နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-28

50 1 0
By LinnLinn438

"ကလင် ကလင်ကလင် "

"ကျောင်းခေါင်းလောင်းထိုးပြီ......."

"မင်းခန့်သူ.....ငါမနက်ဖြန်ကျောင်းမလာဖြစ်ဘူး.....
တစ်ခါတည်း ခွင့်တိုင်ခဲ့မယ်...မနက်ဖြန်ကျောင်းတက်စာရင်းမှာ ခွင့်လို့ရေးပေးထားပေး......

အေးအေး ငါတို့လည်း ခွင်းကို လာကြည့်ဦးမယ်....
မင်းဖုန်းနံပါတ် ပေးခဲ့ဦး
ခွင်းတက်နေတဲ့ဆေးရုံနာမည်ကိုလှမ်းမေးမလို့......

အေး ဒီမှာ ရေးပေးခဲ့ပြီးပြီနော်
ငါသွားပြီ

အေးအေး ဂရုစိုက်သွားဦး နေဂုဏ်......."

"နေရည် ညသံသရာခွင်းရဲ့သတင်းကြောင့် ပြာယာခတ်နေတဲ့နေဂုဏ့်ကိုကြည့်ပြီး အပြုအမူတစ်ခုလေးတောင် ဘယ်သူမှ သံသယမဝင်မိအောင် ထိန်းထားရတယ်
နေရည်သာ မူပျက်နေရင် အားလုံးက သံသယဝင်ကြမှာ
အခုထိ ဘယ်သူမှ ညသံသရာခွင်း ဘာလို့ အခုလို ဖြစ်သွားရလဲဆိုတာကို အဖြေမရှာကြသေးပေမယ့် အပြစ်ကျူးလွန်ထားတဲ့သူမို့ လိပ်ပြာလုံစွာ မနေနိုင်ဘူးဖြစ်နေတယ်
ငါ ငါအဲ့လိုဖြစ်စေဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး
ငါခဏတာဒေါသရှေ့ထားမိလို့ဖြစ်သွားရတာပါ
ငါ တောင်းပန်ပါတယ် ညသံသရာခွင်း...........

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဘိုးဘိုးနဲ့ ဘွားဘွားရေ...."

"မြေးငယ်ရယ် ဘာလို့ လောတကြီးပြေးဝင်လာတာလဲ
ကျောင်းကအခုမှပြန်လာတာကို

ဟုတ်သားပဲ ငါ့မြေးရယ် ချော်လဲတော့မှာပဲ
ဖြည်းဖြည်း လျှောက်လာပေါ့

ညလေ ည..........

ခွင်းလေးက ဘာဖြစ်လို့လဲ မြေးငယ်......ဟင်.........

ကျောင်းဆောင်လှေကားပေါ်ကနေပြုတ်ကျပြီး ခေါင်းကွဲသွားလို့ ဆေးရုံတင်ထားရတယ်

ဟင်..........ဘယ်လိုဖြစ်ရတာလဲမြေးရယ်

လှေကားပေါ်ကနေ ခြေချော်ကျတာလား.......

သေချာမသိရသေးဘူးဘိုးဘိုး....ညက သွေးထွက်များလို့ ဆရာ၊ဆရာမတွေ ကျောင်းက ကားနဲ့ ဆေးရုံပို့ပေးတာပဲ သိရသေးတယ်

ဘယ်ဆေးရုံမှာ တင်ထားတာလဲမြေးငယ်သိခဲ့ရလား

ပြည်သူ့ဆေးရုံကြီးမှာ တင်ထားရတယ်တဲ့ဘိုးဘိုး
အဲ့တာ သားလိုက်သွားချင်တယ်.....ဘိုးဘိုးသားကိုလိုက်ပို့ပေးပါလား....

ပို့ပေးရမှာပေါ့ သက်လျာ မင်းပါလိုက်မှာမလား....

