အပေါ်ယံမှာတော့ အာဏာသိမ်းမှုကိုဖြေရှင်းလိုက်နိုင်ပြီး ဖက်ဒရယ်အစိုးရက ပြန်လည်အေးချမ်းသွားကာ အင်ပါယာကထပ်မံတိုက်ခိုက်မှာကို စိုးရိမ်စရာမရှိတော့ပေ။
နောက်ဆုံးတိုက်ပွဲမှာ အင်ပါယာရော ဖက်ဒရယ်ရဲ့စစ်တပ်ရောနှစ်ဘက်စလုံးဆုံးရှုံးမှုများပေမယ့် အဆုံးမှာတော့ ဖက်ဒရယ်နိုင်ငံက အနိုင်ရခြင်းနဲ့အဆုံးသတ်သွားခဲ့တယ်။
အတွင်းအပြင်ပြသနာတွေ ဖြေရှင်းပြီးသွားပြီး စစ်ပွဲကြီးတွေဘယ်တော့မှ ဖြစ်လာမှာမဟုတ်တော့ဘူး။
တခြားအသေးအဖွဲလေးတွေ၊ ဥပမာအားဖြင့် အာဏာသိမ်းမှုမှာပါတဲ့ အချို့အကြွင်းအကျန်လေးတွေတော့ ရှိသေးသည်။ ဆိုလိုတာက လုပ်ကြံသူက အတွင်းလူဖြစ်နေတာကြောင့် ချင်ရှောင်းသည် အစိုးရအတွင်းပိုင်းကပုဂ္ဂိုလ်များကို လှုံ့ဆော်မှုတို့လုပ်ခဲ့သည်။
လူသားများသည် စည်းလုံးညီညွတ်ပြီး အလွန်ရဲရင့်တဲ့အုပ်စုပေမယ့်လည်း ပုန်ကန်ထကြွဖို့အလွယ်ဆုံးလည်းဖြစ်သည်။
တစ်ခုခုကို အစဖော်ပေးလိုက်ရုံပါပဲ။
ချင်ရှောင်းက အလုပ်တွေကို ပြီးဆုံးအောင်လုပ်ပြီးသွားပြီ။ ဒီကိစ္စတွေပြီးသွားတော့ သူ့ရဲ့အစီအစဉ်တွေအတွက် ကိုယ်ပိုင်အချိန်အချို့ရရှိသွားလေပြီ။ ချင်ရှောင်း ဒီအချိန်တွေကို အိမ်မှာပဲရေသူလေးနဲ့ဖြုန်းဖို့စီစဉ်ထားတယ်။
နှစ်ယောက်က အခုတစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်နေပြီလို့ မှတ်ယူနိုင်ပြီး နောက်ထပ်လုပ်ရမှာက ဒီဆက်ဆံရေးကို ပိုခိုင်မြဲအောင်လုပ်ဖို့ပဲဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ဝက်လောက်ကသာ ချင်ရှောင်းကို ရေသူလေးတစ်ကောင်အပေါ် မင်းနက်နက်ရှိုင်းရှိင်းနဲ့ချစ်မိသွားလိမ့်မယ်လို့ ပြောခဲ့ရင် ချင်ရှောင်းဘယ်လိုမှယုံနိုင်မှာမဟုတ်ပေ။
ကံကြမ္မာက ဒီလိုအံ့အားသင့်ဖို့ကောင်းတဲ့အရာတစ်ခုပင်။
သူဆီချစ်စရာကောင်လေးကို ပို့ပေးခဲ့တယ်။
ချင်ရှောင်းက အညိုရောင်ရေသူလေးကိုခေါ်ယူရန် အစောင့်အချို့ကို သူ့ရဲ့လက်အောက်ငယ်သားရှဲ့ဟုန်မင်ထံစေလွှတ်ခဲ့သည်။
လင်ရှီးက လင်ကျင့်ကိုတွေ့ချင်နေပြီး လင်ရှီးကအိမ်မှာတစ်ယောက်တည်းရှိနေတာကြောင့် သူအနားမှာမရှိတဲ့အချိန် လင်ရှီးကိုတစ်ယောက်ယောက်က ကူညီပြီးအဖော်ပြုပေးနိုင်ဖို့ သူမျှော်လင့်မိသည်။
လင်ရှီးအပေါ်ပိုင်ဆိုင်လိုတဲ့ စိတ်တွေကပိုမိုပြင်းပြလာပြီး အရင်ကလိုမဟုတ်တော့ပဲ လင်ရှီးအနားမှာ ဘယ်သူ့ကိုမှမတွေ့ချင်ပေ။
တစ်ယောက်ယောက်က လင်ရှီးရဲ့အာရုံကိုသိမ်းပိုက်သွားနိုင်တယ်။
လင်ကျင့်သည် ချင်ရှောင်းရဲ့အစောင့်များကိုမြင်လိုက်ချိန်တွင် လင်ရှီးပြန်ရောက်လာတယ်လို့ သူမထင်ခဲ့ချေ။ ဒါပေမယ့် လင်ရှီးရဲ့ဒုတိယအကြိမ်ထွက်ပြေးခြင်းအကြောင်းကိုတော့ သူ့ရဲ့လက်ရှိသခင်ရှဲ့ဟုန်မင်ထံမှ ကြားသိခဲ့သည်။
လင်ရှီးထွက်သွားတုန်းက သူဝမ်းမနည်းဘူးလို့တော့ပြောလို့မရပေ။ လင်ရှီးကသူ့ကိုထားခဲ့ပြီး တစ်ယောက်တည်းထွက်သွားတယ်လို့ ခံစားရတုန်းက သူတစ်ယောက်တည်း အထီးကျန်ပြီးရင်း အထီးကျန်နေခဲ့သည်။
နောက်ဆုံးမှာတော့ လင်ကျင့်ကသူ့ကိုယ်သူနှစ်သိမ့်နိုင်ပြီး အကြောင်းပြချက်ကို ရှာနိုင်တဲ့သူတစ်ယောက်ပင်။
ဒါကပိုကောင်းတယ်လို့ သူခံစားလိုက်ရတယ်။ သူကဘာမှမသိပဲ သူ့မှာလင်ရှီးလိုပြင်းပြတဲ့စိတ်ခံစားချက်မရှိပေ။ လင်ရှီးနဲ့ပထမဆုံးအကြိမ်ထွက်ပြေးလွတ်မြောက်တုန်းက လင်ရှီးကသူ့ကိုဂရုစိုက်ခဲ့ရတယ်။ သူက သူများကိုဆွဲထားတဲ့ဖြစ်တည်မှုတစ်ခုပါပဲ။
