နောင်တတို့ပါဝင်နေသောချစ်ခြင်း...
By LinnLinn438
4.9K 116 0
မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️
Part-34 ဒုတိယပိုင်း
53 1 0
By LinnLinn438
"ကိုနေ့.............."
မေသက်လွင် သူက ဘာလို့ ဒီအိမ်ကိုရောက်နေတာလဲ.......
ဂုဏ် အိမ်ပြန်ရောက်ချင်း အိမ်ထဲကနေ မေသက်လွင်ထွက်လာကာ သူ့ဆီပြေးလာတယ်.......
"သက်ကလေ ကိုနေ့ကိုအရမ်းလွမ်းနေတာ.....ဟိုမှာကျောင်းတက်ရတာအဆင်ပြေပေမယ့် ကိုနေ့ကိုသတိရနေတာ.....ကိုနေရော ဒီမှာ ကျောင်းတက်ရတာအဆင်ပြေရဲ့လား....ဒီကပညာရေးကကိုနေ့အတွက် အဆင့်မီရဲ့လား......
မင်းစကားကိုရပ်လိုက်တာကောင်းမယ်....မင်းမွေးကတည်းကနေလာတာ ဒီနိုင်ငံမှာ.... မင်းပညာစသင်ခဲ့တာလည်း ဒီနိုင်ငံမှာ..... မင်းမိဘတွေ ကြီးပွားတိုးတက်နေတာလည်းဒီနိုင်ငံမှာ......မင်းသုံးဖြုန်းနေတဲ့ပိုက်ဆံကိုရနေတာလည်း ဒီနိုင်ငံကနေရနေတာ.....အဲ့တာကိုမင်းမမေ့နဲ့
မင်းမိဘတွေ ငွေကြေးတတ်နိုင်လို့ တခြားနိုင်ငံမှာကျောင်းတက်ပြီးပညာသင်ယူနိုင်တာကို အဟုတ်ကြီးမှတ်မနေနဲ့.....ဒီနိုင်ငံရဲ့ပညာရေးက အောက်ခြေလူတန်းစားတွေနဲ့ ပုံမှန်လူလတ်တန်းစားလူတွေအတွက်တော့ အဆင့်မီတဲ့ပညာရေးပဲ....ပညာဆိုတာ စာသင်ဖို့တစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူး.....အမှား၊အမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ စကားကို ပြောသင့်မပြောသင့်စဥ်းစားနိုင်စွမ်းလည်းပါဝင်တယ်.......
Wow!!ကိုနေက နိုင်ငံသားကောင်းပီသသားပဲ.....ဟုတ်ပါပြီရှင် သက်စကားမှားသွားတာကိုတောင်းပန်ပါတယ်နော်....သက် ဒီကိုလိုက်လာခဲ့တာ ကျောင်းပိတ်ရက်၁၀ရက်ကို ကိုနေနဲ့အတူရှိချင်လို့.....
သက်မိဘတွေလည်းပါတယ်....အပန်းဖြေခရီးထွက်လာတဲ့သဘောအနေနဲ့ ကိုနေတို့ဆီလိုက်လာခဲ့တာ...."
တောက်ခ် မေမေ ဒီကိုလာတာ စိတ်ရှုပ်စရာတွေ သယ်လာတာပဲ အကြံရှိလို့မေမေ သူ့ဆီလာတာ.....
"မြေးငယ်ပြန်ရောက်ပြီပဲ.....
