နောင်တတို့ပါဝင်နေသောချစ်ခြင်း...
By LinnLinn438
4.9K 116 0
မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️
Part-27
40 1 0
By LinnLinn438
"မောနင်းပါ ည......
ဒီနေ့ကျ ငါမစောင့်ရတော့ဘူးပဲဂုဏ်
ခြံရှေ့ထွက်စောင့်နေတာ......
ဒီနေ့ ညက အသင်းတာဝန်ကျတဲ့နေ့လေ
ဟုတ်သားဘဲ ဒါဆို သွားမယ်လေ ဂုဏ်
ဒါနဲ့ ဘိုးနဲ့ဘွားကရော မတွေ့မိပါလားဂုဏ်
မနက်အစော သွားစရာတစ်ခုရှိတယ်ဆိုပြီး ကားနဲ့ထွက်သွားတာပဲ.......
သြော်.......
သွားမယ်လေ ည
အင်း......"
စက်ဘီးရပ်တဲ့နေ့ရာမှာ ခန့်ညားတို့နဲ့သွားတွေ့တယ်.....
"မမတို့အတွဲကစောစော ရောက်လာတာပဲ.....
ဒီနေ့က ငါ့အသင်းတာဝန်ကျတယ်လေ
စောစောမလာလို့မရဘူး
ခွင်း........
ဟင်
ရော့ သမုကိုလည်းပေးပြီးပြီ နင့်အတွက် နှင်းဆီပန်း
အင်း ကျေးဇူးပါ နှင်းခက်ရယ်
ရပါတယ် ခွင်းရဲ့....
ဒါဆို ငါတို့မုန့်စားဆင်းချိန်မှတွေ့ကြမယ်
အတန်းထဲ ဝင်တော့မယ်နော်
အေးအေး သွားပြီဟေ့....."
ညက အသင်းတာဝန်ရှိသေးတာမို့ ကျောပိုးအိတ်ကို ညထိုင်တဲ့ခုံမှာချထားခဲ့ပြီး အတန်းထဲရှိ ဘုရားဆောင်မှ ပန်းအိုးကိုလဲဖို့ ဘုရားဆောင်ရှိရာကို လျှောက်သွားနေတယ်
"ဘယ်လိုယူရပါ့မလဲ..ဘုရားဆောင်က သူမအရပ်နဲ့မမီဘူးဖြစ်နေတယ် ဘုရားပန်းအိုးကလည်း အလေးကြီးပဲ
ခုံနဲ့တက်ယူမယ်လုပ်ရင်လည်း ပြုတ်ကျမှာကြောက်တယ် လက်ထဲမှာက ဘုရားပန်းတွေက ကိုင်ထားသေးတာ ဒီနေ့အသင်းရဲ့ယောကျ်ားလေးအသင်းသားတွေကမရောက်သေးဘူး
ည ငါပန်းအိုးယူပေးရမလား
အင်း ကူညီပေးပါအုံး ဂုဏ်ရေ
ဟုတ်ပြီ ညကဒီဘက်ကိုခဏလာလိုက်
အင်း.... ဂုဏ်...."
ဂုဏ့်အရပ်က ၅' ၇"ရှိတာမို့ ခုံနဲ့ယူစရာတောင်မလိုဘူး
လက်မြှောက်ပြီး ပန်းအိုးယူလိုက်ယုံပဲ
" ပန်းအိုးရပြီ ည
အင်းကျေးဇူးပါဂုဏ်
ပန်းအိုးလဲပြီးရင် ပြန်တင်ပေးပါဦးနော်
ရတယ် ည
ငါလုပ်ပေးမယ်......
ပန်းအိုးလဲတာဂရုစိုက်ဦးနော်
အင်း.....