လိုက်ရမှာပေါ့ရှင် ခဏလေး ကျွန်မ ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်.....မြေးငယ်ကကျောင်းဝတ်စုံလဲပါဦးလား....ဟိုမှာ ဘယ်လောက် ကြာမယ်မသိဘူး.....ကျောင်းဝတ်စုံလဲလိုက်.......ကြားလား မြေးငယ်

ဟုတ်ကဲ့ ဘွားဘွား

ကျူရှင်လည်းဒီနေ့ငါ့မြေးပုံစံက သွားတက်မယ့်ပုံမပေါ်ဘူး.....အဘိုးခွင့်လှမ်းတိုင်လိုက်မယ်........

ဟုတ် ကျေးဇူးပါ ဘိုးဘိုး သားအဲ့တာကိုမတွေးမိဘူး
ခွင်းအတွက်ပါတိုင်လိုက်နော်ဘိုး

ရပါတယ်ကွာ မြေးခွင်းအတွက်ပါ တိုင်လိုက်မယ်
မနံ့သာခွင်းလည်း မြေးခွင်းထိခိုက်မိတဲ့သတင်းကြားပြီး တော်တော်လေးစိတ်ပူနေမှာ......

ဟုတ်တယ် သားလည်းအဲ့တာကိုတွေးနေတာ....ဘွားနံ့သာက နှလုံးရောဂါရှိနေတာဆိုတော့........

အေးကွာ အားလုံး အဆင်ပြေပါစေလို့ဆုတောင်းရမှာပဲ.........."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"တီ တီ တီ........

ဟဲလို ခန့်ညား.......

အေး မင်းအခုဆေးရုံမှာလား......ခွင်းအခြေအနေကိုသိရပြီလား.....

မသိရသေးဘူး ငါအခု ဆေးရုံသွားနေတဲ့လမ်းမှာပဲရှိသေးတယ်.......

အေး ခွင်းကို ဘယ်ဆေးရုံမှာတင်ထားတာလဲ နေလင်း

ပြည်သူ့ဆေးရုံကြီးမှာ တင်ထားတာ

အေးအေး ဒါဆို ငါတို့လည်း အခုပဲထွက်လာခဲ့တော့မယ်.......ငါတို့လည်း အလျင်လိုနေတာနဲ့ဆရာမတွေကို ဆေးရုံ နာမည် မမေးခဲ့ရလို့မင်းကိုလှမ်းမေးတာ.....

အေးအေးရတယ် ဒါဆို ငါဖုန်းချလိုက်တော့မယ် ခန့်ညား......မင်းတို့လည်းလမ်းမှာ ဂရုစိုက်ဦး

အေးအေး ဒါဆို ဒါပဲနော် နေလင်း

အိုကေ "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ဆေးရုံကိုရောက်တော့ ဂုဏ်တို့အတန်းပိုင်ဆရာမကိုတွေ့လိုက်ရတာမို့....ဆရာမအနားအပြေးသွားကာ..."

"ဆရာမ........

သြော် သားနေဂုဏ်.....သူငယ်ချင်းကိုလာကြည့်တာလား.....

ဟုတ်ပါတယ် ဆရာမ အခုညအခြေအနေကဘယ်လိုရှိလဲဟင်ဆရာမ....သားကိုပြောပြပါနော်

လှေကားက၆ဆင့်ရှိပြီး အပေါ်ဆုံးအဆင့်ကနေ ခြေခေါက်ပြီးပြုတ်ကျတာကြောင့် ပြုတ်ကျတဲ့အရှိန်က အရမ်းပြင်းတယ်.....ခေါင်းက ၆ချက်ချုပ်လိုက်ရတယ်....သွေးထွက်လွန်လို့ သွေးလည်းသွင်းထားရတယ်......ကလေးက ပြုတ်ကျတဲ့အရှိန်ကြောင့်ရော သွေးထွက်လွန်တဲ့အခြေအနေကြောင့်ပါ ဒီ၃ရက်အတွင်း သတိပြန်ရဖို့ စောင့်ကြည့်ရဦးမယ်လို့ တာဝန်ကျဆရာဝန်က ဆရာမတို့နဲ့ သမီးခွင်းရဲ့အဘွားကို ပြောပြသွားတယ်.......

သားလည်းအရမ်းကြီးစိတ်မပူပါနဲ့....တခြားစိုးရိမ်စရာတော့မရှိပါဘူး.....ဒါဆို ဆရာမတို့ကျောင်းကိုပြန်သွားရဦးမယ်.....သမီးညသံသရာခွင်းရဲ့အခြေအနေကို ဆရာကြီးကိုတင်ပြပြီး ဘယ်လိုဖြစ်ရတာလဲဆိုတာကို ဆရာမတို့စစ်ဆေးရဦးမယ်.......