လင်ရှီးသာသူ့ကို အတူခေါ်မသွားခဲ့ရင် လင်ရှီးရဲ့ထွက်ပြေးခြင်းက အဲ့အချိန်တည်းက ချောမွေ့နေလောက်ပြီ။
လင်ရှီးတစ်ယောက်တည်းထွက်သွားတာက ပိုပြီးတော့သင်လျော်ပါတယ်လေ။ လင်ရှီးရဲ့စိတ်ကသူနဲ့မတူကြောင်း လင်ကျင့်တကယ်သိသည်။
လင်ရှီးက တစ်ယောက်ယောက်နဲ့မချည်နှောင်ချင်တာလည်း သူသိတယ်။
ဒီနေရာမှာပဲနေတာက သူ(လင်ရှီး)ကချုပ်နှောင်ထားခြင်းခံရပြီး သူ့ရဲ့လွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသင့်တယ်လို့ လူတွေကိုခံစားစေရတယ် ဒါပေမယ့် သူ(လင်ရှီး)က ပင်လယ်ရှိရာကိုသွားပြီး ပင်လယ်ထဲမှာလွတ်လွတ်လပ်လပ်နေရသင့်တယ်။
အစောင့်တွေက လင်ကျင့်ကိုခေါ်သွားချိန်မှာတော့ သူကဘာမှမပြောခဲ့ပေ။
လင်ရှီးနဲ့ တွေ့ပြီးမှသာ သူ့သူငယ်ချင်းပြန်ရောက်နေတာကို လင်ကျင့်သဘောပေါက်သွားရသည်။
ယာဉ်ပျံပေါ်က ဆင်ပြီးချိန်မှာတော့ လင်ကျင့်တံခါးဝမှာစောင့်နေတဲ့ လင်ရှီးက်ုတွေ့လိုက်ရတယ်။
အရမ်းရှော့ခ်ရပြီး အံ့အားသင့်လွန်းခြင်းကြောင့် လင်ကျင့်ထိတ်လန့်သွားရကာ ပုံရိပ်ယောင်ဖြစ်နေမှာကိုတောင် ကြောက်မိသွားသည်။
လင်ရှီးကအဲ့ဒီနေရာမှာရပ်နေတာမဟုတ်ပဲ တစ်ခြားတစ်ယောက်လည်းဖြစ်နိုင်သည်။
ထို့ကြောင့် လင်ကျင့်အရှေ့သို့ မရွေ့ခဲ့ပေ။
မြေပြင်ကသူတို့ကိုချန်ထားပြီး ယာဉ်ပျံကအဝေးသို့ပျံသန်းသွားခဲ့သည်။ လင်ရှီးသည် အဝေးမှလင်ကျင့်ကိုလှမ်းကြည့်ကာ သူ့(လင်ကျင့်)ရဲ့လှပတဲ့မျက်နှာလေးပေါ်က အမူအရာအမျိုးမျိုးကို မြင်လိုက်ရသည်။
လင်ရှီးလှေကားထစ်များဆီမှာဆင်းလိုက်ပြီး လင်ကျင့်ထံလျှောက်သွားလိုက်သည်။
သူ့ရဲ့လက်မောင်းတွေကို ဖွင့်ဟခဲ့ပြီး လင်ကျင့်ကို သူ့လက်မောင်းတွေကြားမှာဖက်ထားခဲ့သည်။
"တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါပြန်လာပြီ" လင်ရှီးသည် ရေသူလေးဖြစ်သည့် လင်ကျင့်ကိုဖက်ထားလိုက်၏။
သူပြန်လာခဲ့တယ် ဘာလို့လဲဆိုရင် ချင်ရှောင်းကိုမသေစေချင်လို့။
သူပြန်လာခဲ့တယ် ဘာလို့လဲဆိုရင် ချင်ရှောင်းကိုသဘောကျမိသွားလို။
လင်ရှီးဒီအကြောင်းနဲ့ပတ်သတ်ပြီးတွေးခဲ့တယ် မတော်တဆဖြစ်မယ့် တစ်စုံတစ်ယောက်က လင်ကျင့်ဖြစ်ခဲ့ရင်လည်း သူသေချာပေါက်ကို ပြန်လာမယ်ဆိုတာ သူသိတယ်။
ဒါကသူ့ရဲ့ဒီကမ္ဘာပေါ်က ပထမဆုံးသူငယ်ချင်းလေးမို့လို့ပါပဲ။
လင်ကျင့်ရဲ့တည်ရှိမှုက တခြားသူတွေနဲ့မတူပေ။
လင်ကျင့် လင်ရှီးကိုဖက်ထားရင်း သူ့ခန္ဓာကိုယ်က ဖြည်းညှင်းစွာ တုန်ရီနေခဲ့သည်။ အချိန်ခဏလောက် ဖက်ထားပြီးချိန်မှာတော့ ဒါကသူထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်ဘူးဆိုတာ သိသွားတော့လေတယ်။ သူဖက်ထားတဲ့လူက တကယ့်ကိုလင်ရှီးပဲ။
"အစ်ကို၊ မင်းထပ်ပြီးထွက်သွားဦးမှာလား?" လင်ကျင့်ရဲ့လေသံက အရမ်းကိုသတိထားနေသည်။
ဒီတွေ့ဆုံမှုက အလွန်တိုတောင်းပြီး နောက်ဆုံးအကြိမ်တုန်းကနဲ့တူသွားမှာကို သူကြောက်မိတယ်။
"ငါမသွားတော့ဘူး၊ ငါအပြင်ကဘဝကိုမကြိုက်ဘူး။ လေတိုက်ထဲအပြင်မှာအိပ်ရပြီး ပင်လယ်စာတွေလည်းမစားရဘူး"
လင်ကျင့်က လင်ရှီးဒီအကြောင်းကို ထိုင်းမှိုင်းတဲ့အသံနဲ့ပြောတာကို ကြားလိုက်ရတော့ သူ့ရဲ့ကိုယ်လေးကိုလှည့်လိုက်ပြီး အညိုရောင်မျက်လုံးတောက်တောက်လေးတွေနဲ့ လင်ရှီးကိုစိုက်ကြည့်လိုက်တယ်။