ဟုတ် ဘွား....သားသွားနားတော့မယ်
အေးအေး ညနေထမင်းစားခါနီးမှဘွားလာခေါ်မယ်
ဟုတ်ကဲ့ ဘွား "
"သားငယ် မေမေတို့နဲ့ခဏစကားပြောပါဦးလား
ဒီမှာ အန်တီတို့လည်းပါလာတာဆိုတော့
သားပင်ပန်းလာလို့နားချင်ပြီ ခွင့်ပြုပါဦး"
ဒေါ်ခက်ဂုဏ်လင်း လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ် သားငယ် သူမကိုအရှက်ခွဲနေတာ
လွှမ်းတို့ပါလာတာကိုလာမနှုတ်ဆက်ပဲ အပေါ်ထပ်တန်းတက်သွားတာ သမီးမေသက်လွင်ကလည်း မျက်နှာသိပ်မကောင်းဘူး သူမ သားငယ်နဲ့ စကားပြောဦးမှပါပဲ
ဒေါ်သက်လျာမေ မြေးငယ် စိတ်ရှုပ်နေမှန်းသိလို့အပေါ်ထပ်တန်းတက်ခိုင်းလိုက်တာ ဒါတောင် ဟိုကလေးမ စကားသွားပြောလို့ မြေးငယ်မျက်နှာက တော်တော်စိတ်ရှုပ်နေပုံရတယ်
သူမရဲ့ချွေးမဖြစ်သူကိုတော့ ပြောချင်ဆိုချင်နေတာပါးစပ်ကိုယားနေတာပဲ....ဖုန်းဆက်ထားတုန်းက သူမတို့လင်မယားပဲလာမယ်အမေလို့ပြောထားပြီး အခုကျတော့ မတော်ရသေးတဲ့ ခမည်းခမက်တွေကိုပါခေါ်လာတာ တော်သေးတယ် ဒီအိမ်မှာ မတည်းလို့.....
သားက ခက်ရဲ့အစီအစဥ်ကြောင့် သူတို့ရှိရာကိုမလာဘဲ အနားယူမို့အပေါ်ထပ်တက်သွားတယ်
"ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ သားဆီခဏသွားမလို့....
သြော် ဟုတ်ကဲ့ ရပါတယ် ကိုနေမင်း..."
သမီးနဲ့စေ့စပ်ထားသူကောင်လေးရဲ့လုပ်ရပ်ကိုသဘောမတွေ့ပေမယ့် ကိုယ်တွေက ဧည့်သည်အဖြစ်ရောက်နေတာမို့ စိတ်ထိန်းပြီးသာ ပြုံးနေရတယ်....
******************************************
"ဒေါက်ဒေါက်ဒေါက် ဖေဖေဝင်လာမယ်နော်သား
ဟုတ်ကဲ့
သား...အဝတ်အစားမလဲသေးဘူးလား.....
စိတ်ရှုပ်လို့ပါဗျာ......မေမေက ဘာလို့ မေသက်လွင်တို့မိသားစုတို့ကိုခေါ်လာရတာလဲဗျ......
သားအမေက သူလုပ်ချင်ရင်ဘာမှမကြည့်ပဲစွတ်လုပ်တာလေ.....ဖေဖေတောင် မသိဘူး သွားခါနီးမှ မနီရောင်လွှမ်းတို့က ကားနဲ့ဖေဖေတို့ဆီကိုရောက်လာတာ.......
အဲ့အချိန်ကျတော့ တားမရတော့ဘူးလေ......
သားဘာ့သာ ဒီမှာ အေးဆေးပျော်နေတာကိုဗျာ ဘာလို့ စိတ်ဒုက္ခလာပေးရတာလဲ......သားကိုစိတ်ချမ်းသာမှုလေးတောင်မပေးနိုင်ဘူးလားဗျာ.......
ဖေဖေကြိုသိခဲ့ရင် မရရအောင် တားပါတယ်.....
ထားလိုက်ပါတော့ သားအိမ်မှာ အမြဲ မနေဘူးနော် သားကျူရှင်ပြီးရင်လည်း အိမ်တန်းပြန်မလာဘူး သူငယ်ချင်းတွေအိမ်မှာ နေပြီးမှ ပြန်လာမှာ......
အဲ့လိုတော့မလုပ်ပါနဲ့သားရယ်....သားကိုရိုင်းစိုင်းတဲ့ကလေးတစ်ယောက်အဖြစ်မမြင်စေချင်ဘူး.....
အဲ့လိုမြင်လည်းသားမတတ်နိုင်ဘူးဖေဖေ သားကိုအဲ့လိုဖြစ်အောင်လုပ်တဲ့သူက မေမေပဲ
ဒီလိုလုပ်ကွာ ဖေဖေနဲ့သား သားဝါသနာပါတာကိုအတူတူအချိန်ဖြုန်းကြမယ် သားကို သားသူငယ်ချင်းတွေ အိမ်မှာတော့ အမြဲ မနေစေချင်ဘူး
ဖေဖေတကယ်ပြောတာလား
တကယ်ပေါ့ ဖေဖေနဲ့သား အချိန်မဖြုန်းဖြစ်တာတော်တော်ကြာပြီလေ အခုလို အခွင့်အရေးရတုန်းမှာ ဖေတို့သားအဖနှစ်ယောက် ပျော်စရာအချိန်လေးတွေဖန်တီးကြရအောင်
ဟုတ်ကဲ့ ဒါဆို ဖေဖေကတိတည်ရမယ်နော်
အေးပါကွ 
နောက်ပြီး သားရဲ့ချစ်သူဖြစ်တဲ့မိန်းကလေးနဲ့လည်းဖေဖေ့ကိုမိတ်ဆက်ပေးရမယ်......အရင်တစ်ခါတုန်းက ကောင်းတဲ့တွေ့ဆုံမှုလည်းမဟုတ်ခဲ့ဘူးလေ သားမေမေကြောင့် မျက်နှာပျက်စရာတွေဖြစ်တော့မလို့မဟုတ်လား.....
