နောင်တတို့ပါဝင်နေသောချစ်ခြင်း...

Galing kay LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... Higit pa

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12

60 0 0
Galing kay LinnLinn438

"ဘာတွေလိုက်မယ်ပြောနေတာလဲ ည"

"ဒီမှာလေ ဘွားဘွားပေါ့ ဆေးရုံဆင်းပါပြီဆိုတည်းက အိမ်မှာ ငြိမ်ငြိမ်မနေဘူး

သြော် ညကလည်း အဘွားက အိမ်မှာပဲ တောက်လျှောက်နေရရင် ပျင်းတာပေါ့
ငါတို့ကလေးတွေတောင်ပျင်းတာကို

ဒါပေမယ့်...........

ကဲ ဘွားက အခုသွားမှ ညနေကိုအိမ်စောစောပြန်ရောက်မှာ.....သားနေက မြေးနဲ့စာလုပ်ဖို့လာတာမလား

ဟုတ်တယ် ဘွား သား သချ်ာပုဒ်စာတစ်ပုဒ်နားမလည်လို့ ညကိုလာမေးတာ

အေးအေး ဒါဆို မြေးနဲ့စာလုပ်နော် မုန့်စားချင်ရင် ခိုင်ခိုင်ရှိတယ်.....သားတို့အန်တီခိုင်ကိုပြောလိုက်

ရပါတယ် ဘွားရဲ့
စာရှင်းတာခဏပဲကြာမှာပါ

အေးအေး ဒါဆိုဘွားသွားပြီနော်

မောင်ထွန်းရေ

ဗျာ မေမေကြီး

ကားထုတ်လာခဲ့ စတော်ဘယ်ရီခြံသွားမယ်

ဟုတ်ကဲ့ မေမေကြီး

ဘွား..... သမီးလိုက်မှာလို့

ခေါင်းမမာနဲ့မြေးငယ် ခဏပဲကြာမှာ ဘွားက ဒီအတိုင်း အလုပ်သမားတွေကို သွားကြီးကြပ်မှာပါ ပင်ပန်းအောင် မနေပါဘူး စိတ်ပူမနေနဲ့

တစ်ကယ်နော် ဘွားသေချာဂရုစိုက်ရမယ်

ဟုတ်ကဲ့ပါရှင်
ကဲ သွားပြီကလေးတွေ

ဟုတ်ကဲ့ "

ဘွား ကားနဲ့ ထွက်သွားတာကိုသေချာလိုက်ကြည့်နေတဲ့ ညကို ကြည့်ရင်း သူရယ်မိတယ်

သူ့ရယ်သံကိုကြားသွားတယ်ထင်တယ်.......

"ဂုဏ့် နင်ကဘာတွေရယ်နေတာလဲ

အဟင်း.... ဘာ ဘာမှမရယ်ပါဘူး

လာလိမ်မနေနဲ့ နင့်ရယ်သံကြီးကို အနီးကပ်ကြားလိုက်ရတာပါနော်

အဟွန်းဟွန်း.....ညက ဘွားကိုစိတ်ပူပေးနေတာ လူကြီးပေါက်စလေးလိုပဲ

ငါကဘွားကိုထပ်ပြီးဆေးရုံရောက်မှာစိုးလို့ နောက်ကလိုက်ကြည့်နေရတာ

ဟုတ်ပါတယ် ဒါပေမယ့် လူကြီးဆိုတော့ ဘယ်ကြိုက်ပါ့မလဲ
မြေးဖြစ်သူစိတ်ပူပေးတာကို သဘောကျပေမယ့် နောက်ကနေ ဟိုဟာလုပ်ရင်လည်းလုပ်လို့ ဒီဟာလုပ်ရင်လည်းလုပ်လို့ လိုက်ပြောနေတော့ အမြဲ သူ့လက်သူ့ခြေလုပ်လာတဲ့အဘွားက စိတ်ကျဥ်းကြပ်လာတာပေါ့

အင်း.......ငါလည်း အဘွားကိုအဲ့လိုမဖြစ်စေချင်ပါဘူး

ဒါဆို ညက ဘွားကိုစိတ်ပူပေးနေတာ နည်းနည်းလျှော့ အိမ်မှာတောင် ဘိုးက ဘွားကို စိတ်ပူလို့နည်းနည်းပြောမိရင် တစ်နာရီ နှစ်နာရီကြာအောင် အဘိုးကို သြဝါဒပြန်ခြွေသွားတာ

ဟားဟား ဘွားက တစ်ကယ် မလွယ်ဘူး
ပဲ

ဟုတ်တယ် ညရဲ့ဘွားနဲ့တူတူပဲ

အင်းအင်း ငါလည်း အဲ့လိုလိုက်မကြည့်တော့ပါဘူး
ဒါပေမယ့် ဘွားရဲ့ကျန်းမာရေးကိုတော့အမြဲစောင့်ကြည့်နေရမယ်

