The Villain Dressed As a Litt...

By Mimosa2002

90.2K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 39

992 216 2
By Mimosa2002

ဒီလိုကိစ္စမျိုးကိုဆရာ၀န်ကစနောက်မှာမဟုတ်တာကိုလင်ရှီးယုံကြည်သည်။
   
ထို့ကြောင့် လင်ကျင့်မှာ ကိုယ်၀န်ရှိနေတယ်ဆိုတဲ့အချက်က အလိမ်အညာ မဖြစ်နိုင်ပေ။

ပထမဆုံးအကြိမ် ရေသူထီးတွေဟာ ကိုယ်၀န်ဆောင်နိုင်ကြောင်း လင်ရှီးလည်းသိခဲ့ရသည်။
  
အဲ့ဒါက သူ့ရဲ့လက်ရှိအမြင်ကို ပြိုကျစေသည်ဟု ပြောလို့ရသည်။
   
တစ်ချိန်တည်းမှာပဲ လင်ရှီးရဲ့မတတ်နိုင်‌ပေမယ့် စိတ်ထဲမှာပျော်ရွှင်မှုအနည်းငယ်ကို ခံစားလိုက်ရ၏။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ဖွဲ့စည်းပုံက လင်ကျင့်နှင့် အနည်ငယ်မျှကွဲပြားသည်။ ရေသူအထီးချင်းတူပေမဲ့လည်း လင်ရှီးနဲ့ချင်ရှောင်း လူးလှိမ့်ပြီးတာတောင် ကိုယ်၀န်မရပေ။
  
လင်ရှီးရဲ့အကြည့်တွေက မသိလိုက်ပါဘဲ လင်ကျင့်ရဲ့၀မ်းဗိုက်ဆီ ထပ်ပြီးရောက်သွားပြန်တယ်။

လင်ကျင့်ကိုကြည့်ရတာ ထိတ်လန့်ပြီးငေးငိုင်နေ၏။

မှန်းကြည့်ရင် တစ်နေ့ သူကိုယ်၀န်‌ဆောင်ရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပုံပင်။

ကိုယ်၀န်ဆောင်နေတဲ့ ရေသူလေး.....
   
ရေသူလေးရဲ့အခြားအဖေကတော့ လင်ကျင့်နဲ့ တစ်ညတာဆက်ဆံရေးရှိခဲ့တဲ့ ရှဲ့ဟုန်မင်ဆိုတာ သံသယဖြစ်စရာမလိုပေ။
  
အဲ့ဒီညအကြောင်းပြောရရင် လင်ရှီး ထွက်သွားကြောင်း ရုတ်တရက် သိလိုက်တဲ့ညကပင်။
 
စွန့်ပစ်ခံရခြင်းနဲ့ ထွက်သွားခြင်းဆိုတဲ့ ဆုံးရှုံးလိုက်ရတဲ့ခံစားချက်က လင်ကျင့်အပေါ် သက်ရောက်မှု ကြီးမားသွားခဲ့သည်။
  
လင်ကျင့် စားသောက်ချင်တဲ့စိတ် တစ်ခုတလေမှတောင် မရှိတော့ချေ။
   
လင်ကျင့် စိတ်အခြေအနေ မကောင်းတာကို ရှဲ့ဟုန်မင်သိသွားတာကြောင့် သက်သာရာရစေမဲ့စကားတွေပြောပေးခဲ့ပြီး ချင်ရှောင်က လင်ရှီးကိုရှာဖို့ တစ်စုံတယောက်ကို စေလွှတ်‌လိုက်ကြောင်းကိုလည်း အရိပ်ပြပေးခဲ့၏။
   
အဲ့ဒါက လင်ရှီး လင်ကျင့်ကို ပစ်သွားခဲ့သည် ဆိုသောအချက်ကို ပိုပြီးခိုင်လုံသွားစေခဲ့သည်။
   
ရှဲ့ဟုန်မင် ရှင်းပြဖို့ အကြောင်းပြချက် တစ်ခုလေးတောင် ရှာမတွေ့တော့ဘူး။
  
လင်ရှီးကို ချင်ရှောင်း သေသေချာချာ ဂရုစိုက်ပေးခဲ့ပြီး လင်ရှီးအား အကောင်းဆုံးလွတ်လပ်ခွင့်ကိုပါ ပေးထားပေသည်။
  
ဒါပေမယ့်လည်း လင်းရှီးက စိတ်ကျေနပ်မှုမရှိဘဲ တိတ်တဆိတ်ထွက်သွားဖို့သာ ရွေးချယ်ခဲ့တယ်။
   
  မနက်ဖြန် တစ်ခုခုဖြစ်တော့မယ်ဆိုတာ ရှဲ့ဟုန်မင် သိလိုက်သည်။
  
ညဘက်ပြန်လာတဲ့အခါ လင်ကျင့်ကိုမနက်တုန်းကနဲ့အတူတူပဲဆို‌တာ တွေ့လိုက်ရ၏။ သူထွက်သွားတုန်းကအနေအထားအတိုင်းပင်။
   
အဲ့တာက ရှဲ့ဟုန်မင်ကို အနည်းငယ် စိုးရိမ်စေတယ်။
   
လင်ကျင့် အရင်တုန်းက ကြုံဖူးတဲ့ကိစ္စကို ရှဲ့ဟုန်မင် သိထားသည်။ လူသားတစ်ယောက်ရဲ့ နှိပ်စက်မှုကို လင်ကျင့်ကြုံဖူးခဲ့ပြီး လင်ရှီးရဲ့အကူညီနဲ့တဖြည်းဖြည်းပြောင်းလဲလာခဲ့ခြင်းပင်။ အခုတော့ သူ့ကို အများဆုံးကူညီပေးခဲ့တဲ့၊ သူ့နှလုံသားကနေယုံကြည်ရတဲ့ လင်ရှီးကထွက်သွားခဲ့သည်။
   
လင်ကျင့် ပြိုလဲသွားမှာကို ရှဲ့ဟုန်မင် ကြောက်ရွံ့မိသည်။
  
ဒါ့ကြောင့် သူလျှောက်သွားလိုက်ပြီး လင်ကျင့်ကို ရင်ခွင်ထဲပွေ့ဖက်ကာ သူအမြဲတမ်းအနားမှာရှိနေပေးမည် ဖြစ်ကြောင်း လင်ကျင့်ကိုပြောခဲ့၏။
   
အညိုရောင်ဆံပင် အညိုရောင်မျက်လုံးနဲ့ ရေသူထီးလေးက ရှဲ့ဟုန်မင်ရဲ့ရင်ခွင်ထဲလှဲနေပြီး တိတ်တဆိတ်ငိုကြွေးနေခဲ့သည်။
   
    လူတွေငိုတာကို ရှဲ့ဟုန်မင် တစ်ခါမှမတွေ့ဖူးတာ မဟုတ်တဲ့အပြင် များပြားလှတဲ့ သေဆုံးမှုတွေကိုပါ တွေ့ဖူးပေ၏။
   
  ဒါပေမဲ့ ရေသူလေးရဲ့ကြိတ်ငိုနေခြင်းက ရှဲ့ဟုန်မင်ကို ပထမဆုံးအကြိမ် ရင်ဘတ်စူးအောင့်စေသည့်ခံစားချက်ကို ခံစားစေခဲ့သည်။
 
ရေသူလေးကို ဘယ်လိုနမ်းလိုက်တယ်ဆိုတဲ့ မှတ်ဉာဏ် သူ့မှာမရှိပေ။
   
ရေသူလေးရဲ့ ငိုရင်းရှိုက်နေတဲ့ မျက်နှာလေးကိုတွေ့လိုက်ရတော့ ရှဲ့ဟုန်မင် လင်ကျင့် အငိုရပ်သွားတာကိုသာ လိုချင်ခဲ့၏။
   
အဲ့ဒီနောက် ကိစ္စတွေက ချောချောမွေ့မွေ့ ဖြစ်ပျက်သွားခဲ့သည်။
   
  နောက်တစ်နေ့ရောက်တော့ ရှဲ့ဟုန်မင် လင်ကျင့်ကို‌ တောင်းပန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လင်ကျင့်ရဲ့ စိတ်ခံစားချက်က မတိုးတက်လာတဲ့အပြင် သူ့မျက်လုံးတွေနဲ့ ဆုံရမှာကြောက်နေတာကိုပါ တွေ့လိုက်ရသောကြောင့်ပင်။
   
အဲ့ဒီနေ့ပြီးနောက် သူ့ရဲ့တည်ရှိမှုက လင်ကျင့်ကို သက်ရောက်မှုရှိ‌မှာကို ရှဲ့ဟုန်မင် စိုးရိမ်မိတာကြောင့် အိမ်ကို မကြာမကြာ မပြန်တော့ချေ။
   
ဒါမှမဟုတ် အစောကြီးထွက်သွားပြီး နောက်ကျမှ အရမ်းပြန်လာလေ့ရှိသည်။
   
တကယ်တော့ သူမသိလိုက်တာက သူလုံး၀အထင်လွဲနေတာကိုပင်။
   
အဲ့ဒီအချိန်တုန်းက လင်ကျင့် သူ့ဘေးမှာ တစ်ယောက်ယောက် ရှိဖို့ လိုနေတာဖြစ်သည်။
   
လင်ကျင့် ရှဲ့ဟုန်မင်ကို သွားမတွေ့ဘူးဆိုတာက သူကရေသူဖြစ်ပြီး ရှဲ့ဟုန်မင်ကလူသားဖြစ်တာကြောင့် ရှဲ့ဟုန်မင် သူ့ကိုတကယ်ကြိုက်တာလို့ မယုံကြည်နိုင်တဲ့အပြင် သူ့နှလုံးသာက အလွန်ပူပန်နေခဲ့၏။
   
