နောင်တတို့ပါဝင်နေသောချစ်ခြင်း...
By LinnLinn438
4.9K 116 0
မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️
Part-33
50 1 0
By LinnLinn438
"  ၂၈.၁၁.၂၀၁၆.....ပြက္ခဒိန်မှာ မင်နဲ့ဝိုင်းပြီးမှတ်ထားသောရက်စွဲလေး......."
"ထိုရက်လေးဟာ ညတို့ချစ်သူသက်တမ်းနှစ်လပြည့်တဲ့နေ့လေး........... ညဂုဏ့်ကိုအဖြေပြန်ပေးခဲ့တာ ၂၈.၉.၂၀၁၆မှာပေးခဲ့တာ.......ဒီနှစ်လအတွင်းမှာ ဂုဏ်ဟာ  ညအပေါ်မှာ တစ်ကယ်ကိုဂရုစိုက်မှုပေးခဲ့သလို ယုယကြင်နာမှုတွေလည်းပေးခဲ့တယ်......သူချစ်တာကို သူ့အပြုအမူတစ်ခုချင်းစီတိုင်းကနေ မြင်ရတယ်.... ဂုဏ့်ကိုညပိုပိုပြီးချစ်လာရပါတယ်....."
"ဂုဏ်က ညထက်နှစ်လငယ်တယ်...."မောင်"လို့ခေါ်ချင်ပေမယ့် မခေါ်ရဲဘူး စိတ်ထဲမှာပဲ "မောင်"လို့အကြိမ်ကြိမ်ခေါ်နေမိတယ်.......သူ့ကိုသာ "မောင်"လို့ခေါ်ဖို့စိတ်ကူးထားမှန်းသာသိရင် ဂုဏ်သိပ်ပျော်မှာ......ညစိတ်အဆင်သင့်ဖြစ်တဲ့နေ့ "မောင်"လို့ခေါ်မယ်နော်ဂုဏ်......"
"သူ့မွေးနေ့တုန်းက မွေးနေ့လက်ဆောင်ဘာလိုချင်လဲမေးတော့ "ည ကိုယ့်ကို မောင်လို့ ခေါ်တာကြားချင်တယ်"တဲ့.....ဂုဏ်ကလေ သူချစ်ရတဲ့သူတွေအပေါ်ဆို ကလေးဆိုးလေးတစ်ယောက်လို ချွဲ့နွဲ့တတ်တယ်...ညအပေါ်မှာဆိုပိုဆိုးတယ်....အရင်ကတည်တည်တန့်တန့်နေတဲ့ဂုဏ်မှဟုတ်ပါရဲ့လားအောက်မေ့ရတယ်
ဒါပေမယ့် ညချစ်ရတဲ့သူမို့ ဂုဏ်ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်ရပါတယ် "
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အခုဆို ဂုဏ်က လူရည်ချွန်စာမေးပွဲနီးကပ်လာပြီမို့ ညတို့ဖုန်းပြောဖို့တောင်အချိန်သိပ်မရှိတော့ဘူး.....၁၂လပိုင်းဖြေရမယ့်စာမေးပွဲအတွက်ရော လူရည်ချွန် စာမေးပွဲအတွက်ပါ စာကျက်နေရတာမို့ ဂုဏ်အရမ်းပင်ပန်းနေမှာ.......
တီ တီ တီ.....
ဟင် ဖုန်းလာနေတာပဲ ဘယ်သူဆက်တာလဲ
သြော် ဂုဏ်ပဲ....အခုလေးတင် ဂုဏ့်အကြောင်း တွေးနေတာ.....အသက်ရှည်ဦးမယ်.......
"ဟဲလို ကိုယ့်ချစ်သူလေးရေ...စာကျက်နေတာလား
ဟင့်အင်း ဂုဏ့်အကြောင်း တွေးနေတာ
ဟုတ်လား ဘာအကြောင်းလဲည
ဂုဏ့်ကိုသတိရကြောင်းတွေပေါ့
ဟား....ကိုယ်အခုချက်ချင်း ညအိမ်ပြေးလာချင်အောင် စကားတွေနဲ့မစနဲ့နော်ည....ကိုယ်မင်းကိုသိပ်သတိရနေတာ....စာတွေကတအားကြည့်နေရတော့ ကိုယ့်ချစ်သူအနားလာချိန်တောင်မရတော့ဘူးကွာ....
