နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-20

62 1 0
By LinnLinn438

မနက်တိုင်း ပုံမှန်လည်းဒီလိုအတူတူကျောင်းသွားနေကြပါပဲ.....ဒီနေ့မှ နှစ်ယောက်ကြားတိတ်ဆိတ်နေသလို......စကားမပြောဖြစ်ပဲ....စက်ဘီးကိုသာ ဘေးချင်းကပ် အာရုံစိုက်နင်းနေကြတယ်။

ခွင်း ဂုဏ့်ကိုစကားဘယ်ကစပြောရမှန်းမသိဘူး.......ဂုဏ့်ဘက်ကစကားစမှပဲ ပြောတော့မယ်

ညရဲ့ပန်းချီကားလက်ဆောင်လေးကို သဘောကျကြောင်း ညကိုပြောပြချင်ပေမယ့် ညကလည်း ဘာမှပြောမလာတော့ သူ့ဘက်ကဘယ်လိုစကားစရမှန်းမသိဘူးဖြစ်နေတယ်........

(အစ်ကိုနဲ့အစ်မကလည်း အချင်းချင်း စကားစတာကို စောင့်ရင်း တစ်နေကုန်သွားဦးမယ်)

မထူးပါဘူး ဒီအတိုင်း သဘောကျတယ်ပဲပြောလိုက်တော့မယ်.......

"ည.......

ဟင်........

ဟိုလေ ငါ ညပေးတဲ့ပန်းချီကားလေးကို သဘောကျတယ် ငါမှန်ဘောင်လေးနဲ့သေချာသိမ်းထားတယ် သိလားည"

ဂုဏ့်ရဲ့စကားကိုကြားလိုက်ရတဲ့ ခွင်းတစ်ယောက် ကြည်နူးမှုလေးတစ်ခုစီးဆင်းသွားတယ်........

ဂုဏ်သဘောကျတယ်ဆိုလို့....ငါဝမ်းသာပါတယ်
ငါစိုးရိမ်နေတာ...ဂုဏ်သဘောကျပါ့မလားလို့လေ

ငါက ညပေးတဲ့ဘယ်အရာမဆို သဘောကျပြီးသားပါ....တန်ဖိုးလည်းထားတာမို့ ငါသဘောမကျမှာ စိတ်မပူပါနဲ့ ည

အင်း.....ကျေးဇူးပါ ဂုဏ်"

ခွင်းနဲ့ဂုဏ် စက်ဘီးရပ်နေတုန်း....ကျောင်းကိုအစောကြီးရောက်နေတဲ့ သမုနဲ့သွင်ထက်က မုန့်ထွက်ဝယ်ရင်း ခွင်းတို့ဆီ တည့်တည့်လျှောက်လာနေတယ်...

မင်းတို့အခုမှရောက်လာတာလား......

အေး ငါနောက်ကျနေတာနဲ့ ညပါနောက်ကျသွားတာ.....

သိပ်ပြီးလည်းနောက်မကျသေးပါဘူး
၇နာရီ ထိုးဖို့ ၁၅မိနစ်တောင်လိုသေးတယ်

တစ်ကယ်နောက်ကျနေတာက ခန့်ညားနဲ့နှင်းခက်

ငါတို့ဒီတစ်ပတ်ပိတ်ရက် ခွင်းတို့အိမ်မှာ စာစုလုပ်ရင် ဒီ၂ကောင်ကို အငိုက်ဖမ်းမေးရအောင်

အေးအဲ့အကြံကောင်းတယ် ငါတို့ကိုရှောင်ဖယ်ရှောင်ဖယ်နဲ့ တွေ့မယ်

ကဲ ငါတို့လည်း အတန်းထဲ ဝင်တော့မယ်
မုန့်စားဆင်းချိန်မှတွေ့မယ် သူငယ်ချင်းတို့

အေးအေး ငါတို့လည်းဝင်ပြီ..."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"ညသံသရာခွင်း နေဂုဏ်ရှိန်လင်း"

Chemistry အချိန်ပြီး နောက်တစ်ချိန်Bioဆရာမ မဝင်ခင် အားနေတဲ့အချိန်မှာ ညနဲ့သူက သင်ပြီးတဲ့ Chemistry  Equationတွေကို ပြန်ဆွေးနွေးနေတဲ့အချိန်........အခန်းဝကနေ သူတို့နှစ်ယောက်နာမည်ကို လာခေါ်တယ်........

