ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

بواسطة Jiji_laura

470K 80K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... المزيد

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။

2K 373 0
بواسطة Jiji_laura

Unicode

အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။

[ဒီကိစ္စကို ဆွေးနွေးဖို့ အချိန်မနှောင်းသေးဘူး...]

နောက်နေ့မနက်၌ စုယန်သည် နေမြင့်သည်အထိ အိပ်စက်ခဲ့လေသည်။

ယနေ့ ယွီချုံးတောင်ထွတ်၏ ကောင်းကင်သည် တိမ်ကင်းစင်ကာ ထူးခြားလှပ၍ ရှားပါးကောင်းမွန်သော ရာသီဥတုပင် ဖြစ်ချေသည်။ သာယာသော နေအလင်းရောင်သည် တစ်နှစ်ပတ်လုံး ကျဆင်းထားသော နှင်းများကို ထင်ဟပ်ကာ ကောင်းကင်ပေါ်ရှိ မှတ်တုတ်မှိတ်တုတ် ကြယ်လေးများသဖွယ် လင်းလက် တောက်ပနေစေ၏။

သို့ရာတွင် ထိုနေရာ၌ လေထု အပူချိန်မှာ နိမ့်ကျနေသေးသည်။ အခန်းတံခါးဝ၌ ရပ်နေချိန်တွင် အပြင်ဘက်ရှိ အေးစိမ့်သောလေက စုယန်အား အနည်းငယ် တုန်လှုပ်သွားစေသည်။

"အခန်းထဲမှာ မီးဖိုရှိတယ်။ အပြင်မထွက်ဘဲ နွေးနွေးထွေးထွေးနေကြရအောင်နော်" ကုဖေးတိက စုယန်အား အခန်းထဲသို့ ပြန်ဆွဲခေါ်သွားလေ၏။

"မင်းရဲ့ ကျန်းမာရေးကို ကုသဖို့အတွက် ဒီကိုတောင် ရောက်နေမှတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်သင့်တယ်မဟုတ်လား? ဘာလို့ အစောကြီး ထလာတာလဲ?"

စုယန်က အတော်မြင့်နေပြီဖြစ်သော နေကိုကြည့်ရန် ခေါင်းမော့လိုက်သည်။

"အစောကြီးထတယ်? ငါတော့ အတော်လေး နောက်ကျနေပြီထင်တာပဲ။ နေ့လည်စာစားဖို့တောင် သိပ်မလိုတော့ဘူးမဟုတ်လား..."

ထင်တဲ့အတိုင်း သိပ်မကြာခင်မှာပင် လော့ယွီသည် တပည့်တစ်ယောက်အား နေ့လည်စာနှင့် အအေးဒဏ်ကာသော သားမွေးဝတ်စုံတစ်စုံကို ပေးရန် စေလွှတ်လိုက်လေသည်။

စုယန်နှင့် ကုဖေးတိတို့ နေ့လည်စာ အတူတူစားပြီးနောက် လော့ယွီက စုယန်အား စမ်းသပ်ရန် ခေါ်ခဲ့သည်။

သူက စုယန်၏ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် စုတ်တံကို ကောက်ကိုင်လိုက်ပြီး ဆေးစာတစ်စောင်ကို စတင်ရေးခဲ့လေ၏။

"ရေခဲဝိညာဉ်က အားကောင်းလာပြီး မင်းရဲ့အတွင်းစွမ်းအားက အေးစက်နေတယ်။ အဲဒါကတဖြည်းဖြည်းနဲ့ မင်းရဲ့ မယ်ရီဒီယန်တွေကို ပျက်စီးစေလိမ့်မယ်။ ပြီးရင် မင်းရဲ့ခန္ဓာကိုယ်ရဲ့ တက်ကြွမှုပါ အားနည်းလာလိမ့်မယ်" လော့ယွီက ရှင်းပြသည်။

"မင်းရဲ့ ရေခဲဝိညာဉ်ကို ငါမနှိမ်နင်းပေးနိုင်ဘူး။ ဒါကြောင့် မင်းရဲ့ မယ်ရီဒီယန်နဲ့ တက်ကြွမှုကို ထိန်းသိမ်းဖို့အတွက် ဒီဆေးညွှန်းကို သုံးရမယ်။ အဲဒါက မင်းကို ရေခဲဝိညာဉ်ရဲ့ဒဏ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေး လိမ့်မယ်။ ဆေးသောက်နေသ၍တော့ အချိန်ကြာကြာ ခံနိုင်ရည်ရှိမှာပါ"

စုယန်က ဝတ်ရုံလက်အောက်၌ ဖုံးကွယ်ထားသော လက်ကို ထုတ်လိုက်ပြီး အေးစက်နေသည့် လက်ချောင်းထိပ်များဖြင့် နားထင်ကို နှိပ်နယ်ရင်း ခေါင်းညိတ်လိုက်သည်။

လော့ယွီ ဆေးစာရေးပြီးသွားသည်အထိ သူတိတ်တဆိတ်ကြည့်နေခဲ့၏။

"အကြီးအကဲလော့.. ကျွန်တော်ရဲ့ကူအဆိပ်ကို လုံးဝရှင်းပစ်ဖို့ တောင်းဆိုပါရစေ"

ထိုစကား‌ကိုကြားသောအခါ လော့ယွီက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုသည်။

"မင်းကူအဆိပ်ကို ချေမှုန်းချင်ရင် 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ်ကို သုံးရမှာနော်။ မင်း ရေပူစမ်းရေကန်ကို သုံးရင်တောင် မင်းခန္ဓာကိုယ်ရဲ့ အအေးဓာတ်က ပိုဆိုးရွားလာအုံးမှာပဲ။ ဒါ့အပြင် ကူအဆိပ်ကို ဖယ်ရှားနေတဲ့ အချိန်အတွင်းမှာလည်း မင်းရဲ့ မယ်ရီဒီယန်တွေကို ထိခိုက်စေမယ့် အခြေအနေတွေရှိတယ်။ တစ်ခုခုမှားတာနဲ့ မင်းခန္ဓာကိုယ်က လုံးဝပြိုလဲသွားလိမ့်မယ်"

ခဏတာ စဉ်းစားပြီးနောက် စုယန်က ပြတ်သားစွာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော် ဆေးသောက်ပြီး ပြန်သက်သာဖို့ တစ်နှစ်၊ နှစ်နှစ်လောက် မစောင့်ချင်ဘူး။ ကျွန်တော့်ရဲ့ ကျိန်စာက တကယ်ပဲ ထိရောက်ခဲ့မယ်ဆိုရင် နောင်တရပြီးသေသွားရမှာမဟုတ်လား။ ကိုယ့်ဆန္ဒအတိုင်း ကိုယ်လုပ်တာ အကောင်းဆုံးပဲဖြစ်လိမ့်မယ်"

လော့ယွီ အံ့အားသင့်သွားလေသည်။

"မင်း သေရမှာကို တကယ်မကြောက်ဘူးလား?"

စုယန်က ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်ပြီး ခါးသင်သက်ပြုံးကာ ဆိုသည်။

"သေရမှာမကြောက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်... အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ ကြောက်နေလဲ အသုံးမဝင်တော့ဘူးမဟုတ်လား?"

လော့ယွီက စုယန်၏ဆန္ဒကို ရှင်းရှင်းလင်းလင်း
သိသောအခါ သက်ပြင်းချမိသည်။

"ဒါဆိုလည်း ငါမင်းအတွက် အပ်စိုက်ကုထုံး ထပ်လုပ်ပေးမယ်။ အဲဒါပြီးတာနဲ့ မင်းရဲ့ကူအဆိပ်ကို ငါလုံးဝရှင်းပေးမယ်"

စုယန်က ခေါင်းညိတ်လိုက်လေ၏။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ"

လော့ယွီက စုယန်ကိုကြည့်လိုက်ပြီး မနေနိုင်စွာ ပြောလိုက်သည်။

"မင်းဆန္ဒရှိရင် ငါ့ကို ဦးလေးလို့ခေါ်နိုင်ပါတယ်"

စုယန် .....

