နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-31

50 1 0
By LinnLinn438

"ညပြုံးလိုက်မိသည်.......ဂုဏ်က ချက်ချင်းအဖြေပြန်ပေးချင်စိတ်ဖြစ်အောင် အပြောကောင်းတာပဲ.......
ဒါပေမယ့် မိန်းကလေးတို့ရှေးမူမပျက် မူလိုက်ပါဦးမယ်......ဂုဏ်ရေ......ငါ့ကိုချစ်ရင် စိတ်ရှည်သည်းခံ စောင့်ပေါ့နော်........"

"အဟမ်း အခုချက်ချင်းတော့ငါအဖြေပြန်မပေးသေးဘူးနော်ဂုဏ်..... နင်စောင့်နိုင်လား......."

"စောင့်နိုင်တာပေါ့....ညနဲ့ပက်သက်ရင် ငါ့ဘက်က အရာအားလုံးကို အရှုံးပေးထားပြီးသား......ညသဘောအတိုင်းပါပဲခင်ဗျာ........"

"အဟင်း.....သိပ်အပြောတက်တယ်နော်ဂုဏ်......."

"ချစ်ရသူအတွက်ပဲ စကားတက်တာပါဗျာ...."

"အဟင်း....."

"ညရဲ့မျက်နှာလေးက ပါးပြင်နှစ်ဖက်မှာ ပန်းရောင်သန်းနေတယ်.....သူဖွင့်ပြောလိုက်တာကြောင့်ထင်တယ်....ရှက်ရိပ်သန်းနေတာက ညရဲ့မျက်နှာလှလှလေးမှာ ထင်ဟပ်ပေါ်လွင်နေတယ်....."

"ဖွင့်ပြောလိုက်ပြီထင်တယ်.....ခွင်းက စကားနည်းနည်းပဲပြောပြီး ခေါင်းကအပေါ်မော့မလာတော့ဘူး....

ကြည့်ရတာ ရှက်နေလို့ထင်တယ်.......

ဟုတ်လောက်တယ် ငါ့တုန်းကလည်းအဲ့လိုပဲ....ဟိဟိ

အရေးထဲ ကြော်ငြာ ဝင်တဲ့သူကတစ်မှောင့်........

ငါတို့စတုန်းကတော့ မဟုတ်ဘူး မင်းတို့လိုက်မစစမ်းနဲ့....စောင့်ကြည့်လိုက်....ဘာညာလျှောက်ရွှီးနေတာ....အခုကျတော့ ငါတို့ကိုအသိသက်သေအနေနဲ့ခေါ်ထားပြီး proposeလုပ်သွားတာ......

ဟုတ်တယ် ငါတို့တုန်းက ကုန်ခဲ့သမျှမုန့်ဖိုးအတိုင်း နေလင်းပြန်ဝယ်ကျွေးရမယ်

You right my friend
ထောက်ခံတယ်

ဒါနဲ့ ငါတို့ကပြန်သွားလို့ရပြီမလား
ဒီနားမှာ မတ်တပ်ရပ်ချောင်းနေရတာ ခြေညောင်းလာပြီ

ခဏစောင့်ဦး တော်ကြာ အချိန်ကောင်းမှ ရောက်လာလို့ နေလင်း ဒေါပွနေဦးမယ်

ခြေထောက်ရှည်မိပြီးလိုက်လာမိတာ ခံပေါ့ခန့်ညားဘုန်းရေ

ဒီလဒကနားကိုညည်းတယ်...နှင်းခက်အစားရင်လေးတယ်

စပါးလင်မ နင်နော် ငါထလုပ်မိတော့မယ်

အောင်မာ လုပ်ရဲလုပ်ကြည့်ပါလား ငါ့မှာလည်း လက်ပါတယ်

ကဲ မင်းတို့ ၂ကောင် ဒီနေ့တော်တော်ထသတ်နေတာနော် ဘယ်လိုဖြစ်နေကြတာလဲ

ဘာမှမဖြစ်ဘူး ချောင်းစရာရှိတာဆက်ချောင်း

အဟမ်း သတိထားနေ နားကိုညီးနေတာပဲ"

နာရီဝက်အကြာ.....................

"သူတို့နှစ်ယောက်က စကားမပြောဘဲ ဒီအတိုင်း တစ်ယောက်ကခေါင်းကိုအောက်ငုံ့ထားပြီး....နောက်တစ်ယောက်က သူ့ရှေ့ကလူကိုစိုက်ကြည့်ရင်း အချိန်ကုန်နေတာ ငါတို့ကခြေညောင်းနေပြီ.....လာသွားထိုင်ကြမယ်......"

