နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-35

66 2 0
By LinnLinn438

"ညတို့ နှစ်ပတ်လောက် အဆက်အသွယ်မလုပ်ဖြစ်ဘူး....ကျူရှင်မှာ အတူရှိပေမယ့် အများနဲ့လိုက်လျောညီထွေနေရတာမို့ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်ရှိခွင့်မရဘူး
မျက်လုံးချင်းသာ စကားပြောနေမိတယ်......
"ညလည်းသတိရတာပေါ့ဂုဏ်ရယ်......နေ့စဥ်ပြောနေကြ"ချစ်တယ် "ဆိုတဲ့ စကားကိုလည်း  ပြောချင်ပါတယ် ဒါပေမယ့် ညတို့ကို သတိထားမိသွားကြမှာစိုးလို့ ဆင်ခြင်ရမယ်မလား......."

"အန်ကယ်က သဘောကောင်းတာကြောင့် ညတို့ဆက်ဆံရေးနဲ့ပက်သက်ပြီး စိတ်ပူစရာမရှိပါဘူး
ညကို သမီးလေးလို ဆက်ဆံပါတယ်.....ခက်တာက အန်တီဒေါ်ခက်ဂုဏ်လင်းပဲ

ဂုဏ်နဲ့စေ့စပ်ထားတယ်ဆိုတဲ့မေသက်လွင်က ချစ်စရာကောင်းပါတယ်....သူ့ရဲ့ရဲတင်းတဲ့အပြုအမူတို့ကိုဖယ်လိုက်ရင် ရိုးသားဖြူစင်တဲ့မိန်းကလေးတစ်ယောက်ပါ

ဂုဏ်နဲ့ညရဲ့အနာဂတ်ကို တွေးကြည့်ရင် အခုလို အတူရှိနိုင်ပါ့မလား......ဂုဏ်ကညကိုသိပ်ချစ်တာသိပေမယ့် ရွေးချယ်ရတော့မယ်ဆိုရင် ဂုဏ် ရွေးချယ်နိုင်ပါ့မလား

ညကမိန်းကလေးမို့ ဂုဏ်နဲ့ပက်သက်ရင် စိတ်ခံစားချက်က အားငယ်တယ်....အတွေးလွန်တယ်ဂုဏ်ရယ်

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ရန်ကုန်မြန်မြန်ပြန်ပါတော့မေမေရယ်....ဒီအရှုပ်တွေကိုလည်းခေါ်သွားပေးပါ.....ပြန်မယ့်ရက်ကိုပဲရောက်နေပြီ ဘာလို့မပြန်ကြသေးတာလဲ.....
ညကိုအရမ်းလွမ်းနေပြီ နေ့တိုင်း ပြောနေကြဖုန်းလည်းပြောချင်ပြီ Viedo Callလည်းမပြောရတော့ လူမှာ  ရူးမလိုပဲ.....ညကိုမြင်သာမြင်မကြင်ရတဲ့ဘဝရောက်နေတယ်.....ကျူရှင်မှာကျ "နင်၊ငါ"ကိုပဲ ပြောနေရတာ သူ့မှာ ကိုယ့်ချစ်သူကို ယုယခွင့်မရဘူး......

ဖေဖေက ဘိုးဘိုးကိုပြောပြထားလားမသိဘူး
သူ့ကိုတွေ့ရင် ပြုံးစိစိနဲ့ စကားပြောရင်လည်း မထိတထိကပြောလိုက်သေးတယ်...........

***********************************************

"ကိုနေနဲ့ညသံသရာခွင်းကိုစောင့်ကြည့်ချင်ခဲ့ပေမယ့် ကိုနေ့ဖေဖေက သက်ကိုလိုက်ခွင့်မပေးဘူး.......အန်ကယ်ပဲသွားကြိုတယ် ပြီးရင် ချက်ချင်း အိမ်ပြန်မလာဘူး အပြင်မှာ တစ်နာရီလောက် အချိန်ကြာပြီးမှပြန်လာတယ်
ညနေစာအတူစားလိုက်ရတာက မေခက်ကြောင့်သာ
ထိုနေ့က မေခက်အတင်းအကြပ်လုပ်လို့သာ ကိုနေ့ကို ညစာထမင်းဝိုင်းမှာအတူတွေ့ရတာ.....အဲ့နေ့က ကိုနေ့မျက်နှာက တစ်ကယ် ပုံမှန်တွေ့နေကြပုံစံမဟုတ်ဘူး အေးစက်လွန်းတယ်.......
ကိုနေ့ဘိုးဘိုးနဲ့ဘွားဘွားကလည်း မျက်နှာမကောင်းဘူး.........သက်ကလည်း ကိုယ့်ကိုမလိုလားတဲ့အရိပ်အယောင်တွေကို အဘိုးနဲ့အဘွားဆီမှာမြင်နေရတာကြောင့် ကိုယ့်ဘာသာပဲနေတယ်

