နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-24

49 1 0
By LinnLinn438

"ည ငါလာခေါ်မယ်
စောင့်နေနော်
၂နာရီခွဲလောက် လာခဲ့မယ်

အင်း ရတယ် ဂုဏ်

ဒါဆို ဘိုင့်ဘိုင် ည

အင်း ဘိုင့်ဘိုင် "

ဂုဏ်က သူ့လမ်းရောက်ပြီမို့ ခွင်းတို့လမ်းဘက်ကိုကွေ့ကာ နင်းလာခဲ့တယ်။

"ဘွားရေ......

ဟေ...လာပြီ

သြော် သားနေပဲ
ခြံထဲဝင်လေသား

မဝင်တော့ဘူး ဘွား
သား ညကိုလာခေါ်တာ
ခဏနေ သားတို့အုပ်စု မုန့်သွားစားမလို့

အေး ခွင်းပြောတယ်
ဂရုစိုက်သွားကြနော်ကလေးတို့
တစ်ခုခုဆိုရင် ဘွားကိုဖုန်းဆက်လိုက်

ဟုတ်ကဲ့ ဘွား...

ဆောရီး ဂုဏ်ငါအိတ်ယူနေလို့

အင်းရတယ် ည

ဒါဆို သွားပြီနော် ဘွား

အေးအေး....."

**********************************************

"ဂုဏ် ........
ဟိုဟာတွေကိုမတွေ့ပါလား
မရောက်သေးဘူး ထင်တယ်

အင်း ငါတို့က ၁၅မိနစ် စောရောက်နေတာပဲ

ဒါဆို ငါတို့အအေးသောက်ရင်းစောင့်ကြရအောင်

အင်းဒါဆို Bubble Teaဆိုင်ရှေ့မှာခဏစောင့်နော်ည
ငါစက်ဘီးသွားအပ်လိုက်လိုက်ဦးမယ်

အင်းအင်းဂုဏ်.."

"လာ ည သွားမယ်

အင်း..... "

ဟဲ့ ဟိုရှေ့က အတွဲလေးကိုတွေ့လား
လိုက်ဖက်လိုက်တာ
နှစ်ယောက်စလုံး ဖြူဖြူသန့်သန့်လေးတွေ
တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတွေပဲရှိသေးတယ်ထင်တယ်........

ဟုတ်လောက်မယ် ဂါဝန်အပြာနုရောင်လေးဝတ်ထားတာ ချစ်စရာလေးဟယ်

ဟီးဟီး ဟုတ်တယ်
ငါတို့များ အဲ့လိုဖြူဖြူသန့်သန့်ကောင်လေးမရဘူးဟယ် တွေ့လိုက်ရင် အညိုဆင် အမဲဆင်တွေချည်းပဲ

ဟုတ်ပါ့ ဟားဟား

"ခွင်းတို့နောက်က အစ်မနှစ်ယောက်က သူတို့ရှေ့ကခွင်းတို့ကိုကြည့်ပြီး တိုးတိုးနဲ့ပြောနေတာကို အသေအချာကြားနေရတယ်....."

"ခွင်းတို့နှစ်ယောက်ကို ချစ်သူတွေထင်နေတာ
အဲ့လိုကြားရတာ နေရခက်တယ်...."

"ညစိတ်ထဲ အဆင်ပြေရဲ့လား မသိဘူး
သူကတော့ ညနဲ့ချစ်သူတွေလို့ထင်ခံရတာ ကိစ္စမရှိဘူး
ပျော်တောင် ပျော်သေးတယ်။"

"ဟေ့ ခွင်း
နေလင်း

သြော် မင်းတို့ရောက်လာပြီပဲ
ငါတို့က အခုလေးတင် အအေးဆိုင်ထိုင်ရင်း မင်းတို့ကိုစောင့်မလို့

မင်းတို့ကစောရောက်နေတာကို

အကုန်လုံး စုံပြီဆိုတော့ ကြက်ကြော်ဆိုင်သွားမယ်လေ

အင်း......

