𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖢𝗂𝗍𝗁 𝖠 𝖱...

By Sandi_Bear

846K 102K 8.9K

π–ͺ𝗂𝗆 π–³π–Ίπ–Ύπ—π—’π—Žπ—‡π—€ Γ— π–©π–Ύπ—ˆπ—‡ π–©π—Žπ—‡π—€π—„π—ˆπ—ˆπ—„ β™‘οΈŽ 𝖲𝗐𝖾𝖾𝗍 π–±π—ˆπ—†π–Ίπ—‡π–Όπ–Ύ β™‘οΈŽ 𝖲𝗍𝖺𝗋𝗍 𝖣𝖺𝗍𝖾 (1.1... More

π–¨π—‡π—π—‹π—ˆπ–½π—Žπ–Όπ—π—‚π—ˆπ—‡
𝖯𝖺𝗋𝗍 (1)
𝖯𝖺𝗋𝗍 (2)
𝖯𝖺𝗋𝗍 (3)
𝖯𝖺𝗋𝗍 (4)
𝖯𝖺𝗋𝗍 (5)
𝖯𝖺𝗋𝗍 (6)
𝖯𝖺𝗋𝗍 (7)
𝖯𝖺𝗋𝗍 (8)
𝖯𝖺𝗋𝗍 (9)
𝖯𝖺𝗋𝗍 (10)
𝖯𝖺𝗋𝗍 (11)
𝖯𝖺𝗋𝗍 (12)
𝖯𝖺𝗋𝗍 (13)
𝖯𝖺𝗋𝗍 (14)
𝖯𝖺𝗋𝗍 (16)
𝖯𝖺𝗋𝗍 (17)
𝖯𝖺𝗋𝗍 (18)
𝖯𝖺𝗋𝗍 (19)
𝖯𝖺𝗋𝗍 (20)
𝖯𝖺𝗋𝗍 (21)
𝖯𝖺𝗋𝗍 (22)
𝖯𝖺𝗋𝗍 (23)
𝖯𝖺𝗋𝗍 (24)
𝖯𝖺𝗋𝗍 (25)
𝖯𝖺𝗋𝗍 (26)
𝖯𝖺𝗋𝗍 (27)
𝖯𝖺𝗋𝗍 (28)
𝖯𝖺𝗋𝗍 (29)
𝖯𝖺𝗋𝗍 (30)
𝖯𝖺𝗋𝗍 (31)
𝖯𝖺𝗋𝗍 (32)
𝖯𝖺𝗋𝗍 (33)
𝖯𝖺𝗋𝗍 (34)
𝖯𝖺𝗋𝗍 (35)
𝖯𝖺𝗋𝗍 (36)
𝖯𝖺𝗋𝗍 (37)
𝖯𝖺𝗋𝗍 (38)
𝖯𝖺𝗋𝗍 (39)
𝖯𝖺𝗋𝗍 (40)
𝖯𝖺𝗋𝗍 (41)
𝖯𝖺𝗋𝗍 (42)
𝖯𝖺𝗋𝗍 (43)
𝖯𝖺𝗋𝗍 (44)
𝖯𝖺𝗋𝗍 (45)
𝖯𝖺𝗋𝗍 (46)
𝖯𝖺𝗋𝗍 (47)
𝖯𝖺𝗋𝗍 (48)
𝖯𝖺𝗋𝗍 (49)
𝖯𝖺𝗋𝗍 (50) π–₯𝗂𝗇𝖺𝗅

𝖯𝖺𝗋𝗍 (15)

15.5K 2K 120
By Sandi_Bear

𝖹𝖺𝗐𝗀𝗒𝗂

" ဝါး.... ဒါက... ဘုရင့္စားပြဲေတာ္ပဲမလား...."

နားေနခန္း၏စားပြဲခုံထက္အျပည့္ ခင္းက်င္းထားသည့္ အေရာင္အဆင္း အနံ႕အရသာစုံလင္ေသာ စားေသာက္ဖြယ္ရာမ်ားကို ထယ္ေယာင္းႏွင့္အတူ နိုက္ဂ်ဳတီက်သည့္ အေရးေပၚဌာန အဖြဲ႕သားမ်ားသည္ ပါးစပ္အေဟာင္းသားေလးႏွင့္ၾကည့္ေနၾကသည္ ။

" သူေဌးဂြၽန္က... ေဒါက္တာကင္မ္အတြက္ေရာ.. နိုက္ဂ်ဴတီက်တဲ့အဖြဲ႕သားေတြအတြက္ေရာ ေလာက္ေလာက္ဌဌျပင္ဆင္ခိုင္းၿပီး လာပို႔ခိုင္းတာမို႔.. အရသာရွိရွိနဲ႕ သုံးေဆာင္ၾကပါ...."

" အား... တကယ္လား... သူေဌးဂြၽန္ကို ေက်းဇူးတင္ပါတယ္... ေကာင္းေကာင္းစားပါ့မယ္လို႔ တဆင့္ေျပာေပးပါဦး..."

" ဟုတ္ကဲ့ပါ..."

" တကယ္မ်ားလြန္းလို႔.. ဘယ္ကေန စစားရမွန္းေတာင္မသိဘူး..."

သူနာျပဳလီႏွင့္ နိုက္ဂ်ဴတီက် အျခားသူနာျပဳႏွစ္ဦး၊ အလုပ္သင္ဆရာဝန္ တစ္ဦး၊ ညေစာင့္ႏွင့္ သန့္ရွင္းေရးဝန္ထမ္းအပါအဝင္ အဖြဲ႕သားမ်ားသည္ ေခါင္းခ်င္းဆိုင္ကာ စားေသာက္ဖြယ္ရာမ်ားဆီ ေခါင္းစိုက္ေနၾကသည္ ။

ထယ္ေယာင္းကေတာ့ ထိုစားေသာက္ဖြယ္ရာမ်ားကို တအံ့တၾသႏွင့္သာၾကည့္ေနမိရင္း မထိတို႔မိေသး ။

" သူေဌးေလးက.. ေဒါက္တာကင္မ္ကို စားေစခ်င္လို႔ လာပို႔ခိုင္းတာပါ... သုံးေဆာင္ပါ.. ေဒါက္တာ..."

မစၥယိုဝန္းသည္ ထယ္ေယာင္း၏လက္ထဲသို႔ ကိုယ္တိုင္ကိုယ္က်ပင္ တူတစ္စုံထည့္လာေပးလွ်င္ ထယ္ေယာင္းသည္အားနာလွစြာၿပဳံးျပရင္း ယူေဆာင္လိုက္ရသည္ ။

" ဟြန္းေလးကေရာဗ်...."

" ဉကၠဌႀကီးကေတြ႕ခ်င္တယ္ဆိုလို႔.. အတြင္းေရးမႉးယူကေခၚသြားခဲ့တာ... ဉကၠဌႀကီးရဲ႕အခန္းမွာရွိပါတယ္... ေဒါက္တာ... ကေလးကအိပ္ခ်ိန္ေရာက္ေနၿပီဆိုေတာ့ ကြၽန္မသြားျပန္ေခၚရမွာ..."

" အခုသြားေခၚမွာမလား... ကြၽန္ေတာ္လည္း ဟြန္းေလးကို ခဏေလာက္လိုက္ေတြ႕ခ်င္လို႔..."

" ဟြန္းေလးက.. ေဒါက္တာကင္မ္ကိုေတြ႕ရင္.. ေပ်ာ္သြားမွာေသခ်ာပါတယ္... "

" သြားေလ.. ေဒါက္တာကင္မ္... ကြၽန္မတို႔က ေဒါက္တာ့အတြက္ ဒီမွာ သီးသန့္ခြဲေပးထားတယ္... "

" တစ္ခုခုဆိုလည္း လွမ္းေခၚလိုက္မယ္..."

" ဒါဆို ကြၽန္ေတာ္ ခဏသြားလိုက္ဦးမယ္..."

