The Villain Dressed As a Litt...
By Mimosa2002
89.9K 15.5K 447
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46
Chapter -40.2
1.3K 241 10
By Mimosa2002
  သူပြောတဲ့ လူနည်းနည်းဆိုတာက ချင်ရှောင်းအား တပ်မထဲကလူတွေကို ပေးစေတာ မဟုတ်ဘဲ အပြင်မှာ ချင်ရှောင်နဲ့ရင်းနှီးတဲ့လူတွေဆို အဆင်ပြေသည်။
    ချင်ရှောင်း လင်ရှီး ဆိုလိုတာကို ချက်ချင်းနားလည်သည်။
    ဒါက သူ့ကိုတကယ်ချစ်မြတ်နိုးပြီး ကာကွယ်ချင်လို့ လင်ရှီး သူ့ကိုယ်ပိုင်ခွန်အားကို အသုံပြနေတယ်ဆိုတာ သူသိပါသည်။
    ဒါက လင်ရှီးရဲ့ အချစ်ကိုဖော်ပြတဲ့ နည်းလမ်းပင်။
    ချင်ရှောင်း လင်ရှီးကို ထွေးပွေ့လိုက်ပြီး သူ့ကို ရေချိုးခန်းတံခါးဆီ ဖိချကာ နမ်းပစ်လိုက်တော့သည်။
    လင်ရှီး ပူးပူးပေါင်းပေါင်းနဲ့ ခေါင်းကိုမော့ပေးလိုက်ပြီး သူ့ချစ်သူရဲ့ ပူနွေးတဲ့ ကျောပြင်ကိုဖက်ကာ မျက်လုံးကိုမှိတ်ရင်း တစ်ဖက်သူရဲ့ ချစ်ခြင်းအပြည့်နဲ့ ထိတွေ့မှုမှာ ပျော်၀င်နေတော့တယ်။
    ဒီ ပူလောင်နေတဲ့ စိတ်ဆန္ဒတွေ တဖြည်ဖြည်းနဲ့ ဆိုးရွားလာမှ ချင်ရှောင်းအရင်ဆုံး ရပ်လိုက်၏။
    သူ သူဆွဲထားတဲ့ လင်ရှီးရဲ့ အင်္ကျီကို လွှတ်ပေးလိုက်ပြီး လက်ရှီးရဲ့ ဆံပင်လေးကိုပွတ်သပ်လိုက်သည်။
    လင်ရှီးရဲ့ နှုတ်ခမ်းအစုံက သွေးလို နီတောက်နေ၏။
    နက်မှောင်တောက်ပတဲ့ မျက်၀န်အစုံမှာ အရည်လဲ့၊ ရွန်စိုးနေတာက ချင်ရှောင်းကို အနည်းငယ် ထပ်ပြီး ပြုစားခံရစေပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ချင်မိသွားသည်။
    လုပ်စရာကိစ္စရှိသေးတာကို တွေးမိတော့ ချင်ရှောင်း တလိပ်လိပ်နဲ့ တက်လာတဲ့ အပူလုံးကြီးကို ဖိနှိမ့်လိုက်ရ‌တော့သည်။
    စားသောက်စားပွဲပေါ် ပြန်သွားပြီး နှစ်ယောက်သား မနက်စာ ဆက်စားကြသည်။
    " ကိုယ် သူတို့ကို မင်းဆီ ဆက်သွယ်ခိုင်းလိုက်မယ် " ဒါပေါ့ လူတွေက စစ်တပ်‌ဆီကအပြင် တစ်ခြားအလုပ်တွေဆီကဆိုတာ ချင်ရှောင်းသိသည်လေ။
    ချင်ရှောင်းက ဖက်ဒရယ်ကို သစ္စာရှိပေမဲ့လည်း သူ့ရဲ့ ဩဇာလွှမ်းမိုးမှုကို မဖုံးကွယ်ထားပါချေ။
    သူစဉ်းစားထားတဲ့ လူနည်းနည်းက သူ့စိတ်ထဲမှာ သေချာပေါက် ယုံကြည်ရတဲ့သူတွေပင်။