အခု ဆရာ၀န်က သူ့မှာ ကိုယ်၀န်ရှိနေပြီ ဖြစ်ကြောင်း ရုတ်တရက် ပြောလာတော့ လင်ကျင့် ခံစားမိတာက ရှဲ့ဟုန်မင် ဒီကလေးကို မနှစ်သက်ဟုပင်။
   
သူတို့ကြားကိစ္စ တစ်ခုဖြစ်သွားပြီးနောက် ရှဲ့ဟုန်မင်က သူ့ကို တောင်းပန်ခဲ့သည်။
   
သူ့ရဲ့မသိစိတ်က ရှဲ့ဟုန်မင်က နောင်တ ရသွားလို့ဟု ထင်မိသွားတော့သည်။
   
ဒီအကြောင်းကို အထီကျန်ဆန်ပြီးဗလာဖြစ်နေတဲ့အိမ်မှာ တစ်ယောက်တည်း စဉ်းစားနေမိရင်း သူ့မျက်လုံးတွေက နီလာကာ မျက်နှာလေးပေါ် မျက်ရည်တွေ လိမ့်ကျလာတော့သည်။
   
မျက်ရည်တွေက သူ့ပါးပြင်ပေါ်လိမ့်ကျလာတော့ လက်နဲ့သုတ်ပစ်လိုက်၏။
   
ခေါင်းမော့လိုက်တော့ သူ့မျက်ရည်တွေကို သုတ်ပေးလိုက်တဲ့ ဘေးကလင်ရှီးကို သူ့ရဲ့ မျက်ရည်အပြည်နဲ့ မျက်၀န်းအစုံနဲ့ လင်ကျင့် မြင်လိုက်ရသည်။

" ဒီကလေးကို မလိုချင်ဘူးလား " လင်ရှီး လင်ကျင့်ရဲ့ ၀မ်းနည်းနေတဲ့ စိတ်ခံစားချက်ကနေ ဒါကို သိလိုက်၏။
  
လင်ကျင့် ပထမတော့ ခေါင်းခါလိုက်ပေမဲ့ နောက်တော့ ခေါင်းငြိမ့်လိုက်သည်။
   
"သူ့ကိုသဘောကျလား?" လင်ရှီး လင်ကျင့်ရဲ့ မျက်လုံးတွေထဲ စိုက်ကြည့်ရင်း လင်ကျင့်ရဲ့ အညိုရောင် မျက်လုံးတွေကနေ လင်ကျင့် ရုန်းကန်နေတာကို တွေ့လိုက်ရ၏။
  
    " ကျွန်တော်.....သဘောကျတယ်"
  
လင်ကျင့်လက်ဖဝါးလေးက ဗိုက်ကိုထိလိုက်၏။ ဒါလေးက ဘ၀အသစ်လေးပဲ။ သူ မမျှော်လင်ထားပေမဲ့လည်း လင်ကျင့်ရုတ်တရက် ခံစားမိတာကတော့ ဒါလေးကိုသာ ဒီကမ္ဘာပေါ်မှာ မွေးဖွားနိုင်ခဲ့ရင် သေချာပေါက် ဒါက အရမ်းကို လှပတဲ့ကိစ္စတစ်ခုဖြစ်မှာပင်။
   
" ဒါပေမဲ့ အချို့လူတွေက ဒါလေးကို မမျှော်လင့်ကြဘူး "
   
လင်ကျင့် မျက်ရည်တွေကို ထိန်းထားရင် အတင်းပြုံးသည်။
  
လင်ရှီး လင်ကျင့်ရဲ့လက်လေးကို ဆုပ်ကိုင်ပြီး တိုးတိုးလေးနဲ့ " ငါသူ့ကို စောင့်မျှော်နေတယ် ငါထင်တာကတော့ သူက မင်းလိုပဲ ချစ်ဖို့ကောင်းမှာ "
  
" မင်းဆန္ဒရှိရင် ရှဲ့ဟုန်မင် အိမ်ကနေ ပြောင်းလာလိုက်လေ မင်းအတွက် ငါချင်ရှောင်းကို အခန်းတစ်ခန်း ပြင်ခိုင်းလိုက်မယ် အဲ့ဒီမှာ မင်းကောင်းကောင်း ကလေးမွေးပေါ့ "
   
လင်ကျင့်ရဲ့ကလေးက အရမ်းချစ်ဖို့ကောင်းမယ်ဆိုတာ လင်ရှီးယုံကြည်သည်။ သူ့အဖေလို ရိုးသား ကြင်နာပြီးတော့ လှပ ပေလိမ့်မည်။

" တကယ်လို့ ဒီမှာပဲ လာနေချင်တယ်ဆိုရင်လည်းရတယ် ဒီမှာ အခန်းလွတ်တွေ ကျန်နေသေးတာပဲ "
   
အခုချိန်မှာ လင်ရှီးနဲ့ချင်ရှောင်းက တစ်ယောက်နဲ့‌တစ်ယောက် ခံစားချက်တွေ ဆက်သွယ်ထားပြီးဖြစ်သည်။ သို့ပေသာ်ငြား ဒီလူက သူ့ကို ပိုင်ဆိုင်လိုစိတ်ကြီးပြီး အခြားလူနှောက်ယှက်တာကိုလည်း မနှစ်သက်ပေ။
  
  ဒါပေမဲ့ တကယ်လို့ လင်ရှီးသာ တကယ်တောင်းဆိုပါက ချင်ရှောင်း သူ့ကို မငြင်းနိုင်ဘူးဆိုတာ လင်ရှီးသိပေသည်။
  
" ဒီမှာ‌ နေလို့ရလား? " လင်ကျင့် အနည်းငယ် စိတ်လှုပ်ရှားနေ၏။
   
ဒါပေမဲ့လည်း တစ်ချိန်တည်းမှာပဲ နှလုံးသားရဲ့ အနက်တစ်နေရာက ရှဲ့ဟုန်မင်နဲ့ ခွဲခွာဖို့ အတော်ကလေးကို တွန့်ဆုတ်နေသည်။
   
ကလေးက တစ်ဖက်ရဲ့ကလေး ဖြစ်ရုံသာမက သူကိုယ်တိုင်ကပါ ရှဲ့ဟုန်မင်ကို ချစ်မိနေတာကို လင်ကျင့် သိနေတာကြောင့်ပင်။
   
ရှဲ့ဟုန်မင်ကို နှစ်သက်ခြင်းက လင်ရှီးကို နှစ်သက်ခြင်းနဲ့ ကွဲပြားလှသည်။
   
" သေချာပေါက် ရတာပေါ့ ငါ တစ်နေ့လုံး လုပ်စရာမရှိဘူး တကယ်လို့ မင်းလာရင် ငါတို့ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလို့ရတယ် "
    .
သူပြန်လာပြီးနောက်ချင်ရှောင်က အရမ်းကြီး အလုပ်မများပေမဲ့လည်း ဘယ်လိုပဲဖြစ်နေပါစေဦး သူ့ရာထူးကြောင့် အခုချိန်က စစ်တွင်းကာလ မဟုတ်ရင်တောင် အချို့သောကိစ္စတွေက သူဖြေရှင်းဖို့ကို စောင့်နေဆဲပင်။
   
လင်ရှီးရဲ့ နွေးထွေးတဲ့ဖိတ်ခေါ်မှုကို ရင်ဆိုင်လိုက်ရတော့ လင်ရှီးတိတ်သွားပြန်သည်။
[T/N- လင်ကျင့်နဲ့မှားရေးတာဖြစ်မယ်လောင်ရှီးက]
   
သူ ရှဲ့ဟုန်မင်နဲ့ မျက်နှာချင်းဆိုင်ပြီး မေးချင်သည်။ အနည်းဆုံးတော့ ဒီကလေးက ရှဲ့ဟုန်မင်ရဲ့ဟာပဲမလား။ တကယ်လို့ တစ်ဖက်လူက မလိုချင်ဘူးဆိုရင် သူ အဲ့ဒီအိမ်ကနေ ချက်ချင်းပြောင်းလာလိုက်မည်။
  
" အစ်ကို၊ ကျွန်တော် သူ့ကို ပြောပြချင်တယ် " အဲ့ဒီ ' သူ 'က ဘယ်သူလဲဆိုတာ ပြောစလိုမပါချေ။
   
လင်ကျင့် ရှဲ့ဟုန်မင်ကို သုံးတဲ့အသုံးနှုန်းက အရင်ကနဲ့ မတူတာ လင်ရှီး ဘယ်လိုလုပ် မမြင်ဘဲနေမလဲ။
   
" ကောင်းပြီ ငါအဖော်လိုက်ပေးရမလား " လင်ရှီး မေးလိုက်၏။
 
လင်ကျင့် ခေါင်းခါပြလာ၏။ ဒီကိစ္စက သူနဲ့ ရှဲ့ဟုန်မင်ကြားက ကိစ္စဖြစ်ပြီး သူကိုယ်တိုင် ဖြေရှင်းချင်သည်။
  