သက် ပြင်ဦးလွင်ကနေမပြန်ခင်မှာ ကိုနေနဲ့ညသံသရာခွင်းရဲ့အခြေအနေကိုသိချင်တယ်
ဘယ်လိုလုပ်ရမလဲ
ဒီအတိုင်း ကိုနေ့ကိုသွားမေးပြန်ရင်လည်း အဖြေပြန်ရမှာမဟုတ်ဘူး
မနက်ဖြန်ဆိုရင်ပဲ ပြန်ရတော့မယ် မာမီတို့က အလုပ်တွေနဲ့ သက်ကလည်း ကျောင်းပြန်ဖွင့်တော့မှာ
************************************************

ခက် သားနောက်ကို လူလွှတ်စုံစမ်းကြည့်တယ်
ဒီရက်ပိုင်း သားအဖေကသွားကြိုနေတော့ သူတို့သားအဖကော်ဖီဆိုင်ထိုင်ရင်ထိုင် မထိုင်ရင် ကြက်တောင်ရိုက်ကွင်းသွားရင်သွား....စာအုပ်ဆိုင်ထဲမှာ စာအုပ်ထိုင်ဖတ်နေရင်ဖတ် ဒါပဲပြန်သိရတယ်......ဟိုမိန်းကလေးနဲ့ကလည်း သူငယ်ချင်းလိုပဲလို့ ပြန်သိရတယ်.........သူမလည်း ငယ်ရာကနေကြီးလာတာပါ....သားနဲ့အဲ့မိန်းကလေးရဲ့ကြားမှာ သေချာပေါက် တစ်ခုခုတော့ ရှိနေတယ်။
သူမရန်ကုန်ပြန်သွားရပေမယ့် ထိုလူကိုတော့အမြဲစုံစမ်းခိုင်းဖို့မှာခဲ့တယ်

**********************************************

နောက်ဆုံးတော့ စိတ်ရှုပ်စရာတွေ ပြန်သွားကြပြီ
အား.......သူလွတ်လပ်ပြီကွ........ညနဲ့လွတ်လွတ်လပ်လပ်တွေ့လို့ရပြီ ဖုန်းလည်းပြန်ပြောရတော့မယ်
ပျော်လိုက်တာကွာ
ဒီ၂ပတ်က သူ့အတွက် တစ်ကယ် စိတ်ဆင်းရဲခဲ့ရတဲ့ရက်တွေပဲ
ဖေဖေကတော့ ဘာမှစိတ်မပူဖို့မှာခဲ့တယ်

"ဟဲလို ည......အခုဘာလုပ်နေလဲ ကိုယ်အခုတော်တော်ပျော်နေတာသိလားည

အဟင်း ဧကန္တ ဂုဏ့်မေမေတို့ပြန်သွားပြီထင်တယ်

သေချာတာပေါ့ဗျာ.......ကိုယ်အခုလွတ်လပ်သွားပြီ ညဆီဖုန်းမဆက်ရတဲ့နေ့တွေမှာ ကိုယ်လေလွင့်နေတဲ့အတိုင်းပဲ.....ရူးချင်တယ် ကိုယ့်မှာ ကြင်နာစကားလေးတွေလည်းမပြောရ......

ဂုဏ်ကတော့ ပိုပြီ

မပိုပါဘူးဗျာ ကိုယ့်ခံစားချက်အမှန်တွေပါ.....ဘာလဲ ညကကိုယ့်ကိုမယုံဘူးလား

အဟင်း ယုံပါတယ်ရှင်

ဒါပေါ့ မယုံလို့မရဘူးနော်

အဟင်းဟင်း.............................

မနက်ဖြန် ကျူရှင်ဆင်းရင် ကိုယ်တို့အေးဆေးတွေ့ကြမယ် ညဘွားဘွားကိုပြောခဲ့နော်

အင်းပြောခဲ့မယ်ဂုဏ်......