စုယန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ ထုတ်မခေါ်နိုင်ခဲ့ပေ။ သူက အနည်းငယ် အားနာသောအပြုံးဖြင့် ပြောလိုက်သည်။

"လောလောဆယ်တော့ အကြီးအကဲလို့ခေါ်တာပဲ ပိုအဆင်ပြေမယ်ထင်ပါတယ်"

လော့ယွီက ခံစားချက်မရှိသောအမူအရာဖြင့် အေးဆေးတည်ငြိမ်စွာ ဆို၏။

"ဒါဆိုလဲ... ကိစ္စမရှိပါဘူး။ ငါက ဦးလေး တစ်ယောက်ရဲ့တာဝန်ကျေတာလဲမဟုတ်ဘူး။ ပြီးတော့ မင်းရဲ့အမေ... ထားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါမင်းကို အစွမ်းကုန် ကူညီပေးမှာပါ။ ဒီနေ့ပဲ အပ်စိုက်ကုထုံးကို စလိုက်ရအောင်။ ဆေးဖက်ဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ကူအဆိပ်ကို ဖယ်ရှားပြီး အေး‌အေးဆေးဆေး နားနေလို့ရပြီ"

စုယန်က ခေါင်းညိတ်လိုက်သည်။

လော့ယွီက ဆက်ပြော၏။

"ဒီမှာနေရတာ အဆင်မပြေဖြစ်သလို ခံစားမနေနဲ့။ ကိုယ့်အိမ်လို သဘောထားလို့ရတယ်။ လိုအပ်တာတွေဘာတွေရှိရင်လဲ ပြော.. ငါဖြေရှင်းပေးမယ်"

ထိုနေ့မှစ၍ စုယန်နှင့် ကုဖေးတ်ိသည် ရေပူစမ်းတည်ရှိရာ ယွီချုံးတောင်ထွတ်၏သေးငယ်သော ခြံဝင်းတစ်ခုတွင် အတူနေထိုင်ခဲ့ကြသည်။

***

ချင်ကျန်းယွဲ့က လော့ယွီ၏ ဆေးစာအတိုင်း ဆေးဖက်ဝင်အပင်များရှာဖွေရန် တောင်ပေါ်မှဆင်းသွားခဲ့သည်။

လော့ယွီသည် နေ့တိုင်း စုယန်၏ သွေးခုန်နှုန်းကို စစ်ဆေးပြီး အပ်စိုက်ကုထုံး ပြုလုပ်လေသည်။ ဆေးဝါးကုသမှုအပြင် စုယန်၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန်အတွက် ဖြည့်စွက်စာများလဲ စီစဉ်ပေးလေ၏။

အပ်စိုက်ကုသနေစဉ်နှင့် အပြီးတွင် စုယန်၏ ခန္ဓာကိုယ်သည် အေးစက်သော လေအေးများနှင့် ကင်းဝေးရန် လိုအပ်ပေသည်။ စုယန်နှင့် ကုဖေးတိနှစ်ဦးစလုံးသည် ရေပူစမ်းရေကန်မှ ခြေလှမ်းအနည်းငယ်အကွာရှိ အခန်းတစ်ခုတွင် နေထိုင်ခဲ့ကြ၏။ ၎င်းသည် တောင်ပတ်ဝန်းကျင်၌ အနွေးထွေးဆုံးနေရာပင်ဖြစ်ပေသည်။

နေ့ရက်တိုင်းတွင် အခန်းအပြင်ထွက်ခြင်း သို့မဟုတ် သိုင်းပညာကို လေ့ကျင့်ခြင်းမပြုရပေ။ စုယန်ခမျာ လွန်စွာမှ ပျင်းလွန်းနေသဖြင့် ကုဖေးတိအား နှောင့်ယှက်ကာ စုံတွဲအက၊ တန်ဂိုအကများကို သင်‌စေသည်။

စုယန် သီချင်းဆိုသောအခါ ကုဖေးတိက ရယ်မောကာ စည်းချက်သည် အဓိပ္ပာယ်မရှိဟု မှတ်ချက်ပေးလေ၏။ စုယန်က မျက်လုံးကို မှေးစင်းလိုက်ပြီး နှုတ်ခမ်းကို ကောက်ကွေးလိုက်သည်။

"ဒါကို 'အဓိပ္ပာယ်မဲ့တဲ့ စည်းချက်' လို့ မခေါ်ပါဘူး။ ဒါကို 'နိုင်ငံတကာဂန္တဝင်တေးဂီတ' လို့
ခေါ်တယ်"

ပြီးခဲ့သောရက်အနည်းငယ်တွင် ကုဖေးတိသည် ပို၍ပို၍ ယုတ္တိမဲ့လာသော စုယန်၏ စကားများကို နားထောင်ခဲ့ရသည်။ သူက ရယ်မောရင်း အားလုံးကို ပယ်ချခဲ့လေ၏။

ပြင်းပြင်းထန်ထန် ကခုန်ပျော်မြူးပြီးနောက်တွင် သူတို့တစ်ကိုယ်လုံး ချွေးတွေ ရွှဲရွှဲစိုနေလေသည်။ ခါတိုင်းလိုပဲ သူတို့သည် ရေပူစမ်း၌ ရေစိမ်ကာ အတူတူ ရေချိုးကြလေ‌သည်။

ကုဖေးတိက စုယန်၏ကျောကို ချည်ပုဝါဖြင့် ပွတ်တိုက်ပေး၏။ ရေဖြင့်ဆေးချပြီးနောက် ပန်းပွင့်ပုံတက်တူးသည် ပို၍ပင် နူးညံ့ကာ နီရဲလာသည်။ သို့သော် အနှိုင်းမဲ့လှပနေသော ပန်းပွင့်များအောက်တွင် ဖုံးကွယ်ထားသည့်အရာသည် နှလုံးဖောက်၊ အရိုးအေးစေမည့် ကျိန်စာတစ်ခုဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး သိကြပေ၏။

ကုဖေးတိက ချဉ်းကပ်လာပြီး စုယန်၏ ကျောပြင်အား နူးညံ့စွာ နမ်းလိုက်လေသည်။ ပြီးနောက် စုယန်၏ လည်တိုင်အား ပွေ့ဖက်ကာ တိုးဖွဖွဆို၏။

"ကြက်သွေးနီရောင် ကုမုဒြာပန်းတွေက အရမ်းလှတာပဲ။ မင်းရဲ့ အဆိပ်ကို ကုသပြီးတာနဲ့ ကိုယ့်ရဲ့ နောက်ကျောမှာလဲ မင်းနဲ့ဆင်တူ တစ်ခုလောက်ထိုးချင်တယ်။ မင်းဘယ်လိုထင်လဲ?"

စုယန်က ရယ်မောလိုက်ပြီး ဆို၏။

"မင်းရူးနေလား? ထန်းယွင်စံအိမ်က သခင်လေးရဲ့ နောက်ကျောမှာ မိစ္ဆာဂိုဏ်းရဲ့ အမှတ်အသား ပန်းပွင့်ပုံ ရှိနေရင် ဘယ်လိုဖြစ်သွားမလဲ?"

ကုဖေးတိက ပြုံးကာ နှုတ်ဆိတ်နေသည်။

စုယန်သည် ကုဖေးတိ၏ ပွေ့ဖက်ထားမှုဖြင့် ငြိမ်ချမ်းမှုကို ခံစားနေရသည်။ သို့သော်လည်း ဤငြိမ်ချမ်းမှုအတွင်း အမည်မသိ ဝမ်းနည်းဖွယ်ထိတွေ့မှုလည်း ရှိနေခဲ့၏။

စုယန်က မေးလိုက်သည်။

"မင်း ဘယ်အချိန်ကစပြီး ကိုယ့်လက်ကိုယ် ထိန်းထားခဲ့တာလဲ?"

ကုဖေးတိက ရှုပ်ထွေးနေ၏။

"ဘာကိုဆိုလိုတာလဲ?"

စုယန်: "အရင်တုန်းက မင်းငါ့ကို အခွင့်ကြုံတာနဲ့ နှောင့်ယှက်ထိပါးချင်တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်မလား.. အဟွတ်... အခု ငါမင်းနဲ့တစ်ချိန်လုံး အတူရှိနေတယ်လေ။ မင်းတစ်ခုခုဖြစ်သွားတာလား? မင်း ဘာလို့ဒီလောက် ထိန်းသိမ်းနေရတာလဲ.. ဟမ်?"

ကုဖေးတိက ခပ်ဟဟ ရယ်မောလိုက်ပြီး စုယန်၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ သူ၏ အကြည့်များမှာ ရေပူစမ်းကြောင့် နီရဲနေသော စုယန်၏ ရင်ဘတ်မှ အပ်ပေါက်ရာများသို့ ကျဆင်းသွား၏။

"မင်းကနေမကောင်းဘူးလေ" သူက တိုးဖွဖွ ဆိုသည်။

"ကိုယ်မင်းကို ဘယ်လိုလုပ် စိတ်လိုလက်ရ ထိနိုင်မှာလဲ"

ထိုစကားကိုကြားသောအခါ စုယန်က မျက်ခုံးပင့်လိုက်သည်။ သူက မျက်လုံးများကို မှေးစင်းလိုက်ပြီး အန္တရာယ်ရှိသော လေသံဖြင့် ပြောလိုက်၏။

"မင်းငါ့ကိုထိဖို့ ဘာလို့ဝန်လေးနေရတာလဲ? မင်းသိတဲ့အတိုင်း ငါကလဲ ယောက်ျားတစ်ယောက်ပါ။ မင်းကပဲ အပေါ်ကလူ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ ဘယ်သူသိမှာလဲ?"