သြော်ခွင်းက အစောရောက်နေတာပဲ
နည်းနည်းလေးနောက်ကျသွားတာ ဆောရီးပါနော်ခွင်း
ရပါတယ် သက်ထားရဲ့
ဒါဆို ငါတို့က တံမြက်စည်းလှဲလိုက်မယ် ညက ဘုရားပန်းအိုးလဲနေပြီဆိုတော့
အင်းအင်း ကျောင်းအုပ်ကြီးရုံးခန်းကိုဒီတစ်ပတ် ဘုရားပန်းအိုးကိုလဲဖို့ တာဝန်ကျတာက ငါတို့အသင်းမလားသက်ထား
အင်းဟုတ်တယ် ခွင်း
ဟုတ်ပြီ ဒါဆို ငါပန်းအိုးလဲတဲ့တာဝန်ယူလိုက်မယ်နော်
အင်းအင်း ခွင်း "
************************************************
"နင်တို့က ဘာဟင်းထည့်လာကြတာလဲ
ကြက်အူကြော်၊ကင်ပွန်းချဥ်ရွက်နဲ့မုန်လာရွက်ကို ငရုတ်သီးစပ်စပ်လေးနဲ့ကြော်ထားတာရယ်၊ကြက်မွကြော်ရယ် ထည့်လာတယ်
ငါက ဘဲဥဟင်းရယ်၊ခရမ်းသီးနှပ်ရယ်၊ကြက်ကြော်ရယ်၊ကတ္တီပါပဲကြော်ရယ်ထည့်လာတယ်
ဒီနေ့ သမုက ဘဲဥဟင်းထည့်လာတာပဲ
သမုမေမေချက်တဲ့ဘဲဥဟင်းက အရမ်းစားကောင်းတာ
ဟုတ်တယ် ငါတို့တော့ ဒီနေ့ဗိုက်တင်းပြီပဲ...."
သူငယ်ချင်းတွေအားလုံးထမင်းချိုင့်ဖွင့်ပြီး စုစားကြတာမို့ ဟင်းကအစုံပါပဲ
ဒီနေ့ညနဲ့သူက ထမင်းချိုင့်ပါမလာတာမို့ခန့်ညားတို့ နှင်းခက်တို့ဆီကနေ ကပ်စားရမှာ
"ခွင်း ဒီဘက်ကိုလာ ငါတို့ကြားထဲမှာထိုင်
အင်းလာပြီသမု
နေလင်း မင်းလည်းငါတို့ကြားထဲမှာထိုင် အစွန်မှာထိုင်နေရင် ဟင်းထည့်ဖို့မင်းအဆင်မပြေဘူး
ရပါတယ် ခန့်ညားရဲ့
ငါဒီဘက်မှာထိုင်လို့ရပါတယ်
လာစမ်းပါကွာ.....
အေးပါကွ...... "
"မင်းတို့မုန့်က ဘာမုန့်စားမှာလဲ
ငါနဲ့ညက ဝယ်ကျွေးမယ်
ဟုတ်တယ် ထမင်းကိုနင်တို့ဆီက ကပ်စားထားတာဆိုတော့ ငါတို့က ချစ်သူငယ်ချင်းလေးတွေကိုမုန့်ပြန်ဝယ်ကျွေးမယ်
မလိုပါဘူး နေလင်း နဲ့ခွင်းရယ်
ကဲပါ စားမယ့်မုန့်ကိုပြောကြ
တော်ကြာ မလိုပါဘူး ရပါတယ် ပြောနေရင်းကျောင်းခေါင်းလောင်းထိုးသွားမှ မစားလိုက်ရပဲနေဦးမယ်
ဟီးဟီး အဲ့တာတော့ အမှန်ပဲ
ငါတို့ပါလိုက်မယ်လေ မင်းတို့ချည်းပဲသွားမဝယ်ပါနဲ့
ဒါဆိုလည်း သွားမယ်လေ
အေးသွားကြမယ် "
************************************************
"ညသံသရာခွင်း.....
ဘာပြောမလို့လဲ နေရည်ခွန်းခ...."
