The Villain Dressed As a Litt...
By Mimosa2002
90.2K 15.5K 447
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More
Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46
Chapter -40.1
1K 213 2
By Mimosa2002
လင်ရှီး အချို့သောအရာတွေကို လုပ်ရလိမ့်လို့ မထင်ထားခဲ့မိဘူး။
အဘယ်ကြောင့်ဆိုသော် သူ အချိန်ခရီးသွားလာပြီး သူ့ခန္ဓာကိုယ်က ရေသူဖြစ်နေပေမဲ့လည်း သူက လူ‌ဖြစ်နေဆဲဖြစ်ကြောင်း သတ်မှတ်ထားခဲ့လို့ပင်။
ရေသူအရောင်းဆိုင်ပဲဖြစ်ဖြစ် ချင်ရှောင်းရဲ့‌နေရာပဲဖြစ်ဖြစ်၊ ရေသူအရောင်းဆိုင်မှာ အပြင်ဘက် လွတ်လပ်ခွင့်ကို ကန့်သန့်ထားတာကလွဲရင် တကယ်ကို ဘယ်လူမဟုတ်တဲ့ဆက်ဆံမှုကိုမှ မလက်ခံခဲ့ရပေ။
ချင်ရှောင်ရဲ့ အိမ်ကိုလာမှ ဂရုစိုက် စောင့်ရှောင့်ပေးမှုကို လက်ခံခဲ့ရသည်။ အချို့သောလူ‌သားတွေတောင် မလိုအပ်တဲ့ အခြေအနေကို ရခဲ့တာဖြစ်နိုင်သည်။
အရင်က သူ လင်ကျင့်ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ သတ်မှတ်ထားတာကြောင့် ‌လင်ကျင့်အားရွေးချယ်ခဲ့၏။ လင်ကျင့်ဖြစ်လာတဲ့နောက် လူသားတစ်ယောက်ရဲ့ နှိပ်စက်နေတဲ့ ကြေကွဲဖွယ်ရာ မြင်ကွင်းကိုမြင်လိုက်ရတာ အပါအ၀င် သူကြောင့်သာမဟုတ်ရင် လင်ကျင့်သေချာပေါက် သေသွားနိုင်တယ်။
အဲ့ဒီအချိန်တုန်းက ဒီကမ္ဘာမှာ လင်ကျင့်လို တူညီတဲ့ အခြေအနေမျိုးနဲ့ ရေသူတွေ မနည်းနိုင်ဘူးဆိုတာ လင်ရှီးသိလိုက်ရသည်။ သူက လူယုတ်မာတွေနဲ့ မဆုံလိုက်ရဘူးဆိုပေမဲ့လည်း လူသားတွေက အမြဲတမ်း ရေသူတွေကို အိမ်မွေးတိရိစ္ဆာတွေလို ဆက်ဆံလေ့ရှိပေသည်။
ခွေးတွေ ကြောင်တွေလိုမျိုးပေါ့ ။ ပိုဈေးကြီးသွားတာပဲရှိတာ။
အဆုံးမှာတော့ အိမ်မွေးတိရိစ္ဆာလေးတွေပါပဲ။
အချို့သောလူတွေက ရေသူတွေကို ဖျော်ဖြေရေး ကျင်းပတဲ့နေရာတွေကိုတောင် ရောင်းချလေ့ရှိသည်။
များစွာသောလူတို့က အဲ့ဒီဈေးနှုန်းနဲ့ ရေသူတွေကို ၀ယ်ဖို့ မတတ်နိုင်ကြပေ။
ဒါအပြင် ရေသူတွေက ထိခိုက်လွယ်ပြီး ရေသူကိုမွေးမြူဖို့ ပစ္စည်းတော်တော်များများကို ပြင်ဆင်ထားရပေမည်။