ကုဖေးတိက စုယန်၏ မျက်နှာကို စိုက်ကြည့်ရင်း နှုတ်ခမ်းများ ရုတ်တရက် တွန့်ကွေးသွားပြီး နားမလည်နိုင်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

စုယန်က မျက်ခုံးပင့်ကာ ဆိုလေ၏။

"မင်းဘာလို့ ပြုံးနေတာလဲ? ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးနော်။ ငါလည်း ကျွမ်းကျင်သန်မာတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ"

ကုဖေးတိ: "မင်းကိုယ့်ကို အနိုင်ယူနိုင်ရင် ကိုယ်မင်းကို ဝန်ခံမယ်... အခုတော့ နေပြန်ကောင်းအောင် အရင်လုပ်ပါအုံး"

စုယန်က အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ကုဖေးတိ၏ နားရွက်နားကပ်ကာ တိုးဖွဖွ ပြောလိုက်သည်။

"ငါပြောမယ်.... ငါ အပေါ်မှာနေချင်တယ် မင်းငါ့ကို ခွင့်ပြုမှာလား?"

ကုဖေးတိက စုယန်ကို ခဏတာ စိုက်ကြည့်နေပြီး
နောက် ပြုံးကာ မေးခွန်းကို ရှောင်လိုက်သည်။

"မင်း လုံးဝ ပြန်ကောင်းမလာသေးဘူးလေ။ ဒီကိစ္စကို နောက်မှ ပြန်ဆွေးနွေးလို့ရတယ်။ ကိုယ်တို့မှာ အချိန်တွေ ရှိပါသေးတယ်"

သူ့ခန္ဓာကိုယ်ထဲ၌ ကူအဆိပ်ရှိနေသေးသောကြောင့် စုယန်လည်း ထပ်မကျီဆယ်ရဲတော့ပေ။ သို့မဟုတ်ပါက သူတို့နှစ်ယောက်လုံး ဒုက္ခလှလှ တွေ့သွားလိမ့်ပေမည်။ နှစ်ယောက်သား ဖြူဖြူစင်စင် ရေချိုးပြီးနောက် တစ်ယောက်ကို တစ်ယောက် ရိုးရိုးသားသား ပွေ့ဖက်ကာ အိပ်ရာဝင်ခဲ့ကြလေသည်။

***

နောက်နေ့နံနက်စောစော၌ ရက်အတော်ကြာ ဆေးရှာထွက်နေခဲ့သော ချင်ကျန်းယွဲ့သည် နောက်ဆုံးတွင် ပြန်ရောက်လာခဲ့လေသည်။

ဆေးဖက်ဝင်ပစ္စည်းများ စုံလင်သည်နှင့် လော့ယွီလည်း ကူအဆိပ် ဖယ်ရှားခြင်း လုပ်ငန်းစဉ်ကို စတင်နိုင်တော့မည် ဖြစ်သည်။

ထိုနေ့ အပ်စိုက်ကုထုံး ပြီးသည့်အခါ လော့ယွီသည် ကူအဆိပ်ဖယ်ရှားရန်အတွက် ကောင်းကောင်း အနားယူပြီး ကြိုတင်ပြင်ဆင်ထားရန် စုယန်အား မှာကြားခဲ့သည်။

စုယန်သည် ကူအဆိပ်ဖယ်ရှားခြင်း လုပ်ငန်းစဉ်အတွင်း သူ၏အတွင်းအားကို ထိန်းကျောင်းရန်
လိုအပ်ပေသည်။ ထို့ကြောင့် ၎င်းမှ ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ခံနိုင်ရည်ရှိရန် ခန္ဓာနှင့် စိတ်အခြေအနေကို အကောင်းဆုံး ချိန်ညှိထားရမည် ဖြစ်၏။

"ဒီတစ်ခေါက် ငါတောင်ပေါ်ကဆင်းတာ ဆေးရှာတာနဲ့ စာပို့တာအပြင် ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရသေးတယ်"

ချင်ကျန်းယွဲ့က အခန်းထဲရှိ တပည့်နှစ်ဦးကို ထွက်သွားခိုင်းလိုက်ပြီးမှ လော့ယွီအား ဆက်ပြောခဲ့သည်။

"အလယ်ပိုင်းလွင်ပြင် သိုင်းပညာ အသိုင်းအဝိုင်းမှာ ကောလဟာလတစ်ခု ပြန့်နေတယ်။ စုယန်က ကုဖေးတိကို ပြန်ပေးဆွဲသွားတာကြောင့် မိစ္ဆာဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် ထန်းယွင်စံအိမ်ကို သွေးထိုးလှုံ့ဆော်နေကြတယ်တဲ့။ ထန်းယွင်စံအိမ်ကလဲ စစ်ပွဲစဖို့ ရည်ရွယ်ချက် ရှိနေတဲ့ပုံပေါ်ပြီး နယ်ပယ်အသီးသီးက လက်ရွေးစင် တပ်ဖွဲ့တွေကို လျှို့ဝှက်စုစည်းနေတယ်ဆိုပဲ"

လော့ယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဟိုင်ကောသာ မိစ္ဆာဂိုဏ်းကို ချေမှုန်းချင်တယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုပ်ခဲ့တာကြာပေါ့.... မဟုတ်ဘူး...နေပါအုံး!"

"မင်းသဘောပေါက်သွားပြီမလား!" ချင်ကျန်းယွဲ့က မျက်ခုံးပင့်လိုက်ပြီး ဆိုသည်။

"ကုရော့ဟိုင်က ကုဖေးတိနဲ့ စုယန်ကို ဒီနေရာကို ရည်ရွယ်ချက်ရှိရှိ ပို့လိုက်တာ ကြုံလာတော့မယ့် သိုင်းလောကရဲ့ အရှုပ်အ‌ထွေးတွေကနေ ရှောင်ရှားစေဖို့ပဲ"

သို့ရာတွင် လော့ယွီနားမလည်နိုင်တာ တစ်ခုရှိသေးသည်။

"ဘာအကြောင်းကြောင့်လဲ?" ဟိုင်ကောက မိစ္ဆာဂိုဏ်းနဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဖူးဘူး။ ဘယ်လိုလုပ် စိတ်ပြောင်းသွားရတာလဲ?"

ချင်ကျန်းယွဲ့က ခဏတာ စဉ်းစားနေပြီးနောက် မေးလာသည်။

"လွန်ခဲ့တဲ့ သုံးနှစ်က အဲ့လော့ကျွယ် သူ့အစ်ကိုကို သတ်ပြီး ထီးနန်းသိမ်းပိုက်ခဲ့တာကို မင်းမှတ်မိသေးလား?"

လော့ယွီက ပြန်ဖြေ၏။

"ငါမှတ်မိတယ်"

ချင်ကျန်းယွဲ့:

"အဲ့လော့ကျွယ်ရဲ့ ပင်ကိုယ်စရိုက်ကဘယ်လိုမျိူးလဲ? ငါထင်တာတော့... မကြာသေးခင်က သိုင်းလောကမှာ ဖြစ်ပေါ်လာတဲ့ မငြိမ်မသက်ဖြစ်မှုတွေက သူ့လက်ချက်ပဲ ဖြစ်ရမယ်။ ဟိုးလွန်ခဲ့တဲ့နှစ်က စုဟွိုက်ကျူး အလယ်ပိုင်းလွင်ပြင်မှာ အဲ့လော့ကွေးရဲ့ သူလျိုတွေကို သတ်ပြီး သွေးချောင်းစီးစေခဲ့တဲ့ လုပ်ရပ်ကို လက်စားချေချင်နေတာလို့ ငါတော့ထင်တာပဲ"

"အဲ့လော့ကျွယ်..."

လော့ယွီက အသက်ကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီး ဆိုလေ၏။

"သူက အဆိပ်ပြင်းတဲ့မြွေတစ်ကောင်လိုပဲ၊ မယုံနိုင်လောက်အောင်ကို စိတ်ရှည်တယ်၊ ပါးပါးနပ်နပ်နဲ့ အာရုံစူးစိုက်မှုရှိပြီး ရက်စက်လွန်းတယ်... ငယ်ငယ်လေးကတည်းက သူလိုချင်တာမှန်သမျှ မရခဲ့ဖူးဆိုတာ မရှိဘူး.. တစ်ခုကလွဲလို့..."

လော့ယွီသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ မတ်တပ်ထရပ်လိုက်သည်။ သူက ချင်ကျန်းယွဲ့ကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် စိုက်ကြည့်ရင်း တုန်လှုပ်စွာ ပြောလေသည်။

"အဲဒါက ကျင်းအာပဲ!"

ချင်ကျန်းယွဲ့ အံ့သြသွားခဲ့သည်။

"ကျင်းအာ?"

