ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

470K 80K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။

2.7K 454 19
By Jiji_laura

Unicode

အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။

[ဒါဆို.. အဲဒါက တကယ်ပဲ ရေခဲဝိညာဉ်ကြောင့်ပေါ့?]

လော့ယွီသည် ကုဖေးတိကို မျက်လုံးများကို လေးလေး နက်နက် စိုက်ကြည့်ပြီးနောက် အဖြေပြန်မပေးဘဲ လှည့်ထွက်သွားခဲ့သည်။

ကုဖေးတိသည် သက်ပြင်းသာ ချလိုက်ပြီး စုယန်အား ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ထားရင်း နွေးထွေးသော အတွင်းအားများကို လွှဲပြောင်းပေးနေလိုက်၏။

ကုဖေးတိသည် သူ့လက်ထဲရှိ ခန္ဓာကိုယ်လေးမှ
စူးစူးရှရှ အေးစက်နေသော လေထုကို ခံစားနေရပြီး အံမကြိတ်ဘဲ မနေနိုင်ပါချေ။

သူက ဆို့နင့်စွာ ပြောလိုက်သည်။

"......ကိုယ့်ကို ကယ်တင်ဖို့အတွက်နဲ့.. မင်းဘာလို့ ဒီလောက်တောင် အနစ်နာခံနေရတာလဲ?"

ထုံးစံအတိုင်း သူ အဖြေပြန်မရခဲ့ပါ။

သူက ခေါင်းငုံ့လိုက်ပြီး စုယန်၏လည်တိုင်၌ သူ၏ပါးပြင်ကို ဖိကပ်ထားလိုက်သည်။ သူ မျက်လုံးများကိုမှိတ်ထားပြီး လည်ချောင်းထဲရှိ
ငိုရှိုက်သံများကို မျိုချရန် ကြိုးစားလိုက်ပါ၏။

ညသည် တဖြည်းဖြည်း မှောင်လာခဲ့သည်။

ကောင်းကင်၌ လမရှိသလို တိမ်လွှာများကလည်း
ကြယ်များ၏ အလင်းရောင်ကို ဖုံးအုပ်ထားသောကြောင့် ပတ်ဝန်းကျင်ကို မှုန်ဝါးဝါးသာ
မြင်နိုင်သည်။

အချိန်ကာလတစ်ခု ကုန်လွန်သွားခဲ့ပြီးနောက်။

ရေပူစမ်းရေကန်ဘေးရှိ ဖယောင်းတိုင်မီးလေးသည် တဖျပ်ဖျပ်ခတ်ကာ ငြိမ်းကျသွားတော့၏။ ခြံဝင်းတစ်ခုလုံးလည်း အမှောင်ထုထဲသို့ နစ်မြုပ်သွားတော့သည်။

ကုဖေးတိသည် စုယန်နှင့်အတူ ပူပြင်းသော ရေပူစမ်းထဲ၌ ထိုင်ရင်း အသံတိတ်ကာ
မလှုပ်မယှက် ရှိနေခဲ့သည်။

အရှေ့ဘက်ကောင်းကင်ယံသည် တဖြည်းဖြည်း
ပြာမှိုင်းမှိုင်းဖြစ်လာသည်။ စုယန်၏ ခန္ဓာကိုယ်အပူချိန်နှင့် သွေးခုန်နှုန်းသည် နောက်ဆုံးတွင် တည်ငြိမ်သွားကာ အသက်အန္တရာယ် မရှိတော့ပေ။ သို့သော် သူနိုးထမလာသေးဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်၏။

ကုဖေးတိသည် တောင့်တင်းနေသော ခြေလက်များကို အနည်းငယ်ဆန့်ကာ စုယန်အား ရေကန်စပ်သို့ သယ်ဆောင်သွားခဲ့သည်။ ပြီးနောက်
စုယန်အားကမ်းစပ်၌ အဆင့်သင့် ပြင်ဆင်ထားသော စောင်တစ်ထည်ဖြင့် ထုပ်ပိုးပြီး အခန်းထဲသို့ ခေါ်ဆောင်သွားကာ ကုတင်ပေါ်၌ လဲလျောင်းစေသည်။

မနေ့ညက တစ်ညလုံး အခန်းကို အပူပေးထားခဲ့သောကြောင့် အခန်းတွင်း၌ ပူနွေးနေသေးလေသည်။ ကုဖေးတိသည် ထိုနွေးထွေးမှုကို အခွင့်ကောင်းယူကာ စုယန်အားခြောက်သွေ့သော အဝတ်အစားများ လဲလှယ်ပေးလိုက်ပြီး သူလဲ ဘေးတွင် အတူဝင်လှဲကာ နှစ်ယောက်စလုံးကို ထူထဲသော စောင်ဖြင့် ဖုံးအုပ်လိုက်သည်။

စုယန်ကို သူ့ရင်ခွင်ထဲ၌ ပွေ့ဖက်ထားရင်း
သူငြိမ်သက်စွာ အိပ်စက်နေသေးသည်ကို အတည်ပြုလိုက်၏။ ပြီးနောက် သူလဲ မျက်လုံးတွေကိုမှိတ်လိုက်ပြီး အသက်ရှုသံကို ဖြည်းညှင်းစွာ ဖြေလျှော့ကာ အိပ်စက်လိုက်ပါတော့၏။

***

စုယန်သည် ချောက်ကမ်းပါးများဖြင့် ဝန်းရံထားသော တောင်ထိပ်တစ်ခုတွင် ရပ်နေပြီး သူ့ခြေရင်းအောက်၌မူ အဆုံးမရှိသော ချောက်ကြီးတစ်ခုပင်။

သူသည် အနီရောင်ကို ၀တ်ဆင်ထားပြီး လက်ထဲတွင် ပါးလွှာသောဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ သူ၏ရှည်လျားသောဆံပင်နှင့် ၀တ်ရုံများသည် လေတိုက်၍ တဖျပ်ဖျပ် လွင့်မျောနေလေ၏။

အဝေး၌ ဓားခုတ်သံများကိုကြားနေရပြီး ဒေါသတကြီးနှင့် ရုန်းရင်းဆန်ခတ် အော်ဟစ်သံများကို ကြားနေရသည်။ သူ့မျက်နှာသည် ခံစားချက်အနည်းငယ်မျှပင် မရှိသလို ငြိမ်သက်နေ၏။

သူ၏အနောက်ဘက် မီတာအနည်းငယ် အကွာ၌ ပေါ့ပါးသော ခြေသံတစ်ခု ထွက်ပေါ်လာသည်။
စုယန်သည် ခေါင်းလှည့်ကာ ကြည့်လိုက်သည်။

ကုဖေးတိသည် အဖြူရောင်ကို ၀တ်ဆင်ထားပြီး
လေနှင့်မျက်နှာမူနေသော အစိမ်းရောင် ထင်းရှူးပင်တစ်ပင်ကဲ့သို့ ရပ်နေသည်။ သူ့မျက်လုံးများသည် ညကောင်းကင်ယံမှ
ကြယ်များကဲ့သို့ တလက်လက် တောက်ပနေပြီး သူ့အား စူးစူးစိုက်စိုက် ကြည့်နေလေ၏။

စုယန်က ပြုံးလျက် ပြောလိုက်သည်။

"မင်းရောက်လာပြီပဲ"

ကုဖေးတိက တိုးညှင်းသော အသံဖြင့်
ပြန်ဖြေသည်။

"ဟုတ်တယ်.. မင်းကိုသတ်ဖို့ ငါရောက်လာပြီ"

စုယန်၏ နှုတ်ခမ်းထောင့်များသည် အထက်သို့
ကွေးတက်သွားသည်။ သူက လက်ထဲရှိ ဓားကို
မြှောက်လိုက်ပြီး စိန်ခေါ်မှုကို လက်ခံကြောင်း
ပြသလိုက်၏။

"လာပါ"

ကုဖေးတိ၏ ခြေထောက်များသည် ပေါ့ပေါ့ပါးပါး ရွေ့လျားသွားပြီး နောက်အခိုက်အတန့်တွင်
ချွန်ထက်သောမြှားတစ်စင်းကဲ့သို့ စုယန်ဆီသို့
တိုးဝင်လာခဲ့သည်။ သူသည် 'သိမ်းငှက်နီတိမ်တိုက်' တိုက်ကွက်ဖြင့် စုယန်အား အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်လေ၏။

စုယန်သည် သူ့လက်ကို မြှောက်လိုက်ပြီး 'နတ်ကြာပွင့်ဓားသိုင်း'၏ 'ဝတ်မှုန်ဖူးပွင့်' ကိုသုံးကာ 'ရောင်စုံပြကွက်' ၊ 'သင်းကြိုင်သောပန်း‌မွှေးရနံ့' တို့နှင့်အတူ ပေါင်းစပ်ပြီး ပြန်လည်တိုက်ခိုက်လိုက်လေသည်။

ကုဖေးတိသည် ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်ရပြီးနောက် စုယန်ကို စိုက်ကြည့်ကာ ပြောလာ၏။

"မင်းကိုသတ်ဖို့အတွက် ငါ 'သိမ်းငှက်အမဲလိုက်ခြင်း'လို့ ခေါ်တဲ့ ဓားသိုင်းအသစ်ကို ဖန်တီးဖို့ နေ့ရောညပါ လုံ့လစိုက်ထုတ်ပြီး ကြိုးစားခဲ့ရတယ်.. ငါ့ကို ထုတ်ပြခွင့်ပြုပါ"

ထိုစကားကိုကြားသောအခါ စုယန် အံ့အားမသင့်ဘဲ မနေနိုင်ပါချေ။

မဟုတ်ဘူး မှားနေပြီ။

'သိမ်းငှက်အမဲလိုက်ခြင်း' က ဘယ်လိုဓားသိုင်းမျိုးလဲ?