ဟုတ်ကဲ့ ဆရာမ......

ဒါဆို ကျွန်မကိုခွင့်ပြုပါဦးရှင့်......

ဟုတ်ကဲ့ပါ ဆရာမ "

ဆရာမက သူ့ကိုနှုတ်ဆက်ရင်း အဘိုးနဲ့အဘွားကိုပါ နှုတ်ဆက်သွားတယ်။

"အယ် မေ့နေကြတာ မြေးခွင်းရဲ့အခြေအနေကိုပဲမေးလိုက်ရပြီး ဆေးရုံတက်နေတဲ့အခန်းကိုမမေးလိုက်ရဘူး

ဟုတ်တယ် အခုမှ သတိရတယ်.....

ရတယ် ဘိုးဘိုး ကောင်တာကသူနာပြုဆရာမကိုမေးကြည့်လိုက်ရင်ရပါတယ်

အေးအေးဟုတ်တယ် မေးကြည့်လိုက်မြေးငယ်

ဆရာမ......တစ်ခုလောက် မေးချင်လို့ပါ

ဟုတ်ကဲ့ မေးပါရှင့်

ညသံသရာခွင်းက ဘယ်အထပ်မှာ ဆေးရုံတင်ထားရတာလဲဗျ

ခဏလေးပါနော် စာရင်းပြန်ကြည့်ပေးပါမယ်
တတိယထပ် အခန်းနံပါတ်၆၇မှာပါရှင့်

ဟုတ်ကဲ့ ကျေးဇူးပါဗျ

ရပါတယ်ရှင်........ "

***********************************************

ဂုဏ်တို့ အခန်းတံခါးခေါက်လိုက်တော့.....

"ဝင်ခဲ့လို့ရပါတယ်...."

"ဘွားနံ့သာ.......

သြော် သားနေတို့ပါလား......ထိုင်ကြဦး....ဘွားလည်းအခုမှစိတ်အေးရတယ်...မြေးလေးသတင်းကိုကြားလိုက်ရတဲ့အချိန် လဲကျမလိုပဲ....ဒါပေမယ့် ကိုယ့်စိတ်ကိုယ် ပြန်တင်းပြီး ဆေးရုံလိုက်လာခဲ့တာ....ကျွန်မအတွက်နဲ့မြေးလေးသတိရလာရင် စိတ်မပူစေချင်ဘူး

ဟုတ်တာပေါ့ ကျွန်မတို့လည်း သမီးခွင်းလေးအပြင် မနံ့သာအတွက်ပါစိတ်ပူသွားတာ

စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်

မဟုတ်တာ မိတ်ဆွေအချင်းချင်းကို ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ

သမီးခွင်းရဲ့အခြေအနေကို အတန်းပိုင်ဆရာမဆီကနေကြားခဲ့ရပါတယ်....

ခြေခေါက်ပြီးချော်ကျလို့ အရွတ်ပိုင်းလည်းရောင်နေတာ....ပတ်တီးစည်းထားရတယ်.....

အခုလိုအခြေအနေမျိုးဆို ကျောင်းက ၁လ၂လလောက်နားရမယ်ထင်တယ်....

ကျွန်မလည်းအဲ့လိုတွေးနေတာ...မြေးကခေါင်းကွဲထားတာဆိုတော့ ဒဏ်ရာပြန်သက်သာဖို့ နားရမယ်ထင်တယ်....."

လူကြီးတွေကတော့ ညရဲ့အခြေအနေနဲ့ပက်သက်ပြီး ပြောဆိုဆွေးနွေးနေကြတာကို သူကြားနေရပေမယ့် ဘာမှ ဝင်မပြောဖြစ်ဘူး....ညရဲ့ဘေးကခုံမှာထိုင်ပြီး ညအမြန်ဆုံးသတိပြန်ရလာဖို့ကိုပဲ ဆုတောင်းနေမိတယ်
ညရဲ့လက်ကို ခွင့်မတောင်းပဲကိုင်မိလို့ ငါတောင်းပန်ပါတယ်နော် ည.......

