အချစ်ထက်သာလွန်သော[Completed]

By Ta_yaw2006

906K 50.3K 3.2K

"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
ဇာတ်သိမ်းပိုင်း
memo
ART
Book!!

အပိုင်း(၃)

37K 2.1K 126
By Ta_yaw2006

Unicode

ရေမိုးချိုး အဝတ်အစားလဲ ပြီးတာနဲ့ အန်တီခိုင်ကိုကူညီညာလုပ်ပေးရသည်။အလကားသပ်သပ် လာနေတဲ့ သူမို့ ကျွန်တော့်ဘက်က အလိုက်တသိ ကူလုပ်ပေးရသည်။လွမ်းစေသော်က ကူရှာသည်။ အန်တီခိုင်က ကြက်သွန်လှီးခိုင်း၍ လှီးနေခြင်းပင်။သို့သော် အခွံနွာနေတာနဲ့တင်ကို သူ့ခင်ဗျာ ဇာတ်ကားတွေထဲက အငိုခန်းရိုက်ရတဲ့ မင်းသမီးလိုလို ဘာလိုလို။

"ကဲပါ ကိုလွမ်းရယ် သွားတော့ ထမင်းအိုးသာသွားတည်ချေ ဒီလိုသာလှီးနေရင် ဘယ်ပြီးမတုန်း"

"အမေ့ ကြက်သွန်နီကစပ်တာကိုးဗျ ရွတ်"

ထိုသို့ အန်တီခိုင်က ပြောတော့မှ လွမ်းစေသော်က ထကာ ဆန်ဆေးနေတော့သည်။

"သား အန်တီခိုင့်ကို ရှောက်ရွက်လေးသွားခူးပေးပါလား"

"ဗျာ ဟုတ်"

ရှောက်ရွက်သွားခူးဖို့ မီးဖိုချောင်ထဲကအထွက် မလှမ်းမကမ်းက သီးပင်စားပင် သီးသန့်စိုက်ထားသည့် ရုံထဲ သွားလိုက်၏။ငရုတ်ပင်၊ကြက်ဟင်းခါးပင်၊ယဲယိုပင်တွေ ကြားပေါက်နေတဲ့ ရှောက်ပင်ဆီက အရွက်နုတွေကို ရွေးခူးလိုက်သည်။လေအဝှေ့တွင် မီးဖိုချောင်မှ လွင့်ပြယ်လာတဲ့ ကြက်ဘူးဟင်းအနံ့က ပျံ့လွင့်လျက်။

"မွှေးလိုက်တာ"

ရှောက်ပင်က တော်တော်ကြီးသည် ဟုပြောရမည်။ရှောက်သီးတွေကလည်း တစ်ခိုင်နဲ့ တစ်ခိုင် ပြွတ်ခဲနေအောင်သီးနေသည်။သို့သော် ရှောက်ပင်မှ များစွာသော ဆူးတွေကြောင့် သတိကြီးကြီးဖြင့် ခူးရသည်။အပင်ကြီးတော့ ဆူးရှောင်ရတာ ပိုဆိုးသည်။

"ငယ်ချစ်ဦး"

"ဟမ် အာ့"

ရုတ်တရက် နောက်ကျောဘက်က နာမည်ခေါ်သံကြောင့် လှည့်အကြည့် ရှောက်သီးဆီ လှမ်းနေတဲ့ လက်မှာ ဆူးဖြင့်ခြစ်မိသွားတော့သည်။

"ဘာဖြစ်တာလဲ"

ရုတ်တရက်ကြီး စူးကနဲ ဖြစ်သွားသည်မို့ လက်ကိုခါလိုက်တော့ ခပ်လှမ်းလှမ်းမှ လွမ်းစေသော်က အမေးဖြင့် ကျွန်တော့်နားရောက်ချလာသည်။ရေချိုးပြီးကာစမို့လို့လား မသိ။လွမ်းစေသော်ဆီက ဆပ်ပြာနံ့သင်းသင်းလေး ရသည်။

"ဆူးခြစ်မိသွားတာ"

"ပြစမ်း"

"ဘာမှမဖြစ်ပါဘူး မင်းကဘာလာလုပ်တာလဲ"

"မင်းသားလေး ကြာနေလို့လိုက်လာတာပါ ခင်ဗျာ"

"နေပါဦး မင်းက ငါ့ကိုဘာလို့ မင်းသားလို့ ခေါ်ရတာလဲ"

"အင်းးးးး"

လွမ်းစေသော်က ကျွန်တော့်ကို စိုက်ကြည့်ရင်း အဖြေပေးဖို့အတွက် စဥ်းစားနေသည်။ကျွန်တော်လည်း ဒါကို ဂရုစိုက်မနေဘဲ စောစောက ခြစ်မိသွားတဲ့ လက်ညိုးလေးကို ကြည့်လိုက်တော့။အာ....သွေးထွက်နေပြီ။နည်းနည်းခြစ်မိသွားပေမဲ့ ကျွန်တော့်အသားအရေက မယ်နုတောင် အရှုံးပေးရလောက်တဲ့ထိနုပြီး သတင်းစာနဲ့တောင် ရှတဲ့ အသားအရေမျိုး ဖြစ်သည်။

"ဟမ်"

ရုတ်တရက်ကြီး လက်အဆွဲခံလိုက်ရတော့ ကျွန်တော့်မှာအကြောင်သား။လွမ်းစေ​သော်က ကျွန်တော့်ရဲ့စူးသွားတဲ့လက်ညိုးကို သေချာစိုက်ကြည့်ရင်း

"ဘာလုပ်တာလဲ"

ပြွတ်

"ဟာ လွမ်းစေသော် ဖယ်စမ်း"

ကျွန်တော်အမြင်မမှားဘူး။လွမ်းစေသော်က သွေးထွက်နေတဲ့ လက်ညိုးကို သူ့ပါးစပ်နဲ့ ငုံချသွားတာကျွန်တော် တစ်မျိုးကြီးဖြစ်သွားပြီး နုနုရွရွအပြုမူခံလိုက်ရတော့ လူကဒေါသထွက်လာသည်မှာ နီရဲနေတဲ့ နားရွက်ဖျားတွေက သက်သေသာ။

"ဖယ်လို့!!"

နွေးနွေးအိအိလျှာအထိအတွေ့ကြောင့် အနေခက်လာသလို ဖြစ်လာသည်။ကျွန်တော်ရုန်းတော့ လွမ်းစေသော်က ခပ်စူးစူးတစ်ချက် ကြည့်လာသည်။ဘာလဲ။ကျွန်တော် ဘာမှ မလုပ်ရသေးဘူးလေ။

သတိမထားမိလိုက်စွာ ထိုအခိုက်တွင် လွမ်းစေသော် ရဲ့ ခပ်စူးစူး အကြည့်တွေကို ကျွန်တော့်မှာငေးကနဲ။ခပ်ညိုညိုမျက်ဝန်းတွေက ကျွန်တော်မြင်ဖူးနေကျ ဖန်ပေသီးလုံးတွေလို ကြည်လင်တောက်ပနေသည်။လှတယ်လို့ ပြောရင် ကျွန်တော် လွန်ရာမကျ။ဘုရားရေ....ကျွန်တော် လှတယ်လို့ တွေးလိုက်မိတာလား။

ပူနွေးလာတဲ့ပါးပြင်က ကျွန်တော် အရှက်သည်းသွားကြောင်း အချက်ပြလိုက်သလို အကြည့်လွဲကာ ခေါင်းငုံ့ချလိုက်တော့သည်။ပြီးမှ ဒီကောင့်ကို တစ်ချက်လောက်ချတော့မယ်။

ဥသြငှက်ရဲ့တစာစာအော်သံမှအပ ပတ်ဝန်းကျင်မှာတိတ်ဆိတ်နေသည်။ကျွန်တော်တို့ နှစ်ယောက်ကြားလည်း တိတ်ဆိတ်နေမှုသာ ကြီးစိုးနေ၏။
ခဏအကြာ ငုံထားတဲ့ကျွန်တော့်လက်ညိုးကိုလွတ်ပေးပြီး မပြောမဆိုပင် ထပ်မံ၍ ကျွန်တော့်လက်ကို အသာအယာ ပွတ်ဆွဲလျက် စကားတစ်ခွန်းဆိုလာသည်။

"ငါမင်းကိုမင်းသားလို့ခေါ်တာက ဒီလိုနုဖက်နေတဲ့အသားအရေရယ် "

ထိုကဲ့သို့ ပြောလာပြီး ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်လာပြန်သည်။ထိုအခိုက်တွင် ကျွန်တော့်မှာ ဒေါသစိတ်လည်းမရှိတော့သလို ရှက်စိတ်ပါမရှိတော့ ဗလာသပ်သပ်ဖြင့် လွမ်းစေသော် မျက်နှာကိုသာ ငေးကြည့်နေမိတာ ထူးဆန်းလွန်းသည်။

"ကော့စင်းနေတဲ့ မျက်တောင်မွှေးလေးတွေရယ် ဆင်းနေတဲ့နှာတံလေးရယ် ပြီးတော့ မျက်လုံးလှလှလေးရယ် ငါ့အမြင်မှာတော့မင်းက မင်းသားလေးပဲ"

"ဟမ်"

ကျွန်တော့်အသံကြားမှ အိမ်မက်မှနှိုးထလာသူတစ်ယောက်လို လွမ်းစေသော်ပြာသွားသည်။

"အာ....အာ ဟို ဆောရီး ငါက မင်းကို ချောလို့မင်းသားလေးလို့ခေါ်တာ မကြိုက်ရင် တခြားဟာပြောင်းခေါ်မယ်လေ"

"အမ် အေး"

၂မိနစ်လောက် တိတ်ဆိတ်သွားခဲ့သည်။သူကလည်း ကျွန်တော့်လက်ကို လွတ်မထားခဲ့သလို ကျွန်တော်ကလည်းမရုန်းခဲ့။

"အချစ်"

"ဘာ"

"အချစ်လို့"

"ဘာပြောတယ်"

ဖြန်း

အား

ကျွန်တော်သည်းခံလို့မရတော့ ဒီကောင်လွန်လွန်းလာပြီ။ကျွန်တော့်ကို မိန်းကလေးလိုလာ ဆက်ဆံနေတာ။ဒါ ကျွန်တော့်ကို အခြောက်လို့ နှိမ်လိုက်တာ။

စိတ်တိုတိုဖြင့် ကျွန်တော်လက်က မထိန်းနိုင်စွာ လွမ်းစေသော်ရဲ့လက်မောင်းပေါ် ဖြန်းကနဲ ကျရောက်သွားသည်။

"ဘာလို့ရိုက်တာလဲ နာတယ်"

"ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ လွမ်းစေသော် ဟမ်"

"ဪ ထပ်ကြားချင်တာများကွာ ရိုက်စရာလား အချစ်ရ"

"မင်း"

ကျွန်တော် ထပ်မံ ရိုက်ဖို့လက်ရွယ်တော လွမ်းစေသော်ရဲ့ ဇက်ကလေးက ပုသွားလျက်။

"ငါရှင်းပြတာနားထောင်ဦး မင်းနာမည်က ငယ်ချစ်ဦးလေ "

"အေး"

ပြန်ဖြေသည့် ကျွန်တော့် လေသံက မာသည်။

"မင်းနာမည်ကချစ်ပါတယ်လေ အဲ့တော့ အချစ်ပေါ့ "

"ငယ်ချစ်တို့ ချစ်ဦးတို့ခေါ်လို့ရတယ် လွမ်းစေသော် မင်း အပိုတွေမပြောနဲ့"

"ငါကသူများ ခေါ်သလိုမှ မခေါ်ချင်တာ"

"လွမ်းစေသော် ငါ့ကိုနုနုရွရွတွေလာမပြောနဲ့ ငါမကြိုက်ဘူး"

"...."