ငါတစ်ခါမှတောင် မကြားဖူးခဲ့ဘူး။ ကုဖေးတိရဲ့
ဒဏ္ဍာရီလာ ဓားသိုင်းပညာတွေက 'စစ်မှန်သော
သိမ်းငှက်ဓား' နဲ့ 'ငန်းရိုင်းရဲ့အပြန်လမ်း'ပဲ မဟုတ်လား?

အနှီ 'သိမ်းငှက်အမဲလိုက်ခြင်း' ဟူသော သိုင်းပညာသည် ဇာတ်ညွှန်းထဲတွင်ပင် တစ်ကြိမ်တစ်ခါမျှ ပေါ်လာခဲ့ခြင်း မရှိပေ။

မျက်စိတမှတ်အတွင်းမှာပင် ကုဖေးတိသည် သားကောင်ဆီသို့ ထိုးဆင်းလာသော သိမ်းငှက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက်စွာ သူ၏
ရှေ့မှောက်သို့ တဟုန်ထိုး ရောက်လာခဲ့သည်။

"မီးတောက်လေမုန်တိုင်း!" သူ၏ ဓားရှည်သည် ကြမ်းတမ်းရက်စက်ပြီး ကိုယ်ကျိုးစွန့်ခြင်း လေထုကို သယ်ဆောင်လာသည်။

စုယန်သည် ၎င်းကိုခုခံရန်အတွက် 'ပန်းပျံဝဲဓားသိုင်း' ကို ပြောင်းလဲအသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်လည်း
ကုဖေးတိ၏ ဓားမှ ပြင်းထန်သော အတွင်းအားများသည် သူ့အား နောက်ပြန်ဆုတ်ရန် တွန်းအားပေးနေဆဲဖြစ်သည်။

ကုဖေးတိ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီးနောက် နောက်ထပ် လှုပ်ရှားမှုတစ်ခုဖြင့် ထပ်မံတိုက်ခိုက်လာပြန်သည်။

"ငှက်မွှေးနီတစ်ထောင်!"

ဓား၏ အရှိန်အဝါသည် စုယန်အား တခဏအတွင်း ဆုတ်ခွာရန် နေရာမရှိသည့် အခြေအနေရောက်သည်အထိ တွန်းပို့ခဲ့သည်။

စုယန်သည် ခဲရာခဲဆစ်ဖြင့် ထိုးနှက်ချက်ကို ရှောင်လိုက်ရလေ၏။ သူသည် အဆုံးတွင် သေဘေးကို ရှောင်ရှားနိုင်ခဲ့သော်လည်း လက်ရှိ သူရင်ဆိုင်နေရသည့်သူမှာ အလွန်အင်အားကြီးသော ပြိုင်ဘက်ဖြစ်ကြောင့် ဝန်ခံရပေမည်။

ရုတ်တရက် အေးစိမ့်သောလေထုသည် သူ့ရင်ဘတ်ထဲမှ ထိုးဖောက်လာပြီး စုယန်
မတုန်လှုပ်ဘဲ မနေနိုင်ပါချေ။

သူ၏ဆန့်ကျင်ဘက်တွင် ကုဖေးတိသည်
လက်မလျှော့သေးဘဲ ပြင်းထန်သောတိုက်ကွက်ဖြင့် ထပ်မံတိုးဝင်လာခဲ့သည်။

"ခိုင်မာသောမီး‌တောက်နှလုံးသား!" သူကိုင်ဆောင်ထားသော 'မြတ်နိုးမှုနှလုံးသား'ဓားရှည်သည် စုယန်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် တိုးဝင်လာခဲ့သည်။

စုယန်သည် သူ၏ အဆုံးမရှိသော အတွင်းအားကို တွန်းလှန်ရန် ကြိုးစားလိုက်သော်လည်း သူခန္ဓာကိုယ်ထဲရှိ ပြင်းထန်သော အအေးဓာတ်က သူ့အား စွမ်းဆောင်ရည် မဲ့သွားစေသည်။ နောက်ဆုံးတွင် ဓားသွားသည် သူ့ရင်ဘတ်ကို ဖြတ်ရှသွားတော့၏။ စုယန်သည် ညည်းတွားလိုက်ပြီး ပါးစပ်အတွင်းရှိ သွေးများကို မျိုချလိုက်သည်။

သို့သော် ကုဖေးတိ၏ လှုပ်ရှားမှုများမှာ မရပ်တန့်သေးချေ။

သူသည် ဓားရှည်ကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ပြီး ဆုံးဖြတ်ချက် ပြတ်သားသော မျက်လုံးများဖြင့် အံကို တင်းတင်းကြိတ်လိုက်ပါ၏။

"တောက်လောင်နေသောငှက်မွှေးပြာ!"

စုယန်၏လက်ထဲမှ ပါးလွှာသောဓားသည် တုန်ယင်နေခဲ့ပြီး သူ့မှာ ဓားကိုမြှောက်ပြီးခုခံရန်ပင် အင်အား မကျန်တော့ချေ။ မီးတောက်များဖြင့် လောင်ကျွမ်းနေသော ဓားရှည်သည် သူ၏ရင်ဘတ်ထဲသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်သွားတော့လေ၏။

စုယန်သည် ကုဖေးတိ၏မျက်နှာကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ကုဖေးတိ၏ အမူအရာမှာ လေးနက်နေခဲ့၏။
သူ့မျက်လုံးထဲတွင် အမုန်းတရားနှင့် ဒေါသများက ဖုံးမကွယ်နိုင်လောက်အောင် ထင်ရှားနေခဲ့သည်။

သို့သော် ဤခံစားချက်များအားလုံးသည် တခဏအတွင်း ချက်ချင်း အေးခဲသွားလေ၏... အချိန်တွေ ရပ်တန့်သွားသလိုပင်။

ထို့နောက်တွင် သူ့အမူအရာက တဖြည်းဖြည်း ရှုပ်ထွေးမှုအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

စုယန်သည် ခါးသီးသော အအေးဒဏ်၏ ဝါးမျိုခြင်းကို ခံစားနေရသည်။

သူသည် အလွန်အားစိုက်ထုတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များကို ကွေးကာ ကုဖေးတိအား ဝမ်းနည်းစွာ ပြုံးပြလိုက်ပါ၏။

သူ့စိတ်ထဲ၌ အသိပေးချက်တစ်ခုဝင်လာခဲ့သည်- နောက်ဆုံးတွင် ဇာတ်လမ်းဇာတ်ကြောင်းက နိဂုံးချုပ်သွားခဲ့လေပြီ။

သို့သော် 'ကဒ်' ဟု အော်မည့် ဒါရိုက်တာမှာ ရှိမနေခဲ့ပေ။

ကုဖေးတိသည် ‌ဖြည့်ညှင်းစွာ ပြိုလဲသွားသော
စုယန်ကို စိုက်ကြည့်နေခဲ့သည်။ ဒေါသများဖြင့် ပြည့်နှက်နေခဲ့သော သူ၏မျက်လုံးများက ယခုအခါတွင် ဆောက်တည်ရာမရ ဖြစ်လို့နေပေသည်။

သူ မသိစိတ်က ရှေ့ကိုတိုးကာ စုယန်အား ပွေ့ဖက်လိုက်လေ၏။

သူ၏လည်ချောင်းမှာ တဆတ်ဆတ်တုန်နေပြီး အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင်အက်ကွဲနေသော အသံဖြင့်
မေးလာခဲ့သည်။

"ဘာလို့လဲ... မင်းဘာလို့မတားခဲ့တာလဲ?"

သူ့မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်မှုသည် တဖြည်းဖြည်း ပြင်းထန်လာပြီး ရှုပ်ထွေးမှုများ
အဖြစ်သို့ ပြောင်းလဲသွားသည်။ ယခု သူ ဘာဆက်လုပ်ရမည်ကို မဝေခွဲတတ်တော့သည့်ပုံပင်။

သူက စုယန်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူ့ရင်ဘတ်၌ စိုက်ဝင်နေသောဓားကို ထုတ်ပေးချင်ပါသော်လည်း သူ တုံ့ဆိုင်းနေပြီး
မထုတ်ရဲခဲ့ပေ။

စုယန်သည် အအေးဒဏ်ကို အံတုရင်း သူ့ရှေ့၌ တဖြည်းဖြည်း မှုန်ဝါးလာပြီဖြစ်သော
ကုဖေးတိ၏ မျက်နှာကို ကြည့်နေခဲ့သည်။

သူက ပျော့ညံ့စွာ ပြုံးလိုက်လေ၏။

"... အားလုံးပြီးသွားပြီ"

ရိုက်ကူးရေးပြီးပြီဆိုတော့ ငါအိမ်ပြန်နိုင်ပြီ- ထိုအတွေးက သူ့စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း ပေါ်လာ၏။ စုယန်သည် ဤကဲ့သို့သာ ဖြစ်သင့်သည်ဟု အကြမ်းဖျင်းခံစားမိနေသည်။

ပူနွေးသော မျက်ရည်တစ်စက်သည် စုယန်၏
ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ကုဖေးတိက ရှိုက်ကြီးတငင်နှင့် ပြောလာ၏။

"..... မင်းဘာလို့ မတားခဲ့တာလဲ? မင်း......ငါ......ငါမင်းကိုမသေစေချင်ဘူး.....ငါမင်းကိုသတ်ဖို့တကယ်မရည်ရွယ်ခဲ့ဘူး...."