အင်း ဒီလိုမှပေါ့

ကဲ နင်ငါ့ကိုမေးမယ်ဆိုတဲ့ပုဒ်စာပြလေ

အင်းငါစာအုပ်ယူလာတယ် ည

ပိတောက်ပင်အောက်သွားမယ် အဲ့မှာ စာကြည့်ဖို့စားပွဲခုံလေးရှိတယ်

အင်း...........ည "

************************************************

"ကဲ ငါအကုန်ရှင်းပြပြီးသွားပြီ
ပြန်လို့ရပြီ ဂုဏ်

ဟ ည နင်ကလည်း ငါ့ကိုချက်ချင်းနှင်နေတော့တာပဲ

နှင်ရမယ် နင့်အမေပြောတာငါမခံနိုင်ဘူး

မေမေကရန်ကုန်မှာပါညရယ်

ရန်ကုန်မှာဖြစ်ဖြစ် ဒီမှာဖြစ်ဖြစ် စကားနည်းနည်းလေးတောင်ငါအပြောမခံနိုင်ဘူး

အဲ့အတွက် ငါတောင်းပန်ပါတယ် မေမေက အဲ့လိုပဲ
စိတ်ပူလွန်သွားလို့ပါ

ထားပါ ပြန်တော့

မယ်မင်းကြီးမ သူ့အိမ်ကပစ္စည်းယူသွားမှာကျနေတာပဲ

ဘာလဲ နင်ကယူချင်သေးတာ

ပစ္စည်းတော့မဟုတ်ဘူး
ညတို့ခြံထဲက နှင်းဆီဖြူတစ်ပွင့်ငါခူးသွားပြီနော်

ဟဲ့ ဟဲ့ ကုန်ပါပြီ နှင်းဆီ အဖြူပင်တွေထဲက ဦးဆုံးပွင့်တဲ့အပင်နှစ်ပင်ထဲက တစ်ပွင့်ကိုခူးသွားတယ်
ဂုဏ်စုတ် နင် နင်တွေ့မယ် မနက်ဖြန် ကျောင်းရောက်ရင်နာပြီပဲ.........

ဟဟ ညကတော့ ဒေါသထွက်နေလောက်ပြီ
ငါတော့ မနက်ဖြန်ကျောင်းရောက်ရင်နာပြီပဲ
(မှန်လိုက်တာ ဂုဏ်ရယ် နင်တော့ ခွင်းရဲ့လက်ချက်မိပြီပဲ😆😂)

ညခြံထဲကပန်းမို့ထင်တယ် မွှေးနေတာပဲ
ငါ ဒီပန်းကို ဘုရားလှူပြီး သိမ်းထားမှာပါညရဲ့ အလဟာသခူးလာတာမဟုတ်ပါဘူး

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကျောင်းသွားတော့ ဂုဏ်တို့ခြံရှေ့ကအဖြတ် အရင်ကလို ခွင်းကိုတောင်မစောင့်ဘူး
ဂုဏ်က ဒီနေ့ အသင်းနေ့မို့စောစောသွားနှင့်တယ်လို့ ဘိုးဘိုးက ခွင်းကိုလှမ်းပြောတယ်

"ဂုဏ်စုတ် အင့်ဟယ်

အာ့ ကျစ် ဘယ်ကောင်လဲ ငါ့ကျောကိုလာရိုက်တာ "

လင်း ကျောပြင် ရုတ်တရက် အရိုက်ခံလိုက်ရပြီး နာသွားတာမို့ လှည့်ကြည့်တော့

"ငါလေ ငါ မနေ့ကနှင်းဆီပန်းခူးသွားတဲ့ဒဏ်ကြေး

ညဟာ ငါက ဘုရားကပ်မလို့ယူသွားတာကို

နင်လာလိမ်မနေနဲ့

ဟားဟား ခွင်းတို့လက်စပြင်းတယ်ဟေ့

ခန့်ညား မင်းအူတက်သေနေဦးမယ်

ဟားဟား ဟားဟားဟား

ငနာလေး သူ့အသားမနာတိုင်း တဟားဟား အော်ရယ်နေတာ

သူများသွားမဲမနေနဲ့ဂုဏ်.....

နာသွားတာပဲညရာ နင့်လက်စပြင်းလှချည်လား

နင်က ငါတောင် မခူးရသေးတဲ့ပန်းကိုလာခူးတာကို

အေးပါဟာ နောက်ကို ညခြံထဲက ပန်းမခူးတော့ဘူး
တစ်ကယ်ပါပဲ ကပ်စေးနဲမလေး

ကပ်စေးနဲမှာပဲ.........."

