ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{120}

4.5K 839 59
By Greentealay-


Unicode (စာလုံးပေါင်းမစစ်ထားမိဘူးနော်)



နှစ်ယောက်သားခေတ္တခန့်စကားပြောကြပြီးနောက် အချိန်လည်းနောက်ကျနေပြီဖြစ်၍ မနက်စောစောထရမည့် ကျိချင်းကျိုးမှာ video call မြန်မြန်ချ၍ အပြေးအလွှားရေချိုးရတော့သည်။

ဖုန်းပြောပြီးသည့် ချူချန်တစ်ယောက် တစ်ခုခုစားဖို့ အောက်ထပ်မှာလာရှာချိန် အခုမှ အိမ်ပြန်ရောက်သည့် ချူရှင်းဆီ တိုးဝင်မိသွား၏။ထို့နောက် ချူရှင်းအနားထိတိုးလိုက်ကာ-

“ကောမူးလာတာလား”
       
“ညစာစားပွဲမှာ နည်းနည်းသောက်လာတာ...မများပါဘူး”
       
“ ကော လက်ဖက်ရည်သောက်မလား?”
      

သူ့ကိုပြန်ဖြေဖို့ မလိုအပ်ဘူးဟု ခံစားရသဖြင့် ချူရှင်းက ပြန်သာမေးလိုက်သည်။

“မင်း မအိပ်သေးဘူးလား။ဘာလို့လဲ? ”
       
“ဗိုက်ဆာလို့လေ။စားစရာတစ်ခုခုလာရှာတာ။ကောရောစားချင်သေးလား”

       
ချူချန်လည်း ညစာစားပွဲမှာ သိပ်မစားဖြစ်ခဲ့သဖြင့် နည်းနည်းဗိုက်ဆာနေ၍ ခေါင်းညိမ့်ပြလိုက်သည်။
       

ချူချန် ကပျာကယာဖြင့် ရေခဲသေတ္တာကို လှန်လှောရှာဖွေလိုက်ပြီးနောက်မှာတော့ အေးခဲထားသည့် ဖက်ထုပ်တစ်ထုပ်ကိုတွေ့သွားကာ သူ့ကောအား တရို‌တသေကမ်းပေးလိုက်သည်။
       

ချူရှင်း : ...............
      

“ကောစားချင်လားလို့မေးတာမအံ့ဩတော့ပါဘူး?ဒီမှာစောင့်နေဟုတ်ပြီလား ?”
       

“အလုပ်ရှုပ်‌စေမိပါပြီ”

ချူချန်သည် စိတ်ရင်းကိုပြလိုသည့်အနေဖြင့်-

“‌ ကျွန်တော့်ကောကို အချစ်ဆုံးပဲနော်”
       

ချူရှင်းက စကားပြန်မပြောနေတော့ဘဲ ဖက်ထုပ်ကိုယူ၍ မီးဖိုခန်းထဲ ဝင်သွား၏။ သွားနေရင်းလည်း ဆူဖို့မမေ့ပေ။

“အလိုလိုက်ခံထားရတဲ့အတိုင်းပါပဲ။အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို အခုထိ ဖက်ထုပ်မပြုတ်‌တတ်သေးဘူး”
       
“အိမ်ကဘယ်သူ့မှာမှ မသင်ပေးကြတဲ့ဥစ္စာ”

ချူချန်က သူ့နောက်မှလိုက်ပြီး ကျိုးသင့်ကြောင်းသင့်ရှင်းပြနေခြင်း။

   “အခုသင်ပေးမယ်။လာကြည့်”
       

ချူချန် : “........အော”
       

ချူရှင်းက သူ့ကိုလည်ပြန်ကြည့်ကာ-

“မင်းပျော်နေတာလား”
       

ချူချန်သည် ညဉ့်နက်နေတာရော မီးဖိုခန်းထဲမှာ နှစ်ယောက်တည်းရှိနေတာကြောင့်ပါ ပြောပြလိုက်တယ်။

