နောင်တတို့ပါဝင်နေသောချစ်ခြင်း...

Par LinnLinn438

5.4K 121 0

မထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်န... Plus

နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-2
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-3
နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား Part-4
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-5
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-6
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-7
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-8
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-9
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-10
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-11
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-12
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-13
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-14
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34 ပထမပိုင်း
Part-34 ဒုတိယပိုင်း
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-43
Part-42
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66 ဇာတ်သိမ်းပိုင်း
Extra Part-1
Extra Part-2
Extra Part-3
Extra Part-4
Extra Part-5
Extra Part-6
Extra Part-8
Extra Part-7
Extra Part-9 Final Episode 🖤⚜️

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-1

533 6 0
Par LinnLinn438

"*မနက်အစောပိုင်းတွင် ကောင်းကင်တစ်ခွင်၌ ကြယ်လတို့ပျောက်ကာ နက်မှောင်သောမိုးသားများက နေရာလပ်မရှိ အပြည့်ဖြစ်နေတယ်
လေပြည်ညင်းတို့က အေးစက်သောအငွေ့အသက်တို့အပြည်ဖြင့် တိုးဝေ့တိုက်ခတ်နေတယ်............

မိုးရာသီမှာ မနက်အာရုံတက်ချိန် မိုးသားအပြည့်ဖြင့် လေပြည်ညင်းတို့တိုက်ခတ်နေချိန်ဆို သိပ်အိပ်လို့ကောင်းတာ......................

ခွင်းကတော့ အိပ်ယာထရတော့မယ့်အချိန်ဆိုတာ သိနေပေမယ့် မထချင်ဘူးဖြစ်နေတယ်.............

" ဒေါက် ဒေါက် ဒေါက်

မြေးရေ.....ထတော့လေ......၅နာရီ ၁၅မိနစ်ဖြစ်နေပြီလေ.......ဘုရားရှိခိုးရမယ့်အချိန်ရောက်နေပြီ......

ဟုတ်.......နိုးနေပါပြီဘွား....သမီးလာခဲ့မယ်...........

အေးအေး.......နောက်မကျစေနဲ့နော် ဘွား....ဘုရားခန်းမှာ စောင့်နေမယ် ကြားလားမြေး

ဟုတ်..............ကဲ့.................ဘွား...............

ဒေါ်နံ့သာခွင်း.......ဟုတ် နဲ့ ကဲ့ ကို တစ်လုံးချင်းခွဲပြောနေတဲ့မြေးဖြစ်သူအကြောင်းကိုသိနေတဲ့အတွက် ဘာမှဆက်မပြောတော့ဘဲ ဘုရားခန်းကိုသာထွက်လာခဲ့တယ်...............

::::::::::::::::::::: :::::::::::::::: ::::::::::::: ::::::::::::::::

လင်း ဒီနေ့ အထက်တန်းပထမနှစ်ဖြစ်တဲ့ အဋ္ဌမတန်းကို စတက်ရမယ့် နေ့ဖြစ်တာမို့ မနက်၅နာရီမှာ  နိုးနေတာ................

အိပ်ရာမှထကာ ပြတင်းပေါက်အနားသွားကြည့်တော့ မိုးသားအပြည့်နှင့် လေပြည်ညင်းတို့က တရွေ့ရွေ့တိုက်ခတ်နေတာကိုတွေ့လိုက်ရတယ်

အင်း......ပထမဆုံးရက်မှာ မိုးအေးအေးနဲ့ ကျောင်းတက်ရတော့မှာပဲ...........