သွားထိုင်တော့ သွား
ဖုန်တွေနဲ့ဒီနားမှာမနေနဲ့

သွားမှာပါဂုဏ်ရှိန်လင်းရယ်

နေ ကျန်သေးတယ် ည နင်ခေါ်တာ

တမင်ချန်ခဲ့တာ

ဟားဟားဟားဟားဟား"
ဒီတစ်ခါတော့ ခန့်ညားတင်မက သွင်ထက်၊နှင်းခက်နဲ့သမုတို့ပါပေါင်းရယ်နေလေရဲ့

ဒီလိုနဲ့ သူတို့သူငယ်ချင်းတစ်စု ပျော်ပျော်ရွှင်ရွှင်နဲ့စာသင်နှစ်ကုန်ဆုံးတဲ့ထိ အတူရှိခဲ့ကြတယ်
အစိုးရစစ်မို့ စာကိုအာရုံစိုက်လေ့ကျင့်ခဲ့ရတယ်
လူရည်ချွန်ကို ညနဲ့သူကရခဲ့ပြီး ကျောင်းရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့တယ်

ညကလေ ဆုပေးပွဲနေ့က သိပ်ကိုလှတာပဲ

*************************************************

အခုဆို အတန်းတင်စာမေးပွဲကြီးပြီးလို့ကျောင်းတွေပိတ်ထားတာ ၁လ ရှိပြီ
သမုတို့ သွင်ထက်တို့နဲ့ ဖုန်းအဆက်အသွယ်ရော အပြင်မှာပါတွေ့ဖြစ်ပေမယ့် ဂုဏ်နဲ့တော့ ကျောင်းပိတ်ကတည်းကမတွေ့ရတော့တာ
ဘိုးဘိုးတို့ပြောတာတော့ ဂုဏ့်မိဘတွေလာခေါ်သွားတာလို့ပြောတယ်

ဂုဏ်က ခွင်း အခုဂုဏ်နဲ့ပက်သက်ပြီးသိထားရသလောက်ဆိုရင် သနားဖို့ကောင်းတယ်
မိဘတွေက ဂုဏ့်ကိုအနီးကပ်ဂရုမစိုက်ပေးနိုင်တဲ့အပြင် ဂုဏ်မလုပ်ချင်တဲ့အရာတွေကို ဖိအားပေးလေ့ရှိတယ်

"နင်အဆင်ပြေပါစေဂုဏ် ငါတို့ဆီကိုလည်းအမြန်ပြန်လာနိုင်ပါစေ
ဂုဏ်မလုပ်ချင်တဲ့အရာတွေကို ဖိအားပေးမခံရပါစေနဲ့လို့ ငါဆုတောင်းပေးပါတယ် ဂုဏ်"

ပြတင်းပေါက်အနားရပ်နေတဲ့ခွင်းကို အိပ်ကာဝင်ခါနီး နွားနို့လာပို့တဲ့ဘွားဘွားက

"မြေးငယ် ပြတင်းပေါက်အနားသိပ်မကပ်နဲ့လေ
ညဘက် လေစိမ်းတွေတိုက်နေတာ အအေးပက်ဦးမယ်ကွယ်

ဟုတ်ကဲ့ပါ ဘွားရဲ့

နွားနို့ကိုတီခိုင့်ကိုလာပို့ခိုင်းလည်းရပါတယ်ဘွားကစောစောအနားယူသင့်ပြီ

ကဲပါ နွားနို့ပူတုန်းလေးသောက်လိုက်ဦး

ဟုတ်ကဲ့ ဘွား

သောက်ပြီးသွားပြီဘွား

လိမ္မာတယ် ဘွားမြေးလေးက

ဘွား လာ ဘွားအခန်းထဲလိုက်ပို့မယ်

နေပါစေ ဘွားဘာ့သာသွားမယ်

လာပါ သမီးက ဘွားကိုအိပ်ခါနီး အညောင်းပြေနှိပ်ပေးမလို့

အဟင်း ရပါတယ်ကွယ်

လာပါဘွားဘွားရဲ့ သမီးကိုကုသို့လ်မရစေချင်ဘူးလား

အမလေး ဒေါ်ခွင်းတို့ကတော့ စကားတတ်တိုင်း

ဘွားကလည်း

ဒါဆိုလည်း သွားမယ်
ခဏပဲ နှိပ်နော် မြေးငယ်လက်လေးတွေက ဒီနေ့ပန်းချီဆွဲထားတာဆိုတော့ ညောင်းနေမှာ

ရပါတယ် သမီးက ဒီလောက်ကအေးဆေး

ဟင်းဟင်း ဟုတ်ပါပြီကွယ်"

************* ^^^^^^^^^*******

Part-13မျှော်

Author Ester Linn

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

22.8K 138 3
အိမ့်မှုးသခင် " အကိုက လေ အိမ့်မှုးဆိုရင် ဆူဖို့ဘဲတက်တယ် အကို့ ကိုယ် အိမ့်မှုကချစ်လို့ အကို စကားနားထောင်နေတာ အိမ့်မူသခင်တို့က ငယ်ငယ်ကတည်းက ကိုယ်က ဘာမှ...
3.5M 360K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
312K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.5K 257 20
သူမပန်ဖြစ်ပေမဲ့လည်း ကိုယ့်နှလုံးသားက သူ့အတွက် မေတ္တာပန်းတွေ ဖွေးဖွေးလှုပ်အောင် ကြွေကျပေးခဲ့ပါတယ်...။