စုယန်သည် ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး အကြိမ်ပေါင်းများစွာ ချောင်းဆိုးလိုက်သည်။ သူက ပါးစပ်နှင့်နှာခေါင်းတို့မှ စိမ့်ထွက်နေသော သွေးနံ့ကို လျစ်လျူရှုကာ ပြောလိုက်လေ၏။

"မငိုပါနဲ့..."

သို့သော် ရုတ်တရက်ဆိုသလို စုယန်၏
ခေါင်းထဲ၌ ဤနေရာသည် ရိုက်ကွင်းတစ်ခုမဟုတ်ဟူသော အတွေးက ပျံ့နှံ့လာသည်။

ပတ်ဝန်းကျင်ရှိ အရာအားလုံးဟာ လက်တွေ့ဆန်လွန်းလှသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အေးစက်မှုကလည်း လက်တွေ့ဆန်လွန်းပြီး ကုဖေးတိ၏ ပွေ့ဖက်ထားခြင်းမှ ရရှိသော နွေးထွေးမှုမှာလည်း လက်တွေ့ဆန်လွန်းလှပါ၏။

ဟုတ်တယ်.. ဒီနေရာက ရိုက်ကွင်းတစ်ခုမဟုတ်ဘူး။ သူက ဇာတ်လမ်းထဲကို ဝိညာဉ်ကူးပြောင်းသွားခဲ့တာလေ...ဟုတ်တယ်မလား?

သူလုံးဝကို စိတ်ဓာတ်ကျသွားခဲ့သည်။

သေချာသည်မှာ သူတကယ်သေဆုံးရတော့မည်
ဆိုတာပင်။

စုယန်သည် လက်ကို မြှောက်ပြီး ကုဖေးတိ၏
မျက်နှာကိုထိဖို့ ခွန်အားမရှိတာကြောင့် သူနှင့်
အနီးစပ်ဆုံး လက်ချောင်းများကိုသာ
ဆုပ်ကိုင်နိုင်ခဲ့သည်။

"ငါသွားတော့မယ်နော်" သူက တိုးဖွစွာ ပြောလိုက်၏။ "ငါမသေပါဘူး... စိတ်မပူနဲ့ ငါမသေဘူး..."

ကုဖေးတိက စုယန်၏လက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ကိုင်ထား၏။

စုယန်က သူ့နှုတ်ခမ်းထောင့်ကို ပင့်ကာ ပြုံးလိုက်ပြီးမျက်လုံးများကိုမှိတ်ထားလိုက်သည်။

"ငါ.... တခြားကမ္ဘာတစ်ခုမှာ... ဆက်ပြီး အသက်ရှင်နေမယ်"

ကုဖေးတိက တုန်ယင်နေသော အသံဖြင့် ပြောလာသည်။

"မဟုတ်ဘူး!... မသွားပါနဲ့"

စုယန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဆို၏။

"မင်း ငါ့ကိုသေစေချင်နေတာ သိသာပါတယ်.. ဘာလို့ အခုလို ခေါင်းမာနေရတာလဲ?"

ကုဖေးတိက အံကြိတ်ပြီး ဒေါသ‌တထောင်းထောင်း ထွက်လာလေ၏။

"ကိုယ်မင်းကို ဘာလို့သတ်ရမှာလဲ? မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့။ ကိုယ်မင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ ပြောပါအုံး?"

စုယန်သည် စိတ်ကျဉ်းကျပ်လာပြီး ကုဖေးတိ
သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်မှာ သေချာသည်ဟု ခံစားလိုက်ရသည်။

သူက လက်ကို ဆန့်တန်းကာ တွန်းဖယ်ဖို့ ကြိုးစားလိုက်၏။

"..ငါ့ကိုလွှတ်"

သို့သော် နောက်တခဏမှာပင် သူ၏နှုတ်ခမ်းသည် ‌ပူပြင်းတောက်လောင်နေသော နှုတ်ခမ်းတစ်စုံဖြင့် ပိတ်ဆို့ခြင်းခံလိုက်ရလေသည်။

ဘေးပတ်ဝန်းကျင်ရှိ ချောက်များနှင့် တွင်းနက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အနမ်းသည် အမည်မသိနိုင်သော ဒေါသကို သယ်ဆောင်လာပြီး သိသိသာသာ ပြင်းထန်လာ၏။ စုယန်၏ နှုတ်ခမ်းများသည် ရက်စက်စွာ ဖိကိုက်ခြင်း ခံလိုက်ရပြီး တုန်လှုပ်ချောက်ချားစရာ အိပ်မက်ထဲမှ ထိထိရောက်ရောက် ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။

စုယန် အချိန်အနည်းငယ်ကြာ မူးဝေနေခဲ့သည်။ သူ အကြိမ်ကြိမ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် ကုဖေးတိအား တွန်းထုတ်နိုင်ခဲ့တော့သည်။

သူ အသက်ပြင်းပြင်း ရှူလိုက်မိ၏။

"မင်း...ငါ့ကိုကိုက်စားချင်နေတာလား?" သူက နှုတ်ခမ်းကိုသပ်ကာ သွေး၏အရသာကိုခံစားရင်း ကုဖေးတိအား အေးစက်စွာ ကြည့်လိုက်သည်။

ကုဖေးတိက စုယန်အား နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း အံကိုအကြိမ်အနည်းငယ် ကြိတ်လိုက်သည်။

"ဘာလို့ ဒီနေ့အထိ ကိုယ်မင်းကိုသတ်ချင်နေတယ်လို့ အိပ်မက်မက်နေရတာလဲ။ ကိုယ်မင်းကို ဘယ်လိုလုပ်သတ်နိုင်မှာလဲ....."

စုယန် တခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက် သူက နှုတ်ခမ်းကိုကွေးကာ ပြောလိုက်၏။

"ဒါကအိပ်မက်တစ်ခုဆိုတာ မင်းလဲသိပါတယ်။ ငါက ဘယ်လိုလုပ် အိပ်မက်ကို ထိန်းချုပ်နိုင်မှာလဲ?"

စုယန် ဇာတ်လမ်းအကြောင်းကို အိပ်မက်
မမက်သည်မှာ ကြာလေပြီ။ သူသည် မိစ္ဆာဂိုဏ်း၏ သခင်ငယ်က ကုဖေးတိ၏လက်ထဲ သေဆုံးသွားရမည်ဟူသော အဆုံးသတ်ရှိသည်ကိုပင် မေ့နေလေ၏။

ဒါဆို ဒီမြင်ကွင်းကို သူဘာလို့ အိပ်မက်ထပ်မက်ခဲ့တာလဲ?

မဟုတ်ဘူး.. မဟုတ်သေးဘူး။ သူ့အိမ်မက်ထဲမှာ ပေါ်လာတဲ့သူက ကုဖေးတိဖြစ်ပြီး တကယ့်ကမ္ဘာမှ သရုပ်ဆောင်မဟုတ်ပေ။ ထို့အပြင် ၎င်းသည်ဇာတ်ညွှန်းနှင့် ကွဲလွဲမှုများစွာရှိနေသည်.... ဆိုလိုသည်မှာ သူအိပ်မက်မက်သည်က ရိုက်ကူးရေးမဟုတ်ဘဲ ဤကမ္ဘာပေါ်ရှိ မိစ္ဆာဂိုဏ်း၏သခင်ငယ်၏ တကယ့်အဆုံးသတ်ဖြစ်နိုင်တာလား?

မကြာသေးခင်က အလွန်အမင်း စိတ်ပင်ပန်းနေခဲ့တာကြောင့် ဒီအိပ်မက်ကို မက်ခဲ့တာလား? ဒါမှမဟုတ် ဒီလောကရဲ့ စည်းမျဉ်းစည်းကမ်းတွေက သူ့ကို ရပ်မကြည့်နေနိုင်တော့ဘဲ မိစ္ဆာဂိုဏ်းက သခင်ငယ်ရဲ့ လမ်းကြောင်းအမှန်အတိုင်းလိုက်ဖို့ သတိပေးနေတာလား?

စုယန် အဖြေမရသေးခင် ကုဖေးတိက မေးစေ့ကို
ဆွဲကာ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းလိုက်ပြန်သည်။

"မင်းနေ့စဉ် တွေးနေတဲ့ အတွေးတွေက ညဘက်မှာ အိပ်မက်တွေ ဖြစ်လာလိမ့်မယ်" သူ့လေသံမှာ
ရှုပ်ထွေးနေပြီး ဝမ်းနည်းမှုလား နာကြည်းမှုလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါချေ။

"မင်းကိုယ့်ကို အမြဲကြောက်နေခဲ့တာလား? ကိုယ်တို့က ဒီအခြေအနေအထိ နီးကပ်နေတာတောင် ကိုယ်မင်းကို။သတ်မှာကို ကြောက်နေသေးတာလား?"