ဘယ်လို သောက်အဓိပ္ပါယ်မရှိမှုကြီးလဲ။လက်သီးနဲ့တစ်ချက်လောက် ဆွဲထိုးချင်စရာကောင်းသည်။သို့သော်ငှား....အေး အိမ်ရှင့်သားကွ စိတ်လျော့ စိတ်လျော့ မဟုတ်ရင် မင်းနေစရာဘုံပျောက်မယ် ငယ်ချစ်ဦး။

"ဖယ် "

ဘာစကားပြန်မလာတော့ ဘာစကားမှပြန်ပြောချင်စိတ်မရှိတဲ့ ကျွန်တော်က ငူငူကြီးရပ်နေတဲ့လူကိုကျော်ကာ မီးဖိုချောင်ဆီသို့သာသွားလိုက်သည်။အဲ့ကောင်ဘာမှမဟုတ်ဘူး ကျွန်တော့်ကို တမင်သပ်သပ်ကိုနှိမ်နေတာ။လွမ်းစေသော် ဘဝင်ရူးကောင် မင်းကျားယားတိုင်း ငါ့ကိုမိန်းကလေးလိုလာဆက်ဆံစရာမလိုဘူးကွ။ ငါလည်းကျားယားတဲ့နေ့ မင်းကိုထိုးပြမယ်။သို့လော သို့လော မကျေနပ်မှုတွေက စိတ်ထဲမှာ ပြောဖြစ်၏။

"အန်တီခိုင် ဒီမှာ"

"အေးအေး သား ခဏနေ ထမင်းစားလို့ရပြီ သိလား ကိုလွမ်းကို ထမင်းစားဖို့ခေါ်လိုက်တော့"

"ဟုတ်"

ကျွန်တော် မီးဖိုချောင်ထဲကပြန်ထွက်ကာ လွမ်းစေသော်ကိုရှာလိုက်သည်။စောစောကနေရာမှာဘဲ ငူငူကြီးရပ်သည်ကို တွေ့လိုက်တော့ စိတ်ညစ်ညစ်နဲ့ ခေါင်းမော့ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ဒီအရူးကောင်ကတော့.....

"လွမ်းစေသော်"

"...."

"ဘာရပ်လုပ်နေတာလဲ"

"....."

"အန်တီခိုင်က ထမင်းစားရအောင်တဲ့"

"...."

တကယ်ကိုငူငူကြီးနဲ့ လဒမှိုင်မှိုင်နေတာ။အရေးမလုပ်ခံရသည်မို့ ကျွန်တော့်မှာ မနေတတ်။မသိတော့။ဒီလိုဆိုးနေပုံနဲ့ ကျွန်တော်က ဘာဆက်လုပ်ရမှာလဲ။

"ဟူးးးးး ခေါ်ကွာ မင်းသဘော မင်းသဘော"

"မဟုတ်ဘူး ငါမှားတာပါ ငါတောင်းပန်တယ်နော် ငါစတာလွန်သွားတယ်"

"ထမင်းသွားစားမယ်"

"ဒါပေမဲ့ ငါအတည်ခေါ်ချင်တဲ့ နာမည်လေးတော့ရှိတယ်"

"...."

"ချစ်ငယ်"

ကျွန်တော် မတုံ့ပြန်မိ။လွမ်းစေသော်ရဲ့မဝင့်မရဲ ထွက်လာတဲ့အသံ။မတည်ငြိမ်တဲ့ မျက်ဝန်းတွေ။ညနေဆည်းဆာနေဝင်ချိန်မှာ နေရောင်ခစားနေတဲ့ ဝင်းမွတ်နေတဲ့ မျက်နှာ။သေချာကြည့်မှ ညာဘက်မျက်ဝန်းထောင့်က မှည့်နက်သေးသေးလေးကို သတိပြုမိ၏။

ဒုတ် ဒုတ်

ဘာဖြစ်တာလဲ။ဒါဘယ်ကအသံလဲ။ကျွန်တော်ပတ်ဝန်းကျင်ကို ရှာကြည့်မိသည်။။အသံထွက်စရာ ဘယ်အရာမှမတွေ့။ အဲ့ဒါဆိုဘယ်ကအသံလဲ။ကျွန်တော့်ရင်တွေ တုန်လာသည်။ဒါ မေမေ ပြောပြောနေသည့် နှလုံးရောဂါများ ဖြစ်နေမလား။
မဖြစ်နိုင်ပါ......ရင်တုန်တာနဲ့ ရင်ခုန်တာမတူမှန်း ကျွန်တော် သိသည်။ရင်ဘတ်ထဲက အသံမှာကျယ်လွန်း၌ ကျွန်တော့်နားထင်ထိပါကြားနေရ၏။

ဘုရားရေ....မဟုတ်ဘူးမလား ကျွန်တော်ရင်ခုန်နေတာ။မိန်းကလေးတစ်ယောက်ကိုဘဲ ရင်ခုန်သင့်တာမလား။တစ်ခုခုတော့လွဲနေပြီ။မပြောမဆို ခိုဝင်လာတဲ့ ကြောက်စိတ်။မသိမသာတုန်လာသည့် နှုတ်ခမ်းအား အသာကိုက်ထားရင်း အကြည့်လွဲကာ အရာအားလုံးအား မျပ်ကွယ်ပြုရင်း မနည်းထိန်းကာ ကျွန်တော် ခပ်အေးအေးသာ ဖြေလိုက်၏။

"အင်း ထမင်းသွားစားမယ်"

"ဟုတ်ပြီ "

သည်ခပ်ဆိုးဆိုးကောင်လေး နဲ့ ကျွန်တော်ဘယ်လိုနှစ်ပါးသွားရမလဲ။

လွမ်းစေသော်ကပျော်ရင် ကျွန်တော့်ကိုပြုံးပြတယ်။
မသိလိုက်တဲ့အချိန်အတွင်း လွမ်းစေသော်ရဲ့အပြုံးကို ကျွန်တော်သဘောကျသွားတယ်။

ခက်တော့ခက်နေပြီ

......

ထမင်းစားပွဲတွင် ကြက်သားဘူးသီးဟင်း၊ငါးပြာရည် အတို့အမြုတ်၊မန်းကျည်းချဥ်ရည် ပူပူနွေနွေးတို့က သားရေယိုချင်စရာအတိ။ကြည့်ရင်း ဗိုက်ဆာလာသည်မို့ ဒန်ဇလားရေခွက်ထဲကို လက်နှစ်ဆေးလိုက်သည်။ကျွန်တော်က ထမင်းဆိုရင် လက်နဲ့စားမှ အားရတဲ့လူမျိုး။

လွမ်းစေသော်က ထမင်းကို အန်တီခိုင့်ပန်းကန်ထဲ အရင်ဆုံး ခူးခက်ထည့်ပေးသည်။ပြီးမှ ကျွန်တော့်ပန်းကန်ထဲ ခပ်ထည့်​ပေးသည်။

"တော်ပြီ"

ပန်းကန်ပြားထဲ ကျွန်တော်စားနိုင်လောက်သည့် အနေအထားရောက်နေပြီမို့ တားလိုက်ပေမဲ့ ဆက်ထည့်နေသူကြောင့် စိတ်ကမရှည်ချင်တော့။

"လွမ်းစေသော် တော်ပါပြီဆိုကွာ"

လေသံက နည်းနည်းမာသွားတော့ ကျွန်တော် အားနာသွား၏။ထိုအားနာခြင်းတွင် အအော်ခံရတဲ့ လွမ်းစေသော်နဲ့ ဘာမှမသက်ဆိုင်စွာ မိခင်ဖြစ်သူ အန်တီခိုင့်ရှေ့မှာ အော်မိတဲ့အတွက်ကြောင့် အားနာခြင်းသာဖြစ်သည်။

လွမ်းစေသော်က သူ့အချိုးအတိုင်း လုပ်ချင်ရာလုပ်ပြီး ပြုံးပြဖို့လည်း မမေ့မလျော့စွာ ခပ်အေးအေးသာ ပြန်ပြောသည်။

"များများစား အဲ့တာမှဝမှာ"

"ဒါပေမဲ့ ငါမကုန်"

"ဟုတ်တယ် သား များများစား အဲ့တာမှ ပြည့်ပြည့်လေးဖြစ်မှာ"

ငြင်းတော့မည့် ကျွန်တော့်မှာ အန်တီခိုင်ကိုယ်တိုင်က စားခိုင်းနေပြီမို့ ဘာမှပြန်မပြောဖြစ်တော့။

အမေဖြစ်သူကိုဦးချရင်း ကျွန်တော့်ကိုလည်းကြက်သားအတုံးကြီးကြီးတစ်တုံး ခပ်ထည့်ပေးရှာသည်။

"ရော့ ကြက်သား အမေ့လက်ရာစားကြည့် ဆွေမျိုးမေ့သွားမယ်"

ငါးပြာရည်ကို ထမင်းနဲ့သမအောင်နယ်ရင်း ကြက်သားကို ဖဲ့၊ထမင်းအလုတ်ကြီး တစ်လုတ်သွတ်၊ချဥ်ရည်လေးပါ တွဲသောက်လိုက်။အားပါးပါး တကယ် လွမ်းစေသော်ပြောသလို ဆွေမျိုးမေ့လောက်သည်။ထမင်းစားနည်းသည့် ကျွန်တော့်ပင် ထပ်ယူရလောက်အောင်ထိ စားလို့ကောင်းသည်။
အမြဲတမ်းအသားကို နှပ်မှန်အောင်မစားရတဲ့ ကျွန်တော့်အဖို့ သည်ထမင်းသည်ဟင်းသည် နိဗ္ဗာန်ဘုံသာဖြစ်သည်။

"ကိုလွမ်း"

"ဗျာ မေ"

"ကျောင်းပိတ်ပြီ ဘာလုပ်ဖို့စိတ်ကူးထားလဲ"

"သားရဲ့စီးပွားရေးလေး ဆက်လုပ်ဖို့စိတ်ကူးထားတယ်"

စီးပွားရေး။လွမ်းစေသော်မှာ ကိုယ်ပိုင်စီးပွားရေးရှိသလား။တစ်ဆက်တည်း ကျွန်တော် စိတ်ဝင်စားသွားသလို လွမ်းစေသော်ကို အထင်ကြီးမိသွား၏။

"လက်ယားလက်ယားလုပ်ဖို့တော့စိတ်ကူးမနေနဲ့နော် ကိုလွမ်း ၉တန်းတတ်ရတော့မှာ ပေါ့မနေနဲ့ "

"ဟာ အမေ သားစီးပွားရေးလုပ်လို့ မေ မုန့်ဖိုးမကုန်တာလေ"

"အမလေး ကျေးဇူးကြီးမားလှပါတယ်ရှင်"

"လွမ်းစေသော်က ဘာစီးပွားရေးလုပ်တာလဲ အန်တီ"

ကျွန်တော်သိချင်လို့ အတည်ပေါက်မေးချလိုက်တော့ အန်တီခိုင်ရော လွမ်းစေသော်ကပါ သဘောတကျရီနေသည်။ကျွန်တော် မေးတဲ့ထဲ ဘာအမှားပါသွားလည်း မသိသော်ငှား အနည်းငယ်တော့ ရှက်သွားရ၏။

"သားရေ မင်း မနက်ကျ သိလိမ့်မယ်"

"ငါစီးပွားရေးတိုးချဲ့မှဖြစ်တော့မယ် ငါ့အိမ်သားလေးအတွက်မုန့်ဖိုးပိုစုရမယ်"

"အဟွတ်"

ပြောချင်ရာပြောနေတာက လွမ်းစေသော်၊ အလကားနေရင်း ထမင်းနင်သီးနေတာ ကျွန်တော်။လူကပူထူလာကာ ချောင်းတဟွတ်ဟွတ်ဆိုးနေသည်မှာ မရပ်တော့။တရားခံက လွမ်းစေသော်။တော်တော်ဆိုးတဲ့ကောင်။ဘုရား ဘုရား မဖြစ်သေးဘူး ညအိပ်ခါနီး တရားထိုင်ရမယ်။