ထို့ကြောင့် ရေသူတွေရဲ့ လှပတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကို နှစ်သက်သူများအဖို့ ဖျော်ဖြေရေးနေရာတွေကိုသွားကြပြီး အချို့သောဝန်ဆောင်မှုလုပ်ငန်းတွေကဈေးနိမ့်နိမ့်နဲ့စီစဉ်ပေးမှသာ ၀ယ်ယူကြသည်။
လင်ရှီး ဒါတွေကို သူ့မျက်လုံးတွေနဲ့ မမြင်ပေမဲ့လည်း သူတို့ လွတ်မြောက်သင့်ကြောင်းတော့ သိပေသည်။
အရင်းရှင်တွေကတော့ အကျိုးအမြတ်သာရမယ်ဆိုလျှင် အရင်းရှင်တွေက ဥပဒေကိုချိုးဖောက်ဖို့ ဂရုမစိုက်ကြချေ။
လင်ရှီး ကိစ္စတစ်ခုခုကို လင်ရှီး တမင်သက်သက် နမိတ်မဖတ်ပေ။ သို့ပေမဲ့ နောက်တစ်နေ့မနက်မှာ လင်ရှီး မနက်စာစားနေတုန်း သူ့ခေါင်းက ရုတ်တရက် ခဏမျှ မူးဝေသွားရပြီး နောက်ရက်အနည်းငယ်အတွင်း ဖြစ်ပျက်မဲ့ကိစ္စကို သူကြိုမြင်လိုက်ရ၏။
အသေးစားကုန်တင်ကားတစ်စီး၊ ရေသူ20အထက်ပါပြီး အချို့သော ရေသူတွေက ကြည့်ရတာ လူသားကလေးတွေရဲ့ အသက်‌အရွယ်လောက်သာကြီးသေးပုံပင်။
ရေသူအကုန်လုံးကို ကန်တစ်ခုထဲ စုထည့်ထားသည်။
ကြည့်ရတာ ရေကမလဲတာ ကြာနေပုံပင်။ ရေသူတွေရဲ့အမြီးတိုင်း နီးပါးက မတူညီတဲ့အခြေအနေနဲ့ အကြေးခွံတွေကျွတ်နေပြီး အရည်ပြားတွေမှာ ပြည်တည်နာတွေဖြစ်နေပေသည်။
သူတို့ လှပပြီး ချစ်ဖို့ကောင်းတယ်လို့ ယူဆကြပေမဲ့ ခရီးရှည်သယ်ယူပို့ဆောင်ခြင်း အောက်မှာ ရေအရည်သွေးကလည်းမကောင်း အစားလည်းမစားကြရပေ။ ထို့ကြောင့် သူတို့ကိုကြည့်ရတာ အသွင်ပြင်တွေကခါးသက်နေပေသည်။ ဖြူဖြူလျော်လျော်မျက်နှာလေးတွေနဲ့ သူ့တို့ကို စောင့်ဆိုင်းနေတဲ့အရာဆိုလို့ သေခြင်းသာရှိတော့သည်။
တကယ်ကို သေခြင်းတရားပါပဲ။
ကားက ရုတ်ရက် မတော်တဆတစ်ခုဖြစ်သွားခဲ့ပြီး ကားနှစ်စီးလုံး ဘေးက လက်ရန်းတွေကို တိုက်မိကာ မြင့်မားလှတဲ့ တံတားပေါ်ကနေလိမ့်ကျ သွားတော့သည်။
ရေသူတွေ ရေကူးနိုင်ကြပေမဲ့လည်း ထိုအချိန်က သူတို့ဟာ ကုန်တင်ကားထဲမှာရှိနေခဲ့ကြ၏။
ကုန်တင်ကားက မြစ်ထဲကျသွားခြင်းနှင့်အတူ ပြင်းထန်တဲ့ဆောင့်ချက်က ကားထဲမှာရှိတဲ့ အစကတည်းက ခန္ဓာကိုယ်အားနည်းနေတဲ့ ရေသူအကုန်လုံးကိုပါ ချက်ချင်းသယ်ဆောင်သွားတော့သည်။