လော့ယွီက ခေါင်းညိတ်လိုက်ပြီး ဆို၏။

"အဲဒီတုန်းက အဲ့လော့ကျွယ်က ကျင်းအာကို အရမ်းချစ်ခဲ့ပြီး ဒီညီမလေးတစ်ယောက်ကိုပဲ သူ အသိအမှတ်ပြုကြောင်း လူသိရှင်ကြားပြောခဲ့ဖူးတယ်။ ဒါ့အပြင် သူက ပိုင်ဆိုင်လိုစိတ်လဲ ပြင်းပြခဲ့တယ်။ ကျင်းအာက သူ့ရဲ့ အခြားညီအစ်ကို မောင်နှမတွေနဲ့ နီးကပ်လာတာကို မြင်တော့ သူတို့ကို အကုန်မောင်းထုတ်ပစ်မယ်လို့တောင် ကြိမ်းမောင်းခဲ့သေးတယ်။ ငါတစ်ယောက်တည်းကသာ ကျင်းအာနဲ့ အမေတူ မောင်နှမ‌တွေဆိုတော့ သူငါ့ကို မရှုပ်ရဲတာကြောင့် ကျင်းအာနဲ့ အတူ ကစားနိုင်ခဲ့တာ"

"နောက်တော့ အမေဆုံးသွားပြီး ငါလဲ ကျောက်စိမ်းအိမ်တော်ကို ဝင်ခဲ့တယ်... ကျင်းအာက အဲ့လော့ကွေးဂိုဏ်းမှာ နှစ်နှစ်လောက်နေခဲ့ပြီးတော့ ငါ့ကိုရှာဖို့တော်ဝင်နန်းတော်ကနေ ခိုးထွက်လာခဲ့တယ်လေ.." သူက ပြောနေရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ့ကြောင့်ပဲ အဲ့လော့ကျွယ်မှာ စွဲလမ်းမှုတစ်ခုခု ထွက်ပေါ်လာတာလားဆိုတာတော့ ပြောရခက်တယ်"

ချင်ကျန်းယွဲ့က သူ့မေးစေ့ကို ပွတ်သပ်ရင်း ဆိုလာသည်။

"အဲ့လော့ကျွယ်က စုဟွိုက်ကျူး၊ ကုရော့ဟိုင်နဲ့ ကျင်းအာကြားက ဆက်ဆံရေးကို သိလောက်တယ်မဟုတ်လား?"

လော့ယွီ၏အမူအရာမှာ အနည်းငယ် လေးနက်သွားသည်။

"ဒါတင်မကဘူး။ စုဟွိုက်ကျူး ကျင်းအာကို ဖမ်းခေါ်သွားပြီး သိပ်မကြာခင်မှာပဲ ကျင်းအာ သေဆုံးသွားခဲ့တယ်။ ဒီသတင်းအားလုံးကို သူသိထားမှာပဲ။ သူ့စရိုက်ကို အခြေခံရရင် သူလက်စားချေချင်ပြီဆို သူမုန်းတဲ့လူကို သတ်ရရုံနဲ့ မပြီးဘူး။ မိသားစုတွေ ပြိုပျက်ပြီး ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေတွေ အချင်းချင်း သဘောထားကွဲလွဲတဲ့အထိ ပြဿနာတွေကို နှိုးဆော်မှာ... အခု စုဟွိုက်ကျူးနဲ့ ကုရော့ဟိုင်ကို ထိပ်တိုက်တွေ့စေတာက သူ့အကြိုက်ပုံစံ အမှန်ပဲ"

ချင်ကျင်းယွဲ့က ပြောလာသည်။

"ဒါဆို ငါတို့ သူတို့တွေကို အသိပေးသင့်လား?"

လော့ယွီက ခေါင်းညိတ်လိုက်သည်။

"ဒီကိစ္စက အဲ့လော့ကွေးရဲ့ ဟိုးရှေးရှေးက ပြဿနာတွေနဲ့ ဆက်စပ်နေနိုင်တာကြောင့် ငါဘာမှ သိပ်မပြောနိုင်ဘူး။ ဒါပေမယ့် ငါစာတစ်စောင်တော့ ရေးပေးလိုက်မယ်။ တောင်အောက်ဆင်းပြီး ပို့ပေးဖို့ မင်းကို ထပ်ပြီး ဒုက္ခပေးရအုံးမှာပဲ"

ချင်ကျန်းယွဲ့: "ကိစ္စမရှိပါဘူး။ ဒါပေမယ့် မင်း ကလေးနှစ်ယောက်ကိုရော အမှန်အတိုင်းပြောပြမှာလား?"

လော့ယွီက ခဏလောက် စဉ်းစားပြီးနောက် ဆိုသည်။

"ကုရော့ဟိုင် ကျောက်စိမ်းဆွဲသီးကို သင်္ကေတအဖြစ် ပေးလိုက်တာက စုယန်ကို ကုသပေးဖို့ တောင်းဆိုရုံတင်မကမှာ ငါစိုးရိမ်တယ်... အဲဒီတုန်းက ငါက သူ့ရဲ့အကူအညီကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီကျောက်စိမ်း ဆွဲသီးကို ပေးထားခဲ့တာ.. အခု သူပြန်လိုချင်တဲ့ အကူအညီက ကလေးနှစ်ယောက်လုံးကို ပဋိပက္ခတွေက ကင်းဝေးအောင် စောင့်ရှောက်ပေးစေချင်တာများလား?"

သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဆက်ပြောလာ၏။

"ကလေးနှစ်ယောက်လည်း ဒုက္ခတွေကြုံတာ များလွန်းနေပါပြီလေ။ အနာဂါတ်မှာ သေကွဲရှင်ကွဲ ဖြစ်ရအုံးမလားဆိုတာလဲ ဘယ်သူမှမသိနိုင်ဘူး... သူတို့လေးတွေ ဒီပြဿနာတွေကြောင့် အနှောက်အယှက် မဖြစ်ဘဲ အချိန်ကြာကြာလေး အတူနေနိုင်တာ ပိုကောင်းပါတယ်။ ဒါက ငါတို့မျိုးဆက်ရဲ့ ပြဿနာဖြစ်ပြီး ငါ့တို့မျိုးဆက်ရဲ့ လက်ထဲမှာပဲ အဆုံးသတ်သင့်တယ်"

_5.2.23

Thanks for reading ❣️

Zawgyi

အခန္း-၈၂ ဆုံးျတ္ခ်က္ႏွင့္င္ေၾကးမ်ား

[ဒီကိစၥကို ေဆြးေႏြးဖို႔ခ်ိန္မေႏွာင္းေသးဘူး...]

ေနာက္ေန႕မနက္၌ စုယန္သည္ ေနျမင့္သည္အထိ အိပ္စက္ခဲ့ေလသည္။

ယေန႕ ယြီခ်ဳံးေတာင္ထြတ္၏ ေကာင္းကင္သည္ တိမ္ကင္းစင္ကာ ထူးျခားလွပ၍ ရွားပါးေကာင္းမြန္ေသာ ရာသီဥတုပင္ ျဖစ္ေခ်သည္။ သာယာေသာ ေနအလင္းေရာင္သည္ တစ္ႏွစ္ပတ္လုံး က်ဆင္းထားေသာ ႏွင္းမ်ားကို ထင္ဟပ္ကာ ေကာင္းကင္ေပၚရွိ မွတ္တုတ္မွိတ္တုတ္ ၾကယ္ေလးမ်ားသဖြယ္ လင္းလက္ ေတာက္ပေနေစ၏။

သို႔ရာတြင္ ထိုေနရာ၌ ေလထု အပူခ်ိန္မွာ နိမ့္က်ေနေသးသည္။ အခန္းတံခါးဝ၌ ရပ္ေနခ်ိန္တြင္ အျပင္ဘက္ရွိ ေအးစိမ့္ေသာေလက စုယန္အား အနည္းငယ္ တုန္လႈပ္သြားေစသည္။

"အခန္းထဲမွာ မီးဖိုရွိတယ္။ အျပင္မထြက္ဘဲ ေႏြးေႏြးေထြးေထြးေနၾကရေအာင္ေနာ္" ကုေဖးတိက စုယန္အား အခန္းထဲသို႔ ျပန္ဆြဲေခၚသြားေလ၏။

"မင္းရဲ႕ က်န္းမာေရးကို ကုသဖို႔အတြက္ ဒီကိုေတာင္ ေရာက္ေနမွေတာ့ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္သင့္တယ္မဟုတ္လား? ဘာလို႔ အေစာႀကီး ထလာတာလဲ?"

စုယန္က အေတာ္ျမင့္ေနၿပီျဖစ္ေသာ ေနကိုၾကည့္ရန္ ေခါင္းေမာ့လိုက္သည္။

"အေစာႀကီးထတယ္? ငါေတာ့ အေတာ္ေလး ေနာက္က်ေနၿပီထင္တာပဲ။ ေန႕လည္စာစားဖို႔ေတာင္ သိပ္မလိုေတာ့ဘူးမဟုတ္လား..."