"ဒေါက် ဒေါက်ဒေါက်

ဘယ်သူလဲမသိဘူး....

ခန့်ညားတို့သမုတို့ထင်တယ်ဘွား....သားကိုဖုန်းဆက်ထားတယ်

ဒီကလေးတွေကျူရှင်မတက်ဘူးနဲ့တူတယ် ဒီအချိန် ဆေးရုံကိုရောက်လာတာဆိုတော့

ကလေးတွေက ငယ်ကတည်းက ပေါင်းလာတာဆိုတော့ သံယောဇဉ် ကြီးတယ်

ဘွား.........

သမီးလဲ့နှင်းတို့ပါပါလာတာပဲ.....

ဟုတ်တယ် အန်တီရေ.....သမီးခွင်းရဲ့သတင်းကို ကြားကြားချင်း စိတ်မကောင်းဘူး.....ဘယ်လိုဖြစ်ရတာတဲ့လဲအန်တီ

ခြေခေါက်ပြီးချော်ကျတာလို့တော့ ဆရာဝန်က ခန့်မှန်းသွားတယ်......တစ်ကယ် အဲ့လိုဖြစ်တာလားဆိုတာကို စစ်ဆေးပေးမယ်လို့တော့ အတန်းပိုင်ဆရာမကပြောသွားတာပဲသမီးလဲ့နှင်းရယ်

အရာအားလုံး အဆင်ပြေသွားမှာပါအန်တီ....အန်တီ့မှာနှလုံးရောဂါအခံရှိတာဆိုတော့ အန်တီကိုယ့်ကိုကိုယ်လည်းဂရုစိုက်ပါနော်

အေးပါကွယ် အန်တီလည်း ဂရုစိုက်ပါတယ်..

နေလင်း ခွင်းအခြေအနေကဘယ်လိုရှိလဲ
ငါတို့ကို ပြောပြပါဦး......

ခေါင်းကွဲတာက ၆ချက်ချုပ်လိုက်ရပြီး ပြုတ်ကျတဲ့အရှိန်ကပြင်းလို့ ခြေကျင်းဝတ်အရွတ်လည်းရောင်နေတယ်.....နောက်ပြီး သွေးထွက်လွန်လို့ သွေးလည်းသွင်းထားရတယ်.......အဲ့အချက်တွေကြောင့် ၃ရက်အတွင်း သတိပြန်ရဖို့စောင့်ကြည့်ရဦးမယ်

စိတ်မကောင်းလိုက်တာ ခွင်းရယ်.....

မင်းပြေးထွက်သွားတာကို ငါတို့ အတန်းထဲက တွေ့လိုက်တယ်ငါတို့ထင်တာက အကြောင်းတစ်ခုခုကြောင့်လို့ပဲထင်တာ....ရူပဗေဒဆရာမပြောပြမှပဲ အကြောင်းရင်းသိရတော့တယ်

ဟုတ်တယ်.....

သူတို့အားလုံး ခွင်းရဲ့ပုံစံကိုကြည့်ပြီး စိတ်မကောင်းကြဘူး....ခွင်းရဲ့ခေါင်းမှာ ပတ်တီးဖြူဖြူက နေရာယူထားပြီး ဖြူနုသောလက်မှာ ဆေးသွင်းနေရတယ်
မျက်နှာမှာလည်း ပြုတ်ကျတဲ့အရှိန်ကြောင့် ပွန်းပဲ့ဒဏ်ရာအချို့လည်းရှိနေတယ်........

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ခွင်း တစ်နေရာရာကိုရောက်နေတယ်.......ဘယ်နေရာမှန်းမသိဘူး
လယ်ကွင်းပြင်စိမ်းစိမ်းလေးတွေရယ်... ပန်းပင်လေးတွေရယ် ခုံတန်းရှည်လေးရယ်ကိုခွင်းတွေ့နေရတယ်

"သမီးလေး.....မေမေ့အသည်းလေးရေ
ဖေဖေတို့ကိုကြည့်ပါဦး ဖေဖေတို့အကြာကြီးပစ်ထားခဲ့လို့စိတ်ဆိုးနေတာလားကွယ်...."