နောက်တော့ ကုန်တင်ကား ဆယ်ယူပြီးတဲ့အခါ အယောက်20ထက်ပိုတဲ့ရေသူတွေက တစ်ယောက်မှ မရှင်ကျန်ခဲ့ပေ။
ထိုရေသူတွေရဲ့ မျက်လုံးတွေကမမှိတ်နိုင်ဘဲ သူတို့ရဲ့မျက်နှာ‌ပေါ်ကနေ သေသွားတာတောင် ဒီလောကြီးအပေါ် အလွန်နက်နက်ရှိုင်းရှိုင်း ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်ပျက်သုန်းမှုတွေ ကျန်နေခဲ့တာကို ‌မြင်နိုင်သည်။
အစတုန်းက 20ထက်ပိုတဲ့ တောက်ပနေတဲ့ဘ၀လေးတွေပင်။ တစ်ခုစီတိုင်းက လှပပြီး နှစ်လိုဖွယ်ကောင်းကြသည်။
အရည်ပြားတွေက အပြည်တည်နေပြီး ဆံပင်တွေကညစ်ပတ်နေရင်တောင် အနီးကပ်ကြည့်ပါက သူတို့ရဲ့မျက်နှာလေးတွေဟာ လူသားတွေထက် ပိုလှတာကို မြင်နိုင်ပါသေးသည်။
တစ်ချိန်ထဲမှာပဲ တောက်ပ‌တဲ့အနီရောင်အမြီးနဲ့ ရေသူလေးကို သူမြင်လိုက်ရတဲ့အခါ လင်ရှီး အနည်းငယ် အံဩထိတ်လန့်သွားမိ၏။
သူ ရေသူရဲ့အပေါ်ပိုင်းကို ကြည့်လိုက်တော့ အဲ့ဒီမျက်နှာလေးနဲ့ သူဆုံဖူးတာ သိပ်မကြာသေးပေ။
အနီရောင် အမြီးနဲ့ရေသူလေးက သူ့ကို စိတ်ကြီး၀င်မှုနဲ့ မနှစ်သက်ခြင်းကို ပြခဲ့သော်ငြားလည်း ရေသူလေးရဲ့ ပင်ကိုယ်က မဆိုးရွားမှန်း လင်ရှီးသိသည်။ တကယ်တမ်း အဲ့တာက ပတ်၀န်းကျင်ရဲ့ထိတွေ့မှုကြောင့်ဖြစ်ပြီး ပတ်၀န်းကျင်ရဲ့ အဆင့်အတန်းက အိမ်မွေးတိရိစ္ဆာန်အပေါ်မှာ လုံးလုံးလျားလျား သက်ရောက်စေ၏။
လင်ရှီး ထိုအနီရောင်ရေသူလေးရဲ့ စရိုက်ကို သူ့နှလုံးသား အောက်ခြေကနေ ကြိုက်တောင် ကြိုက်သေးသည်။ ထိုကဲ့သို့ စရိုက်မျိုးနှင့် ရေသူတစ်ယောက်ဟာ အလွယ်တကူ မနာကျင်နိုင်ပေ။
သူထင်တာ မှားပြန်ပြီနဲ့တူတယ်
‌အနီရောင်ရေသူလေးကလည်း တင်ပို့ခံရပြီး အခြားသော ရေသူတွေနှင့်အတူ ကုန်တင်ကားထဲ ၀မ်းနည်းဖွယ် သေဆုံးသွားရပေသည်။
စားပွဲပေါ်က အရသာရှိတဲ့ အစားသောက်တွေကိုလည်း ရုတ်တရက် လင်ရှီး စားချင်စိတ်ပျောက် သွားစေ၏။ သူ့ကိုယ်သူတွေးကြည့်လိုက်တော့ ဒီမှာ ထိုင်နေရင်း ချင်ရှောင်းရဲ့ ကာကွယ်ပေးမှုကိုခံရကာ ပူပင်ကြောင်းကြမဲ့တဲ့ ပျော်ရွှင်စရာဘ၀မျိုးဖြစ်ပြီး သူ့အမျိုးအစားကလည်း ရေသူဖြစ်သည်။ မျိုးနွယ်က ငါးတွေကတော့ မမျှမတဆက်ဆံခံရဆဲပင်။
