နောင်တတို့ပါဝင်နေသောချစ်ခြင်း...

By LinnLinn438

4.9K 116 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... More

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

Part-19

51 1 0
By LinnLinn438

ကလင် ကလင် ကလင်

ကျောင်းခေါင်းလောင်းထိုးပြီ.......နိုင်ငံတော် အလံ အလေးပြုရတော့မယ်...........

"နိုင်ငံတော် အလေးပြုပြီးနောက်မှာ ကိုယ့်အတန်းကို ပြန်ဝင်ခဲ့ကြပြီး.... ညီညာစွာ ဘုရားဝတ်ပြုကြသည်.....။

ဘုရားဝတ်ပြုပြီးချိန်မှာ အတန်းပိုင်ဖြစ်ဟန်ရှိသည့် ဆရာမတစ်ဦး အတန်းထဲသို့ဝင်လာသည်။

"မဂ်လာပါ ဆရာမ

မဂ်လာပါကွယ် ဆရာမနာမည်က ဒေါ်သီတာအေးဖြစ်ပါတယ်။

သားတို့သမီးတို့ရဲ့အတန်းပိုင်ဆရာမပါ..........
ဒီနှစ်က ဆရာမတို့ထ၂ကို ကျောင်းပြောင်းလာသူများပြားတာကြောင့် အရင်ကျောင်းသားဟောင်းတွေက ကျောင်းသားသစ်တွေကို ကူညီပေးပါလို့ ဆရာမ မှာကြားချင်ပါတယ်။

ဟုတ်ကဲ့ပါ ဆရာမ......

အရင်ဆုံး စာမသင်ကြားခင်မှာ အတန်းမှူးတွေခန့်အပ်ပါမယ်........
အသင်းသားခေါင်းဆောင်နဲ့အသင်းသားနာမည်တွေကို  နံရံမှာ ကြိုကပ်ထားတယ် နောက်နေ့တွေ အသင်းတာဝန်ထမ်းဆောင်ဖို့ ကိုယ်ဘယ်အသင်းမှာပါတယ်ဆိုတာ သွားကြည့်ပါ။

အခု အတန်းမှူးနာမည်ခေါ်မယ်......
ညသံသရာခွင်း နေဂုဏ်ရှိန်လင်း

ရှင်
ဗျာ

သားတို့နှစ်ယောက်ကို (A)ခန်းအတန်းမှူးအဖြစ် ဆရာမရွေးထားတယ်။

ဟုတ်ကဲ့ ဆရာမ...."

နေရည် ငါမပြောဘူးလား
အတန်းမှူးကလည်း သူတို့ကို ခန့်လောက်မယ်လို့.....

အင်း......ညသံသရာခွင်းက မနှစ်ကလည်း အတန်းမှူးပဲနော်......

အတန်းမှူးလုပ်ဖူးတဲ့သူကိုခန့်တော့ ဆရာမအားကိုးရတာပေါ့ဟ.......

"Physics Textbookကိုထုတ်ပါ......Chapter-1ကို သင်ခန်းစာမိတ်ဆက်ကြည့်မယ်..........."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မုန့်စားဆင်းချိန်ကြတော့.......(B)ခန်းရောက်နေတဲ့ သမုတို့အဖွဲ့နဲ့တွေ့ပြီး သူငယ်ချင်းတွေမုန့်စုစားကြတယ်
ပထမဆုံးနေ့မို့ ထမင်းချိုင့်ယူမလာသေးဘူး.......

"ငါတို့က (B)ခန်းမှာ.....မင်းတို့နာမည်တွေလည်းကြည့်လာတာမတွေ့ဘူး......အတန်းထဲရောက်မှ ဟိန်းမင်းတို့က နေလင်းနဲ့ခွင်းက (A)ခန်းမှာလို့ပြောပြတယ်.....ငါတို့ထင်တဲ့အတိုင်းပဲ အတန်းခွဲလိုက်တာ......