ခွင်း စာအုပ်ယူမလို့ ဆရာမနားနေဆောင်ဆီ သွားမယ့်အချိန်မှာ....နေရည်ခွန်းခက ခွင်းကိုလှမ်းခေါ်တယ်
"နင်နဲ့နေဂုဏ်က ဘာတွေလဲ
ဘာကိုမေးတာလဲ
နင်တို့နှစ်ယောက်က ကြိုက်နေကြတာလား
နေဂုဏ်က နင့်ဆို အမြဲ ဦးစားပေးတယ်
နင်ကလွဲရင် တစ်ခြားသူဆို အမြဲ အေးစက်စက်နဲ့ ဆက်ဆံတာ
အဲ့တာ ဂုဏ့်အပိုင်းလေ
ငါနဲ့မဆိုင်ဘူး
ဂုဏ်က အစကတည်းက အဲ့လိုနေတတ်တာနင်မသိဘူးလား
နင်မကျေနပ်ရင် ဂုဏ့်ကိုသွားပြောလေ
ဘာလို့ငါ့ကိုလာပြောနေတာလဲ
နင်သာ နေဂုဏ်နဲ့ဝေးဝေးနေရင် ရပြီ
နေဂုဏ့်အပေါ် လိုအပ်တာထပ်ပို မဆက်ဆံပါနဲ့
ဟားဟား ရယ်စရာတွေလာပြောနေတာပဲနေရည်ခွန်းခ
ငါနဲ့ဂုဏ်က ဘယ်လိုဆက်ဆံရေးမျိုးရှိနေပါစေ
နင်နဲ့ မဆိုင်ဘူး နင်လာပြောနေစရာလည်းမလိုဘူး
အဲ့တာကို နင်မြဲမြဲမှတ်ထား နေရည်ခွန်းခ
နင်..............."
နေရည်ဘာမှပြန်မပြောနိုင်ခင်မှာ
ညသံသရာခွင်းက နေရည့်အနားကနေ လှည့်ထွက်ပြီး လှေကားထိပ်ကနေ အောက်ထပ်ကိုဆင်းဖို့လုပ်တဲ့အချိန်..............နေရည် ညသံသရာခွင်းကို ခြေထိုးခံလိုက်တာကြောင့် လှေကားထိပ်ကနေ ခြေခေါက်ပြီးပြုတ်ကျသွားခဲ့တယ်.......
ဒေါသအလျောက်ဖြစ်တည်လာတဲ့မကောင်းတဲ့စိတ်က တစ်ဖက်လူအပေါ် ထိခိုက်သွားစေခဲ့တယ်။
"အား.........."
"သွားပြီ နေရည့်ကြောင့် ညသံသရာခွင်းလှေကားထိပ်ကနေပြုတ်ကျသွားပြီ
ဘယ်လိုလုပ်ရမလဲ နေရည်လုပ်မှန်း ဘယ်သူမှ မမြင်လိုက်ပါဘူးနော် နေရည်ဒီနားကနေ အမြန်ထွက်သွားမှဖြစ်မယ်.....ဟုတ်တယ် ငါဒီနားကနေထွက်သွားမှ ငါ့ကို ဘယ်သူမှ သံသယမဝင်မှာ"
ခွင်းနဲ့နေရည်ခွန်းခ ပြဿနာတက်တဲ့အချိန်ဟာ စာသင်ချိန်ဖြစ်နေတာမို့ အတန်းအပြင်မှာရော လှေကားမှာပါ လူမရှိဘူး
ဒါ့ကြောင့် အခုလိုဖြစ်ပျက်သွားတာကို ဘယ်သူမှ မသိလိုက်ဘူး
"အော်သံကြားလိုက်ကြတယ်မလား
ဆရာမတို့
ဟုတ်ကဲ့ ကြားလိုက်တယ်ဆရာသန့်
လှေကားနားကဖြစ်မယ်ထင်တယ်
ကျောင်းသူတစ်ယောက်အော်လိုက်တာမျိုးပဲ
ကျွန်မတို့ သွားကြည့်ကြရအောင်
ဟုတ်ကဲ့ သွားကြည့်ကြရအောင်ဗျ
ဆရာ၊ဆရာမနားနေခန်းက ခွင်းပြုတ်ကျတဲ့လှေကားနဲ့သိပ်မဝေးတာမို့ ခွင်းရဲ့အော်သံကို ကြားလိုက်ကြတယ်
"ဟယ် သမီးညသံသရာခွင်း
ခေါင်းမှာလည်းသွေးတွေနဲ့......
ကူညီကြပါဦး
သမီးခွင်း သတိထားပါဦးကွယ်......"
ဆရာမ.....သမီးနာတယ်....."