    လင်ရှီးဆီ သူတို့ကိုဆက်သွယ်စေတာက ပိုကောင်းမယ်ဆိုတာ သူယုံကြည်၏။
    " ကျေးဇူးတင်ပါတယ် " လင်ရှီးနဲ့ ချင်ရှောင်း တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်လိုက်ကြသည်။
    ဒီကျေးဇူးတင်မှုက ထိခိုက်မှုဘေးအန္တရာယ် ခံစားနေရသော အဲ့ဒီရေသူတွေအတွက်ဖြစ်ပြီး သူကိုယ်တိုင်အတွက်မဟုတ်ပေ။
    ချင်ရှောင်း သူ့ကို အရမ်းမြတ်နိုးပြီး သူ့ရွေးချယ်မှုကိုလည်း ထောက်ပံ့ပေးသည့်အတွက် လင်ရှီး အလွန်ပျော်မိသည်။
    ချင်ရှောင်းနဲ့ ဆုံတွေ့ခဲ့ရတာ သူအရမ်းကံကောင်းတာပဲ။
    ထမင်းစားပြီးနောက် လင်ရှီး ချင်ရှောင်းကို တံခါးဆီ လိုက်ပို့သည်။
    ချင်ရှောင်းရဲ့ အင်္ကျီက ကော်လာကို သေသပ်အောင် လုပ်ပေးလိုက်၏။ ဒီမြင်ကွင်းက လင်ရှီးကို ဒီအိမ်ကြီးရဲ့ နောက်ထပ်အရှင်သခင်တစ်ယောက်လို ခံစားရစေသည်။
    နောက်တစ်နည်းပြောရရင် သူက တကယ်ကို နောက်ထပ်အိမ်ရှင် တစ်ယောက်ပဲလေ။
    ဘယ်ဥပဒေဆိုင်ရာ အာမခံချက်မှ မရှိပေမဲ့လည်း သူတို့ရဲ့ဆက်နွယ်မှုမှာ ဘာအာမခံချက်မှ မလိုတာကို လင်ရှီးသိပါသည်။
    " အိမ်ကိုစောစောပြန်လာနော် အရမ်းကြီး အလုပ်ကြိုးစားမနေနဲ့ " လင်ရှီး နူးနူးညံ့ညံ့လေးပြုံးလိုက်၏။
    သူမှီချလိုက်ပြီး ချင်ရှောင်းရဲ့ပါးကို နမ်းလိုက်သည်။
   တကယ်ကို 'မွ' ဆိုတဲ့အသံထွက်လာခဲ့၏။
    ချင်ရှောင်းကို လာကြိုတဲ့ ယာဉ်ပျံဘေးမှာ ရပ်နေတဲ့ အစောင့်က ခေါင်းဆောင်နဲ့ လင်ရှီး တံခါးမှာရှိနေပြီး ရုတ်တရက် လင်ရှီးက ချင်ရှောင်းကို နမ်းလိုက်တာကို မြင်လိုက်ရလေတယ်။
    အစောင့်တွေက အသံကိုကြားလိုက်ရတဲ့နောက် လုံး၀အံ့ဩသွားပုံပင်။ ဘယ်လိုပဲကြည့်ကြည့် ဒီလိုမြင်ကွင်းက သူတို့ရဲ့ ကိုယ်ကျိုးမဖက်၊ သံမျက်နှာဖုံးနဲ့ အအေးဓာတ်ထုတ်လွှတ်နေတတ်တဲ့ ခေါင်းဆောင်ဆီမှာ မဖြစ်သင့်ပေ။
    ဒါပေမဲ့လည်း ဒီလိုပဲ ဖြစ်သွားခဲ့တယ်။
    အစောင့်က ဒီလောကကြီးကို နည်းနည်းတောင် သံသယ၀င်လာပြီ။
    လင်ရှီးရဲ့အကြည့်တွေက ချင်ရှောင်းနောက်လိုက်သွားပြီး ချင်ရှောင်း ယာဉ်ပျံပေါ်တက်သွားတာကို ကြည့်နေလိုက်သည်။ ယာဉ်ပျံက လေထဲပျံတက်ကာ မြင်ကွင်းကနေပျောက်ကွယ်သွားမှာကို သိနေတာကြောင့် လင်ရှီး အခန်းကိုသာ လှည့်ပြန်သွားလိုက်၏။
