားတစ်ချပ်ကိုသဘောကျတာကြောင့် ဝယ်သွားပြန်တယ်
ဒီပြပွဲမှာ ခွင်းရောထဝီရော ပန်းချီကား၅ချပ်လောက်ရောင်းလိုက်ရတယ်
ဒီပမာဏဟာ အတော်လေးရောင်းရတဲ့ပမဏလို့ပြောလို့ရတယ် အခုမှ ပန်းချီပညာရှင်ဖြစ်ခါစသူတွေအတွက် ပန်းချီကားတစ်ချပ်ရောင်းရဖို့ဆိုတာ မလွယ်ဘူးလေ
လူတွေဟာ အနုပညာခံစားတတ်ကြပေမယ့် ထိုအနုပညာကိုပုံဖော်ဖန်တီးထားတဲ့လက်ရာတွေကို ဝယ်ယူဖို့က သိပ်မစဥ်းစားကြဘူးလေ တခြားသောနေရာတွေမှာ ပိုက်ဆံသုံးပေမယ့် ဒီလိုပန်းချီပြခန်းတွေမှာတော့ ပိုက်ဆံသုံးဖို့ဆိုတာ ခက်ခဲတယ်
ဒါ့ကြောင့် ပန်းချီလောကထဲလျှောက်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဝါသနာရယ် ကြိုးစားချင်စိတ်ရယ်ရှိဖို့လိုတယ်

ပွဲကို တီခိုင်ရော ထဝီ့ရဲ့ချစ်သူ ထိရာပါ လာရောက်ကြည့်ရှုတယ်
""ပြပွဲက အတော်လေးလူစည်တာပဲသမီး ပန်းချီကားလေးတွေကလည်း လှမှလှပဲ

ဟုတ်တယ် ထဝီ ကိုယ်လည်းလိုက်ကြည့်နေတာ ပန်းချီကားလေးတွေကို အကုန်ဝယ်ပစ်ချင်နေတာပဲ အကုန်လုံးကလှရက်နိုင်လွန်းတယ်

ဒါပေမယ့် ထိရာရဲ့ချစ်သူထဝီလောက်တော့မလှကြဘူးမလား

ဟဲဟဲ ဒါကတော့ ကျွန်တော့်ချစ်သူလေးက ကမ္ဘာပေါ်မှာ အလှဆုံးလေဗျာ

ဟားဟား ဟုတ်ပါတယ် ထိရာကိုတော့ ထဝီ့အလှနဲ့ပက်သက်ပြီး စကားမစရဲဘူး

ခွင်းနော် ထဝီ့ကိုပဲလာစနေတာ

စပါစေထဝီရဲ့ ကိုယ်ဘေးမှာရှိနေတာပဲဟာ

ထိရာ မျက်နှာပိုးသတ်နော်

ဟားဟား ဟုတ်ကဲ့ စကားနားထောင်လျက်ပါဗျာ

အဟင်း အတွဲတွေများချိုနေလိုက်တာ

ခွင်း

ခစ်ခစ်ခစ်

တခစ်ခစ်နဲ့ရယ်နေတယ်

သမီးတို့ပြပွဲပြီးပြီဆိုရင် နေ့လည်စာသွားစားကြရအောင်လေ

တီခိုင်ကတော့လုပ်ပြီ အိမ်မှာပဲ အေးဆေးနေပါဆိုတာ ထမင်းချိုင့်ကြီးထည့်လာတယ်

သမီးက နေ့လည်စာကိုအလုပ်များရင်ဖြစ်သလိုစားတတ်တာသိလို့လေ
ဒါ့ကြောင့် တခါတည်း ထည့်လာတာ