"ရော့ရော့ ရေသောက် ဖြည်းဖြည်းစားမှပေါ့"

လွမ်းစေသော်ကမ်းပေးလာတဲ့ ရေကို ယူသောက်လိုက်ပြီး သက်သာသွားသော်လည်း ကျွန်တော့်ပူနွေးနွေးပါးပြင်ရဲ့ အပူချိန်ကတော့ ကျမသွားခဲ့။မကျေမနပ်ဖြစ်ကာ မကြည်ကြည့်ဖြင့် ကြည့်လိုက်မိ၏။

"ဟောဗျာ နဂါးမျက်စောင်းကြီးနဲ့ပါလား"

"ကဲကဲ စားစရာရှိတာစားတော့"
.....
"လွမ်းစေသော်"

"ဗျာ...ဗျ"

"ငါ့နားတကပ်ကပ် နဲ့ ဘာလုပ်နေတာလဲ"

"မဟုတ်ရပါဘူးနော် ငါလည်း ပန်းကန်ဆေးမလို့ စောင့်နေတာ"

"အဲ့တာဆိုလည်း ဝေးဝေးနေ ဘာကိစ္စရေနဲ့လိုက်ပတ်နေရတာလဲ ကျက်သတုံးရ"

"ဟာ...ရက်စက်လိုက်တာ ဟားဟား"

ပန်းကန်ဆေးဖို့ရာ ရေတွင်းနားထွက်လာလိုက်တာ နောက်ကနေတကောက်ကောက်လိုက်သည်။ငြိမ်ငြိမ်မနေ။ ပုံးထဲကရေနဲ့လူကို လိုက်ပတ်ကာ သူငယ်နတ်စားလုပ်နေတာ စိတ်ကတိုတိုဖြင့် ဆဲလွှတ်လိုက်တော့လည်း ရီနေပြန်သည်။ရုပ်လေးချောလို့သာတော်တော့တယ် မဟုတ်ရင် ကျက်သရေတုံးတာနဲ့ မျက်ခွက်ပိတ်ထိုးချင်စရာကောင်းသည်။

ပန်းကန်ကိုမြန်မြန်ဆေးကာ လွမ်းစေသော်ကို ထားခဲ့လိုက်ပြီး မီးဖိုချောင်ထဲ ပန်းကန်ပြန်ထားလိုက်သည်။အိမ်တည်ဆောက်ပုံက နည်းနည်းတော့ထူးခြားသည်။အများစုလို မီးဖိုချောင်ကို အိမ်ထဲထည့်ထားတာမျိုးမဟုတ်။အန်တီခိုင်တို့ကကျ မီးဖိုချောင်ကို အပြင်မှာသပ်သပ် အဆောက်အဦးဆောက်ထားသည်။ဝန်းကျယ်လို့ဘဲ အဲ့လိုလုပ်တာလား မသိ။

"သားချစ်ရေ မင်းမေမေဆီကဖုန်းလာတယ်"

"ဗျာ ဟုတ်ဟုတ်"

အပြေးလေးဖြင့် အိမ်ထဲသွားကာ ဖုန်းကိုကောက်ကိုင်ရင်း

"ဟယ်လို မေမေ"

"သား အန်တီခိုင်တို့နဲ့နေရတာ အဆင်ပြေရဲ့လား"

"ဟုတ် ပြေတယ်မေမေ ညစာစားပြီးပြီလား"

"စားပြီးပြီ သားရောစားပြီးပြီလား"

"ဟုတ် မေမေ"

ဟင်းစားကောင်းတဲ့ အကြောင်းကိုတော့ မပြောဖြစ်။ကျွန်တော်သာ မေမေကို" အန်တီခိုင်ချက်ပေးတဲ့ကြက်သားဟင်းက စားကောင်းလိုက်တာ" လို့ပြောလိုက်ရင် မေမေဝမ်းနည်းသွားလိမ့်မယ်။ကျောင်းသွားရင်တောင် လက်ဖက်သုတ်နဲ့ကြက်ဥကြော် ထည့်ပေးတဲ့ မေမေက သူ့သားကိုကောင်းကောင်းမကျွေးနိုင်ဘူးဆိုပြီး ဝမ်းနည်းနေမှာ အသေအချာ။

"မေမေ နေပူတယ်နော် အပြင်တွေသိပ်မထွက်နဲ့ သိလား"

"အေးပါကွယ် သားသာအဲ့မှာပျော်အောင်နေ မေမေကအဆင်ပြေပြီးသား"

"ဟုတ် မေမေ စောစောအိပ်ဦး"

"အေးအေး ကျန်းမာရေးဂရုစိုက် ဒါဘဲနော် သိလား "

"ဟုတ် မေ"

"စိန်စိန်ရေရော့ ဖုန်းပြောပြီးပြီး "

တစ်ဖက်မှ မေမေ့စကားသံအရ အန်တီစိန့်ဆီက ဖုန်းငှားဆက်တာ ဖြစ်မည်။

တီ.....

"အန်တီခိုင် ဒီမှာ"

"အေးအေး"

မေမေနဲ့အန်တီခိုင်က အဆက်အသွယ်ရှိလို့ သာတော်သေးသည်။မဟုတ်ရင် မေမေနဲ့စကားပြောရမှာမဟုတ်။ဘာမှလုပ်စရာမရှိတာ နဲ့ အိပ်ခန်းထဲသာဝင်​နေလိုက်သည်။မကြာလိုက် ဗိုက်ပြည့်အောင်စားထားသည့် အကျိုးဆက်နဲ့ စည်းစိမ်ရစ်ကာ အိပ်ပျော်သွားလေတော့သည်။

......

အော် အီ အီ အွတ်

ပဲပြုတ် ပူပူလေးရမယ် ပဲပြုတ် ပူပူလေး

ဥသြ ဥသြ ဥသြ

ကျွန်တော့်ရဲ့နှိုးစက်လိုဖြစ်နေတဲ့ အသံတွေကြားထဲ အိပ်မရတော့သည်မို့ နှိုးလာခဲ့သည်။မျက်လုံးဖွင့်လိုက်တာနဲ့တွေးမိတာက မနေ့တစ်နေ့ကအိမ်ကိုရောက်လာတဲ့ ငယ်ချစ်ဦး ။ငယ်ချစ်ဦးဆိုတဲ့အတိုင်း သူကတကယ်ကို ကျွန်တော့်ရဲ့ငယ်ချစ်ဦး။

ကျွန်တော့်အသက်၇နှစ်မှာ အမေ့ဆီ ငယ်ချစ်ဦးဆိုတဲ့ ကောင်လေးနဲ့ အန်တီနွယ်ရယ် အလည်လာကြတုန်းက ချစ်ငယ်မှာ အသက် ၆နှစ်သာ ရှိသေးသည်။။စတွေ့တုန်းက မိန်းကလေးလို့ကိုထင်မှားရလောက်တဲ့ အထိ ပါးကဖောင်းဖောင်း၊ ကြက်တောင်ကလည်း စည်းထားသေး၊ပါးကွက်လေးတွေကပါကွက်ထားတော့ ကျွန်တော်အထင်မှားမိတာတော့ မလွန်။ချစ်ငယ်က အတော် ချစ်စရာကောင်းပါသည်။

ချစ်ငယ်...သည်နာမည်က ဘာမှသာမဟုတ်တာ ရာဇဝင်နဲ့ပင်။ငယ်ငယ်တုန်းက ကိုယ်ကချစ်လို့ဆိုပြီးသူ့ကို ချစ်ငယ်လို့ခေါ်လိုက်တာ သူ့နာမည်ကိုဖျတ်စီးပါတယ်ဆိုပြီး အော်ငိုတာကို မှတ်မှတ်ရရ မှတ်မိနေသေးသည်။အဲ့တစ်ခေါက်လာလည်တုန်းက ကျွန်တော်တို့၂ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံခြင်းသာ ဖြစ်သည်။နောက်ပိုင်း အန်တီနွယ်နဲ့မေမေဖုန်းပြောတိုင်း ချစ်ငယ်အကြောင်း မသိမသာမေးခိုင်းရတာလဲအလုပ်တစ်ခု ဖြစ်လေသည်။နှစ်တွေကြာတဲ့ အထိ ချစ်ငယ်ရဲ့ပုံစံကို ကျွန်တော့်မျက်လုံးထဲကမထွက်။ကျွန်တော့်ကို ငယ်ငယ်လေးနဲ့နှာထတယ်လို့ ပြောလည်းခံရုံသာ။ချစ်ငယ်ကိုက ချစ်ချင်စရာကောင်းနေတာ။

ချစ်ငယ်ကိုသွားကြိုတော့ ကျွန်တော့်မှာ အပျော်ကြီးပျော်နေတာ အမေက သူသွားကြိုမယ် လုပ်တာတောင် ကျွန်တော်အတင်းသွားကြိုမယ်ဆိုပြီး စျေးကနေကားဂိတ်ထိ အညောင်းခံပြီး လမ်းလျှောက်ပြီးကို သွားကြိုတာ ဒါကို ချစ်ငယ်ဆိုတဲ့ ကောင်လေးက မသိပေ။

နှစ်တွေကြာပြီးမှ ပြန်တွေ့ကြသည့် အခိုက်အတန့်က ကျွန်တာ့်အတွက် စိတ်လှုပ်ရှားစရာကောင်းသည်။တွေ့ပြန်တော့လည်း မနေနိုင် ငယ်ရုပ်လေးပျောက်မသွားတဲ့ချစ်ငယ်က တကယ်ကို ချစ်စရာကောင်းလွန်းနေသည်မို့ အသည်းမယားဘဲ မနေနိုင်။ကျွန်တော့်မှာ စိတ်လှုပ်ရှားလွန်းလို့ နေပူကြီးထဲ ခြေဖျားလက်ဖျားတွေပါ အေးတဲ့အထိ။သိပ်မထွားသည့် ချစ်ငယ်အရပ်က ကျွန်တော့်ရင်ခွင်မှီလောက်ဘဲရှိပြီး ကျွန်တော့်မှာအသည်းယားလွန်းလို့ ဆွဲဖက်ချင်မိတဲ့အထိ။ထို့နောက်တွင် မဖြစ်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း ချစ်ငယ်လက်ထဲအထုတ်​တွေ ဆွဲကာရှေ့ကနေ ထွက်လာခဲ့လိုက်သည်။မဟုတ်ရင် ကျွန်တော်အသည်းယားလွန်းလို့ ဆွဲဖက်မိမှာအသေအချာ။

သို့သော် ချစ်ငယ်က ကျွန်တော့်ကို မမှတ်မိပါ။ဒါသည် လက်မခံချင်ဘဲ လက်ခံလိုက်ရသည့် အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။ ထိုအကြောင်းအရင်းထဲ မှတ်မိနိုင်မလား ဆိုသည့် မျှော့်လင့်ချက်လေး ရေစုံမျောသွားသည်မို့ အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်တော့ ဝန်ခံရမည်။

အိမ်ရောက်တော့ ချက်ချင်းအိပ်ပျော်သွားတဲ့ ချစ်ငယ်ကြောင့် သူ့မှာ မလုပ်စဖူးအလုပ်တွေ ထလုပ်တော့သည်။ပင်ပန်းမည်စိုး၍ အဝတ်အစားတွေကိုသေချာစီရီကာ အဝတ်ဗီရိုထဲထည့်လိုက်ပြီး၊ သွားတိုက်တံနဲ့မျက်နှာသစ်ကို ရေတွင်းနားမှာထားလိုက်သည်။

အိမ်မှာမေမေလည်း ရှိမနေ။ပုံမှန်ဆို သူငယ်ချင်းတွေနဲ့ ရပ်ကွက်ပတ်နေမည် ဖြစ်သော်လည်း ယခုမူ ကျွန်တော် ချစ်ရသူက အိမ်ရောက်နေသည်မို့ ရပ်ကွက်ပတ်ဖို့ပင် မပြောနှင့် အိမ်ကနေ တစ်ဖဝါးမှ မကွာဖို့ စိတ်ကူးသာ ရှိတော့သည်။