အဲ့ဒီနူးညံ့တဲ့မျက်နှာလေးပေါ်တွင် အပြုံးဖျော့ဖျော့လေးတင်ထားလေသည်။
လင်ကျင့်ရုတ်တရက် သက်ပြင်းချလိုက်၏။
"အကို မင်းပြောတာက အရသာရှိတဲ့အစားအစာတွေကြောင့် ပြန်လာသလိုပဲ"
"အရသာရှိတဲ့အစားအစာတွေကြောင့်ပဲပေါ့၊ ဒီမှာသာအရသာရှိတဲ့အစားအစာတွေမရှိဘူးဆိုရင် ငါပြန်လာမှာမဟုတ်ဘူး" လင်ရှီးကပြုံးသည်။ သူ့ရဲ့အပြုံးက ပွင့်နေတဲ့ပန်းတွေထက်ပိုတောက်ပပြီး နှစ်လိုဖွယ်ကောင်းလေသည်။
လင်ကျင့် လင်ရှီးရဲ့ပြုံးနေတဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး လင်ရှီးကိုဖက်ဖို့ခြေလှမ်းပြင်လိုက်သည်။
"အနာဂါတ်မှာ ထပ်ပြီးထွက်မသွားပါနဲ့တော့၊ ကျွန်တော်အစ်ကို့ကို မျက်ခြေပြတ်မသွားချင်တော့ဘူး"
လင်ရှီးလန့်ပြီး အဝေးကိုထွက်သွားမှာကို စိုးရိမ်သလိုမျိုး အသံမကျယ်ကြီးမလုပ်ရဲပဲ ပုံမှန်မဟုတ်တဲ့ အသံတိုးတိုးလေးနဲ့လင်ကျင့်ကပြောလာသည်။
လင်ရှီးခေါင့်ညိတ်ပြရင်း "ကောင်းပါပြီ၊ စိတ်မပူပါနဲ့ အနာဂါတ်မှာ ငါထွက်မသွားတော့ပါဘူး"
လင်ကျင့်ကိုဆွဲလိုက်ပြီး နှစ်ယောက်သားအိမ်ထဲလျှောက်လာခဲ့ကြတယ်။
လင်ကျင့်ထံမှ လင်ရှီးသူမရှိချိန်ဖြစ်ပျက်ခဲ့တဲ့အရာတွေကို နားထောင်ခဲ့ပြီး သူခရီးတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့အရာတွေကို ပြန်ပြောပြလေသည်။
သူလူသားတွေရဲ့အိမ်မှာအချိန်တစ်ချို့နေခဲ့ကြောင်းနဲ့ အဲ့ဒီအိမ်က ကောင်လေးနဲ့သူ့အဖိုးအကြောင်းကိုလည်း ပြောခဲ့သည်။
"မင်းသာရုတ်တရက်ထွက်သွားခဲ့ရင် သူတို့တွေဝမ်းနည်းနေမှာပဲ"
လင်ရှီးလို(ဆွဲဆောင်မှု)ပြင်းထန်တဲ့မျက်နှာနဲ့ လှပတဲ့ရေသူလေးပေါ်လာတာကို ခုခံနိုင်တဲ့လူသားအနည်းငယ်ပဲရှိမယ်ဆိုတာ လင်ကျင့်ပုံဖော်ကြည့်နိုင်သည်။
ထိုလူသားနှစ်ဦးကတော့ ခုခံနိုင်တဲ့ပုံပဲ။
"အွန်း ဒါပေမယ့် ငါအဲ့ဒီမှာဆက်နေလို့မရဘူး၊ ငါ့ကိုရှာတွေ့သွားမှာ ကြောက်ရပြီး အဲ့ဒီအချိန်ကျရင် သူတို့ကိုပါ ပါဝင်ပါတ်သတ်မိသွားစေလိမ့်မယ်"
[T/N- ဟိုဘက်ကလူတွေရှာတွေ့သွားရင်ပြောတာပါ]
ဒါကအကြောင်းအရင်းတစ်ချက်ပင်။
လင်ရှီးက လည်ဟိုက်တဲ့ အဝတ်အစားကိုဝတ်ဆင်ထားတာကြောင့် တစ်ချို့တစ်စွန်းတစကျန်နေတဲ့အရာတွေက သဘာဝကျကျပဲ ပေါ်နေခဲ့သည်။
လင်ကျင့်ကဘေးမှာရှိပြီး သူတို့ကနီးကပ်နေတာကြောင့် သူတို့နှစ်ယောက်စကားပြောနေချိန်တွင် လင်ကျင့်သည်ထိုထူးဆန်းတဲ့ ခြေရာလက်ရာတွေကို ဖျက်ခနဲမြင်လိုက်ရသည်။
မကြာသေးခင်က တစ်စုံတစ်ခုကိုတွေးတောရင်း လင်ကျင့်ရဲ့နားရွက်များနီရဲသွားတာကို သူသိလိုက်သည်။
ဒါကြောင့် လင်ကျင့်ရဲ့နားရွက်တွေ အနီရောင်ပြောင်းသွားတဲ့ အကြောင်းအရင်းကို လင်ရှီးရှာလိုက်တယ်။
အခုလေးတင်ပုံမှန်အရောင်ရှိနေတာကို ရုတ်တရက်ကြီးအနီရောင်ဖြစ်သွားတယ်။
လင်ရှီးတက်သွားလိုက်ရင်း လင်ကျင့်ရဲ့နားရွက်လေးကိုဆွဲညစ်လိုက်တယ်။
အခုတော့ နားရွက်လေးပဲနီနေတာမဟုတ်တော့ပဲ ချစ်စရာကောင်းတဲ့မျက်နှာလေးပါ ဆေးဆိုးလိုက်သလိုမျိုးအနီရောင်ပြောင်းသွားပြီ။
လင်ကျင့်ရဲ့မျက်လုံးတွေက လွှဲလိုက်ပြီးတစ်စုံတစ်ခုကိုဖုံးကွယ်ဖို့ ကြိုးစားနေသည်မှာထင်ရှားသည်။ အစပိုင်းတွင် လင်ရှီးစူးစမ်းချင်စိတ်သာရှိပြီး နောက်တော့ လင်ကျင့်တစ်ခုခုကိုဖုံးကွယ်နေသည်ဟု သူချက်ချင်းခန့်မှန်းမိသွားသည်။
"မင်းသူနဲ့အဆင်ပြေရဲ့လား?"