ထယ္ေယာင္းသည္ မစၥယိုဝန္းႏွင့္အတူ ဉကၠဌႀကီး၏လူနာခန္းသို႔ အတူတူလိုက္ပါခဲ့ကာ ဓာတ္ေလွကားစီးစဥ္တစ္ေလွ်ာက္လုံးလည္း မစၥယိုဝန္းက ထယ္ေယာင္းကို စိုက္ၾကည့္ရင္း ၿပဳံးျပေနသျဖင့္ ထယ္ေယာင္းမွာ ျပန္ၿပဳံးျပရင္းအေနခက္ရေသးသည္ ။

ပုံမွန္လိုဆို မစၥယိုဝန္းက ေအးေဆးသမားျဖစ္ကာ ထယ္ေယာင္းကိုေဖာ္ေ႐ြစြာဆက္ဆံတတ္ေသာ္လည္း အခုကေတာ့ မ်က္စိေဒါက္ေထာက္ ၾကည့္ေနသလိုပင္ အေသးစိတ္အကဲခတ္ေနတာျဖစ္သည္ ။

" အိုး... ဟြန္းေလးက အိပ္ေပ်ာ္သြားၿပီပဲ...."

ဉကၠဌႀကီး၏အခန္းတြင္းသို႔ေရာက္သည့္အခါ ဟြန္းေလးသည္ အတြင္းေရးမႉးယူ၏လက္ေပၚတြင္ အိပ္ေမာက်ေနၿပီျဖစ္၍ ထယ္ေယာင္းတို႔မွာ တိုးတိုးတိတ္တိတ္ႏွင့္ ေျခသံဖြဖြေလးနင္းကာ ဝင္လာရသည္ ။

" ကြၽန္မ.. ဟြန္းေလးကိုေခၚၿပီး ျပန္ႏွင့္လိုက္ေတာ့မယ္... ဉကၠဌႀကီး..."

" ေအး... ေအး... ေသခ်ာဂ႐ုတစိုက္ေခၚသြားဦး..."

" ဟုတ္ကဲ့... ဒါဆို ေဒါက္တာကင္မ္... ကြၽန္မ သြားလိုက္ဦးမယ္..."

" ဟုတ္... "

မစၥယိုဝန္းက ဟြန္းေလးကို ဂ႐ုတစိုက္ လႊဲေျပာင္းေပြ႕ခ်ီရင္း ဉကၠဌႀကီးႏွင့္ထယ္ေယာင္းတို႔ကို ႏႈတ္ဆက္ကာ သူမႏွင့္ပါလာေသာ အိမ္ေတာ္ကအလုပ္သမားႏွစ္ဦးႏွင့္အတူ ျပန္သြားခဲ့သည္ ။

" သက္သာရဲ႕လား... ဉကၠဌႀကီး...."

ထယ္ေယာင္းသည္ ဟြန္းေလးကိုႏႈတ္ဆက္ဖို႔အတြက္ လိုက္လာခဲ့တာျဖစ္ေသာ္လည္း ဟြန္းေလးကမစၥယိုဝန္းႏွင့္ ျပန္ပါသြားခဲ့သည္ျဖစ္၍ ဉကၠဌႀကီးကိုသာသတင္းေမးျမန္းလိုက္သည္ ။

" သက္သာပါတယ္ဗ်ာ... ပါေမာကၡမင္နဲ႕.. ေဒါက္တာေခ်ာေခ်ာေလးက.. ဒီအဘိုးႀကီးကို ေသခ်ာဂ႐ုစိုက္ၿပီး ခြဲစိတ္ေပးခဲ့တာပဲေလ..."

ဉကၠဌႀကီးသည္ လူနာကုတင္ကိုေျပေျပေလးမတ္တင္ထားကာ ေခါင္းအုံးအမွီျပဳလ်က္ထိုင္ေနရင္း ထယ္ေယာင္းကို ရင္းႏွီးေဖာ္ေ႐ြစြာပင္ ၿပဳံးျပသည္ ။
ဉကၠဌႀကီးက စီနီယာ ေဂ်ာင္ဟိုေဆာ့ကို အေတာ္ေလးသေဘာက်ကာ ထယ္ေယာင္းလာၾကည့္တိုင္းလည္း စီနီယာ၏ေကာင္းေၾကာင္းကိုအေတာ္ေလးေျပာတတ္သည္ ။

" ဟုတ္သားပဲ.... ေဂ်ာင္ဂုရဲ႕အလုပ္အခ်ိန္ဇယားကို ယူထားၿပီးၿပီမလား.."

" ယူထားၿပီးပါၿပီ... ဉကၠဌႀကီး..."

" သူ ဘယ္အခ်ိန္အားလဲစစ္ေဆးၿပီး ၾကင္ဖက္ေတြ႕ေပးဖို႔လုပ္ရမယ္... သူေဌးလီက.. သူ႕သမီးနဲ႕လာကမ္းလမ္းထားတာရွိတယ္.. "

" သူေဌးေလးက... သေဘာမတူေလာက္ဘူးထင္တယ္ေနာ္..."

" သူ သေဘာတူတူ မတူတူ.. ငါကေတာ့ ဝတၱရားရွိတဲ့အတိုင္း စီစဥ္ေပးရမွာပဲ.. ၿပီးေတာ့ ငါၾကားထားတာ... အဲ့ကေလးမက လွလွပပနဲ႕သြက္သြက္လက္လက္ေလးတဲ့... ေဂ်ာင္ဂုက.. သေဘာက်သြားမွာပါ..."

ဉကၠဌႀကီးႏွင့္ အတြင္းေရးမႉးယူ၏စကားဝိုင္းကို အတိုင္းသားသိၾကားေနရသည့္ထယ္ေယာင္းသည္ အနည္းငယ္ေတာ့ အံ့အားသင့္သြားလ်က္ စိတ္ထဲတြင္လည္း တစ္မ်ိဳးတစ္မည္ ။

" ေဒါက္တာကင္မ္.. ညစာကို ဘာစားၿပီးၿပီလဲ...."

" ကြၽန္ေတာ္ အေစာကမွ စားဖို႔လုပ္ေနတာ... ဟြန္းေလးေရာက္ေနတယ္ဆိုတာနဲ႕... လာၾကည့္တာ..."

" ဟြန္းေလးက... ေဒါက္တာကင္မ္ကို အေတာ္ေလးခင္တြယ္ရွာတာပါ... အင္း... မိခင္ရင္ေငြ႕မွာ ေနရဦးမယ့္အ႐ြယ္ေလးကို... ေဂ်ာင္ဂုအတြက္ေရာ... ဟြန္းေလးအတြက္ေရာ အဆင္ေျပမယ့္မိန္းမေကာင္းေလးနဲ႕ ဆုံစည္းေစခ်င္ပါရဲ႕..."

သူေဌးဂြၽန္က Single fatherဟူေသာတစ္ခ်က္ကလြဲ အျခားအေၾကာင္းမ်ားကိုေသခ်ာမသိသည့္ ထယ္ေယာင္းသည္ ဉကၠဌႀကီး၏စကားကို အလိုက္အထိုက္သာနားေထာင္ေပးလိုက္ရသည္ ။

" ဒါနဲ႕... ေဒါက္တာကင္မ္ကေရာ... ခ်စ္သူရွိလား..."

" ဗ်ာ?.. အာ.. ကြၽန္ေတာ္က အခုထိ... မရွိေသးပါဘူးဗ်..."

" ဘာလို႔လဲ... ေဒါက္တာကင္မ္က.. ဒီေလာက္ေခ်ာေမာျပည့္စုံတဲ့ဟာကို... မရွိေသးဘူးဆိုတာ... ျဖစ္နိုင္လို႔လားေနာ္..."

" တကယ္မရွိတာပါဗ်...."

" ေဒါက္...ေဒါက္...."