လင်ရှီး လင်ကျင့်ရဲ့ ဆံပင်ကိုထိလိုက်၏။
   
သူ့ရဲ့ဆုံးဖြတ်ချက် ရွေးချယ်မှု အကုန်လုံးကို ထောက်ခံသည်ဟု ပြသလိုက်ခြင်းပင်။
   
" မင်း ဒီမှာ လှဲရင်းအနားယူနေနော် ငါအောက်ထပ်မှာ မင်းအတွက် ရေတစ်ခွက် သွားယူလိုက်ဦးမယ် စားချင်တာရှိလား " အိပ်ယာမှာလှဲနေတဲ့သူက ကိုယ်၀န်ဆောင်တစ်ယောက် ဖြစ်တာကြောင့် လင်ရှီး စိုးရိမ်တကြီး မေးလိုက်၏။
   
" ကျွန်တော် ကိတ်ချိုချိုလေး နည်းနည်းစားချင်တယ် " လင်ကျင့်အတွက် ရှဲ့ဟုန်မင် ကိတ်မုန့် ၀ယ်လာပေးဖူးသည်။ လင်ကျင့် တစ်ခါစားဖူးတာနဲ့ လုံး၀စွဲသွားတော့သည်။
 
" တော်သေးတယ် ငါမနက်က နည်းနည်းမှာထားလို့ ရေခဲ‌သေတ္တာထဲမှာ ကျန်နေတုန်းပဲ သွားယူပေးမယ်နော် "

လင်ရှီး လှည့်လိုက်ပြီးအခန်းပြင်ထွက်ကာ အောက်ထပ်ကို ဆင်းလိုက်သည်။
   
    သူ့ရဲ့ အရှိန်က အရမ်းမြန်လှပြီး အပေါ်ထပ်ကို မိနစ်အနည်းငယ်အတွင်ပြန်တက်လာ၏။
    
     ကိတ်မုန့်ကိုစားပြီးနောက် လင်ကျင့် စတင်အိပ်ငိုက်လာပြီး အိပ်ပျော်သွားတော့သည်။
    
     လင်ရှီး သူ့ကို စောင်ခြုံပေးလိုက်ပြီး လိုက်ကာဆွဲပေးလိုက်သည်း
       
        ထို့နောက် တိတ်တဆိတ်နဲ့ အပြင်ထွက်လိုက်၏။
    
     သူတို့တွေဟာ ရေသူဖြစ်ကြပေမဲ့လည်း လူသားပုံစံကို အတော်လေး အသုံးပြုနေကြပုံပင်။
         
           လင်ရှီး အောက်ထပ်ကို ပြန်ဆင်းသွားလိုက်သည်။
   
    ဆိုဖာမှာ ထိုင်ရင်း လင်ရှီး လင်ကျင့်ဗိုက်ထဲက ရေသူသေးသေးလေး မွေးလာရင် ဘာနဲ့တူမလဲ ‌ဆိုပြီး တွေးမိနေလေသည်။ ရေသူလေးပဲဖြစ်မလား လူသားပဲဖြစ်မလား။ အဆုံးမှာတော့ အခြားအဖေက လူသားပဲလေ။
   
    တကယ်လို့ ရေသူဖြစ်နေရင် အမြီးကဘာအရောင်ဖြစ်မလဲ လင်ကျင့်လို အညိုရောင်ဖြစ်နေမလား?
         
          မကြာခင်မှာဘဲ လင်ရှီး ကိုယ့်အကြောင်းကိုယ်တွေးတော့သည်။
     .
   အကြမ်းဖျင်းအားဖြင့် လူတစ်ယောက်ကို နှစ်သက်တယ်ဆိုတဲ့ အချစ်လို့ခေါ်တဲ့ အရာက လူတွေကို သူတို့ရဲ့ အတိတ်ကဆင်ခြင်တုံတရားကို ဆုံးရှုံးစေနိုင်သည်။
   
လင်ရှီး သူ့မှာလည်းကိုယ်၀န်ရှိနေရင်ဆိုပြီး မထင်မှတ်ထားဘဲ ခဏလောက် တွေးမိသွား၏။
    
     အဲ့ဒီလိုအတွေးမျိုး ၀င်လာတာနဲ့ လင်းရှီး ခေါင်းကိုခါရင်း ပြုံးလိုက်သည်။
   
     တကယ်လို့ ကိုယ်၀န်ဆောင်နိုင်တယ်ဆိုရင် အစောကြီးကတည်းက ရနေလောက်ပြီပေါ့။
   
   အပြင်ကမ္ဘာမှ အနာဂါတ်ကိုကြိုမြင်တုန်းကတော့ သူ့မှာကိုယ်ဝန်ရှိကြောင်းမပါပေ။
   
     မိုးချုပ်လာတဲ့အချိန် ချင်ရှောင်းနဲ့ ရှဲ့ဟုန်မင်က အတူတူပြန်လာခဲ့ကြသည်။
    
      လင်ကျင့် ဒီမှာ ရှိနေတယ်ဆိုတာ သိ‌တာကြောင့် အခန့်သင့် လင်ကျင့်ကို လာကြိုပြီး ပြန်သွားဖို့ပင်။
      ရှဲ့ဟုန်မင် ချင်ရှောင်းနဲ့ လင်ရှီးတို့ရဲ့ပတ်သတ်မှုကို အသေးစိတ်မသိပေမဲ့လည်း ဒီရက်တွေမှာ ချင်ရှောင်း ထုတ်လွှတ်နေတဲ့ အရှိန်အဝါတွေက သဘောကျနေတဲ့သူ ဘေးကိုပြန်ရောက်လာသလို ချင်ရှောင်းကိုယ်ပေါ်က အေးစက်မှုတွေက အခြားကို ပျံ့နှံ့လို့သွားလေသည်။
    
    ထို့ကြောင့် ချင်ရှောင်းနဲ့လင်ရှီးကြား ဆက်နွယ်မှုက အတော်လေးကောင်းမွန်နေတာကို ရှဲ့ဟုန်မင်သိလိုက်ရသည်။ ခန့်မှန်းကြည့်ရင်တောင် ရည်ရွယ်ချက်ကို သိပြီးသားပင်။
   
   ရှဲ့ဟုန်မင် ချင်ရှောင်းအနောက်ကနေ လိုက်လာပြီး နှစ်ယောက်လုံး အိမ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ၀င်လာကြတယ်။
  
   အခန်းထဲ၀င်ပြီးနောက် လင်ရှီး ဆိုဖာပေါ်ထိုင်နေတာကို မြင်လိုက်ရသည်။ လင်ရှီး ချင်ရှောင်းပြန်လာတာကို မြင်တာနဲ့ ချက်ချင်းမတ်တပ်ရပ်လိုက်၏။
  အဲ့ဒီတလက်လက်တောက်ပနေတဲ့အနက်ရောင်ကျောက်တစ်စုံက အချစ်တွေနဲ့မျက်လုံးလေးတွေပါလား။
 
    ရှဲ့ဟုန်မင် ခေါင်းလှည့်ပြီး ချင်ရှောင်းရဲ့ အမူအယာကို ကြည့်လိုက်တော့ လင်ရှီးနဲ့တစ်ပုံစံထဲပင်။
   
   နည်းနည်းလေးတောင် မနာလိုဖြစ်လာပြီ
 
   ချင်ရှောင်းနဲ့လင်ရှီးကြားက ဆက်ဆံရေးက အရမ်းကြီးမမြန်သင့်ဘူးလို့ သူတွေးနေပေမဲ့ အစောကြီးကတည်းက လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မြတ်နိုးနေကြပေပြီ။
  
  သူ ပတ်ပတ်လည်ကို ကြည့်လိုက်ပေမဲ့ လင်ကျင့်ကိုမတွေ့ချေ။
 
   ရှဲ့ဟုန်မင် လင်ရှီးကို လင်ကျင့် ဘယ်သွားနေသလဲဟု မေးလိုက်၏။
  
   " အပေါ်ထပ်အခန်းထဲမှာ အနားယူနေတယ်။"
  
    " သူ့ခန္ဓာကိုယ် မသက်မသာဖြစ်နေလို့လား? "
   ရှဲ့ဟုန်မင် ချက်ချင်းမေးလာသည်။ အမူအယာမှာလည်း အချို့သော အလောကြီးမှုတွေနှင့်။
  
   " အင်း၊ ခင်ဗျား သူ့ကို လာကြိုတာလား? "
   
   " မှောင်နေပြီ ဒီမှာ ငါ မင်းတို့ကို ဒုက္ခ‌မပေးတော့ဘူးလို့ထင်တယ် " လင်လင်နှစ်ယောက်ရဲ့ ဘ၀ကိုမနှောင့်ယှက်တော့ဘူး။
  
     ရှဲ့ဟုန်မင်ရဲ့ မပြောဖြစ်လိုက်တဲ့ စကားပင်။
    
     " အပေါ်ထပ်တက်လိုက် ညာဘက်က ဒုတိ‌ယမြောက်အခန်းပဲ " လင်ရှီး ရှဲ့ဟုန်မင်ကို လမ်းပြလိုက်ပေမဲ့ အပေါ်ထပ်ကိုတော့ မခေါ်သွားပေ။
    
    အရင်က ရှဲ့ဟုန်မင် ဒီအိမ်ကို မကြာခဏရောက်ဖူးပြီး လင်ရှီးထက်တောင် ဒီအိမ်နဲ့ ပိုရင်းနှီးသည်။ 
   