ရတယ်လေ ဖေဖေ သားမိတ်ဆက်ပေးမယ်......
သား ဖေဖေ့ကိုအချစ်ဆုံးပဲ......
ဖေဖေကလည်း သားကိုချစ်ပါတယ်ကွာ......."
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ညနေစာစားချိန်ကျတော့ သူတို့မြေးအဘွား၃ယောက်ပဲရှိတယ်.........
"ဘိုးဘိုးနဲ့ဘွားဘွား.......ဖေဖေတို့ရော မတွေ့ပါလား
မေသက်လွင်တို့မိသားစုကို ညစာလိုက်ကျွေးတယ်......ဒီအိမ်မှာ မကျွေးဘူးတဲ့လေ.......
ဘွားကလည်း ညစာမပြင်ဆင်ပေးနိုင်ပါဘူး...သူ့သဘောနဲ့သူခေါ်လာတဲ့ဧည့်သည်တွေ သူ့ဘာသာတာဝန်ယူပေါ့......ဘွားတို့က လူကြီးတွေမို့သာ ယဥ်ကျေးမှုအရ ဧည့်ခံပေးလိုက်တာ စိတ်ပါတာမဟုတ်ဘူး..........
ကဲပါ မိန်းမရယ် မြေးလေးစိတ်ညစ်နေပါဦးမယ်.....ညစာစားကြရအောင်.....
ဟုတ်သားပဲ ဘွားက ခက်ဂုဏ်လင်းကိုဒေါသထွက်လို့ပြောနေတာ
ငါ့မြေးလေးစိတ်ညစ်သွားမှာပဲ......
ရပါတယ် ဘွားရဲ့ သားအဆင်ပြေပါတယ် "
***********************************************
"ဂုဏ်..........."
ည ဂုဏ့်ကိုလှမ်းခေါ်မလို့ပဲရှိသေးတယ် ဂုဏ့်ဘေးမှာ ဂုဏ့်မေမေရယ် ညမမြင်ဖူးတဲ့မိန်းကလေးတစ်ယောက်ရယ်ကိုတွေ့လိုက်ရတယ်
ထိုမိန်းကလေးက ဂုဏ့်လက်မောင်းကိုအတင်းဖတ်ထားပြီး ဂုဏ့်ဘေးကနေ စကားလိုက်ပြောနေတယ်
"ငါ့လက်ကိုလွှတ်စမ်းကွာ.....ကျူရှင်ရှေ့ရောက်နေပြီ သွား မေမေ့အနားကို
ဟင့်အင်း ကိုနေကျူရှင်ထဲဝင်မှလွှတ်ပေးမယ်.......
တောက်ခ် ငါပြောနေတယ်နော်.......ဖယ်စမ်းကွာ......."
ဂုဏ်ကစိတ်ရှုပ်လွန်းတဲ့ပုံစံနဲ့ထိုမိန်းကလေးရဲ့လက်ကို ဆွဲဖယ်ပစ်လိုက်တယ်
ထိုမိန်းကလေးလည်းရှက်သွားတဲ့ပုံပဲ....အများသူဝိုင်းကြည့်နေတဲ့အချိန် ဂုဏ့်ရဲ့လုပ်ရက်ကြောင့် မျက်နှာပျက်ယွင်းသွားတယ်......