ချစ်တယ်နော် ည......ကိုယ်တစ်သက်လုံးချစ်သွားမှာမင်းကိုပဲ.....ကိုယ့်ရင်ထဲနေရာယူထားတာမင်းတစ်ယောက်တည်းပဲ....မင်းကိုကိုယ်သိပ်ချစ်တယ်

ဂုဏ့်ကိုချစ်တယ်.......စကားတွေအများကြီးဖွဲ့နွဲ့မပြောတော့ဘူး ဂုဏ့်ကိုသိပ်ချစ်တယ်

ယုံပါတယ်ဗျာ ဒါဆို ညအိပ်တော့နော် ကိုယ်ဖုန်းချလိုက်တော့မယ်

အင်း ဒါဆို Good night နော်ဂုဏ်

Good night ပါဗျာ "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဂုဏ် ..........
ညတို့ အအေးဆိုင်ထိုင်မှာလား

ဟင့်အင်း ည
ကိုယ်တို့နှင်းဆီခြံကြီးထဲသွားကြမယ်
ဟိုကောင်တွေပါတစ်ခါတည်းခေါ်သွားလိုက်မယ်
ကိုယ်တို့ချည်းပဲသွားရင် ညအတွက် မသင့်တော်ဘူးလေ

အင်း ရတယ်ဂုဏ် သူငယ်ချင်းတွေပါအကုန်လိုက်မယ်ဆိုတော့ပိုပျော်ဖို့ကောင်းတယ်

အင်း ကျူရှင်ကျမှ ခန့်ညားတို့ကိုပြောလိုက်မယ်

အင်း ဂုဏ် "

"သွင်ထက် ခန့်ညားတို့ရော

အပြင်မှာ မုန့်သွားဝယ်တယ်.....

အေး ညနေကျူရှင်ဆင်းရင် ငါတို့ ဟိုတစ်ခါ သွားတဲ့ နှင်းဆီခြံကြီးထဲမှာ ခဏအချိန်သွားဖြုန်းကြမယ်

တစ်ကယ်လား နေလင်း

သြော် မင်းတို့ပြန်လာပြီပဲ....ဘာတွေသွားဝယ်ကြတာလဲ

ခက်အတွက်ပါကွာ......ငါမစားဘူး နောက်ပြီး သမုစုတ်ကပါထပ်မှာနေလို့လေ

ငါကနည်းနည်းပဲမှာတာပါဟာ.........နင့်ခက်သာအများကြီးမှာတာ

ကဲကဲ တော်တော့ နေလင်းမင်းခုနကပြောတာသေချာတယ်နော်

အေးသေချာတယ် အစကညနဲ့ငါပဲသွားမလို့ ဒါပေမယ့် မင်းတို့ပါလိုက်ခဲ့ရင်ပိုပျော်ဖို့ကောင်းလို့....နောက်ပြီး မင်းတို့ပါသဘောကျတယ်မလား

ရတယ် နာရီဝက်လောက်ပဲ နေကြမယ် ကြာနေရင် ငါတို့ကိုအိမ်ကစိတ်ပူနေလိမ့်မယ် ဖုန်းလည်းပါလာတာမဟုတ်ဘူး

အေးရတယ် ငါတို့လည်း ခဏပဲနေမှာ ညနဲ့အေးဆေးမတွေ့ရတာကြာပြီ ....."

............................................................................

"Wow!!
လန်းဆန်းလိုက်တာ ရှုရှိုက်လိုက်တိုင်းမှာ နှင်းဆီနံ့လေးတွေကပ်ပါလာတာကတစ်ကယ်သဘောကျတယ်........."

ခြံစောင့်ဦးလေးဆီက ထိုင်စရာအခင်းသွားယူပြီး ဖြန့်ချကာ သူတို့အားလုံးထိုင်ပြီး လေကိုရှုရှိုက်ရင်း အပန်းဖြေနေမိတယ်

"ငါတို့နောက်နှစ်တွေကျရင်ဒီလိုအတူရှိနေနိုင်ပါဦးမလား

"ရှိနိုင်တာပေါ့ ငါတို့သာအမြဲအဆက်အသွယ်ရှိနေရင်ရပြီလေ နောက်ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ထဲမှာ အမြဲသတိရနေရဖို့လည်းလိုအပ်တယ်

ဒါပေါ့ ငါတို့ကအမြဲမခွဲအတူရှိနေမယ့်သူငယ်ချင်းတွေ.....