မိန်းကလေးတွေကထိုင်နေ ငါတို့ယောကျ်ားလေးတွေက သွားမှာလိုက်မယ်

ရတယ်လေ ငါတို့ကအေးဆေးဓာတ်ပုံရိုက်လိုက်ဦးမယ်

ပြီးတာပဲ လာကြသူငယ်ချင်းတို့"

"ခွင်းဒီဘက်ကိုလှည့်.....

ချက်စ်........

ကြိုလည်းမပြောဘူး ငါ့ကို Snapပုံရိုက်တယ်

ဦးသူစကြေးလေးကွယ်......

အေးတွေ့မယ်....."

အစ်မ ကျွန်တော်တို့ကို ကြက်ကြော် ပွဲကြီး တစ်ပွဲ
အာလူးချောင်းပွဲကြီးတစ်ပွဲ ရေခဲမုန့်ပိန်းဥအရသာ၆ခွက် လာချပေးပါ

ဝိုင်းနံပါတ်၆ကိုနော်

ဟုတ်ကဲ့ခင်ဗျ

ဟုတ်ကဲ့ ခဏနေ လာချပေးပါလိမ့်မယ်

ဒီမှာ ပြန်အမ်းငွေပါရှင့်

ဟုတ်ကဲ့"

စားစရာတွေ မှာပြီးခွင်းတို့ရှိရာ ဝိုင်းကို လျှောက်လာခဲ့ကြတယ်။

"ဒီမှာပါရှင့် လိုအပ်တာရှိရင် ပြောနိုင်ပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါ

ရပါတယ်ရှင့်

ည... ဒီမှာ
(ဂုဏ်က ကြက်ကြော်ကိုပန်းကန်အသေးလေးထဲ ထည့်ပေးကာ ခွင်းဘက်ကိုပို့ပေးတယ်)
ဆော့စ်ပန်းကန်က ဒီမှာ
တစ်သျှူးက ဒီမှာ

ရေခဲမုန့်ခွက်က ဒီဘက်ကိုပေးဦးသွင်ထက်

ရော့ ရော့

ရေခဲမုန့်ကဒီမှာ သေချာစားနော် ည
ပေကုန်မယ်

အင်း ဂုဏ်လည်းစားဦးလေ
ငါ့ချည်းပဲထည့်ပေးနေတာ ဟိုဟာတွေယူစားတာနဲ့ မစားလိုက်ရပဲနေဦးမယ်

ရပါတယ် သူတို့တွေအများကြီးမစားနိုင်သေးပါဘူး
ပွဲကြီး မှာထားတာပဲကို

အင်းအင်း

ငါတို့ဘေးက အတွဲတောင်အဲ့လောက်မရိုနိုင်ဘူး
စားဖို့အားသန်နေရတာနဲ့

ဟုတ်ပါ့ ရှေ့ကနှစ်ကောင်က ဂုဏ်စားညစားနဲ့ သိပ်ကြည့်မရတော့ဘူးနော်
ခွင်းကလက်မပါတာလည်းမဟုတ်ဘူး
မူကြို ကလေးကျနေတာပဲ
အကုန်လိုက်လုပ်ပေးနေတာ

အဟင်းအဟင်း ငါတို့ကြားတယ်နော်သမု
သွင်ထက် နင်လည်း သမုကိုကြိုက်နေတာလား
အတိုင်အဖောက်ညီနေတာနော်

ငါဂရုစိုက်ပေးချင်လို့ပေးတာ
မင်းတို့တော်တော်စကားများတာနော်
စားစရာရှိတာ မစားဘူး

ဟုတ်ပါ့ မနာလိုနေကြတာနော်

အေးပါ နင်တို့၂ကောင်ချစ်သူတွေဖြစ်နေပါပြီဆိုတာကြားရလို့ကတော့ တွေ့မယ်

ဟားဟား ဟားဟား "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

အားလုံး စားလို့သောက်လို့ပြီးသွားတော့ ညနေ၄နာရီထိုးနေပြီ စကားပြောလိုက် စားလိုက်ဆိုတော့ အချိန်ကုန်တာမသိလိုက်ဘူး