ကျောင်းသားသစ်တွေများတော့ အတန်းညီအောင် လူခွဲပစ်လိုက်တဲ့သဘောနေမှာပါ.......

အေး ဒါပေမယ့် ငါတို့တွေက အခန်းကွဲသွားတယ်လေ

အခန်းကကပ်ရပ်ပါပဲ...Bioခန်းက နှစ်ခန်းပဲရှိတာ.....
မုန့်စားဆင်းချိန် ဒီလိုတွေ့လို့ရတာပဲ နောက်ပြီး ငါတို့က ပုံမှန် စာစုလုပ်နေကြပဲကို ကိစ္စမရှိပါဘူးဟ

အင်း......အဲ့လိုတွေးကြည့်တော့လည်း ဟုတ်ပါတယ်လေ.......။"

ခွင်းတို့သူငယ်ချင်းအုပ်စု စကားပြောရင်း မုန့်စားနေတုန်း........ခွင်းတို့အတန်းထဲက ကျောင်းသားသစ်ဖြစ်ဟန်တူသည့် ယောကျ်ားလေးတစ်ယောက် ခွင်းတို့ထိုင်နေရာ တမာပင်အောက်ကစားပွဲဝိုင်းကို လျှောက်လာနေတယ်။

"ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ........

ဟုတ်ကဲ့ မေးပါ......

ဆရာမတွေနားနေခန်းက ဘယ်အဆောင်မှာလဲခင်ဗျ
ကျွန်တော် ဆရာမကိုပြောစရာရှိလို့ပါ

သြော်.....ဆရာမဒေါ်သီတာအေးကိုပြောတာလား

ဟုတ်ပါတယ်

ဆရာမက သစ်ခွပင်တွေစိုက်ထားတဲ့ သစ်ခွဆောင်မှာရှိတယ်....

ဗျာ သစ်ခွဆောင်....

ဟုတ်တယ်လေ ထူးဆန်းသွားတယ်ထင်တယ်.....
သစ်ခွဆောင်ဆိုတဲ့အတိုင်း သစ်ခွပင်တွေ ဝရံတာမှာ ချိတ်ပြီးစိုက်ထားတယ်.......ရှာရလွယ်တယ်........

ဟုတ်ကဲ့ ကျေးဇူးပါ ကျွန်တော့်ကိုခွင့်ပြုပါဦး

ဟုတ်ကဲ့....... "
"ဟဲ့ ခွင်း ချောချောလေးနော်
ကျောင်းပြောင်းလာတဲ့သူတွေက တစ်ကယ်အချောလေးတွေချည်းပဲ.....ငါတို့တော့ ပွပြီပဲ

ဒီနှာဗူးမကတော့ မလွယ်ဘူးပဲ ကျောင်းစတက်ရက်မှာ ဗီဇကပြလာပြီ.....

ဟုတ်ပါ့ သမု နင်ငြိမ်ငြိမ်နေနော်

ငါက ဒီအတိုင်း ပြောတာပါဟာ

နင့်ဒီအတိုင်းက ယုံရခက်ခက်ပဲ သမု

သွင်ထက်ယံ နင်ကပါ လာစနေတယ်.......

နေလင်း.......

အေးပြော.....

မင်းက အတန်းမှူးဆို......

အေး.....ငါရော ညပါ အတန်းမှူးပဲလေ

ကောင်းတာပေါ့

ဒါနဲ့ မင်းတို့ကရော.......

သွင်ထက်နဲ့သမုက အတန်းမှူးလေ

ငါတို့အဖွဲ့က အတန်းမှူးစုနေတာပဲ

ဒါပေါ့ သတိထားနေနော် ခန့်ညား

အတန်းမှူးတွေကိုလေးလေးစားစားဆက်ဆံ

အောင်မာ ပါဝါကလာပြနေတယ်

ဟားဟားဟား "