"ဖေဖေနဲ့မေမေ အသံပါလား......ခွင်းတစ်ကယ်ဖေဖေနဲ့မေမေကိုတွေ့ရတော့မှာလား"

"သမီးလေးရေ.....ဒီဘက်ကိုလှည့်ကြည့်ပါဦးကွယ်....."

"ဟင် ဖေဖေနဲ့မေမေ......."

ခွင်း ဖေဖေနဲ့မေမေဆီပြေးသွားပြီး ပွေ့ဖက်လိုက်တယ်

"သမီး အရမ်းသတိရနေခဲ့တာ"
"မေမေတို့ကလည်းသတိရပါတယ်ကွယ်
သမီးလေးက ဘွားဘွားရဲ့အုပ်ထိန်းမှုအောက်မှာ လိမ္မာရေးခြားရှိပြီး ထက်ထက်မြက်မြက်နဲ့ကြီးပြင်းလာတာပဲ

ဖေဖေနဲ့မေမေရဲ့သမီးလေးပဲဟာ

ဟားဟား ဟုတ်တာပေါ့ ဖေ့သမီးလေးက အရမ်းတော်တာ

ရှေ့လျှောက်လည်းအခုလိုနေထိုင်သွားရမယ်နော်
ဘွားဘွားကိုလည်း စောင့်ရှောက်ရမယ်နော်.....
သမီးလေးကို ဖေနဲ့မေက အရမ်းချစ်တယ်ဆိုတာ သိထားပေးနော်သမီးလေး.....

ဟုတ် သမီးမှတ်ထားပါ့မယ်ဖေဖေနဲ့မေမေ.........

ကဲ သမီးလေး အိမ်ပြန်ချိန်ရောက်ပြီ.......ဖေဖေနဲ့မေမေ လိုက်ပို့ပေးမယ်

ဟင် ဖေဖေနဲ့မေမေပါလိုက်ခဲ့လေ.....သမီးတစ်ယောက်တည်း မပြန်ချင်ဘူး နော် လိုက်ခဲ့နော် ဖေဖေနဲ့မေမေ

အဟင်း လိုက်လို့မရဘူးကွဲ့သမီးငယ်.....

ဟင် ဘာလို့လဲ

ဖေဖေတို့က သမီးလေးလိုအသက်ရှင်နေသေးတာမဟုတ်ဘူးလေ......သမီးလေးက အသက်ရှင်နေသေးတယ် နောက်ပြီး ဘွားဘွားအပါအဝင် သမီးကိုချစ်တဲ့သူတွေအားလုံးက သမီးကို စောင့်နေကြတယ်......ဒါ့ကြောင့် သမီးငယ် ပြန်ရမယ်

ဟင့်အင်း သမီး မပြန်ချင်ဘူး ဖေဖေတို့နဲ့ပဲနေမယ်"
ခွင်းလက်မခံချင်တဲ့အမှန်တရားက သတိပေးနေတယ်

မဆိုးရဘူးနော် သမီးငယ် ဖေဖေနဲ့မေမေစကားကိုနားထောင်နော်.....ဖေဖေ့သမီးလေးက လိမ္မာပါတယ်

ဖေဖေ့စကားကိုနားထောင်နော် မေ့သမီးငယ်လေး

အဟီး ဖေဖေနဲ့မေမေနဲ့မခွဲချင်ဘူး.........

မငိုပါနဲ့ကွယ် သမီးလေး မေမေတို့ကို လွမ်းရင် အိမ်မက်ထဲမှာတွေ့မယ်နော် "

"ဘွားရေ ညက သတိမေ့နေတာကို မျက်ရည်တွေကျနေတယ်......ဆရာဝန်ခေါ်ရအောင်ဘွား.......

ဘွား....ညသတိရလာပြီထင်တယ်....မျက်လုံးလေးတွေလှုပ်လာတယ်.......

ဟုတ်လား ဒါဆို ဘိုးဆရာဝန်သွားခေါ်လိုက်မယ်......

မသက်လျာမေ ကျွန်မမြေးလေး သတိရလာတော့မယ်ထင်တယ်

ည......ငါ့ကိုမြင်ရလား......နောက်ပြီး ဘွားတို့ကိုရောမြင်ရလား........