စုယန် "......"

သူက သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

"မင်းငါ့ကိုသတ်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ ဒါကအိပ်မက်တစ်ခု.. ဒါပါပဲ။ ပြီးတော့
ငါရေကန်ထဲမှာ မိကျောင်းတစ်ကောင်နဲ့ တွေ့ခဲ့တာကိုလဲ အိပ်မက်မက်ဖူးတယ်။ အဲ့ဒီအိပ်မက်တွေအတွက်က အကြောင်းပြချက်ရှိလို့လား?"

ကုဖေးတိသည် စုယန်ကို အချိန်အတော်ကြာ
စိုက်ကြည့်ပြီးနောက် လှဲလျောင်းကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ခဏတာ စဉ်းစားပြီးမှ သူက မေးလာ၏။

"မင်းကိုယ့်ကိုကြောက်တာမဟုတ်ရင် မင်း
သေသွားရမှာကိုကြောက်တာလား?

နောက်ဆုံးတွင် စုယန်သည် သူနှင့်ပြောဆိုဆက်ဆံရာတွင် အနည်းငယ် စိတ်မရှည်တော့ပေ။ သူက ကုဖေးတိ၏ ရင်ဘတ်ကို တွန်းကာ အဝေးကိုတွန်းဖယ်ရန် ကြိုးစားလိုက်၏။

တစ်ဖက်တွင်လည်း သူက မကျေမနပ် ညည်းညူလိုက်သေးသည်။

"မင်းက တော်တော့်ကို အကဲဆတ်တာပဲ။ ငါ မင်းကို လွယ်လွယ်နဲ့ သေမှာမဟုတ်ဘူးလို့ အရင်တုန်းက ပြောခဲ့တယ်လေ။ ဒီကျိန်စာက တကယ်ဖြစ်လာမှာ မဟုတ်ဘူး"

"ကျိန်စာက တကယ်ဖြစ်လာမှာ မဟုတ်ဘူးဆိုရင် ရေခဲဝိညာဉ်ကရော ဘယ်လိုလဲ?" ကုဖေးတိက ရုတ်တရက် မေးလာ၏။

စုယန် ချက်​ချင်း ထိတ်​လန့်​သွားခဲ့သည်​။

သူ ကုဖေးတိကို ကြည့်လိုက်ပြီး တံတွေးမျိုချမိ၏။

"မင်းဘာပြောတာလဲ? ရေ.. ရေ.. ရေခဲဝိညာဉ်က ဘာဖြစ်ရမှာလဲ?"

စုယန်က မသိဟန်ဆောင်ကာ မျက်လုံးလေးပြူးလျက် ကုဖေးတိကို စိုက်ကြည့်နေပြီး သူ အပြစ်မရှိကြောင်းကို သက်သေပြရန် ကြိုးစားနေလေသည်။

ကုဖေးတိက ဘာမှ ပြန်မပြောခဲ့ပေ။ သူက စုယန်ရဲ့ မျက်လုံးများကို တိတ်တဆိတ်သာ စိုက်ကြည့်နေခဲ့သည်။

စုယန်၏နှလုံးသည် ဒရမ်တစ်ခုလို ခုန်လှုပ်နေသော်လည်း ကုဖေးတိ၏ယုံကြည်မှုကို အနိုင်ရယူရန်အတွက် မျက်တောင်ပင်မခတ်ဘဲ တည်ငြိမ်
ဟန်ဆောင်နေခဲ့ပေသည်။

အချိန်ကြာမြင့်စွာ ကုန်လွန်သွားပြီးနောက်..

အဆုံးတွင် စုယန်သည် စိတ်ပိုင်းဆိုင်ရာ ဖိအားများနှင့်အတူ သူ့မျက်လုံးများ နာကျင်လာခြင်းကို မခံနိုင်တော့ဘဲ တိုက်ပွဲကို ရှုံးနိမ့်ခဲ့လေ၏။

စုယန် အလွန်စိတ်တိုသွားပြီး စောင်ကို ကန်ချကာ မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ကုဖေးတိကို လျစ်လျူရှုလိုက်သည်။

"ဒါဆို တကယ်ပဲ ရေခဲဝိညာဉ်ကြောင့်ပေါ့လေ?" ကုဖေးတိက တိုးလျစွာ မေးလာ၏။

"ရေခဲဝိညာဉ်နဲ့ ကြက်သွေးနီညှိုးနွမ်းခြင်းတို့က.... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အချင်းချင်း တွန်းလှန်နေကြတာလား?

စုယန် ပြန်မဖြေချင်သောကြောင့် အိပ်ချင်ယောင်သာ ဆောင်နေလိုက်သည်။

သိပ်မကြာခင်မှာပဲ ကုဖေးတိက သူ့ကို တင်းတင်းကျပ်ကျပ် ဖက်လာပြန်သည်။ ကုဖေးတိသည်
စုယန်၏လည်တိုင်တွင် သူ့မျက်နှာကို နစ်မြှုပ်ထား၏။

စုယန် သူ့အရေပြားပေါ်၌ ပူနွေးစိုစွတ်မှုကို ခံစားလိုက်ရပြီး သူ့နားရွက်များက ထိန်းမနိုင်သိမ်းမရ တိတ်တဆိတ် ငိုကြွေးနေသံကို ကြားလိုက်ရသည်။ သူ့ဘေးရှိ လူငယ်‌လေး၏ နွေးထွေးသော ခန္ဓာကိုယ်လေးသည် နှင်းမုန်တိုင်းများ၏ ဝန်းရံခြင်းကို ခံထားရသကဲ့သို့ တသိမ့်သိမ့် တုန်လှုပ်နေခဲ့ပါ၏။

_13.2.23

Thanks for reading ❣️

Zawgyi

အခန္း-၈၄ အိပ္က္မ်ားႏွင့္မွန္တရား

[ဒါဆို.. အဲဒါက တကယ္ပဲ ေရခဲဝိညာဥ္ေၾကာင့္ေပါ့?]

ေလာ့ယြီသည္ ကုေဖးတိကို မ်က္လုံးမ်ားကို ေလးေလး နက္နက္ စိုက္ၾကည့္ၿပီးေနာက္ အေျဖျပန္မေပးဘဲ လွည့္ထြက္သြားခဲ့သည္။

ကုေဖးတိသည္ သက္ျပင္းသာ ခ်လိဳက္ၿပီး စုယန္အား ပိုမိုတင္းၾကပ္စြာ ေပြ႕ဖက္ထားရင္း ေႏြးေထြးေသာ အတြင္းအားမ်ားကို လႊဲေျပာင္းေပးေနလိုက္၏။

ကုေဖးတိသည္ သူ႕လက္ထဲရွိ ခႏၶာကိုယ္ေလးမွ
စူးစူးရွရွ ေအးစက္ေနေသာ ေလထုကို ခံစားေနရၿပီး အံမႀကိတ္ဘဲ မေနနိုင္ပါေခ်။

သူက ဆို႔နင့္စြာ ေျပာလိုက္သည္။

"......ကိုယ့္ကို ကယ္တင္ဖို႔အတြက္နဲ႕.. မင္းဘာလို႔ ဒီေလာက္ေတာင္ အနစ္နာခံေနရတာလဲ?"

ထုံးစံအတိုင္း သူ အေျဖျပန္မရခဲ့ပါ။

သူက ေခါင္းငုံ႕လိုက္ၿပီး စုယန္၏လည္တိုင္၌ သူ၏ပါးျပင္ကို ဖိကပ္ထားလိုက္သည္။ သူ မ်က္လုံးမ်ားကိုမွိတ္ထားၿပီး လည္ေခ်ာင္းထဲရွိ
ငိုရွိုက္သံမ်ားကို မ်ိဳခ်ရန္ ႀကိဳးစားလိုက္ပါ၏။

ညသည္ တျဖည္းျဖည္း ေမွာင္လာခဲ့သည္။

ေကာင္းကင္၌ လမရွိသလို တိမ္လႊာမ်ားကလည္း
ၾကယ္မ်ား၏ အလင္းေရာင္ကို ဖုံးအုပ္ထားေသာေၾကာင့္ ပတ္ဝန္းက်င္ကို မႈန္ဝါးဝါးသာ
ျမင္နိုင္သည္။

အခ်ိန္ကာလတစ္ခု ကုန္လြန္သြားခဲ့ၿပီးေနာက္။

ေရပူစမ္းေရကန္ေဘးရွိ ဖေယာင္းတိုင္မီးေလးသည္ တဖ်ပ္ဖ်ပ္ခတ္ကာ ၿငိမ္းက်သြားေတာ့၏။ ၿခံဝင္းတစ္ခုလုံးလည္း အေမွာင္ထုထဲသို႔ နစ္ျမဳပ္သြားေတာ့သည္။