အရင်ဆုံးတစ်ချက်ဝေ့ကြည့်လိုက်သည်။ ဒီအသံကမေးခွန်းနဲ့တူနေပေမယ့် ဒီလေသံကအရမ်းကိုခိုင်မာနေတယ်။
လင်ကျင့်ရဲ့မျက်လုံးတွေကပြူးကျယ်သွားပြီး လင်ရှီးကိုစိုက်ကြည့်လိုက်သည်။ လင်ရှီးရဲ့အကြည့်တွေကနွေးထွေးနေပေမယ့် သူတို့ကအရမ်းကိုထက်ရှနေ။ သူတို့တွေက လင်ကျင့်ရဲ့ခန္ဓာကိုယ်ထဲထိုးဖောက်ဝင်ရောက်ပြီး သူဘာတွေဝှက်ထားလဲဆိုတာကိုမြင်လိုက်ရသလိုပင်။
"ဟင့်အင်း၊ မဟုတ်ပါဘူး....ဟုတ်တယ်၊ အဆင်ပြေပါတယ်" လင်ကျင့်အရင်ဆုံးငြင်းလိုက်ပြီး လင်ရှီးရဲ့စူးရှတဲ့အကြည့်တွေအောက်မှာ သူ့စကားတွေကိုချက်ချင်းပြန်ပြောင်းလိုက်တယ်။
"အဆင်ပြေတယ်ဆိုကောင်းပါတယ်၊ ငါကအနာဂါတ်မှာ မင်းလူသားတွေကိုသဘောမကျတော့မှာ စိုးရိမ်နေတာ" လင်ရှီးအပြုံးလေးနဲ့ပြောလိုက်၏။
လင်ကျင့်က ခေါင်းငြိမ့်ပြပြီး သူ့လက်များကိုအချင်းချင်းဆုပ်ကိုင်ထားကာ အလွန်စိတ်လှုပ်ရှားနေပုံရတယ်။
"သူကကျွန်တော့ကို ကောင်းကောင်းဆက်ဆံပါတယ်"
"နောက်ကျရင်လည်းကောင်းကောင်းနေကြ၊ ပြီးတော့ငါလည်းထပ်ပြီး ထွက်မသွားတော့ဘူး"
"ချင်ရှောင်းကြောင့်လား? အစ်ကိုကရော သူ့ကိုကြိုက်တာလား?" လင်ကျင့်ကမေးသည်။
သူမေးလိုက်သောစာကြောင်းတွင် အဓိကစကားလုံးတစ်ခုကို လင်ရှီးဖမ်းမိလိုက်သည်။
လင်ရှီး လင်ကျင့်အနားကိုတိုးသွားလိုက်ပေမယ့် လင်ကျင့်ကတော့ ဘာဖြစ်တာလဲဆိုတာမသိပေ။ သူမျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့အညိုရောင်မျက်လုံးလေးများက သံသယတွေနှင့်ပြည့်နေသည်။ ။
#5.2.2023
စပရိုက်လာမယ်နော်အဟဲ
Zawgyi ...