သိသာစွာပဲ ကမ္ဘာမှာ အနူးညံ့ဆုံး၊ အလှပဆုံး သက်ရှိမျိုးနွယ်ဖြစ်ပြီး အဆုံးအစွန်ဆုံးသော ဂရုစိုက်ပေးမှု အကွာကွယ်ပေးမှုကို ထိုက်တန်ပေသည်။ သို့ပေမဲ့လည်း အဆုံးမှာတော့ လူသားတွေရဲ့နေရာမှာ ကစားစရာ၊ ဖျော်ဖြေစရာ၊ ပိုက်ဆံရှာစက်အဖြစ်တောင် အသုံးချခံရသည်။ လင်ရှီး အစာအိမ်ထဲကနေ တလိပ်လိပ် တက်လာတာကို ခံစားလိုက်ရ၏။
သူ မတ်တပ်ထရပ်လိုပ်ပြီး ရေချိုးခန်းဆီ ပြေတော့သည်။
လင်ရှီး လက်ဆေးစင်ထဲ ကိုင်းချပြီး အန်လိုက်ပေမဲ့ သူ အကြိမ်တော်တော်များများ အန်ပြီးတာတောင် ဘာမှထွက်မလာပေ။
ဒါပေမဲ့ သူ့မျက်စိအရှေ့မှာတင် ဖြစ်ပျက်သွားတဲ့ 20ထက်ပို‌တဲ့ရေသူတွေရဲ့ ၀မ်းနည်းစရာအဖြစ်အပျက်က ဖယ်ပစ်လို့မရ ဖြစ်နေခဲ့သည်။
ခုနကတင် လင်ရှီး ကိစ္စတစ်ခုကို ထပ်တွေးမိနေသေးသည်။ လူသားတွေကြား ရေသူတွေကို သွားရောက်ရောင်းချခြင်းသာမက ရေသူတွေကို လူသားတွေအား အလုပ်ကျွေးမပြုစေဘဲ လူသားတွေ စားသုံးဖို့အတွက် ရောင်းချတာလည်း ဖြစ်နိုင်မလား။
ရေသူတွေက လူအများစုရဲ့ မျက်လုံးထဲမှာတော့ ငါးသာဖြစ်ပြီး လူမဟုတ်ပေ။
သူ့လိုမျိုး ကြိုမြင်နိုင်စွမ်းရှိကာ ချင်ရှောင်းကလည်းမြတ်နိုးပြီး အပူကြောင်းကြမဲ့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်နိုင်တဲ့ ရေသူတွေက အရမ်းများဘူးဆိုတာ လင်ရှီး သေချာပေါက်ယုံကြည်သည်။
လင်ရှီး ကိုယ့်ကိုယ် ကိုယ် မှန်ထဲကြည့်လိုက်၏။ သူ့မျက်နှာက လူသားမျက်နှာဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ နေနေတဲ့ ဝိဉာဉ်ကကလည်း လူသားပင်။
ဒီခန္ဓာကိုယ်က တကယ့်ရေသူ ဖြစ်နေတာဖြစ်သည်။
သူက ကူးပြောင်လာခဲ့တဲ့ ဗီလိန်ဟောင်းတစ်ယောက်ပင်။ ကံကြမ္မာက ဒီလိုမျိုးမတော်တဆနဲ့ သူ့ကို ရေသူဖြစ်လာစေခဲ့ပြီး မသမာဘူးလို့မှတ်ယူနိုင်တဲ့ ကြိုမြင်နိုင်စွမ်းကို ပြန်ပေးလာခဲ့ပေသည်။
ဒီကြိုမြင်နိုင်စွမ်းကို ကိစ္စအချို့လုပ်ဖို့ သူသုံးသင့်လား?