မတွေ့ရတဲ့နှစ်တွေထဲ တွေးမိတဲ့ မေးခွန်းတစ်ခု အခုထိ ချစ်ငယ်ကိုစိတ်ထဲရှိနေတာ ကျွန်တော်ချစ်နေမိတာလား။သေချာတာက ချစ်ငယ်အနားမှာ ကျွန်တော်နေချင်သည်။ဖြစ်နိုင်ရင် တသက်လုံးစာအတွက် ဘဝကို ပုံအောပစ်ချင်သည်ဆို ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်အတွက် ရူးနှမ်းသည့် စကားဖြစ်မလား။ကျွန်တော့်ဘက်က မျှော်လင့်ချက်တစ်သီတစ်တန်းနဲ့ တွေးနေမိပေမဲ့ မဖြစ်နိုင်မှန်းတော့ ကျွန်တော် သိသည်။ဒါသည် လက်မခံချင်သည့် ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားသာ။ထို့နေ့တွင် ချစ်ငယ်မနိုးမချင်းကျွန်တော် တစိမ့်စိမ့်ထိုင်ကြည့်နေခဲ့သည်ကိုတော့ ကျွန်တော်သာသိသည်။

ညနေရောက်တိုင်း ကျွန်တော်က သူငယ်ချင်းတွေနဲ့ဘောလုံး ကစားဖြစ်သည်။ချစ်ငယ် အိမ်ထဲက အပေါ်ပိုင်းဗလာနဲ့ ထွက်လာတာ ကျွန်တော့်မှာငေးကောင်းကောင်းနဲ့ငေးနေတုန်း"ဟျောင့် သူကဘယ်သူလဲ ယောကျ်ားလေးသာပြောတယ် လှတယ်ကွ"ဆိုသော ထိုက်စံအပြောကြောင့် သာသနာပျက်သွားသလို ကျွန်တော့်စိတ်ထဲ ဖျင်းကနဲ။ကျွန်တော့်အပိုင်မဟုတ်သော်လည်း ချစ်ငယ်ကို အဲ့လိုပြောရင်မကြိုက်တာတော့အမှန်။ထို့နောက်တွင် နောက်နေ့ရေချိုးတဲ့နေရာကို လုံအောင်ကာထားရမည် ဟု ဆုံးဖြတ်လိုက်တော့သည်။

ညတုန်းက ရှောက်ပင်နားလေး ချစ်ငယ်နဲ့စကားပြောတာ နယ်ကျွံမိတော့မလို ဖြစ်သွားတာမို့ ကိုယ့်စိတ်ကိုယ်ထိန်းလိုက်ရသည်။ ချစ်ငယ်လက်က ထင်ထားတာထက် နူးညံ့လွန်းနေသည်။ကျွန်တော်က စိတ်ပူမိသွားလို့ လုပ်လိုက်တဲ့အပြုအမူကြောင့် ချစ်ငယ်ရှက်သွားတာလား ဒေါသထွက်သွားတာလား မသိပေမဲ့ ချစ်ငယ်ဖြစ်သွားတဲ့ မျက်နှာနီနီလေးက ကျွန်တော့်ရင်ကို ဂယောက်ဂယက် ဖြစ်​စေသည်။တစ်ခုကောင်းတာသည် ချစ်ငယ်လို့ တရားဝင် ခေါ်ခွင့်ရခဲ့လေပြီ။

သီချင်းလေးတညည်းညည်းဖြင့် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ချစ်ငယ်အတွက် မနက်စာသွားဝယ်ဖို့ဆုံးဖြတ်လိုက်သည်။ အချိန်အားဖြင့် ၆နာရီ၄၅မိနစ်။သည်ချိန်ဆို မေမေစျေးသွားနေကြ အချိန်ဖြစ်သည်။
အုတ်တံတိုင်းမှာမှီရပ်ထားတဲ့ စက်ဘီးကို ဒေါက်ဖြုတ်ကာ နီးနီးနားနား မိဘမေတ္တာဆိုင်က ဆီချက်၂ပွဲမှာလိုက်သည်။ကျွန်တော့်အတွက်နဲ့ချစ်ငယ်အတွက်။

အိမ်ပြန်ရောက်တော့ ချစ်ငယ်က မျက်နှာသစ်နေပြီ ဖြစ်သည်။ကျွန်တော့်ကို တွေ့တော့မပွင့်တပွင့် မျက်လုံးနဲ့

"ဘယ်သွားတာလဲ"

"မင်းအတွက် မနက်စာသွားဝယ်တာ ဆီချက်ဝယ်လာတယ် ကြိုက်မကြိုက်တော့မသိဘူး"

"ဩ ကျေးဇူးပဲ"

မီးဖိုချောင်ထဲဝင်ကာ ဆီချက်ကို ပန်းကန်ထဲထည့်ပြင်လိုက်ပြီး မစားသေးဘဲ အတူတူစားချင်၍ ချစ်ငယ်ကိုစောင့်နေလိုက်သည်။။ထီပေါက်တာထက် ရခဲလှတဲ့ အခိုက်အတန့်မို့ ကျွန်တော်လက်လွတ်ခံမည်မဟုတ်တာတော့ အသေအချာ။ခဏနေတော့မီးဖိုချောင်ထဲ ချစ်ငယ်ဝင်လာသည်။

"ရော့ စားကြည့်ဦး"

ချစ်ငယ်ရှေ့ ဆီချက်ပန်းကန်ကို တိုးပေးကာ ပြောလိုက်သည်။

"အင်း ကောင်းတယ်"

"နောက်နေ့ကျ ပြင်ဦးလွင် သွားစားကြမလား အဲ့ကရှမ်းက စားလို့ကောင်းတယ် "

"အင်း သွားစားကြမယ်လေ ငါလည်း ပျင်းနေတာနဲ့ ဘယ်သွားရမှန်း မသိဘူး ဖြစ်နေတာ"

"အင်း အဲ့က ပေါက်စီလဲစားကောင်းတယ် သူတို့ကတရုတ်တွေဆိုတော့ ကိုယ်တိုင်လုပ်ပြီး ရောင်းတာ"

ကျွန်တော်ပြောရင်းနဲ့ လက်ကလည်း ပန်းကန်ထဲရှိဆီချက်ကပါလာတဲ့ ကြက်သားဖက်တွေကိုရွေး၊ချစ်ငယ်ပန်းကန်ထဲ ထည့်ပေးလိုက်တော့

"မင်းလည်းစားလေ ဘာလို့ငါ့ထဲအသားတွေလာထည့်နေတာလဲ"

"အသားများများစား ချစ်ငယ် အဲ့တာမှထွားလာမှာ"

ထိုကဲ့သို့ပြောလိုက်ရာ အဒွန့်တက်မည် ထင်ထားသော်လည်း ကျွန်တော့်စကားအား နားထောင်ကာ တိတ်တဆိတ်စားနေသည်မို့ ကျွန်တော် ခပ်သာသာ ပြုံးမိသွားသည်။

"ဒါနဲ့ မင်းရဲ့စီးပွားရေးဆိုတာကြီးကဘာကြီးလဲ လွမ်းစေသော်"

"ပြီးရင်သိမှာပေါ့ အချစ်ရယ် "

ဖြန်း

"အာ့ နာတယ်ချစ်ငယ်ရဲ့"

"ငါ့ကိုအဲ့လိုမခေါ်နဲ့"

"ကျေးဇူးကန်းလေး"

အခြားသူတွေ ကျွန်တော့်ကို ရိုက်ဖို့နေနေသာသာ သူငယ်ချင်း အချင်းချင်းတောင် ရှိန်ကြတဲ့သူတွေချည်းသာ။ချစ်ငယ်ဆိုတဲ့ တစ်ယောက်သောသူသာ တစ်နေ့ထဲနဲ့ ၃ချက်လောက်ရိုက်နေသည်ကို ကျွန်တော့်မှာ မငြိုငြင်ရက်။ဘာဖြစ်လဲ ရိုက်စမ်းပါစေ ဒီက ကိုကိုကစိတ်မဆိုးဘူး ချစ်လွန်းလို့ကို စိတ်မဆိုးဘူး။

.......
Words_3932
Ta_yaw
ကဲကဲ ချစ်လို့upပေးလိုက်ပြီနော်ရှင်လေးတို့ကကြိုက်မကြိုက်ပြောခဲ့ကြဦး☹️
ကိုလွမ်းရဲ့စီးပွားရေးကဘာများဖြစ်နေမလဲ🤔

Song For this Chapter

အိမ်ရဲ့မြေပုံ🥲

Zawgyi

ေရမိုးခ်ိဳး အဝတ္အစားလဲ ၿပီးတာနဲ႕ အန္တီခိုင္ကိုကူညီညာလုပ္ေပးရသည္။အလကားသပ္သပ္ လာေနတဲ့ သူမို႔ ကြၽန္ေတာ့္ဘက္က အလိုက္တသိ ကူလုပ္ေပးရသည္။လြမ္းေစေသာ္က ကူရွာသည္။ အန္တီခိုင္က ၾကက္သြန္လွီးခိုင္း၍ လွီးေနျခင္းပင္။သို႔ေသာ္ အခြံႏြာေနတာနဲ႕တင္ကို သူ႕ခင္ဗ်ာ ဇာတ္ကားေတြထဲက အငိုခန္းရိုက္ရတဲ့ မင္းသမီးလိုလို ဘာလိုလို။

"ကဲပါ ကိုလြမ္းရယ္ သြားေတာ့ ထမင္းအိုးသာသြားတည္ေခ် ဒီလိုသာလွီးေနရင္ ဘယ္ၿပီးမတုန္း"

"အေမ့ ၾကက္သြန္နီကစပ္တာကိုးဗ် ႐ြတ္"

ထိုသို႔ အန္တီခိုင္က ေျပာေတာ့မွ လြမ္းေစေသာ္က ထကာ ဆန္ေဆးေနေတာ့သည္။

"သား အန္တီခိုင့္ကို ေရွာက္႐ြက္ေလးသြားခူးေပးပါလား"

"ဗ်ာ ဟုတ္"

ေရွာက္႐ြက္သြားခူးဖို႔ မီးဖိုေခ်ာင္ထဲကအထြက္ မလွမ္းမကမ္းက သီးပင္စားပင္ သီးသန့္စိုက္ထားသည့္ ႐ုံထဲ သြားလိုက္၏။င႐ုတ္ပင္၊ၾကက္ဟင္းခါးပင္၊ယဲယိုပင္ေတြ ၾကားေပါက္ေနတဲ့ ေရွာက္ပင္ဆီက အ႐ြက္ႏုေတြကို ေ႐ြးခူးလိုက္သည္။ေလအေဝွ႕တြင္ မီးဖိုေခ်ာင္မွ လြင့္ျပယ္လာတဲ့ ၾကက္ဘူးဟင္းအနံ႕က ပ်ံ့လြင့္လ်က္။

"ေမႊးလိုက္တာ"

ေရွာက္ပင္က ေတာ္ေတာ္ႀကီးသည္ ဟုေျပာရမည္။ေရွာက္သီးေတြကလည္း တစ္ခိုင္နဲ႕ တစ္ခိုင္ ႁပြတ္ခဲေနေအာင္သီးေနသည္။သို႔ေသာ္ ေရွာက္ပင္မွ မ်ားစြာေသာ ဆူးေတြေၾကာင့္ သတိႀကီးႀကီးျဖင့္ ခူးရသည္။အပင္ႀကီးေတာ့ ဆူးေရွာင္ရတာ ပိုဆိုးသည္။

"ငယ္ခ်စ္ဦး"

"ဟမ္ အာ့"

႐ုတ္တရက္ ေနာက္ေက်ာဘက္က နာမည္ေခၚသံေၾကာင့္ လွည့္အၾကည့္ ေရွာက္သီးဆီ လွမ္းေနတဲ့ လက္မွာ ဆူးျဖင့္ျခစ္မိသြားေတာ့သည္။