ထင္တဲ့အတိုင္း သိပ္မၾကာခင္မွာပင္ ေလာ့ယြီသည္ တပည့္တစ္ေယာက္အား ေန႕လည္စာႏွင့္ အေအးဒဏ္ကာေသာ သားေမြးဝတ္စုံတစ္စုံကို ေပးရန္ ေစလႊတ္လိုက္ေလသည္။

စုယန္ႏွင့္ ကုေဖးတိတို႔ ေန႕လည္စာ အတူတူစားၿပီးေနာက္ ေလာ့ယြီက စုယန္အား စမ္းသပ္ရန္ ေခၚခဲ့သည္။

သူက စုယန္၏ ေသြးခုန္ႏႈန္းကို စစ္ေဆးၿပီးေနာက္ စုတ္တံကို ေကာက္ကိုင္လိုက္ၿပီး ေဆးစာတစ္ေစာင္ကို စတင္ေရးခဲ့ေလ၏။

"ေရခဲဝိညာဥ္က အားေကာင္းလာၿပီး မင္းရဲ႕အတြင္းစြမ္းအားက ေအးစက္ေနတယ္။ အဲဒါကတျဖည္းျဖည္းနဲ႕ မင္းရဲ႕ မယ္ရီဒီယန္ေတြကို ပ်က္စီးေစလိမ့္မယ္။ ၿပီးရင္ မင္းရဲ႕ခႏၶာကိုယ္ရဲ႕ တက္ႂကြမႈပါ အားနည္းလာလိမ့္မယ္" ေလာ့ယြီက ရွင္းျပသည္။

"မင္းရဲ႕ ေရခဲဝိညာဥ္ကို ငါမႏွိမ္နင္းေပးနိုင္ဘူး။ ဒါေၾကာင့္ မင္းရဲ႕ မယ္ရီဒီယန္နဲ႕ တက္ႂကြမႈကို ထိန္းသိမ္းဖို႔အတြက္ ဒီေဆးၫႊန္းကို သုံးရမယ္။ အဲဒါက မင္းကို ေရခဲဝိညာဥ္ရဲ႕ဒဏ္ကို အတတ္နိုင္ဆုံး ကာကြယ္ေပး လိမ့္မယ္။ ေဆးေသာက္ေနသ၍ေတာ့ အခ်ိန္ၾကာၾကာ ခံနိုင္ရည္ရွိမွာပါ"

စုယန္က ဝတ္႐ုံလက္ေအာက္၌ ဖုံးကြယ္ထားေသာ လက္ကို ထုတ္လိုက္ၿပီး ေအးစက္ေနသည့္ လက္ေခ်ာင္းထိပ္မ်ားျဖင့္ နားထင္ကို ႏွိပ္နယ္ရင္း ေခါင္းညိတ္လိုက္သည္။

ေလာ့ယြီ ေဆးစာေရးၿပီးသြားသည္အထိ သူတိတ္တဆိတ္ၾကည့္ေနခဲ့၏။

"အႀကီးအကဲေလာ့.. ကြၽန္ေတာ္ရဲ႕ကူအဆိပ္ကို လုံးဝရွင္းပစ္ဖို႔ ေတာင္းဆိုပါရေစ"

ထိုစကား‌ကိုၾကားေသာအခါ ေလာ့ယြီက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဆိုသည္။

"မင္းကူအဆိပ္ကို ေခ်မႈန္းခ်င္ရင္ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ကို သုံးရမွာေနာ္။ မင္း ေရပူစမ္းေရကန္ကို သုံးရင္ေတာင္ မင္းခႏၶာကိုယ္ရဲ႕ အေအးဓာတ္က ပိုဆိုး႐ြားလာအုံးမွာပဲ။ ဒါ့အျပင္ ကူအဆိပ္ကို ဖယ္ရွားေနတဲ့ အခ်ိန္အတြင္းမွာလည္း မင္းရဲ႕ မယ္ရီဒီယန္ေတြကို ထိခိုက္ေစမယ့္ အေျခအေနေတြရွိတယ္။ တစ္ခုခုမွားတာနဲ႕ မင္းခႏၶာကိုယ္က လုံးဝၿပိဳလဲသြားလိမ့္မယ္"

ခဏတာ စဥ္းစားၿပီးေနာက္ စုယန္က ျပတ္သားစြာ ေျပာလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ေဆးေသာက္ၿပီး ျပန္သက္သာဖို႔ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ မေစာင့္ခ်င္ဘူး။ ကြၽန္ေတာ့္ရဲ႕ က်ိန္စာက တကယ္ပဲ ထိေရာက္ခဲ့မယ္ဆိုရင္ ေနာင္တရၿပီးေသသြားရမွာမဟုတ္လား။ ကိုယ့္ဆႏၵအတိုင္း ကိုယ္လုပ္တာ အေကာင္းဆုံးပဲျဖစ္လိမ့္မယ္"

ေလာ့ယြီ အံ့အားသင့္သြားေလသည္။

"မင္း ေသရမွာကို တကယ္မေၾကာက္ဘူးလား?"

စုယန္က ျဖည္းညွင္းစြာ အသက္ရႈသြင္းလိုက္ၿပီး ခါးသင္သက္ၿပဳံးကာ ဆိုသည္။

"ေသရမွာမေၾကာက္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္... အေျခအေနေတြက ဒီလိုျဖစ္ေနမွေတာ့ ေၾကာက္ေနလဲ အသုံးမဝင္ေတာ့ဘူးမဟုတ္လား?"

ေလာ့ယြီက စုယန္၏ဆႏၵကို ရွင္းရွင္းလင္းလင္း
သိေသာအခါ သက္ျပင္းခ်မိသည္။

"ဒါဆိုလည္း ငါမင္းအတြက္ အပ္စိုက္ကုထုံး ထပ္လုပ္ေပးမယ္။ အဲဒါၿပီးတာနဲ႕ မင္းရဲ႕ကူအဆိပ္ကို ငါလုံးဝရွင္းေပးမယ္"

စုယန္က ေခါင္းညိတ္လိုက္ေလ၏။

"ေက်းဇူးတင္ပါတယ္ အႀကီးအကဲ"

ေလာ့ယြီက စုယန္ကိုၾကည့္လိုက္ၿပီး မေနနိုင္စြာ ေျပာလိုက္သည္။

"မင္းဆႏၵရွိရင္ ငါ့ကို ဦးေလးလို႔ေခၚနိုင္ပါတယ္"

စုယန္ .....

စုယန္ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ေသာ္လည္း ေနာက္ဆုံးမွာေတာ့ ထုတ္မေခၚနိုင္ခဲ့ေပ။ သူက အနည္းငယ္ အားနာေသာအၿပဳံးျဖင့္ ေျပာလိုက္သည္။

"ေလာေလာဆယ္ေတာ့ အႀကီးအကဲလို႔ေခၚတာပဲ ပိုအဆင္ေျပမယ္ထင္ပါတယ္"

ေလာ့ယြီက ခံစားခ်က္မရွိေသာအမူအရာျဖင့္ ေအးေဆးတည္ၿငိမ္စြာ ဆို၏။

"ဒါဆိုလဲ... ကိစၥမရွိပါဘူး။ ငါက ဦးေလး တစ္ေယာက္ရဲ႕တာဝန္ေက်တာလဲမဟုတ္ဘူး။ ၿပီးေတာ့ မင္းရဲ႕အေမ... ထားလိုက္ပါ။ ဘာပဲျဖစ္ျဖစ္ ငါမင္းကို အစြမ္းကုန္ ကူညီေပးမွာပါ။ ဒီေန႕ပဲ အပ္စိုက္ကုထုံးကို စလိုက္ရေအာင္။ ေဆးဖက္ဝင္ပစၥည္းေတြ အဆင္သင့္ျဖစ္ၿပီဆိုရင္ ကူအဆိပ္ကို ဖယ္ရွားၿပီး ေအး‌ေအးေဆးေဆး နားေနလို႔ရၿပီ"

စုယန္က ေခါင္းညိတ္လိုက္သည္။

ေလာ့ယြီက ဆက္ေျပာ၏။

"ဒီမွာေနရတာ အဆင္မေျပျဖစ္သလို ခံစားမေနနဲ႕။ ကိုယ့္အိမ္လို သေဘာထားလို႔ရတယ္။ လိုအပ္တာေတြဘာေတြရွိရင္လဲ ေျပာ.. ငါေျဖရွင္းေပးမယ္"

ထိုေန႕မွစ၍ စုယန္ႏွင့္ ကုေဖးတ္ိသည္ ေရပူစမ္းတည္ရွိရာ ယြီခ်ဳံးေတာင္ထြတ္၏ေသးငယ္ေသာ ၿခံဝင္းတစ္ခုတြင္ အတူေနထိုင္ခဲ့ၾကသည္။

***

ခ်င္က်န္းယြဲ႕က ေလာ့ယြီ၏ ေဆးစာအတိုင္း ေဆးဖက္ဝင္အပင္မ်ားရွာေဖြရန္ ေတာင္ေပၚမွဆင္းသြားခဲ့သည္။

