နောင်တတို့ပါဝင်နေသောချစ်ခြင်း...

Galing kay LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... Higit pa

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10

68 0 0
Galing kay LinnLinn438

"ခွင်းရောက်ပြီဘွားရေ "

ဟင်....ဘွားကိုလည်းမတွေ့ပါလား

"ဘွားရေ ဘွားဘွားရေ ခွင်းရဲ့ဘွားဘွားရေ"

ဟာ....ဘွားကဘယ်သွားနေတာပါလိမ့်.....ပြန်လည်းမထူးဘူး..........

ဘွားကိုလည်းမတွေ့တဲ့အပြင် တီခိုင့်ကိုလည်းမတွေ့ပါလား......ခွင်းပြန်ရောက်မှန်းသိရင် ခွင်းရဲ့အသံကိုကြားရင် တီခိုင်ကထွက်လာနေကြပါ......အခုတီခိုင့်ကိုလည်းမတွေ့ဘူး.........

ဟုတ်ပြီ ဖုန်းဆက်ကြည့်မှပဲ.......

ခွင်း ဧည့်ခန်းမှာ ထားထားတဲ့ဖုန်းကနေ ဘွားဘွားဆီကိုလှမ်းဆက်ကြည့်တယ်

မကိုင်ဘူး ဘွားဘယ်ကိုများသွားနေတာလဲ.....၅ကြိမ်ဆက်တာမကိုင်တော့ တီခိုင့်ဆီကိုဆက်ကြည့်တယ်

၃ခါမြောက်ခေါ်မှပဲကိုင်တော့တယ်

"ဟဲလို သမီးခွင်း

ဟဲလို တီခိုင်
တီခိုင်အခုဘယ်ရောက်နေတာလဲ
သမီး စာမေးပွဲ ဖြေပြီးအိမ်ပြန်ရောက်တော့ ဘွားကိုလည်းမတွေ့ဘူး ဖုန်းဆက်ကြည့်တော့လည်းမကိုင်ဘူး
တီခိုင့်ကိုရောပဲ သမီးဖုန်းခေါ်နေတာ၃ခါရှိပြီ

သမီးလေး တီခိုင်အခုဆေးရုံရောက်နေတာ......"

တီခိုင့်အသံက မောဟိုက်နေတဲ့အသံပဲ

"ဘာဖြစ်လို့လဲ တီခိုင်

တီခိုင်ဘာမှမဖြစ်ပါဘူး မေမေကြီး မေမေကြီးက

ဟင်.....ဘွားကဘာဖြစ်လို့လဲဟင် တီခိုင် သမီးကိုပြောပြပါ သမီးစိတ်တွေပူနေပြီ

မေမေကြီးက ဧည့်ခန်းမှာ စာရင်းထိုင်လုပ်နေရင်းက နှလုံးအောင့်တယ် ဆိုပြီး သတိမေ့သွားတာပဲသမီးရယ် အဲ့တာတီခိုင် ဒါရိုင်ဘာမောင်ထွန်းနဲ့ မေမေကြီးကိုခေါ်ပြီး ဆေးရုံတင်လိုက်ရတာ

အခု အခု ဘွားဘယ်လိုနေလဲဟင် သက်သာရဲ့လား ဘွားအခြေအနေကစိုးရိမ်ရလားဟင် တီခိုင်

အခုတော့ မေမေကြီးက စိုးရိမ်ရတဲ့အခြေအနေကတော့လွတ်သွားပြီလို့ဆရာဝန်ကတော့ပြောတယ်
တီခိုင်လည်း အရမ်းကိုစိုးရိမ်သွားတာပဲသမီးရယ်"

ခွင်း အဘွားက အခုလို သူမ မရှိတဲ့အချိန်မှာနေမကောင်းဖြစ်ပြီးဆေးရုံရောက်သွားတာကို ဝမ်းနည်းတယ်......ခွင်းဘဝမှာ မိသားစုဆိိုလို့ ဘွားဘွားတစ်ယောက်ပဲရှိတာ......ဘွားသာမရှိရင် သမီးတစ်ယောက်တည်းကျန်ခဲ့မှာ သမီးကိုမထားခဲ့ပါနဲ့ဘွားဘွား.......

ဒေါ်တင်တင်ခိုင် ခွင်းလေးနဲ့ဖုန်းပြောနေရင်း တစ်ဖက်မှ ရှိုက်ငိုတဲ့အသံကိုကြားလိုက်ရတယ်
သမီးလေး ငိုနေပြီထင်တယ်.....အဘွားဖြစ်သူရဲ့သတင်းကိုကြားပြီး ဝမ်းနည်းနေပြီ

"သမီး ခွင်းလေး မငိုရဘူးလေ သမီးဘွားဘွားကသက်သာသွားပါပြီ မစိုးရိမ်နဲ့တော့နော်
မနက်ဖြန် သမီးက လူရည်ချွန်အတွက် ကာယပြိုင်ပွဲဖြေရဦးမှာဆိုတော့ အခုလို ငိုနေရင် သမီးခေါင်းတွေကိုက်လာလိမ့်မယ် နော်သမီးလေး

အဟင့်....ဟီး......ဟီး......