ထောက်ခံတယ် "

**********************************************

အခုသူတို့နှစ်ယောက်က နှင်းဆီခင်းရဲ့အလည်မှာလမ်းလျှောက်ရင်း စကားပြောနေတာ.................
ဟိုလေးကောင်ကိုတော့ နှင်းဆီခင်းအစပ်မှာထားခဲ့တယ်.......

"ဒါဒုတိယအကြိမ်မြောက်လာခြင်းနော်ဂုဏ်
နှင်းဆီခင်းကအရောင်စုံစိုက်ထားတာဆိုတော့ မြင်ရတာ သိပ်လှတာပဲ.....အနီရောင်နှင်းဆီခင်းကတစ်ကယ်လှတယ်.......

နှင်းဆီနီက ချစ်ခြင်းတရားကိုကိုယ်စားပြုတယ်ဆိုတာ ညသိတယ်မလား

အင်း သိတယ် ဂုဏ်
ဂုဏ့်ကိုကျေးဇူးတင်ပါတယ် ညကို သည်လိုနှင်းဆီခြံကြီးထဲခေါ်လာပေးလို့

မလိုပါဘူးဗျာ ညစိတ်တိုင်းကျ အမြဲ လိုက်လျောပေးမှာ

အဟင်း......"

နှစ်ဦးအကြား စကားတို့သိပ်မဆိုဖြစ်ပေမယ့် ချစ်ရသူလက်ကိုကိုင်ကာ နှင်းဆီခင်းထဲလျှောက်ရတဲ့ခံစားချက်က ပြောမပြတတ်အောင် နှလုံးသားထဲမှာ တစိမ့်စိမ့်စီးဆင်းနေတယ်

ညနေ၄နာရီခွဲမှာ နှင်းဆီခြံကနေ အသီးသီး စက်ဘီးနင်းကာ အိမ်ပြန်ခဲ့ကြတယ်

*********************************************

ဦးနေရိပ်သာ မြေးငယ်အကြောင်းကိုစုံစမ်းဖို့မှာထားတဲ့သူကို ကြိုတင်နှုတ်ပိတ်ထားတယ်
ထိုလူကတခြားသူမဟုတ်ဘူး.....သူ့အိမ်က ခြံစောင့်မောင်စိုးပဲ......မောင်စိုးက သူ့အိမ်မှာ အလုပ်လုပ်လာတာလည်းကြာပြီ.....မြေးငယ်ကိုလည်းချစ်တဲ့သူမို့ သိပ်ပြီး ပြောစရာမလိုဘူး သူကြိုတင်နှုတ်မပိတ်ခင်ကတည်းက သူ့ချွေးမဖြစ်သူကို မြေးငယ်နဲ့သမီးခွင်းရဲ့အကြောင်းကို ပြန်မပြောပြထားဘူး
သားဖြစ်သူရဲ့အကြောင်းကို သူသိချင်တာမသိရလို့ ရန်ကုန်ပြန်သွားရတာတောင် ဆက်စုံစမ်းပြီး သူမကို သတင်းပို့ဖို့မှာထားခဲ့သေးတာ.........ချွေးမဖြစ်သူခက်ဂုဏ်လင်းကတော့ တစ်ကယ် မလွယ်ကြောပဲ
သူတို့ကလည်းရအောင်ဖုံးထားပေးဦးမှာ.....ကလေးတွေက စည်းကမ်းရှိရှိနေတာ....ဘာမှ အပြစ်ပြောစရာမရှိဘူး.........

သူ့သားနေမင်းပြောပြလို့သာ သိရတာ ဒီကောင်လေး အဘိုးကိုမပြောပြဘူး......
ထင်တော့ထင်သား သမီးခွင်းနဲ့ပက်သက်ရင် ဒီကောင်လေးမူသိပ်မမှန်ဘူး......
ဒီကိစ္စကို သက်လျာကိုပြောပြရမယ်
(နင်တော့သွားပြီဂုဏ်ရေ တစ်မျိုးလုံးတစ်ဆွေလုံးသိတော့မယ်😂😂)
**********************************************

ရက်တွေလတွေကြာပြီးအချိန်တွေကုန်လာလိုက်တာ သူတို့တွေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုခဲ့ပြီးပြီ