    လင်ရှီး အထူးတလည် ကြည့်ခဲ့ရသော ကားနံပါတ်ပြားကို သူ့မှာ မှတ်ဉာဏ်ကောင်းတွေရှိတာကြောင့် စက္ကန့်ပိုင်းအတွင်း ရှင်းရှင်းလင်းလင်း မှတ်မိသည်။
    အခုတော့ ဘယ်သူက ကားကိုပိုင်တာ၊ ဘယ်သူကမောင်းတာနဲ့ ဘယ်နေရာကိုမောင်းသွားတာကိုသာ ရှာဖွေဖို့ လိုတော့သည်။ နောက်ပြီး ချင်ရှောင်းပြောတဲ့ လူတွေ သူ့ကိုဆက်သွယ်လာတာကို စောင့်ရပေမည်။
    အဲ့ဒီအချိန်ကျရင် ကုန်တင်ကားက လမ်းတစ်၀က်မှာတင် တားဆီးခြင်းခံရလိမ့်မည်။
   တားဆီးလို့ ရပ်တန့်သွားတဲ့နောက် ဘယ်နေရာမှာလဲဆိုတာကို သူတို့ထပ်ပြီးရှာဖို့လိုသည်။
    ဒီနောက်ဆက်တွဲ ကိစ္စတွေကို တစ်ချိန်ထဲမှာ စဉ်းစားပြီးနှင့်ပေပြီ။
    ထို့အပြင် တစ်ယောက် နှစ်ယောက်မဟုတ်ဘဲ 20ထက်ပိုတဲ့ရေသူတွေဟာ ဘယ်နေရာမှာပဲထားထား နည်းနည်းလေးဂရုမစိုက်မိရင်တောင် ‌လူတွေ‌ တွေ့သွားတာကို ခံရပေလိမ့်မည်။
    အကုန်လုံးကို ချင်ရှောင်းအိမ်မှာ လက်ခံထားဖို့ဆိုတာ မဖြစ်နိုင်ပါချေ။
    လင်ရှီး မျက်ခုံးအနည်းငယ် ကြုံ့လိုက်ပြီ ရုတ်တရက် မျက်လုံတွေ ‌လက်ကနဲ့ တောက်ပသွားသည်။
    အရင်က နေခဲ့ဖူးတဲ့ တစ်နေရာကို သတိရသွား၏။
    အဲ့ဒီနေရာက ရေသူရောင်းချ‌တဲ့ နေရာဖြစ်ပေမဲ့လည်း သူဌေးက တကယ်ကို အတော်လေးကောင်းတဲ့လူတစ်ယောက်ပင်။
   ရေသူတွေကို ရောင်းချပြီး ပိုက်ဆံရှာနေပေမဲ့လည်း ရေသူတွေအပေါ် ရက်စက်တာ နှိပ်စက်တာတော့ မရှိဖူးပေ။
    ရေသူတစ်ယောက်စီတိုင်းက ကိုယ်ပိုင် ဖန်ကန်တွေရပြီး ရေကိုနေ့တိုင်း လဲပေးသည်။
    မသိတာက အဲ့ဒီမှာ ရေသူ20ကျော်အတွက် နေရာရှိပါ့မလားဆိုတာကိုပဲ။
    ရေသူတွေကို ရေသူ‌အရောင်းဆိုင်ပို့တာက လူတွေကို သံသယမဖြစ်စေပေ။
    သူကိုယ်တိုင် အတွက်ကတော့ လင်ရှီးအရှေ့ထွက်မှာ မဟုတ်ပေ။ သူ တစ်ခါထွက်လိုက်တာနဲ့ ဒီကိစ္စဟာ ချင်ရှောင်း‌နဲ့ ပတ်သတ်နေကြောင်း ဖော်ပြလိုက်သလိုဖြစ်သွားပေမည်။ ဒါ့အပြင် အခြားလူတွေက သူဌေးကို လာဆက်သွယ်နေပေလိမ့်မည်။
    ဒီလိုမျိုး လုံး၀လုံခြုံနေရပေမည်။ ပြသနာတစ်ခုခုပေါ်လာရင်တောင် သူ့ရဲ့ ကြိုမြင်နိုင်စွမ်းရည်က အကြပ်အတည်းကြားမှာ အလုပ်လုပ်နိုင်သေးသည်။