နည်းနည်းတော့ ကျွမ်းကျင်းနေတဲ့ ကိစ္စပဲ။
အနီရောင်ရေသူလေးနဲ့ အဲ့ဒီချစ်စရာရေသူလေးတွေမှာ ရေသူထီးတွေသာမက ရေသူမလေးတွေလည်းရှိနေ၏။
တကယ်လို့ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ သူတို့အတူ ကူးခတ်နိုင်ခဲ့ရင် အရမ်းကို လှပတဲ့ မြင်ကွင်းလေးဖြစ်မှာကို လင်ရှီး ယုံကြည်သည်။
ဒီကိစ္စကို မတော်တဆ ကြိုမမြင်ခဲ့ရင် လင်ရှီး ရပ်ကြည့်‌နေရုံသာ တတ်နိုင်ပေလိမ့်မည်။
အခုတော့ အဲ့ဒါကို သူမြင်ခဲ့ရတာက တိုက်ဆိုင်မှုမဖြစ်နိုင်ကြောင်း သူ့မသိစိတ်ကခံစား‌ရနေသည်။
ဒါက သူ ဒီကမ္ဘာကိုရောက်လာခြင်းရဲ့ တာ၀န်တစ်ခုလို့တောင် သူခန့်မှန်းနေမိ၏။
အဲ့ဒီရေသူတွေ လိုအပ်နေတဲ့အကူညီကို ကူညီဖို့ ရောက်လာခဲ့တာလား?
အခုတလော ချင်ရှောင်းက အလုပ်ရှုပ်နေပြီး မကြာခဏဆိုသလို အိမ်မှာမရှိပေ။ လင်ရှီး တစ်ယောက်တည်း စောင့်ဆိုင်းနေရပြီး တစ်ခါလေး ပျင်းမိ၏။
အရင်ကမ္ဘာမှာတုန်းက အာဏာ အင်အားအတွက် တိုက်ခိုက်နေခဲ့ရသည်။ အဆုံးထိ သူ ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ပေမဲ့လည်း ဇာတ်ကြောင်းရဲ့ စီစဉ်မှုကို ဆန့်ကျင်မှုကြောင့် အဓိကဇာတ်လိုက်ရဲ့ လက်ထဲမှာ သနားစရာကောင်းအောင် ကျရှုံးသွားခဲ့ရတယ်။
အဆုံးမှာတော့ ထောင်ကျခံမည့်အစား သူ့ဘ၀ကို သူကိုယ်တိုင် အဆုံးသတ်ရန်‌ ရွေးချယ်ခဲ့သည်။
သူလုပ်ချင်သမျှ သူလုပ်သမျှက သူ့ကိုယ်ပိုင်ဆန္ဒတွေသာ။
ဒီနေရာမှာ သူလုပ်နိုင်စွမ်းရှိသမျှ ရေသူတွေကို ကူညီမည်။
ဒီရုတ်တရက် နမိတ်မြင်ချင်းက မတော်တဆမဟုတ်ကြောင်းကိုလည်း သူသိနေပေသည်။ အမှောင်ထဲက အချို့သော အင်းအားစုတွေက သူ့ကို လက်ဦးမှုယူခိုင်းနေသည်။
ဒါဆိုရင် ဘာလို့ သူမလုပ်ရမှာလဲ
လင်ရှီးတံတွေးတွေကိုထွေးထုတ်လိုက်ပြီး သူ့ပါးစပ်ကိုဆေးကြောလိုက်၏။ သူ့ပါးစပ်အတွင်းရှိ အဆင်မပြေမှုတွေက အတော်လေးကို လျော့ကျသွားသည်။
သူ ထမင်းစားပွဲဆီ ပြန်သွားဖို့ လုပ်လိုက်ပေမဲ့ သူလှည့်လိုက်တော့ ရေချိုးခန်းအ၀မှာ စိုးရိမ်တကြီး ရပ်ကြည့်နေတဲ့ ချင်ရှောင်းကို တွေ့လိုက်ရသည်။