"ဆရာမဒေါ်ခင်ချိုဝင်းက သဇင်ဆောင်ကိုခဏလာခဲ့ပါလို့ ပြောခိုင်းလိုက်ပါတယ်။

သြော် ဟုတ်ကဲ့ လာခဲ့ပါ့မယ်။"

ခွင်းတို့ ဆရာမဆီ မသွားခင်မှာ တစ်ခုံတည်းအတူတူထိုင်တဲ့ဘေးနားကသူငယ်ချင်းတွေကို ဆရာမခေါ်လို့ သဇင်ဆောင်ဆီ ခဏသွားကြောင်း Bioဆရာမဝင်တဲ့အချိန် သူတို့မရှိတဲ့အကြောင်းရင်းကို ပြောပြပေးဖို့ မှာခဲ့တယ်။

"ည သွားမယ်

အင်း လာပြီ ဂုဏ်..."

************************************************

ဟော ရောက်လာကြပြီ
လာထိုင်ကလေးတို့ ဆရာမ ပြောစရာရှိလို့ မင်းတို့ကိုခေါ်လိုက်တာ

ဟုတ်ကဲ့ ဆရာမ

သားတို့ မနှစ်က လူရည်ချွန်ဆု ရထားကြတယ်နော်

ဟုတ်ပါတယ် ဆရာမ

ဒီနှစ်ရော သားတို့ဝင်ပြိုင်မလား.......အခုကတည်းက ဆရာမကြိုမေးထားတာ......သားတို့ကို ဘာသာရပ်စွမ်းရည်ထူးချွန်ဆုဝင်ဖြေဖို့ လျာထားတာမို့ သားတို့လူရည်ချွန်ပြိုင်မယ်ဆို ဆရာမကအဲ့စာရင်းကနေ ဖယ်လိုက်မလို့......နှစ်ခုစလုံးဆို သမီးတို့ပင်ပန်းတယ်.......

သမီးဘက်ကအဆင်ပြေပါတယ်ဆရာမ
နှစ်ခုစလုံးပြိုင်လို့ရပါတယ်....

သားလည်း အဆင်ပြေပါတယ်ဆရာမ

အေးကွယ် သားနဲ့သမီးက အဆင်ပြေတယ်ဆိုတော့ ဆရာမတို့ကအားတက်ရတာပေါ့
ကျောင်းရဲ့ဂုဏ်ဆောင်ကျောင်းသားကျောင်းသူတွေမို့ ပိုပြီး အားကိုးတယ်.......

ဟုတ်ကဲ့ ဆရာမ

ဒါဆို ၁၀လပိုင်း ဒုတိယပတ်မှာ လူရည်ချွန်အတွက် စပြင်ဆင်မယ်.........အခုကတည်းက သားတို့က မြန်မာစာ၊အဂ်လိပ်စာ၊သချ်ာဘာသာရပ်သုံးခုကို သေချာပြန်လေ့ကျင့်ထားပါ.....၈လပိုင်းမှာ ဘာသာရပ်စွမ်းရည်ထူးချွန်ဆုဝင်ဖြေရမယ်.......

ဟုတ်ကဲ့ ဆရာမ

ခန့်ညားတို့ကတော့ ဝင်မဖြေတော့ဘူးတဲ့ ဆရာမမေးပြီးသွားပြီ
ဘာသာရပ်စွမ်းရည်ဆုတွေပဲဖြေတော့မယ်တဲ့.....

ဟုတ်ကဲ့ ဆရာမ

အေးအေး....အတန်းထဲ ပြန်တော့ နောက်အတန်းချိန်ရှိသေးတယ်မလား

ဟုတ်ကဲ့ ရှိပါတယ် ဆရာမ

အေးအေး မြန်မြန်သွားတော့ ကလေးတို့

ဟုတ်ကဲ့ သမီးတို့ကိုခွင့်ပြုပါဦး ဆရာမ

အေးအေး...."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

စနေ့နေ့လည်...........

"နေလင်း မင်းတို့ဒီနှစ်လည်း လူရည်ချွန် ဝင်ပြိုင်မှာဆို.....

အေးပြိုင်မှာလေ ဘာသာရပ်စွမ်းရည်ဆုရောပဲ

မင်းတို့တော့အလုပ်ရှုပ်ပြီပဲ......

အေးရှုပ်ပေမယ့်လည်း ကြိုးစားရမှာပေါ့ကွာ....

နင်တို့ကဘာလို့ဝင်မပြိုင်တာလဲ....