ခွင်းလေး တီခိုင့်စကားကိုနားထောင်နော် ခဏနေတီခိုင်ပြန်လာခဲ့မယ် မေမေကြီးကို နာ့စ်မတစ်ယောက်ငှားပေးခဲ့ပြီးရင် ပြန်လာခဲ့မယ်

အဟင့်.....ရပါတယ် တီခိုင် ဘွားဘွားနားမှာပဲနေပေးပါ....သမီးတစ်ယောက်တည်းဖြစ်ပါတယ်.......ဘွားဘွား ဘွားဘွားကိုသာဂရုစိုက်ပေးပါ

မဟုတ်တာ အိမ်မှာ သမီးတစ်ယောက်တည်း စိတ်မချပါဘူး အန္တရာယ်များတယ်........မေမေကြီး သတိရလာတဲ့အခါကျရင်လည်း သမီးကိုအိမ်မှာတစ်ယောက်တည်းထားမှန်းသိရင် တီခိုင့်ကိုဆူမှာ နောက်ပြီး တီခိုင်ကိုယ်တိုင်လည်း စိတ်မချဘူး

အဟင့်.....သမီး ညနေကို ဆေးရုံမှာ ဘွားဘွားကိုလာကြည့်ချင်တယ်

ဟုတ်ပြီ တီခိုင်လိုက်ပို့ပေးမယ်နော် အခုသမီးနေ့လည်စာစားပြီး ခဏအနားယူလိုက်နော်

အဟင့်.....ဟုတ်ကဲ့ တီခိုင်......

ဒါဆို ဖုန်းချလိုက်ပြီနော်သမီးလေး

ဟုတ်ကဲ့ တီခိုင် "

တီခိုင်ဖုန်းချသွားတော့.......ခွင်း ဆိုဖာမှာ ထိုင်ပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့အပ်ကာ ငိုနေမိတယ်

ဘွား အမြန်သက်သာလာပါစေ....သမီးစာမေးပွဲကိုအကောင်းဆုံးဖြေနိုင်ခဲ့တယ်ဆိုတာကို ဘွားကိုပြောပြချင်တယ်........မြန်မြန်သတိရလာပါတော့နော် ဘွားဘွား

^^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^ ^^^^

နေ့လည်ဘက် ဂုဏ်တို့အိမ်မှာ ကာယနဲ့ပက်သက်တဲ့လေ့ကျင့်ခန်းတွေကို လေ့ကျင့်ရမှာ......
ခွင်းမလာဖြစ်တော့ဘူးဆိုတဲ့အကြောင်းကို ဂုဏ့်ကိုဖုန်းလှမ်းဆက်ပြီး သူငယ်ချင်းတွေအားလုံးကိုအသိပေးခိုင်းလိုက်တယ်........

တီခိုင်က ခွင်းနဲ့ဖုန်းပြောပြီး ၂နာရီအကြာမှာ အိမ်ကိုပြန်ရောက်လာတယ် ဘွားအတွက် လိုအပ်တာတွေကို ညနေပြန်ယူသွားမလို့ ပြင်ဆင်နေတယ် ခွင်းကတော့ လေ့ကျင့်ဖို့စိတ်မပါပေမယ့် ကျောင်းကိုယ်စားပြုပြိုင်နေတာမို့ ခြံထဲက ပိတောက်ပင်အောက်မှာ ယောဂလေ့ကျင့်တဲ့ဖျာခင်းကာ ပြိုင်ရမယ့်လေ့ကျင့်ခန်းတွေကို လေ့ကျင့်နေလိုက်တယ်
အပြေးလေ့ကျင့်ခန်းကတော့ ကျောင်းမှာ လေ့ကျင့်ပြီးသားမို့ တစ်ခြား လေ့ကျင့်ခန်းတွေကိုပဲ လေ့ကျင့်နေလိုက်တယ်

*****&*****&****&*****&*****&*****&*****&*****&

ဂုဏ် ညဆီကနေဖုန်းလာလို့ကိုင်လိုက်တဲ့အခါ ညက သူဒီနေ့ကို သူ့အိမ်မလာဖြစ်တော့တဲ့အကြောင်းကိုပြောပြတယ်
ညရဲ့အဘွား ဆေးရုံတက်နေရလို့တဲ့