ေလာ့ယြီသည္ ေန႕တိုင္း စုယန္၏ ေသြးခုန္ႏႈန္းကို စစ္ေဆးၿပီး အပ္စိုက္ကုထုံး ျပဳလုပ္ေလသည္။ ေဆးဝါးကုသမႈအျပင္ စုယန္၏ ခႏၶာကိုယ္ကို အာဟာရျဖစ္ေစရန္အတြက္ ျဖည့္စြက္စာမ်ားလဲ စီစဥ္ေပးေလ၏။

အပ္စိုက္ကုသေနစဥ္ႏွင့္ အၿပီးတြင္ စုယန္၏ ခႏၶာကိုယ္သည္ ေအးစက္ေသာ ေလေအးမ်ားႏွင့္ ကင္းေဝးရန္ လိုအပ္ေပသည္။ စုယန္ႏွင့္ ကုေဖးတိႏွစ္ဦးစလုံးသည္ ေရပူစမ္းေရကန္မွ ေျခလွမ္းအနည္းငယ္အကြာရွိ အခန္းတစ္ခုတြင္ ေနထိုင္ခဲ့ၾက၏။ ၎သည္ ေတာင္ပတ္ဝန္းက်င္၌ အေႏြးေထြးဆုံးေနရာပင္ျဖစ္ေပသည္။

ေန႕ရက္တိုင္းတြင္ အခန္းအျပင္ထြက္ျခင္း သို႔မဟုတ္ သိုင္းပညာကို ေလ့က်င့္ျခင္းမျပဳရေပ။ စုယန္ခမ်ာ လြန္စြာမွ ပ်င္းလြန္းေနသျဖင့္ ကုေဖးတိအား ေႏွာင့္ယွက္ကာ စုံတြဲအက၊ တန္ဂိုအကမ်ားကို သင္‌ေစသည္။

စုယန္ သီခ်င္းဆိုေသာအခါ ကုေဖးတိက ရယ္ေမာကာ စည္းခ်က္သည္ အဓိပၸာယ္မရွိဟု မွတ္ခ်က္ေပးေလ၏။ စုယန္က မ်က္လုံးကို ေမွးစင္းလိုက္ၿပီး ႏႈတ္ခမ္းကို ေကာက္ေကြးလိုက္သည္။

"ဒါကို 'အဓိပၸာယ္မဲ့တဲ့ စည္းခ်က္' လို႔ မေခၚပါဘူး။ ဒါကို 'နိုင္ငံတကာဂႏၲဝင္ေတးဂီတ' လို႔
ေခၚတယ္"

ၿပီးခဲ့ေသာရက္အနည္းငယ္တြင္ ကုေဖးတိသည္ ပို၍ပို၍ ယုတၱိမဲ့လာေသာ စုယန္၏ စကားမ်ားကို နားေထာင္ခဲ့ရသည္။ သူက ရယ္ေမာရင္း အားလုံးကို ပယ္ခ်ခဲ့ေလ၏။

ျပင္းျပင္းထန္ထန္ ကခုန္ေပ်ာ္ျမဴးၿပီးေနာက္တြင္ သူတို႔တစ္ကိုယ္လုံး ေခြၽးေတြ ႐ႊဲ႐ႊဲစိုေနေလသည္။ ခါတိုင္းလိုပဲ သူတို႔သည္ ေရပူစမ္း၌ ေရစိမ္ကာ အတူတူ ေရခ်ိဳးၾကေလ‌သည္။

ကုေဖးတိက စုယန္၏ေက်ာကို ခ်ည္ပုဝါျဖင့္ ပြတ္တိုက္ေပး၏။ ေရျဖင့္ေဆးခ်ၿပီးေနာက္ ပန္းပြင့္ပုံတက္တူးသည္ ပို၍ပင္ ႏူးညံ့ကာ နီရဲလာသည္။ သို႔ေသာ္ အႏွိုင္းမဲ့လွပေနေသာ ပန္းပြင့္မ်ားေအာက္တြင္ ဖုံးကြယ္ထားသည့္အရာသည္ ႏွလုံးေဖာက္၊ အရိုးေအးေစမည့္ က်ိန္စာတစ္ခုျဖစ္ေၾကာင္း သူတို႔ႏွစ္ဦးစလုံး သိၾကေပ၏။

ကုေဖးတိက ခ်ဥ္းကပ္လာၿပီး စုယန္၏ ေက်ာျပင္အား ႏူးညံ့စြာ နမ္းလိုက္ေလသည္။ ၿပီးေနာက္ စုယန္၏ လည္တိုင္အား ေပြ႕ဖက္ကာ တိုးဖြဖြဆို၏။

"ၾကက္ေသြးနီေရာင္ ကုမုျဒာပန္းေတြက အရမ္းလွတာပဲ။ မင္းရဲ႕ အဆိပ္ကို ကုသၿပီးတာနဲ႕ ကိုယ့္ရဲ႕ ေနာက္ေက်ာမွာလဲ မင္းနဲ႕ဆင္တူ တစ္ခုေလာက္ထိုးခ်င္တယ္။ မင္းဘယ္လိုထင္လဲ?"

စုယန္က ရယ္ေမာလိုက္ၿပီး ဆို၏။

"မင္း႐ူးေနလား? ထန္းယြင္စံအိမ္က သခင္ေလးရဲ႕ ေနာက္ေက်ာမွာ မိစာၦဂိုဏ္းရဲ႕ အမွတ္အသား ပန္းပြင့္ပုံ ရွိေနရင္ ဘယ္လိုျဖစ္သြားမလဲ?"

ကုေဖးတိက ၿပဳံးကာ ႏႈတ္ဆိတ္ေနသည္။

စုယန္သည္ ကုေဖးတိ၏ ေပြ႕ဖက္ထားမႈျဖင့္ ၿငိမ္ခ်မ္းမႈကို ခံစားေနရသည္။ သို႔ေသာ္လည္း ဤၿငိမ္ခ်မ္းမႈအတြင္း အမည္မသိ ဝမ္းနည္းဖြယ္ထိေတြ႕မႈလည္း ရွိေနခဲ့၏။

စုယန္က ေမးလိုက္သည္။

"မင္း ဘယ္အခ်ိန္ကစၿပီး ကိုယ့္လက္ကိုယ္ ထိန္းထားခဲ့တာလဲ?"

ကုေဖးတိက ရႈပ္ေထြးေန၏။

"ဘာကိုဆိုလိုတာလဲ?"

စုယန္: "အရင္တုန္းက မင္းငါ့ကို အခြင့္ႀကဳံတာနဲ႕ ေႏွာင့္ယွက္ထိပါးခ်င္တဲ့အခ်ိန္ေတြ ရွိခဲ့ဖူးတယ္မလား.. အဟြတ္... အခု ငါမင္းနဲ႕တစ္ခ်ိန္လုံး အတူရွိေနတယ္ေလ။ မင္းတစ္ခုခုျဖစ္သြားတာလား? မင္း ဘာလို႔ဒီေလာက္ ထိန္းသိမ္းေနရတာလဲ.. ဟမ္?"

ကုေဖးတိက ခပ္ဟဟ ရယ္ေမာလိုက္ၿပီး စုယန္၏ လက္မ်ားကို ဆုပ္ကိုင္လိုက္သည္။ သူ၏ အၾကည့္မ်ားမွာ ေရပူစမ္းေၾကာင့္ နီရဲေနေသာ စုယန္၏ ရင္ဘတ္မွ အပ္ေပါက္ရာမ်ားသို႔ က်ဆင္းသြား၏။

"မင္းကေနမေကာင္းဘူးေလ" သူက တိုးဖြဖြ ဆိုသည္။

"ကိုယ္မင္းကို ဘယ္လိုလုပ္ စိတ္လိုလက္ရ ထိနိုင္မွာလဲ"

ထိုစကားကိုၾကားေသာအခါ စုယန္က မ်က္ခုံးပင့္လိုက္သည္။ သူက မ်က္လုံးမ်ားကို ေမွးစင္းလိုက္ၿပီး အႏၲရာယ္ရွိေသာ ေလသံျဖင့္ ေျပာလိုက္၏။

"မင္းငါ့ကိုထိဖို႔ ဘာလို႔ဝန္ေလးေနရတာလဲ? မင္းသိတဲ့အတိုင္း ငါကလဲ ေယာက္်ားတစ္ေယာက္ပါ။ မင္းကပဲ အေပၚကလူ ျဖစ္နိုင္မျဖစ္နိုင္ဆိုတာ ဘယ္သူသိမွာလဲ?"