    ရှဲ့ဟုန်မင် တက်သွားပြီး အချိန်ခဏကြာတော့ ‌ခြေသံနှစ်သံက အပေါ်ထပ်ကနေ ထွက်ပေါ်လာ၏။
   
    နှစ်ယောက်လုံးက ထမင်းမစားသွားကြပေ။ လင်ရှီးက လင်ကျင့်ကို အိမ်အပြင်ခေါ်‌ထုတ်လာပြီး လင်ကျင့်က ရှဲ့ဟုန်မင်နှင့်အတူ ယာဉ်ပျံပေါ်တက်သွားကာ ထွက်ခွာသွားတာကို စောင့်ကြည့်နေခဲ့သည်။
   
    ကိုယ်ကို ပြန်လှည့်လိုက်တော့ လင်ရှီးအနောက်မှာ ရပ်နေတဲ့ချင်ရှောင်းက လင်ရှီးကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေလေသည်။
   
   ဘာကိစ္စတွေဖြစ်ပျက်သွားသလဲ နဲ့ အဲ့ကိစ္စကမရိုးရှင်းမှန်း ချင်ရှောင်း သိသည်။
  
    သူနဲ့လင်ရှီးကြား ဘာလျှို့ဝှက်ချက်မှ မရှိစေချင်ပေ။ အထူးသဖြင့် လင်ရှီးပင်။ လင်ကျင့်ကို စိုးရိမ်နေတဲ့ ပူပန်မှုအနည်းငယ်ကို လင်ရှီးရဲ့ မျက်လုံးတွေထဲ သူမြင်နေရ၏။
   
    " တစ်ခုခု ဖြစ်သွားလို့လား?" ချင်ရှောင်းမေးလိုက်သည်။
   
   " ဟုတ်တယ် " လင်ရှီးခေါင်းငြိမ့် လိုက်တယ်။
  
     ချင်ရှောင်း တိကျတဲ့အကြောင်းအရာကို သူပြောပြလာမှာကို စောင့်နေလိုက်၏။
    
   " လင်ကျင့်မှာ ကိုယ်၀န်ရှိနေတယ် ရှဲ့ဟုန်မင်ဟာ "
    လင်ရှီး ဒီစကားတွေကို တည်တည်ငြိမ်ငြိမ် ပြောနေပေမဲ့ ချင်ရှောင်းကတော့ အံ့ဩတကြီးဖြစ်သွားသည်။
    
    " သူမှာ ကိုယ်၀န်နဲ့? သူက ရေသူအထီး မဟုတ်ဘူးလား? " ရေသူအထီးတွေကလည်း ကိုယ်၀န်ဆောင်ပြီး ကလေး‌မွေးနိုင်တယ်ဆိုတာကို ချင်ရှောင်း အရင်က တစ်ခါမှ မကြားဖူး‌ပေ။
   
   သူ ဒီလိုကိစ္စတွေကို ဘယ်တုန်းကမှ ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်။
  
    " ဆရာ၀န် အိမ်ကိုလာပြီး စမ်းသပ်ပေးပြီးပြီ၊ တကယ်ကို ကိုယ်၀န်ရှိနေတာ "
   
  " သူက ရှဲ့ဟုန်မင် ကလေးကို မလိုချင်မှာကို စိုးရိမ်နေတာ ၊ ပြီးတော့ သူတို့ကြားမှာ .... အခုထိ ခံစားချက်တွေတစ်ထပ်ထဲ မဖြစ်သေးဘူး "
 
    ခုနတုန်းက လင်ကျင့် ရှဲ့ဟုန်မင်နောက်လိုက်ပြီး ထွက်သွားတဲ့အချိန်ကို လင်ရှီးမှတ်မိပါသေးသည်။ လူနှစ်ယောက်ကြား အကွာအဝေး ပါးပါးလေး ရှိနေပေသည်။
   
   " ဒါပေမဲ့ သူက တစ်ယောက်ကိုတစ်ယောက် နှစ်သက်နေတာပဲလေ " ချင်ရှောင်း ဒီသေးသေးလေးကို အခုထိ ရှင်းရှင်းလင်းလင်း မမြင်သေးချေ။
  
    " တကယ်လို့ လိုအပ်ရင် ကိုယ် ရှဲ့ဟုန်မင်ကို ကလေးကိုလက်ခံဖို့ အမိန့်ပေးလိုက်မယ်လေ "
   
  လင်ရှီး လင်ကျင့်ကို စိတ်မပူစေရန်အတွက် ချင်ရှောင် သူ့ကိုယ်ပိုင် အခွင့်အာဏာကို သုံးလိုက်ချင်မိသွား၏။
 
   လင်ရှီး ခေါင်းလေးကို ခါရင်းရယ်လိုက်ကာ " မလိုပါဘူး ၊ နားလည်မှုလွဲမှားတာကို သူတို့ရှင်းရှင်းလင်းလင်း လုပ်ဖို့ ကျွန်တော်မျှော်လင့်တယ် "
  
  လင်ကျင့်အပေါ် ရှဲ့ဟုန်မင်ရဲ့အကြည့်တွေကို ကြည့်ခြင်းအားဖြင့် တကယ်လို့ တစ်ဖက်သူကသာ လင်ကျင့်မှာ သူ့ကလေးရှိနေတယ်ဆိုတာ သိသွားရင် သေချာပေါက် အတော်လေးကို ပျော်သွားမယ်ဆိုတာ လင်ရှီးသိသည်။
 
   ဘယ်သူကများ မြတ်နိုးရသူက ကိုယ့်ကလေးကို ကိုယ်၀န်ဆောင်ပြီးမွေးပေးမဲ့ကိစ္စကို မကြိုက်ဘဲနေပါ့မလဲ။
  
   လင်ရှီး ချင်ရှောင်းကို ကြည့်လိုက်၏။
   
   သူ ချင်ရှောင်ဆီ လျှောက်သွားလိုက်ပြီး ရုတ်တရက် ချင်ရှောင်နားကပ်လိုက်သည်။
  
   လင်ရှီးရဲ့ နှုတ်ခမ်းထောင့်တွေက စွဲမက်ဖွယ်ကွေးတက်သွားပြီး ထိုလူကြီးရဲ့ စစ်၀တ်စုံကကြယ်သီးတွေကို သူ့လက်ချောင်းနဲ့ ဖွဖွလေးပုတ်လိုက်၏။
  
   " ကျွန်တော်လည်း ကလေးတစ်ယောက်လိုချင်တယ် ခင်ဗျား ကျွန်တော့ကို တစ်ယောက်မွေးပေး မကောင်းဘူးလား? " လင်ရှီး သူ့နှုတ်ခမ်းလေးကိုဖွင့်ပြီး ဒီစကားတွေကိုပြောတော့ ချင်ရှောင်းသူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လို့ထားသည်။
  
   သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားတဲ့ အားတွေက အထူးတလယ်ကို သန်မာလှသည်။ လင်ရှီးကတော့ သည်းမခံနိုင်ဘဲ ဒေါသထွက်လာမှာကို မကြောက်သည့်အလား။
  
   သူက‌ ခေါင်းလေးကိုနည်းနည်းလေးစောင်းကာ ပူလောင်ပျစ်နှစ်တဲ့ အသက်ရှူသံနှင့် " ဒီနေ့ ကျွန်တော် အပေါ်ပဲနော် "
  
   ချင်ရှောင်း ဘရိတ်ဓားရဲ့ အသွားလို ထက်ရှတဲ့ အကြည့်တွေနဲ့ လင်ရှီးကို စိုက်ကြည့်လိုက်သည်။
  
   လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေ၏။
  
   ခဏမျှကြာတော့ ချင်ရှောင်လည်း ရယ်လိုက်တယ်။
  
    " ရတယ် "
    
   အဆုံးမှာတော့ ဒါဟာ လင်ရှီး လိုချင်တာနဲ့ ဆက်ကျင်ဘက် ဖြစ်နေခဲ့တော့သည်။     

#5.2.2023                                                                                                                                                                                                                                                          
   
Zawgyi ....

ဒီလိုကိစၥမ်ိဳးကိုဆရာ၀န္ကစေနာက္မွာမဟုတ္တာကိုလင္ရွီးယုံၾကည္သည္။
 
ထို႔ေၾကာင့္ လင္က်င့္မွာ ကိုယ္၀န္ရွိေနတယ္ဆိုတဲ့အခ်က္က အလိမ္အညာ မျဖစ္နိုင္ေပ။

ပထမဆုံးအႀကိမ္ ေရသူထီးေတြဟာ ကိုယ္၀န္ေဆာင္နိုင္ေၾကာင္း လင္ရွီးလည္းသိခဲ့ရသည္။

အဲ့ဒါက သူ႕ရဲ႕လက္ရွိအျမင္ကို ၿပိဳက်ေစသည္ဟု ေျပာလို႔ရသည္။
 
တစ္ခ်ိန္တည္းမွာပဲ လင္ရွီးရဲ႕မတတ္နိုင္ေပမယ့္ စိတ္ထဲမွာေပ်ာ္႐ႊင္မႈအနည္းငယ္ကို ခံစားလိုက္ရ၏။

ကံေကာင္းေထာက္မစြာနဲ႕ သူ႕ရဲ႕ဖြဲ႕စည္းပုံက လင္က်င့္ႏွင့္ အနည္ငယ္မွ်ကြဲျပားသည္။ ေရသူအထီးခ်င္းတူေပမဲ့လည္း လင္ရွီးနဲ႕ခ်င္ေရွာင္း လူးလွိမ့္ၿပီးတာေတာင္ ကိုယ္၀န္မရေပ။

လင္ရွီးရဲ႕အၾကည့္ေတြက မသိလိုက္ပါဘဲ လင္က်င့္ရဲ႕၀မ္းဗိုက္ဆီ ထပ္ၿပီးေရာက္သြားျပန္တယ္။

လင္က်င့္ကိုၾကည့္ရတာ ထိတ္လန႔္ၿပီးေငးငိုင္ေန၏။

မွန္းၾကည့္ရင္ တစ္ေန႕ သူကိုယ္၀န္ေဆာင္ရမယ္လို႔ ဘယ္တုန္းကမွ မေတြးမိခဲ့ပုံပင္။

ကိုယ္၀န္ေဆာင္ေနတဲ့ ေရသူေလး.....
 