ကုေဖးတိသည္ စုယန္ႏွင့္အတူ ပူျပင္းေသာ ေရပူစမ္းထဲ၌ ထိုင္ရင္း အသံတိတ္ကာ
မလႈပ္မယွက္ ရွိေနခဲ့သည္။

အေရွ႕ဘက္ေကာင္းကင္ယံသည္ တျဖည္းျဖည္း
ျပာမွိုင္းမွိုင္းျဖစ္လာသည္။ စုယန္၏ ခႏၶာကိုယ္အပူခ်ိန္ႏွင့္ ေသြးခုန္ႏႈန္းသည္ ေနာက္ဆုံးတြင္ တည္ၿငိမ္သြားကာ အသက္အႏၲရာယ္ မရွိေတာ့ေပ။ သို႔ေသာ္ သူနိုးထမလာေသးဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနဆဲ ျဖစ္၏။

ကုေဖးတိသည္ ေတာင့္တင္းေနေသာ ေျခလက္မ်ားကို အနည္းငယ္ဆန႔္ကာ စုယန္အား ေရကန္စပ္သို႔ သယ္ေဆာင္သြားခဲ့သည္။ ၿပီးေနာက္
စုယန္အားကမ္းစပ္၌ အဆင့္သင့္ ျပင္ဆင္ထားေသာ ေစာင္တစ္ထည္ျဖင့္ ထုပ္ပိုးၿပီး အခန္းထဲသို႔ ေခၚေဆာင္သြားကာ ကုတင္ေပၚ၌ လဲေလ်ာင္းေစသည္။

မေန႕ညက တစ္ညလုံး အခန္းကို အပူေပးထားခဲ့ေသာေၾကာင့္ အခန္းတြင္း၌ ပူေႏြးေနေသးေလသည္။ ကုေဖးတိသည္ ထိုေႏြးေထြးမႈကို အခြင့္ေကာင္းယူကာ စုယန္အားေျခာက္ေသြ႕ေသာ အဝတ္အစားမ်ား လဲလွယ္ေပးလိုက္ၿပီး သူလဲ ေဘးတြင္ အတူဝင္လွဲကာ ႏွစ္ေယာက္စလုံးကို ထူထဲေသာ ေစာင္ျဖင့္ ဖုံးအုပ္လိုက္သည္။

စုယန္ကို သူ႕ရင္ခြင္ထဲ၌ ေပြ႕ဖက္ထားရင္း
သူၿငိမ္သက္စြာ အိပ္စက္ေနေသးသည္ကို အတည္ျပဳလိုက္၏။ ၿပီးေနာက္ သူလဲ မ်က္လုံးေတြကိုမွိတ္လိုက္ၿပီး အသက္ရႈသံကို ျဖည္းညွင္းစြာ ေျဖေလွ်ာ့ကာ အိပ္စက္လိုက္ပါေတာ့၏။

***

စုယန္သည္ ေခ်ာက္ကမ္းပါးမ်ားျဖင့္ ဝန္းရံထားေသာ ေတာင္ထိပ္တစ္ခုတြင္ ရပ္ေနၿပီး သူ႕ေျခရင္းေအာက္၌မူ အဆုံးမရွိေသာ ေခ်ာက္ႀကီးတစ္ခုပင္။

သူသည္ အနီေရာင္ကို ၀တ္ဆင္ထားၿပီး လက္ထဲတြင္ ပါးလႊာေသာဓားတစ္ေခ်ာင္းကို ကိုင္ေဆာင္ထားသည္။ သူ၏ရွည္လ်ားေသာဆံပင္ႏွင့္ ၀တ္႐ုံမ်ားသည္ ေလတိုက္၍ တဖ်ပ္ဖ်ပ္ လြင့္ေမ်ာေနေလ၏။

အေဝး၌ ဓားခုတ္သံမ်ားကိုၾကားေနရၿပီး ေဒါသတႀကီးႏွင့္ ႐ုန္းရင္းဆန္ခတ္ ေအာ္ဟစ္သံမ်ားကို ၾကားေနရသည္။ သူ႕မ်က္ႏွာသည္ ခံစားခ်က္အနည္းငယ္မွ်ပင္ မရွိသလို ၿငိမ္သက္ေန၏။

သူ၏အေနာက္ဘက္ မီတာအနည္းငယ္ အကြာ၌ ေပါ့ပါးေသာ ေျခသံတစ္ခု ထြက္ေပၚလာသည္။
စုယန္သည္ ေခါင္းလွည့္ကာ ၾကည့္လိုက္သည္။

ကုေဖးတိသည္ အျဖဴေရာင္ကို ၀တ္ဆင္ထားၿပီး
ေလႏွင့္မ်က္ႏွာမူေနေသာ အစိမ္းေရာင္ ထင္းရႉးပင္တစ္ပင္ကဲ့သို႔ ရပ္ေနသည္။ သူ႕မ်က္လုံးမ်ားသည္ ညေကာင္းကင္ယံမွ
ၾကယ္မ်ားကဲ့သို႔ တလက္လက္ ေတာက္ပေနၿပီး သူ႕အား စူးစူးစိုက္စိုက္ ၾကည့္ေနေလ၏။

စုယန္က ၿပဳံးလ်က္ ေျပာလိုက္သည္။

"မင္းေရာက္လာၿပီပဲ"

ကုေဖးတိက တိုးညွင္းေသာ အသံျဖင့္
ျပန္ေျဖသည္။

"ဟုတ္တယ္.. မင္းကိုသတ္ဖို႔ ငါေရာက္လာၿပီ"

စုယန္၏ ႏႈတ္ခမ္းေထာင့္မ်ားသည္ အထက္သို႔
ေကြးတက္သြားသည္။ သူက လက္ထဲရွိ ဓားကို
ျမႇောက္လိုက္ၿပီး စိန္ေခၚမႈကို လက္ခံေၾကာင္း
ျပသလိုက္၏။

"လာပါ"

ကုေဖးတိ၏ ေျခေထာက္မ်ားသည္ ေပါ့ေပါ့ပါးပါး ေ႐ြ႕လ်ားသြားၿပီး ေနာက္အခိုက္အတန႔္တြင္
ခြၽန္ထက္ေသာျမႇားတစ္စင္းကဲ့သို႔ စုယန္ဆီသို႔
တိုးဝင္လာခဲ့သည္။ သူသည္ 'သိမ္းငွက္နီတိမ္တိုက္' တိုက္ကြက္ျဖင့္ စုယန္အား အညွာအတာမဲ့စြာ တိုက္ခိုက္လိုက္ေလ၏။

စုယန္သည္ သူ႕လက္ကို ျမႇောက္လိုက္ၿပီး 'နတ္ၾကာပြင့္ဓားသိုင္း'၏ 'ဝတ္မႈန္ဖူးပြင့္' ကိုသုံးကာ 'ေရာင္စုံျပကြက္' ၊ 'သင္းႀကိဳင္ေသာပန္း‌ေမႊးရနံ႕' တို႔ႏွင့္အတူ ေပါင္းစပ္ၿပီး ျပန္လည္တိုက္ခိုက္လိုက္ေလသည္။

ကုေဖးတိသည္ ေျခလွမ္းႏွစ္လွမ္းဆုတ္လိုက္ရၿပီးေနာက္ စုယန္ကို စိုက္ၾကည့္ကာ ေျပာလာ၏။

"မင္းကိုသတ္ဖို႔အတြက္ ငါ 'သိမ္းငွက္အမဲလိုက္ျခင္း'လို႔ ေခၚတဲ့ ဓားသိုင္းအသစ္ကို ဖန္တီးဖို႔ ေန႕ေရာညပါ လုံ႕လစိုက္ထုတ္ၿပီး ႀကိဳးစားခဲ့ရတယ္.. ငါ့ကို ထုတ္ျပခြင့္ျပဳပါ"

ထိုစကားကိုၾကားေသာအခါ စုယန္ အံ့အားမသင့္ဘဲ မေနနိုင္ပါေခ်။

မဟုတ္ဘူး မွားေနၿပီ။

'သိမ္းငွက္အမဲလိုက္ျခင္း' က ဘယ္လိုဓားသိုင္းမ်ိဳးလဲ?

ငါတစ္ခါမွေတာင္ မၾကားဖူးခဲ့ဘူး။ ကုေဖးတိရဲ႕
ဒ႑ာရီလာ ဓားသိုင္းပညာေတြက 'စစ္မွန္ေသာ
သိမ္းငွက္ဓား' နဲ႕ 'ငန္းရိုင္းရဲ႕အျပန္လမ္း'ပဲ မဟုတ္လား?