"ဘာျဖစ္တာလဲ"

႐ုတ္တရက္ႀကီး စူးကနဲ ျဖစ္သြားသည္မို႔ လက္ကိုခါလိုက္ေတာ့ ခပ္လွမ္းလွမ္းမွ လြမ္းေစေသာ္က အေမးျဖင့္ ကြၽန္ေတာ့္နားေရာက္ခ်လာသည္။ေရခ်ိဳးၿပီးကာစမို႔လို႔လား မသိ။လြမ္းေစေသာ္ဆီက ဆပ္ျပာနံ႕သင္းသင္းေလး ရသည္။

"ဆူးျခစ္မိသြားတာ"

"ျပစမ္း"

"ဘာမွမျဖစ္ပါဘူး မင္းကဘာလာလုပ္တာလဲ"

"မင္းသားေလး ၾကာေနလို႔လိုက္လာတာပါ ခင္ဗ်ာ"

"ေနပါဦး မင္းက ငါ့ကိုဘာလို႔ မင္းသားလို႔ ေခၚရတာလဲ"

"အင္းးးးး"

လြမ္းေစေသာ္က ကြၽန္ေတာ့္ကို စိုက္ၾကည့္ရင္း အေျဖေပးဖို႔အတြက္ စဥ္းစားေနသည္။ကြၽန္ေတာ္လည္း ဒါကို ဂ႐ုစိုက္မေနဘဲ ေစာေစာက ျခစ္မိသြားတဲ့ လက္ညိုးေလးကို ၾကည့္လိုက္ေတာ့။အာ....ေသြးထြက္ေနၿပီ။နည္းနည္းျခစ္မိသြားေပမဲ့ ကြၽန္ေတာ့္အသားအေရက မယ္ႏုေတာင္ အရႈံးေပးရေလာက္တဲ့ထိႏုၿပီး သတင္းစာနဲ႕ေတာင္ ရွတဲ့ အသားအေရမ်ိဳး ျဖစ္သည္။

"ဟမ္"

႐ုတ္တရက္ႀကီး လက္အဆြဲခံလိုက္ရေတာ့ ကြၽန္ေတာ့္မွာအေၾကာင္သား။လြမ္းေစေသာ္က ကြၽန္ေတာ့္ရဲ႕စူးသြားတဲ့လက္ညိုးကို ေသခ်ာစိုက္ၾကည့္ရင္း

"ဘာလုပ္တာလဲ"

ႁပြတ္

"ဟာ လြမ္းေစေသာ္ ဖယ္စမ္း"

ကြၽန္ေတာ္အျမင္မမွားဘူး။လြမ္းေစေသာ္က ေသြးထြက္ေနတဲ့ လက္ညိုးကို သူ႕ပါးစပ္နဲ႕ ငုံခ်သြားတာကြၽန္ေတာ္ တစ္မ်ိဳးႀကီးျဖစ္သြားၿပီး ႏုႏု႐ြ႐ြအျပဳမူခံလိုက္ရေတာ့ လူကေဒါသထြက္လာသည္မွာ နီရဲေနတဲ့ နား႐ြက္ဖ်ားေတြက သက္ေသသာ။

"ဖယ္လို႔!!"

ႏြေးႏြေးအိအိလွ်ာအထိအေတြ႕ေၾကာင့္ အေနခက္လာသလို ျဖစ္လာသည္။ကြၽန္ေတာ္႐ုန္းေတာ့ လြမ္းေစေသာ္က ခပ္စူးစူးတစ္ခ်က္ ၾကည့္လာသည္။ဘာလဲ။ကြၽန္ေတာ္ ဘာမွ မလုပ္ရေသးဘူးေလ။

သတိမထားမိလိုက္စြာ ထိုအခိုက္တြင္ လြမ္းေစေသာ္ ရဲ႕ ခပ္စူးစူး အၾကည့္ေတြကို ကြၽန္ေတာ့္မွာေငးကနဲ။ခပ္ညိုညိုမ်က္ဝန္းေတြက ကြၽန္ေတာ္ျမင္ဖူးေနက် ဖန္ေပသီးလုံးေတြလို ၾကည္လင္ေတာက္ပေနသည္။လွတယ္လို႔ ေျပာရင္ ကြၽန္ေတာ္ လြန္ရာမက်။ဘုရားေရ....ကြၽန္ေတာ္ လွတယ္လို႔ ေတြးလိုက္မိတာလား။

ပူႏြေးလာတဲ့ပါးျပင္က ကြၽန္ေတာ္ အရွက္သည္းသြားေၾကာင္း အခ်က္ျပလိုက္သလို အၾကည့္လြဲကာ ေခါင္းငုံ႕ခ်လိဳက္ေတာ့သည္။ၿပီးမွ ဒီေကာင့္ကို တစ္ခ်က္ေလာက္ခ်ေတာ့မယ္။

ဥၾသငွက္ရဲ႕တစာစာေအာ္သံမွအပ ပတ္ဝန္းက်င္မွာတိတ္ဆိတ္ေနသည္။ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ၾကားလည္း တိတ္ဆိတ္ေနမႈသာ ႀကီးစိုးေန၏။
ခဏအၾကာ ငုံထားတဲ့ကြၽန္ေတာ့္လက္ညိုးကိုလြတ္ေပးၿပီး မေျပာမဆိုပင္ ထပ္မံ၍ ကြၽန္ေတာ့္လက္ကို အသာအယာ ပြတ္ဆြဲလ်က္ စကားတစ္ခြန္းဆိုလာသည္။

"ငါမင္းကိုမင္းသားလို႔ေခၚတာက ဒီလိုႏုဖက္ေနတဲ့အသားအေရရယ္ "

ထိုကဲ့သို႔ ေျပာလာၿပီး ကြၽန္ေတာ့္မ်က္ႏွာကို ေသခ်ာစိုက္ၾကည့္လာျပန္သည္။ထိုအခိုက္တြင္ ကြၽန္ေတာ့္မွာ ေဒါသစိတ္လည္းမရွိေတာ့သလို ရွက္စိတ္ပါမရွိေတာ့ ဗလာသပ္သပ္ျဖင့္ လြမ္းေစေသာ္ မ်က္ႏွာကိုသာ ေငးၾကည့္ေနမိတာ ထူးဆန္းလြန္းသည္။

"ေကာ့စင္းေနတဲ့ မ်က္ေတာင္ေမႊးေလးေတြရယ္ ဆင္းေနတဲ့ႏွာတံေလးရယ္ ၿပီးေတာ့ မ်က္လုံးလွလွေလးရယ္ ငါ့အျမင္မွာေတာ့မင္းက မင္းသားေလးပဲ"

"ဟမ္"

ကြၽန္ေတာ့္အသံၾကားမွ အိမ္မက္မွႏွိုးထလာသူတစ္ေယာက္လို လြမ္းေစေသာ္ျပာသြားသည္။

"အာ....အာ ဟို ေဆာရီး ငါက မင္းကို ေခ်ာလို႔မင္းသားေလးလို႔ေခၚတာ မႀကိဳက္ရင္ တျခားဟာေျပာင္းေခၚမယ္ေလ"

"အမ္ ေအး"

၂မိနစ္ေလာက္ တိတ္ဆိတ္သြားခဲ့သည္။သူကလည္း ကြၽန္ေတာ့္လက္ကို လြတ္မထားခဲ့သလို ကြၽန္ေတာ္ကလည္းမ႐ုန္းခဲ့။

"အခ်စ္"

"ဘာ"

"အခ်စ္လို႔"

"ဘာေျပာတယ္"

ျဖန္း

အား

ကြၽန္ေတာ္သည္းခံလို႔မရေတာ့ ဒီေကာင္လြန္လြန္းလာၿပီ။ကြၽန္ေတာ့္ကို မိန္းကေလးလိုလာ ဆက္ဆံေနတာ။ဒါ ကြၽန္ေတာ့္ကို အေျခာက္လို႔ ႏွိမ္လိုက္တာ။

စိတ္တိုတိုျဖင့္ ကြၽန္ေတာ္လက္က မထိန္းနိုင္စြာ လြမ္းေစေသာ္ရဲ႕လက္ေမာင္းေပၚ ျဖန္းကနဲ က်ေရာက္သြားသည္။

"ဘာလို႔ရိုက္တာလဲ နာတယ္"

"ငါ့ကို ဘယ္လိုေခၚလိုက္တာလဲ လြမ္းေစေသာ္ ဟမ္"

"ဪ ထပ္ၾကားခ်င္တာမ်ားကြာ ရိုက္စရာလား အခ်စ္ရ"

"မင္း"

ကြၽန္ေတာ္ ထပ္မံ ရိုက္ဖို႔လက္႐ြယ္ေတာ လြမ္းေစေသာ္ရဲ႕ ဇက္ကေလးက ပုသြားလ်က္။

"ငါရွင္းျပတာနားေထာင္ဦး မင္းနာမည္က ငယ္ခ်စ္ဦးေလ "

"ေအး"

ျပန္ေျဖသည့္ ကြၽန္ေတာ့္ ေလသံက မာသည္။

"မင္းနာမည္ကခ်စ္ပါတယ္ေလ အဲ့ေတာ့ အခ်စ္ေပါ့ "

"ငယ္ခ်စ္တို႔ ခ်စ္ဦးတို႔ေခၚလို႔ရတယ္ လြမ္းေစေသာ္ မင္း အပိုေတြမေျပာနဲ႕"

"ငါကသူမ်ား ေခၚသလိုမွ မေခၚခ်င္တာ"

"လြမ္းေစေသာ္ ငါ့ကိုႏုႏု႐ြ႐ြေတြလာမေျပာနဲ႕ ငါမႀကိဳက္ဘူး"

"...."

ဘယ္လို သောက်အဓိပ္ပါယ်မရှိမှုကြီးလဲ။လက်သီးနဲ့တစ်ချက်လောက် ဆြဲထိုးခ်င္စရာေကာင္းသည္။သို႔ေသာ္ငွား....ေအး အိမ္ရွင့္သားကြ စိတ္ေလ်ာ့ စိတ္ေလ်ာ့ မဟုတ္ရင္ မင္းေနစရာဘုံေပ်ာက္မယ္ ငယ္ခ်စ္ဦး။

"ဖယ္ "

ဘာစကားျပန္မလာေတာ့ ဘာစကားမွျပန္ေျပာခ်င္စိတ္မရွိတဲ့ ကြၽန္ေတာ္က ငူငူႀကီးရပ္ေနတဲ့လူကိုေက်ာ္ကာ မီးဖိုေခ်ာင္ဆီသို႔သာသြားလိုက္သည္။အဲ့ေကာင္ဘာမွမဟုတ္ဘူး ကြၽန္ေတာ့္ကို တမင္သပ္သပ္ကိုႏွိမ္ေနတာ။လြမ္းေစေသာ္ ဘဝင္႐ူးေကာင္ မင္းက်ားယားတိုင္း ငါ့ကိုမိန္းကေလးလိုလာဆက္ဆံစရာမလိုဘူးကြ။ ငါလည္းက်ားယားတဲ့ေန႕ မင္းကိုထိုးျပမယ္။သို႔ေလာ သို႔ေလာ မေက်နပ္မႈေတြက စိတ္ထဲမွာ ေျပာျဖစ္၏။

"အန္တီခိုင္ ဒီမွာ"

"ေအးေအး သား ခဏေန ထမင္းစားလို႔ရၿပီ သိလား ကိုလြမ္းကို ထမင္းစားဖို႔ေခၚလိုက္ေတာ့"

"ဟုတ္"

ကြၽန္ေတာ္ မီးဖိုေခ်ာင္ထဲကျပန္ထြက္ကာ လြမ္းေစေသာ္ကိုရွာလိုက္သည္။ေစာေစာကေနရာမွာဘဲ ငူငူႀကီးရပ္သည္ကို ေတြ႕လိုက္ေတာ့ စိတ္ညစ္ညစ္နဲ႕ ေခါင္းေမာ့ကာ ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္သည္။ဒီအ႐ူးေကာင္ကေတာ့.....