"သား ဘယ်လိုလုပ်လိုက်တာလဲ သမီးမေကိုအားနာစရာကွယ်
မေမေမတွေ့ဘူးလား အိန္ဒြေသိက္ခာမရှိသလို သားလက်ကိုလာတွဲနေတာ သူများတွေ ကြည့်ကြည့်သွားကြတာ သတိမထားမိဘူးလား.....နောက်ပြီး သားမကြိုက်ဘူး....အဲ့လိုလာလုပ်တာကို....မေမေ့လူမေမေသတိပေးထားပါ
နေဂုဏ်ရှိန်လင်း မင်း အခု သမီးမေကိုပြန်တောင်းပန်လိုက်.....
Noပါ သားအမှားမဟုတ်ဘူး.....အဲ့အတွက် တောင်းပန်ဖို့မလုပ်နိုင်ဘူး
ကြားတယ်နော် မေသက်လွင်
ည.....ဒီနေ့ ငါနည်းနည်းနောက်ကျသွားတယ်....."
ဟိုတခါသားမိတ်ဆက်ပေးတဲ့သူငယ်ချင်းတွေထဲက သူမအမြင်မကြည်တဲ့မိန်းကလေးပါလား....သားနဲ့ ကျူရှင်အတူတူတက်နေတာလား
"မေမေ ဒါမေမေသိပါတယ် သားသူငယ်ချင်းလေ......
သြော် ဟုတ်လား မမှတ်မိဘူးကွယ်.....
ရပါတယ် သမီးနာမည်က ညသံသရာခွင်းပါ
သြော် အေး.........
ကိုနေ စာကြိုးစားနော်
ဒါမင်းပြောစရာမလိုပါဘူး......
လာ ည ဝင်ရအောင် "
သားက သူမကိုတောင် မနှုတ်ဆက်တော့ပဲ ညသံသရာခွင်း ဆိုတဲ့ မိန်းကလေးကိုတွေ့တာနဲ့ ကျူရှင်ထဲတန်းဝင်သွားတာ.....သားရဲ့ဥပက္ခာကို ကျန်တဲ့အချိန်တွေမှာ သည်းခံနိုင်ပေမယ့် ဒီမိန်းကလေးနဲ့တွေ့ရင် ပေးတဲ့ ဥပက္ခာကိုတော့ သူမသည်းမခံနိုင်ဘူး
တောက်ခ်.......
"မေခက် ခုနကမိန်းကလေးနဲ့ ကိုနေကအရမ်းရင်းနှီးတယ်ထင်တယ်နော် သမီးကိုတောင်အဲ့လိုအသံနဲ့စကားမပြောဖူးဘူး
မေခက် စုံစမ်းကြည့်ဦးမယ်သမီးမေ......သားပုံစံကိုမေခက် သိပ်မသင်ကာဘူး......
ဟုတ်ကဲ့
လာသမီး မေခက်  တို့ပြန်ကြမယ် .....
သမီး ကိုနေ့ကျူရှင်ကိုသိသွားပြီဆိုတော့ ညနေ ကိုနေ့ကို လာကြိုလိုက်မယ်
နောက်နေ့မှ ကြိုလိုက်နော်သမီး သားအဖေက ညနေ သားကိုလာကြိုမှာလို့ မေခက်ကို ပြောထားတယ်
ဟုတ် ရပါတယ် မေခက်....."
မေခက်နဲ့အိမ်ပြန်လိုက်ခဲ့ပေမယ့် သက် ခုနက ညသံသရာခွင်းဆိုတဲ့ မိန်းကလေးရဲ့အကြည့်တွေကို သံသယဝင်မိတယ်.....ကိုနေနဲ့များပက်သက်မှုရှိနေတာလား.....ကိုနေက အဲ့မိန်းကလေးအပေါ် ဂရုစိုက်မှုက သူငယ်ချင်းထက်ပိုနေသလိုပဲ....ခဏလေး တွေ့လိုက်ရတာဆိုပေမယ့် သက်ချစ်ရသူမို့ ကိုနေ့ရဲ့အပြုအမူ အပြောအဆိုကအစ သက်အပေါ်ဆက်ဆံတာနဲ့မတူဘူးဆိုတာကို သတိထားမိပါတယ်
ကိုနေ ညသံသရာခွင်းနဲ့ပက်သက်မှုက သူငယ်ချင်းလိုသာဖြစ်ပါစေ....မဟုတ်ခဲ့ရင် သက်က နည်းလမ်းစုံသုံးပြီး ကိုနေတို့ဆက်ဆံရေးကို ဖန်ခွက်တစ်ခုကျကွဲသွားသလို အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးပစ်မှာ......