" က်န္းမာေရး လာစစ္ေပးတာပါ... ဉကၠဌႀကီး... ဘယ္လိုေနေသးလဲ.."

တံခါးေခါက္သံႏွင့္အတူ လူနာခန္းအတြင္းသို႔ ပါေမာကၡမင္ႏွင့္လိုက္ဝင္လာပါေသာ စီနီယာ ေဂ်ာင္ဟိုေဆာ့၏အၿပဳံးေတာက္ေတာက္ေလးေၾကာင့္ ဉကၠဌႀကီးမေျပာႏွင့္ အတြင္းေရးမႉးယူလို လူရိုးလူေအးပင္ၿပဳံးရိပ္သန္းသြားခဲ့သည္ ။

" ထယ္ေယာင္း... မင္းေရာ ရွိေနတာလား... ဟုတ္သား... ဒီေန႕က မင္းရဲ႕နိုက္ဂ်ဴတီမလား..."

" ကြၽန္ေတာ္ အခုပဲ ျပန္သြားေတာ့မွာ... ဒါဆို ဉကၠဌႀကီး... ကြၽန္ေတာ္သြားလိုက္ဦးမယ္ဗ်.. ေနာက္ေန႕မွ ထပ္လာခဲ့ပါမယ္..."

" ဟုတ္ပါၿပီဗ်ာ... ဒီအဘိုးႀကီးဆီကို ထပ္ေတာ့လာေပးေနာ္... ေဒါက္တာ.."

" ဟုတ္ကဲ့... စိတ္ခ်ပါဗ်... "

ဉကၠဌႀကီးသည္ ရာထူးဂုဏ္ျဒပ္မ်ားကိုဖယ္ရွားလိုက္လွ်င္ ရင္းႏွီးလြယ္သည့္အဘိုးတစ္ဦးလိုမ်ိဳး လူတိုင္းကို ႏြေးႏြေးေထြးေထြး ဆက္ဆံတတ္၍ အေၾကာင္းသိသည့္ပတ္ဝန္းက်င္ကသူမွန္သမွ်တိုင္းက ခ်စ္ခင္ေလးစားၾကသည္ ။
ထိုအထဲမွာ ထယ္ေယာင္းလည္း အပါအဝင္ျဖစ္ကာ ဉကၠဌႀကီးကို ႏႈတ္ဆက္ၿပီးသည္ႏွင့္ အေရးေပၚဌာနကို ျပန္ဆင္းလာခဲ့သည္ ။

" ေဒါက္တာကင္မ္... နားေနခန္းက စားပြဲေပၚမွာ... ေဒါက္တာ့အတြက္ သီးသန့္ဖယ္ထားေပးတယ္ေနာ္.. သုံးေဆာင္လိုက္ပါဦး..."

" ေအာ.. တစ္ခုခုထူးရင္.. ကြၽန္ေတာ့္ကိုလွမ္းေခၚလိုက္ေနာ္.. ကြၽန္ေတာ္ နားေနခန္းမွာပဲ ရွိေနမယ္..."

" ဟုတ္ကဲ့... ေဒါက္တာ..."

သူနာျပဳလီကိုစကားပါးခဲ့ၿပီးေနာက္ နားေနခန္းအတြင္းသို႔ ဝင္လာခဲ့သည့္ထယ္ေယာင္း ။
စားပြဲထက္တြင္ ထယ္ေယာင္းအတြက္ သီးသန့္ခြဲေပးထားသည့္ စားေသာက္ဖြယ္ရာမ်ားကိုေတြ႕သည့္အခါ ပင့္သက္ေလးသာရွိုက္မိလိုက္သည္ ။
အေစာပိုင္းက ဗိုက္ဆာေနခဲ့ေသာ္လည္း ယခုတြင္မူ စားခ်င္စိတ္ကုန္ခမ္းေနသည္ ။
သို႔ေသာ္လည္း ဘဝသမားျဖစ္ခဲ့ဖူး၍ထင္၊ အစားအေသာက္ကို အေလအလြင့္မျဖစ္ေစဘဲ ေလ့လာေနသည့္ ေဆးပညာစာအုပ္တစ္အုပ္ကိုဖြင့္၍ စားသုံးလိုက္ေလ့လာလိုက္ႏွင့္ အခ်ိန္ကုန္ဆုံးခဲ့ေတာ့သည္ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

အဘြား၏ႏွစ္ပတ္လည္ေန႕ျဖစ္၍ ဂ်ီမင္းႏွင့္ဂ်ဴတီခ်ိန္းၿပီး ေဒၚေလး၏အိမ္သို႔ေျခခ်ခဲ့သည့္ထယ္ေယာင္း ။
လက္ထဲတြင္ေတာ့ အဘြား၏ကန္ေတာ့ပြဲအတြက္ ေစ်းအတြင္းမွ ကိုယ္တိုင္ကိုယ္က် ေ႐ြးခ်ယ္လာေသာ သစ္သီးဝလံမ်ားကိုင္ေဆာင္လာသည္ ။

" ကြၽန္ေတာ္ ေရာက္လာပါၿပီ... ေဒၚေလး..."

" ေအး... ဝင္ခဲ့... ဒီမွာ အေၾကာ္ေၾကာ္ေနတာၿပီးေတာ့မယ္... ကန္ေတာ့ပြဲျပင္ဖို႔လုပ္လိုက္ေတာ့.."

ခပ္က်ဥ္းက်ဥ္းဖြဲ႕စည္းထားသည့္အိမ္ေလးထဲ ေဒၚေလးတို႔မိသားစုဝင္မ်ားမွာ ေဒၚေလးအပါအဝင္ငါးေယာက္ရွိသည္ျဖစ္၍ ထယ္ေယာင္းအတြက္ အခန္းပိုမရွိခဲ့ေပ ။

ေဒၚေလးႏွင့္သူမ၏အမ်ိဳးသားျဖစ္သူကတစ္ခန္း၊ အႀကီးဆုံးသမီး ဂိုအြန္ဂ်ယ္ႏွင့္ အငယ္ဆုံးသမီး ဂိုအြန္ဘီကတစ္ခန္း၊ သားလတ္ျဖစ္သည့္ ဂိုဂ်ယ္မင္းကတစ္ခန္းျဖစ္ကာ အဘြားဆုံး၍ သူတို႔ထံေရာက္လာရေသာထယ္ေယာင္းႏွင့္ အခန္းမွ်မသုံးခ်င္ခဲ့ေပ ။
ထို႔အတြက္ ထယ္ေယာင္းမွာ ထပ္ခိုးက စတိုခန္းေလးကို ေက်ာတစ္ေနရာစာရေအာင္ရွင္း၍ ေနခဲ့ရသည္ကိုမွတ္မိေသးသည္ ။

အထက္တန္းေနာက္ဆုံးႏွစ္တစ္ႏွစ္သာ ေဒၚေလးတို႔မိသားစုႏွင့္အတူေနခဲ့ကာ စာေမးပြဲႀကီးၿပီးဆုံးသည္ႏွင့္ ထိုအိမ္ကထြက္လာခဲ့ၿပီး အခ်ိန္ပိုင္းအလုပ္ႏွင့္ ကိုယ့္ဘဝကိုယ္စတင္ရပ္တည္ခဲ့သည္ ။

အေနာက္တိုင္းဝတ္စုံျပည့္ကို ဝတ္ဆင္ထားသည့္ထယ္ေယာင္းသည္ အဘြား၏ကန္ေတာ့ပြဲကို ကိုးရီးယားရိုးရာဓေလ့အတိုင္း ကိုယ္တိုင္ကိုယ္က်ျပင္ဆင္ကာ ေဒၚေလးကလည္းအနက္ေရာင္ အဝတ္အစားဝတ္ဆင္ထားလ်က္ ထယ္ေယာင္းကိုကူျပင္ေပးသည္ ။