အဟင်း အတူတူပါပဲ ဒါပေမယ့် ညတို့ကကျောင်းသားတွေပဲရှိသေးတာဆိုတော့ ကြိုးစားမှရမှာဂုဏ် ညတို့ကိုမျှော်လင့်ထားတဲ့သူတွေကိုစိတ်မပျက်စေချင်ဘူးလေ
ကိုယ်လည်း အဲ့တာကြောင့် ကြိုးစားနေရတာပေါ့ညရယ်
ဟင် ဘာပြောမလို့လဲ ဂုဏ်
ကိုယ်လေအခုစာတွက်နေရင်းညကိုတအားသတိရလာလို့
အဟင်း
ကိုယ့်ကိုလေ အာဘွား ပေးပါလား နော်ည...အားဆေးလေး ပေးပါလား
ဂုဏ်နော် .......
နော်ည.....ကိုယ်လေ အခုအားမရှိတော့ဘူးသိလား...
အားမရှိရင် အားရှိအောင်အိပ်တော့လေဂုဏ်ရဲ့....ညတို့မနက်ဖြန်ကျောင်းမှတွေ့မယ်လေနော်
မနက်ဖြန်က ကျောင်းပိတ်တယ်လေည.....အချစ်ကလေး ရှက်ရမ်းရမ်းပြီး ကျောင်းပိတ်ရက်နဲ့ကျောင်းဖွင့်ရက်မှားနေတာလား....
ဂုဏ့်.....စိတ်ဆိုးလိုက်ရမလား....လူကိုလာလာစနေတာ....စိတ်တိုလာပြီနော်
ညကလည်း စိတ်တော့မဆိုးလိုက်ပါနဲ့....ကိုယ်ကအားဆေးလေးလိုချင်လို့တောင်းတာပါဆို...."
ဖုန်းထဲက ဂုဏ့်အသံက လိုချင်တာမရလို့ စိတ်ကောက်ချင်နေတဲ့အသံနဲ့......
"အာဘွား...... ရပြီလား ဂုဏ်....အားဆေးရပြီဆိုတော့စာဆက်လုပ်တော့နော်.....စောစောလည်းအိပ်ဦး.... အိပ်ရေးဝဖို့လိုတယ်....ညပြောတာကြားလား.....
ဟဲလို ဟဲလို ဂုဏ် ကြားလားလို့....."
ညက စိတ်တိုလာပြီနော် ပြောလို့ အာဘွား မပေးတော့ဘူး ထင်နေတာ တစ်ကယ်ကြီး အာဘွား ပေးသွားတာပဲ.....မင်သက်လွန်းလို့စကားတောင်ထွက်မလာတော့ဘူး.....ညအော်လိုက်မှပဲအသိပြန်ဝင်လာတော့တယ်.....နေဂုဏ်ရှိန်လင်း မင်းတော့ ညနဲ့ပက်သက်ရင် အသိစိတ်လွတ်လွတ်သွားတာပဲ......
"ကြား......ကြားပါတယ် ညရဲ့.....ကိုယ်အခုစာပြန်လုပ်တော့မှာ ခဏနေအိပ်ရာဝင်မှာ ညစကားနားထောင်တယ်နော်.....ဟိုလေည
အင်း.....
ကိုယ့်ကိုလေအာဘွား ထပ်ပေးပါလားဟင်
ဂုဏ်နော် အခွင့်အရေးကတစ်ခါပဲရမယ်....
နော်ည....ဒီတစ်ခါပဲ နော် နော် ည
အာဘွား ချစ်ချစ်ရေ.....ဒါပဲနော် Good nightပါနော်
ဟုတ်ကဲ့ပါဗျ Good Night My Sweetheart Love you Baby......