ေရသူေလးရဲ႕အျခားအေဖကေတာ့ လင္က်င့္နဲ႕ တစ္ညတာဆက္ဆံေရးရွိခဲ့တဲ့ ရွဲ႕ဟုန္မင္ဆိုတာ သံသယျဖစ္စရာမလိုေပ။

အဲ့ဒီညအေၾကာင္းေျပာရရင္ လင္ရွီး ထြက္သြားေၾကာင္း ႐ုတ္တရက္ သိလိုက္တဲ့ညကပင္။

စြန႔္ပစ္ခံရျခင္းနဲ႕ ထြက္သြားျခင္းဆိုတဲ့ ဆုံးရႈံးလိုက္ရတဲ့ခံစားခ်က္က လင္က်င့္အေပၚ သက္ေရာက္မႈ ႀကီးမားသြားခဲ့သည္။

လင္က်င့္ စားေသာက္ခ်င္တဲ့စိတ္ တစ္ခုတေလမွေတာင္ မရွိေတာ့ေခ်။
 
လင္က်င့္ စိတ္အေျခအေန မေကာင္းတာကို ရွဲ႕ဟုန္မင္သိသြားတာေၾကာင့္ သက္သာရာရေစမဲ့စကားေတြေျပာေပးခဲ့ၿပီး ခ်င္ေရွာင္က လင္ရွီးကိုရွာဖို႔ တစ္စုံတေယာက္ကို ေစလႊတ္လိုက္ေၾကာင္းကိုလည္း အရိပ္ျပေပးခဲ့၏။
 
အဲ့ဒါက လင္ရွီး လင္က်င့္ကို ပစ္သြားခဲ့သည္ ဆိုေသာအခ်က္ကို ပိုၿပီးခိုင္လုံသြားေစခဲ့သည္။
 
ရွဲ႕ဟုန္မင္ ရွင္းျပဖို႔ အေၾကာင္းျပခ်က္ တစ္ခုေလးေတာင္ ရွာမေတြ႕ေတာ့ဘူး။

လင္ရွီးကို ခ်င္ေရွာင္း ေသေသခ်ာခ်ာ ဂ႐ုစိုက္ေပးခဲ့ၿပီး လင္ရွီးအား အေကာင္းဆုံးလြတ္လပ္ခြင့္ကိုပါ ေပးထားေပသည္။

ဒါေပမယ့္လည္း လင္းရွီးက စိတ္ေက်နပ္မႈမရွိဘဲ တိတ္တဆိတ္ထြက္သြားဖို႔သာ ေ႐ြးခ်ယ္ခဲ့တယ္။
 
မနက္ျဖန္ တစ္ခုခုျဖစ္ေတာ့မယ္ဆိုတာ ရွဲ႕ဟုန္မင္ သိလိုက္သည္။

ညဘက္ျပန္လာတဲ့အခါ လင္က်င့္ကိုမနက္တုန္းကနဲ႕အတူတူပဲဆိုတာ ေတြ႕လိုက္ရ၏။ သူထြက္သြားတုန္းကအေနအထားအတိုင္းပင္။
 
အဲ့တာက ရွဲ႕ဟုန္မင္ကို အနည္းငယ္ စိုးရိမ္ေစတယ္။
 
လင္က်င့္ အရင္တုန္းက ႀကဳံဖူးတဲ့ကိစၥကို ရွဲ႕ဟုန္မင္ သိထားသည္။ လူသားတစ္ေယာက္ရဲ႕ ႏွိပ္စက္မႈကို လင္က်င့္ႀကဳံဖူးခဲ့ၿပီး လင္ရွီးရဲ႕အကူညီနဲ႕တျဖည္းျဖည္းေျပာင္းလဲလာခဲ့ျခင္းပင္။ အခုေတာ့ သူ႕ကို အမ်ားဆုံးကူညီေပးခဲ့တဲ့၊ သူ႕ႏွလုံသားကေနယုံၾကည္ရတဲ့ လင္ရွီးကထြက္သြားခဲ့သည္။
 
လင္က်င့္ ၿပိဳလဲသြားမွာကို ရွဲ႕ဟုန္မင္ ေၾကာက္႐ြံ႕မိသည္။

ဒါ့ေၾကာင့္ သူေလွ်ာက္သြားလိုက္ၿပီး လင္က်င့္ကို ရင္ခြင္ထဲေပြ႕ဖက္ကာ သူအၿမဲတမ္းအနားမွာရွိေနေပးမည္ ျဖစ္ေၾကာင္း လင္က်င့္ကိုေျပာခဲ့၏။
 
အညိုေရာင္ဆံပင္ အညိုေရာင္မ်က္လုံးနဲ႕ ေရသူထီးေလးက ရွဲ႕ဟုန္မင္ရဲ႕ရင္ခြင္ထဲလွဲေနၿပီး တိတ္တဆိတ္ငိုေႂကြးေနခဲ့သည္။
 
  လူေတြငိုတာကို ရွဲ႕ဟုန္မင္ တစ္ခါမွမေတြ႕ဖူးတာ မဟုတ္တဲ့အျပင္ မ်ားျပားလွတဲ့ ေသဆုံးမႈေတြကိုပါ ေတြ႕ဖူးေပ၏။
 
ဒါေပမဲ့ ေရသူေလးရဲ႕ႀကိတ္ငိုေနျခင္းက ရွဲ႕ဟုန္မင္ကို ပထမဆုံးအႀကိမ္ ရင္ဘတ္စူးေအာင့္ေစသည့္ခံစားခ်က္ကို ခံစားေစခဲ့သည္။

ေရသူေလးကို ဘယ္လိုနမ္းလိုက္တယ္ဆိုတဲ့ မွတ္ဉာဏ္ သူ႕မွာမရွိေပ။
 
ေရသူေလးရဲ႕ ငိုရင္းရွိုက္ေနတဲ့ မ်က္ႏွာေလးကိုေတြ႕လိုက္ရေတာ့ ရွဲ႕ဟုန္မင္ လင္က်င့္ အငိုရပ္သြားတာကိုသာ လိုခ်င္ခဲ့၏။
 
အဲ့ဒီေနာက္ ကိစၥေတြက ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္ပ်က္သြားခဲ့သည္။
 
ေနာက္တစ္ေန႕ေရာက္ေတာ့ ရွဲ႕ဟုန္မင္ လင္က်င့္ကို ေတာင္းပန္ခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ္ လင္က်င့္ရဲ႕ စိတ္ခံစားခ်က္က မတိုးတက္လာတဲ့အျပင္ သူ႕မ်က္လုံးေတြနဲ႕ ဆုံရမွာေၾကာက္ေနတာကိုပါ ေတြ႕လိုက္ရေသာေၾကာင့္ပင္။
 
အဲ့ဒီေန႕ၿပီးေနာက္ သူ႕ရဲ႕တည္ရွိမႈက လင္က်င့္ကို သက္ေရာက္မႈရွိမွာကို ရွဲ႕ဟုန္မင္ စိုးရိမ္မိတာေၾကာင့္ အိမ္ကို မၾကာမၾကာ မျပန္ေတာ့ေခ်။
 
ဒါမွမဟုတ္ အေစာႀကီးထြက္သြားၿပီး ေနာက္က်မွ အရမ္းျပန္လာေလ့ရွိသည္။
 
တကယ္ေတာ့ သူမသိလိုက္တာက သူလုံး၀အထင္လြဲေနတာကိုပင္။
 
အဲ့ဒီအခ်ိန္တုန္းက လင္က်င့္ သူ႕ေဘးမွာ တစ္ေယာက္ေယာက္ ရွိဖို႔ လိုေနတာျဖစ္သည္။
 
လင္က်င့္ ရွဲ႕ဟုန္မင္ကို သြားမေတြ႕ဘူးဆိုတာက သူကေရသူျဖစ္ၿပီး ရွဲ႕ဟုန္မင္ကလူသားျဖစ္တာေၾကာင့္ ရွဲ႕ဟုန္မင္ သူ႕ကိုတကယ္ႀကိဳက္တာလို႔ မယုံၾကည္နိုင္တဲ့အျပင္ သူ႕ႏွလုံးသာက အလြန္ပူပန္ေနခဲ့၏။
 
အခု ဆရာ၀န္က သူ႕မွာ ကိုယ္၀န္ရွိေနၿပီ ျဖစ္ေၾကာင္း ႐ုတ္တရက္ ေျပာလာေတာ့ လင္က်င့္ ခံစားမိတာက ရွဲ႕ဟုန္မင္ ဒီကေလးကို မႏွစ္သက္ဟုပင္။
 