အြန္ဂ်ယ္ကေတာ့ အလုပ္တစ္ဖက္ႏွင့္ျဖစ္၍ အိမ္မွာမရွိ၊ ေဒၚေလး၏အမ်ိဳးသားႏွင့္အငယ္ႏွစ္ေယာက္ကေတာ့ နဂိုတည္းက အဘြား၏ကန္ေတာ့ပြဲကို သူတို႔ႏွင့္မသက္ဆိုင္သလိုအေရးတယူမရွိေသာေၾကာင့္ ထယ္ေယာင္းႏွင့္ေဒၚေလး ႏွစ္ေယာက္သာရွိသည္ ။

အဘြား၏ဓာတ္ပုံေရွ႕ေမွာက္ စားေသာက္ဖြယ္ရာမ်ား စုံစုံလင္လင္ႏွင့္ ခင္းက်င္းထားရွိၿပီး ရိုးရာအတိုင္း ကန္ေတာ့ၿပီးမွ ဆိုဂ်ဴေစာင္းငဲ့ထည့္ေပးလိုက္သည္ ။

ဓာတ္ပုံမွန္ေဘာင္ထဲက အဘြား၏အၾကည့္ႏွင့္အၿပဳံးမွာ ထယ္ေယာင္းကို ႏြေးေထြးေစတုန္းပင္ျဖစ္၍ ထယ္ေယာင္းသည္ခပ္ေရးေရးၿပဳံးမိသြားရင္း အဘြားကိုတမ္းတလြမ္းဆြတ္သြားရသည္ ။

" ဒီေန႕က... မင္းရဲ႕အလုပ္လည္း အနားယူထားတာဆိုေတာ့... တစ္ခြက္ေလာက္ ေသာက္ၾကမလား..."

" ဟုတ္ကဲ့... ေဒၚေလး...."

ထယ္ေယာင္းက အရက္မေသာက္နိုင္ေသာ္လည္း ဒီလိုေန႕တိုင္း အဘြားကိုပို၍သတိရလြမ္းဆြတ္မိသည္ျဖစ္၍ ေဒၚေလးႏွင့္အတူ ဆိုဂ်ဴေသာက္ရန္ေခါင္းညိတ္သေဘာတူလိုက္သည္ ။

" ငါက... မင္းကို ၾကည့္ရႈေစာင့္ေရွာက္ေပးရမွာကို.. ဒုကၡေတြပဲေပးေနမိတယ္မလား..."

" အဲ့လိုမ်ိဳး မဟုတ္ပါဘူး ေဒၚေလး..."

ေဒၚေလးက ထယ္ေယာင္း၏ဆိုဂ်ဴခြက္ထဲသို႔ ဆိုဂ်ဴေလာင္းထည့္ေပးလာသျဖင့္ ထယ္ေယာင္းသည္တရိုတေသလက္ခံလိုက္သည္ ။

" ငါ့ကိုယ္ငါလည္း... သိပါတယ္.. ဒါေပမယ့္... ထယ္ေယာင္း... ငါ အဆုံးစြန္ထိ မ်က္ႏွာေျပာင္ေျပာင္နဲ႕ပဲမင္းကိုေတာင္းဆိုတယ္... ၾကင္ဖက္ဆိုတာမ်ိဳးကို... မေတြးေသးပါနဲ႕.. မင္းက ဆရာဝန္ဆိုေတာ့ မ်က္စိက်တဲ့သူေတြက အရမ္းမ်ားလာတယ္ေလ...ငါတို႔အိမ္ရဲ႕..အေႂကြးလည္း ဆပ္ရဦးမွာမလား..."

" ကြၽန္ေတာ္ နားလည္ပါတယ္... စိတ္မပူပါနဲ႕ ေဒၚေလး..."

ထယ္ေယာင္း၏ေဒၚေလးျဖစ္သူသည္ ထယ္ေယာင္းဆီကေနသူမ၏ရပိုင္ခြင့္မ်ား ဆုံးရႈံးသြားမည္စိုး၍ မိန္းကေလးမ်ားႏွင့္ေတြ႕ဆုံပတ္သက္မည္ကိုစိုးရိမ္ေနခဲ့တာျဖစ္သည္ ။

အနည္းဆုံးေတာ့ ထယ္ေယာင္း ေ႐ြးခ်ယ္သည့္တစ္ဖက္မိန္းကေလးသည္ သူတို႔ကိုပါ ၾကည့္ရႈေပးေလာက္မည့္ ပိုက္ဆံရွိအသိုင္းအဝိုင္းကသူေဌးသမီးျဖစ္ဖို႔လိုသည္ ။

" ဒီေန႕ကို ဒီမွာ အိပ္သြားလိုက္ပါလား... ဂ်ယ္မင္းရဲ႕အခန္းကလြတ္တယ္..."

" ေတာ္ပါၿပီ... ေဒၚေလး... မနက္က အလုပ္ျပန္ဝင္ဖို႔လည္း ျပင္ရဦးမွာဆိုေတာ့ ကြၽန္ေတာ္ တိုက္ခန္းပဲျပန္လိုက္မယ္..."

" အင္း.. ေကာင္းေကာင္းျပန္ဦး..."

" ဟုတ္ကဲ့...."

ေဒၚေလး၏အိမ္ကေနျပန္ထြက္လာခဲ့သည့္ လမ္းတစ္ေလွ်ာက္ ထယ္ေယာင္းသည္ ဆိုဂ်ဴေသာက္ထားသည္ေၾကာင့္ ေခါင္းထဲတရိပ္ရိပ္ႏွင့္ မည္သည္ကိုစိတ္ေမာလို႔စိတ္ေမာမွန္းမသိဘဲ ပင့္သက္သာအထပ္ထပ္အခါခါရွိုက္ေနမိသည္ ။

ဘတ္စ္ကားဂိတ္မွာ ကားေစာင့္ရင္း အလုပ္ဆင္းခ်ိန္ျဖစ္၍ ကားခုံက လူအျပည့္နီးပါးျဖစ္ေနသည္ ။
ထယ္ေယာင္းသည္ ခုံအလြတ္တစ္ခုမွာ ဝင္ထိုင္လိုက္ကာ ေနာက္မွလိုက္တက္လာသည့္ စုံတြဲတစ္တြဲသည္ တျခားခုံအလြတ္မရွိေတာ့ေသာေၾကာင့္ ထယ္ေယာင္းေဘးကခုံမွာ ေယာက္်ားေလးကဝင္ထိုင္ရင္း ေပါင္ေပၚမွာေတာ့ သူ႕ေကာင္မေလးကိုထိုင္ခ်ေစလိုက္လွ်င္ ထယ္ေယာင္းမွာ မ်က္လုံးေလးပင္ပုတ္ခတ္ပုတ္ခတ္ျဖစ္သြားရသည္ ။

ညေနေစာင္းသာရွိေသးေသာ္လည္း ထယ္ေယာင္းဆီကေန ဆိုဂ်ဴနံ႕ရ၍ထင္ ထိုစုံတြဲအမ်ိဳးသားက မသကၤာဟန္ထယ္ေယာင္းဘက္ကို လွည့္ၾကည့္လာၿပီး သူ႕ေကာင္မေလးကို ကာကြယ္လိုဟန္ျပေနေသးလွ်င္ ထယ္ေယာင္းမွာ စိတ္ထဲအခ်ဥ္ေပါက္သြားရသည္ ။

ေရွ႕မွတ္တိုင္သို႔ေရာက္မွ ထိုစုံတြဲက တစ္ေယာက္၏လက္ကိုတစ္ေယာက္တြဲရင္း ခ်စ္ခ်စ္ခင္ခင္ဟန္ႏွင့္ဆင္းသက္သြားၾကသည္ကို ထယ္ေယာင္းမွာ ဘာရယ္မဟုတ္ ေငးၾကည့္က်န္ရစ္ရင္း ပင့္သက္ရွိုက္မိျပန္သည္ ။

