နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.8K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-32

40 2 0
By LinnLinn438

"သူအခုဖတ်လိုက်ရတာက....ညရဲ့အဖြေလား.......
ဂုဏ့်ကို ချစ်တယ်တဲ့......ဟား.....တစ်ကယ် တစ်ကယ် ကြီး သူအဖြေပြန်ရလိုက်တာလား.......ဟားဟား ပျော်လွန်းလို့ ရူးတော့မယ် ထင်တယ်.... "

သူအခုပျော်လွန်းလို့ နှလုံးခုန်နှုန်းကပေါက်ထွက်တော့မတက်ကို ခုန်နေတာ....တဟားဟားနဲ့ရယ်နေတာ........

".မြေးငယ် မအိပ်သေးဘူးလား ဘာတွေရယ်နေတာလဲ
ဗျာ အိပ်.....အိပ်ပြီ ဘိုးရေ
အေးအေး....ညည့်မနက်စေနဲ့ ကြားလား
ဟုတ်ကဲ့ ဘိုး "

တော်သေးတာပေါ့ သူ့ရယ်သံကြောင့် အဘိုးကအခန်းထဲထိဝင်မလာဘဲ အပြင်ကပဲ မေးသွားလို့....
နေဦး ဒီလိုပျော်စရာသတင်းကို သွင်ထက်တို့ကိုလှမ်းကြွားရမယ်

"ဟဲလို နေလင်း ည၁၀နာရီ ထိုးနေပြီ ဘာကိစ္စလဲ

မင်းကအိပ်နေပြီလား

အေးအိပ်တော့မလို့

မအိပ်ပါနဲ့ဦး ငါပျော်စရာလေးပြောပြချင်လို့

ပြောစမ်းပါဦး

ငါ ညဆီက အဖြေရပြီသားကြီးရေ....ညက ငါ့ကို ချစ်တယ်တဲ့ ဟဟ

ဟမ်....."

သွင်ထက် အိပ်ချင်စိတ်တောင်ပြေသွားသလိုပဲ....ဘာတဲ့ သူအခုကြားလိုက်ရတာ....ခွင်းကနေလင်းကိုအဖြေပြန်ပေးလိုက်ပြီတဲ့.......အခု အဖွဲ့ထဲမှာ ရည်းစားမရှိFAဆိုလို့ ယောကျ်ားလေးထဲမှာ သူပဲကျန်တော့တာပေါ့.....ဟားးးမမိုက်လိုက်တာကွာ.....
"Congratulations သားကြီး မင်းအတွက် ပျော်ပါတယ်ကွာ.....

ဂုဏ်ပြုပေးတဲ့အသံကလည်း အားမပါလိုက်တာကွာ....ဘာဖြစ်သွားတာလဲ ဟေ့ရောင်

ယောကျ်ားလေးသုံးယောက်ထဲမှာငါပဲရည်းစားမရှိတာလေ....အခုမင်းလည်းခွင်းနဲ့ချစ်သူတွေဖြစ်သွားပြီ

မင်းကလည်း သမုရှိပါသေးတယ်ကွာ.....

အဲ့ဂျပုမကဒီတစ်သက်ရည်းစားရမှာမဟုတ်ဘူး.......

ဟားဟားဟား သွင်ထက် မင်းကတော့ကွာ

နေလင်းတို့များ ချစ်ရသူဆီက အဖြေရတာကို ည၁၀နာရီကြီး ဖုန်းလှမ်းဆက်ပြီးတော့ကိုကြွားတာနော်

ဒါကတော့ ဒီလိုရှိတယ်သူငယ်ချင်းရဲ့...

တော်စမ်းပါကွာ

ဟားဟား ငါဖုန်းဆက်တာနဲ့ မင်းအိပ်ဖို့နောက်ကျနေပြီ

အခုမှ သိတာလား သားလေး

ဟားဟား ငါပျော်လွန်းလို့ပါကွာ

အေး ဒါဆို ဘိုင့်ဘိုင် နေလင်း ငါဖုန်းချလိုက်တော့မယ်

အေးအေး Good Night သွင်ထက်

Good Night နေလင်း... "