ခွင်း ခဏသတိပြန်ရလာတော့ ဆရာ၊ဆရာမတွေ ဘေးနားမှာ ရှိနေတာမို့ စကားတစ်ခွန်းလောက်ပဲ ပြောနိုင်ပြီး သတိပြန်မေ့သွားခဲ့တယ်...... သမီးအရမ်းနာတာပဲဖေဖေနဲ့မေမေရယ်.......
"သမီးလေး သတိကပ်ထားပါဦးကွယ်
ဆရာမ ကျွန်တော်ပွေ့ချီခဲ့မယ် လူနာတင်ကားခေါ်ပြီးပြီလား.......
ခေါ်ထားပေမယ့် အခုမှစထွက်မှာမို့ဒီကိုရောက်ဖို့ မိနစ်၂၀ခန့်ကြာမယ်ဆရာသန့်
ဟာ အဲ့လောက် ကြာနေရင် ကလေးကသွေးထွက်လွန်နေတာနဲ့ ဒုက္ခ ရောက်ကုန်လိမ့်မယ်
ဆရာမချို ကျောင်းအုပ်ကြီးပြန်ရောက်ပြီလား
ခုနကပြန်ရောက်တာတွေ့လိုက်တယ်ဆရာသန့်
ဒါဆို ကျောင်းအုပ်ကြီးကို အကျိုးအကြောင်းပြောပြီးကားယူသွားမယ့်အကြောင်းကို တစ်ချက် ပြောပေးပါဆရာမချို
ဟုတ်ကဲ့ရှင့်
ဒါဆို သွားကြရအောင်
"သတိထားပြီးပွေ့ချီနော်ဆရာသန့်
ဟုတ်ကဲ့...... "
ခွင်းတို့အတန်းထဲက သန့်စင်ခန်းကို ထွက်လာတဲ့ ကျောင်းသူနှစ်ယောက်က ဆရာသန့်နေမျိုး တစ်ယောက်ယောက်ကိုပွေ့ချီပြီး ဆရာမတွေက ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ယောက်ယက်ခက်နေတာကို လှမ်းတွေ့လိုက်ကြတယ်
"ဟဲ့ ဟိုမှာ ဘာဖြစ်တာလဲမသိဘူး
ဆရာ၊ဆရာမတွေ အပြေးအလွှားနဲ့
အေးနော်....
ဟဲ့ဟဲ့ ဆရာပွေ့ချီသွားတဲ့သူက ခေါင်းမှာသွေးတွေနဲ့
အေး ဟုတ်တယ် လှေကားပေါ်ကပြုတ်ကျတာလားမသိဘူး
လာငါတို့သွားမေးရအောင်
ဆရာမ ဆရာမ
အေးသမီးပြော
ဘာဖြစ်တာလဲဟင်
အေးအတော်ပဲ သမီးတို့က ညသံသရာခွင်းတို့အတန်းထဲကမလား
ဟုတ်ပါတယ် ဆရာမ
ဆရာမတို့အခု ညသံသရာခွင်း လှေကားပေါ်ကပြုတ်ကျတာကြောင့်ဆေးရုံပို့ရမှာ
ဆရာမပါလိုက်သွားမှာမို့ အခုဝင်ရမယ့်အတန်းချိန်ကို ကိုယ့်ဘာသာစာလုပ်ထားကြ ဆရာမအတန်းမဝင်ဘူးဆိုတာကို အတန်းထဲက သူတွေကို ပြောပြလိုက်ဦး
ဟုတ်......ဟုတ်ကဲ့ ဆရာမ
အေးအေး ဒါဆို ဆရာမသွားမယ်
ဟုတ်ကဲ့ ဆရာမ "
"ငါတို့ အတန်းအမြန်ပြန်ရအောင်
အေးသွားကြမယ်
မြန်မြန်လာ......"
"ဟဲ့ရေးကြီးသုတ်ပြာနဲ့ပြေးဝင်လာတာ
ဘာဖြစ်လို့လဲ
သူတို့နောက် ကျားလိုက်လာလို့နေမှာပေါ့
ဝါးဟားဟား........