"အဟမ်း ဒီနေ့ငါတော်တော်ချောင်းဟန့်နေရတာပဲ......

လည်ချောင်းထဲတီကောင်ဝင်နေလို့နေမှာပေါ့.........

နေလင်း မင်းနော် ကူညီပေးတဲ့ကျေးဇူးမှမထောက်.....

နင်တို့က ဘာကိုကူညီပေးတာလဲ..............သွင်ထက်

နေလင်း နင့်ကိုဖွင့်ပြောမှာမို့ ငါတို့ ခုနက ရှောင်ပေး......."

သူ့စကားတောင်မဆုံးသေး ဗိုက်ကိုလိမ်ဆွဲလိုက်တဲ့သမုကြောင့် စကားစရပ်သွားပြီး သူ့အော်သံပဲထွက်လာခဲ့တယ်.......

"အား........နာလိုက်တာ သမုမရာ....ဘာလို့ ဆိတ်ဆွဲတာလဲ.........

အေးကောင်းတယ် သားကြီး သိပ်ကောင်းတယ် သိလား မင်းပဲအကုန်ဖော်နေလိုက်.......

သြော် လက်စသတ်တော့ ခုနကလမ်းလျှောက်ထွက်တာမဟုတ်ပဲ ရှောင်ပေးသွားကြတာပေါ့လေ........ပရဟိတစိတ်ဓာတ်တွေကောင်းကြတယ်နော်........

ဟဲဟဲ ခွင်းကလည်း.......

ငါအိမ်ပြန်ချင်ပြီ....ထွက်လာတာလည်းကြာပြီဆိုတော့ ဘွားစိတ်ပူနေလိမ့်မယ် ပြန်ကြမယ် ဂုဏ်

အင်း ၄နာရီ ခွဲနေပြီဆိုတော့ ပြန်ကြမယ်လေ ခဏနော်ည ကိုယ်စက်ဘီးသွားယူလိုက်ဦးမယ်......

အင်း......."

"နေလင်းတို့က အရင်ကထက် ပိုပြီး ဂရုစိုက်နေတာနော်.....အဟမ်းအဟမ်း

ဟုတ်ပါ့ငါ့တုန်းကကျတော့ ခက်ကိုဂရုစိုက်ပေးရင် ပိုလိုက်တာ ဘာညာနဲ့ လိုက်ပြောနေတာ.....သူ့အလှည့်ကျတော့...."ည"လို့ နူးနူးညံ့ညံ့ခေါ်နေလိုက်တာ နားတောင်ယားတယ်......

နားယားရင် ဆေးခန်းသွားပြလေသားလေး....ဒီမှာ လာအော်မနေနဲ့.......

ဒီ..........အဟမ်း....ငါမဆဲချင်ဘူးနော်နေလင်း......

ဆဲလေ မင်းဆဲရင်မင်းရိုင်းတာပေါ့......

ဟားဟား ခံလိုက်ဦးပေါ့ခန့်ညားရေ....ဟားဟား

ဒီလဒကလည်း သေမလို့ရယ်နေတာလား....

ဟားဟား ဟားဟား "

"ပစ္စည်းတွေက ခြံစောင့်ဦးလေးလာသိမ်းပေးလိမ့်မယ်.....မင်းတို့ရောမပြန်ဘူးလား.....ဆက်နေရင် မိုးချုပ်သွားလိမ့်မယ်နော်.....

ပြန်မှာပေါ့ကွ.....ငါတို့ပဲကျန်ခဲ့ရင်ကြောက်တယ်

နှင်းခက် နင်တော့ အရမ်းအားကိုးရပြီးသတ္တိရှိတဲ့ချစ်သူလေးရထားတာပဲ

အဟင်း ..."
နှင်းခက်ခမျာ မချိပြုံးလေးပြုံးပြနေတယ်

"ချစ်တာကချစ်တာ သရဲကြောက်တာကကြောက်တာပဲ မတူဘူး

သြော် မှတ်သားစရာပဲ

အဟက် ဒါဆို ငါတို့အရင်ပြန်နှင့်ပြီ...

ဘိုင့်ဘိုင် သူငယ်ချင်းတို့

အေးအေး.....

ကဲ ဟိုအတွဲလည်းပြန်ပြီဆိုတော့ငါတို့လည်းပြန်ကြမယ်.... .