ထို့နေ့ညက ခန့်ညားဆီပါဖုန်းတွေဆက်ပြီး ညဆီက ချစ်အဖြေရတာလှမ်းကြွားလို့ အဆဲခံလိုက်ရပါသေးတယ်......
ညကိုအဖြေရရချင်း ဖုန်းဆက်ပြီး ညနှုတ်ကပြောတဲ့ ချစ်တယ် ဆိုတဲ့ စကားလေးကို ကြားချင်ပေမယ့် ညအိပ်ရေးပျက်မှာစိုးလို့ သူဖုန်းမဆက်တော့တာပါ....အဲ့အကြောင်းကို ခန့်ညားကိုပြောပြမိလို့ ထူးရှယ်ပလန်နဲ့ဆဲသွားသေးတယ်.......ဒီကောင်က အားနေဆဲဖို့ပဲချောင်းနေတာ ရုပ်လေးနဲ့မှမလိုက်......

ဒီနေ့ညက သူ့အတွက် အပျော်ဆုံး ညဖြစ်သလို အိပ်မပျော်နိုင်တဲ့ညတစ်ညလည်းဖြစ်တယ်....မနက်ဖြန် မြန်မြန်ရောက်ချင်ပြီ.....ညရေ ကိုယ်မင်းကို တွေ့ချင်ပြီ.......ချစ်တယ် ဆိုတဲ့စကားလေးကို ကိုယ် ကိုယ်တိုင် ကြားချင်ပြီ......

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဂုဏ် ဒီအချိန်လောက်ဆို Notebook ကိုဖွင့်ဖတ်နေလောက်ပြီလားမသိဘူး.....မနက်ဖြန်ကျရင် ဂုဏ်နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ....သူငယ်ချင်းကနေချစ်သူတွေအဖြစ်.....ကူးပြောင်းသွားပြီဆိုတော့...အား....မသိတော့ဘူး အိပ်တာပဲကောင်းတယ်

"ပုံမှန်လည်း ဂုဏ့်ကို ဝင်ခေါ်ပြီးမှ ကျောင်းအတူသွားနေကြကို.....ဂုဏ့်ကိုမျက်နှာချင်းမဆိုင်ရဲဘူးဖြစ်နေတယ်......"

"ညကြည့်ရတာ သူ့ကိုကြည့်ဖို့ရှက်နေပုံရတယ်.....ဒီဟာလေး အခုတလော သူ့ကိုအရမ်းရှက်နေတာ....သူလည်းဘာမှမလုပ်ရပါပဲနဲ့....ဒါပေမယ့် ချစ်နေရသူဆိုတော့လည်း ညရဲ့အသေးစိတ်အပြုအမူတစ်ခုချင်းစီက ချစ်မြတ်နိုးရပါတယ်......."

"ည.......ကိုယ့်ကိုကြည့်ပါဦး......

ဟင့်အင်း မကြည့်ရဲဘူး ဒီအတိုင်း စကားပဲပြောနော်....

ဟောဗျာ ဘာဖြစ်လို့လဲ ညရဲ့....ကိုယ့်ကိုရှက်နေတာလား

အင်း.......

အဟက် ရှက်နေပုံလေး ကိုယ့်ကိုပြပါဦး.....

ဂုဏ်နော်....သူများကရှက်နေပါတယ်ဆိုမှဘာလို့လိုက်စနေတာလဲ.....

စတာမဟုတ်ဘူး ညရဲ့...ကိုယ်က ကိုယ့်ချစ်သူမျက်နှာလေးကိုတွေ့ချင်တာကို ညကမှကိုယ့်ကိုမကြည့်ပဲ

ရှက်လို့ပါဆိုဂုဏ်ရာ....

ဟားဟား ကလေးလေးနဲ့တူနေပြီညရဲ့

မသိဘူး ဂုဏ်ရာ......ငြိမ်ငြိမ်နေ

ဘယ်လိုလုပ်မလဲ ကိုယ်က ညမျက်နှာလေးကိုတွေ့ချင်နေတာ....ကိုယ့်ကိုကြည့်ပါဦး ဟင်......"

မကြည့်မချင်း ဒီနေရာကနေရွေ့မှာမဟုတ်ဘူး...

"ပြော.....ဘာပြောမလို့လဲ

ဟောဒေါသချည်းပါလားဗျာ.....