ချင်ရှောင်းရဲ့ မျက်လုံးတွေက လင်ရှီးရဲ့၀မ်းဗိုက်ဆီရောက်လာတဲ့အခါ လင်ရှီး တစ်ခဏမျှ နောက်ဆုတ်သွားရပြီးနောက် သူပြုံးပြလိုက်၏။
လင်ရှီး သူ့ကိုယ်သူ ကာလိုက်ရသည်။
" ကျွန်တော့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက လင်ကျင့်နဲ့ မတူဘူး။ ခင်ဗျားဟာတွေ ဘယ်လောက်ပေးပေး ကျွန်တော် ကိုယ်၀န်မရနိုင်ဘူး " လင်ရှီး ချင်ရှောင်ဆီ လျှောက်သွားလိုက်ကာ ခေါင်းအနည်းငယ်မော့ပြီ အပြုံးလေးနဲ့ ပြောလိုက်၏။
ချင်ရှောင်း လင်ရှီးရဲ့ မျက်နှာလေးကို ပွတ်သပ်လိုက်ပြီး လင်ရှီး ပြုံးနေပေမဲ့လည်း မျက်လုံးထဲက ၀မ်းနည်းမှု အရိပ်‌အယောင်တွေကို သတိပြုမိလိုက်သည်။
" ဒါဆို ဘာကိစ္စလဲ? " လင်ရှီး အကြောင်းရင်မရှိဘဲ ရုတ်တရက် ထအန်ရတာက တစ်ခုခုကြောင့်ဆိုတာ ချင်ရှောင်းသိပါသည်။
" ခုနတုန်းက နမိတ်ဖတ်စွမ်းရည်က သူဟာသူ ရုတ်တရက် နမိတ်ထဖတ်လာလို့ ကျွန်တော် အနာဂါတ်က ကိစ္စတစ်ချို့ကို မြင်လိုက်ရတယ် " လင်ရှီး ချင်ရှောင်းကို ပြောပြဖို့ တုန့်ဆိုင်းတုန့်ဆိုင်းဖြစ်နေပေမဲ့ ခုနတုန်းက ကိစ္စက သူရဲ့ကိုယ်ပိုင် အင်အားအပေါ် မှီခိုလို့မရနိုင်ပေ။
ကိုယ်တိုင် လုပ်လို့ရတာ ဖြစ်နိုင်ပေမဲ့လည်း ဒီလောက်ကောင်းတဲ့ လူသားကိရိယာကြီးကို သူဘာလို့ဘာမှမသုံးရမှာလဲ။
" မကောင်းတဲ့ ကိစ္စလား " ချင်ရှောင်း ချက်ချင်းမေးလိုက်သည်။
" အင်း ကျွန်တော် 20ထက်ပိုတဲ့ ရေသူတွေကို တွေ့ခဲ့တယ် အကုန်လုံးက ကားမတော်တဆမှုကြောင့် ၀မ်းနည်းဖွယ်သေဆုံးသွားရတာ "
" သူတို့ထဲက တစ်ယောက်က ရေသူအရောင်းဆိုင်မှာ ကျွန်တော်နဲ့အတူ နေဖူးတယ် သူလဲ အဲ့ဒီနေရာမှာပဲ သေသွားတာ "
အနီရောင်ငါးအမြီးက တကယ်ကို တလက်လက်နှင့် လှပ လှသည်။
အဲ့တာက ကြည့်ရတာ သူ့ရဲ့အနက်ရောင် ငါးအမြီးထက် ပိုလှ၏။ အနည်းဆုံးတော့ လင်ရှီး အဲ့ဒီလို အနီတောက်တောက်လိုမျိုးကို နှစ်သက်သည်။ အဲ့ဒီလို အနီရောင်မျိုးကို ကြည့်ရတာ တက်ကြွပုံနေပုံပင်။
" သူတို့ကို ကယ်ချင်လား? "
" အင်း သူတို့ကို ဒီလိုမျိုး သေသွားမှာကို မမြင်ချင်ရုံပါပဲ။ အကုန်လုံးကို သိနေပေမဲ့ ဘာမှမလုပ်နိုင်ဘူး " လင်ရှီး ကိုယ့်လက်ကိုယ် ငုံ့ကြည့်လိုက်၏။ ဒီလက်တွေက အားနည်းပြီး နူးနူးညံ့ညံ့နဲ့ တစ်ချက်ညှစ်ရုံနဲ့ ကျိုးသွားမဲ့ ပုံပေါ်နေသည်။