အေးသွားကြမယ် "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"အပြန်မှာတော့ အလာတုန်းကလို ဂုဏ်ရဲ့ခါးကိုမဖက်ထားတော့ပဲ...စက်ဘီးထိုင်ခုံအစွန်းလေးကိုပဲကိုင်ပြီး လိုက်ပါလာခဲ့တယ်......တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှ မပြောဖြစ်တာ  ခွင်းအိမ်ရောက်တဲ့အထိပဲ

ခွင်းခြံတံခါးကိုဖွင့်တဲ့အချိန်မှာ......
"ည.....ကိုယ့်ကိုစိတ်ဆိုးသွားတာလားဟင်.....

မဆိုးပါဘူး ငါစကားသိပ်မပြောချင်လို့ပါ.......

အင်း.......ဒါဆို ညနားတော့နော် ကိုယ်ပြန်တော့မယ်....အိမ်ရောက်ရင် ကိုယ်ဖုန်းဆက်လိုက်မယ်.....

မဆက်ပါနဲ့ ဂုဏ်သာ ဂရုစိုက်ပြန်ပါနော် ငါအိမ်ထဲဝင်တော့မယ်......

အင်းဒါဆို ကိုယ်ပြန်ပြီနော်....

အင်း "

ခွင်းကိုကျောခိုင်းကာ စက်ဘီးနင်းသွားပြီဖြစ်တဲ့ဂုဏ့်ကျောပြင်ကိုကြည့်ရင်း အခုကြုံနေရတဲ့အခြေအနေကို နေသားမကျဘူးဖြစ်နေတယ်....သူငယ်ချင်းလိုရှိနေရင်း ဖွင့်ပြောထားတဲ့အခြေအနေကိုရောက်သွားတာက မျက်စိတမှိတ်အတွင်းမှာပဲ မြန်ဆန်လွန်းတယ်.........ငါတို့အရွယ်က သိပ်ကိုငယ်ရွယ်နေသေးတယ်ဂုဏ်....ဒါပေမယ့် ငါ့နှလုံးသားဆန္ဒက နင့်အတွက် အဖြေတစ်ခုရှိနေပြီးသားဖြစ်နေတယ်........ဦးနှောက်နဲ့နှလုံးသား ငါဘာကိုရွေးချယ်ရမလဲ ဂုဏ်.......

**********************************************

"ဘယ်လိုလဲငါ့မြေး....ဒီနေ့သူငယ်ချင်းတွေစုပြီး ပျော်ပွဲစား ထွက်ခဲ့တာ ပျော်ခဲ့ရဲ့လား

ဟုတ် ပျော်တယ်ဘိုး....သားအတွက် အပျော်ရွင်ဆုံး နေ့လေးပဲ.....

အေးအေး ကောင်းတယ် နောက်လည်း သားတို့သူငယ်ချင်းတွေ သွားချင်ရင် သွားလို့ရအောင် မောင်ထွန်းနိုင်ကို အဘိုးပြောထားပေးမယ်.....

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဘိုး

မလိုပါဘူးကွာ ကဲ ပင်ပန်းလာတာဆိုတော့ နားတော့ နားတော့

ဟုတ်ကဲ့ ဘိုးဘိုး

ဘွားမြေးလေး ညနေစာရောစားနိုင်ပါဦးမလား
မုန့်တွေစားလာတာဆိုတော့

စားနိုင်ပါတယ် ဘွားရဲ့.......

ဟုတ်ပါပြီ သွားနားတော့ မြေးလေး

ဟုတ်ကဲ့ ဘွားဘွား "

*********************************************
"ဒီနေ့ သူညကိုဖွင့်ပြောခဲ့ပြီ.......ညကိုဖွင့်ပြောချိန်တုန်းက ရင်တွေတုန်နေတာတအားပဲ......သူ့ခံစားချက်ကို ပထမဆုံး သီချင်းလေးနဲ့ဖွင့်ပြပြီးနောက်မှာ သူ့နှုတ်ကနေ ကိုယ်တိုင် ချစ်ရေးဆိုခဲ့တယ်.......သူ့ဘဝမှာ ညနဲ့ပက်သက်ရင် ရင်အခုန်ရဆုံးနေ့လေးတစ်နေ့ဆိုလည်းမှန်တယ်........ညရဲ့အဖြေကိုကြားချင်ပြီ...... "
(ဖွင့်ပြောတာနာရီပိုင်းပဲရှိသေးတယ်လေ ဂုဏ်ရယ်....ညကမူဦးမှာဟဲ့.....အဲ့တော့ သစ်ကုလားအုတ်လုပ်လိုက်ဦးနော်....😁)

"မြေးငယ်......ငပိရည်ပန်းကန်နဲ့အချဥ်ဟင်းပန်းကန်မှားနေတယ်......