ရယ်မနေကြနဲ့ ငါတို့အခုအခုပြေးလာတာက ဆရာမရီရီချိုအတန်းမဝင်ဘူးဆိုတာရယ်
ဆရာမမဝင်ဘူးဆို ကောင်းတာပေါ့ ဒီနေ့ စာမမေးဖြစ်တော့ဘူး
မင်းတို့ခဏတိတ်တိတ်နေကြ သူတို့စကားမဆုံးသေးဘူး စကားဆုံးတဲ့အထိနားထောင်"
အတန်းခေါင်းဆောင်ဖြစ်သူ ဂုဏ်ဝင်ပြောလိုက်တာမို့ တစ်တန်းလုံး တိတ်ဆိတ်သွားတယ်
"ဆက်ပြော မေဇင်ချို
အေး နောက်ပြီး အတန်းခေါင်းဆောင်ညသံသရာခွင်း ဆရာမတွေနားနေဆောင်ရှိတဲ့ လှေကားကနေ ပြုတ်ကျလို့ အခုဆရာ၊ဆရာမတွေ ဆေးရုံလိုက်ပို့ဖို့ပြင်နေကြတယ်
ဘာ............"
တစ်တန်းလုံး တိတ်နေတဲ့အချိန်မှာ ဂုဏ်က ထအော်လိုက်တာကြောင့် အားလုံး လန့်ကုန်ကြတယ်
"ည စိုးရိမ်ရလား
စိုးရိမ်ရတယ်
ခေါင်းကနေသွေးတွေထွက်တာအများကြီးပဲ
အခု အခု ညဘယ်မှာလဲ
ဟမ် ငါ့ကိုပြောမေဇင်ချို....."
အသက်ကိုခပ်ပြင်းပြင်းရှုကာ ညအခြေအနေကို ဆက်မေးရတယ် ဂုဏ့်အသံက တုန်ရီနေတာကို အကုန်လုံး သိနေတယ်
"ဆရာသန့်ပွေ့ချီသွားတာပဲတွေ့လိုက်တယ်..."
စကားအဆုံးမှာ ဂုဏ် အတန်းထဲကနေပြေးထွက်ခဲ့တယ်
ညဘာမှမဖြစ်ပါစေနဲ့....ငါအရမ်းစိတ်ပူတာပဲညရယ်
ငါညကိုအဆုံးရှုံးမခံနိုင်ဘူး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ညဘာမှမဖြစ်ပါစေနဲ့ အရှင်ဘုရား တပည့်တော် တန်ဖိုးထားရသူကို အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးပါဘုရား........
"အယ် ခွင်းသတင်းကိုကြားတာနဲ့ နေဂုဏ် အတန်းထဲက ပြေးထွက်သွားပြီ......."
အတန်းထဲကသူတွေကတော့ ကြားလိုက်ရတဲ့ သတင်းကြောင့်ရော နေဂုဏ်ပြေးထွက်သွားတာကြောင့်ပါ ကြောင်တောင်တောင်လေးတွေနဲ့ ကျန်ခဲ့ကြတယ်
သူတို့ဘာမှထပ်မပြောဖြစ်ကြပေမယ့် ကိုယ်စီစိတ်ထဲမှာတော့ ခွင်း အမြန်ဆုံး သက်သာလာစေဖို့ ဆုတောင်းနေမိတာကတော့အတူတူပါပဲ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
"ဒေါ်နံသာခွင်း စပျစ်ခြံတွေကို စစ်ဆေးပြီး လိုအပ်တဲ့ အရာတွေကို စာရင်းလုပ်ကာ သုံးရမယ့်ငွေကို အချိုးကျတွက်နေချက်နေတုန်း.....ဘေးကစားပွဲပေါ်တင်ထားတဲ့ဖုန်းကမြည်လာတယ်
တီ တီ တီ...........
ဟဲလို ဒေါ်နံသာခွင်း ဖုန်းဟုတ်ပါတယ်နော်
ဟုတ်ပါတယ် ဘယ်သူများပါလဲရှင်
ကျွန်မက ညသံသရာခွင်းရဲ့အတန်းပိုင်ဆရာမပါ
ဟုတ်ကဲ့ "
မြေးငယ် ကျောင်းမှာ ဘာဖြစ်လို့ပါလိမ့်
အတန်းပိုင်ဆရာမက ဖုန်းဆက်တယ်ဆိုတော့
"အန်တီ့မြေး ကျောင်းက လှေကားပေါ်ကနေ ပြုတ်ကျပြီး ခေါင်းကွဲသွားလို့ အခုကျွန်မတို့ ဆေးရုံတင်ဖို့ သွားနေတဲ့လမ်းမှာပါ
ရှင်...................... "
ဘယ်လိုဖြစ်ရတာလဲမြေးရယ်
ဘွားရင်တွေပူလိုက်တာကွယ်
"အခုကလေးက ဘယ်လိုအခြေအနေရှိလဲဟင်
ကျွန်မမြေးလေး ..........