Love you too"
ဂုဏ်ကလေ ရှိသမျှအချစ်စကားလည်းအကုန်ပြောတတ်ပါသေးတယ်.....
(အဲ့တာကိုပဲ ကျေနပ်နေတာမဟုတ်ဘူးလား မိခွင်း....)
**********************************************
"ဘွားရေ....... ဗိုက်ဆာနေပြီ ဘာချက်ထားလဲဗျ
မြေးငယ်အကြိုက် ရွှေငါးကိုကြော်ပြီး ခရမ်းချဉ်သီးလေးနဲ့ပြန်ချက်ထားတယ်.....သရက်သီးသုတ်စပ်စပ်လေးရယ်....ဘူးသီးဟင်းချိုပူပူလေးရယ်ချက်ထားပါတယ်ရှင်........
ဝါး.....ကြားရင်းနဲ့တောင် သားတော်တော်ဗိုက်ဆာနေပြီ....ဘိုးကိုလည်းမတွေ့ပါလား....စိုက်ခင်းထဲသွားတာလားဘွား
ဟုတ်တယ် မြေးရေ....ဆေးဖျန်းဖို့လိုအပ်တာတွေသွားဝယ်ပြီး သွားပို့တယ်လေ....ခဏနေသားအဘိုးပြန်ရောက်မယ်လို့ဖုန်းဆက်ထားတယ်
ဒါဆို ဘိုးကိုစောင့်လိုက်ဦးမယ်....သားတို့အတူတူစားကြမယ်နော်ဘွား....
စားနှင့်လိုက်တာမဟုတ်ဘူးသားရယ်...တော်ကြာ သားအဘိုးပြန်ရောက်ချိန်ဆို သားအဆာလွန်သွားလို့ထမင်းစားမဝင်ဘဲနေဦးမယ်
ရပါတယ် ဘွားရဲ့ သားစောင့်လိုက်မယ်...သားဘာကူပေးရမလဲဘွား
ရတယ် မြေးငယ် အကုန်ပြင်ထားပြီးသား
ဟုတ်ကဲ့ ဘွား....."
"ဟော ကားစက်သံကြားတယ်....သားအဘိုးပြန်ရောက်ပြီထင်တယ်.....
သားသွားကြိုလိုက်မယ်ဘွား.....
အေးအေး.......
ဘိုး.......အိတ်သားကိုပေး....
လာအဘိုး..ဘွားချက်ထားတဲ့ဟင်းတွေက စားကောင်းမယ့်ပုံလေး... သားနဲ့အဘွားက ဘိုးကို နေ့လည်စာ အတူစားဖို့စောင့်နေတာ......
စားနှင့်တာမဟုတ်ဘူးငါ့မြေးရယ် ဘိုးကနောက်ကျရင်နောက်ကျမှာ....အခုက အလုပ်အမြန်ပြီးသွားတာမို့အိမ်ကိုနေ့လည်စာစားချိန်အမီပြန်ရောက်တာ.....
ရပါတယ် ဘိုးရဲ့
ကဲ ကိုနေရိပ် အဝတ်အစားလဲလိုက်ဦး....
ကောင်းပါပြီဗျာ....."
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဘွားချက်ထားတဲ့ဟင်းတွေက အရမ်းကောင်းတာမို့ သူစားကောင်းကောင်းနဲ့စားနေတာ....လေးပန်ကန်ရှိပြီ......
"ဟ ငါ့မြေး ဒီနေ့ မိန်းမချက်တာကိုခံတွင်းတွေ့ပုံရတယ်...ထမင်း လေးပန်းကန်တောင်စားနေတာ
ကောင်းတာပေါ့တော် ဒီလထဲ လူရည်ချွန်ဖြေရမှာမလား မြေးလေးအားရှိနေမှ သေချာကြိုးစားနိုင်မှာ.....
ဟိုလေ ဘိုးနဲ့ဘွား သား နေ့လည်၂နာရီလောက်ကို ညဆီ သွားချင်လို့......