အေပၚယံမွာေတာ့ အာဏာသိမ္းမႈကိုေျဖရွင္းလိုက္နိုင္ၿပီး ဖက္ဒရယ္အစိုးရက ျပန္လည္ေအးခ်မ္းသြားကာ အင္ပါယာကထပ္မံတိုက္ခိုက္မွာကို စိုးရိမ္စရာမရွိေတာ့ေပ။
ေနာက္ဆုံးတိုက္ပြဲမွာ အင္ပါယာေရာ ဖက္ဒရယ္ရဲ႕စစ္တပ္ေရာႏွစ္ဘက္စလုံးဆုံးရႈံးမႈမ်ားေပမယ့္ အဆုံးမွာေတာ့ ဖက္ဒရယ္နိုင္ငံက အနိုင္ရျခင္းနဲ႕အဆုံးသတ္သြားခဲ့တယ္။
အတြင္းအျပင္ျပသနာေတြ ေျဖရွင္းၿပီးသြားၿပီး စစ္ပြဲႀကီးေတြဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္ေတာ့ဘူး။
တျခားအေသးအဖြဲေလးေတြ၊ ဥပမာအားျဖင့္ အာဏာသိမ္းမႈမွာပါတဲ့ အခ်ိဳ႕အႂကြင္းအက်န္ေလးေတြေတာ့ ရွိေသးသည္။ ဆိုလိုတာက လုပ္ႀကံသူက အတြင္းလူျဖစ္ေနတာေၾကာင့္ ခ်င္ေရွာင္းသည္ အစိုးရအတြင္းပိုင္းကပုဂၢိုလ္မ်ားကို လႈံ႕ေဆာ္မႈတို႔လုပ္ခဲ့သည္။
လူသားမ်ားသည္ စည္းလုံးညီၫြတ္ၿပီး အလြန္ရဲရင့္တဲ့အုပ္စုေပမယ့္လည္း ပုန္ကန္ထႂကြဖို႔အလြယ္ဆုံးလည္းျဖစ္သည္။
တစ္ခုခုကို အစေဖာ္ေပးလိုက္႐ုံပါပဲ။
ခ်င္ေရွာင္းက အလုပ္ေတြကို ၿပီးဆုံးေအာင္လုပ္ၿပီးသြားၿပီ။ ဒီကိစၥေတြၿပီးသြားေတာ့ သူ႕ရဲ႕အစီအစဥ္ေတြအတြက္ ကိုယ္ပိုင္အခ်ိန္အခ်ိဳ႕ရရွိသြားေလၿပီ။ ခ်င္ေရွာင္း ဒီအခ်ိန္ေတြကို အိမ္မွာပဲေရသူေလးနဲ႕ျဖဳန္းဖို႔စီစဥ္ထားတယ္။
ႏွစ္ေယာက္က အခုတစ္ေယာက္နဲ႕တစ္ေယာက္ခ်ိတ္ဆက္ေနၿပီလို႔ မွတ္ယူနိုင္ၿပီး ေနာက္ထပ္လုပ္ရမွာက ဒီဆက္ဆံေရးကို ပိုခိုင္ၿမဲေအာင္လုပ္ဖို႔ပဲျဖစ္သည္။
လြန္ခဲ့တဲ့ႏွစ္ဝက္ေလာက္ကသာ ခ်င္ေရွာင္းကို ေရသူေလးတစ္ေကာင္အေပၚ မင္းနက္နက္ရွိုင္းရွိင္းနဲ႕ခ်စ္မိသြားလိမ့္မယ္လို႔ ေျပာခဲ့ရင္ ခ်င္ေရွာင္းဘယ္လိုမွယုံနိုင္မွာမဟုတ္ေပ။
ကံၾကမၼာက ဒီလိုအံ့အားသင့္ဖို႔ေကာင္းတဲ့အရာတစ္ခုပင္။
သူဆီခ်စ္စရာေကာင္ေလးကို ပို႔ေပးခဲ့တယ္။
ခ်င္ေရွာင္းက အညိုေရာင္ေရသူေလးကိုေခၚယူရန္ အေစာင့္အခ်ိဳ႕ကို သူ႕ရဲ႕လက္ေအာက္ငယ္သားရွဲ႕ဟုန္မင္ထံေစလႊတ္ခဲ့သည္။
လင္ရွီးက လင္က်င့္ကိုေတြ႕ခ်င္ေနၿပီး လင္ရွီးကအိမ္မွာတစ္ေယာက္တည္းရွိေနတာေၾကာင့္ သူအနားမွာမရွိတဲ့အခ်ိန္ လင္ရွီးကိုတစ္ေယာက္ေယာက္က ကူညီၿပီးအေဖာ္ျပဳေပးနိုင္ဖို႔ သူေမွ်ာ္လင့္မိသည္။
လင္ရွီးအေပၚပိုင္ဆိုင္လိုတဲ့ စိတ္ေတြကပိုမိုျပင္းျပလာၿပီး အရင္ကလိုမဟုတ္ေတာ့ပဲ လင္ရွီးအနားမွာ ဘယ္သူ႕ကိုမွမေတြ႕ခ်င္ေပ။
တစ္ေယာက္ေယာက္က လင္ရွီးရဲ႕အာ႐ုံကိုသိမ္းပိုက္သြားနိုင္တယ္။
လင္က်င့္သည္ ခ်င္ေရွာင္းရဲ႕အေစာင့္မ်ားကိုျမင္လိုက္ခ်ိန္တြင္ လင္ရွီးျပန္ေရာက္လာတယ္လို႔ သူမထင္ခဲ့ေခ်။ ဒါေပမယ့္ လင္ရွီးရဲ႕ဒုတိယအႀကိမ္ထြက္ေျပးျခင္းအေၾကာင္းကိုေတာ့ သူ႕ရဲ႕လက္ရွိသခင္ရွဲ႕ဟုန္မင္ထံမွ ၾကားသိခဲ့သည္။
လင္ရွီးထြက္သြားတုန္းက သူဝမ္းမနည္းဘူးလို႔ေတာ့ေျပာလို႔မရေပ။ လင္ရွီးကသူ႕ကိုထားခဲ့ၿပီး တစ္ေယာက္တည္းထြက္သြားတယ္လို႔ ခံစားရတုန္းက သူတစ္ေယာက္တည္း အထီးက်န္ၿပီးရင္း အထီးက်န္ေနခဲ့သည္။