လက်ချောင်းလေးတွေကို ကွေးလိုက်ကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူသာလုပ်ချင်လျှင် များစွာသော ကိစ္စတွေကို သူလုပ်နိုင်ပေသည်။
" ကောင်းပြီ ဘယ်အချက်တွေကို မှတ်မိသေးလဲ? " ချင်ရှောင်း လင်ရှီးကို အချို့သော အသေးစိတ်တွေကို မေးလိုက်သည်။
ကားနံပါတ်ပြားတွေလို အချက်အလက်တွေကသာ ရေသူတွေပါတဲ့ ကုန်တင်ကားကို အမြန်ရှာတွေ့နိုင်ပေမည်။
ရေသူတွေ ၀မ်းနည်းဖွယ် သေဆုံးရမည့် မတော်တဆမှုကို ချောချောမွေ့မွေ့ တားဆီးနိုင်တော့မည်။
" ခင်ဗျား ကျုပ်ကို လူနည်းနည်းပေး ကျွန်တော် ဘယ်လိုလုပ်သလဲဆိုတာ ပြမယ်။ တကယ်လို့ ခင်ဗျား ပါလာခဲ့ရင် ခင်ဗျားရာထူးနဲ့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ် "
ချင်းရှောင်က အရာရှိတစ်ယောက်ဖြစ်ကာ ဖက်ဒရယ်ရဲ့ ကာနယ် တစ်ယောက်လည်းဖြစ်‌သည်။ ဒါပေမဲ့ ဒီလိုရာထူးကြီးလေလေ အပြုအမူအပြောအဆိုကို ဂရုစိုက်သင့်လေဖြစ်သည်။ ဖက်ဒရယ်က အချို့သောလူတွေဟာ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ အင်အားကြီးတဲ့ ချင်ရှောင်းကို မနာလိုဖြစ်နေကြသည်။
ရေသူတွေကို ကယ်ဆယ်တဲ့ ဒီလိုအသေးဖွဲ့ကိစ္စကို လင်ရှီး သူကိုယ်တိုင်လုပ်ချင်သည်။ ချင်ရှောင်း ကြား၀င်တာမလိုချင်ပေ။
သူပြောတဲ့ လူနည်းနည်းဆိုတာက ချင်ရှောင်းအား တပ်မထဲကလူတွေကို ပေးစေတာ မဟုတ်ဘဲ အပြင်မှာ ချင်ရှောင်နဲ့ရင်းနှီးတဲ့လူတွေဆို အဆင်ပြေသည်။
ချင်ရှောင်း လင်ရှီး ဆိုလိုတာကို ချက်ချင်းနားလည်သည်။
#5.2.2023
နောက်ပိုင်းမှာအပိုင်းတွေကအရမ်းရှည်လာတော့ခွဲလိုက်ရတယ်😙😙
Zawgyi....
အဆုံးမှာတော့ အိမ်မွေးတိရိစ်ဆာလေးတွေပါပဲ။
များစွာသောလူတို့က အဲ့ဒီဈေးနှုန်းနဲ့ ရေသူတွေကို ၀ယျဖို့ မတတ်နိုင်ကြပေ။
ထို့ကြောင့် ရေသူတွေရဲ့ လှပတဲ့မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကို နှစ်သက်သူများအဖို့ ဖျော်ဖြေရေးနေရာတွေကိုသွားကြပြီး အချို့သောဝန်ဆောင်မှုလုပ်ငန်းတွေကဈေးနိမ့်နိမ့်နဲ့စီစဉ်ပေးမှသာ ၀ယျယူကွသညျ။