ဘာလုပ်မလို့လဲမြေးငယ်....."
ဘယ်လိုဖြေရမလဲ စဥ်းစားစမ်း
"သြော်သချ်ာ၂  ပုဒ်စာတစ်ပုဒ်သွားမေးမလို့ပါ
ရတယ်လေ သားရဲ့....သားသွားရင် မုန့်ပါယူသွားဦး....မြေးခွင်းက ရွှေထမင်းကြိုက်တယ်လေ....အိမ်မှာအဘွားလုပ်ထားတာရှိတယ်....
ဟုတ်ကဲ့ ဘွား...."
ညဆီသွားဖို့တော့အဆင်ပြေပြီ.....
************************************************
"ဟဲလို ည....ကိုယ်ပါ
ညအခု" House "Coffee Shop ဆီထွက်လာလို့ရမလား....ကိုယ်တို့အဲ့မှာတွေ့ကြမယ်လေ.....
အင်းရတယ်ဂုဏ် ညထွက်လာခဲ့မယ်.....ဒါပဲနော်ဂုဏ်
ဟုတ်ကဲ့ပါဗျာ....."
"ဘွားရေ သမီး Coffee ဆိုင် ခဏသွားလိုက်ဦးမယ်နော်. .....ဂုဏ်က အဲ့မှာ ခဏရောက်နေတာ မုန့်စားဖို့ထွက်လာခဲ့ပါဦးဆိုလို့....
ညနေ၄နာရီ မကျော်စေနဲ့
ဟုတ်ကဲ့ ဘွား ဒါဆို သမီး သွားပြီနော်
အေးအေး စက်ဘီးယူသွားမှာမလား....
ဟုတ်တယ် ဘွား
အေးအေး ဂရုစိုက်နော်
ဟုတ်ကဲ့ "
**********************************************
ည ကော်ဖီဆိုင်ထဲရောက်တော့ ဂုဏ့်ကိုလိုက်ရှာကြည့်တယ်....ဂုဏ်က စာအုပ်စင်နားမှာထိုင်နေတာပဲ....ညကိုတွေ့တော့ လက်လှမ်းပြတယ်.....နက်ပြာရောင်ပေါ်မှာ အဖြူရောင် အစင်းကြားတို့ပါတဲ့ အကျီကိုဝတ်ဆင်ထားတဲ့ဂုဏ်ဟာ သိပ်ကိုခန့်ညားလွန်းပါတယ်.....ဘေးကဝိုင်းတွေကို တချက်အကြည့်ရောက်မိတော့ ကြည့်စမ်း ကြည့်စမ်း သူများအသည်းကို အသားကုန် ငမ်းကြောထနေတာ....ဒါကို ဟိုနက်ပြာကောင်ကလည်း မသိချင်ယောင်ဆောင်နေတာလား....စတိုင်ထုတ်ပြီးအကြည့်ခံနေတာလား......ဒေါသတွေ ထွက်လာပြီနော်
ည ဒေါသထွက်နေသောမျက်လုံးနဲ့ ဂုဏ့်ဆီလျှောက်လာခဲ့တယ်.....
ခရမ်းနုရောင်ဂါဝန်လက်ပြတ်လေးကို အဖြူရောင် Cardianလေးနဲ့တွဲဖက်ဝတ်ဆင်ထားပြီး အဖြူရောင်အိတ်အသေးလေးကိုလွယ်ထားတဲ့ညဟာ အရမ်းကိုချစ်စရာကောင်းပြီး လှနေတယ်... ဆံနွယ်ရှည်တို့ကို ခပ်မြင့်မြင့်စီးထားတဲ့ညရဲ့ပုံရိပ်လေးက မျက်စိမလွှဲနိုင်အောင် လှလွန်းတယ်.........
(ဂုဏ်ကတော့ ကိုယ့်ချစ်သူ ဒေါပွနေတာကိုမသိပဲ ချစ်သူရဲ့အလှကိုစာစီနေတယ်......)
"ည...."