ည အရမ်းဝမ်းနည်းနေမှာပဲ.....ညရဲ့အဘွားကအခုထိသတိမရသေးဘူး အဘွားအမြန်သက်သာလာပါစေ

"နေလင်း ဘာဖြစ်လို့လဲ ခွင်းက

ည မလာဖြစ်ဘူး ဘွားနံ့သာဆေးရုံတင်ရလို့တဲ့

ဟမ်.....စိုးရိမ်ရတယ်တဲ့လားနေလင်း

အခုတော့ မစိုးရိမ်ရတော့ဘူးသမု
သက်သာလာပြီလို့ပြောတယ်
သတိတော့မရသေးဘူး

ခွင်းအရမ်းဝမ်းနည်းနေမှာပဲ လူရည်ချွန် ဖြေနေတုန်းမှာ အဘွားကနေမကောင်းဖြစ်တော့

ဟုတ်တယ် နှင်းခက်
အခု ခွင်းကဆေးရုံမှာတဲ့လားနေလင်း

မဟုတ်ဘူး အိမ်မှာပဲတဲ့ ညနေကိုတီခိုင်နဲ့ဘွားကိုသွားကြည့်မလို့လို့ပြောတယ် သွင်ထက်

ဒါဆို ငါတို့လည်း သွားကြည့်ကြမယ်လေ လူကြီးတွေကိုပြောပြီး သွားကြည့်ကြမယ်

အင်း အဲ့တာဟုတ်တယ်နေလင်း ငါတို့အိမ်တွေကိုဖုန်းလှမ်းဆက်လိုက်မယ် ခွင်းရဲ့အဘွားကိုသွားကြမယ်ဆိုတဲ့အကြောင်းကို ဦးလေးစိုးကိုလိုက်ပို့ခိုင်းလို့ဖြစ်တယ်မလား နေလင်း

အင်းရတယ်လေ ခန့်ညား ငါအဘိုးနဲ့အဘွားကိုပြောပြလိုက်မယ်

အင်း.......ဒါဆို ညနေ၄နာရီ သွားကြမယ်

ဒါနဲ့ အဘွားကိုဆေးရုံတင်ထားရတဲ့ဆေးရုံက. ဘယ်ဆေးရုံလဲ နေလင်း နင်မေးလိုက်လား ခွင်းကို

ချယ်ရီဆေးရုံမှာတဲ့

အင်း.....ကဲကဲ ငါတို့ မြန်မြန်လေ့ကျင့်ကြမယ် ဒါမှစောစောသွားနိုင်မှာ

ဟုတ်တယ် လေ့ကျင့်ကြမယ်"

***** **** **** **** **** **** **** **** **** **** ****

ခွင်း  ဘွားကိုကြည့်ပြီး မျက်ရည်ကျမိတယ်
ဘွားက ဖေဖေနဲ့မေမေဆုံးတဲ့အချိန်မှာ နှလုံးရောဂါအစပျိုးနေခဲ့တာ....ခွင်းကိုဘွားက အသိမပေးခဲ့သလို အသိလည်းမခံခဲ့ဘူး.....ဘွားဆေးတွေသောက်တာကိုတွေ့မိပေမယ့် ဘွားက သွေးတိုးဆေးနဲ့အာရုံကြောဆေးသောက်တာလို့ပဲ ခွင်းကိုပြောပြခဲ့တာ........အခုချိန်ထိလည်း ဘွားက ဆေးရုံတင်ရလောက်တဲ့အထိ ရောဂါမပြင်းထန်ခဲ့တာလည်းပါတယ်...........

ဘွားလက်ကလေးကိုကိုင်ကာ.......

"ဘွား အမြန်သတိရလာပါနော်......"

ဒေါက် ဒေါက်ဒေါက်

အခန်းတံခါးခေါက်သံကိုကြားလိုက်ရတယ်

ဝင်ခဲ့ပါ

"ခွင်း.......
ည.........

သူငယ်ချင်းတို့ နင်တို့ဘယ်လိုရောက်လာတာလဲ.

နေလင်းဆီကနေ အဘွားသတင်းကိုကြားလိုက်ရတယ်

နင်တို့မိဘတွေ စိတ်ပူနေဦးမယ် အိမ်ကိုပြောခဲ့ရဲ့လား

အင်း ပြောခဲ့တယ် ငါတို့မိဘတွေလည်း မနက်ဖြန် လာခဲ့မယ်တဲ့

ရပါတယ် အန်တီတို့အလုပ်ရှုပ်နေမယ် ဘွားကစိုးရိမ်စရာမလိုတော့ဘူးလို့ ဆရာဝန်ကပြောပြသွားတယ်

တော်သေးတာပေါ့ အားမငယ်နဲ့နော် ခွင်း ငါတို့နင့်အနားမှာရှိတယ်.......မနက်ဖြန်ကို အကောင်းဆုံး ယှဥ်ပြိုင်ရမယ်နော်ခွင်း

အင်း ငါ ကျောင်းအတွက်ရော အဘွားအတွက်ပါ ကြိုးစားပြီး ပြိုင်မှာပါ ဘွားသတိရလာရင် ဘွားဝမ်းသာအောင်ပြောပြချင်တယ်။

အင်း........