"ကဲ ပြန်ကြမယ်

ဟို၂ကောင် အိမ်တန်းပြန်နော်

အောင်မာ ငါတို့က အိမ်တန်းပြန်ပြီးသား
နင်တို့၄ကောင်သာ အိမ်ကို တန်းပြန်
လူများတယ်ဆိုပြီး လျှောက်မသွားနဲ့

ညပြောတာကြားတယ်နော် မင်းတို့အိမ်ကိုတန်းပြန်ကြ
ငါတို့ကတော့ ပြန်ပြီ
ဟားဟား

တွေ့လားတွေ့လား ငါတို့ကို ပြန်ပြောသွားတာ

မင်းကအရင်သွားပြောတာကို
ဟိုကပြန်ပြောတော့ ဆွေ့ဆွေ့ခုန်နေတယ်

သွင်ထက်မင်းနော် မင်း

ဘာလဲ

ဘာမှမဟုတ်ဘူး ပြန်မယ်

ဟားဟား အရူး ရန်လည်းမဖြစ်တတ်ပဲနဲ့

သွင်ထက် စက်ဘီးနင်းတော့
ပြန်မယ်

အေးပါဟ...."

************************************************

"ည......

ဟင်

သူတို့ပြောသွားတာကို ခေါင်းထဲမထည့်နဲ့နော်
အာရုံနောက်စရာတွေ

အင်းပါ မထည့်ပါဘူး
စိတ်မပူပါနဲ့

အင်းငါကညစိတ်ရှုပ်မှာစိုးလို့ပါ

အင်းပါ သိပါတယ် ဂုဏ်ရဲ့

ဒီလိုညနေပိုင်းစက်ဘီးစီးရတာလည်းမိုက်တယ်နော်ည
လေတဖြူးဖြူးနဲ့ စိတ်ကိုလန်းစေတယ်

ဟုတ်တယ်နော်ဂုဏ့်
စက်ဘီးကို မြန်မြန်မနင်းနဲ့နော်ဂုဏ်
ပုံမှန်လေးပဲ နင်း

ငါလည်း အဲ့လိုလုပ်မလို့ပဲ ည
အခုတွေးနေတာ
နောက်ရက်တွေက ဒီလိုစက်ဘီးစီးရဖို့အခွင့်အရေးမရဘူးလေ

စိတ်ချင်းဆက်နေတာပဲ

အဟက် ဟုတ်တယ်နော် ည

အင်း......."

အခုချိန်ထိ သူ့စက်ဘီးနောက်မှာစီးခွင့်ရတဲ့တစ်ဦးတည်းသောမိန်းကလေးက ညပဲ
နောက်လည်း စီးခွင့်ရှိသူက ညပဲ
ဒါက သူကိုယ်တိုင် အတိအကျအဖြေမရသေးပေမယ့်
သူသတ်မှတ်ထားတဲ့အရာတစ်ခုပါပဲ။

**************************************************

Part-25မျှော်
Author Ester Linn

Continue Reading

You'll Also Like

3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
12.2K 549 12
HunHan Type- Normal ငယ်​စဉ်​ကတည်းက အိမ်ချင်းကပ်လျက်​​​​သူငယ်​ချင်းမ​လေးကိုတိတ်​တခိုးချစ်​ခဲ့ရသူ မိန်းက​လေးဆိုလျှင်​ သူ၏ အ​မေ နဲ့ Luhanဆို​သော မ...
143K 14.4K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
1.6K 89 17
(edited) Unicode🍁 သူဆိုတဲ့နာမ်စားလေးတစ်ခု...။ သည်နာမ်စားလေးကြောင့် ပျော်ရွှင်ခဲ့ရသလို... ဝမ်းနည်းခဲ့ရသလို... ရင်ခုန်သံတွေလည်း မြန်ခဲ့ရသည်လေ..... st...