ညရဲ့မျက်နှာလေးက ဒေါသထွက်နေတဲ့ပုံစံပဲ... ဘာကိုဒေါသထွက်လာတာပါလိမ့်......
(နင့်ကိုလေ နင့်ကို...)
"ည.....ဘာသောက်မလဲ ကိုယ်သွားမှာလိုက်မယ်
ဘာမှမသောက်ဘူး.....
ဟမ် ကိုယ်ခုနတည်းက ကြည့်နေတာ ညဘာကိုစိတ်ဆိုးဒေါသထွက်နေတာလဲဟင်...ကိုယ်တို့Anniversaryမှာ ဒီလိုစိတ်ဆိုးဒေါသထွက်နေတာမကောင်းဘူးလေညရဲ့
မေးတော့လည်း ပြောပြရမှာပေါ့.....ဂုဏ့်ကိုတခြားဝိုင်းကမိန်းကလေးတွေဝိုင်းငေးနေတာကိုမသိဘူးလား...သတိမထားမိဘူးလား....ဘာလို့ စတိုင်တောင်ထုတ်နေတာလဲ.....ပြော....ပြောလို့ဂုဏ်စုတ်ရဲ့....."
ညကပြောလည်းပြော လက်မောင်းကိုပါ လက်သီးသေးသေးလေးတွေနဲ့ထုရိုက်နေတာမို့ တော်တော်နာသလို.....သူ့မှာ ဖြေရှင်းချက်ပေးဖို့ မနည်းထိန်းယူရတယ်အဲ့လက်သေးသေးလေးတွေကို......
"ကိုယ် ကိုယ်က စတိုင်ထုတ်တာမဟုတ်ပါဘူး....သူတို့ကိုယ့်ကိုငေးကြည့်နေတာလည်းတစ်ကယ်သတိမထားမိတာပါဗျာ....သတိထားမိရင်ကိုယ်အဲ့လိုမနေပါဘူး....
အဲ့လိုမနေတော့ ဘယ်လိုနေချင်လို့လဲ....ဟမ်....ပြောလေ.....ပြောလို့.....
မဟုတ် မဟုတ်ပါဘူးညရယ် ကိုယ်ချစ်တာမင်းကိုပါ....မင်းတစ်ယောက်တည်းပဲကိုယ်စိတ်ဝင်စားတာ....နော် အဲ့တာကြောင့် စိတ်လျှော့ပါနော်ည....
အဟမ်း "
ဂုဏ်က အဲ့လိုလေးပြောလာတော့ စိတ်ကငြိမ်သွားသလိုပဲ....
"သေချာတယ်နော်
သေချာပါတယ်ဗျာ....
ပြီးရော....ချောကလက်ကော်ဖီတစ်ခွက်မှာပေး....
အိုကေ ဒါဆို ကိုယ်သွားမှာလိုက်မယ် ညဘာစားဦးမလဲ....ကိတ်မုန့်စားမလား
ဟင့်အင်း ကော်ဖီပဲသောက်မယ်
အိုကေဒါဆို ခဏစောင့်နော် ည
အင်း.."
"သူ ကော်ဖီယူပြီးပြန်အလာ သူတို့နဲ့ရွယ်တူဖြစ်ဟန်ရှိသည့်ကောင်လေးတစ်ယောက် ညကို စားပွဲပေါ်လက်ထောက်ပြီးငေးနေတာကိုတွေ့လိုက်ရပြန်တယ်
ဟား.....ဘာလို့များ သူတို့ရဲ့ချစ်သူသက်တမ်းနှစ်လပြည့်တဲ့နေ့မှာ အကုသိုလ်တုန်းတွေနဲ့လာတိုးနေရတာလဲ.....မဖြစ်ဘူး မဖြစ်ဘူး ညအနားအမြန်သွားမှပဲ
"ည....ဒီမှာ ချောကလက်ကော်ဖီလေးရပါပြီ....