"လြမ္းေစေသာ္"

"...."

"ဘာရပ္လုပ္ေနတာလဲ"

"....."

"အန္တီခိုင္က ထမင္းစားရေအာင္တဲ့"

"...."

တကယ္ကိုငူငူႀကီးနဲ႕ လဒမွိုင္မွိုင္ေနတာ။အေရးမလုပ္ခံရသည္မို႔ ကြၽန္ေတာ့္မွာ မေနတတ္။မသိေတာ့။ဒီလိုဆိုးေနပုံနဲ႕ ကြၽန္ေတာ္က ဘာဆက္လုပ္ရမွာလဲ။

"ဟူးးးးး ေခၚကြာ မင္းသေဘာ မင္းသေဘာ"

"မဟုတ္ဘူး ငါမွားတာပါ ငါေတာင္းပန္တယ္ေနာ္ ငါစတာလြန္သြားတယ္"

"ထမင္းသြားစားမယ္"

"ဒါေပမဲ့ ငါအတည္ေခၚခ်င္တဲ့ နာမည္ေလးေတာ့ရွိတယ္"

"...."

"ခ်စ္ငယ္"

ကြၽန္ေတာ္ မတုံ႕ျပန္မိ။လြမ္းေစေသာ္ရဲ႕မဝင့္မရဲ ထြက္လာတဲ့အသံ။မတည္ၿငိမ္တဲ့ မ်က္ဝန္းေတြ။ညေနဆည္းဆာေနဝင္ခ်ိန္မွာ ေနေရာင္ခစားေနတဲ့ ဝင္းမြတ္ေနတဲ့ မ်က္ႏွာ။ေသခ်ာၾကည့္မွ ညာဘက္မ်က္ဝန္းေထာင့္က မွည့္နက္ေသးေသးေလးကို သတိျပဳမိ၏။

ဒုတ္ ဒုတ္

ဘာျဖစ္တာလဲ။ဒါဘယ္ကအသံလဲ။ကြၽန္ေတာ္ပတ္ဝန္းက်င္ကို ရွာၾကည့္မိသည္။။အသံထြက္စရာ ဘယ္အရာမွမေတြ႕။ အဲ့ဒါဆိုဘယ္ကအသံလဲ။ကြၽန္ေတာ့္ရင္ေတြ တုန္လာသည္။ဒါ ေမေမ ေျပာေျပာေနသည့္ ႏွလုံးေရာဂါမ်ား ျဖစ္ေနမလား။
မျဖစ္နိုင္ပါ......ရင္တုန္တာနဲ႕ ရင္ခုန္တာမတူမွန္း ကြၽန္ေတာ္ သိသည္။ရင္ဘတ္ထဲက အသံမွာက်ယ္လြန္း၌ ကြၽန္ေတာ့္နားထင္ထိပါၾကားေနရ၏။

ဘုရားေရ....မဟုတ္ဘူးမလား ကြၽန္ေတာ္ရင္ခုန္ေနတာ။မိန္းကေလးတစ္ေယာက္ကိုဘဲ ရင္ခုန္သင့္တာမလား။တစ္ခုခုေတာ့လြဲေနၿပီ။မေျပာမဆို ခိုဝင္လာတဲ့ ေၾကာက္စိတ္။မသိမသာတုန္လာသည့္ ႏႈတ္ခမ္းအား အသာကိုက္ထားရင္း အၾကည့္လြဲကာ အရာအားလုံးအား မ်ပ္ကြယ္ျပဳရင္း မနည္းထိန္းကာ ကြၽန္ေတာ္ ခပ္ေအးေအးသာ ေျဖလိုက္၏။

"အင္း ထမင္းသြားစားမယ္"

"ဟုတ္ၿပီ "

သည္ခပ္ဆိုးဆိုးေကာင္ေလး နဲ႕ ကြၽန္ေတာ္ဘယ္လိုႏွစ္ပါးသြားရမလဲ။

လြမ္းေစေသာ္ကေပ်ာ္ရင္ ကြၽန္ေတာ့္ကိုၿပဳံးျပတယ္။
မသိလိုက္တဲ့အခ်ိန္အတြင္း လြမ္းေစေသာ္ရဲ႕အၿပဳံးကို ကြၽန္ေတာ္သေဘာက်သြားတယ္။

ခက္ေတာ့ခက္ေနၿပီ

......

ထမင္းစားပြဲတြင္ ၾကက္သားဘူးသီးဟင္း၊ငါးျပာရည္ အတို႔အျမဳတ္၊မန္းက်ည္းခ်ဥ္ရည္ ပူပူႏြေႏြေးတို႔က သားေရယိုခ်င္စရာအတိ။ၾကည့္ရင္း ဗိုက္ဆာလာသည္မို႔ ဒန္ဇလားေရခြက္ထဲကို လက္ႏွစ္ေဆးလိုက္သည္။ကြၽန္ေတာ္က ထမင္းဆိုရင္ လက္နဲ႕စားမွ အားရတဲ့လူမ်ိဳး။

လြမ္းေစေသာ္က ထမင္းကို အန္တီခိုင့္ပန္းကန္ထဲ အရင္ဆုံး ခူးခက္ထည့္ေပးသည္။ၿပီးမွ ကြၽန္ေတာ့္ပန္းကန္ထဲ ခပ္ထည့္ေပးသည္။

"ေတာ္ၿပီ"

ပန္းကန္ျပားထဲ ကြၽန္ေတာ္စားနိုင္ေလာက္သည့္ အေနအထားေရာက္ေနၿပီမို႔ တားလိုက္ေပမဲ့ ဆက္ထည့္ေနသူေၾကာင့္ စိတ္ကမရွည္ခ်င္ေတာ့။

"လြမ္းေစေသာ္ ေတာ္ပါၿပီဆိုကြာ"

ေလသံက နည္းနည္းမာသြားေတာ့ ကြၽန္ေတာ္ အားနာသြား၏။ထိုအားနာျခင္းတြင္ အေအာ္ခံရတဲ့ လြမ္းေစေသာ္နဲ႕ ဘာမွမသက္ဆိုင္စြာ မိခင္ျဖစ္သူ အန္တီခိုင့္ေရွ႕မွာ ေအာ္မိတဲ့အတြက္ေၾကာင့္ အားနာျခင္းသာျဖစ္သည္။

လြမ္းေစေသာ္က သူ႕အခ်ိဳးအတိုင္း လုပ္ခ်င္ရာလုပ္ၿပီး ၿပဳံးျပဖို႔လည္း မေမ့မေလ်ာ့စြာ ခပ္ေအးေအးသာ ျပန္ေျပာသည္။

"မ်ားမ်ားစား အဲ့တာမွဝမွာ"

"ဒါေပမဲ့ ငါမကုန္"

"ဟုတ္တယ္ သား မ်ားမ်ားစား အဲ့တာမွ ျပည့္ျပည့္ေလးျဖစ္မွာ"

ျငင္းေတာ့မည့္ ကြၽန္ေတာ့္မွာ အန္တီခိုင္ကိုယ္တိုင္က စားခိုင္းေနၿပီမို႔ ဘာမွျပန္မေျပာျဖစ္ေတာ့။

အေမျဖစ္သူကိုဦးခ်ရင္း ကြၽန္ေတာ့္ကိုလည္းၾကက္သားအတုံးႀကီးႀကီးတစ္တုံး ခပ္ထည့္ေပးရွာသည္။

"ေရာ့ ၾကက္သား အေမ့လက္ရာစားၾကည့္ ေဆြမ်ိဳးေမ့သြားမယ္"

ငါးျပာရည္ကို ထမင္းနဲ႕သမေအာင္နယ္ရင္း ၾကက္သားကို ဖဲ့၊ထမင္းအလုတ္ႀကီး တစ္လုတ္သြတ္၊ခ်ဥ္ရည္ေလးပါ တြဲေသာက္လိုက္။အားပါးပါး တကယ္ လြမ္းေစေသာ္ေျပာသလို ေဆြမ်ိဳးေမ့ေလာက္သည္။ထမင္းစားနည္းသည့္ ကြၽန္ေတာ့္ပင္ ထပ္ယူရေလာက္ေအာင္ထိ စားလို႔ေကာင္းသည္။
အၿမဲတမ္းအသားကို ႏွပ္မွန္ေအာင္မစားရတဲ့ ကြၽန္ေတာ့္အဖို႔ သည္ထမင္းသည္ဟင္းသည္ နိဗၺာန္ဘုံသာျဖစ္သည္။

"ကိုလြမ္း"

"ဗ်ာ ေမ"

"ေက်ာင္းပိတ္ၿပီ ဘာလုပ္ဖို႔စိတ္ကူးထားလဲ"

"သားရဲ႕စီးပြားေရးေလး ဆက္လုပ္ဖို႔စိတ္ကူးထားတယ္"

စီးပြားေရး။လြမ္းေစေသာ္မွာ ကိုယ္ပိုင္စီးပြားေရးရွိသလား။တစ္ဆက္တည္း ကြၽန္ေတာ္ စိတ္ဝင္စားသြားသလို လြမ္းေစေသာ္ကို အထင္ႀကီးမိသြား၏။

"လက္ယားလက္ယားလုပ္ဖို႔ေတာ့စိတ္ကူးမေနနဲ႕ေနာ္ ကိုလြမ္း ၉တန္းတတ္ရေတာ့မွာ ေပါ့မေနနဲ႕ "

"ဟာ အေမ သားစီးပြားေရးလုပ္လို႔ ေမ မုန့္ဖိုးမကုန္တာေလ"

"အမေလး ေက်းဇူးႀကီးမားလွပါတယ္ရွင္"

"လြမ္းေစေသာ္က ဘာစီးပြားေရးလုပ္တာလဲ အန္တီ"

ကြၽန္ေတာ္သိခ်င္လို႔ အတည္ေပါက္ေမးခ်လိဳက္ေတာ့ အန္တီခိုင္ေရာ လြမ္းေစေသာ္ကပါ သေဘာတက်ရီေနသည္။ကြၽန္ေတာ္ ေမးတဲ့ထဲ ဘာအမွားပါသြားလည္း မသိေသာ္ငွား အနည္းငယ္ေတာ့ ရွက္သြားရ၏။

"သားေရ မင္း မနက္က် သိလိမ့္မယ္"

"ငါစီးပြားေရးတိုးခ်ဲ့မွျဖစ္ေတာ့မယ္ ငါ့အိမ္သားေလးအတြက္မုန့္ဖိုးပိုစုရမယ္"

"အဟြတ္"

ေျပာခ်င္ရာေျပာေနတာက လြမ္းေစေသာ္၊ အလကားေနရင္း ထမင္းနင္သီးေနတာ ကြၽန္ေတာ္။လူကပူထူလာကာ ေခ်ာင္းတဟြတ္ဟြတ္ဆိုးေနသည္မွာ မရပ္ေတာ့။တရားခံက လြမ္းေစေသာ္။ေတာ္ေတာ္ဆိုးတဲ့ေကာင္။ဘုရား ဘုရား မျဖစ္ေသးဘူး ညအိပ္ခါနီး တရားထိုင္ရမယ္။

"ေရာ့ေရာ့ ေရေသာက္ ျဖည္းျဖည္းစားမွေပါ့"

လြမ္းေစေသာ္ကမ္းေပးလာတဲ့ ေရကို ယူေသာက္လိုက္ၿပီး သက္သာသြားေသာ္လည္း ကြၽန္ေတာ့္ပူႏြေးႏြေးပါးျပင္ရဲ႕ အပူခ်ိန္ကေတာ့ က်မသြားခဲ့။မေက်မနပ္ျဖစ္ကာ မၾကည္ၾကည့္ျဖင့္ ၾကည့္လိုက္မိ၏။

"ေဟာဗ်ာ နဂါးမ်က္ေစာင္းႀကီးနဲ႕ပါလား"