ဟုတ်တယ် တီခိုင့်အကြံကောင်းတယ်
တီခိုင့်သမီးက အမြဲ ဖြစ်သလိုစားတာပြောလည်းမရဘူး

ဟုတ်ပါ့ဟုတ်ပါ့

ထဝီမ ချွန်တွန်းလုပ်နေတယ်ဟုတ်လား

အခွင့်အရေးရတုန်းလေ

အေးနင်နာပြီမှတ်

အား ထိရာရေ ကယ်ပါဦး

ဟားဟား ""

တီခိုင်က ထိုင်းကိုရောက်ပြီးသိပ်မကြာဘူး ထိုင်းဘာသာစကားကို ခွင်းဆီကနေပြန်သင်ခဲ့တယ်
ခွင်းနဲ့ဒီမှာနေရမှာဆိုတော့ ခွင်းမပါဘဲအပြင်သွားရင် အဆင်ပြေအောင်ဆိုပြီးသင်ယူခဲ့တာ
အခုဆို တော်တော်လေးပြောတတ်နေပြီ ထဝီတို့ထိရာတို့နဲ့တောင် ခင်မင်နေပြီ

~~~~~~~~~~~~~~~~~~~

""အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်လို့နေပြီ
အခုထိ အသားမကျသေးတာ သူ့နှလုံးသား

ကျောင်းပြီးဖို့ကတစ်နှစ်လိုသေးပေမယ့် အခုကတည်းက လုပ်ငန်းအတွေ့အကြုံရအောင်
လေးလေးက သူ့Companyမှာ အလုပ်သင်အဖြစ်ဝင်ခိုင်းထားပြီး တာဝန်ပေးထားတယ်
သူ့ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် လေးလေးက Project တွေအများကြီးလက်ခံလာရတယ်
သူအလုပ်မဝင်ခင်ကလည်း Project တွေအများကြီးလက်ခံထားရတာ သူပါအလုပ်ဝင်လာတော့ Company က အရင်ကထက် အလုပ်ပိုများလာတယ်

ကျောင်းသွားလိုက် Company သွားလိုက်နဲ့ သူ့ရဲ့တစ်နေ့တာက ဒီလိုပဲကုန်ဆုံးနေတယ်

""ရောင်နီကိုကြိုလင့်တဲ့ပန်းကလေးတွေ အချစ်ဆုံးရဲ့အနံ့အသက်ကို ယူခဲ့ပြီ

နေဝင်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ
အချစ်ဆုံးရဲ့သတင်းစကားကိုဆောင်ခဲ့ပြီ

နေခြည်တွေခြုံလွှမ်းတွေနံနက်ခင်းမှာ အချစ်ဆုံးရဲ့အနွေးဓာတ်ကိုပြန်ရပြီ

လေပြည်ကလေးဆော့ကစားတဲ့ညချမ်းမှာ အချစ်ဆုံးရဲ့အထိအတွေ့ကိုပြန်သိပြီ

ဘယ်ဆီကိုရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့......

ရင်ထဲကတန်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့ အကုန်ဝိုင်းပြီးသနားကြတယ်အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှမရှိတော့တာမသိဘူးရယ်

ဘယ်ဆီကိုရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့......

ရင်ထဲကတမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ်

လူတွေက ကိုယ်တို့နှစ်ယောက်ခွဲရလို့ အကုန်ဝိုင်းပြီးသနားကြတယ်အချစ်ကလေးရယ်

ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှမရှိတော့တာမသိဘူးရယ်"""

အိုး အိုး အိုး~~~~~~~~~~

""ရောင်နီကိုကြိုလင့်တဲ့ပန်းကလေးတွေ အချစ်ဆုံးရဲ့အနံ့အသက်ကို ယူခဲ့ပြီ

နေဝင်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ
အချစ်ဆုံးရဲ့သတင်းစကားကိုဆောင်ခဲ့ပြီ~~~~""

သီချင်းသံအဆုံးမှာ သားနေ မျက်ရည်ကျသွားတာကို တွေ့လိုက်ရတယ်
မြန်မာမှာနေခဲ့တုန်းက အချစ်ဇာတ်လမ်းလေး ရှိခဲ့ပုံရတယ်
ညဘက်တွေမှာ တစ်ခါတစ်လေ ဂစ်တာတီးရင်းသီချင်းဆိုနေတာကို ကြားရလေ့ရှိတယ် အခုလည်း
ဝရံတာမှာ သီချင်းဆိုနေတာကိုတွေ့လို့ ရပ်ကြည့်နေတာ

""ဒီသီချင်းတွေက ကိုယ်ကြိုက်လို့အမြဲနားထောင်ဖြစ်တဲ့သီချင်းတွေ အခုတော့ ကိုယ့်ခံစားချက်တွေနဲ့တစ်ထပ်တည်းကျနေတဲ့သီချင်းတွေဖြစ်နေပြီ

ကိုယ်မင်းကို လွမ်းတိုင်း ဒီသီချင်းပဲအမြဲဆိုဖြစ်တယ်
ကိုယ်နဲ့မင်းက မတူညီတဲ့နေရာမှာရှိနေတယ်ဆိုပေမယ့် ကိုယ့်နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာမင်းရှိနေတယ်ည

အကယ်၍ အကယ်၍များပေါ့နော် မင်းသာကိုယ့်ရင်ခွင်ဆီပြန်ရောက်လာတဲ့အခါ ကိုယ်မင်းကို ဘယ်တော့မှ လွှတ်ပေးတော့မှာမဟုတ်ဘူး

ဖြစ်နိုင်ရင် အခုမင်းကိုခိုးပြေးပြီး ဘယ်သူမှ လက်လှမ်းမမီတဲ့ ရှာမတွေ့နိုင်တဲ့နေရာဆီခေါ်သွားပြီး ကိုယ်နဲ့မင်းနှစ်ယောက်တည်း အေးချမ်းသာယာတဲ့ဘဝလေးကို တည်ဆောက်ချင်တယ်
ဒါပေမယ့် မင်းက ကိုယ့်နောက်ကိုလိုက်မှာမဟုတ်သလို မင်းကို တန်ဖိုးမဲ့စေမယ့်လုပ်ရပ်မျိုး ကိုယ်မလုပ်နိုင်ဘူး~~~""