*************************************************

"သား.....ကျောင်းတက်ရတာအဆင်ပြေလား

ဟုတ်ကဲ့ ပြေပါတယ် ဖေဖေ

ဖေ့သားက စာလည်းလိုက်နိုင်ပြီးသားဆိုတော့ စာနဲ့ပက်သက်ပြီးစိတ်မပူရဘူး......။
သား ဘာသာရပ်စာအုပ်တွေလိုအပ်တာရှိရင်ပြောနော် ဖေဖေ အကောင်းဆုံး စာအုပ်တွေဝယ်ပို့ပေးမယ်...
သားသူငယ်ချင်းတွေအတွက်ပါ ထည့်ပေးလိုက်မယ်

ရတယ် ဖေဖေ ဒီမှလည်းဝယ်လို့ရတယ်......ဖေဖေရော အလုပ်တွေအဆင်ပြေရဲ့လား........

အေးပြေပါတယ် ဖေဖေအခု Clothing Brand တစ်ခုထုတ်ဖို့စီစဥ်နေတာ.....
သားအမေကတော့ သူ့ရတနာဆိုင်ကိုအာရုံစိုက်နေတာ.......ဆိုင်ခွဲတွေထပ်တိုးဖွင့်လာနေပြီ

ကောင်းပါတယ် ဖေဖေရောမေမေရော အလုပ်တွေအဆင်ပြေကြလို့သားဝမ်းသာပါတယ်.......

ကျန်းမာရေး ဂရုစိုက်နော် ဖေဖေ

အေးအေးသား.....သားလည်းဂရုစိုက်နော် စာတွေချည်းဖိမလုပ်နဲ့ သူငယ်ချင်းတွေနဲ့လည်း မုန့်ထွက်စားတာ အပြင်သွားတာလေးလုပ်........သားသူငယ်ချင်းတွေက လူရည်မွန်လေးတွေပါ.....စတွေ့ကတည်းက ဖေဖေစိတ်ချတယ်

ဟုတ်ကဲ့ ဖေဖေ

အေးအေးဒါဆို သားနားတော့လေ ဖေဖေနောက်ရက်မှဖုန်းထပ်ဆက်လိုက်မယ်......နားတော့ နားတော့

ဟုတ်ကဲ့ Good Night ပါဖေဖေ

Good Night သားငယ်လေး....."

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကာယအချိန် ကာယဆရာမကခွင့်ယူထားတော့ အတန်းသားတွေက ကိုယ့်နေရာမှာကိုယ် ထိုင်ပြီး စာလုပ်နေကြ၊စုပြီးစာကျက်တဲ့သူကကျက်နဲ့ ရှိနေကြတယ်

"ခွင်းရေ......... "

ခွင်း သချာ်ထိုင်တွက်နေတုန်း......နောက်ကအတန်းက လှမ်းခေါ်သံကြားတာမို့

"ဟင် ဘာပြောမလို့လဲ နေရည်

ငါ ဒီပုဒ်စာလေးနားမလည်လို့ ရှင်းပြပေးလို့ ရမလား ခွင်း

သြော်ရပါတယ်........"

"ကျေးဇူးပါ ခွင်း.... ငါ အမြှောက်အစားနေရာကိုသိပ်နားမလည်ဘူးဖြစ်နေတာ.......အခုရှင်းသွားပြီ....

ရပါတယ်....ဒါဆို ငါစာပြန်လုပ်လိုက်ဦးမယ်နော်

အင်းအင်း ခွင်း "

"ည.........

ဟေ.........

သချ်ာတွက်လို့ပြီးပြီလား.......

အင်း....ဒီတစ်ပုဒ်ပြီးရင် ပြီးပြီ
ဘာဖြစ်လို့လဲ ဂုဏ်

ငါတို့ Bio Chapter 5ကျက်ရအောင်.....ဒီလ လပတ်စာမေးပွဲမှာ ဒီအထိ မေးမှာ......

အင်းကျက်မယ်လေ.....ငါ၅မိနစ်တော့နားဦးမယ်.....သချာ်တွက်ထားတာဆိုတော့ ဦးနှောက်ကိုအနားပေးရဦးမယ်

ရတယ် ည.....ငါကြိုပြောထားတာ....
ငါလည်း English grammar တွေလုပ်လို့မပြီးသေးဘူး........