သြော် ဟုတ် ဟီးဟီး သမီးလက်ချော်သွားလို့

ဒီမြေးတစ်ယောက်နဲ့တော့လေ....အချဥ်ဟင်းသောက်မို့ကို ငပိရည်ပန်းကန်သွားခပ်ရတယ်လို့.....

ဟီးဟီး မှားသွားလို့ပါဘွားကလည်း "

ခွင်း ဂုဏ့်ကြောင့် စိတ်နဲ့လူနဲ့မကပ်ဘူး တော်သေးတာပေါ့ ဘွားကနည်းနည်းပဲဆူလို့.....ဟိဟိ "

*********************************************

၃ရက်ကြာပြီးနောက်...............

"ရာရာ.........နင့်သတင်းကိုငါကြားလိုက်ရတယ်....စိတ်မကောင်းပါဘူး

ရပါတယ် သွေးသစ်ရဲ့.....ငါအခုသက်သာနေပါပြီ.....

အင်း....နင့်ကိုထိခိုက်စေခဲ့တဲ့ကျောင်းသူလည်းကျောင်းနားလိုက်ရတယ်လို့ကြားတယ်

ဟုတ်တယ် ဘွားကအဲ့လိုဖြစ်စေချင်ခဲ့တာလေ.....

နင်ကျောင်းမလာကျူရှင်လည်းပျက်နေတော့ ငါကရိုးရိုးနေမကောင်းဘူးပဲထင်တာ....သမုတို့ကိုမေးကြည့်မှ သိရတယ်

ည........ကိုယ် Grammar တစ်ခုသိပ်မရှင်းဘူးဖြစ်နေလို့ ရှင်းပြပေးပါလား

အင်းရတယ်လေ......
ဒါဆို ငါစာရှင်းပြလိုက်ဦးမယ်သွေးသစ်

အင်းသွားလေ ရာရာ

အင်း "

"ဟဲ့ဟဲ့ တွေ့လား ခွင်း သွေးသစ်နဲ့စကားပြောနေတာကို နေလင်း Jဝင်နေတာ......ဟားဟား

အေးတွေ့တယ် "

"ဘယ်Grammarလည်းဂုဏ်......

Direct Indirect Grammar ည......Verbတွေချိန်းသွားတာ ကိုယ်မရှင်းဘူးဖြစ်နေလို့......"

"ဂုဏ်က ခွင်းကိုဖွင့်ပြောတဲ့ရက်မှစပြီး သူ့ကိုယ်သူ "ကိုယ်"လို့ပဲ နာမ်စားသုံးတော့တာကို ခွင်းသတိထားမိတယ်........"

"သွေးသစ်မင်းသတိထားမိလား ခွင်းနဲ့နေဂုဏ်ရှိန်လင်းရဲ့ဆက်ဆံရေးကို........အခုတလော ပုံမှန် မဟုတ်သလိုပဲနော်.......

အေး.....နည်းနည်းတော့ ထူးခြားနေတယ်......

နေဂုဏ်ရှိန်လင်း ပုံစံက ခွင်းကို မင်းနဲ့စကားမပြောစေချင်တဲ့ပုံပဲကွ......

ဧကန္တ ဒီကောင် ခွင်းကို ဖွင့်ပြောပြီးပြီလားမသိဘူး....

မင်းကဘာလို့ ဒီလိုပြောနိုင်ရတာလဲ....မင်းသွေး.....

ဒီကောင် အရင်ကထက် ခွင်းကို ပိုဂရုစိုက်လာတယ်....နူးညံ့လာတယ်....သူ့ကိုယ်သူ နာမ်စားသုံးတာတောင်....ကိုယ်....လို့ပြောပြောနေတာ မင်းတို့သတိမထားမိဘူးလား

ငါတို့ မင်းကိုသတိပေးတယ်နော်သွေးသစ်...ဖွင့်ပြောပါလို့....မင်းနောက်ကျနေတာနဲ့ ခွင်းနဲ့ဟိုကောင် ချစ်သူတွေဖြစ်သွားလိမ့်မယ်.....

အေးပါကွာ မင်းတို့သတိပေးတာကိုငါနားလည်ပါတယ်....."

*************************************************

တစ်ပတ်ကြာပြီးနောက်...........