သူတို႔ၾကားကိစၥ တစ္ခုျဖစ္သြားၿပီးေနာက္ ရွဲ႕ဟုန္မင္က သူ႕ကို ေတာင္းပန္ခဲ့သည္။
 
သူ႕ရဲ႕မသိစိတ္က ရွဲ႕ဟုန္မင္က ေနာင္တ ရသြားလို႔ဟု ထင္မိသြားေတာ့သည္။
 
ဒီအေၾကာင္းကို အထီက်န္ဆန္ၿပီးဗလာျဖစ္ေနတဲ့အိမ္မွာ တစ္ေယာက္တည္း စဥ္းစားေနမိရင္း သူ႕မ်က္လုံးေတြက နီလာကာ မ်က္ႏွာေလးေပၚ မ်က္ရည္ေတြ လိမ့္က်လာေတာ့သည္။
 
မ်က္ရည္ေတြက သူ႕ပါးျပင္ေပၚလိမ့္က်လာေတာ့ လက္နဲ႕သုတ္ပစ္လိုက္၏။
 
ေခါင္းေမာ့လိုက္ေတာ့ သူ႕မ်က္ရည္ေတြကို သုတ္ေပးလိုက္တဲ့ ေဘးကလင္ရွီးကို သူ႕ရဲ႕ မ်က္ရည္အျပည္နဲ႕ မ်က္၀န္းအစုံနဲ႕ လင္က်င့္ ျမင္လိုက္ရသည္။

" ဒီကေလးကို မလိုခ်င္ဘူးလား " လင္ရွီး လင္က်င့္ရဲ႕ ၀မ်းနည်းနေတဲ့ စိတ္ခံစားခ်က္ကေန ဒါကို သိလိုက္၏။

လင္က်င့္ ပထမေတာ့ ေခါင္းခါလိုက္ေပမဲ့ ေနာက္ေတာ့ ေခါင္းၿငိမ့္လိုက္သည္။
 
"သူ႕ကိုသေဘာက်လား?" လင္ရွီး လင္က်င့္ရဲ႕ မ်က္လုံးေတြထဲ စိုက္ၾကည့္ရင္း လင္က်င့္ရဲ႕ အညိုေရာင္ မ်က္လုံးေတြကေန လင္က်င့္ ႐ုန္းကန္ေနတာကို ေတြ႕လိုက္ရ၏။

  " ကြၽန္ေတာ္.....သေဘာက်တယ္"

လင္က်င့္လက္ဖဝါးေလးက ဗိုက္ကိုထိလိုက္၏။ ဒါေလးက ဘ၀အသစ္ေလးပဲ။ သူ မေမွ်ာ္လင္ထားေပမဲ့လည္း လင္က်င့္႐ုတ္တရက္ ခံစားမိတာကေတာ့ ဒါေလးကိုသာ ဒီကမၻာေပၚမွာ ေမြးဖြားနိုင္ခဲ့ရင္ ေသခ်ာေပါက္ ဒါက အရမ္းကို လွပတဲ့ကိစၥတစ္ခုျဖစ္မွာပင္။
 
" ဒါေပမဲ့ အခ်ိဳ႕လူေတြက ဒါေလးကို မေမွ်ာ္လင့္ၾကဘူး "
 
လင္က်င့္ မ်က္ရည္ေတြကို ထိန္းထားရင္ အတင္းၿပဳံးသည္။

လင္ရွီး လင္က်င့္ရဲ႕လက္ေလးကို ဆုပ္ကိုင္ၿပီး တိုးတိုးေလးနဲ႕ " ငါသူ႕ကို ေစာင့္ေမွ်ာ္ေနတယ္ ငါထင္တာကေတာ့ သူက မင္းလိုပဲ ခ်စ္ဖို႔ေကာင္းမွာ "

" မင္းဆႏၵရွိရင္ ရွဲ႕ဟုန္မင္ အိမ္ကေန ေျပာင္းလာလိုက္ေလ မင္းအတြက္ ငါခ်င္ေရွာင္းကို အခန္းတစ္ခန္း ျပင္ခိုင္းလိုက္မယ္ အဲ့ဒီမွာ မင္းေကာင္းေကာင္း ကေလးေမြးေပါ့ "
 
လင္က်င့္ရဲ႕ကေလးက အရမ္းခ်စ္ဖို႔ေကာင္းမယ္ဆိုတာ လင္ရွီးယုံၾကည္သည္။ သူ႕အေဖလို ရိုးသား ၾကင္နာၿပီးေတာ့ လွပ ေပလိမ့္မည္။

" တကယ္လို႔ ဒီမွာပဲ လာေနခ်င္တယ္ဆိုရင္လည္းရတယ္ ဒီမွာ အခန္းလြတ္ေတြ က်န္ေနေသးတာပဲ "
 
အခုခ်ိန္မွာ လင္ရွီးနဲ႕ခ်င္ေရွာင္းက တစ္ေယာက္နဲ႕တစ္ေယာက္ ခံစားခ်က္ေတြ ဆက္သြယ္ထားၿပီးျဖစ္သည္။ သို႔ေပသာ္ျငား ဒီလူက သူ႕ကို ပိုင္ဆိုင္လိုစိတ္ႀကီးၿပီး အျခားလူႏွောက္ယွက္တာကိုလည္း မႏွစ္သက္ေပ။

ဒါေပမဲ့ တကယ္လို႔ လင္ရွီးသာ တကယ္ေတာင္းဆိုပါက ခ်င္ေရွာင္း သူ႕ကို မျငင္းနိုင္ဘူးဆိုတာ လင္ရွီးသိေပသည္။

" ဒီမွာ ေနလို႔ရလား? " လင္က်င့္ အနည္းငယ္ စိတ္လႈပ္ရွားေန၏။
 
ဒါေပမဲ့လည္း တစ္ခ်ိန္တည္းမွာပဲ ႏွလုံးသားရဲ႕ အနက္တစ္ေနရာက ရွဲ႕ဟုန္မင္နဲ႕ ခြဲခြာဖို႔ အေတာ္ကေလးကို တြန႔္ဆုတ္ေနသည္။
 
ကေလးက တစ္ဖက္ရဲ႕ကေလး ျဖစ္႐ုံသာမက သူကိုယ္တိုင္ကပါ ရွဲ႕ဟုန္မင္ကို ခ်စ္မိေနတာကို လင္က်င့္ သိေနတာေၾကာင့္ပင္။
 
ရွဲ႕ဟုန္မင္ကို ႏွစ္သက္ျခင္းက လင္ရွီးကို ႏွစ္သက္ျခင္းနဲ႕ ကြဲျပားလွသည္။
 
" ေသခ်ာေပါက္ ရတာေပါ့ ငါ တစ္ေန႕လုံး လုပ္စရာမရွိဘူး တကယ္လို႔ မင္းလာရင္ ငါတို႔ တစ္ေယာက္ကိုတစ္ေယာက္ အေဖာ္ျပဳလို႔ရတယ္ "
  .
သူျပန္လာၿပီးေနာက္ခ်င္ေရွာင္က အရမ္းႀကီး အလုပ္မမ်ားေပမဲ့လည္း ဘယ္လိုပဲျဖစ္ေနပါေစဦး သူ႕ရာထူးေၾကာင့္ အခုခ်ိန္က စစ္တြင္းကာလ မဟုတ္ရင္ေတာင္ အခ်ိဳ႕ေသာကိစၥေတြက သူေျဖရွင္းဖို႔ကို ေစာင့္ေနဆဲပင္။
 
လင္ရွီးရဲ႕ ႏြေးေထြးတဲ့ဖိတ္ေခၚမႈကို ရင္ဆိုင္လိုက္ရေတာ့ လင္ရွီးတိတ္သြားျပန္သည္။
[T/N- လင္က်င့္နဲ႕မွားေရးတာျဖစ္မယ္ေလာင္ရွီးက]
 
သူ ရွဲ႕ဟုန္မင္နဲ႕ မ်က္ႏွာခ်င္းဆိုင္ၿပီး ေမးခ်င္သည္။ အနည္းဆုံးေတာ့ ဒီကေလးက ရွဲ႕ဟုန္မင္ရဲ႕ဟာပဲမလား။ တကယ္လို႔ တစ္ဖက္လူက မလိုခ်င္ဘူးဆိုရင္ သူ အဲ့ဒီအိမ္ကေန ခ်က္ခ်င္းေျပာင္းလာလိုက္မည္။

" အစ္ကို၊ ကြၽန္ေတာ္ သူ႕ကို ေျပာျပခ်င္တယ္ " အဲ့ဒီ ' သူ 'က ဘယ္သူလဲဆိုတာ ေျပာစလိုမပါေခ်။
 
လင္က်င့္ ရွဲ႕ဟုန္မင္ကို သုံးတဲ့အသုံးႏႈန္းက အရင္ကနဲ႕ မတူတာ လင္ရွီး ဘယ္လိုလုပ္ မျမင္ဘဲေနမလဲ။
 
" ေကာင္းၿပီ ငါအေဖာ္လိုက္ေပးရမလား " လင္ရွီး ေမးလိုက္၏။

လင္က်င့္ ေခါင္းခါျပလာ၏။ ဒီကိစၥက သူနဲ႕ ရွဲ႕ဟုန္မင္ၾကားက ကိစၥျဖစ္ၿပီး သူကိုယ္တိုင္ ေျဖရွင္းခ်င္သည္။