အင်း ကျေးဇူးပါ ဂုဏ်ရေ
ရပါတယ်ဗျာ ဘယ်လိုလဲည သောက်လို့ကောင်းလား
အင်းကောင်းတယ် ဂုဏ့်ကော်ဖီကရောအခါးလား
အင်းကိုယ်ကအခါးပဲသောက်တာည
အင်း............
ည....နှုတ်ခမ်းနားမှာ ချောကလက်တွေပေနေတယ် ကိုယ်သုတ်ပေးမယ်....."
အပြောထက်လက်ကမြန်တယ်....တစ်သျှူးယူပြီးချက်ချင်း ညနှုတ်ခမ်းထောင့်ကိုသုတ်ပေးတယ်...
သူသုတ်ပေးရင်း....ခုနကညကိုငေးနေတဲ့ကောင်လေးဘက်တစ်ချက်လှမ်းကြည့်လိုက်တော့ ချက်ချင်းပဲ အကြည့်လွှဲသွားတယ်....ပြီးတော့ ဆိုင်ထဲကနေထထွက်သွားတယ်........ဒီလောက်ဆို သဘောပေါက်သွားပြီလေ...သူကသာညရဲ့သက်ဆိုင်သူပါဆိုတာကို....
(မင်းသားလေးလို့မှတ်ထင်ထားပါတယ်....တစ်ကယ်တော့သူဟာ လူဆိုးလေးဖြစ်နေတယ်....ဂုဏ်စုတ်)
"ဒီနေ့ ကိုယ်တို့ရဲ့ 2Months Anniversaryဆိုတာညသိတယ်မဟုတ်လား
သိတယ်လေ.....အခုလေးတင်ဂုဏ်ပြောလိုက်တာကို
ည...မနောက်နဲ့ကွာ
အဟင်းဟင်း နောက်တာပါဂုဏ်ရယ်.....ညမှတ်မိပါတယ်....အထူးနေ့လေးကိုမေ့စရာလား
အဟက် ဟုတ်ပါပြီဗျာ ကိုယ့်မှာစိတ်ပူသွားတာပဲ...တစ်ကယ် ညမေ့နေတာလားလို့ထင်သွားတာ
မမေ့ပါဘူး ဂုဏ်ကလည်း...."
"ကိုယ်လေ ညအတွက် Anniversary present ပေးဖို့စဥ်းစားပေမယ့် သက်မဲ့အရာဝတ္ထုတွေအစား ညကိုယ့်ကိုပိုပြီးအချစ်တိုးစေမယ့်လက်ဆောင်ကိုကိုယ်စီစဥ်ထားတယ်...
ဟင် ဘာများလဲ ဂုဏ်
ကိုယ်ညအပေါ်မှာ အမြဲ သစ္စာရှိသွားပါမယ်...ကိုယ့်ရဲ့ချစ်သူအဖြစ်ရော တစ်ချိန်ကျရင် ကိုယ်လက်ထပ်မယ့်မိန်းကလေးရော ညတစ်ယောက်တည်းပဲ.....ကိုယ်ညအပေါ်မှာ သစ္စာတရားအပြင် ယုံကြည်မှုနဲ့နားလည်မှုကိုပါ ပေးအပ်သွားပါမယ်.....ကိုယ်ဘာကိုပဲလုပ်လုပ် ဘာကိုပဲဆုံးဖြတ်ပါစေ ညကိုကိုယ်အမြဲတိုင်ပင်မယ် ပြောပြမယ်.....
အဟင်း ညလည်းအတူတူပါပဲ.....ဂုဏ်ပြောခဲ့သလို တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိပြီး နားလည်မှု၊ယုံကြည်မှု၊ပွင့်လင်းမှုတို့အခြေခံကာ ညတို့ရဲ့ဆက်ဆံရေးကို တည်မြဲအောင် ထိန်းသွားမယ်နော်
အင်း ကိုယ်ကတိပေးတယ်နော်ည
ကိုယ်ညတစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ချစ်သွားပါ့မယ်.....
ညကလည်း ဂုဏ့်ကို ကတိပေးပါတယ်
ည ဂုဏ်တစ်ယောက်တည်းကိုပဲ သစ္စာရှိရှိနဲ့ ချစ်သွားပါ့မယ်......"