ဂုဏ်က ဖွင့်ပြောပြီးနောက်ရက်တွေမှာ ကျောင်းအတူတူသွားတိုင်း မနက်ခင်းတိုင်းမှာ ခွင်းကို နှင်းဆီဖြူပန်းတစ်ပွင့်စီ ပေးတယ် ....ခွင်းအနေရခက်စေမယ့်အပြုအမူမျိုးတွေရှောင်တယ်...ခွင်းကိုတန်ဖိုးထားတယ်ဆိုတာကို အပြုအမူတစ်ခုချင်းစီကနေ သက်သေပြနေတယ်.......

ကျူရှင်ဆင်းချိန် ဂုဏ်နဲ့စကားပြောရင်း ဖြည်းဖြည်းချင်း စက်ဘီးကို နင်းလာခဲ့တယ်။
ဂုဏ်တို့လမ်းထိပ်ကိုရောက်တော့....

"ဂုဏ့်.......

ဟင်ပြောလေည.......ကိုယ့်ကိုဘာပြောမလို့လဲ...."

ခွင်း ကျောပိုးအိတ်အပြာရောင်လေးထဲကနေ....Notebook လှလှလေးတစ်အုပ်ကိုထုတ်ယူလိုက်ပြီး ဂုဏ့်ကိုပေးလိုက်တယ်

"ဟင်.....Notebook လေးပါလားည.....ကိုယ့်ကိုပေးတာလား......

အင်း ဂုဏ့်ကို ပေးတာ........"

ညပေးတဲ့Notebookလေးက ချစ်စရာလေး....ပိုင်ရှင်ဖြစ်တဲ့ညအတိုင်းပဲ....လှမှလှ သူ ညနဲ့စခင်ကတည်းက သတိထားမိတာကလေ ညနဲ့ပက်သက်တဲ့ပစ္စည်းတိုင်းမှာ ရေမွှေးနံ့လေးအမြဲရတယ်...
အခုNotebookလေးမှာလည်း အဲ့အနံ့လေးရတယ်....

"ကျေးဇူးတင်ပါတယ်နော်ည.....
ညကိုကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်.......

ဟင့်အင်း ရတယ် ဂုဏ် နီးနီးလေးပဲ ကျန်တော့တာ ကိုယ့်ဘာသာပဲပြန်လိုက်မယ်....သွားပြီနော် ဂုဏ်....

ကိုယ်စိတ်မချဘူးလို့....

ရပါတယ်ဆို....သွားပြီနော် ဂုဏ်....ဘိုင့်

အိမ်ရောက်ရင် ဖုန်းဆက်နော်ည

ဟဟ အရမ်းကြီး စိတ်မပူပါနဲ့ ဂုဏ်ရယ်

မရပါဘူး ကိုယ်ကညကိုချစ်တာကိုစိတ်ပူမှာပဲ..."

ယား....ဒီဂုဏ်တစ်ယောက်နဲ့တော့ ရင်ခုန်နှုန်းတွေထိန်းမရအောင် သိပ်လုပ်တာပဲ.....မြန်မြန်သွားမှ ဂုဏ့်အနားဆက်နေရင် ခွင်း ရှက်နေတာနဲ့အိမ်ရောက်မှာမဟုတ်တော့ဘူး

"ဂုဏ်နော် ငါ ငါပြန်တော့မယ် "

"ည....ည.....ည....
အဟက် ရှက်သွားတဲ့ပုံစံလေးက ချစ်ဖို့ကောင်းလိုက်တာနော်....."

********************************************

ဘွားလာပို့ပေးသွားတဲ့နွားနို့လည်း သောက်ပြီးသွားပြီဆိုတော့ အိပ်ရာဝင်ဖို့အချိန်ရောက်ပြီ......
ကုတင်ထက်မှာ နေရာယူကာ အိပ်ဖို့ပြင်ပြီးမှ.....သူ့အတွေးထဲ ညနေက ညလက်ဆောင်ပေးသွားတဲ့Notebookလေးကို သတိရသွားတယ်.....မအိပ်ခင် အဲ့စာအုပ်လေးကြည့်ပြီးမှပဲအိပ်ရာဝင်တော့မယ်
ကုတင်ပေါ်ကဆင်းလိုက်ပြီး စာကြည့်စားပွဲပေါ်မှာတင်ထားတဲ့ Notebook အနီရောင်လေးကိုသွားယူပြီး ကုတင်ဆီကိုပြန်လျှောက်လာခဲ့တယ်

"အင်း....စာအုပ်ဆီကရနံ့လေးက ညအနားရောက်သွားသလိုပဲ......
ပထမဆုံး စာအုပ်အဖုံးကိုအရင်ဖွင့်ကြည့်လိုက်တော့
"ဟင် သူပေးထားတဲ့ နှင်းဆီဖြူလေးတစ်ပွင့်ပါလား..
ပန်းခြောက်အနေနဲ့ ညှပ်သိမ်းထားပုံပေါ်တယ်......