ဒီေန႕ကို အနည္းဆုံးေတာ့ ဝမ္းမနည္းခ်င္တာကို စိတ္ဓာတ္က က်ခ်င္ေနသလိုပင္ခံစားေနရသည္ ။

မိမိတို႔၏တိုက္ခန္းနားက ဘတ္စ္ဂိတ္မွာဆင္းၿပီးတိုက္ခန္းရွိရာသို႔ တေ႐ြ႕ေ႐ြ႕ႏွင့္ ေလွ်ာက္လမ္းလာခဲ့သည့္ထယ္ေယာင္း ။

ထယ္ေယာင္းတို႔ပတ္ဝန္းက်င္ႏွင့္ မအပ္စပ္လွေသာ အနက္ေရာင္ဇိမ္ခံကားသည္ ထယ္ေယာင္းတို႔၏တိုက္ခန္းေရွ႕မွာ မိန့္မိန့္ႀကီးေနရာယူေနသည့္အခါ သူ႕၏ေျခလမ္းတို႔မွာတန့္သြားလ်က္ မ်က္ဝန္းအစုံကလည္း ဝိုင္းစက္သြားရသည္ ။

ႏွစ္ေယာက္မရွိနိုင္သည့္ ထိုဇိမ္ခံကား၏ပိုင္ရွင္ျဖစ္ေသာ အမ်ိဳးသားသည္ ကားကိုအမွီျပဳလ်က္ရပ္ေနကာ လက္ၾကားထဲစီးကရက္တစ္လိပ္ကိုညွပ္ထားလ်က္ ထယ္ေယာင္းကိုေတြ႕လွ်င္ ခါးဆတ္ခနဲမတ္သြားရၿပီး အေငြ႕တလူလူထြက္ေနသည့္ သူ႕၏စီးကရက္ကိုင္ေဆာင္ထားေသာညာလက္ေလးကို အေနာက္ဘက္ဆီသို႔မသိမသာဝွက္လိုက္သည္အား ထယ္ေယာင္းမွာ ရွင္းရွင္းလင္းလင္း ေတြ႕လိုက္ရေလ၏ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

𝖴𝗇𝗂𝖼𝗈𝖽𝖾

" ဝါး.... ဒါက... ဘုရင့်စားပွဲတော်ပဲမလား...."

နားနေခန်း၏စားပွဲခုံထက်အပြည့် ခင်းကျင်းထားသည့် အရောင်အဆင်း အနံ့အရသာစုံလင်သော စားသောက်ဖွယ်ရာများကို ထယ်ယောင်းနှင့်အတူ နိုက်ဂျုတီကျသည့် အရေးပေါ်ဌာန အဖွဲ့သားများသည် ပါးစပ်အဟောင်းသားလေးနှင့်ကြည့်နေကြသည် ။

" သူဌေးဂျွန်က... ဒေါက်တာကင်မ်အတွက်ရော.. နိုက်ဂျူတီကျတဲ့အဖွဲ့သားတွေအတွက်ရော လောက်လောက်ဌဌပြင်ဆင်ခိုင်းပြီး လာပို့ခိုင်းတာမို့.. အရသာရှိရှိနဲ့ သုံးဆောင်ကြပါ...."

" အား... တကယ်လား... သူဌေးဂျွန်ကို ကျေးဇူးတင်ပါတယ်... ကောင်းကောင်းစားပါ့မယ်လို့ တဆင့်ပြောပေးပါဦး..."

" ဟုတ်ကဲ့ပါ..."

" တကယ်များလွန်းလို့.. ဘယ်ကနေ စစားရမှန်းတောင်မသိဘူး..."

သူနာပြုလီနှင့် နိုက်ဂျူတီကျ အခြားသူနာပြုနှစ်ဦး၊ အလုပ်သင်ဆရာဝန် တစ်ဦး၊ ညစောင့်နှင့် သန့်ရှင်းရေးဝန်ထမ်းအပါအဝင် အဖွဲ့သားများသည် ခေါင်းချင်းဆိုင်ကာ စားသောက်ဖွယ်ရာများဆီ ခေါင်းစိုက်နေကြသည် ။

ထယ်ယောင်းကတော့ ထိုစားသောက်ဖွယ်ရာများကို တအံ့တသြနှင့်သာကြည့်နေမိရင်း မထိတို့မိသေး ။

" သူဌေးလေးက.. ဒေါက်တာကင်မ်ကို စားစေချင်လို့ လာပို့ခိုင်းတာပါ... သုံးဆောင်ပါ.. ဒေါက်တာ..."

မစ္စယိုဝန်းသည် ထယ်ယောင်း၏လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျပင် တူတစ်စုံထည့်လာပေးလျှင် ထယ်ယောင်းသည်အားနာလှစွာပြုံးပြရင်း ယူဆောင်လိုက်ရသည် ။

" ဟွန်းလေးကရောဗျ...."

" ဉက္ကဌကြီးကတွေ့ချင်တယ်ဆိုလို့.. အတွင်းရေးမှူးယူကခေါ်သွားခဲ့တာ... ဉက္ကဌကြီးရဲ့အခန်းမှာရှိပါတယ်... ဒေါက်တာ... ကလေးကအိပ်ချိန်ရောက်နေပြီဆိုတော့ ကျွန်မသွားပြန်ခေါ်ရမှာ..."

" အခုသွားခေါ်မှာမလား... ကျွန်တော်လည်း ဟွန်းလေးကို ခဏလောက်လိုက်တွေ့ချင်လို့..."

" ဟွန်းလေးက.. ဒေါက်တာကင်မ်ကိုတွေ့ရင်.. ပျော်သွားမှာသေချာပါတယ်... "

" သွားလေ.. ဒေါက်တာကင်မ်... ကျွန်မတို့က ဒေါက်တာ့အတွက် ဒီမှာ သီးသန့်ခွဲပေးထားတယ်... "

" တစ်ခုခုဆိုလည်း လှမ်းခေါ်လိုက်မယ်..."

" ဒါဆို ကျွန်တော် ခဏသွားလိုက်ဦးမယ်..."

ထယ်ယောင်းသည် မစ္စယိုဝန်းနှင့်အတူ ဉက္ကဌကြီး၏လူနာခန်းသို့ အတူတူလိုက်ပါခဲ့ကာ ဓာတ်လှေကားစီးစဥ်တစ်လျှောက်လုံးလည်း မစ္စယိုဝန်းက ထယ်ယောင်းကို စိုက်ကြည့်ရင်း ပြုံးပြနေသဖြင့် ထယ်ယောင်းမှာ ပြန်ပြုံးပြရင်းအနေခက်ရသေးသည် ။

ပုံမှန်လိုဆို မစ္စယိုဝန်းက အေးဆေးသမားဖြစ်ကာ ထယ်ယောင်းကိုဖော်ရွေစွာဆက်ဆံတတ်သော်လည်း အခုကတော့ မျက်စိဒေါက်ထောက် ကြည့်နေသလိုပင် အသေးစိတ်အကဲခတ်နေတာဖြစ်သည် ။

" အိုး... ဟွန်းလေးက အိပ်ပျော်သွားပြီပဲ...."

ဉက္ကဌကြီး၏အခန်းတွင်းသို့ရောက်သည့်အခါ ဟွန်းလေးသည် အတွင်းရေးမှူးယူ၏လက်ပေါ်တွင် အိပ်မောကျနေပြီဖြစ်၍ ထယ်ယောင်းတို့မှာ တိုးတိုးတိတ်တိတ်နှင့် ခြေသံဖွဖွလေးနင်းကာ ဝင်လာရသည် ။

" ကျွန်မ.. ဟွန်းလေးကိုခေါ်ပြီး ပြန်နှင့်လိုက်တော့မယ်... ဉက္ကဌကြီး..."

" အေး... အေး... သေချာဂရုတစိုက်ခေါ်သွားဦး..."