မိုးကတော့မရွာသေးဘူး ကျောင်းသွားချိန်မှရွာမလားမသိဘူး
ရန်ကုန်မှာဆို သူတို့ကျောင်းသားကျောင်းသူတွေ ကျောင်းတက်ချိန်ကျောင်းဆင်းချိန်မှ ကွက်တိ ရွာချတာ

ပြင်ဦးလွင်မိုးကတော့ ဒီလိုမဖြစ်လောက်ဘူးထင်ပါတယ်

မျက်နှာသစ်ရတော့မယ်။ဘိုးက မနက်၆နာရီတိုင်း  မနက်စာစားချိန်လို့ ပြောထားတာ

မနေ့ကမှ ဘိုးနဲ့ဘွားအိမ်ကိုရောက်တာမို့ ဗီရိုထဲမထည့်ရသေးတဲ့သူ့အဝတ်အိတ်ကိုဖွင့်ကာ မျက်နှာသုတ်ပဝါတစ်ထည်ကိုယူပြီး ရေချိုးခန်းထဲ ဝင်လာခဲ့တယ်...............

^^^^^^^^^^ ^^^^^^^^^^^ ^^^^^^^^^^ ^^^^^^^^^ ^^^^^^^^ ^^^^^^^ ^^^^^^^^

ဘွားနဲ့ခွင်း ဘုရားရှိခိုးပြီးလို့ ခွင်းလက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ ၆နာရီ၁၅မိနစ်ဖြစ်နေပြီ

ဘွားရေ

ဟေ

မနက်စာတန်းစားမှာလားဘွား

လမ်းလျှောက်ပြီးမှစားမလား

တန်းစားမယ်လေမြေးရဲ့ ဘွားမြေးလေးကျောင်းသွားချိန်နီးနေပြီလေ

ဟုတ်ကဲ့

ခိုင်ခိုင်ရေ

ရှင် မေမေကြီး

မနက်စာကရော ဘာတွေပြင်ဆင်ထားလဲ

မုန့်ဟင်းခါးပါမေမေကြီး

ဟား.....တီခိုင့်လက်ရာဆိုရှယ်ပဲ သမီးဒီနေ့မုန့်ဟင်းခါးစားချင်နေတာ

များများထည့်စားသွားနော်သမီး.....တီခိုင်က သမီးအကြိုက် ငါးဖယ်ကြော်လေးပါပြင်ပေးထားတယ်
မေမေကြီးအတွက်က ဘူးသီးကြော်ပူပူလေးပြင်ပေးထားပါတယ်

ဟုတ်ကဲ့

မြေး....

ရှင့် ဘွားဘွား

ဒီနေ့ကျောင်းစတက်ရမယ့်နေ့ဆိုတော့ သေချာပြင်ဆင်သွားနော် စာအုပ်ကျန်ခဲ့တာမျိုးတွေမဖြစ်စေနဲ့

ဟုတ်ကဲ့ပါ ဘွား
သမီး ညကတည်းကအားလုံးစစ်ပြီးသားပါ

ကောင်းတယ်  အရာရာစေ့စပ်သေချာတဲ့အကျင့်ရှိနေရမယ်

ဟုတ်ကဲ့ ဘွား

ကျောင်းဝတ်စုံလဲရဦးမှာ ၇နာရီသှားရမှာဆိုတော့ လိုပါသေးတယ် ဖြည်းဖြည်းစားမြေး

ဟုတ်ကဲ့ ဘွား

သမီး ခွင်းလေး

ရှင်တီခိုင်

ကျောင်းအကျီအဖြူနဲ့ကျောင်းစိမ်းထဘီကို တီခိုင် မီးပူတိုက်ပေးထားတယ်

ဗီရိုအညိုထဲကအပေါ်ဆုံးထပ်မှာထားပေးထားတယ်
ထုတ်ဝတ်လိုက်နော်သမီး

ဟုတ်ကဲ့ ကျေးဇူးပါရှင့်တီခိုင်

မလိုပါဘူးကွယ်

သမီးစားလို့ပြီးပြီဘွား

ပန်းကန်မဆေးနဲ့သမီး တီခိုင်ဆေးလိုက်မယ်

ခိုင်ခိုင်

ရှင် မေမေကြီး

မြေး သူ့တာဝန်သူယူပါစေ ညည်းနေရာတကာလိုက်မလုပ်ပေးနဲ့

ဟုတ်ကဲ့ မေမေကြီး

တီခိုင်က ဘွားကို ဟုတ်ကဲ့သာပြန်ပြောနေတာ မျက်လုံးကတော့ ပန်းကန်ထားခဲ့ဖို့အရိပ်အကဲပြနေတယ်