အႏွီ 'သိမ္းငွက္အမဲလိုက္ျခင္း' ဟူေသာ သိုင္းပညာသည္ ဇာတ္ၫႊန္းထဲတြင္ပင္ တစ္ႀကိမ္တစ္ခါမွ် ေပၚလာခဲ့ျခင္း မရွိေပ။

မ်က္စိတမွတ္အတြင္းမွာပင္ ကုေဖးတိသည္ သားေကာင္ဆီသို႔ ထိုးဆင္းလာေသာ သိမ္းငွက္တစ္ေကာင္ကဲ့သို႔ လ်င္ျမန္သြက္လက္စြာ သူ၏
ေရွ႕ေမွာက္သို႔ တဟုန္ထိုး ေရာက္လာခဲ့သည္။

"မီးေတာက္ေလမုန္တိုင္း!" သူ၏ ဓားရွည္သည္ ၾကမ္းတမ္းရက္စက္ၿပီး ကိုယ္က်ိဳးစြန႔္ျခင္း ေလထုကို သယ္ေဆာင္လာသည္။

စုယန္သည္ ၎ကိုခုခံရန္အတြက္ 'ပန္းပ်ံဝဲဓားသိုင္း' ကို ေျပာင္းလဲအသုံးျပဳရန္မွတပါး ေ႐ြးခ်ယ္စရာ မရွိေတာ့ေပ။ သို႔ေသာ္လည္း
ကုေဖးတိ၏ ဓားမွ ျပင္းထန္ေသာ အတြင္းအားမ်ားသည္ သူ႕အား ေနာက္ျပန္ဆုတ္ရန္ တြန္းအားေပးေနဆဲျဖစ္သည္။

ကုေဖးတိ၏ မ်က္လုံးမ်ား အနည္းငယ္ က်ဥ္းေျမာင္းသြားၿပီးေနာက္ ေနာက္ထပ္ လႈပ္ရွားမႈတစ္ခုျဖင့္ ထပ္မံတိုက္ခိုက္လာျပန္သည္။

"ငွက္ေမႊးနီတစ္ေထာင္!"

ဓား၏ အရွိန္အဝါသည္ စုယန္အား တခဏအတြင္း ဆုတ္ခြာရန္ ေနရာမရွိသည့္ အေျခအေနေရာက္သည္အထိ တြန္းပို႔ခဲ့သည္။

စုယန္သည္ ခဲရာခဲဆစ္ျဖင့္ ထိုးႏွက္ခ်က္ကို ေရွာင္လိုက္ရေလ၏။ သူသည္ အဆုံးတြင္ ေသေဘးကို ေရွာင္ရွားနိုင္ခဲ့ေသာ္လည္း လက္ရွိ သူရင္ဆိုင္ေနရသည့္သူမွာ အလြန္အင္အားႀကီးေသာ ၿပိဳင္ဘက္ျဖစ္ေၾကာင့္ ဝန္ခံရေပမည္။

႐ုတ္တရက္ ေအးစိမ့္ေသာေလထုသည္ သူ႕ရင္ဘတ္ထဲမွ ထိုးေဖာက္လာၿပီး စုယန္
မတုန္လႈပ္ဘဲ မေနနိုင္ပါေခ်။

သူ၏ဆန႔္က်င္ဘက္တြင္ ကုေဖးတိသည္
လက္မေလွ်ာ့ေသးဘဲ ျပင္းထန္ေသာတိုက္ကြက္ျဖင့္ ထပ္မံတိုးဝင္လာခဲ့သည္။

"ခိုင္မာေသာမီး‌ေတာက္ႏွလုံးသား!" သူကိုင္ေဆာင္ထားေသာ 'ျမတ္နိုးမႈႏွလုံးသား'ဓားရွည္သည္ စုယန္၏ ရင္ဘတ္ဆီသို႔ တည့္တည့္မတ္မတ္ တိုးဝင္လာခဲ့သည္။

စုယန္သည္ သူ၏ အဆုံးမရွိေသာ အတြင္းအားကို တြန္းလွန္ရန္ ႀကိဳးစားလိုက္ေသာ္လည္း သူခႏၶာကိုယ္ထဲရွိ ျပင္းထန္ေသာ အေအးဓာတ္က သူ႕အား စြမ္းေဆာင္ရည္ မဲ့သြားေစသည္။ ေနာက္ဆုံးတြင္ ဓားသြားသည္ သူ႕ရင္ဘတ္ကို ျဖတ္ရွသြားေတာ့၏။ စုယန္သည္ ညည္းတြားလိုက္ၿပီး ပါးစပ္အတြင္းရွိ ေသြးမ်ားကို မ်ိဳခ်လိဳက္သည္။

သို႔ေသာ္ ကုေဖးတိ၏ လႈပ္ရွားမႈမ်ားမွာ မရပ္တန႔္ေသးေခ်။

သူသည္ ဓားရွည္ကို ေနာက္တစ္ႀကိမ္ ေဝ့ယမ္းလိုက္ၿပီး ဆုံးျဖတ္ခ်က္ ျပတ္သားေသာ မ်က္လုံးမ်ားျဖင့္ အံကို တင္းတင္းႀကိတ္လိုက္ပါ၏။

"ေတာက္ေလာင္ေနေသာငွက္ေမႊးျပာ!"

စုယန္၏လက္ထဲမွ ပါးလႊာေသာဓားသည္ တုန္ယင္ေနခဲ့ၿပီး သူ႕မွာ ဓားကိုျမႇောက္ၿပီးခုခံရန္ပင္ အင္အား မက်န္ေတာ့ေခ်။ မီးေတာက္မ်ားျဖင့္ ေလာင္ကြၽမ္းေနေသာ ဓားရွည္သည္ သူ၏ရင္ဘတ္ထဲသို႔ အရွိန္အဟုန္ျဖင့္ ထိုးေဖာက္သြားေတာ့ေလ၏။

စုယန္သည္ ကုေဖးတိ၏မ်က္ႏွာကိုၾကည့္ရန္ ေခါင္းကို ေမာ့လိုက္သည္။

ကုေဖးတိ၏ အမူအရာမွာ ေလးနက္ေနခဲ့၏။
သူ႕မ်က္လုံးထဲတြင္ အမုန္းတရားႏွင့္ ေဒါသမ်ားက ဖုံးမကြယ္နိုင္ေလာက္ေအာင္ ထင္ရွားေနခဲ့သည္။

သို႔ေသာ္ ဤခံစားခ်က္မ်ားအားလုံးသည္ တခဏအတြင္း ခ်က္ခ်င္း ေအးခဲသြားေလ၏... အခ်ိန္ေတြ ရပ္တန႔္သြားသလိုပင္။

ထို႔ေနာက္တြင္ သူ႕အမူအရာက တျဖည္းျဖည္း ရႈပ္ေထြးမႈအျဖစ္သို႔ ကူးေျပာင္းလာခဲ့သည္။

စုယန္သည္ ခါးသီးေသာ အေအးဒဏ္၏ ဝါးမ်ိဳျခင္းကို ခံစားေနရသည္။

သူသည္ အလြန္အားစိုက္ထုတ္လိုက္ၿပီး သူ၏ ႏႈတ္ခမ္းေထာင့္မ်ားကို ေကြးကာ ကုေဖးတိအား ဝမ္းနည္းစြာ ၿပဳံးျပလိုက္ပါ၏။

သူ႕စိတ္ထဲ၌ အသိေပးခ်က္တစ္ခုဝင္လာခဲ့သည္- ေနာက္ဆုံးတြင္ ဇာတ္လမ္းဇာတ္ေၾကာင္းက နိဂုံးခ်ဳပ္သြားခဲ့ေလၿပီ။

သို႔ေသာ္ 'ကဒ္' ဟု ေအာ္မည့္ ဒါရိုက္တာမွာ ရွိမေနခဲ့ေပ။

ကုေဖးတိသည္ ‌ျဖည့္ညွင္းစြာ ၿပိဳလဲသြားေသာ
စုယန္ကို စိုက္ၾကည့္ေနခဲ့သည္။ ေဒါသမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့ေသာ သူ၏မ်က္လုံးမ်ားက ယခုအခါတြင္ ေဆာက္တည္ရာမရ ျဖစ္လို႔ေနေပသည္။

သူ မသိစိတ္က ေရွ႕ကိုတိုးကာ စုယန္အား ေပြ႕ဖက္လိုက္ေလ၏။

သူ၏လည္ေခ်ာင္းမွာ တဆတ္ဆတ္တုန္ေနၿပီး အခ်ိန္အေတာ္ၾကာေအာင္ ႐ုန္းကန္ၿပီးေနာက္ ေနာက္ဆုံးတြင္အက္ကြဲေနေသာ အသံျဖင့္
ေမးလာခဲ့သည္။

"ဘာလို႔လဲ... မင္းဘာလို႔မတားခဲ့တာလဲ?"