တစ်ယောက်ကိုတစ်ယောက် ပြုံးပြီးစိုက်ကြည့်ကာ.....ချစ်စိတ်တွေတဖြည်းဖြည်းတိုးလို့လာနေတယ်
သူတို့နှစ်ယောက်ရဲ့ Anniversary နေ့လေးဟာ ပျော်ရွှင်မှုအတိနဲ့ကုန်ဆုံးခဲ့ရပါတယ်......
နောင်နှစ်ပေါင်းများစွာအထိ ချစ်ရတဲ့ညနဲ့အတူ အမြဲအတူရှိချင်ပါတယ်..........
နောင်နှစ်ပေါင်းများစွာအထိ ချစ်ရတဲ့ဂုဏ်နဲ့အတူ အမြဲ အတူရှိချင်ပါတယ်..........
ဒါဟာ သူတို့နှစ်ယောက်ရဲ့ တူညီတဲ့ဆုတောင်းတစ်ခုပါပဲ........
"ဂုဏ် ဘယ်လိုလဲ လူရည်ချွန်ကို အကောင်းဆုံး ဖြေနိုင်ခဲ့ရဲ့လား
ဒါပေါ့ ကိုယ်ကဘယ်သူလဲ ညရဲ့ချစ်သူပဲလေ သေချာပေါက် ကိုယ်အကောင်းဆုံးကြိုးစားဖြေဆိုခဲ့တယ်
ဟေ့ရောင် ငါတို့ရှေ့မှာ အထူးသဖြင့် ရည်းစားမရှိသေးတဲ့ငါ့ရှေ့မှာ သိပ်မရိုကြနဲ့...မျက်စိနောက်သလို နားကြားပြင်းကပ်တယ်
ဟားဟား ဒါကတော့ ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲလေ....ဘယ်တတ်နိုင်ပါ့မလဲ....
အေးပေါ့ကွာ အခွင့်ရတုန်းပြောထားနှင့်ဦးပေါ့
ငါ့အလှည့်ကျမှ မင်းတို့လိုက်မမီနိုင်တဲ့Levelအထိ ရိုပြမယ်....
အရင်ဆုံး မင်းကိုပြန်ကြိုက်ပါစေဦး.....
ဟားဟားဟား
လဒလေးတွေ သေမလို့ရယ်နေတာလား
ဟားဟားဟား "
သူပါ အသားကုန် ရယ်နေတဲ့နေလင်းတို့ကိုကြည့်ရင်း လိုက်ရယ်မိတယ်.....ဒီသူငယ်ချင်းတွေနဲ့ အမြဲအတူရှိချင်ပါတယ်
********************************************
"ည....ကိုယ်တို့နောက်လစာမေးပွဲဖြေပြီးရင် ဆယ်တန်းအတွက် စာတွေကြိုလုပ်ရတော့မယ်နော်....အဲ့ကျရင် ကိုယ်တို့အခုလို အတူရှိချိန်ကသိပ်နည်းသွားပြီ ကျောင်းမှာရောကျူရှင်မှာပါ အမြဲ အတူရှိနေ၊တွေ့နေရပေမယ့် မလွတ်လပ်ဘူးလေ
ညပြောမလို့......အဲ့ကျရင် ညတို့ချစ်သူတွေဆိုတာကိုခဏမေ့ထားပြီး ဆယ်တန်းအတွက် သေချာကြိုးစားကြရအောင်
ဟင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲညရဲ့ ကိုယ့်မှာ အမြဲ ညကိုသတိရပြီး ညအနားနေချင်တာကို
ဂုဏ် ညပြောတာကိုနားထောင်နော်.....အခုလို ညတို့တွဲနေတာတောင် အမှားလုပ်မိသလိုဖြစ်နေတာကိုဂုဏ်သိတယ်မဟုတ်လား
ညတို့က ကိုယ့်အနာဂတ်ကို အခုကတည်းက အုတ်ခြေခိုင်အောင်ကြိုးစားနေရမှာလေ.....ညတို့က ကိုယ်ရေးကိုယ်တာနဲ့ပညာရေးကိုအကန့်ခွဲနိုင်လို့သာ လူကြီးတွေ ဆရာ၊ဆရာမတွေ မရိပ်မိတာ.....