အင်းအင်း......ဒါနဲ့ ဂုဏ့်

ဟင်........

ရော့......Surprise"

ညက သူ့ကိုပေးလာတဲ့အရာက စာရွက်လိပ်လေးတစ်ခု....ဖဲကြိုးအနက်လေးနဲ့စည်းထားတယ်

"ဘာများလဲ ည

Surprise ပါဆို ကိုယ့်ဘာသာကြည့်လေဂုဏ်"

ဒါဆို ငါအိမ်ရောက်မှပဲ ကြည့်တော့မယ်

အင်း နင့်သဘောပဲဂုဏ်"

"ကျေးဇူးပါ ည

ရပါတယ် "

**************************************************

"ညပေးလိုက်တဲ့ စာရွက်လိပ်လေးကို သူဖွင့်ကြည့်လိုက်တာ........

သူ့ပုံတူပဲ.......အံမယ် ညဆွဲပေးထားတဲ့ ရေဆေးပုံတူပန်းချီကားထဲမှာ သူခန့်ညားနေတာပါလား......

ညရဲ့လက်ရာက တစ်ကယ်ကိုလှတာပဲ.......
ညဆွဲပေးတဲ့ပန်းချီကားကိုရတာ.....သူ့ရင်ထဲ ပျော်ရွှင်မှုလေးတစ်ခုဖြစ်တည်လာတယ်..........

ကျေးဇူးပါ ည......ငါလည်း ညအတွက် စိတ်ကူးထားတဲ့အရာလေးရှိတယ်
အချိန်တစ်ခုရောက်တဲ့အခါ....ငါကိုယ်တိုင်ညကို ပေးမယ်......... "

အိပ်ရာဝင်ခါနီး ကောင်လေးတစ်ယောက်ဟာ သူ့မသိစိတ်ကနေ စတင်သဘောကျမိနေပြီဖြစ်တဲ့ မိန်းကလေးထံမှ လက်ဆောင်ရတဲ့ပုံတူပန်းချီလေးကို အမြတ်တနိုးသိမ်းဖို့ အလုပ်ရှုပ်နေလေရဲ့....။

************************************************

ည ကုတင်ပေါ်မှာ လှဲနေရင်း......ဟိုဘက်လိမ့် ဒီဘက်လိမ့်နဲ့အိပ်မပျော်ဘူးဖြစ်နေတယ်.........

ဂုဏ် သဘောကျပါ့မလား....ငါဆွဲပေးထားတဲ့ပုံတူပန်းချီလေးကို ဂုဏ် ကြိုက်ပါ့မလား......

ဟာ....မသိတော့ဘူး.....
အိပ်တာပဲကောင်းတယ်..
မနက်ဖြန်ကျောင်းတက်ရဦးမှာ....အိပ်ပျော်တာနောက်ကျရင် ကျောင်းနောက်ကျနေဦးမယ်......"

Part-20မျှော်

Author Ester Linn

Continue Reading

You'll Also Like

2.8K 201 7
💗နှလုံးသားနဲ့ရင်း၍💗 "ငါကနင့်ရဲ့ဘာလဲ သိမ့် ဘယ်လိုနေရာမှာနင့်အတွက်ငါဆိုတဲ့ကောင်ကအသုံး၀င်လဲ!" "ငါသ၀န်တိုတယ် သူရိန် နင်နဲ့မြတ်လေးက ဘာတွေလဲ!" "အင်း သူကင...
12.2K 549 12
HunHan Type- Normal ငယ်​စဉ်​ကတည်းက အိမ်ချင်းကပ်လျက်​​​​သူငယ်​ချင်းမ​လေးကိုတိတ်​တခိုးချစ်​ခဲ့ရသူ မိန်းက​လေးဆိုလျှင်​ သူ၏ အ​မေ နဲ့ Luhanဆို​သော မ...
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛
365K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...