"ကဲကဲ စားစရာရွိတာစားေတာ့"
.....
"လြမ္းေစေသာ္"

"ဗ်ာ...ဗ်"

"ငါ့နားတကပ္ကပ္ နဲ႕ ဘာလုပ္ေနတာလဲ"

"မဟုတ္ရပါဘူးေနာ္ ငါလည္း ပန္းကန္ေဆးမလို႔ ေစာင့္ေနတာ"

"အဲ့တာဆိုလည္း ေဝးေဝးေန ဘာကိစၥေရနဲ႕လိုက္ပတ္ေနရတာလဲ က်က္သတုံးရ"

"ဟာ...ရက္စက္လိုက္တာ ဟားဟား"

ပန္းကန္ေဆးဖို႔ရာ ေရတြင္းနားထြက္လာလိုက္တာ ေနာက္ကေနတေကာက္ေကာက္လိုက္သည္။ၿငိမ္ၿငိမ္မေန။ ပုံးထဲကေရနဲ႕လူကို လိုက္ပတ္ကာ သူငယ္နတ္စားလုပ္ေနတာ စိတ္ကတိုတိုျဖင့္ ဆဲလႊတ္လိုက္ေတာ့လည္း ရီေနျပန္သည္။႐ုပ္ေလးေခ်ာလို႔သာေတာ္ေတာ့တယ္ မဟုတ္ရင္ က်က္သေရတုံးတာနဲ႕ မ်က္ခြက္ပိတ္ထိုးခ်င္စရာေကာင္းသည္။

ပန္းကန္ကိုျမန္ျမန္ေဆးကာ လြမ္းေစေသာ္ကို ထားခဲ့လိုက္ၿပီး မီးဖိုေခ်ာင္ထဲ ပန္းကန္ျပန္ထားလိုက္သည္။အိမ္တည္ေဆာက္ပုံက နည္းနည္းေတာ့ထူးျခားသည္။အမ်ားစုလို မီးဖိုေခ်ာင္ကို အိမ္ထဲထည့္ထားတာမ်ိဳးမဟုတ္။အန္တီခိုင္တို႔ကက် မီးဖိုေခ်ာင္ကို အျပင္မွာသပ္သပ္ အေဆာက္အဦးေဆာက္ထားသည္။ဝန္းက်ယ္လို႔ဘဲ အဲ့လိုလုပ္တာလား မသိ။

"သားခ်စ္ေရ မင္းေမေမဆီကဖုန္းလာတယ္"

"ဗ်ာ ဟုတ္ဟုတ္"

အေျပးေလးျဖင့္ အိမ္ထဲသြားကာ ဖုန္းကိုေကာက္ကိုင္ရင္း

"ဟယ္လို ေမေမ"

"သား အန္တီခိုင္တို႔နဲ႕ေနရတာ အဆင္ေျပရဲ႕လား"

"ဟုတ္ ေျပတယ္ေမေမ ညစာစားၿပီးၿပီလား"

"စားၿပီးၿပီ သားေရာစားၿပီးၿပီလား"

"ဟုတ္ ေမေမ"

ဟင္းစားေကာင္းတဲ့ အေၾကာင္းကိုေတာ့ မေျပာျဖစ္။ကြၽန္ေတာ္သာ ေမေမကို" အန္တီခိုင္ခ်က္ေပးတဲ့ၾကက္သားဟင္းက စားေကာင္းလိုက္တာ" လို႔ေျပာလိုက္ရင္ ေမေမဝမ္းနည္းသြားလိမ့္မယ္။ေက်ာင္းသြားရင္ေတာင္ လက္ဖက္သုတ္နဲ႕ၾကက္ဥေၾကာ္ ထည့္ေပးတဲ့ ေမေမက သူ႕သားကိုေကာင္းေကာင္းမေကြၽးနိုင္ဘူးဆိုၿပီး ဝမ္းနည္းေနမွာ အေသအခ်ာ။

"ေမေမ ေနပူတယ္ေနာ္ အျပင္ေတြသိပ္မထြက္နဲ႕ သိလား"

"ေအးပါကြယ္ သားသာအဲ့မွာေပ်ာ္ေအာင္ေန ေမေမကအဆင္ေျပၿပီးသား"

"ဟုတ္ ေမေမ ေစာေစာအိပ္ဦး"

"ေအးေအး က်န္းမာေရးဂ႐ုစိုက္ ဒါဘဲေနာ္ သိလား "

"ဟုတ္ ေမ"

"စိန္စိန္ေရေရာ့ ဖုန္းေျပာၿပီးၿပီး "

တစ္ဖက္မွ ေမေမ့စကားသံအရ အန္တီစိန့္ဆီက ဖုန္းငွားဆက္တာ ျဖစ္မည္။

တီ.....

"အန္တီခိုင္ ဒီမွာ"

"ေအးေအး"

ေမေမနဲ႕အန္တီခိုင္က အဆက္အသြယ္ရွိလို႔ သာေတာ္ေသးသည္။မဟုတ္ရင္ ေမေမနဲ႕စကားေျပာရမွာမဟုတ္။ဘာမွလုပ္စရာမရွိတာ နဲ႕ အိပ္ခန္းထဲသာဝင္ေနလိုက္သည္။မၾကာလိုက္ ဗိုက္ျပည့္ေအာင္စားထားသည့္ အက်ိဳးဆက္နဲ႕ စည္းစိမ္ရစ္ကာ အိပ္ေပ်ာ္သြားေလေတာ့သည္။

......

ေအာ္ အီ အီ အြတ္

ပဲျပဳတ္ ပူပူေလးရမယ္ ပဲျပဳတ္ ပူပူေလး

ဥၾသ ဥၾသ ဥၾသ

ကြၽန္ေတာ့္ရဲ႕ႏွိုးစက္လိုျဖစ္ေနတဲ့ အသံေတြၾကားထဲ အိပ္မရေတာ့သည္မို႔ ႏွိုးလာခဲ့သည္။မ်က္လုံးဖြင့္လိုက္တာနဲ႕ေတြးမိတာက မေန႕တစ္ေန႕ကအိမ္ကိုေရာက္လာတဲ့ ငယ္ခ်စ္ဦး ။ငယ္ခ်စ္ဦးဆိုတဲ့အတိုင္း သူကတကယ္ကို ကြၽန္ေတာ့္ရဲ႕ငယ္ခ်စ္ဦး။

ကြၽန္ေတာ့္အသက္၇ႏွစ္မွာ အေမ့ဆီ ငယ္ခ်စ္ဦးဆိုတဲ့ ေကာင္ေလးနဲ႕ အန္တီႏြယ္ရယ္ အလည္လာၾကတုန္းက ခ်စ္ငယ္မွာ အသက္ ၆ႏွစ္သာ ရွိေသးသည္။။စေတြ႕တုန္းက မိန္းကေလးလို႔ကိုထင္မွားရေလာက္တဲ့ အထိ ပါးကေဖာင္းေဖာင္း၊ ၾကက္ေတာင္ကလည္း စည္းထားေသး၊ပါးကြက္ေလးေတြကပါကြက္ထားေတာ့ ကြၽန္ေတာ္အထင္မွားမိတာေတာ့ မလြန္။ခ်စ္ငယ္က အေတာ္ ခ်စ္စရာေကာင္းပါသည္။

ခ်စ္ငယ္...သည္နာမည္က ဘာမွသာမဟုတ္တာ ရာဇဝင္နဲ႕ပင္။ငယ္ငယ္တုန္းက ကိုယ္ကခ်စ္လို႔ဆိုၿပီးသူ႕ကို ခ်စ္ငယ္လို႔ေခၚလိုက္တာ သူ႕နာမည္ကိုဖ်တ္စီးပါတယ္ဆိုၿပီး ေအာ္ငိုတာကို မွတ္မွတ္ရရ မွတ္မိေနေသးသည္။အဲ့တစ္ေခါက္လာလည္တုန္းက ကြၽန္ေတာ္တို႔၂ေယာက္ရဲ႕ ေနာက္ဆုံးေတြ႕ဆုံျခင္းသာ ျဖစ္သည္။ေနာက္ပိုင္း အန္တီႏြယ္နဲ႕ေမေမဖုန္းေျပာတိုင္း ခ်စ္ငယ္အေၾကာင္း မသိမသာေမးခိုင္းရတာလဲအလုပ္တစ္ခု ျဖစ္ေလသည္။ႏွစ္ေတြၾကာတဲ့ အထိ ခ်စ္ငယ္ရဲ႕ပုံစံကို ကြၽန္ေတာ့္မ်က္လုံးထဲကမထြက္။ကြၽန္ေတာ့္ကို ငယ္ငယ္ေလးနဲ႕ႏွာထတယ္လို႔ ေျပာလည္းခံ႐ုံသာ။ခ်စ္ငယ္ကိုက ခ်စ္ခ်င္စရာေကာင္းေနတာ။

ခ်စ္ငယ္ကိုသြားႀကိဳေတာ့ ကြၽန္ေတာ့္မွာ အေပ်ာ္ႀကီးေပ်ာ္ေနတာ အေမက သူသြားႀကိဳမယ္ လုပ္တာေတာင္ ကြၽန္ေတာ္အတင္းသြားႀကိဳမယ္ဆိုၿပီး ေစ်းကေနကားဂိတ္ထိ အေညာင္းခံၿပီး လမ္းေလွ်ာက္ၿပီးကို သြားႀကိဳတာ ဒါကို ခ်စ္ငယ္ဆိုတဲ့ ေကာင္ေလးက မသိေပ။

ႏွစ္ေတြၾကာၿပီးမွ ျပန္ေတြ႕ၾကသည့္ အခိုက္အတန့္က ကြၽန္တာ့္အတြက္ စိတ္လႈပ္ရွားစရာေကာင္းသည္။ေတြ႕ျပန္ေတာ့လည္း မေနနိုင္ ငယ္႐ုပ္ေလးေပ်ာက္မသြားတဲ့ခ်စ္ငယ္က တကယ္ကို ခ်စ္စရာေကာင္းလြန္းေနသည္မို႔ အသည္းမယားဘဲ မေနနိုင္။ကြၽန္ေတာ့္မွာ စိတ္လႈပ္ရွားလြန္းလို႔ ေနပူႀကီးထဲ ေျခဖ်ားလက္ဖ်ားေတြပါ ေအးတဲ့အထိ။သိပ္မထြားသည့္ ခ်စ္ငယ္အရပ္က ကြၽန္ေတာ့္ရင္ခြင္မွီေလာက္ဘဲရွိၿပီး ကြၽန္ေတာ့္မွာအသည္းယားလြန္းလို႔ ဆြဲဖက္ခ်င္မိတဲ့အထိ။ထို႔ေနာက္တြင္ မျဖစ္ေတာ့ဘူးဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ သတိေပးရင္း ခ်စ္ငယ္လက္ထဲအထုတ္ေတြ ဆြဲကာေရွ႕ကေန ထြက္လာခဲ့လိုက္သည္။မဟုတ္ရင္ ကြၽန္ေတာ္အသည္းယားလြန္းလို႔ ဆြဲဖက္မိမွာအေသအခ်ာ။

သို႔ေသာ္ ခ်စ္ငယ္က ကြၽန္ေတာ့္ကို မမွတ္မိပါ။ဒါသည္ လက္မခံခ်င္ဘဲ လက္ခံလိုက္ရသည့္ အေၾကာင္းအရင္းတစ္ခုသာ ျဖစ္သည္။ ထိုအေၾကာင္းအရင္းထဲ မွတ္မိနိုင္မလား ဆိုသည့္ ေမွ်ာ့္လင့္ခ်က္ေလး ေရစုံေမ်ာသြားသည္မို႔ အနည္းငယ္ စိတ္မေကာင္း ျဖစ္မိသြားသည္ေတာ့ ဝန္ခံရမည္။