နောက်စာမျက်နှာအသစ်ကိုလှန်လိုက်တော့
လှပပြီးဝိုင်းစက်တဲ့ညရဲ့လက်ရေးလှလှတို့ကို မြင်လိုက်ရတယ်

"ဂုဏ်.....ပထမဆုံး ပြောချင်တာက နင်ကသူငယ်ချင်းအနေနဲ့ တစ်ကယ် ခင်ဖို့ကောင်းတဲ့သူတစ်ယောက်ပါ...ငါနင်နဲ့စပြီးခင်မင်ခဲ့တဲ့အချိန်ကစပြီး အခုချိန်ထိ ငါ့အပေါ်မှာ ကောင်းပေးခဲ့တဲ့အတွက် ကျေးဇူးလည်းတင်သလို ခင်မင်စိတ်လည်းတိုးရပါတယ်........
ငါ့ကိုယုံကြည်ပြီး ရင်ဖွင့်တဲ့အတွက်လည်း ဂုဏ့်ကိုကျေးဇူးတင်ပါတယ်......
ငါလည်း နင့်လိုပဲ သူငယ်ချင်းထက်ပိုနေမိတာကိုရိပ်မိတာမကြာသေးဘူးဂုဏ်.....ဂုဏ့်ရဲ့အပြုအမူတစ်ခုချင်းစီတိုင်းက ငါ့ကို ရင်ခုန်နှုန်းမြန်စေတာ ဂုဏ်မှမသိပဲ.....ငါနင့်အနားရောက်တိုင်း လေပြည်အဝေ့မှာ နင့်ကိုယ်သင်းနံ့ရတိုင်း ငါ့နှလုံးသားကအမြဲ ထိန်းချုပ်မရအောင် ရင်ခုန်နှုန်းမြန်လာတယ်.......ဂုဏ့်ကို ငါပုံတူပန်းချီကားပေးတာ ငါ့နှလုံးသားစေစားချက်အရ ဆွဲမိသွားတဲ့ပုံပါ....ငါကိုယ်တိုင်တောင် ပုံတူဆွဲနေရင်း သတိမထားမိဘူး...........
ငါ့ကို ဂုဏ်ပြောခဲ့သလို ငါ့ရဲ့နေ့ရက်တိုင်းမှာ ဂုဏ့်ကို ချစ်ရသူအဖြစ်ရှိနေစေချင်တယ်.....ငါ့နှလုံးသားရဲ့အရှင်သခင်အဖြစ် ဂုဏ့်ကိုရှိနေစေချင်တယ်......ငါ့ဘဝရဲ့အောင်မြင်မှုတိုင်းမှာ ဂုဏ့်ကိုငါ့ရဲ့သက်ဆိုင်သူအဖြစ်ပါဝင်စေချင်တယ်........စကားလုံးတွေအစီအစဥ်မကျဖြစ်နေရင် ခွင့်လွှတ်တော့နော် အချစ်စာသဝဏ်လွှာရေးတာက ပထမဆုံးမို့ပါဂုဏ်ရေ........
ဂုဏ့်ကိုချစ်တယ်......ဒီအဖြေက ဂုဏ့်အတွက် ပျော်ရွှင်စေမှာပါ......"

  ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Part-32မျှော်

Author Ester Linn                       

Continue Reading

You'll Also Like

4.5K 83 7
Genre: Romance, Mystery, Action Start date:5.10.23 End date: ? Status: Ongoing (paid gp) စက်မှော်ရုံ: "ခေါင်းငြိမ့်ခေါင်းခါဘာလုပ်လုပ် မင်းရှေ့မှာငါရှ...
22.8K 138 3
အိမ့်မှုးသခင် " အကိုက လေ အိမ့်မှုးဆိုရင် ဆူဖို့ဘဲတက်တယ် အကို့ ကိုယ် အိမ့်မှုကချစ်လို့ အကို စကားနားထောင်နေတာ အိမ့်မူသခင်တို့က ငယ်ငယ်ကတည်းက ကိုယ်က ဘာမှ...
311K 11.2K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...