ကျောင်းကိုဒီနေ့သွားဖြစ်ဦးမှာလားဂုဏ်....တွေ့ချင်နေတဲ့ငါ့မျက်နှာလည်းမြင်ရပြီဆိုတော့ သွားကြမယ်

ဟဟ ဟုတ်ပါပြီကွာ ချစ်ဖို့ကောင်းလိုက်တာညရယ်....ကိုယ်အသည်းတွေယားနေပြီဗျ......
နေပါဦး ညရဲ့.........ဘယ်လိုဖြစ်လို့ လောနေတာလဲ

ဘာလဲ...... စိတ်တိုလာပြီနော်......

အဟက် အသည်းယားစရာလေး..."

ယား ဒီဂုဏ်ကတော့ မနက်စောစောစီးစီး အချစ်စကားတွေရွတ်ပြနေတယ်

"ကိုယ်ပြောစရာရှိသေးတယ်

ဘာလဲ

"နင်၊ငါ" အဲ့လိုမပြောတော့ဘူးလေ...ကိုယ်တို့ကချစ်သူတွေဖြစ်နေပြီဆိုတော့....သူငယ်ချင်းလိုမသုံးနှုန်းတော့ဘူးလေညရယ်

ဘယ်လို ပြောရမှာလဲ

ညကိုယ်ည...."ည"လို့ပြောရမယ်....ကိုယ်က..."ကိုယ်"လို့ပြောမယ်......နော်ည

အင်းအင်း ဂုဏ်ရေ ညတို့ကျောင်းသွားကြရအောင်နော် စကားရှည်နေတာနဲ့ကျောင်းနောက်ကျနေပြီလို့

အဟက် ဟုတ်ပါပြီဗျာ "

သူက အစကလူရည်ချွန်ဝင်မဖြေတော့ဘူးလုပ်ထားတာ...ဒါပေမယ့် ညက သူ့ကိုအတင်းတိုက်တွန်းတာမို့ လူရည်ချွန်ဝင်ဖြေမယ့်စာရင်းထဲမှာသူပါသွားတယ်...ညသာထိခိုက်မှုမဖြစ်ခဲ့ဘူးဆိုရင် သူတို့နှစ်ယောက် အတူတူလူရည်ချွန်အတွက်လေ့ကျင့်လို့ရတယ်....အဲ့တာ နေရည်ခွန်းခကြောင့်....တွေးမိတိုင်း အမှုန့်ကြိတ်ပစ်ချင်စိတ်ကထိန်းမရဘူး.....အခုအဲ့မိန်းကလေးက ကျောင်းနားထားရတာဆိုတော့ သိပ်ကောင်းတယ် ဒီကျောင်းမှာလည်းဆက်တက်ခွင့်မရှိတော့ဘူးဆိုတော့ ပိုတောင်ကောင်းသေးတယ်.....
(ဂုဏ်က ညနဲ့ပက်သက်ရင် အဲ့လိုအကျင့်လေးယုတ်တတ်ပါသေးတယ်😆)

@@@@@@@@@@@@@@

ကျောင်းမှာတော့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်နေပြီဆိုတာကို မသိစေဖို့ အရင်လို နင်နဲ့ငါသာ သုံးနှုန်းပြောဆိုပြီး နှစ်ယောက်တည်းရှိသည့်အချိန် သူငယ်ချင်းတွေနှင့်အတူရှိသည့်အချိန်၌သာ ညနဲ့ကိုယ် အဖြစ် သုံးနှုန်းပြောဆိုခဲ့တယ်......

"ည. ............

ဟင်

ကိုယ်တို့အခုဆို ချစ်သူတွေဖြစ်တာ ၁လ ရှိပြီနော် ညကို ကိုယ့်ချစ်သူအဖြစ်ပိုင်ဆိုင်ခွင့်ရတာ မနေ့တနေ့ကလိုပဲ......

ညတစ်ကယ်မထင်ထားဘူး ဂုဏ်နဲ့အခုလိုချစ်သူတွေဖြစ်လာမယ်လို့လေ......အခုဂုဏ်ကညအပိုင်ပဲ

ဟုတ်တာပေါ့ဗျာ ကိုယ်ကညရဲ့ထာဝရပိုင်ဆိုင်သူပါဗျာ

အဟင်း.....