“တစ်ရက်နှစ်ရက်နေရင်  ကျွန်တော်အိမ်ပြန်ပြောင်းတော့မယ်”
       

“ထပ်ပြောင်းချင်ပြန်ပြီလား။ဘာလို့လဲ”
       

ချူချန်မှာ နည်းနည်းရှက်မိပေမယ့် ထိုအကြောင်းစဉ်းစားကာ ချူရှင်းကို မေးလိုက်တယ်။

“ကော....ကျွန်တော်တို့လို့ ဂုဏ်သရေရှိ မိသားစုကြီးတစ်ခုအနေနဲ့ ခံစားချက်တွေနဲ့ တရားနည်းလမ်းကျမှုတွေကို အရေးကြီးဆုံးအရာလိုမျိုး လက်ကိုင်ထားသင့်တယ်လို့ ကောမထင်ဘူးလား....နိဂုံးချုပ်ရရင် တစ်ခြားသူတွေရဲ့ ခံစားချက်တွေကို မကစားသင့်ဘူးမလား”
       

ချူရှင်းပြုံးလိုက်ကာ ဖက်ထုပ်အေးရဲ့ပလပ်စတစ်အိတ်ကို ခွာရင်း သူ့ကိုကြည့်လိုက်တယ်။

“ချူချန် မင်းအရင်က ကောကို ဘယ်လိုပြောခဲ့လဲ မှတ်မိသေးလား”
       

“မှတ်မိပါတယ်။ကျွန်တော့်မှာ အတိုင်းအတာရှိတယ်လို့ပြောခဲ့တာ”
       

“ဒါ မင်းရဲ့ အတိုင်းအတာလား”
       

“မဟုတ်ဘူးလေ?”
   
“မင်းတို့နှစ်ယောက်ဆက်ဆံရေးက စာချုပ်ကုန်သွားပြီမဟုတ်ဘူးလား”

ချူချန်မှာ အစွပ်စွဲခံရသလိုခံစားနေရသည်။

“အစတည်းကလည်း သွားစရာမလိုဘူးထင်ခဲ့ပေမယ့် ပြောင်းလဲသွားတဲ့ အရာတွေကို အသေအချာတွေ့သွားရတာ။ကျွန်တော်တို့လည်း ရေစီးကြောင်းအတိုင်းလိုက်ပြီး မဆန့်ကျင်ကြရုံပါပဲကောရာ”
       

ချူရှင်းက အေးတိအေးစက် နှာခေါင်းရှုံ့လိုက်ကာ ဖက်ထုပ်တွေအား ရေပွက်ပွက်ဆူနေသော အိုးထဲထည့်နေသည်။
       

ချူချန်မှာ သူ့ကော၏အေးစက်စက်အမူအရာကိုကြည့်ကာ-

“ကောမတားတော့ဘူးလား?”
       

“မင်းနဲ့ရန်ဖြစ်တော့ရောအသုံးဝင်လို့လား? မင်းသဘောကျသွားပြီဆိုတာနဲ့ သူ့ဘာသာ မိုးမြေအဆုံး‌ထိပြေးနေ‌ရင်တောင် သူ့နောက်လျှောက်လိုက်ပြီး အချိန်ဖြုန်းနေမှာပဲကို”

“‌ ဒါပေါ့ ”
       
“ဒါပေါ့ဟုတ်လား”

ချူရှင်းက သူ့ကို စွေကြည့်လာ၏။

“အရင်ကတော့ သူသိသူတတ်ကြီးလိုပြောနေပြီး အခု ကိုယ့်အလှည့်လည်းကျရော ကိုယ့်ပါးကိုယ် ပြန်ရိုက်လိုက်သလိုပဲလေ။အဲ့ဒါကောင်းတာလားဟမ်”
       

“ဒီလိုတွေ ဖြစ်လာမယ်မှန်း ကောတွေးထားပြီးသားမလား?”