ခဏလောက် ဖယ်ပေးပါ......."

ဆရာဝန်ရောက်လာတာမို့ ဘွားတို့ဘေးမှာ သူရပ်ပြီး ညရဲ့အခြေအနေကို စောင့်ကြည့်နေရတယ်

"လူနာ အခုရောက်နေတာ ဘယ်နေရာလဲဆိုတာ သိပါသလား

ဆေးရုံပါ........

ဒါဆို လူနာရဲ့အဘွားကိုမှတ်မိလား.....

ဒေါ်နံသာခွင်းပါ

လူနာရဲ့နာမည်........

ညသံသရာခွင်းပါ

ခေါင်းက နာကျင်တာမျိုးရှိသေးလား......မခံမရပ်နိုင်အောင် နာကျင်တာမျိုးပေါ့

အဲ့လိုတော့ မရှိပါဘူး ဒေါက်တာ

ခန္ဓာကိုယ်ကရော နေရတာအဆင်ပြေလား

ဟုတ်ကဲ့ ပြေပါတယ် ဒေါက်တာ......"

ဆရာဝန်က စစ်ဆေးစရာရှိတာ စစ်ဆေးပြီး ခေါင်းငြိမ့်ကာ

"စောင့်ကြည့်ရမယ့်အခြေအနေကနေ ကင်းလွတ်သွားပါပြီ လူနာက အားလုံး အိုကေတယ် စိုးရိမ်စရာမရှိတော့ပါဘူး လူနာရှင်တွေစိတ်အေးအေးထားလို့ရပါပြီခင်ဗျာ"

"ကျေးဇူးအများကြီးတင်ပါတယ် ဒေါက်တာ တစ်ကယ်ကိုကျေးဇူးတင်ပါတယ်...."

"မလိုပါဘူး အဘွားရယ် ဒါက ကျွန်တော်တို့တာဝန်ပါ"
"ဒါဆို ခွင့်ပြုပါဦး လူနာကြည့်စရာရှိသေးလို့ပါ"

"ဟုတ်ကဲ့ပါ ဒေါက်တာ "

"ဘွားမြေးလေး စိတ်ပူလိုက်ရတာကွယ်.....အခုလို အမြန် သတိရလာပေးလို့ကျေးဇူးတင်ပါတယ်

ဘွား သမီး အိမ်မက်ထဲမှာ ဖေဖေနဲ့မေမေကို တွေ့ခဲ့တယ်

ဟင်......

ဖေဖေတို့ရင်ခွင်ကအရမ်းနွေးထွေးတာပဲ...သမီးက မပြန်ချင်ပါဘူးပြောတာကို ပြန်ပို့တယ်..သိလား ဘွား"

"မြေးရယ်......... ငါ့မြေးလေး ဖေဖေနဲ့မေမေကို တွေ့လိုက်ရတော့ ပျော်နေမှာပဲ.....

ပျော်တာပေါ့ ဘွားရဲ့ ဒါပေမယ့် ဝမ်းလည်းနည်းတယ် ခဏလေးပဲတွေ့လိုက်ရတာ......"

ကြည့်ရတာ သားနဲ့သမီးက သူတို့ရဲ့သမီးငယ်လေးကို မြေးလေးသတိမေ့နေတဲ့အချိန် အိမ်မက်ထဲမှာ လာတွေ့သွားတဲ့ပုံပါပဲ.........

"ည.......အခုလို သတိပြန်ရလာလို့ ငါတစ်ကယ်ဝမ်းသာပါတယ်........

အဟင်း ကျောင်းမသွားဘူးလားဂုဏ်......

မသွားဘူး ညသတိပြန်ရတာကိုသိချင်လို့ ဆေးရုံမှာ စောင့်နေတာ
ဆရာဝန်က ၃ရက်စောင့်ကြည့်ရမယ်လို့ပြောထားတာ
တော်သေးတယ် ညက ၂ရက်မြောက်နေ့မှာ သတိပြန်ရလာလို့ ညကိုတစ်ကယ်ကျေးဇူးတင်ပါတယ်"

"ဘိုးနဲ့ဘွားကိုလည်းကျေးဇူးတင်ပါတယ်....သမီးကို ဂုဏ်နဲ့အတူ လာကြည့်ပေးလို့......