" ဟုတ်ကဲ့... ဒါဆို ဒေါက်တာကင်မ်... ကျွန်မ သွားလိုက်ဦးမယ်..."

" ဟုတ်... "

မစ္စယိုဝန်းက ဟွန်းလေးကို ဂရုတစိုက် လွှဲပြောင်းပွေ့ချီရင်း ဉက္ကဌကြီးနှင့်ထယ်ယောင်းတို့ကို နှုတ်ဆက်ကာ သူမနှင့်ပါလာသော အိမ်တော်ကအလုပ်သမားနှစ်ဦးနှင့်အတူ ပြန်သွားခဲ့သည် ။

" သက်သာရဲ့လား... ဉက္ကဌကြီး...."

ထယ်ယောင်းသည် ဟွန်းလေးကိုနှုတ်ဆက်ဖို့အတွက် လိုက်လာခဲ့တာဖြစ်သော်လည်း ဟွန်းလေးကမစ္စယိုဝန်းနှင့် ပြန်ပါသွားခဲ့သည်ဖြစ်၍ ဉက္ကဌကြီးကိုသာသတင်းမေးမြန်းလိုက်သည် ။

" သက်သာပါတယ်ဗျာ... ပါမောက္ခမင်နဲ့.. ဒေါက်တာချောချောလေးက.. ဒီအဘိုးကြီးကို သေချာဂရုစိုက်ပြီး ခွဲစိတ်ပေးခဲ့တာပဲလေ..."

ဉက္ကဌကြီးသည် လူနာကုတင်ကိုပြေပြေလေးမတ်တင်ထားကာ ခေါင်းအုံးအမှီပြုလျက်ထိုင်နေရင်း ထယ်ယောင်းကို ရင်းနှီးဖော်ရွေစွာပင် ပြုံးပြသည် ။
ဉက္ကဌကြီးက စီနီယာ ဂျောင်ဟိုဆော့ကို အတော်လေးသဘောကျကာ ထယ်ယောင်းလာကြည့်တိုင်းလည်း စီနီယာ၏ကောင်းကြောင်းကိုအတော်လေးပြောတတ်သည် ။

" ဟုတ်သားပဲ.... ဂျောင်ဂုရဲ့အလုပ်အချိန်ဇယားကို ယူထားပြီးပြီမလား.."

" ယူထားပြီးပါပြီ... ဉက္ကဌကြီး..."

" သူ ဘယ်အချိန်အားလဲစစ်ဆေးပြီး ကြင်ဖက်တွေ့ပေးဖို့လုပ်ရမယ်... သူဌေးလီက.. သူ့သမီးနဲ့လာကမ်းလမ်းထားတာရှိတယ်.. "

" သူဌေးလေးက... သဘောမတူလောက်ဘူးထင်တယ်နော်..."

" သူ သဘောတူတူ မတူတူ.. ငါကတော့ ဝတ္တရားရှိတဲ့အတိုင်း စီစဥ်ပေးရမှာပဲ.. ပြီးတော့ ငါကြားထားတာ... အဲ့ကလေးမက လှလှပပနဲ့သွက်သွက်လက်လက်လေးတဲ့... ဂျောင်ဂုက.. သဘောကျသွားမှာပါ..."

ဉက္ကဌကြီးနှင့် အတွင်းရေးမှူးယူ၏စကားဝိုင်းကို အတိုင်းသားသိကြားနေရသည့်ထယ်ယောင်းသည် အနည်းငယ်တော့ အံ့အားသင့်သွားလျက် စိတ်ထဲတွင်လည်း တစ်မျိုးတစ်မည် ။

" ဒေါက်တာကင်မ်.. ညစာကို ဘာစားပြီးပြီလဲ...."

" ကျွန်တော် အစောကမှ စားဖို့လုပ်နေတာ... ဟွန်းလေးရောက်နေတယ်ဆိုတာနဲ့... လာကြည့်တာ..."

" ဟွန်းလေးက... ဒေါက်တာကင်မ်ကို အတော်လေးခင်တွယ်ရှာတာပါ... အင်း... မိခင်ရင်ငွေ့မှာ နေရဦးမယ့်အရွယ်လေးကို... ဂျောင်ဂုအတွက်ရော... ဟွန်းလေးအတွက်ရော အဆင်ပြေမယ့်မိန်းမကောင်းလေးနဲ့ ဆုံစည်းစေချင်ပါရဲ့..."

သူဌေးဂျွန်က Single fatherဟူသောတစ်ချက်ကလွဲ အခြားအကြောင်းများကိုသေချာမသိသည့် ထယ်ယောင်းသည် ဉက္ကဌကြီး၏စကားကို အလိုက်အထိုက်သာနားထောင်ပေးလိုက်ရသည် ။

" ဒါနဲ့... ဒေါက်တာကင်မ်ကရော... ချစ်သူရှိလား..."

" ဗျာ?.. အာ.. ကျွန်တော်က အခုထိ... မရှိသေးပါဘူးဗျ..."

" ဘာလို့လဲ... ဒေါက်တာကင်မ်က.. ဒီလောက်ချောမောပြည့်စုံတဲ့ဟာကို... မရှိသေးဘူးဆိုတာ... ဖြစ်နိုင်လို့လားနော်..."

" တကယ်မရှိတာပါဗျ...."

" ဒေါက်...ဒေါက်...."

" ကျန်းမာရေး လာစစ်ပေးတာပါ... ဉက္ကဌကြီး... ဘယ်လိုနေသေးလဲ.."

တံခါးခေါက်သံနှင့်အတူ လူနာခန်းအတွင်းသို့ ပါမောက္ခမင်နှင့်လိုက်ဝင်လာပါသော စီနီယာ ဂျောင်ဟိုဆော့၏အပြုံးတောက်တောက်လေးကြောင့် ဉက္ကဌကြီးမပြောနှင့် အတွင်းရေးမှူးယူလို လူရိုးလူအေးပင်ပြုံးရိပ်သန်းသွားခဲ့သည် ။

" ထယ်ယောင်း... မင်းရော ရှိနေတာလား... ဟုတ်သား... ဒီနေ့က မင်းရဲ့နိုက်ဂျူတီမလား..."

" ကျွန်တော် အခုပဲ ပြန်သွားတော့မှာ... ဒါဆို ဉက္ကဌကြီး... ကျွန်တော်သွားလိုက်ဦးမယ်ဗျ.. နောက်နေ့မှ ထပ်လာခဲ့ပါမယ်..."

" ဟုတ်ပါပြီဗျာ... ဒီအဘိုးကြီးဆီကို ထပ်တော့လာပေးနော်... ဒေါက်တာ.."

" ဟုတ်ကဲ့... စိတ်ချပါဗျ... "

ဉက္ကဌကြီးသည် ရာထူးဂုဏ်ဒြပ်များကိုဖယ်ရှားလိုက်လျှင် ရင်းနှီးလွယ်သည့်အဘိုးတစ်ဦးလိုမျိုး လူတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတတ်၍ အကြောင်းသိသည့်ပတ်ဝန်းကျင်ကသူမှန်သမျှတိုင်းက ချစ်ခင်လေးစားကြသည် ။
ထိုအထဲမှာ ထယ်ယောင်းလည်း အပါအဝင်ဖြစ်ကာ ဉက္ကဌကြီးကို နှုတ်ဆက်ပြီးသည်နှင့် အရေးပေါ်ဌာနကို ပြန်ဆင်းလာခဲ့သည် ။

" ဒေါက်တာကင်မ်... နားနေခန်းက စားပွဲပေါ်မှာ... ဒေါက်တာ့အတွက် သီးသန့်ဖယ်ထားပေးတယ်နော်.. သုံးဆောင်လိုက်ပါဦး..."

" အော.. တစ်ခုခုထူးရင်.. ကျွန်တော့်ကိုလှမ်းခေါ်လိုက်နော်.. ကျွန်တော် နားနေခန်းမှာပဲ ရှိနေမယ်..."