ချူချန်သည် ငတုံးမဟုတ်။

“မဟုတ်ရင် ကျွန်တော့်ကို အချိန်တိုင်းသတိပေးနေမှာမဟုတ်ဘူးလေ။ကောက များများပိုပြောမိရင် ကျွန်တော် အလင်းပေါက်သွားမှာလည်းကြောက် နည်းနည်းပြောလိုက်လို့ ကျွန်တော် အလေးမထားမှာလည်း ကြောက်နေတာ။ကျွန်တော်တို့ တွဲဖြစ်မယ်မှန်း ကောအစောကြီးတည်းက ခံစားမိတယ်မဟုတ်လား”
       

“ဒါပေမယ့် မင်း အဲ့ခြေလှမ်းလှမ်းလိုက်မယ်လို့တော့ ငါတကယ်မထင်ခဲ့ပါဘူး။အချိန်တိုင်း 'ကျွန်တော်မှာ အတိုင်းအတာရှိပါတယ်' ချည်းပြောနေတာလေ။ပြီးလည်းပြီးရော ဒါကြီးက မင်းအတိုင်းအတာဖြစ်သွားတာမလား”
       

“ကျွန်တော်က အာဏာရှင်ကြီးဖြစ်ပြီး ကောကတော့ ပွဲကြည့်ပရိတ်သတ်လို့လည်း ပြောခဲ့သေးတယ်လေ။ပြီးတော့ ကောလို နှစ်တစ်ထောင် မြေခွေးအိုကြီးလောက် ကျွန်တော်လည်း မမြင်တတ်ပါဘူးနော်။ကျွန်တော်က ကောလောက်မှ မတော်ဘဲ ဥစ္စာ”
       

“မင်း ငါ့ကို ချီးကျူးပေးဖို့ တောင်းဆိုခဲ့မိလို့လား”
       
“မဟုတ်ကဟုတ်က ဒီစကားတွေအကုန် ကျွန်တော် မထိန်းနိုင်‌ေတာ့လို့ စိတ်ရင်းနဲ့ပြောတာပါ”
     

ချူရှင်း ပျင်းရိစွာဖြင့် လျစ်လျူရှုလိုက်ကာ ရေပွက်ပွက်ဆူနေပြီဖြစ်၍ ပန်းကန်ထဲဆယ်ထည့်လိုက်ပြီး အိုးထဲက ရေတစ်ဝက်လောက်ပါ ပန်းကန်ထဲ လောင်းထည့်လိုက်သည်။
       

“ပြီးတော့လေ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကောကို ပြောရဦးမယ်” ချူချန်က ဆက်ပြောသည်။

“အမ်း” ချူရှင်းက စကားထောက်လိုက်၏။

“ကျွန်တော် သူနဲ့ တိုင်ပင်ပြီးလို့ ပါးနဲ့မားတို့ကို ဖွင့်ပြောတဲ့ အချိန်ရောက်ရင် ကောပါ ကူပြောပေးပါနော်”

       

“ မင်းကတော့လေ စတောင်မစရသေးဘူး ဟိုဟာပူဒီဟာပူနဲ့”
       

“မပူလို့ရမလားကောရဲ့။ကျွန်တော်တို့က တစ်သားတည်းဖြစ်ပြီးသွာပြီလေ”
      

“ပါးနဲ့မားတို့ကို ပြောဖို့ ဆုံးဖြတ်ချက်ချပြီးရင်  ကောကို လာပြော”
       

ချူချန်က ခေါင်းတစ်ချက်ညိမ့်ကာ-

“နောက်ဆို သူ့အပေါ် ကောင်းကောင်းဆက်ဆံပေးနော်”
       

ချူရှင်းက ခေါင်းစောင်း၍ သူ့ကို ကြည့်လိုက်၏။

ချူချန်ကမူ နည်းလမ်းတကျ ဆက်ပြောနေလေသည်။

“နောက်ဆုံးတော့ ကောမှာ ခယ်မလေးရှိလာပြီ”
       

ချူရှင်း : ................
       