ကုန်ဆုံးခဲ့တဲ့အချိန်တွေမှာ ကိုယ့်ရည်မှန်းချက်ကိုလျှောက်ဖို့ စာကိုသာအပတ်တကုပ်ကြိုးစားခဲ့ကြတယ်

အခုကတော့ သူတို့၆ယောက်စလုံး အားလပ်နေတဲ့အချိန်ပေါ့

ဘာသာစကားတွေသင်တဲ့သူသင်၊ကိုယ်စိတ်ဝင်စားတဲ့သင်တန်းတွေတက်နေတဲ့သူကတက်နဲ့ အလုပ်များနေကြတယ်

မကြာခင်မှာ အောင်စာရင်း ထွက်မယ့်အချိန်လည်းရောက်တော့မှာမို့ သူတို့အားလုံး အောင်စာရင်း ထွက်မယ့်နေ့မှာ နေမထိထိုင်မသာဖြစ်နေကြတယ်။

ညကျရင် အကုန်လုံး စုပြီး ကျောင်းမှာ အောင်စာရင်း သွားကြည့်ကြမှာမို့ ဂုဏ်တို့အိမ်မှာပဲ ချိန်းထားကြတယ်။

"ဟဲ့ ငါရင်တွေခုန်နေပြီနော် ညနေပဲရှိသေးပေမယ့် ရင်ထဲမှာ ဘယ်လိုကြီးမှန်း မသိဘူး "

အခုကသူတို့အားလုံး Goup viedo callခေါ်ပြီး စကားပြောနေကြတာ

"နင်ကဘယ်လိုကြီးမှန်းမသိတာ ငါကငါဘာဖြစ်နေမှန်းကိုမသိတာ

ဒါဆို သွင်ထက်နဲ့သမုကို ရွာသာကြီးပို့ရအောင် ဘာဖြစ်လို့ဖြစ်မှန်းမသိကြဘူးဆိုတော့ ဆေးရုံပို့လည်းဆရာဝန်က ဘာဖြစ်တာလည်း မေးရင် ဒီနှစ်ကောင် ပြန်ဖြေတတ်မှာမဟုတ်ဘူး
အဲ့ကျရင်ဆရာဝန်က ရူးနေတာထင်ပြီး ရွာသာကြီး ပို့မှာ ငါ့သူငယ်ချင်းလေးတွေကားနှစ်ခါစီးရမှာစိုးလိူ့ တစ်ခါတည်း ရွာသာကြီး လိုက်ပို့ပေးမယ်

ဟားဟားဟားဟား

အေးမင်းတို့အဝရယ်နေလိုက် တကယ်ပြောနေတာပါဆိုလာနောက်နေတယ်

ငါတို့အကုန်လုံးသေချာကြိုးစားခဲ့တယ်ဆိုတာအားလုံးသိနေတာပဲ စိတ်ပူစရာမရှိပါဘူး အကုန်လုံးအောင်ကြမှာပါ

ငါတိုတစ်ဖွဲ့လုံးအောင်မယ်ဆိုတာသိတယ် ဂုဏ်ထူးကိုပဲစိတ်ပူတာ

ပူမနေနဲ့ မင်းလည်းဂုဏ်ထူးပါမှာ

ညစကားဝင်ပြောလေ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား

ဟင့်အင်းမဟုတ်ပါဘူး ကောင်းပါတယ်

အင်းကိုယ်ကညငြိမ်နေလို့စိတ်ပူနေတာ

RS တွေမျက်စိကိုနောက်တယ်

ဟားဟားဟား.......

ဒါနဲ့ ညကျရင်ဘယ်နှနာရီလာခဲ့ရမလဲနေလင်း

၉နာရီလောက် လာခဲ့လိုက် မင်းတို့မိဘတွေပါပါလာမှာမလား

အေးလူကြီးတွေက မင်းတို့အိမ်မှာကျန်နေခဲ့လိမ့်မယ်
ငါတို့က ည၁၂နာရီထိုးတာနဲ့ကျောင်းကိုသွားကြမယ်လေ အဲ့အချိန်က ကြောက်စရာတော့မရှိပါဘူး အောင်စရင်းကြည့်မယ့်ကျောင်းသားကျောင်းသူတွေနဲ့ပြည့်နေမှာဆိုတော့

အင်းရတယ် ခန့်ညား "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Part-36မျှော်
Author Ester Linn




Continue Reading

You'll Also Like

1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
222K 36.6K 98
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။