လင္ရွီး လင္က်င့္ရဲ႕ ဆံပင္ကိုထိလိုက္၏။
 
သူ႕ရဲ႕ဆုံးျဖတ္ခ်က္ ေ႐ြးခ်ယ္မႈ အကုန္လုံးကို ေထာက္ခံသည္ဟု ျပသလိုက္ျခင္းပင္။
 
" မင္း ဒီမွာ လွဲရင္းအနားယူေနေနာ္ ငါေအာက္ထပ္မွာ မင္းအတြက္ ေရတစ္ခြက္ သြားယူလိုက္ဦးမယ္ စားခ်င္တာရွိလား " အိပ္ယာမွာလွဲေနတဲ့သူက ကိုယ္၀န္ေဆာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ လင္ရွီး စိုးရိမ္တႀကီး ေမးလိုက္၏။
 
" ကြၽန္ေတာ္ ကိတ္ခ်ိဳခ်ိဳေလး နည္းနည္းစားခ်င္တယ္ " လင္က်င့္အတြက္ ရွဲ႕ဟုန္မင္ ကိတ္မုန႔္ ၀ယ်လာပေးဖူးသည်။ လင္က်င့္ တစ္ခါစားဖူးတာနဲ႕ လုံး၀စြဲသြားေတာ့သည္။

" ေတာ္ေသးတယ္ ငါမနက္က နည္းနည္းမွာထားလို႔ ေရခဲေသတၱာထဲမွာ က်န္ေနတုန္းပဲ သြားယူေပးမယ္ေနာ္ "

လင္ရွီး လွည့္လိုက္ၿပီးအခန္းျပင္ထြက္ကာ ေအာက္ထပ္ကို ဆင္းလိုက္သည္။
 
  သူ႕ရဲ႕ အရွိန္က အရမ္းျမန္လွၿပီး အေပၚထပ္ကို မိနစ္အနည္းငယ္အတြင္ျပန္တက္လာ၏။
 
  ကိတ္မုန႔္ကိုစားၿပီးေနာက္ လင္က်င့္ စတင္အိပ္ငိုက္လာၿပီး အိပ္ေပ်ာ္သြားေတာ့သည္။
 
  လင္ရွီး သူ႕ကို ေစာင္ၿခဳံေပးလိုက္ၿပီး လိုက္ကာဆြဲေပးလိုက္သည္း
   
    ထို႔ေနာက္ တိတ္တဆိတ္နဲ႕ အျပင္ထြက္လိုက္၏။
 
  သူတို႔ေတြဟာ ေရသူျဖစ္ၾကေပမဲ့လည္း လူသားပုံစံကို အေတာ္ေလး အသုံးျပဳေနၾကပုံပင္။
    
     လင္ရွီး ေအာက္ထပ္ကို ျပန္ဆင္းသြားလိုက္သည္။
 
  ဆိုဖာမွာ ထိုင္ရင္း လင္ရွီး လင္က်င့္ဗိုက္ထဲက ေရသူေသးေသးေလး ေမြးလာရင္ ဘာနဲ႕တူမလဲ ဆိုၿပီး ေတြးမိေနေလသည္။ ေရသူေလးပဲျဖစ္မလား လူသားပဲျဖစ္မလား။ အဆုံးမွာေတာ့ အျခားအေဖက လူသားပဲေလ။
 
  တကယ္လို႔ ေရသူျဖစ္ေနရင္ အၿမီးကဘာအေရာင္ျဖစ္မလဲ လင္က်င့္လို အညိုေရာင္ျဖစ္ေနမလား?
    
     မၾကာခင္မွာဘဲ လင္ရွီး ကိုယ့္အေၾကာင္းကိုယ္ေတြးေတာ့သည္။
  .
အၾကမ္းဖ်င္းအားျဖင့္ လူတစ္ေယာက္ကို ႏွစ္သက္တယ္ဆိုတဲ့ အခ်စ္လို႔ေခၚတဲ့ အရာက လူေတြကို သူတို႔ရဲ႕ အတိတ္ကဆင္ျခင္တုံတရားကို ဆုံးရႈံးေစနိုင္သည္။
 
လင္ရွီး သူ႕မွာလည္းကိုယ္၀န္ရွိေနရင္ဆိုၿပီး မထင္မွတ္ထားဘဲ ခဏေလာက္ ေတြးမိသြား၏။
 
  အဲ့ဒီလိုအေတြးမ်ိဳး ၀င်လာတာနဲ့ လင္းရွီး ေခါင္းကိုခါရင္း ၿပဳံးလိုက္သည္။
 
  တကယ္လို႔ ကိုယ္၀န္ေဆာင္နိုင္တယ္ဆိုရင္ အေစာႀကီးကတည္းက ရေနေလာက္ၿပီေပါ့။
 
အျပင္ကမၻာမွ အနာဂါတ္ကိုႀကိဳျမင္တုန္းကေတာ့ သူ႕မွာကိုယ္ဝန္ရွိေၾကာင္းမပါေပ။
 
  မိုးခ်ဳပ္လာတဲ့အခ်ိန္ ခ်င္ေရွာင္းနဲ႕ ရွဲ႕ဟုန္မင္က အတူတူျပန္လာခဲ့ၾကသည္။
 
   လင္က်င့္ ဒီမွာ ရွိေနတယ္ဆိုတာ သိတာေၾကာင့္ အခန႔္သင့္ လင္က်င့္ကို လာႀကိဳၿပီး ျပန္သြားဖို႔ပင္။
   ရွဲ႕ဟုန္မင္ ခ်င္ေရွာင္းနဲ႕ လင္ရွီးတို႔ရဲ႕ပတ္သတ္မႈကို အေသးစိတ္မသိေပမဲ့လည္း ဒီရက္ေတြမွာ ခ်င္ေရွာင္း ထုတ္လႊတ္ေနတဲ့ အရွိန္အဝါေတြက သေဘာက်ေနတဲ့သူ ေဘးကိုျပန္ေရာက္လာသလို ခ်င္ေရွာင္းကိုယ္ေပၚက ေအးစက္မႈေတြက အျခားကို ပ်ံ့ႏွံ႕လို႔သြားေလသည္။
 
  ထို႔ေၾကာင့္ ခ်င္ေရွာင္းနဲ႕လင္ရွီးၾကား ဆက္ႏြယ္မႈက အေတာ္ေလးေကာင္းမြန္ေနတာကို ရွဲ႕ဟုန္မင္သိလိုက္ရသည္။ ခန႔္မွန္းၾကည့္ရင္ေတာင္ ရည္႐ြယ္ခ်က္ကို သိၿပီးသားပင္။
 
ရွဲ႕ဟုန္မင္ ခ်င္ေရွာင္းအေနာက္ကေန လိုက္လာၿပီး ႏွစ္ေယာက္လုံး အိမ္ထဲကို တစ္ေယာက္ၿပီးတစ္ေယာက္ ၀င်လာကြတယ်။

အခန္းထဲ၀င္ၿပီးေနာက္ လင္ရွီး ဆိုဖာေပၚထိုင္ေနတာကို ျမင္လိုက္ရသည္။ လင္ရွီး ခ်င္ေရွာင္းျပန္လာတာကို ျမင္တာနဲ႕ ခ်က္ခ်င္းမတ္တပ္ရပ္လိုက္၏။
အဲ့ဒီတလက္လက္ေတာက္ပေနတဲ့အနက္ေရာင္ေက်ာက္တစ္စုံက အခ်စ္ေတြနဲ႕မ်က္လုံးေလးေတြပါလား။

  ရွဲ႕ဟုန္မင္ ေခါင္းလွည့္ၿပီး ခ်င္ေရွာင္းရဲ႕ အမူအယာကို ၾကည့္လိုက္ေတာ့ လင္ရွီးနဲ႕တစ္ပုံစံထဲပင္။
 
နည္းနည္းေလးေတာင္ မနာလိုျဖစ္လာၿပီ

ခ်င္ေရွာင္းနဲ႕လင္ရွီးၾကားက ဆက္ဆံေရးက အရမ္းႀကီးမျမန္သင့္ဘူးလို႔ သူေတြးေနေပမဲ့ အေစာႀကီးကတည္းက လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ျမတ္နိုးေနၾကေပၿပီ။

သူ ပတ္ပတ္လည္ကို ၾကည့္လိုက္ေပမဲ့ လင္က်င့္ကိုမေတြ႕ေခ်။

ရွဲ႕ဟုန္မင္ လင္ရွီးကို လင္က်င့္ ဘယ္သြားေနသလဲဟု ေမးလိုက္၏။

" အေပၚထပ္အခန္းထဲမွာ အနားယူေနတယ္။"

  " သူ႕ခႏၶာကိုယ္ မသက္မသာျဖစ္ေနလို႔လား? "
ရွဲ႕ဟုန္မင္ ခ်က္ခ်င္းေမးလာသည္။ အမူအယာမွာလည္း အခ်ိဳ႕ေသာ အေလာႀကီးမႈေတြႏွင့္။

" အင္း၊ ခင္ဗ်ား သူ႕ကို လာႀကိဳတာလား? "
 
" ေမွာင္ေနၿပီ ဒီမွာ ငါ မင္းတို႔ကို ဒုကၡမေပးေတာ့ဘူးလို႔ထင္တယ္ " လင္လင္ႏွစ္ေယာက္ရဲ႕ ဘ၀ကိုမႏွောင့္ယွက္ေတာ့ဘူး။