ငါတို့ပြိုင်လည်း အချိန်ကုန်တာပဲရှိမယ်.....လူရည်ချွန်ဆုက နင်တို့နှစ်ကောင်ပဲယူသွားမှာလေ မဟုတ်ဘူးလား

ဟားဟား ငါတို့ကိုအရမ်းအထင်ကြီးနေတာပဲ.....ဒီနှစ်က တစ်ခြားကျောင်းကသူတွေလည်းရသွားနိုင်တာပဲလေ.....အတွေ့အကြုံရအောင် ထပ်ပြိုင်တဲ့သဘောပါဟာ.....ထပ်ရရင်တော့ကောင်းတာပေါ့.... လူရည်ချွန်ဆု နှစ်ထပ်ကွမ်းဖြစ်မှာလေ....ဟုတ်တယ်နော်ဂုဏ့်

အင်း ညပြောတာ မှန်တယ်

အဟမ်းအဟမ်း

ရော့ ရေသောက်လိုက်

ဟားဟားဟား

ဒါနဲ့ နှင်းခက်

ဟင်ဘာပြောမလို့လဲ သမု

နင် ကိုရီးယားကားကြိုက်တယ်မလား

အင်းကြိုက်တယ်လေ

သစ်ခွပန်းရောကြိုက်တယ်မလား

အင်းကြိုက်တယ်

စာအုပ်တွေဖတ်ရတာလည်း ကြိုက်တယ်မလား

အင်း......

နင်နဲ့ခန့်ညားတွဲနေပြီမလား.....

အင်း

ဘာ..........."

အမလေး ပလုတ်တုတ်.....

လန့်လိုက်တာကွာ မင်းတို့ကလည်း

ခုနက နှင်းခက် ဖြေလိုက်တဲ့အဖြေကိုရှင်းစမ်းပါဦး

အဟဲ အဲ့ အဲ့တာကလေ

ဆက်ပြော

ဟီးဟီး အမှန်ပဲ သူငယ်ချင်းတို့

ဘာ......

မင်းတို့သံပြိုင်တော်တော်ကြိုက်နေတယ်ဟုတ်လား

ကြိုက်အောင်မင်းတို့ပဲလုပ်တာလေ
ဘယ်တည်းကလဲ မင်းငါတို့ကိုပြောတာ ၃လပဲရှိသေးတယ် နှင်းခက်ကိုစိတ်ဝင်စားနေပြီဆိုတဲ့အကြောင်းကို

ရှေ့လကမှ စတွဲတာပါ

နှင်းခက် နင်ငါတို့ကို လျိုထားတယ်နော် သစ္စာဖောက် အရူးမ

နင်တို့ကလည်း ငါမပြောရဲလို့ပါဟာ

ဘာကိုမပြောရဲတာလဲ.....ကြည့်စမ်း ငါတို့သာအငိုက်ဖမ်းမမေးရင် သိရသေးမှာမဟုတ်ဘူး

ဟုတ်တယ်သဘောတူတယ်

စိတ်မဆိုးပါနဲ့သူငယ်ချင်းတို့ရယ်

ငါတို့ကို ဒီလိုချော့လို့တော့မရဘူး
မုန့်လိုက်ဝယ်ကျွေးရမယ်
ငါတို့ကြိုက်တာစားမှာနော်

အေးရတယ် ဝယ်ကျွေးမယ်
ခက် အဆင်ပြေတယ်မလား

အင်းပြေတယ်ဘုန်း

အံမယ် ခက်တွေဘုန်းတွေနဲ့ နားကြားပြင်းကပ်လာပြီနော်

ခွင်းကလည်း ချစ်စနိုးခေါ်တဲ့နာမည်လေးတွေပါ နားကြားပြင်းတော့မကပ်ပါနဲ့......

အဟမ်းအဟမ်း ဒီအတွဲကတော့ သိပ်မကြည့်ရတော့ဘူးနော်

ဟီးဟီး "

ခန့်ညားတို့က သူတို့ကို ညနေပိုင်း Pizzaနဲ့Ice-creamဝယ်ကျွေးတယ်....အဲ့အပြင်ကိုမှ ကြက်ကြော်နဲ့အာလူးချောင်းပွဲကြီးတစ်ပွဲပါ သူတို့၄ယောက်က အဝဆွဲခဲ့ပါသေးတယ်......

"တော်တော်လေးစားနိုင်ကြတယ်နော် ဘယ်ကတည်းက စားချင်သောက်ချင်နေကြတာလဲ.....

နင်တို့အကြောင်းစရိပ်မိနေတဲ့အချိန်ကတည်းကပဲ....