သူ႕မ်က္လုံးထဲရွိ ထိတ္လန႔္တုန္လႈပ္မႈသည္ တျဖည္းျဖည္း ျပင္းထန္လာၿပီး ရႈပ္ေထြးမႈမ်ား
အျဖစ္သို႔ ေျပာင္းလဲသြားသည္။ ယခု သူ ဘာဆက္လုပ္ရမည္ကို မေဝခြဲတတ္ေတာ့သည့္ပုံပင္။

သူက စုယန္ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားၿပီး သူ႕ရင္ဘတ္၌ စိုက္ဝင္ေနေသာဓားကို ထုတ္ေပးခ်င္ပါေသာ္လည္း သူ တုံ႕ဆိုင္းေနၿပီး
မထုတ္ရဲခဲ့ေပ။

စုယန္သည္ အေအးဒဏ္ကို အံတုရင္း သူ႕ေရွ႕၌ တျဖည္းျဖည္း မႈန္ဝါးလာၿပီျဖစ္ေသာ
ကုေဖးတိ၏ မ်က္ႏွာကို ၾကည့္ေနခဲ့သည္။

သူက ေပ်ာ့ညံ့စြာ ၿပဳံးလိုက္ေလ၏။

"... အားလုံးၿပီးသြားၿပီ"

ရိုက္ကူးေရးၿပီးၿပီဆိုေတာ့ ငါအိမ္ျပန္နိုင္ၿပီ- ထိုအေတြးက သူ႕စိတ္ထဲ၌ ရွင္းရွင္းလင္းလင္း ေပၚလာ၏။ စုယန္သည္ ဤကဲ့သို႔သာ ျဖစ္သင့္သည္ဟု အၾကမ္းဖ်င္းခံစားမိေနသည္။

ပူေႏြးေသာ မ်က္ရည္တစ္စက္သည္ စုယန္၏
ပါးျပင္ေပၚသို႔ က်ဆင္းလာခဲ့သည္။

ကုေဖးတိက ရွိုက္ႀကီးတငင္ႏွင့္ ေျပာလာ၏။

"..... မင္းဘာလို႔ မတားခဲ့တာလဲ? မင္း......ငါ......ငါမင္းကိုမေသေစခ်င္ဘူး.....ငါမင္းကိုသတ္ဖို႔တကယ္မရည္႐ြယ္ခဲ့ဘူး...."

စုယန္သည္ ရင္ဘတ္ကို ဆုပ္ကိုင္လိုက္ၿပီး အႀကိမ္ေပါင္းမ်ားစြာ ေခ်ာင္းဆိုးလိုက္သည္။ သူက ပါးစပ္ႏွင့္ႏွာေခါင္းတို႔မွ စိမ့္ထြက္ေနေသာ ေသြးနံ႕ကို လ်စ္လ်ဴရႈကာ ေျပာလိုက္ေလ၏။

"မငိုပါနဲ႕..."

သို႔ေသာ္ ႐ုတ္တရက္ဆိုသလို စုယန္၏
ေခါင္းထဲ၌ ဤေနရာသည္ ရိုက္ကြင္းတစ္ခုမဟုတ္ဟူေသာ အေတြးက ပ်ံ့ႏွံ႕လာသည္။

ပတ္ဝန္းက်င္ရွိ အရာအားလုံးဟာ လက္ေတြ႕ဆန္လြန္းလွသည္။ သူ႕ခႏၶာကိုယ္ထဲရွိ ေအးစက္မႈကလည္း လက္ေတြ႕ဆန္လြန္းၿပီး ကုေဖးတိ၏ ေပြ႕ဖက္ထားျခင္းမွ ရရွိေသာ ေႏြးေထြးမႈမွာလည္း လက္ေတြ႕ဆန္လြန္းလွပါ၏။

ဟုတ္တယ္.. ဒီေနရာက ရိုက္ကြင္းတစ္ခုမဟုတ္ဘူး။ သူက ဇာတ္လမ္းထဲကို ဝိညာဥ္ကူးေျပာင္းသြားခဲ့တာေလ...ဟုတ္တယ္မလား?

သူလုံးဝကို စိတ္ဓာတ္က်သြားခဲ့သည္။

ေသခ်ာသည္မွာ သူတကယ္ေသဆုံးရေတာ့မည္
ဆိုတာပင္။

စုယန္သည္ လက္ကို ျမႇောက္ၿပီး ကုေဖးတိ၏
မ်က္ႏွာကိုထိဖို႔ ခြန္အားမရွိတာေၾကာင့္ သူႏွင့္
အနီးစပ္ဆုံး လက္ေခ်ာင္းမ်ားကိုသာ
ဆုပ္ကိုင္နိုင္ခဲ့သည္။

"ငါသြားေတာ့မယ္ေနာ္" သူက တိုးဖြစြာ ေျပာလိုက္၏။ "ငါမေသပါဘူး... စိတ္မပူနဲ႕ ငါမေသဘူး..."

ကုေဖးတိက စုယန္၏လက္ကို တင္းတင္းက်ပ္က်ပ္ ျပန္ဆုပ္ကိုင္ထား၏။

စုယန္က သူ႕ႏႈတ္ခမ္းေထာင့္ကို ပင့္ကာ ၿပဳံးလိုက္ၿပီးမ်က္လုံးမ်ားကိုမွိတ္ထားလိုက္သည္။

"ငါ.... တျခားကမာၻတစ္ခုမွာ... ဆက္ၿပီး အသက္ရွင္ေနမယ္"

ကုေဖးတိက တုန္ယင္ေနေသာ အသံျဖင့္ ေျပာလာသည္။

"မဟုတ္ဘူး!... မသြားပါနဲ႕"

စုယန္က ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး ဆို၏။

"မင္း ငါ့ကိုေသေစခ်င္ေနတာ သိသာပါတယ္.. ဘာလို႔ အခုလို ေခါင္းမာေနရတာလဲ?"

ကုေဖးတိက အံႀကိတ္ၿပီး ေဒါသ‌တေထာင္းေထာင္း ထြက္လာေလ၏။

"ကိုယ္မင္းကို ဘာလို႔သတ္ရမွာလဲ? မင္း အဓိပၸာယ္မရွိတာေတြ ေလွ်ာက္ေျပာမေနနဲ႕။ ကိုယ္မင္းကို ဘယ္လိုလုပ္ သတ္နိုင္မွာလဲ ေျပာပါအုံး?"

စုယန္သည္ စိတ္က်ဥ္းက်ပ္လာၿပီး ကုေဖးတိ
သူ႕ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားသည္မွာ ေသခ်ာသည္ဟု ခံစားလိုက္ရသည္။

သူက လက္ကို ဆန႔္တန္းကာ တြန္းဖယ္ဖို႔ ႀကိဳးစားလိုက္၏။

"..ငါ့ကိုလႊတ္"

သို႔ေသာ္ ေနာက္တခဏမွာပင္ သူ၏ႏႈတ္ခမ္းသည္ ‌ပူျပင္းေတာက္ေလာင္ေနေသာ ႏႈတ္ခမ္းတစ္စုံျဖင့္ ပိတ္ဆို႔ျခင္းခံလိုက္ရေလသည္။

ေဘးပတ္ဝန္းက်င္ရွိ ေခ်ာက္မ်ားႏွင့္ တြင္းနက္မ်ားသည္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။ အနမ္းသည္ အမည္မသိနိုင္ေသာ ေဒါသကို သယ္ေဆာင္လာၿပီး သိသိသာသာ ျပင္းထန္လာ၏။ စုယန္၏ ႏႈတ္ခမ္းမ်ားသည္ ရက္စက္စြာ ဖိကိုက္ျခင္း ခံလိုက္ရၿပီး တုန္လႈပ္ေခ်ာက္ခ်ားစရာ အိပ္မက္ထဲမွ ထိထိေရာက္ေရာက္ ဆြဲထုတ္ျခင္းကို ခံလိုက္ရေလသည္။

စုယန္ အခ်ိန္အနည္းငယ္ၾကာ မူးေဝေနခဲ့သည္။ သူ အႀကိမ္ႀကိမ္ ႀကိဳးစားၿပီးေနာက္ ေနာက္ဆုံးတြင္ ကုေဖးတိအား တြန္းထုတ္နိုင္ခဲ့ေတာ့သည္။

သူ အသက္ျပင္းျပင္း ရႉလိုက္မိ၏။

"မင္း...ငါ့ကိုကိုက္စားခ်င္ေနတာလား?" သူက ႏႈတ္ခမ္းကိုသပ္ကာ ေသြး၏အရသာကိုခံစားရင္း ကုေဖးတိအား ေအးစက္စြာ ၾကည့္လိုက္သည္။

ကုေဖးတိက စုယန္အား နီရဲေနသည့္ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ရင္း အံကိုအႀကိမ္အနည္းငယ္ ႀကိတ္လိုက္သည္။

"ဘာလို႔ ဒီေန႕အထိ ကိုယ္မင္းကိုသတ္ခ်င္ေနတယ္လို႔ အိပ္မက္မက္ေနရတာလဲ။ ကိုယ္မင္းကို ဘယ္လိုလုပ္သတ္နိုင္မွာလဲ....."

စုယန္ တခဏမွ် ၿငိမ္သက္သြားသည္။ ထို႔ေနာက္ သူက ႏႈတ္ခမ္းကိုေကြးကာ ေျပာလိုက္၏။

"ဒါကအိပ္မက္တစ္ခုဆိုတာ မင္းလဲသိပါတယ္။ ငါက ဘယ္လိုလုပ္ အိပ္မက္ကို ထိန္းခ်ဳပ္နိုင္မွာလဲ?"

စုယန္ ဇာတ္လမ္းအေၾကာင္းကို အိပ္မက္
မမက္သည္မွာ ၾကာေလၿပီ။ သူသည္ မိစာၦဂိုဏ္း၏ သခင္ငယ္က ကုေဖးတိ၏လက္ထဲ ေသဆုံးသြားရမည္ဟူေသာ အဆုံးသတ္ရွိသည္ကိုပင္ ေမ့ေနေလ၏။

ဒါဆို ဒီျမင္ကြင္းကို သူဘာလို႔ အိပ္မက္ထပ္မက္ခဲ့တာလဲ?