~~~~~~~~~~~~~~~~~~~~~~~

~~~ခွင်းတို့တွေ ပြပွဲပြီးတာနဲ့ နေ့လည်စာစားဖို့ ပြခန်းထဲကနေ ထွက်လာတဲ့အချိန်
""Hey Miss

yes.....

Can you give me some time to talk to Miss?
စကားပြောချင်လို့ အချိန်လေးပေးနိုင်မလား

Yes, what do you want to say?
ဟုတ်ကဲ့ရပါတယ် ဘာပြောချင်လို့လဲ

ခွင်းနဲ့ထဝီ့ရဲ့ပန်းချီကားတွေကိုဝယ်သွားတဲ့နိုင်ငံခြားသားကနေ စကားပြောခွင့်တောင်းလာတယ်

~~~~~~~~~~~~~~~

""မေသက်လွင် မင်းဘာလို့ကိုယ့်ကိုဖုန်းမဆက်တာလဲ

ဘာဖြစ်လို့လဲ ခန့်နောင်

မင်းကိုယ့်ဖုန်းကိုမကိုင်တော့ကိုယ်စိတ်ပူရတယ်လေ""

~~~~~~~~~~~~~~~~~~~~~~~~

Part-44မျှော်
Author Ester Linn

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
12.2K 549 12
HunHan Type- Normal ငယ်​စဉ်​ကတည်းက အိမ်ချင်းကပ်လျက်​​​​သူငယ်​ချင်းမ​လေးကိုတိတ်​တခိုးချစ်​ခဲ့ရသူ မိန်းက​လေးဆိုလျှင်​ သူ၏ အ​မေ နဲ့ Luhanဆို​သော မ...
28.8M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...