***************************************************
"နေလင်း မင်းကိုခုနကတွေ့လိုက်တယ်နော်
ဘယ်သူလဲ အဲ့မိန်းကလေးက
ဟုတ်တယ် နင်ဖြေနေလင်း ငါတို့မြင်ရတာသိပ်အဆင်မပြေဘူးနော် နင့်လက်ကိုအတင်းဖက်တွယ်နေတာ
တခြားသူတွေကလည်း တီးတိုးတီးတိုးနဲ့ပြောနေကြတယ်
အဲ့တာ ငါနဲ့လူကြီးချင်းအသိသက်သေခံပြီး စေ့စပ်ထားတဲ့မိန်းကလေးပဲ မေသက်လွင်တဲ့
ဟမ်.....သူလား
ဟုတ်တယ် ငါအဲ့တာကြောင့်စိတ်ရှုပ်နေတာပေါ့
ငါ့အမေခေါ်လာတာ.....သူကကျောင်းပိတ်ရက်ပြန်လာတာနဲ့တိုးသွားတော့လိုက်လာတာတဲ့....
မင်းတော့ အိမ်မှာ ခြေချုပ်မိနေတော့မှာပဲ
မချုပ်ဘူး ဖေဖေက ညနေကျူရှင်လာကြိုချိန်တိုင်းအပြင်မှာအချိန်ဖြုန်းပြီးမှပြန်မယ်လို့ပြောထားတယ်
မင်းပြောထားတာလား စိတ်ရှုပ်တယ်လို့လေ
အေးဟုတ်တယ် မင်းတို့မြင်တဲ့အတိုင်းပဲ မေသက်လွင်က ငါ့အနားလာပြီး စကားတွေပြောနေတာ စိတ်ညစ်စရာအကြောင်းတွေချည်းပဲ
ည.......ကိုယ်အခုရက်ပိုင်းဖုန်းမဆက်ဖြစ်လောက်ဘူးနော်
ရပါတယ် ဂုဏ်ရဲ့ ညနားလည်ပါတယ်
ညတို့အခုတလော အဆက်အသွယ် သိပ်မလုပ်ကြရအောင်
အင်း...........ကိုယ်တစ်ကယ်စိတ်ညစ်တယ်ကွာ
မညစ်ပါနဲ့ ညနဲ့ဂုဏ်သာ အပြုအမူတွေကိုသတိထားရင် ဘယ်သူမှ မရိပ်မိပဲ အားလုံး အဆင်ပြေသွားမှာပါ..."
ဂုဏ့်ဖက်က စကားသံထပ်ထွက်မလာပေမယ့် မျက်နှာမကောင်းတာကိုတော့ ညမြင်နေရတယ်......
ဘယ်သူသိနိုင်မှာလဲ အဲ့ကတည်းက ပြဿနာတွေ အစပျိုးနေခဲ့ပြီဆိုတာ........
*********************************************
ကျူရှင်ဆင်းချိန်
"ည....
ဟင်
ညကို ကိုယ်မိတ်ဆက်ပေးစရာသူရှိတယ်
ဟင် ဘယ်သူများလဲ ဂုဏ်
သိရမယ်လေ လာ ကိုယ်နဲ့လိုက်ခဲ့
ဟိုနှစ်ယောက် ဘယ်သွားမလို့လဲ စက်ဘီး မထုတ်ဘူးလား
လာ မင်းတို့ပါလိုက်လာခဲ့....
ဟမ်......"
လေးယောက်သားကြောင်တောင်တောင်နဲ့ နေလင်းနဲ့ခွင်းနောက်လိုက်လာခဲ့တယ်.....
ကားဘေးနားမှာ မတ်တပ်ရပ်စောင့်နေတာက ဂုဏ့်ရဲ့ဖေဖေပါလား
ဂုဏ်မိတ်ဆက်ပေးမယ်ဆိုတာက အန်ကယ်နဲ့လား
အန်ကယ့်ကိုသိပြီးသားလေ......