ေနာက္ဆုံးမွာေတာ့ လင္က်င့္ကသူ႕ကိုယ္သူႏွစ္သိမ့္နိုင္ၿပီး အေၾကာင္းျပခ်က္ကို ရွာနိုင္တဲ့သူတစ္ေယာက္ပင္။
ဒါကပိုေကာင္းတယ္လို႔ သူခံစားလိုက္ရတယ္။ သူကဘာမွမသိပဲ သူ႕မွာလင္ရွီးလိုျပင္းျပတဲ့စိတ္ခံစားခ်က္မရွိေပ။ လင္ရွီးနဲ႕ပထမဆုံးအႀကိမ္ထြက္ေျပးလြတ္ေျမာက္တုန္းက လင္ရွီးကသူ႕ကိုဂ႐ုစိုက္ခဲ့ရတယ္။ သူက သူမ်ားကိုဆြဲထားတဲ့ျဖစ္တည္မႈတစ္ခုပါပဲ။
လင္ရွီးသာသူ႕ကို အတူေခၚမသြားခဲ့ရင္ လင္ရွီးရဲ႕ထြက္ေျပးျခင္းက အဲ့အခ်ိန္တည္းက ေခ်ာေမြ႕ေနေလာက္ၿပီ။
လင္ရွီးတစ္ေယာက္တည္းထြက္သြားတာက ပိုၿပီးေတာ့သင္ေလ်ာ္ပါတယ္ေလ။ လင္ရွီးရဲ႕စိတ္ကသူနဲ႕မတူေၾကာင္း လင္က်င့္တကယ္သိသည္။
လင္ရွီးက တစ္ေယာက္ေယာက္နဲ႕မခ်ည္ႏွောင္ခ်င္တာလည္း သူသိတယ္။
ဒီေနရာမွာပဲေနတာက သူ(လင္ရွီး)ကခ်ဳပ္ႏွောင္ထားျခင္းခံရၿပီး သူ႕ရဲ႕လြတ္လပ္ခြင့္ကို ထိန္းခ်ဳပ္ထားသင့္တယ္လို႔ လူေတြကိုခံစားေစရတယ္ ဒါေပမယ့္ သူ(လင္ရွီး)က ပင္လယ္ရွိရာကိုသြားၿပီး ပင္လယ္ထဲမွာလြတ္လြတ္လပ္လပ္ေနရသင့္တယ္။
အေစာင့္ေတြက လင္က်င့္ကိုေခၚသြားခ်ိန္မွာေတာ့ သူကဘာမွမေျပာခဲ့ေပ။
လင္ရွီးနဲ႕ ေတြ႕ၿပီးမွသာ သူ႕သူငယ္ခ်င္းျပန္ေရာက္ေနတာကို လင္က်င့္သေဘာေပါက္သြားရသည္။
ယာဥ္ပ်ံေပၚက ဆင္ၿပီးခ်ိန္မွာေတာ့ လင္က်င့္တံခါးဝမွာေစာင့္ေနတဲ့ လင်ရှီးက်ုတွေ့လိုက်ရတယ်။
အရမ္းေရွာ့ခ္ရၿပီး အံ့အားသင့္လြန္းျခင္းေၾကာင့္ လင္က်င့္ထိတ္လန႔္သြားရကာ ပုံရိပ္ေယာင္ျဖစ္ေနမွာကိုေတာင္ ေၾကာက္မိသြားသည္။
လင္ရွီးကအဲ့ဒီေနရာမွာရပ္ေနတာမဟုတ္ပဲ တစ္ျခားတစ္ေယာက္လည္းျဖစ္နိုင္သည္။
ထို႔ေၾကာင့္ လင္က်င့္အေရွ႕သို႔ မေ႐ြ႕ခဲ့ေပ။
ေျမျပင္ကသူတို႔ကိုခ်န္ထားၿပီး ယာဥ္ပ်ံကအေဝးသို႔ပ်ံသန္းသြားခဲ့သည္။ လင္ရွီးသည္ အေဝးမွလင္က်င့္ကိုလွမ္းၾကည့္ကာ သူ႕(လင္က်င့္)ရဲ႕လွပတဲ့မ်က္ႏွာေလးေပၚက အမူအရာအမ်ိဳးမ်ိဳးကို ျမင္လိုက္ရသည္။
လင္ရွီးေလွကားထစ္မ်ားဆီမွာဆင္းလိုက္ၿပီး လင္က်င့္ထံေလွ်ာက္သြားလိုက္သည္။
သူ႕ရဲ႕လက္ေမာင္းေတြကို ဖြင့္ဟခဲ့ၿပီး လင္က်င့္ကို သူ႕လက္ေမာင္းေတြၾကားမွာဖက္ထားခဲ့သည္။
"ေတာင္းပန္ပါတယ္၊ ဒါေပမယ့္ ငါျပန္လာၿပီ" လင္ရွီးသည္ ေရသူေလးျဖစ္သည့္ လင္က်င့္ကိုဖက္ထားလိုက္၏။
သူျပန္လာခဲ့တယ္ ဘာလို႔လဲဆိုရင္ ခ်င္ေရွာင္းကိုမေသေစခ်င္လို႔။
သူျပန္လာခဲ့တယ္ ဘာလို႔လဲဆိုရင္ ခ်င္ေရွာင္းကိုသေဘာက်မိသြားလို။
လင္ရွီးဒီအေၾကာင္းနဲ႕ပတ္သတ္ၿပီးေတြးခဲ့တယ္ မေတာ္တဆျဖစ္မယ့္ တစ္စုံတစ္ေယာက္က လင္က်င့္ျဖစ္ခဲ့ရင္လည္း သူေသခ်ာေပါက္ကို ျပန္လာမယ္ဆိုတာ သူသိတယ္။
ဒါကသူ႕ရဲ႕ဒီကမၻာေပၚက ပထမဆုံးသူငယ္ခ်င္းေလးမို႔လို႔ပါပဲ။
လင္က်င့္ရဲ႕တည္ရွိမႈက တျခားသူေတြနဲ႕မတူေပ။