ချူရှင်းကတော့ ချူချန်က ငယ်သေးတယ်ဟုပဲ ခံစားနေရသည်။အဲ့ဒါက သူအသက်ငယ်သေးတာကြောင့် ဆက်ဆံရေးတစ်ခုရဲ့ စဦးပိုင်းကိုပဲ တွေးတာဖြစ်ပြီး သူငယ်သေးလို့သာ သူတို့ထာဝရလက်တွဲသွားနိုင်မယ်လို့ စိတ်ထဲရှိတဲ့အတိုင်းတွေးနေခြင်း။သူကတော့ ချူချန်နဲ့ ကျိချင်းကျိုးတို့အား အမြင့်ကြီးထိ မတွေးထားပါ။ချူချန် သူ့ကုမ္ပဏီက အနုပညာရှင်လေးတစ်ယောက်ကို လက်ရဖမ်းနေတယ်ဆိုတည်းက ကျိချင်းကျိုးကို စုံစမ်းပြီးသားပင်။
        
ထိုစုံစမ်းမှုကြောင့်ပဲ ကျိချင်းကျိုးရဲ့ စရိုက်နဲ့ ချူချန်ထံ ချည်းကပ်လာတဲ့ ရည်ရွယ်ချက်ကို သိလိုက်ရသည်။အစတည်းက ချူချန်ရဲ့ ပိုက်ဆံကြောင့် ကျိချင်းကျိုးက ကပ်လာခြင်းဖြစ်ကာ ဖန်ယောင်ရွှမ်းနဲ့တောင် အတော်ကြာ ဟိုလိုလို ဒီလိုလို လုပ်လိုက်သေး၏။တစ်ဖက်မှာတော့ မြင့်မြတ်သလို ဟန်ဆောင်နေပြီး တစ်ခြားတစ်ဖက်ကတော့ ချူချန်ပိုက်ဆံတွေကို သယ့်ယူနေတာဖြစ်၏။ ထိုလိုလူမျိုးတွေကို ချူရှင်း စိတ်အပျက်ဆုံးပင်။နောက်ပိုင်း ချူချန်ကာကွယ်ပေးနေတာကြောင့်သာမဟုတ်ရင် ကျိချင်းကျိုးရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အား သူဖျက်ဆီးပစ်မိလိမ့်မည်။
        

ချူချန် အပျော်သက်သက်ကစားနေတာပဲဟု သူထင်ခဲ့သောကြောင့်  ကျိချင်းကျိုး ချူချန်အိမ်က ထွက်သွားပြီးနောက်ပိုင်း သူ့ညီလေးအပေါ်  လေးစားတဲ့ အနေဖြင့် ကျိချင်းကျိုးအကြောင်း ဘယ်သူ့ကိုမှ ထပ်မစုံစမ်းခိုင်းဖြစ်တော့ပါ။သိုသော်ငြား ထင်မှတ်မထားသည်က သူ့ညီလေးနှင့် ကျိချင်းကျိုးတို့ ဒီအဆင့်ထိ ရောက်လာလိမ့်မယ်လို့ပင်။ချူချန်က အရွယ်ရောက်ပြီးသားဖြစ်၍ သူ လူတစ်ယောက်ကို ကြိုက်ခဲ့ရင် ချူရှင်းကလည်း ဝင်ပါလိမ့်မည်မဟုတ် ။ ဒါပေမယ့် ကျိချင်းကျိုးလိုလူကတော့ သူတကယ်ကို အကောင်မြင်တဲ့ လူတစ်ယောက်အဖြစ် မရပ်တည်ပေးနိုင်ပေ။