မလိုပါဘူးကွယ် မြေးသာ ဂရုစိုက်ပါ..........ဘွားတို့မှာ မြေးသတင်းကိုကြားကြားချင်းစိတ်ပူသွားရတာပဲ

ကလေးတွေချင်းအေးဆေးစကားပြောပါစေ......သားနေလည်း မြေးလေးနဲ့စကားပြောချင်နေမှာပဲ......

ရပါတယ် ဘွားနံ့သာ သားနောက်ရက်မှထပ်လာခဲ့ပါ့မယ်........

ရပါတယ်ကွယ် ဘွားလည်း မြေးငယ်သတိရလာပြီဆိုတော့ စိတ်အေးသွားရပြီ.....သားအဘိုးအဘွားတွေနဲ့ခဏအပြင်မှာ လေညင်းခံရင်း စကားပြောဦးမယ်
သားက မြေးငယ်လေးဘေးမှာခဏနေပေးဦးနော်

ဟုတ်ကဲ့ ဘွားနံ့သာ

ဒါဆို ဘွားတို့သွားလိုက်ဦးမယ် မြေးက မြေးခွင်းလေးကို ဂရုစိုက်ပေးလိုက်ဦးနော်

ဟုတ်ကဲ့ စိတ်ချပါ ဘွား

အဲ့တာတော့ မပူနဲ့ ကျွန်တော့်မြေးက သူ့သူငယ်ချင်းကို လိုလေသေးမရှိဂရုစိုက်ပေးမှာ

ဘိုးကလည်းဗျာ လာစနေပြန်ပြီ

ဟားဟား

အဟင်းအဟင်း မြေးရယ် သားအဘိုးက စတာကို

ဘွားတို့စကားပြောနေတာနဲ့အပြင်မသွားဖြစ်ပဲနေဦးမယ်

ဟုတ်ပါပြီ ဒါဆို သွားလိုက်ဦးမယ်"

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ည.........

ဟင်.........

ညအခုဘယ်လိုနေလဲ နေရတာအဆင်ပြေလား တစ်ခုခုအနေခက်တာမျိုးရှိလား

မရှိပါဘူး ဂုဏ်ရဲ့ငါအဆင်ပြေပါတယ်...."

ညက အခုမှ သတိပြန်ရတာမို့ စကားကို ဖြည်းဖြည်းပဲပြောနိုင်တယ်

"ငါတစ်ကယ်ကို စိတ်ပူသွားတာ ညကိုဆုံးရှုံးလိုက်ရမှာကိုငါကြောက်တယ်....ငါညကိုဆေးရုံခေါ်သွားမယ့်ကားဆီ အမီပြေးလိုက်လာခဲ့ပေမယ့် မမီလိုက်ဘူး အဲ့တာကြောင့် ကျောင်းဆင်းတဲ့အထိစောင့်နေရတယ်.....အဲ့နေ့ကကျောင်းဆင်းဖို့နာရီတွေက အရမ်းကြာနေသလိုပဲညရယ်...."

အခုမှ ပြန်သတိရလာတဲ့ငါ့ကို ရင်ခုန်အောင် စကားလုံးတွေနဲ့ပြုစားနေပြန်ပြီဂုဏ်.......

ညက စကားဆက်မပြောဘဲ သူ့ကို မျက်လုံးချင်းစိုက်ကြည့်နေတယ်
ဖြစ်နိုင်ရင် ဒီအချိန်လေးကို သိမ်းထားချင်မိတယ်
ညနဲ့မျက်လုံးချင်းစုံရတာ သူလက်မလွှတ်ချင်တဲ့အခိုက်အတန့်လေးပဲ

မိနစ်အတန်ကြာ နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိနေပြီး ညဖက်က အကြည့်လွှဲသွားမှ သူလည်း အသိပြန်ဝင်လာခဲ့တယ်
ညရဲ့မျက်ဝန်းတွေက သူ့ကိုညို့ယူနိုင်စွမ်းရှိတယ်.........

************************************************

Part-29 မျှော်

Author Ester Linn

Continue Reading

You'll Also Like

399K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်...
407K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."