ည......အားတင်းထားပါ ဘွားအမြန်သတိရလာမှာပါ

အင်း ဂုဏ်.......

****^^^^***^^^***^^^***^^^***^^^***^^^***^^^^****^^

ညနေ၆နာရီ သူငယ်ချင်းတွေအားလုံး ပြန်သွားကြတယ် မနက်ဖြန် ကာယပြိုင်ပွဲရှိတာမို့ စောစောအနားယူရမယ်လေ

"သမီး ခွင်းလေး အိမ်ပြန်အိပ်မလား.... မနက်ဖြန်ကာယပြိုင်ပွဲရှိတာဆိုတော့ သက်သောင့်သက်သာအနားယူရမယ်လေ ဆေးရုံမှာက အိပ်ဖို့အဆင်မပြေလောက်ဘူး

ရပါတယ် သမီးဘွားဘွားအနားမှာပဲနေချင်တယ် မနက်ကျမှ Busကားစီးပြီးကျောင်းကိုသွားလိုက်မယ်တီခိုင်"

သမီးခွင်းလေးက မေမေကြီးအနားမှာပဲနေချင်တာမို့ ဒေါ်တင်တင်ခိုင် ဘာမှထပ်မပြောဖြစ်ပါ........သမီးလေး အိပ်ဖို့အဆင်ပြေအောင် စီစဥ်ပေးဖို့ပြင်ဆင်လိုက်တယ်........

............................................................................

မနက်အစောပိုင်း အဘွားကိုတစ်ချက် ဆရာဝန်လာကြည့်ပြီး ဒီနေ့နေ့လည်လောက် သတိရလာနိုင်တယ်လို့ ပြောပြသွားတယ်

"စိတ်ချနော် အဘွား ခွင်း ဒီနေ့ပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားခဲ့မယ် ဘွား ဒီနေ့သတိရလာပေးပါနော် ဘွား "

"ကဲ သမီးလေး တီခိုင် ကျောင်းကိုလိုက်ပို့ပေးမယ်.....
သွားရအောင်"

ထိုအချိန် တံခါးပွင့်လာကာ ဂုဏ့်ကိုတွေ့လိုက်ရတယ်........

ည......

တီခိုင် ညကိုလိုက်ပို့ပေးမလို့ထင်တယ်

ဟုတ်တယ် သားနေရေ သမီးကိုကားစီးခိုင်းရမှာစိတ်မချလို့

တီခိုင် လိုက်မပို့နဲ့တော့ သား ညကိုလာခေါ်တာ

ဒါဆို အဆင်ပြေသွားတာပေါ့ သားနေနဲ့ဆိုစိတ်ချတယ် သမီး သားနေနဲ့ကျောင်းကိုလိုက်သွားလိုက်နော်

ဟုတ်ကဲ့ပါ တီခိုင် သမီးလိုက်သွားလိုက်ပါ့မယ်

တီခိုင် စိတ်ချပါဗျ သားအဘိုးလည်းပါပါတယ် နေ့လည်ကို ဘွားဘွားနဲ့အတူ လာခဲ့ပါလိမ့်မယ်

ရပါတယ်ကွယ် လူကြီးတွေကားစီးရတာပင်ပန်းပါတယ်

ရပါတယ်

ဂရုစိုက်နော် ကလေးတို့

ဟုတ်ကဲ့ ဘွားကိုဂရုစိုက်ပေးပါနော်တီခိုင်

စိတ်ချပါကွယ်.........

လာ ည ကျောင်းချိန်နီးနေပြီ

အင်းဂုဏ် ငါ့ကိုလာခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

မလိုပါဘူး ည နင်ကငါ့သူငယ်ချင်းလေ

***** ^^^^ **** ^^^^ **** ^^^^ **** ^^^^ **** ^^^ ^^^^

Part-11မျှော်

Author Ester Linn

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

3M 264K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
2K 66 10
မိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား‌‌ လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လ...
4.5K 83 7
Genre: Romance, Mystery, Action Start date:5.10.23 End date: ? Status: Ongoing (paid gp) စက်မှော်ရုံ: "ခေါင်းငြိမ့်ခေါင်းခါဘာလုပ်လုပ် မင်းရှေ့မှာငါရှ...
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