လင္က်င့္ လင္ရွီးကိုဖက္ထားရင္း သူ႕ခႏၶာကိုယ္က ျဖည္းညွင္းစြာ တုန္ရီေနခဲ့သည္။ အခ်ိန္ခဏေလာက္ ဖက္ထားၿပီးခ်ိန္မွာေတာ့ ဒါကသူထင္ေယာင္ထင္မွား ျဖစ္ေနတာမဟုတ္ဘူးဆိုတာ သိသြားေတာ့ေလတယ္။ သူဖက္ထားတဲ့လူက တကယ့္ကိုလင္ရွီးပဲ။
"အစ္ကို၊ မင္းထပ္ၿပီးထြက္သြားဦးမွာလား?" လင္က်င့္ရဲ႕ေလသံက အရမ္းကိုသတိထားေနသည္။
ဒီေတြ႕ဆုံမႈက အလြန္တိုေတာင္းၿပီး ေနာက္ဆုံးအႀကိမ္တုန္းကနဲ႕တူသြားမွာကို သူေၾကာက္မိတယ္။
"ငါမသြားေတာ့ဘူး၊ ငါအျပင္ကဘဝကိုမႀကိဳက္ဘူး။ ေလတိုက္ထဲအျပင္မွာအိပ္ရၿပီး ပင္လယ္စာေတြလည္းမစားရဘူး"
လင္က်င့္က လင္ရွီးဒီအေၾကာင္းကို ထိုင္းမွိုင္းတဲ့အသံနဲ႕ေျပာတာကို ၾကားလိုက္ရေတာ့ သူ႕ရဲ႕ကိုယ္ေလးကိုလွည့္လိုက္ၿပီး အညိုေရာင္မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ လင္ရွီးကိုစိုက္ၾကည့္လိုက္တယ္။
အဲ့ဒီႏူးညံ့တဲ့မ်က္ႏွာေလးေပၚတြင္ အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတင္ထားေလသည္။
လင္က်င့္႐ုတ္တရက္ သက္ျပင္းခ်လိဳက္၏။
"အကို မင္းေျပာတာက အရသာရွိတဲ့အစားအစာေတြေၾကာင့္ ျပန္လာသလိုပဲ"
"အရသာရွိတဲ့အစားအစာေတြေၾကာင့္ပဲေပါ့၊ ဒီမွာသာအရသာရွိတဲ့အစားအစာေတြမရွိဘူးဆိုရင္ ငါျပန္လာမွာမဟုတ္ဘူး" လင္ရွီးကၿပဳံးသည္။ သူ႕ရဲ႕အၿပဳံးက ပြင့္ေနတဲ့ပန္းေတြထက္ပိုေတာက္ပၿပီး ႏွစ္လိုဖြယ္ေကာင္းေလသည္။
လင္က်င့္ လင္ရွီးရဲ႕ၿပဳံးေနတဲ့မ်က္ႏွာေလးကို စိုက္ၾကည့္ၿပီး လင္ရွီးကိုဖက္ဖို႔ေျခလွမ္းျပင္လိုက္သည္။
"အနာဂါတ္မွာ ထပ္ၿပီးထြက္မသြားပါနဲ႕ေတာ့၊ ကြၽန္ေတာ္အစ္ကို႔ကို မ်က္ေျချပတ္မသြားခ်င္ေတာ့ဘူး"
လင္ရွီးလန့္ၿပီး အေဝးကိုထြက္သြားမွာကို စိုးရိမ္သလိုမ်ိဳး အသံမက်ယ္ႀကီးမလုပ္ရဲပဲ ပုံမွန္မဟုတ္တဲ့ အသံတိုးတိုးေလးနဲ႕လင္က်င့္ကေျပာလာသည္။
လင္ရွီးေခါင့္ညိတ္ျပရင္း "ေကာင္းပါၿပီ၊ စိတ္မပူပါနဲ႕ အနာဂါတ္မွာ ငါထြက္မသြားေတာ့ပါဘူး"
လင္က်င့္ကိုဆြဲလိုက္ၿပီး ႏွစ္ေယာက္သားအိမ္ထဲေလွ်ာက္လာခဲ့ၾကတယ္။
လင္က်င့္ထံမွ လင္ရွီးသူမရွိခ်ိန္ျဖစ္ပ်က္ခဲ့တဲ့အရာေတြကို နားေထာင္ခဲ့ၿပီး သူခရီးတစ္ေလွ်ာက္ႀကဳံေတြ႕ခဲ့ရတဲ့အရာေတြကို ျပန္ေျပာျပေလသည္။
သူလူသားေတြရဲ႕အိမ္မွာအခ်ိန္တစ္ခ်ိဳ႕ေနခဲ့ေၾကာင္းနဲ႕ အဲ့ဒီအိမ္က ေကာင္ေလးနဲ႕သူ႕အဖိုးအေၾကာင္းကိုလည္း ေျပာခဲ့သည္။
"မင္းသာ႐ုတ္တရက္ထြက္သြားခဲ့ရင္ သူတို႔ေတြဝမ္းနည္းေနမွာပဲ"
လင္ရွီးလို(ဆြဲေဆာင္မႈ)ျပင္းထန္တဲ့မ်က္ႏွာနဲ႕ လွပတဲ့ေရသူေလးေပၚလာတာကို ခုခံနိုင္တဲ့လူသားအနည္းငယ္ပဲရွိမယ္ဆိုတာ လင္က်င့္ပုံေဖာ္ၾကည့္နိုင္သည္။
ထိုလူသားႏွစ္ဦးကေတာ့ ခုခံနိုင္တဲ့ပုံပဲ။
"အြန္း ဒါေပမယ့္ ငါအဲ့ဒီမွာဆက္ေနလို႔မရဘူး၊ ငါ့ကိုရွာေတြ႕သြားမွာ ေၾကာက္ရၿပီး အဲ့ဒီအခ်ိန္က်ရင္ သူတို႔ကိုပါ ပါဝင္ပါတ္သတ္မိသြားေစလိမ့္မယ္"
[T/N- ဟိုဘက္ကလူေတြရွာေတြ႕သြားရင္ေျပာတာပါ]
ဒါကအေၾကာင္းအရင္းတစ္ခ်က္ပင္။