  ရွဲ႕ဟုန္မင္ရဲ႕ မေျပာျဖစ္လိုက္တဲ့ စကားပင္။
 
  " အေပၚထပ္တက္လိုက္ ညာဘက္က ဒုတိယေျမာက္အခန္းပဲ " လင္ရွီး ရွဲ႕ဟုန္မင္ကို လမ္းျပလိုက္ေပမဲ့ အေပၚထပ္ကိုေတာ့ မေခၚသြားေပ။
 
  အရင္က ရွဲ႕ဟုန္မင္ ဒီအိမ္ကို မၾကာခဏေရာက္ဖူးၿပီး လင္ရွီးထက္ေတာင္ ဒီအိမ္နဲ႕ ပိုရင္းႏွီးသည္။
 
  ရွဲ႕ဟုန္မင္ တက္သြားၿပီး အခ်ိန္ခဏၾကာေတာ့ ေျခသံႏွစ္သံက အေပၚထပ္ကေန ထြက္ေပၚလာ၏။
 
  ႏွစ္ေယာက္လုံးက ထမင္းမစားသြားၾကေပ။ လင္ရွီးက လင္က်င့္ကို အိမ္အျပင္ေခၚထုတ္လာၿပီး လင္က်င့္က ရွဲ႕ဟုန္မင္ႏွင့္အတူ ယာဥ္ပ်ံေပၚတက္သြားကာ ထြက္ခြာသြားတာကို ေစာင့္ၾကည့္ေနခဲ့သည္။
 
  ကိုယ္ကို ျပန္လွည့္လိုက္ေတာ့ လင္ရွီးအေနာက္မွာ ရပ္ေနတဲ့ခ်င္ေရွာင္းက လင္ရွီးကို နက္နက္ရွိုင္းရွိုင္း စိုက္ၾကည့္ေနေလသည္။
 
ဘာကိစၥေတြျဖစ္ပ်က္သြားသလဲ နဲ႕ အဲ့ကိစၥကမရိုးရွင္းမွန္း ခ်င္ေရွာင္း သိသည္။

  သူနဲ႕လင္ရွီးၾကား ဘာလွ်ို႔ဝွက္ခ်က္မွ မရွိေစခ်င္ေပ။ အထူးသျဖင့္ လင္ရွီးပင္။ လင္က်င့္ကို စိုးရိမ္ေနတဲ့ ပူပန္မႈအနည္းငယ္ကို လင္ရွီးရဲ႕ မ်က္လုံးေတြထဲ သူျမင္ေနရ၏။
 
  " တစ္ခုခု ျဖစ္သြားလို႔လား?" ခ်င္ေရွာင္းေမးလိုက္သည္။
 
" ဟုတ္တယ္ " လင္ရွီးေခါင္းၿငိမ့္ လိုက္တယ္။

  ခ်င္ေရွာင္း တိက်တဲ့အေၾကာင္းအရာကို သူေျပာျပလာမွာကို ေစာင့္ေနလိုက္၏။
 
" လင္က်င့္မွာ ကိုယ္၀န္ရွိေနတယ္ ရွဲ႕ဟုန္မင္ဟာ "
  လင္ရွီး ဒီစကားေတြကို တည္တည္ၿငိမ္ၿငိမ္ ေျပာေနေပမဲ့ ခ်င္ေရွာင္းကေတာ့ အံ့ဩတႀကီးျဖစ္သြားသည္။
 
  " သူမွာ ကိုယ္၀န္နဲ႕? သူက ေရသူအထီး မဟုတ္ဘူးလား? " ေရသူအထီးေတြကလည္း ကိုယ္၀န္ေဆာင္ၿပီး ကေလးေမြးနိုင္တယ္ဆိုတာကို ခ်င္ေရွာင္း အရင္က တစ္ခါမွ မၾကားဖူးေပ။
 
သူ ဒီလိုကိစၥေတြကို ဘယ္တုန္းကမွ ဂ႐ုမစိုက္တာလည္း ျဖစ္နိုင္တယ္။

  " ဆရာ၀န္ အိမ္ကိုလာၿပီး စမ္းသပ္ေပးၿပီးၿပီ၊ တကယ္ကို ကိုယ္၀န္ရွိေနတာ "
 
" သူက ရွဲ႕ဟုန္မင္ ကေလးကို မလိုခ်င္မွာကို စိုးရိမ္ေနတာ ၊ ၿပီးေတာ့ သူတို႔ၾကားမွာ .... အခုထိ ခံစားခ်က္ေတြတစ္ထပ္ထဲ မျဖစ္ေသးဘူး "

  ခုနတုန္းက လင္က်င့္ ရွဲ႕ဟုန္မင္ေနာက္လိုက္ၿပီး ထြက္သြားတဲ့အခ်ိန္ကို လင္ရွီးမွတ္မိပါေသးသည္။ လူႏွစ္ေယာက္ၾကား အကြာအေဝး ပါးပါးေလး ရွိေနေပသည္။
 
" ဒါေပမဲ့ သူက တစ္ေယာက္ကိုတစ္ေယာက္ ႏွစ္သက္ေနတာပဲေလ " ခ်င္ေရွာင္း ဒီေသးေသးေလးကို အခုထိ ရွင္းရွင္းလင္းလင္း မျမင္ေသးေခ်။

  " တကယ္လို႔ လိုအပ္ရင္ ကိုယ္ ရွဲ႕ဟုန္မင္ကို ကေလးကိုလက္ခံဖို႔ အမိန႔္ေပးလိုက္မယ္ေလ "
 
လင္ရွီး လင္က်င့္ကို စိတ္မပူေစရန္အတြက္ ခ်င္ေရွာင္ သူ႕ကိုယ္ပိုင္ အခြင့္အာဏာကို သုံးလိုက္ခ်င္မိသြား၏။

လင္ရွီး ေခါင္းေလးကို ခါရင္းရယ္လိုက္ကာ " မလိုပါဘူး ၊ နားလည္မႈလြဲမွားတာကို သူတို႔ရွင္းရွင္းလင္းလင္း လုပ္ဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္ "

လင္က်င့္အေပၚ ရွဲ႕ဟုန္မင္ရဲ႕အၾကည့္ေတြကို ၾကည့္ျခင္းအားျဖင့္ တကယ္လို႔ တစ္ဖက္သူကသာ လင္က်င့္မွာ သူ႕ကေလးရွိေနတယ္ဆိုတာ သိသြားရင္ ေသခ်ာေပါက္ အေတာ္ေလးကို ေပ်ာ္သြားမယ္ဆိုတာ လင္ရွီးသိသည္။

ဘယ္သူကမ်ား ျမတ္နိုးရသူက ကိုယ့္ကေလးကို ကိုယ္၀န္ေဆာင္ၿပီးေမြးေပးမဲ့ကိစၥကို မႀကိဳက္ဘဲေနပါ့မလဲ။

လင္ရွီး ခ်င္ေရွာင္းကို ၾကည့္လိုက္၏။
 
သူ ခ်င္ေရွာင္ဆီ ေလွ်ာက္သြားလိုက္ၿပီး ႐ုတ္တရက္ ခ်င္ေရွာင္နားကပ္လိုက္သည္။

လင္ရွီးရဲ႕ ႏႈတ္ခမ္းေထာင့္ေတြက စြဲမက္ဖြယ္ေကြးတက္သြားၿပီး ထိုလူႀကီးရဲ႕ စစ္၀တ္စုံကၾကယ္သီးေတြကို သူ႕လက္ေခ်ာင္းနဲ႕ ဖြဖြေလးပုတ္လိုက္၏။

" ကြၽန္ေတာ္လည္း ကေလးတစ္ေယာက္လိုခ်င္တယ္ ခင္ဗ်ား ကြၽန္ေတာ့ကို တစ္ေယာက္ေမြးေပး မေကာင္းဘူးလား? " လင္ရွီး သူ႕ႏႈတ္ခမ္းေလးကိုဖြင့္ၿပီး ဒီစကားေတြကိုေျပာေတာ့ ခ်င္ေရွာင္းသူ႕ကို တင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လို႔ထားသည္။

သူ႕ခႏၶာကိုယ္ကို ရစ္ပတ္ထားတဲ့ အားေတြက အထူးတလယ္ကို သန္မာလွသည္။ လင္ရွီးကေတာ့ သည္းမခံနိုင္ဘဲ ေဒါသထြက္လာမွာကို မေၾကာက္သည့္အလား။

သူက ေခါင္းေလးကိုနည္းနည္းေလးေစာင္းကာ ပူေလာင္ပ်စ္ႏွစ္တဲ့ အသက္ရႉသံႏွင့္ " ဒီေန႕ ကြၽန္ေတာ္ အေပၚပဲေနာ္ "

ခ်င္ေရွာင္း ဘရိတ္ဓားရဲ႕ အသြားလို ထက္ရွတဲ့ အၾကည့္ေတြနဲ႕ လင္ရွီးကို စိုက္ၾကည့္လိုက္သည္။

လူႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေန၏။

ခဏမွ်ၾကာေတာ့ ခ်င္ေရွာင္လည္း ရယ္လိုက္တယ္။

  " ရတယ္ "
 
အဆုံးမွာေတာ့ ဒါဟာ လင္ရွီး လိုခ်င္တာနဲ႕ ဆက္က်င္ဘက္ ျဖစ္ေနခဲ့ေတာ့သည္။ 

#5.2.2023                                                                                                                             
 

Continue Reading

You'll Also Like

311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
324K 32.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
308K 11.3K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...