အိမ္ေရာက္ေတာ့ ခ်က္ခ်င္းအိပ္ေပ်ာ္သြားတဲ့ ခ်စ္ငယ္ေၾကာင့္ သူ႕မွာ မလုပ္စဖူးအလုပ္ေတြ ထလုပ္ေတာ့သည္။ပင္ပန္းမည္စိုး၍ အဝတ္အစားေတြကိုေသခ်ာစီရီကာ အဝတ္ဗီရိုထဲထည့္လိုက္ၿပီး၊ သြားတိုက္တံနဲ႕မ်က္ႏွာသစ္ကို ေရတြင္းနားမွာထားလိုက္သည္။

အိမ္မွာေမေမလည္း ရွိမေန။ပုံမွန္ဆို သူငယ္ခ်င္းေတြနဲ႕ ရပ္ကြက္ပတ္ေနမည္ ျဖစ္ေသာ္လည္း ယခုမူ ကြၽန္ေတာ္ ခ်စ္ရသူက အိမ္ေရာက္ေနသည္မို႔ ရပ္ကြက္ပတ္ဖို႔ပင္ မေျပာႏွင့္ အိမ္ကေန တစ္ဖဝါးမွ မကြာဖို႔ စိတ္ကူးသာ ရွိေတာ့သည္။

မေတြ႕ရတဲ့ႏွစ္ေတြထဲ ေတြးမိတဲ့ ေမးခြန္းတစ္ခု အခုထိ ခ်စ္ငယ္ကိုစိတ္ထဲရွိေနတာ ကြၽန္ေတာ္ခ်စ္ေနမိတာလား။ေသခ်ာတာက ခ်စ္ငယ္အနားမွာ ကြၽန္ေတာ္ေနခ်င္သည္။ျဖစ္နိုင္ရင္ တသက္လုံးစာအတြက္ ဘဝကို ပုံေအာပစ္ခ်င္သည္ဆို ခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္အတြက္ ႐ူးႏွမ္းသည့္ စကားျဖစ္မလား။ကြၽန္ေတာ့္ဘက္က ေမွ်ာ္လင့္ခ်က္တစ္သီတစ္တန္းနဲ႕ ေတြးေနမိေပမဲ့ မျဖစ္နိုင္မွန္းေတာ့ ကြၽန္ေတာ္ သိသည္။ဒါသည္ လက္မခံခ်င္သည့္ ဝမ္းနည္းစရာေကာင္းတဲ့ အမွန္တရားသာ။ထို႔ေန႕တြင္ ခ်စ္ငယ္မနိုးမခ်င္းကြၽန္ေတာ္ တစိမ့္စိမ့္ထိုင္ၾကည့္ေနခဲ့သည္ကိုေတာ့ ကြၽန္ေတာ္သာသိသည္။

ညေနေရာက္တိုင္း ကြၽန္ေတာ္က သူငယ္ခ်င္းေတြနဲ႕ေဘာလုံး ကစားျဖစ္သည္။ခ်စ္ငယ္ အိမ္ထဲက အေပၚပိုင္းဗလာနဲ႕ ထြက္လာတာ ကြၽန္ေတာ့္မွာေငးေကာင္းေကာင္းနဲ႕ေငးေနတုန္း"ေဟ်ာင့္ သူကဘယ္သူလဲ ေယာက်္ားေလးသာေျပာတယ္ လွတယ္ကြ"ဆိုေသာ ထိုက္စံအေျပာေၾကာင့္ သာသနာပ်က္သြားသလို ကြၽန္ေတာ့္စိတ္ထဲ ဖ်င္းကနဲ။ကြၽန္ေတာ့္အပိုင္မဟုတ္ေသာ္လည္း ခ်စ္ငယ္ကို အဲ့လိုေျပာရင္မႀကိဳက္တာေတာ့အမွန္။ထို႔ေနာက္တြင္ ေနာက္ေန႕ေရခ်ိဳးတဲ့ေနရာကို လုံေအာင္ကာထားရမည္ ဟု ဆုံးျဖတ္လိုက္ေတာ့သည္။

ညတုန္းက ေရွာက္ပင္နားေလး ခ်စ္ငယ္နဲ႕စကားေျပာတာ နယ္ကြၽံမိေတာ့မလို ျဖစ္သြားတာမို႔ ကိုယ့္စိတ္ကိုယ္ထိန္းလိုက္ရသည္။ ခ်စ္ငယ္လက္က ထင္ထားတာထက္ ႏူးညံ့လြန္းေနသည္။ကြၽန္ေတာ္က စိတ္ပူမိသြားလို႔ လုပ္လိုက္တဲ့အျပဳအမူေၾကာင့္ ခ်စ္ငယ္ရွက္သြားတာလား ေဒါသထြက္သြားတာလား မသိေပမဲ့ ခ်စ္ငယ္ျဖစ္သြားတဲ့ မ်က္ႏွာနီနီေလးက ကြၽန္ေတာ့္ရင္ကို ဂေယာက္ဂယက္ ျဖစ္ေစသည္။တစ္ခုေကာင္းတာသည္ ခ်စ္ငယ္လို႔ တရားဝင္ ေခၚခြင့္ရခဲ့ေလၿပီ။

သီခ်င္းေလးတညည္းညည္းျဖင့္ ျပင္ဆင္စရာရွိတာျပင္ဆင္ၿပီး ခ်စ္ငယ္အတြက္ မနက္စာသြားဝယ္ဖို႔ဆုံးျဖတ္လိုက္သည္။ အခ်ိန္အားျဖင့္ ၆နာရီ၄၅မိနစ္။သည္ခ်ိန္ဆို ေမေမေစ်းသြားေနၾက အခ်ိန္ျဖစ္သည္။
အုတ္တံတိုင္းမွာမွီရပ္ထားတဲ့ စက္ဘီးကို ေဒါက္ျဖဳတ္ကာ နီးနီးနားနား မိဘေမတၱာဆိုင္က ဆီခ်က္၂ပြဲမွာလိုက္သည္။ကြၽန္ေတာ့္အတြက္နဲ႕ခ်စ္ငယ္အတြက္။

အိမ္ျပန္ေရာက္ေတာ့ ခ်စ္ငယ္က မ်က္ႏွာသစ္ေနၿပီ ျဖစ္သည္။ကြၽန္ေတာ့္ကို ေတြ႕ေတာ့မပြင့္တပြင့္ မ်က္လုံးနဲ႕

"ဘယ္သြားတာလဲ"

"မင္းအတြက္ မနက္စာသြားဝယ္တာ ဆီခ်က္ဝယ္လာတယ္ ႀကိဳက္မႀကိဳက္ေတာ့မသိဘူး"

"ဩ ေက်းဇူးပဲ"

မီးဖိုေခ်ာင္ထဲဝင္ကာ ဆီခ်က္ကို ပန္းကန္ထဲထည့္ျပင္လိုက္ၿပီး မစားေသးဘဲ အတူတူစားခ်င္၍ ခ်စ္ငယ္ကိုေစာင့္ေနလိုက္သည္။။ထီေပါက္တာထက္ ရခဲလွတဲ့ အခိုက္အတန့္မို႔ ကြၽန္ေတာ္လက္လြတ္ခံမည္မဟုတ္တာေတာ့ အေသအခ်ာ။ခဏေနေတာ့မီးဖိုေခ်ာင္ထဲ ခ်စ္ငယ္ဝင္လာသည္။

"ေရာ့ စားၾကည့္ဦး"

ခ်စ္ငယ္ေရွ႕ ဆီခ်က္ပန္းကန္ကို တိုးေပးကာ ေျပာလိုက္သည္။

"အင္း ေကာင္းတယ္"

"ေနာက္ေန႕က် ျပင္ဦးလြင္ သြားစားၾကမလား အဲ့ကရွမ္းက စားလို႔ေကာင္းတယ္ "

"အင္း သြားစားၾကမယ္ေလ ငါလည္း ပ်င္းေနတာနဲ႕ ဘယ္သြားရမွန္း မသိဘူး ျဖစ္ေနတာ"

"အင္း အဲ့က ေပါက္စီလဲစားေကာင္းတယ္ သူတို႔ကတ႐ုတ္ေတြဆိုေတာ့ ကိုယ္တိုင္လုပ္ၿပီး ေရာင္းတာ"

ကြၽန္ေတာ္ေျပာရင္းနဲ႕ လက္ကလည္း ပန္းကန္ထဲရွိဆီခ်က္ကပါလာတဲ့ ၾကက္သားဖက္ေတြကိုေ႐ြး၊ခ်စ္ငယ္ပန္းကန္ထဲ ထည့္ေပးလိုက္ေတာ့

"မင္းလည္းစားေလ ဘာလို႔ငါ့ထဲအသားေတြလာထည့္ေနတာလဲ"

"အသားမ်ားမ်ားစား ခ်စ္ငယ္ အဲ့တာမွထြားလာမွာ"

ထိုကဲ့သို႔ေျပာလိုက္ရာ အဒြန့္တက္မည္ ထင္ထားေသာ္လည္း ကြၽန္ေတာ့္စကားအား နားေထာင္ကာ တိတ္တဆိတ္စားေနသည္မို႔ ကြၽန္ေတာ္ ခပ္သာသာ ၿပဳံးမိသြားသည္။

"ဒါနဲ႕ မင္းရဲ႕စီးပြားေရးဆိုတာႀကီးကဘာႀကီးလဲ လြမ္းေစေသာ္"

"ၿပီးရင္သိမွာေပါ့ အခ်စ္ရယ္ "

ျဖန္း

"အာ့ နာတယ္ခ်စ္ငယ္ရဲ႕"

"ငါ့ကိုအဲ့လိုမေခၚနဲ႕"

"ေက်းဇူးကန္းေလး"

အျခားသူေတြ ကြၽန္ေတာ့္ကို ရိုက္ဖို႔ေနေနသာသာ သူငယ္ခ်င္း အခ်င္းခ်င္းေတာင္ ရွိန္ၾကတဲ့သူေတြခ်ည္းသာ။ခ်စ္ငယ္ဆိုတဲ့ တစ္ေယာက္ေသာသူသာ တစ္ေန႕ထဲနဲ႕ ၃ခ်က္ေလာက္ရိုက္ေနသည္ကို ကြၽန္ေတာ့္မွာ မၿငိဳျငင္ရက္။ဘာျဖစ္လဲ ရိုက္စမ္းပါေစ ဒီက ကိုကိုကစိတ္မဆိုးဘူး ခ်စ္လြန္းလို႔ကို စိတ္မဆိုးဘူး။

.......
Words_3932
Ta_yaw
ကဲကဲ ခ်စ္လို႔upေပးလိုက္ၿပီေနာ္ရွင္ေလးတို႔ကႀကိဳက္မႀကိဳက္ေျပာခဲ့ၾကဦး
ကိုလြမ္းရဲ႕စီးပြားေရးကဘာမ်ားျဖစ္ေနမလဲ

Song For this Chapter

အိမ္ရဲ႕ေမၿပံဳ🥲

Continue Reading

You'll Also Like

3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
14.2K 688 22
"ကျုပ်ဘဝမှာ ဘယ်တုန်းကမှ ခံစားချက်တွေကို ရှေ့တန်းမတင်ဖူးဘူး လူသတ်သင့်ရင် သတ်တယ် ရိုက်သင့်ရင် ရိုက်မယ် ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်မယ် ပိုက်ဆံက ကိုးကွယ်ရာ...
15.3K 666 6
ဒိုက်-ရေစီးတွင်မျောလိုက်၊ ကမ်းတွင် တင်လိုက်ရှိသောအမှိုက်စု။ from google (Unicode/Zawgyi) State date-1.5.2022 end date- #cover artist by Ethan Junior
1.3M 55.4K 54
"မောင့်အရိပ်က ပြောပြပါအုံး...မောင့်ကို ဘယ်လောက်ချစ်တဲ့အကြောင်းတွေ" စာလုံးပေါင်းမမှန်တာတွေ လက်တစ်လောပြန်မပြင်နိုင်သေးတာကြောင့်...အဆင်ပြေမှဖတ်ပါရှင့်။ ...