လင္ရွီးက လည္ဟိုက္တဲ့ အဝတ္အစားကိုဝတ္ဆင္ထားတာေၾကာင့္ တစ္ခ်ိဳ႕တစ္စြန္းတစက်န္ေနတဲ့အရာေတြက သဘာဝက်က်ပဲ ေပၚေနခဲ့သည္။
လင္က်င့္ကေဘးမွာရွိၿပီး သူတို႔ကနီးကပ္ေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္စကားေျပာေနခ်ိန္တြင္ လင္က်င့္သည္ထိုထူးဆန္းတဲ့ ေျခရာလက္ရာေတြကို ဖ်က္ခနဲျမင္လိုက္ရသည္။
မၾကာေသးခင္က တစ္စုံတစ္ခုကိုေတြးေတာရင္း လင္က်င့္ရဲ႕နား႐ြက္မ်ားနီရဲသြားတာကို သူသိလိုက္သည္။
ဒါေၾကာင့္ လင္က်င့္ရဲ႕နား႐ြက္ေတြ အနီေရာင္ေျပာင္းသြားတဲ့ အေၾကာင္းအရင္းကို လင္ရွီးရွာလိုက္တယ္။
အခုေလးတင္ပုံမွန္အေရာင္ရွိေနတာကို ႐ုတ္တရက္ႀကီးအနီေရာင္ျဖစ္သြားတယ္။
လင္ရွီးတက္သြားလိုက္ရင္း လင္က်င့္ရဲ႕နား႐ြက္ေလးကိုဆြဲညစ္လိုက္တယ္။
အခုေတာ့ နား႐ြက္ေလးပဲနီေနတာမဟုတ္ေတာ့ပဲ ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးပါ ေဆးဆိုးလိုက္သလိုမ်ိဳးအနီေရာင္ေျပာင္းသြားၿပီ။
လင္က်င့္ရဲ႕မ်က္လုံးေတြက လႊဲလိုက္ၿပီးတစ္စုံတစ္ခုကိုဖုံးကြယ္ဖို႔ ႀကိဳးစားေနသည္မွာထင္ရွားသည္။ အစပိုင္းတြင္ လင္ရွီးစူးစမ္းခ်င္စိတ္သာရွိၿပီး ေနာက္ေတာ့ လင္က်င့္တစ္ခုခုကိုဖုံးကြယ္ေနသည္ဟု သူခ်က္ခ်င္းခန႔္မွန္းမိသြားသည္။
"မင္းသူနဲ႕အဆင္ေျပရဲ႕လား?"
အရင္ဆုံးတစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ ဒီအသံကေမးခြန္းနဲ႕တူေနေပမယ့္ ဒီေလသံကအရမ္းကိုခိုင္မာေနတယ္။
လင္က်င့္ရဲ႕မ်က္လုံးေတြကျပဴးက်ယ္သြားၿပီး လင္ရွီးကိုစိုက္ၾကည့္လိုက္သည္။ လင္ရွီးရဲ႕အၾကည့္ေတြကႏြေးေထြးေနေပမယ့္ သူတို႔ကအရမ္းကိုထက္ရွေန။ သူတို႔ေတြက လင္က်င့္ရဲ႕ခႏၶာကိုယ္ထဲထိုးေဖာက္ဝင္ေရာက္ၿပီး သူဘာေတြဝွက္ထားလဲဆိုတာကိုျမင္လိုက္ရသလိုပင္။
"ဟင့္အင္း၊ မဟုတ္ပါဘူး....ဟုတ္တယ္၊ အဆင္ေျပပါတယ္" လင္က်င့္အရင္ဆုံးျငင္းလိုက္ၿပီး လင္ရွီးရဲ႕စူးရွတဲ့အၾကည့္ေတြေအာက္မွာ သူ႕စကားေတြကိုခ်က္ခ်င္းျပန္ေျပာင္းလိုက္တယ္။
"အဆင္ေျပတယ္ဆိုေကာင္းပါတယ္၊ ငါကအနာဂါတ္မွာ မင္းလူသားေတြကိုသေဘာမက်ေတာ့မွာ စိုးရိမ္ေနတာ" လင္ရွီးအၿပဳံးေလးနဲ႕ေျပာလိုက္၏။
လင္က်င့္က ေခါင္းၿငိမ့္ျပၿပီး သူ႕လက္မ်ားကိုအခ်င္းခ်င္းဆုပ္ကိုင္ထားကာ အလြန္စိတ္လႈပ္ရွားေနပုံရတယ္။
"သူကကြၽန္ေတာ့ကို ေကာင္းေကာင္းဆက္ဆံပါတယ္"
"ေနာက္က်ရင္လည္းေကာင္းေကာင္းေနၾက၊ ၿပီးေတာ့ငါလည္းထပ္ၿပီး ထြက္မသြားေတာ့ဘူး"
"ခ်င္ေရွာင္းေၾကာင့္လား? အစ္ကိုကေရာ သူ႕ကိုႀကိဳက္တာလား?" လင္က်င့္ကေမးသည္။
သူေမးလိုက္ေသာစာေၾကာင္းတြင္ အဓိကစကားလုံးတစ္ခုကို လင္ရွီးဖမ္းမိလိုက္သည္။
လင္ရွီး လင္က်င့္အနားကိုတိုးသြားလိုက္ေပမယ့္ လင္က်င့္ကေတာ့ ဘာျဖစ္တာလဲဆိုတာမသိေပ။ သူမ်က္ေတာင္ခတ္လိုက္ၿပီး သူ႕ရဲ႕အညိုေရာင္မ်က္လုံးေလးမ်ားက သံသယေတြႏွင့္ျပည့္ေနသည္။ ။
#5.2.2023
စပရိုက္လာမယ္ေနာ္အဟဲ