    တကယ်လို့ ဒီကိစ္စကိုပဲ လုပ်မည်ဆိုလျှင် လင်ရှီး ကူညီဖို့ အင်တာနက်မှာ တစ်ယောက်ယောက်ကိုရှာလိုက်မှာပင်။ လင်ရှီး ဒီ 20ထက်ပိုတဲ့ရေသူတွေကို ကယ်တင်ချင်ရုံသာမက ကူညီဖို့ သူ့ကို စောင့်‌ဆိုင်းနေတာအများကြီးရှိတာကို ရုတ်တရက်ခံစားလိုက်ရလို့ဖြစ်သည်။
 လင်ရှီး ရေသူတွေကို နှစ်သက်သည်။ သူတို့ဟာ နတ်ဘုရားတွေရဲ့ ချစ်ခင်မှုကိုခံ‌ရသော မျိုးစိတ်ဖြစ်ပြီး လူသားတွေရဲ့ တမင်သက်သက် နှိပ်စက် ထိပါးစော်ကားတာတွေကို မခံရသင့်ဘူး။
  ထို့ကြောင့် ယုံကြည်စိတ်ချရပြီး လုပ်နိုင်စွမ်းရှိကာ အမြဲတမ်း လက်တွဲနိုင်မည့် လူသားအချို့ကို သူရှာရပေမည်။
  ချင်ရှောင်း မိတ်ဆက်ပေးတဲ့ သူတွေက သင့်တော်တယ်ဆိုတာ လင်ရှီးသိသည်။
  ဖုန်းခေါ်ဆိုလာတာ အရမ်းမြန်ပြီး တစ်ဖက်လူရဲ့ မျက်နှာကို ဆက်သွယ်ရေးစက်ကနေ မြင်နိုင်သည်။
  မျက်နှာပါးပါး စူးရှတဲ့မျက်လုံးအစုံက ကောင်းမွန်တဲ့လေထုက တင်ကြပ်နေကြောင်း စခရင်ကိုဖြတ်ပြီး ခံစားရစေနိုင်၏။
  အချို့ကိစ္စတွေက ဆက်သွယ်ရေးစက်မှာ ပြောဖို့အဆင်မပြေတာကြောင့် လင်ရှီးနှင့်ထိုလူ အပြင်ကတစ်နေရာရာမှာဆုံကြမယ်ဆိုပြီး အချိန်နဲ့ နေရာကို စီစဉ်လိုက်သည်။
  ‌ခေါ်ဆိုမှု ပြတ်တောက်သွားပြီးနောက် လင်ရှီးကိုယ်ပေါ်မှာ ဘာပစ္စည်းမှမရှိတာကြောင့် ဘာမှမယူသွားတော့ချေ။
 ချင်ရှောင်း လင်ရှီးအတွက် အစောင့် 2ယောက်ချန်ထားပေးထားသည်။
   အစောင့်နှစ်ယောက်ခြံရံကာ လင်ရှီး အခြားယာဉ်ပျံပေါ်တက်ပြီး ဆက်သွယ်တဲ့သူနဲ့ တွေ့ဆုံရန် ထွက်သွားတော့သည်။
  အစောင့်တွေလည်း သူတို့ကိုယ်ပေါ်မှာ သိသာထင်ရှားတဲ့ ဖက်ဒရယ်စစ်၀တ်စုံအစား ပြောင်းလဲ၀တ်ဆင်ထားကြ၏။
  တွေဆုံမည့်နေရာက စမ်းချောင်းဘေးမှာဖြစ်ပြီး နေရာတစ်ခုလုံးက ခွေးတစ်ကောင်ကြောင်တစ်မြီးမှ မရှိပေ။ ပတ်ပတ်လည်မှာလည်း သစ်တောဖြင့် ၀န်ရံထားကာ အတော်လေးကို လျှို့ဝှက်လှ၏။
  ယာဉ်ပျံပေါ်က ဆင်းပြီးနောက် ခပ်လှမ်းလှမ်းကရေကန်ဘေးမှာ စောင့်နေတဲ့ လူတစ်ယောက်ကို လင်ရှီး တွေ့လိုက်ရသည်။
  ထိုလူက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် စမ်းချောင်းဘေးမှာ ‌ရပ်စောင့်နေပုံက မြဲမြဲမရပ်နိုင်ဘဲ ပြုတ်ကျသွားတော့မလို လူကိုခံစားရစေ၏။
    အစောင့်တွေနှင့်အတူ ရှေ့ကိုလျှောက်သွားလိုက်သည်။