ကုေဖးတိက စုယန္၏ မ်က္ႏွာကို စိုက္ၾကည့္ရင္း ႏႈတ္ခမ္းမ်ား ႐ုတ္တရက္ တြန႔္ေကြးသြားၿပီး နားမလည္နိုင္ေသာ အၿပဳံးတစ္ခုကို ျပသလိုက္သည္။

စုယန္က မ်က္ခုံးပင့္ကာ ဆိုေလ၏။

"မင္းဘာလို႔ ၿပဳံးေနတာလဲ? ဒါက မျဖစ္နိုင္တာေတာ့ မဟုတ္ဘူးေနာ္။ ငါလည္း ကြၽမ္းက်င္သန္မာတဲ့ သိုင္းပညာရွင္တစ္ေယာက္ပဲ"

ကုေဖးတိ: "မင္းကိုယ့္ကို အနိုင္ယူနိုင္ရင္ ကိုယ္မင္းကို ဝန္ခံမယ္... အခုေတာ့ ေနျပန္ေကာင္းေအာင္ အရင္လုပ္ပါအုံး"

စုယန္က ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ကုေဖးတိ၏ နား႐ြက္နားကပ္ကာ တိုးဖြဖြ ေျပာလိုက္သည္။

"ငါေျပာမယ္.... ငါ အေပၚမွာေနခ်င္တယ္ မင္းငါ့ကို ခြင့္ျပဳမွာလား?"

ကုေဖးတိက စုယန္ကို ခဏတာ စိုက္ၾကည့္ေနၿပီး
ေနာက္ ၿပဳံးကာ ေမးခြန္းကို ေရွာင္လိုက္သည္။

"မင္း လုံးဝ ျပန္ေကာင္းမလာေသးဘူးေလ။ ဒီကိစၥကို ေနာက္မွ ျပန္ေဆြးေႏြးလို႔ရတယ္။ ကိုယ္တို႔မွာ အခ်ိန္ေတြ ရွိပါေသးတယ္"

သူ႕ခႏၶာကိုယ္ထဲ၌ ကူအဆိပ္ရွိေနေသးေသာေၾကာင့္ စုယန္လည္း ထပ္မက်ီဆယ္ရဲေတာ့ေပ။ သို႔မဟုတ္ပါက သူတို႔ႏွစ္ေယာက္လုံး ဒုကၡလွလွ ေတြ႕သြားလိမ့္ေပမည္။ ႏွစ္ေယာက္သား ျဖဴျဖဴစင္စင္ ေရခ်ိဳးၿပီးေနာက္ တစ္ေယာက္ကို တစ္ေယာက္ ရိုးရိုးသားသား ေပြ႕ဖက္ကာ အိပ္ရာဝင္ခဲ့ၾကေလသည္။

***

ေနာက္ေန႕နံနက္ေစာေစာ၌ ရက္အေတာ္ၾကာ ေဆးရွာထြက္ေနခဲ့ေသာ ခ်င္က်န္းယြဲ႕သည္ ေနာက္ဆုံးတြင္ ျပန္ေရာက္လာခဲ့ေလသည္။

ေဆးဖက္ဝင္ပစၥည္းမ်ား စုံလင္သည္ႏွင့္ ေလာ့ယြီလည္း ကူအဆိပ္ ဖယ္ရွားျခင္း လုပ္ငန္းစဥ္ကို စတင္နိုင္ေတာ့မည္ ျဖစ္သည္။

ထိုေန႕ အပ္စိုက္ကုထုံး ၿပီးသည့္အခါ ေလာ့ယြီသည္ ကူအဆိပ္ဖယ္ရွားရန္အတြက္ ေကာင္းေကာင္း အနားယူၿပီး ႀကိဳတင္ျပင္ဆင္ထားရန္ စုယန္အား မွာၾကားခဲ့သည္။

စုယန္သည္ ကူအဆိပ္ဖယ္ရွားျခင္း လုပ္ငန္းစဥ္အတြင္း သူ၏အတြင္းအားကို ထိန္းေက်ာင္းရန္
လိုအပ္ေပသည္။ ထို႔ေၾကာင့္ ၎မွ ျဖစ္ေပၚလာေသာ သက္ေရာက္မႈမ်ားကို ခံနိုင္ရည္ရွိရန္ ခႏၶာႏွင့္ စိတ္အေျခအေနကို အေကာင္းဆုံး ခ်ိန္ညွိထားရမည္ ျဖစ္၏။

"ဒီတစ္ေခါက္ ငါေတာင္ေပၚကဆင္းတာ ေဆးရွာတာနဲ႕ စာပို႔တာအျပင္ ကိစၥတစ္ခုနဲ႕ ႀကဳံခဲ့ရေသးတယ္"

ခ်င္က်န္းယြဲ႕က အခန္းထဲရွိ တပည့္ႏွစ္ဦးကို ထြက္သြားခိုင္းလိုက္ၿပီးမွ ေလာ့ယြီအား ဆက္ေျပာခဲ့သည္။

"အလယ္ပိုင္းလြင္ျပင္ သိုင္းပညာ အသိုင္းအဝိုင္းမွာ ေကာလဟာလတစ္ခု ျပန႔္ေနတယ္။ စုယန္က ကုေဖးတိကို ျပန္ေပးဆြဲသြားတာေၾကာင့္ မိစာၦဂိုဏ္းကို တိုက္ခိုက္ဖို႔အတြက္ ထန္းယြင္စံအိမ္ကို ေသြးထိုးလႈံ႕ေဆာ္ေနၾကတယ္တဲ့။ ထန္းယြင္စံအိမ္ကလဲ စစ္ပြဲစဖို႔ ရည္႐ြယ္ခ်က္ ရွိေနတဲ့ပုံေပၚၿပီး နယ္ပယ္အသီးသီးက လက္ေ႐ြးစင္ တပ္ဖြဲ႕ေတြကို လွ်ို႔ဝွက္စုစည္းေနတယ္ဆိုပဲ"

ေလာ့ယြီက မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဒါက ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ? ဟိုင္ေကာသာ မိစာၦဂိုဏ္းကို ေခ်မႈန္းခ်င္တယ္ဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက လုပ္ခဲ့တာၾကာေပါ့.... မဟုတ္ဘူး...ေနပါအုံး!"

"မင္းသေဘာေပါက္သြားၿပီမလား!" ခ်င္က်န္းယြဲ႕က မ်က္ခုံးပင့္လိုက္ၿပီး ဆိုသည္။

"ကုေရာ့ဟိုင္က ကုေဖးတိနဲ႕ စုယန္ကို ဒီေနရာကို ရည္႐ြယ္ခ်က္ရွိရွိ ပို႔လိုက္တာ ႀကဳံလာေတာ့မယ့္ သိုင္းေလာကရဲ႕ အရႈပ္အ‌ေထြးေတြကေန ေရွာင္ရွားေစဖို႔ပဲ"

သို႔ရာတြင္ ေလာ့ယြီနားမလည္နိုင္တာ တစ္ခုရွိေသးသည္။

"ဘာအေၾကာင္းေၾကာင့္လဲ?" ဟိုင္ေကာက မိစာၦဂိုဏ္းနဲ႕ ရန္သူျဖစ္ဖို႔ ဘယ္တုန္းကမွ ဆႏၵမရွိခဲ့ဖူးဘူး။ ဘယ္လိုလုပ္ စိတ္ေျပာင္းသြားရတာလဲ?"

ခ်င္က်န္းယြဲ႕က ခဏတာ စဥ္းစားေနၿပီးေနာက္ ေမးလာသည္။

"လြန္ခဲ့တဲ့ သုံးႏွစ္က အဲ့ေလာ့ကြၽယ္ သူ႕အစ္ကိုကို သတ္ၿပီး ထီးနန္းသိမ္းပိုက္ခဲ့တာကို မင္းမွတ္မိေသးလား?"

ေလာ့ယြီက ျပန္ေျဖ၏။

"ငါမွတ္မိတယ္"

ခ်င္က်န္းယြဲ႕:

"အဲ့ေလာ့ကြၽယ္ရဲ႕ ပင္ကိုယ္စရိုက္ကဘယ္လိုမ်ိဴးလဲ? ငါထင္တာေတာ့... မၾကာေသးခင္က သိုင္းေလာကမွာ ျဖစ္ေပၚလာတဲ့ မၿငိမ္မသက္ျဖစ္မႈေတြက သူ႕လက္ခ်က္ပဲ ျဖစ္ရမယ္။ ဟိုးလြန္ခဲ့တဲ့ႏွစ္က စုဟြိုက္က်ဴး အလယ္ပိုင္းလြင္ျပင္မွာ အဲ့ေလာ့ေကြးရဲ႕ သူလ်ိဳေတြကို သတ္ၿပီး ေသြးေခ်ာင္းစီးေစခဲ့တဲ့ လုပ္ရပ္ကို လက္စားေခ်ခ်င္ေနတာလို႔ ငါေတာ့ထင္တာပဲ"

"အဲ့ေလာ့ကြၽယ္..."