သူတို့ကြားမှ အဆင့်အတန်းကွာခြားမှုက ကြီးလွန်းသည်။ ပြီးတော့ ကျိချင်းကျိုးကလည်း အဲ့လိုစရိုက်မျိုး ရှိနေပြန်၏။ချစ်စိတ်ပြင်းပြနေသောကြောင့်သာ တွေးခေါ်နိုင်မှုတွေ သဘာဝကျကျပင်လွှမ်းမိုးခံလိုက်ရခြင်းဖြစ်သည်။ထို့ကြောင့် သူ ကျိချင်းကျိုးကိစ္စအား အရေးမစိုက်တော့ပါ။စိတ်အားထက်သန်မှုတွေ မှိန်ဖျော့သွားတဲ့အချိန်ကျ ကျိချင်းကျိုးက သူ့ မှားယွင်တဲ့ မြင့်မြတ်သည့် စရိုက်ကို ပြန်ဖုံးနေရမှာဖြစ်သောကြောင့် ပြဿနာမဟုတ်တာတွေက ပြဿနာတွေဖြစ်လာပြီး ပြဿနာတွေ အများကြီးတက်လာမှာပင်။သူကြားမဝင်ဘဲနှင့် သူ့မိဘတွေတောင် မမြင်လိုက်ရဘဲနှင့် သူတို့ ရန်ဖြစ်ပြီး လမ်းခွဲကြမှာပင်။
       

ချူရှင်းသည် ရေနည်းနည်းထပ်ဖြည့်၍ ဖက်ထုပ်တွေကျက်တဲ့အထိ စကားမဆိုတော့ဘဲ စောင့်နေ၏။
ချူချန်က သူ့ဘေးမှာ ရပ်၍ သူလုပ်နေတာကိုကြည့်ပြီး ဘာလို့ ရေနှစ်ခါထည့်တာလဲ မေးသည်။ ချူရှင်းက စိတ်ရှည်လက်ရှည် ရှင်းပြလေကာ ချူချန်က ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် နားထောင်၏။ နေက်တစ်ခါဆို သူ နဲ့ကျိချင်းကျိုး တို့အတူတူ ဖက်ထုပ်ချက်လို့ရပြီ....
       
ကျိချင်းကျိုးက သူနဲ့ ဟင်းချက်ချင်မှန်း သူအနည်းနဲ့အများပြောနိုင်ပါတယ်။ဒါပေမယ့် တစ်ဖက်လူက သူ့ကို ဖိအားမဖြစ်စေချင်ပေ။ အချိန်တိုင်း ဖက်ထုပ်လုပ်စားကြမယ်ပြောနေတာကလဲ သူနဲ့ အတူတူချက်ချင်၍ဖြစ်သည်  ။ အခုဆို သူတို့ တွဲနေကြပြီဖြစ်၍ သူလည်း ဟင်းချက်လေ့လာပြီး ကျိချင်းကျိုး ကြိုက်တဲ့ ဟင်းတွေအား ချက်ကျွေးရမည်။
       
အဲ့လိုသာဆို.....သူ အရမ်းပျော်သွားမှာပဲ ဟုတ်တယ်မလား?
       

တွေးနေရင်းနဲ့ ကျိချင်းကျိုးကိုတောင် လွမ်းလာပြီ။ ချူချန်မှာ အိုးထဲက ဖက်ထုပ်တွေကိုကြည့်လိုက် ပြတင်းပေါက်အပြင်မှ လရောင်ကို ကြည့်လိုက်ဖြင့် ဆယ်ကျော်သက်အရွယ်ကသင်ခဲ့ရသည့် ကဗျာတစ်ပုဒ်တောင် သွားသတိရမိ၏။

“အခုချိန်  မင်းပေါ် ဖြာကျနေမယ့် လရောင်လေးနဲ့အတူ ကိုယ်ပါ စီးမျောလာချင်မိတယ်ကွယ် ”
      
တစ်ဖက်မှ လရောင် ဖြာကျခံနေရသည့် ကျိချင်းကျိုးကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည် ။
       