"ဖေဖေ.......စောင့်နေတာ ကြာသွားပြီလား သားတို့ကျူရှင်ဆင်းချိန်ကနည်းနည်းနောက်ကျသွားတယ်
ရပါတယ်ကွာ ဖေဖေလည်းအခုမှရောက်တာပါ
သားတို့အားလုံးပဲ ဒုတိယအကြိမ် ပြန်တွေ့ရတာဝမ်းသာပါတယ်ကွာ အားလုံး အဆင်ပြေကြတယ်မလား စာတွေရောလိုက်နိုင်ရဲ့လား
ဟုတ်ကဲ့ လိုက်နိုင်ပါတယ်အန်ကယ်
အေးအေး အခုလိုကြားရလို့ဝမ်းသာပါတယ်ကွာ.........
သားတို့သူငယ်ချင်းကိုလည်းဂရုစိုက်ပေးကြပါဦးနော် အန်ကယ်တို့ကရန်ကုန်မှာအလုပ်တွေနဲ့နေရတာဆိုတော့ သားတို့သူငယ်ချင်းကို အနီးကပ်ဂရုမစိုက်ပေးနိုင်ဘူး
ဟုတ်ကဲ့ စိတ်ချပါ အန်ကယ် နေလင်းက သားတို့သူငယ်ချင်းပါ
သားတို့ကို ကျေးဇူးတင်ပါတယ်ကွာ
ရပါတယ် အန်ကယ်
ဒါဆို သားတို့ကို ခွင့်ပြုပါဦးဗျ
အေးအေးကောင်းပြီသားတို့ ဂရုစိုက်ပြန်ကြနော်
ဟုတ်ကဲ့ပါဗျ....."
ဒါဆို သမီးကိုလည်း ခွင့်ပြုပါဦးနော် အန်ကယ်
မရဘူး ည.....ပြန်လို့မရသေးဘူး
ဟမ်......ပြန်တော့မယ်လေ ဂုဏ့်ကိုအန်ကယ်လာကြိုနေပြီပဲဟာ
ကိုယ်ပြောထားတယ်လေ မိတ်ဆက်ပေးမလို့ပါဆို
ဘယ်သူနဲ့လဲ ဂုဏ်ရဲ့
ဒီမှာလေ ကိုယ့်ဖေဖေနဲ့
ဟင်.......ဘာ ဘာအတွက်လဲ ဂုဏ်...."
သားချစ်သူပါလို့ပြောထားတဲ့မိန်းကလေးက တစ်ကယ်ကိုချစ်စရာကောင်းတာပဲ....ဆံနွယ်ရှည်တို့ကို နှစ်ဖက်ခွဲကာ ကျစ်ဆံမြီးကျစ်ထားတဲ့ပုံစံလေးက သူတောင် သမီးလေးလိုမြင်မိတယ်......သားနဲ့လိုက်ဖက်ပါပေတယ်......
"အန်ကယ်တို့ဆိုင်တစ်ဆိုင်မှာ အေးဆေးစကားပြောကြမလား......
သမီး အိမ်ပြန်နောက်ကျရင် ဘွားဘွားက စိတ်ပူနေမှာအန်ကယ်......
ဟုတ်သားဘဲ ကိုယ်မေ့သွားတယ် ဖေဖေ့ကိုသားမှာချစ်သူရှိတယ်လို့ပြောပြထားတယ်နော်"
ဟင် ဂုဏ်က အန်ကယ့်ကိုအသိပေးထားတာလား
"အင်းသားပြောပြထားတယ်လေ
အဲ့တာ ညပါပဲဖေဖေ သားရဲ့မြတ်နိုးရသူမိန်းကလေးပါ...."
အခုလိုလမ်းမှာ ဒီလိုပုံစံနဲ့မိတ်မဆက်ပေးချင်ပေမယ့် ညကိုအိမ်ပြန်ချိန်နောက်ကျမှာစိုးလို့သာ မိတ်ဆက်ပေးလိုက်ရတာ
သူ့ဖက်က ပြင်ဆင်ဖို့လိုအပ်သွားတယ်
************************************************
Part-35မျှော်
Author Ester Linn
Continue Reading
You'll Also Like
1.1M 58.1K 48
2.5K 174 6
💗နှလုံးသားနဲ့ရင်း၍💗 "ငါကနင့်ရဲ့ဘာလဲ သိမ့် ဘယ်လိုနေရာမှာနင့်အတွက်ငါဆိုတဲ့ကောင်ကအသုံး၀င်လဲ!" "ငါသ၀န်တိုတယ် သူရိန် နင်နဲ့မြတ်လေးက ဘာတွေလဲ!" "အင်း သူကင...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
210K 31.4K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...