" ဟုတ်ကဲ့... ဒေါက်တာ..."

သူနာပြုလီကိုစကားပါးခဲ့ပြီးနောက် နားနေခန်းအတွင်းသို့ ဝင်လာခဲ့သည့်ထယ်ယောင်း ။
စားပွဲထက်တွင် ထယ်ယောင်းအတွက် သီးသန့်ခွဲပေးထားသည့် စားသောက်ဖွယ်ရာများကိုတွေ့သည့်အခါ ပင့်သက်လေးသာရှိုက်မိလိုက်သည် ။
အစောပိုင်းက ဗိုက်ဆာနေခဲ့သော်လည်း ယခုတွင်မူ စားချင်စိတ်ကုန်ခမ်းနေသည် ။
သို့သော်လည်း ဘဝသမားဖြစ်ခဲ့ဖူး၍ထင်၊ အစားအသောက်ကို အလေအလွင့်မဖြစ်စေဘဲ လေ့လာနေသည့် ဆေးပညာစာအုပ်တစ်အုပ်ကိုဖွင့်၍ စားသုံးလိုက်လေ့လာလိုက်နှင့် အချိန်ကုန်ဆုံးခဲ့တော့သည် ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

အဘွား၏နှစ်ပတ်လည်နေ့ဖြစ်၍ ဂျီမင်းနှင့်ဂျူတီချိန်းပြီး ဒေါ်လေး၏အိမ်သို့ခြေချခဲ့သည့်ထယ်ယောင်း ။
လက်ထဲတွင်တော့ အဘွား၏ကန်တော့ပွဲအတွက် စျေးအတွင်းမှ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လာသော သစ်သီးဝလံများကိုင်ဆောင်လာသည် ။

" ကျွန်တော် ရောက်လာပါပြီ... ဒေါ်လေး..."

" အေး... ဝင်ခဲ့... ဒီမှာ အကြော်ကြော်နေတာပြီးတော့မယ်... ကန်တော့ပွဲပြင်ဖို့လုပ်လိုက်တော့.."

ခပ်ကျဥ်းကျဥ်းဖွဲ့စည်းထားသည့်အိမ်လေးထဲ ဒေါ်လေးတို့မိသားစုဝင်များမှာ ဒေါ်လေးအပါအဝင်ငါးယောက်ရှိသည်ဖြစ်၍ ထယ်ယောင်းအတွက် အခန်းပိုမရှိခဲ့ပေ ။

ဒေါ်လေးနှင့်သူမ၏အမျိုးသားဖြစ်သူကတစ်ခန်း၊ အကြီးဆုံးသမီး ဂိုအွန်ဂျယ်နှင့် အငယ်ဆုံးသမီး ဂိုအွန်ဘီကတစ်ခန်း၊ သားလတ်ဖြစ်သည့် ဂိုဂျယ်မင်းကတစ်ခန်းဖြစ်ကာ အဘွားဆုံး၍ သူတို့ထံရောက်လာရသောထယ်ယောင်းနှင့် အခန်းမျှမသုံးချင်ခဲ့ပေ ။
ထို့အတွက် ထယ်ယောင်းမှာ ထပ်ခိုးက စတိုခန်းလေးကို ကျောတစ်နေရာစာရအောင်ရှင်း၍ နေခဲ့ရသည်ကိုမှတ်မိသေးသည် ။

အထက်တန်းနောက်ဆုံးနှစ်တစ်နှစ်သာ ဒေါ်လေးတို့မိသားစုနှင့်အတူနေခဲ့ကာ စာမေးပွဲကြီးပြီးဆုံးသည်နှင့် ထိုအိမ်ကထွက်လာခဲ့ပြီး အချိန်ပိုင်းအလုပ်နှင့် ကိုယ့်ဘဝကိုယ်စတင်ရပ်တည်ခဲ့သည် ။

အနောက်တိုင်းဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့်ထယ်ယောင်းသည် အဘွား၏ကန်တော့ပွဲကို ကိုးရီးယားရိုးရာဓလေ့အတိုင်း ကိုယ်တိုင်ကိုယ်ကျပြင်ဆင်ကာ ဒေါ်လေးကလည်းအနက်ရောင် အဝတ်အစားဝတ်ဆင်ထားလျက် ထယ်ယောင်းကိုကူပြင်ပေးသည် ။

အွန်ဂျယ်ကတော့ အလုပ်တစ်ဖက်နှင့်ဖြစ်၍ အိမ်မှာမရှိ၊ ဒေါ်လေး၏အမျိုးသားနှင့်အငယ်နှစ်ယောက်ကတော့ နဂိုတည်းက အဘွား၏ကန်တော့ပွဲကို သူတို့နှင့်မသက်ဆိုင်သလိုအရေးတယူမရှိသောကြောင့် ထယ်ယောင်းနှင့်ဒေါ်လေး နှစ်ယောက်သာရှိသည် ။

အဘွား၏ဓာတ်ပုံရှေ့မှောက် စားသောက်ဖွယ်ရာများ စုံစုံလင်လင်နှင့် ခင်းကျင်းထားရှိပြီး ရိုးရာအတိုင်း ကန်တော့ပြီးမှ ဆိုဂျူစောင်းငဲ့ထည့်ပေးလိုက်သည် ။

ဓာတ်ပုံမှန်ဘောင်ထဲက အဘွား၏အကြည့်နှင့်အပြုံးမှာ ထယ်ယောင်းကို နွေးထွေးစေတုန်းပင်ဖြစ်၍ ထယ်ယောင်းသည်ခပ်ရေးရေးပြုံးမိသွားရင်း အဘွားကိုတမ်းတလွမ်းဆွတ်သွားရသည် ။

" ဒီနေ့က... မင်းရဲ့အလုပ်လည်း အနားယူထားတာဆိုတော့... တစ်ခွက်လောက် သောက်ကြမလား..."

" ဟုတ်ကဲ့... ဒေါ်လေး...."

ထယ်ယောင်းက အရက်မသောက်နိုင်သော်လည်း ဒီလိုနေ့တိုင်း အဘွားကိုပို၍သတိရလွမ်းဆွတ်မိသည်ဖြစ်၍ ဒေါ်လေးနှင့်အတူ ဆိုဂျူသောက်ရန်ခေါင်းညိတ်သဘောတူလိုက်သည် ။

" ငါက... မင်းကို ကြည့်ရှုစောင့်ရှောက်ပေးရမှာကို.. ဒုက္ခတွေပဲပေးနေမိတယ်မလား..."

" အဲ့လိုမျိုး မဟုတ်ပါဘူး ဒေါ်လေး..."

ဒေါ်လေးက ထယ်ယောင်း၏ဆိုဂျူခွက်ထဲသို့ ဆိုဂျူလောင်းထည့်ပေးလာသဖြင့် ထယ်ယောင်းသည်တရိုတသေလက်ခံလိုက်သည် ။

" ငါ့ကိုယ်ငါလည်း... သိပါတယ်.. ဒါပေမယ့်... ထယ်ယောင်း... ငါ အဆုံးစွန်ထိ မျက်နှာပြောင်ပြောင်နဲ့ပဲမင်းကိုတောင်းဆိုတယ်... ကြင်ဖက်ဆိုတာမျိုးကို... မတွေးသေးပါနဲ့.. မင်းက ဆရာဝန်ဆိုတော့ မျက်စိကျတဲ့သူတွေက အရမ်းများလာတယ်လေ...ငါတို့အိမ်ရဲ့..အကြွေးလည်း ဆပ်ရဦးမှာမလား..."

" ကျွန်တော် နားလည်ပါတယ်... စိတ်မပူပါနဲ့ ဒေါ်လေး..."