ကိုယ်အိမ်ပြန်ချိန်တွေကိုအရင်ကမမုန်းပါဘူး
အခုမုန်းတယ်...ညနဲ့ခွဲရတော့မှာမို့လို့လေ

ဂုဏ်ကလည်း နေ့တိုင်း ကျောင်းမှာရောကျူရှင်မှာပါတွေ့နေရတာကို

ဒါပေမယ့် မလွတ်လပ်ဘူးလေ ကိုယ်တို့အတူရှိချိန်က ကျောင်းသွားကျောင်းပြန်ချိန်ရယ် ကျူရှင်သွားကျူရှင်ပြန်ချိန်ရယ်ဒါပဲရှိတာကို

အဟင်း ကလေးဆိုးကြီးမလုပ်နဲ့ဂုဏ် ညတို့က အခုမှ ကျောင်းသားကျောင်းသူအရွယ်ပဲရှိသေးတာ အနေအထိုင်ကအစ ဆင်ခြင်ရမယ်လေ

ကိုယ်သိပါတယ်ဗျာ ကိုယ့်ကြောင့် ကိုယ်ချစ်ရသူညကို ဂုဏ်သိက္ခာနဲ့ပက်သက်ပြီး အထိအခိုက်မခံပါဘူး
ကိုယ်ကညနဲ့မခွဲချင်တာကိုပြောတာပါ

အဟင်း သိပါတယ်နော် ညအိမ်လည်းရောက်ပြီဆိုတော့ ဝင်တော့မယ်နော်ဂုဏ် ဂုဏ်လည်းဂရုစိုက်ပြန်နော် ညကျရင် ဖုန်းဆက်လိုက်မယ်

တစ်ကယ်နော် ည ဖုန်းဆက်ဖို့ မမေ့နဲ့နော် ကိုယ်စောင့်နေမှာနော်

တစ်ကယ် သေချာတယ်

ဟုတ်ပြီ

ပြန်တော့လေ ဂုဏ်

ဟင့်အင်း ညအိမ်ထဲအရင်ဝင်....ကိုယ်ပြီးမှပြန်မယ်

ဟုတ်ပါပြီ ဒါဆို ညဝင်ပြီနော် ဘိုင့်ဘိုင် ဂုဏ်

ဘိုင့်ဘိုင်ပါဗျာ....."

ချစ်ရသူနှင့်အတူပြန်ရတဲ့ အိမ်ပြန်ချိန်လေးဟာ သိပ်ကိုအဖိုးမဖြတ်နိုင်တဲ့အခိုက်အတန့်လေးတွေပါပဲ.......

"ဟဲလို ဖေဖေ ......

သားလေး စာသင်ရတာအဆင်ပြေရဲ့လား

ဟုတ်ကဲ့ ပြေပါတယ် ဖေဖေ ဖေဖေရောနေကောင်းတယ်မလား

အေးကောင်းပါတယ် သားရဲ့....သားမေမေလည်းနေကောင်းတယ်....သားကိုသားမေမေကသတိတွေရနေတာ....."

သားကမမေးပေမယ့်လည်း ခက်အကြောင်းပြောပြလိုက်တယ်.....သားအမိနှစ်ယောက် သည်လိုစိမ်းကားမှုကြားခံနေတာကို ဖခင်တစ်ယောက်အနေနဲ့သူစိတ်မကောင်းဖြစ်မိတယ်

"ဟုတ်ကဲ့
ဒါနဲ့ သားမေးစရာရှိလို့ဖေဖေ

မေးလေသားငယ်

မမေးခင်သားပြောပြချင်တာရှိတယ်

ဘာများလဲ သားငယ်

သားမှာ ချစ်သူရှိနေပြီဖေဖေ

ဟေ........"
ဦးနေမင်းသာ တစ်ကယ် မထင်ထားဘူး အသက်၁၆နှစ်ပဲရှိသေးတဲ့သားမှာ ချစ်သူရှိနေပါပြီတဲ့...ရည်းစားလို့တောင်မသုံးနှုန်းသွားဘူး....ချစ်သူတဲ့....... သူမေးရမယ် ဘယ်သူနဲ့ဆိုတာ.....
"သားငယ် ချစ်သူက ဘယ်သူများလဲ ဖေဖေ့ကိုပြောပြလို့ရမလား.....