ခွင်းလည်းဘွားမကြားအောင် တီခိုင်ရှိနေတဲ့ဘေစင်ဘေးမှာ သွားရပ်ပြီးပန်ကန်ဆေးရင်း." ရတယ်တီခိုင် သမီးဘာ့သာဆေးမယ် နောက်ကိုမဆေးပေးနဲ့နော် ဘွား ဆူလိမ့်မယ်"

အင်းပါအင်းပါ ကျောင်းသွားဖို့ပြင်တော့သမီး
ကျောင်းချိန်နီးနေပြီ
ဟုတ်ကဲ့

ဘွား သမီး ပန်းကန် ဆေးပြီးသွားပြီ

ကျောင်းဝတ်စုံသွားလဲတော့မြေး

ဟုတ်ကဲ့ ဘွား

ခွင်းလည်း ကျောင်းဝတ်စုံလဲပြီးအပေါ်ထပ်ကဆင်းလာကာ

ဒီမှာ ထမင်းချိုင့်သမီးလေး

ဟုတ်ကဲ့

တီခိုင်လှမ်းပေးတဲ့ထမင်းချိုင့်ကိုယူပြီး ကျောင်းသွားဖို့ ဘွား ဝယ်ပေးထားတဲ့စက်ဘီးခဲရောင်လေးကိုထုတ်ကာ ထမင်းချိုင့်ကိုစက်ဘီးရှေ့ခြင်းမှာထည့်ပြီး ဘွားနဲ့တီခိုင့်ကို နှုတ်ဆက်ကာ ကျောင်းသို့ထွက်လာခဲ့တယ်

*****************************************************

မြေးရေ မနက်စာစားမယ်ဟေ့

ဟုတ် လာပြီ ဘိုးရေ

ဘိုးရယ်ဘွားရယ်နဲ့အတူစားရတဲ့မနက်စာဟာ သူ ရန်ကုန်အိမ်မှာစားရတဲ့မနက်စာထပ် ပိုပြီး နွေးထွေးမှုကိုခံစားရစေတယ်

ကျောင်းသွားဖို့ ကားအဆင်သင့်ပြင်ပေး ထားတယ်

ရတယ် ဘွား
သား စက်ဘီးနဲ့ပဲသွားမလို့ ကျောင်းနဲ့အိမ်ကနီးနေတာပဲလေ

ဒါဆိုလည်း ငါ့မြေးသဘောပဲ

မောင်စိုးရေ

ဗျာ သူဋ္ဌေး
ကားပြန်သိမ်းထားလိုက်တော့
မြေးက စက်ဘီးနဲ့သွားမှာ

ဟုတ်ကဲ့ သူဋ္ဌေး

လင်း မနက်စာစားလို့ပြီးသွားတာမို့
ဘိုးနဲ့ဘွားကိုနှုတ်ဆက်ကာ စက်ဘီးအသစ်အညိုရောင်လေးနဲ့ ကျောင်းသို့ထွက်လာခဲ့တယ်

*******************************************************

Part-2မျှော်

Author Ester Linn

Continuer la Lecture

Vous Aimerez Aussi

312K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
410K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2K 66 10
မိန်းကလေးအချင်းချင်း ကူညီချင်ဇောဖြင့် ယောင်္ကျား‌‌ လေး တစ်ယောက်ကို ဝင် ရောပေးမိရာမှ မိမိနှလုံးသားတစ်ခုလုံးနဲ့ ချစ်မိသွားရတဲ့ ယု ဘဝမှာ ငယ်ငယ်ကတည်းက လ...
3.7K 108 5
အေးအေးငြိမ့်ငြိမ့်ဇာတ်လမ်းလေးတစ်ပုဒ်💛 ဇေမင်းနေ+ပုံညိုချယ်💛