ထယ်ယောင်း၏ဒေါ်လေးဖြစ်သူသည် ထယ်ယောင်းဆီကနေသူမ၏ရပိုင်ခွင့်များ ဆုံးရှုံးသွားမည်စိုး၍ မိန်းကလေးများနှင့်တွေ့ဆုံပတ်သက်မည်ကိုစိုးရိမ်နေခဲ့တာဖြစ်သည် ။

အနည်းဆုံးတော့ ထယ်ယောင်း ရွေးချယ်သည့်တစ်ဖက်မိန်းကလေးသည် သူတို့ကိုပါ ကြည့်ရှုပေးလောက်မည့် ပိုက်ဆံရှိအသိုင်းအဝိုင်းကသူဌေးသမီးဖြစ်ဖို့လိုသည် ။

" ဒီနေ့ကို ဒီမှာ အိပ်သွားလိုက်ပါလား... ဂျယ်မင်းရဲ့အခန်းကလွတ်တယ်..."

" တော်ပါပြီ... ဒေါ်လေး... မနက်က အလုပ်ပြန်ဝင်ဖို့လည်း ပြင်ရဦးမှာဆိုတော့ ကျွန်တော် တိုက်ခန်းပဲပြန်လိုက်မယ်..."

" အင်း.. ကောင်းကောင်းပြန်ဦး..."

" ဟုတ်ကဲ့...."

ဒေါ်လေး၏အိမ်ကနေပြန်ထွက်လာခဲ့သည့် လမ်းတစ်လျှောက် ထယ်ယောင်းသည် ဆိုဂျူသောက်ထားသည်ကြောင့် ခေါင်းထဲတရိပ်ရိပ်နှင့် မည်သည်ကိုစိတ်မောလို့စိတ်မောမှန်းမသိဘဲ ပင့်သက်သာအထပ်ထပ်အခါခါရှိုက်နေမိသည် ။

ဘတ်စ်ကားဂိတ်မှာ ကားစောင့်ရင်း အလုပ်ဆင်းချိန်ဖြစ်၍ ကားခုံက လူအပြည့်နီးပါးဖြစ်နေသည် ။
ထယ်ယောင်းသည် ခုံအလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ကာ နောက်မှလိုက်တက်လာသည့် စုံတွဲတစ်တွဲသည် တခြားခုံအလွတ်မရှိတော့သောကြောင့် ထယ်ယောင်းဘေးကခုံမှာ ယောက်ျားလေးကဝင်ထိုင်ရင်း ပေါင်ပေါ်မှာတော့ သူ့ကောင်မလေးကိုထိုင်ချစေလိုက်လျှင် ထယ်ယောင်းမှာ မျက်လုံးလေးပင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည် ။

ညနေစောင်းသာရှိသေးသော်လည်း ထယ်ယောင်းဆီကနေ ဆိုဂျူနံ့ရ၍ထင် ထိုစုံတွဲအမျိုးသားက မသင်္ကာဟန်ထယ်ယောင်းဘက်ကို လှည့်ကြည့်လာပြီး သူ့ကောင်မလေးကို ကာကွယ်လိုဟန်ပြနေသေးလျှင် ထယ်ယောင်းမှာ စိတ်ထဲအချဥ်ပေါက်သွားရသည် ။

ရှေ့မှတ်တိုင်သို့ရောက်မှ ထိုစုံတွဲက တစ်ယောက်၏လက်ကိုတစ်ယောက်တွဲရင်း ချစ်ချစ်ခင်ခင်ဟန်နှင့်ဆင်းသက်သွားကြသည်ကို ထယ်ယောင်းမှာ ဘာရယ်မဟုတ် ငေးကြည့်ကျန်ရစ်ရင်း ပင့်သက်ရှိုက်မိပြန်သည် ။

ဒီနေ့ကို အနည်းဆုံးတော့ ဝမ်းမနည်းချင်တာကို စိတ်ဓာတ်က ကျချင်နေသလိုပင်ခံစားနေရသည် ။

မိမိတို့၏တိုက်ခန်းနားက ဘတ်စ်ဂိတ်မှာဆင်းပြီးတိုက်ခန်းရှိရာသို့ တရွေ့ရွေ့နှင့် လျှောက်လမ်းလာခဲ့သည့်ထယ်ယောင်း ။

ထယ်ယောင်းတို့ပတ်ဝန်းကျင်နှင့် မအပ်စပ်လှသော အနက်ရောင်ဇိမ်ခံကားသည် ထယ်ယောင်းတို့၏တိုက်ခန်းရှေ့မှာ မိန့်မိန့်ကြီးနေရာယူနေသည့်အခါ သူ့၏ခြေလမ်းတို့မှာတန့်သွားလျက် မျက်ဝန်းအစုံကလည်း ဝိုင်းစက်သွားရသည် ။

နှစ်ယောက်မရှိနိုင်သည့် ထိုဇိမ်ခံကား၏ပိုင်ရှင်ဖြစ်သော အမျိုးသားသည် ကားကိုအမှီပြုလျက်ရပ်နေကာ လက်ကြားထဲစီးကရက်တစ်လိပ်ကိုညှပ်ထားလျက် ထယ်ယောင်းကိုတွေ့လျှင် ခါးဆတ်ခနဲမတ်သွားရပြီး အငွေ့တလူလူထွက်နေသည့် သူ့၏စီးကရက်ကိုင်ဆောင်ထားသောညာလက်လေးကို အနောက်ဘက်ဆီသို့မသိမသာဝှက်လိုက်သည်အား ထယ်ယောင်းမှာ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရလေ၏ ။
.
.
.
𝖬𝖺𝗋𝗋𝗂𝖾𝖽 𝖶𝗂𝗍𝗁 𝖠 𝖱𝗂𝖼𝗁 𝖬𝖺𝗇

𝖲𝖺𝗇𝖽𝗂 𝖡𝖾𝖺𝗋
𝖳𝖺𝖾𝗄𝗈𝗈𝗄 𝖬𝖺𝗄𝖾𝗌 𝖬𝖾 𝖧𝖺𝗉𝗉𝗒.

Continue Reading

You'll Also Like

510 79 20
Taekook / Vkook Top Tae Bottom Kook
351K 31.2K 32
~I Like Strawberry & You Like Coffee But I Want Our Lovestory Like a Sweet Strawberry~ Top-Kim Taehyung{Mg} Bottom-Jeon Jungkook{Jeon} Top-Min Yoongi...
57.9K 4.4K 61
αž•αŸ‚αž“αžŠαžΈαž€αŸ’αžšαž‘αžΆαž”αŸ‹αž…αžΆαž€αŸ‹ αž˜αž“αž»αžŸαŸ’αžŸαžŸαŸ’αž’αžΈαžαžΆαŸ†αž„αž–αžΈαž€αŸ†αž›αŸ„αŸ‡αž˜αž€αžŠαž›αŸ‹αž–αŸ„αŸ‡αž˜αŸ‰αžΆαž™αž€αžΌαž“αž”αŸ’αžšαžΆαŸ†αž αžΎαž™ αžšαž€αž”αŸ’αžšαž–αž“αŸ’αž’αž‡αžΆαž”αŸ‹αž›αžΆαž”αŸ‹αž“αž·αž„αž‚αŸαŸ‘αž€αŸαž‚αŸ’αž˜αžΆαž“ αž˜αž·αž“αž˜αŸ‚αž“αž›αŸ‚αž„αž›αŸ‡αž‘αŸ…αž―αžŽαžΆαž‘αŸ αž‚αžΊαž–αž½αž€αž‚αŸαž“αž·αž„αžŸαŸ’αž›αžΆαž”αŸ‹αžŠαŸ„αž™αž‚αŸ’αž˜αžΆαž“αž˜αžΌαž›αž αŸαžαž»αž“αŸ…αžŠαŸ‚αž›...
63K 8.6K 34
ApΓ³s a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da regiΓ£o do Caribe, Mon assume como capitΓ£ do navio Concorde. Bem qu...