မဟုတ္ဘူး.. မဟုတ္ေသးဘူး။ သူ႕အိမ္မက္ထဲမွာ ေပၚလာတဲ့သူက ကုေဖးတိျဖစ္ၿပီး တကယ့္ကမာၻမွ သ႐ုပ္ေဆာင္မဟုတ္ေပ။ ထို႔အျပင္ ၎သည္ဇာတ္ၫႊန္းႏွင့္ ကြဲလြဲမႈမ်ားစြာရွိေနသည္.... ဆိုလိုသည္မွာ သူအိပ္မက္မက္သည္က ရိုက္ကူးေရးမဟုတ္ဘဲ ဤကမာၻေပၚရွိ မိစာၦဂိုဏ္း၏သခင္ငယ္၏ တကယ့္အဆုံးသတ္ျဖစ္နိုင္တာလား?

မၾကာေသးခင္က အလြန္အမင္း စိတ္ပင္ပန္းေနခဲ့တာေၾကာင့္ ဒီအိပ္မက္ကို မက္ခဲ့တာလား? ဒါမွမဟုတ္ ဒီေလာကရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြက သူ႕ကို ရပ္မၾကည့္ေနနိုင္ေတာ့ဘဲ မိစာၦဂိုဏ္းက သခင္ငယ္ရဲ႕ လမ္းေၾကာင္းအမွန္အတိုင္းလိုက္ဖို႔ သတိေပးေနတာလား?

စုယန္ အေျဖမရေသးခင္ ကုေဖးတိက ေမးေစ့ကို
ဆြဲကာ ႏႈတ္ခမ္းကို ျပင္းျပင္းထန္ထန္ နမ္းလိုက္ျပန္သည္။

"မင္းေန႕စဥ္ ေတြးေနတဲ့ အေတြးေတြက ညဘက္မွာ အိပ္မက္ေတြ ျဖစ္လာလိမ့္မယ္" သူ႕ေလသံမွာ
ရႈပ္ေထြးေနၿပီး ဝမ္းနည္းမႈလား နာၾကည္းမႈလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရပါေခ်။

"မင္းကိုယ့္ကို အၿမဲေၾကာက္ေနခဲ့တာလား? ကိုယ္တို႔က ဒီအေျခအေနအထိ နီးကပ္ေနတာေတာင္ ကိုယ္မင္းကို။သတ္မွာကို ေၾကာက္ေနေသးတာလား?"

စုယန္ "......"

သူက သက္ျပင္းခ်ကာ ျပန္ေျပာလိုက္သည္။

"မင္းငါ့ကိုသတ္မွာမဟုတ္ဘူးဆိုတာ ငါသိပါတယ္။ ဒါကအိပ္မက္တစ္ခု.. ဒါပါပဲ။ ၿပီးေတာ့
ငါေရကန္ထဲမွာ မိေက်ာင္းတစ္ေကာင္နဲ႕ ေတြ႕ခဲ့တာကိုလဲ အိပ္မက္မက္ဖူးတယ္။ အဲ့ဒီအိပ္မက္ေတြအတြက္က အေၾကာင္းျပခ်က္ရွိလို႔လား?"

ကုေဖးတိသည္ စုယန္ကို အခ်ိန္အေတာ္ၾကာ
စိုက္ၾကည့္ၿပီးေနာက္ လွဲေလ်ာင္းကာ သူ႕ရင္ခြင္ထဲသို႔ ဆြဲသြင္းလိုက္သည္။

ခဏတာ စဥ္းစားၿပီးမွ သူက ေမးလာ၏။

"မင္းကိုယ့္ကိုေၾကာက္တာမဟုတ္ရင္ မင္း
ေသသြားရမွာကိုေၾကာက္တာလား?

ေနာက္ဆုံးတြင္ စုယန္သည္ သူႏွင့္ေျပာဆိုဆက္ဆံရာတြင္ အနည္းငယ္ စိတ္မရွည္ေတာ့ေပ။ သူက ကုေဖးတိ၏ ရင္ဘတ္ကို တြန္းကာ အေဝးကိုတြန္းဖယ္ရန္ ႀကိဳးစားလိုက္၏။

တစ္ဖက္တြင္လည္း သူက မေက်မနပ္ ညည္းၫူလိုက္ေသးသည္။

"မင္းက ေတာ္ေတာ့္ကို အကဲဆတ္တာပဲ။ ငါ မင္းကို လြယ္လြယ္နဲ႕ ေသမွာမဟုတ္ဘူးလို႔ အရင္တုန္းက ေျပာခဲ့တယ္ေလ။ ဒီက်ိန္စာက တကယ္ျဖစ္လာမွာ မဟုတ္ဘူး"

"က်ိန္စာက တကယ္ျဖစ္လာမွာ မဟုတ္ဘူးဆိုရင္ ေရခဲဝိညာဥ္ကေရာ ဘယ္လိုလဲ?" ကုေဖးတိက ႐ုတ္တရက္ ေမးလာ၏။

စုယန္ ခ်က္​ခ်င္း ထိတ္​လန႔္​သြားခဲ့သည္​။

သူ ကုေဖးတိကို ၾကည့္လိုက္ၿပီး တံေတြးမ်ိဳခ်မိ၏။

"မင္းဘာေျပာတာလဲ? ေရ.. ေရ.. ေရခဲဝိညာဥ္က ဘာျဖစ္ရမွာလဲ?"

စုယန္က မသိဟန္ေဆာင္ကာ မ်က္လုံးေလးျပဴးလ်က္ ကုေဖးတိကို စိုက္ၾကည့္ေနၿပီး သူ အျပစ္မရွိေၾကာင္းကို သက္ေသျပရန္ ႀကိဳးစားေနေလသည္။

ကုေဖးတိက ဘာမွ ျပန္မေျပာခဲ့ေပ။ သူက စုယန္ရဲ႕ မ်က္လုံးမ်ားကို တိတ္တဆိတ္သာ စိုက္ၾကည့္ေနခဲ့သည္။

စုယန္၏ႏွလုံးသည္ ဒရမ္တစ္ခုလို ခုန္လႈပ္ေနေသာ္လည္း ကုေဖးတိ၏ယုံၾကည္မႈကို အနိုင္ရယူရန္အတြက္ မ်က္ေတာင္ပင္မခတ္ဘဲ တည္ၿငိမ္
ဟန္ေဆာင္ေနခဲ့ေပသည္။

အခ်ိန္ၾကာျမင့္စြာ ကုန္လြန္သြားၿပီးေနာက္..

အဆုံးတြင္ စုယန္သည္ စိတ္ပိုင္းဆိုင္ရာ ဖိအားမ်ားႏွင့္အတူ သူ႕မ်က္လုံးမ်ား နာက်င္လာျခင္းကို မခံနိုင္ေတာ့ဘဲ တိုက္ပြဲကို ရႈံးနိမ့္ခဲ့ေလ၏။

စုယန္ အလြန္စိတ္တိုသြားၿပီး ေစာင္ကို ကန္ခ်ကာ မ်က္လုံးေတြကို မွိတ္ထားလိုက္ၿပီး ကုေဖးတိကို လ်စ္လ်ဴရႈလိုက္သည္။

"ဒါဆို တကယ္ပဲ ေရခဲဝိညာဥ္ေၾကာင့္ေပါ့ေလ?" ကုေဖးတိက တိုးလ်စြာ ေမးလာ၏။

"ေရခဲဝိညာဥ္နဲ႕ ၾကက္ေသြးနီညွိုးႏြမ္းျခင္းတို႔က.... မင္းရဲ႕ ခႏၶာကိုယ္ထဲမွာ အခ်င္းခ်င္း တြန္းလွန္ေနၾကတာလား?

စုယန္ ျပန္မေျဖခ်င္ေသာေၾကာင့္ အိပ္ခ်င္ေယာင္သာ ေဆာင္ေနလိုက္သည္။

သိပ္မၾကာခင္မွာပဲ ကုေဖးတိက သူ႕ကို တင္းတင္းက်ပ္က်ပ္ ဖက္လာျပန္သည္။ ကုေဖးတိသည္
စုယန္၏လည္တိုင္တြင္ သူ႕မ်က္ႏွာကို နစ္ျမႇုပ္ထား၏။

စုယန္ သူ႕အေရျပားေပၚ၌ ပူေႏြးစိုစြတ္မႈကို ခံစားလိုက္ရၿပီး သူ႕နား႐ြက္မ်ားက ထိန္းမနိုင္သိမ္းမရ တိတ္တဆိတ္ ငိုေႂကြးေနသံကို ၾကားလိုက္ရသည္။ သူ႕ေဘးရွိ လူငယ္‌ေလး၏ ေႏြးေထြးေသာ ခႏၶာကိုယ္ေလးသည္ ႏွင္းမုန္တိုင္းမ်ား၏ ဝန္းရံျခင္းကို ခံထားရသကဲ့သို႔ တသိမ့္သိမ့္ တုန္လႈပ္ေနခဲ့ပါ၏။

_13.2.23

Thanks for reading ❣️

Continue Reading

You'll Also Like

1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
468K 48.8K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
16.7K 2.6K 18
သိတယ်မလား မရေးတော့ဝူး အင်တာနက်ရ‌နေသရွေ့ တစ်ရက်တစ်ပိုင်းပါပဲချင်
57.3K 8.7K 31
• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fan...