ေလာ့ယြီက အသက္ကို ျဖည္းညွင္းစြာ ရႉထုတ္လိုက္ၿပီး ဆိုေလ၏။

"သူက အဆိပ္ျပင္းတဲ့ေႁမြတစ္ေကာင္လိုပဲ၊ မယုံနိုင္ေလာက္ေအာင္ကို စိတ္ရွည္တယ္၊ ပါးပါးနပ္နပ္နဲ႕ အာ႐ုံစူးစိုက္မႈရွိၿပီး ရက္စက္လြန္းတယ္... ငယ္ငယ္ေလးကတည္းက သူလိုခ်င္တာမွန္သမွ် မရခဲ့ဖူးဆိုတာ မရွိဘူး.. တစ္ခုကလြဲလို႔..."

ေလာ့ယြီသည္ ႐ုတ္တရက္ မ်က္လုံးမ်ား ျပဴးက်ယ္သြားကာ မတ္တပ္ထရပ္လိုက္သည္။ သူက ခ်င္က်န္းယြဲ႕ကို ထိတ္လန႔္တုန္လႈပ္ေသာ အမူအရာျဖင့္ စိုက္ၾကည့္ရင္း တုန္လႈပ္စြာ ေျပာေလသည္။

"အဲဒါက က်င္းအာပဲ!"

ခ်င္က်န္းယြဲ႕ အံ့ၾသသြားခဲ့သည္။

"က်င္းအာ?"

ေလာ့ယြီက ေခါင္းညိတ္လိုက္ၿပီး ဆို၏။

"အဲဒီတုန္းက အဲ့ေလာ့ကြၽယ္က က်င္းအာကို အရမ္းခ်စ္ခဲ့ၿပီး ဒီညီမေလးတစ္ေယာက္ကိုပဲ သူ အသိအမွတ္ျပဳေၾကာင္း လူသိရွင္ၾကားေျပာခဲ့ဖူးတယ္။ ဒါ့အျပင္ သူက ပိုင္ဆိုင္လိုစိတ္လဲ ျပင္းျပခဲ့တယ္။ က်င္းအာက သူ႕ရဲ႕ အျခားညီအစ္ကို ေမာင္ႏွမေတြနဲ႕ နီးကပ္လာတာကို ျမင္ေတာ့ သူတို႔ကို အကုန္ေမာင္းထုတ္ပစ္မယ္လို႔ေတာင္ ႀကိမ္းေမာင္းခဲ့ေသးတယ္။ ငါတစ္ေယာက္တည္းကသာ က်င္းအာနဲ႕ အေမတူ ေမာင္ႏွမ‌ေတြဆိုေတာ့ သူငါ့ကို မရႈပ္ရဲတာေၾကာင့္ က်င္းအာနဲ႕ အတူ ကစားနိုင္ခဲ့တာ"

"ေနာက္ေတာ့ အေမဆုံးသြားၿပီး ငါလဲ ေက်ာက္စိမ္းအိမ္ေတာ္ကို ဝင္ခဲ့တယ္... က်င္းအာက အဲ့ေလာ့ေကြးဂိုဏ္းမွာ ႏွစ္ႏွစ္ေလာက္ေနခဲ့ၿပီးေတာ့ ငါ့ကိုရွာဖို႔ေတာ္ဝင္နန္းေတာ္ကေန ခိုးထြက္လာခဲ့တယ္ေလ.." သူက ေျပာေနရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"ဒါ့ေၾကာင့္ပဲ အဲ့ေလာ့ကြၽယ္မွာ စြဲလမ္းမႈတစ္ခုခု ထြက္ေပၚလာတာလားဆိုတာေတာ့ ေျပာရခက္တယ္"

ခ်င္က်န္းယြဲ႕က သူ႕ေမးေစ့ကို ပြတ္သပ္ရင္း ဆိုလာသည္။

"အဲ့ေလာ့ကြၽယ္က စုဟြိုက္က်ဴး၊ ကုေရာ့ဟိုင္နဲ႕ က်င္းအာၾကားက ဆက္ဆံေရးကို သိေလာက္တယ္မဟုတ္လား?"

ေလာ့ယြီ၏အမူအရာမွာ အနည္းငယ္ ေလးနက္သြားသည္။

"ဒါတင္မကဘူး။ စုဟြိုက္က်ဴး က်င္းအာကို ဖမ္းေခၚသြားၿပီး သိပ္မၾကာခင္မွာပဲ က်င္းအာ ေသဆုံးသြားခဲ့တယ္။ ဒီသတင္းအားလုံးကို သူသိထားမွာပဲ။ သူ႕စရိုက္ကို အေျခခံရရင္ သူလက္စားေခ်ခ်င္ၿပီဆို သူမုန္းတဲ့လူကို သတ္ရ႐ုံနဲ႕ မၿပီးဘူး။ မိသားစုေတြ ၿပိဳပ်က္ၿပီး ရင္းႏွီးခ်စ္ခင္တဲ့ မိတ္ေဆြေတြ အခ်င္းခ်င္း သေဘာထားကြဲလြဲတဲ့အထိ ျပႆနာေတြကို ႏွိုးေဆာ္မွာ... အခု စုဟြိုက္က်ဴးနဲ႕ ကုေရာ့ဟိုင္ကို ထိပ္တိုက္ေတြ႕ေစတာက သူ႕အႀကိဳက္ပုံစံ အမွန္ပဲ"

ခ်င္က်င္းယြဲ႕က ေျပာလာသည္။

"ဒါဆို ငါတို႔ သူတို႔ေတြကို အသိေပးသင့္လား?"

ေလာ့ယြီက ေခါင္းညိတ္လိုက္သည္။

"ဒီကိစၥက အဲ့ေလာ့ေကြးရဲ႕ ဟိုးေရွးေရွးက ျပႆနာေတြနဲ႕ ဆက္စပ္ေနနိုင္တာေၾကာင့္ ငါဘာမွ သိပ္မေျပာနိုင္ဘူး။ ဒါေပမယ့္ ငါစာတစ္ေစာင္ေတာ့ ေရးေပးလိုက္မယ္။ ေတာင္ေအာက္ဆင္းၿပီး ပို႔ေပးဖို႔ မင္းကို ထပ္ၿပီး ဒုကၡေပးရအုံးမွာပဲ"

ခ်င္က်န္းယြဲ႕: "ကိစၥမရွိပါဘူး။ ဒါေပမယ့္ မင္း ကေလးႏွစ္ေယာက္ကိုေရာ အမွန္အတိုင္းေျပာျပမွာလား?"

ေလာ့ယြီက ခဏေလာက္ စဥ္းစားၿပီးေနာက္ ဆိုသည္။

"ကုေရာ့ဟိုင္ ေက်ာက္စိမ္းဆြဲသီးကို သေကၤတအျဖစ္ ေပးလိုက္တာက စုယန္ကို ကုသေပးဖို႔ ေတာင္းဆို႐ုံတင္မကမွာ ငါစိုးရိမ္တယ္... အဲဒီတုန္းက ငါက သူ႕ရဲ႕အကူအညီကို ေက်းဇူးတင္တဲ့အေနနဲ႕ ဒီေက်ာက္စိမ္း ဆြဲသီးကို ေပးထားခဲ့တာ.. အခု သူျပန္လိုခ်င္တဲ့ အကူအညီက ကေလးႏွစ္ေယာက္လုံးကို ပဋိပကၡေတြက ကင္းေဝးေအာင္ ေစာင့္ေရွာက္ေပးေစခ်င္တာမ်ားလား?"

သူက သက္ျပင္းတစ္ခ်က္ ခ်လိဳက္ၿပီး ဆက္ေျပာလာ၏။

"ကေလးႏွစ္ေယာက္လည္း ဒုကၡေတြႀကဳံတာ မ်ားလြန္းေနပါၿပီေလ။ အနာဂါတ္မွာ ေသကြဲရွင္ကြဲ ျဖစ္ရအုံးမလားဆိုတာလဲ ဘယ္သူမွမသိနိုင္ဘူး... သူတို႔ေလးေတြ ဒီျပႆနာေတြေၾကာင့္ အေႏွာက္အယွက္ မျဖစ္ဘဲ အခ်ိန္ၾကာၾကာေလး အတူေနနိုင္တာ ပိုေကာင္းပါတယ္။ ဒါက ငါတို႔မ်ိဳးဆက္ရဲ႕ ျပႆနာျဖစ္ၿပီး ငါ့တို႔မ်ိဳးဆက္ရဲ႕ လက္ထဲမွာပဲ အဆုံးသတ္သင့္တယ္"

_5.2.23

Thanks for reading ❣️

واصل القراءة

ستعجبك أيضاً

53.4K 7.8K 22
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
74.4K 11.4K 57
Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGoldfish (Lazy Girl Translation) Chapters:...
76.9K 13K 29
This is not my own story. It is my translation work. All Credits to original author. Associated name- 反派天生嗜甜 Type-Web novel Author-封玖 Status in C...
1.5M 188K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...