အဲ့တည်းက ငါတို့ စားမယ့်မုန့်စာရင်းတွေကိုရေးထားတာလေ

မှတ်သားလောက်ပါပေတယ်

ကျေးဇူးပါ ခန့်ညား

လာမရွဲ့နဲ့......ပိုက်ဆံတော်တော်ကုန်သွားလို့တင်းနေတာနော် ငါ့မုန့်ဖိုးလေးတော့ကုန်ပါပြီ

ရည်းစားထားချင်ဦးလေ ငါတို့ကိုအစောကတည်းကပြောပြရင် မုန့်ဝယ်မကျွေးခိုင်းပါဘူး

ဘာလဲ ဘုန်းက ခက်နဲ့ ဆက်ဆံရေးကို အဆုံးသတ်ချင်နေတာလား ဘုန်းရဲ့ကုန်သွားတဲ့မုန့်ဖိုးတွေ ခက်ပြန်ပေးမယ်

ဟမ် မဟုတ်ပါဘူးခက်ရာ.....ကိုယ်က ဒီကောင်တွေကိုမကျေနပ်လို့ ဒီအတိုင်း ပြောလိုက်တာပါ
စိတ်မဆိုးပါနဲ့နော် ခက်

မသိဘူး လာသမု အိမ်ပြန်မယ်"

နှင်းခက်ကတော့ ခန့်ညားကိုစိတ်ဆိုးပြီး သမုနဲ့အရှေ့ကနေ အရင်ပြန်သွားလေရဲ့

မင်းတို့နော်မင်းတို့ ခက်စိတ်ဆိုးရင် ချော့ရခက်ပါတယ်ဆိုမှကွာ

နာမည်စီးတာလေ မင်းက ခက် ခက် ဆိုပြီး ခေါ်နေတာကို

အေးလေ သူ့ဘာသာဖြစ်တာကို ငါတို့ကို လာပတ်ရမ်းနေတယ်......

ဂုဏ် ပြန်မယ်
အင်း
သွင်ထက်က မပြန်ဘူးလား

အေးပြန်မှာ ဒီကောင့်ကိုစောင့်လိုက်ဦးမယ်
တော်ကြာ အချစ်ကစိတ်ဆိုးလို့ ဓာတ်တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်နေမှာစိုးလို့

မင်းမေကြီးတော် ငါကအဲ့လိုလုပ်စရာလား

ဟားဟားဟား ပြန်ပြီနော် သွင်ထက်ရေ

အေးအေး ဂရုစိုက် ပြန်ကြနော်

အေး.....

ခန့်ညား ငါတို့ပြန်ပြီ

မြန်မြန်သာကြွ

ဟားဟားဟား "

************************************************

"ခန့်ညားတို့တောင် တွဲနေကြပြီနော် ည

အင်း.....လိုက်ဖက်ပါတယ် ကိုယ့်သူငယ်ချင်းတွေပဲဆိုတော့ သဘောတူတယ်

ဒီကောင် လက်သွက်သားပဲ.....

ခန့်ညားက သူ့ဘက်ကသေချာပြီဆို ကိစ္စတစ်ခုကို ဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိတယ်ဂုဏ်ရဲ့

အခုလည်း ဒီကောင် တစ်ကယ် နှင်းခက် အပေါ် စိတ်သေချာနေလို့နေမှာ........

အင်း..........ဟုတ်တယ်

ည.....

ဟင်

ရော့ ညအတွက်

အယ် ခေါင်းစည်းကြိုးနဲ့ကလစ်လေးတွေပါလား.....

အင်း ညသဘောကျရဲ့လား.....ညနဲ့လိုက်မယ်ထင်လို့ ဝယ်ခဲ့လိုက်တာ.......

သဘောကျပါတယ် ချစ်စရာလေးတွေ.....ကျေးဇူးပါ ဂုဏ်......

အင်း......

ငါတို့Pizzaဆိုင်မဝင်ခင် ဂုဏ်ခဏထွက်သွားတာ ဒါသွားဝယ်တာလား

အင်း....."

"အိမ်ရောက်ပြီ ဂုဏ်

တာ့တာ ည

အင်း......ဂရုစိုက်ပြန်နော် ဂုဏ်

ဟုတ်ကဲ့ပါဗျ သွားပြီနော် ည

အင်း တာ့တာ..."

***************************************************

Part-21

Author Ester Linn



Continue Reading

You'll Also Like

806K 66.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛
6.8K 430 36
" အဟွန့် ရယ်ရတယ်.. ရင်ခုန်သံတွေကို အလှပုံးလေးထဲထည့်ပြီး ထာဝရသိမ်းထားလို့ရလား အခုရင်ခုန်သံနဲ့နောက်ငါးမိနစ်ရင်ခုန်သံတောင် တူတာမဟုတ်ဘူး.. အရင်ကခံစားချက်...