  မတိုင်ခင်က ဖုန်းထဲမှာဆုံခဲ့ကြပေမဲ့ ခြေသံကြားလို့ လှည့်ကြည့်လိုက်‌တော့ ထိုလူက ရပ်နေပြီး မျက်လုံးတွေက လင်ရှီးရဲ့ မျက်နှာလေးပေါ် ခဏ‌မျှ ကျရောက်သွား၏။
  မျက်နှာလေးကို မြင်တော့ လင်ရှီးက လူသားမဟုတ်ဘဲ ရေသူဆိုတာ ထိုလူသိလိုက်ရသည်။
  ထိုလူက လင်ရှီဆီ လက်ဆန့်ပေးကာ : 
  " ဟဲလို ကိုယ်က ခန်းမင်ပါ "
   လင်ရှီး ထိုလူကို ပြန်လက်ဆွဲနှုတ်ဆက်ပြီး ယဉ်ယဉ်ကျေးကျေး မဆိုဘဲ :
   " လင်ရှီး "
    " မင်းက ရေသူလား? " သူ့အသံက အလွန်သေချာနေ၏။ 
   " ဟုတ်တယ် " 
   " ကိုယ် ထူးဆန်းတယ်လို့ခံစားရလို့ပါ၊ လူသားဆိုရင် မဖြစ်နိုင်. . . . " ဘယ်လိုမဖြစ်နိုင်ဘူးလဲ ဆိုတာကိုတော့ ခန်းမင် ရှင်းရှင်းမပြောပေ။
    လင်ရှီးရဲ့ နှုတ်ခမ်းထောင့်တွေက အပြုံးတစ်ခု ချိတ်ဆွဲသွားပြီး ချက်ချင်း ပြန်ပျောက်ကွယ်သွား၏။
   " ကားကို ပြန်ပေးဆွဲပြီး ရေသူတွေကို လုတဲ့အခါ ခင်ဗျား ကျွန်တော့ရဲ့အချက်အလက်တွေကို မဖွင့်ချဖို့မျှော်လင့်ပါတယ် ဒီလောက်တော့ဖြစ်တယ်မလား " 
   " ရပါတယ်၊ သေချာပေါက်ရတာပေါ့ " 
   " ၀န်ဆောင်ခကိုတော့ ခင်ဗျား ဈေးနှုန်းတစ်ခု စ ပြောကြည့်ပါ "
  လူတွေကို ကူညီစေချင်ရင် ချင်ရှောင်းက မိတ်ဆက်ပေးထားရင်တောင် ၀န်ဆောင်ခ ပေး‌‌ရန်လိုအပ်ဆဲ ဖြစ်ကာ လူအင်အားနဲ့ ပစ္စည်းအရင်းအမြစ်တွေအတွက် စရံပေးရန်လိုအပ်သည်။
    ခန်းမင်က လင်ရှီးကို နံပါတ်တစ်ခု တင်လာပြီး အဲ့တာက လင်းရှီးမျှော်လင့်ထားတာထက် နိမ့်နေသည်။
   " ရေသူတွေ မှောင်ခိုပို့ခံရမယ်ဆိုတာ မင်းဘယ်လိုသိလဲလို့ မေးလို့ရလား " ဒီကိစ္စကို ခန်းမင် အနည်းငယ်စပ်စုမိ၏။
    လင်ရှီး ခန်းမင်ကို ကြည့်ပြီး ပြုံးလိုက်သည်။ အပြုံက နွေးထွေးမနေပေ။ လင်ရှီးမှာ အားမနည်းတဲ့ အရှိန်အဝါရှိနေတာကို ခန်းမင်မြင်လိုက်ရသည်။
   တကယ်တမ်း ဒီလိုမျိုးက မွေးရာပါဖြစ်တာကြောင့် ခန်းမင်ရဲ့ အသွင်ပြင်ကို တည်ကြည်သွားစေပြီ ကိစ္စအချို့ကို နားလည်မှုလွဲသွားတာ ဖြစ်မယ်ဟု သူ့ဖာသာ သူတွေးနေခဲ့၏။
#5.2.2023
ငါးပိုင်းပါရှင် အကြွေးဆပ်တာရောဘာရောပါ😗😗
အလစ်တဲလေးနောက်ကျရင်လည်းခွင့်လွှတ်ကြပါဦး၊ ဟိုတစ်ယောက်နေတဲ့ဘက်မှာအခြေအနေမကောင်းလို့ပါနော်🤗🤗
Zawgyi.....