အန်တီ သိပ်စိတ်မပူပါနဲ့နော်
ကျွန်မတို့အခု ပြည်သူ့ဆေးရုံကြီးကို သွားနေတာမို့ အန်တီ စိတ်ကိုအေးအေးထားပြီးလိုက်လာခဲ့ပါနော်
ဟုတ်ဟုတ်ကဲ့ ကျွန်မလိုက်လာခဲ့ပါ့မယ်....သေချာလေး ဂရုစိုက်ပေးပါနော်
ဟုတ်ကဲ့ စိတ်ချပါရှင်..."
ဘွားမြေးလေး အသက်အန္တရာယ်ကင်းပါစေကွယ်
ဘာမှမဖြစ်ပါစေနဲ့
**********************************************
ဂုဏ် အတန်းထဲကနေပြေးထွက်ပြီး ဆရာ၊ဆရာမတွေ နားနေဆောင်ကိုလိုက်သွားခဲ့ပေမယ့် ညပါတဲ့ကားက မောင်းထွက်သွားပြီမို့ သူမမီလိုက်တော့ပါ
ထို့ကြောင့် တုန်ရီနေတဲ့ စိတ်ကိုထိန်းကာ အတန်းရှိရာသို့ လျှောက်လာခဲ့တယ်
"နေဂုဏ့်.......
ငါမမီလိုက်ဘူး......"နေဂုဏ်က အဲ့တစ်ခွန်းပဲပြောပြီး ဒူးပေါ်လက်တင်ပြီးခေါင်းအပ်ကာ ငိုနေတယ်
"စိတ်ကိုထိန်းပါနေဂုဏ်ရာ
မင်း ကျောင်းဆင်းရင် ခွင်းတက်နေတဲ့ဆေးရုံကိုလိုက်သွားလို့ရတာပဲ....."
သူနဲ့အတူတစ်ခုံတည်းထိုင်တဲ့သူငယ်ချင်းတွေက အားပေးနှစ်သိမ့်ပေမယ့် သူ့စိတ်က ညနဲ့ပက်သက်ရင် အပြုအမူတစ်ခုတောင် ထိန်းချုပ်လို့မှမရတာ
ကျောင်းမြန်မြန်ဆင်းပါစေလို့ပဲ သူဆုတောင်းနေမိတယ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ခွင်းရဲ့သတင်းကို သမုတို့ အတန်းထဲ ဝင်တဲ့ဆရာမက ပြောပြတာမို့ သမုတို့လည်း စိတ်တွေပူနေတာ
ညနေကျောင်းဆင်းရင် မိဘတွေကို ပြောပြပြီး ခွင်းကိုသွားကြည့်ရမယ်
ဘွားနံ့သာလည်း အရမ်းစိတ်ပူနေမှာပဲ....
"ဒီနေ့ ငါတို့ ကျူရှင်ပျက်မယ့်အကြောင်း ခွင့်လှမ်းတိုင်ရမယ် သွင်ထက်
အေး သူငယ်ချင်းတွေအားလုံးအစား ခွင့်တိုင်လိုက်မယ်
နေလင်းအတွက်ပါ တိုင်လိုက်နော် သွင်ထက်
သူလည်း ကျူရှင်တက်ဖြစ်မှာမဟုတ်ဘူး
အေးလေငါသူ့အတွက်ပါတစ်ခါတည်းတိုင်ခဲ့မှာ
ငါတို့ နေ့လည် ၂နာရီ သွားကြမယ်
အားလုံး အဆင်သင့် ပြင်ထားလိုက်ကြနော်
အေးအေး......"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Part-28မျှော်
Author Ester Linn
Continue Reading
You'll Also Like
1.1M 58.1K 48
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...