ဂုဏ် ကျောင်းကတခြားအတန်းကြီးအတန်းငယ်တွေက ရည်းစားထားလို့မိတဲ့သတင်းတွေကြားတယ်မလား....."
ဂုဏ်က ခေါင်းညိတ်ပြတယ်
"သူတို့ဆို ပညာရေးမှာ အာရုံမစိုက်နိုင်တော့ အဆင့်တွေကျလာတယ် အမှတ်တွေနည်းလာတယ်....တခြားပညာရေးဘက်မှာလည်း လျော့ရဲမှုတွေရှိလာတယ်.....
အခုအတန်းငယ်မှာ အဲ့လိုဖြစ်တာက နောက်အတန်းကြီးတွေမှာ အသိစိတ်ပြန်ကပ်ပြီး ကြိုးစားလို့ရတယ်ဂုဏ်
ဆယ်တန်းမှာသာ ကြိုးစားမှုလျော့ရဲခဲ့မယ်ဆို ညတို့ရဲ့ရှေ့ဆက်လျှောက်သွားရမယ့် အနာဂတ်အတွက် အစမကောင်းဘူးဖြစ်သွားလိမ့်မယ်.............
ညရောဂုဏ့်မှာပါ ရည်မှန်းချက် ကိုယ်စီ ရှိတယ်
ညပြောချင်တဲ့ ချစ်သူလိုမနေဘူးဆိုတာက ချစ်သူလိုဂရုစိုက်မှုတွေမလုပ်ပဲ သူငယ်ချင်းလိုပဲဂရုစိုက်မှုတွေပေးမယ်.....ဒါပေမယ့် မနက်ခင်းတိုင်းမှာ ညအိပ်ရာမဝင်ခင်တိုင်းမှာ ချစ်တယ် ဆိုတဲ့ စကားကို အမြဲပြောရမယ်.....ဘယ်လိုလဲ ဂုဏ် အဆင်ပြေရဲ့လား
ပြေတာပေါ့ ကိုယ်က သူငယ်ချင်းလိုပဲလုံးဝပြန်နေရမယ်ထင်ပြီးကန့်ကွက်မလို့
အခုလို ချစ်တယ်ပြောခွင့်လေးပေးထားတယ်ဆိုတော့ ကိုယ်သဘောတူတယ်
ကိုယ့်ရဲ့ညက လူကြီးလေးကျနေတာပဲ....အတွေးအခေါ်ပိုင်းက ကိုယ့်ထက်တောင်စဥ်းစားတတ်တယ်.....
မဟုတ်ပါဘူး ဒါကဂုဏ်လည်းတွေးမိနိုင်တဲ့အတွေးမျိုးပါပဲ......ညက ညတို့နှစ်ယောက်စလုံးရဲ့ပညာရေးမှာ ထိခိုက်မှုဖြစ်လာမှာစိုးလို့ပါ
ကိုယ်သိပါတယ် ညဖြစ်စေချင်သလိုကိုယ်တို့နေကြမယ်......
အင်း.....ကျေးဇူးပါနော် ဂုဏ်
အမြဲ ညသဘောအတိုင်းလိုက်လျောပေးလို့
မလိုပါဘူးဗျာ ကိုယ်ကညကိုသိပ်ချစ်ရတာမို့ ညစိတ်ချမ်းသာဖို့သာအဓိကပါဗျာ
ညလည်းဂုဏ့်ကိုချစ်တယ်.....
သိပ်ကို နားဝင်ချိုစေသောစကားလေးပါပဲဗျာ...."
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Part-34မျှော်
Author Ester Linn
Continue Reading
You'll Also Like
2K 66 10
မိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား‌‌ လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လ...
1.1M 58.2K 48
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။