ဖေဖေသိပါတယ်.....ညသံသရာခွင်းပါ"
ခက်သဘောမကျတဲ့မိန်းကလေးပဲ.......ကံကြမ္မာက ဘာလို့များ သားချစ်သူက ခက်အမြင်မကြည်သဘောမကျတဲ့သူဖြစ်နေစေတာလဲ
"အဲ့မိန်းကလေးနဲ့သားချစ်သူဖြစ်တာဘယ်လောက်ကြာပြီလဲ

တစ်လကျော်ပြီဖေဖေ
သားအခုမေးချင်တာက Anniversary present ပေးဖို့ အကြံမေးချင်တာပါ..."
သူ့အနေနဲ့ သားချစ်သူကို ကန့်ကွက်စရာမရှိပါဘူး........အင်းလေ သားချစ်သူဆိုမှတော့ သားကတစ်ကယ်ချစ်လို့ သူ့ကို ပြောပြတာပဲ
သူတောင် အဲ့အရွယ်တည်းက ခက်ကိုချစ်ခဲ့တာ....သားကသူနဲ့တူတာပဲ....အဖေတူသားလေး....

"များသောအားဖြင့် အဲ့နေ့တွေမှာ ပန်းစည်းတွေ ကိုယ့်ချစ်သူကြိုက်တဲ့ ပစ္စည်းတွေလက်ဆောင်လေးတွေ ပေးတက်ကြတာ....သားကဘယ်လိုလက်ဆောင်မျိုးပေးချင်တာလဲ

သားက အဲ့လို လက်ဆောင်တွေမပေးချင်ဘူး......ညသားကို အမြဲ အမှတ်ရနေစေမယ့်လက်ဆောင်မျိုးပေးချင်တာ.....

ဖေဖေလည်း မစဥ်းစားတတ်တော့ဘူးကွ......

သားစဥ်းစားလို့ရပြီဖေဖေ

ဟုတ်လား ဘာများလဲ သား

သက်မဲ့ပစ္စည်းတွေထက် သားဘက်က ညအမြဲသားကို သတိရနေစေမယ့်အရာက သစ္စာတရား၊ယုံကြည်မှု၊နားလည်ပေးမှု အဲ့သုံးခုကို သားဘက်က အမြဲစောင့်ထိန်းသွားပါ့မယ်ဆိုတဲ့ကတိပဲဖေဖေ

သိပ်ကောင်းတယ် သားငယ် သမီးခွင်းလည်းသဘောကျလိမ့်မယ်လို့ဖေဖေအာမခံတယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖေဖေ

ဖေဖေကအကြံပေးလိုက်တာမဟုတ်ဘူးလေသားရဲ့ သားဘာ့သာစဥ်းစားလို့ရတဲ့အရာပါ....ကျေးဇူးတင်ဖို့ မလိုပါဘူးကွာ
ကဲကဲ သားလည်းနားတော့လေ နောက်ရက်မှ ဖေဖေ ဖုန်းထပ်ဆက်မယ်နော်

ဟုတ်ကဲ့ ဖေဖေ Good night ပါ

Good nightပါသား...."

**********************************************
ဒီနေ့က ကျူရှင်စောစောဆင်းပေးတာမို့ သူတို့နှစ်ယောက် အိမ်မပြန်သေးပဲ မုန့်သွားစားဖို့လုပ်ထားတယ်......

"ဟိတ် ဟို၂ကောင် အိမ်ပြန်လမ်းကဒီဘက်မှာလေ ဘာလို့ညာဘက်ကိုစက်ဘီးကွေ့ထားကြတာလဲ

ဒီနေ့က ငါတို့ရဲ့Anniversaryလေ အဲ့တာကြောင့် မုန့်သွားစားမလို့

ဒါဆို ငါတို့ပါလိုက်မယ်လေ

ဘာလိုက်လုပ်မှာလဲ ငါတို့ပဲသီးသန့်သွားမလို့ဟာကို

မင်းတို့ကလည်း သူငယ်ချင်းတွေပျော်ပျော်ပါးပါးမုန့်စားလို့ရတာကို

ခေါ်လိုက်ပါဂုဏ်ရယ်.....အဆူခံရရင် သူတို့ပါပါတာပဲ....ဟုတ်တယ်မလား

အင်းညပြောတာလည်းမှန်တာပဲ...ကိုယ်တို့ပဲအဆူခံရမှာမဟုတ်ဘူး....

အရူးနှစ်ကောင် အကျင့်ကိုကအတူတူမကောင်းတာ

We are lover.

သိပါတယ် သိပ်မကြွားကြပါနဲ့

ဟားဟား "

Part-33မျှော်

Author Ester Linn

Continue Reading

You'll Also Like

2.9M 144K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
363K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."