နောက်တစ်နေ့မနက်၌ ချူချန်တစ်ယောက် အစောကြီး အိမ်ကထွက်လေသည်။ချူရှင်းက သူသွားတာကိုလိုက်ကြည့်နေပြီး ဘာမှမပြော။သူက အမြဲတစေ ယုံကြည်အားထားရသည့် အစ်ကို တစ်ယောက် ဖြစ်နေဆဲပင်။ချူချန်ကို သွန်သင်ဆုံးမရာ၌ အစ်ကိုကြီးနေရာကရော သူငယ်ချင်းအနေနဲ့ပါ သူပြုမူ၏။ချူချန် သူ့ကို ယုံကြည်ခဲ့ရင် အမှန်တရားကို သူ့ဘာသာ ပြောလာလိမ့်မည်။ ချူရှင်းကတော့ အများကြီး သဝေထိုးပြီး ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်။သူ့ညီလေးအား လွတ်လပ်မှုအပြည့်နှင့် ပံ့ပိုးမှု အပြည့်ပေးထား၏။ သူဖြစ်ချင်တာဆိုလို့ ချူချန်လိုမျိုး လွတ်လွတ်လပ်လပ် နေထိုင်ချင်ရုံသာ။ဒါလည်းအကြမ်းဖျင်း မျှော်လင့်ထားတာသာဖြစ်၏။
        

ချူချန် Y မြို့တော်ကို ရောက်တာနဲ့ နည်းနည်းချမ်းအေးသလိုတောင် ခံစားလိုက်ရသည်။

ရှောင်ချန်းက သူ့ကို လာကြို၏။

“လွန်ခဲ့တဲ့နှစ်ရက်အတွင်း အပူချိန်အများကြီး ကျသွားတာ”

“ဒီရာသီဥတုနဲ့ မင်း ဂျက်ကတ်ထူထူဝတ်ရမယ်လေ”
       

ရှောင်ချန်းကအမြန် ဂျက်ကတ်ထုတ်ဝတ်လိုက်ပြီး ချူချန်ထံတစ်ထည်ကမ်းပေးလိုက်၏။

ချူချန် လက်ယမ်းပြလိုက်သည်။

“ငါက အဆင်ပြေတယ်။အအေးမကြောက်တတ်ဘူး။သွားရအောင်”

သူမဝတ်ချင်တာကို မြင်တော့ ရှောင်ချန်းလည်း ထိုအထည်အား ထပ်ဝတ်လိုက်ကာ ရိုက်ကွင်းဆီ မောင်းလိုက်သည်။
       

ချူချန်ရောက်သည့်အချိန်၌ ရှန်းဝမ့်ရှီကလည်း ရိုက်ကွင်းမှာ ရှိနေသည်။ဒါက သူဒီမှာရှိနေတဲ့ သုံးရက်မြောက်နေ့ပင်။သူကတော့ အရင်လိုပဲ အနားယူတဲ့ နေရာမှာထိုင်ပြီးကျိချင်းကျိုး ရိုက်ကူးရေးလုပ်တာကို ထိုင်ကြည့်နေသည်။
       

ချူချန်က တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ရှောင်ချန်းကို မေးလိုက်တယ်။

“သူကဘာလို့ ဒီရောက်နေတာလဲ”
       

“ဒါရိုက်ရှန်းက ကောကို သူ့ကားမှာ သရုပ်ဆောင်စေချင်တာ။ကျိကော ငြင်းထားပြီးသာဟာကို ဒါရိုက်တာရှန်းကတော့ အတော်လေးခေါင်းကြောမာပုံရတယ်ဗျ။ဘာလို့လည်း မသိပေမယ့် သူက ဘယ်မှမသွားဘူး။ကျိကော ရိုက်ကူးရေးလုပ်တာကိုပဲ ထိုင်ကြည့်နေတာ။ကြည့်ရတာတော့ ကျိကောရဲ့ သရုပ်ဆောင်အရည်အချင်းကို ကြည့်ချင်တာနေပါမယ်”
       
ချူချန်မျက်မှောင်ကြုံ့လိုက်ပြီး ရှန်းဝမ့်ရှီအားစိတ်အနှောင့်ယှက် ဖြစ်စရာဟု မြင်လာသည် ။
       
သူသည် ခြေလှမ်းကျဲကျဲဖြင့် ရှန်းဝမ့်ရှီနားကပ်သွား၏။ရှန်းဝမ့်ရှီက မော့ကြည့်သည်။သူ့ကိုမြင်လိုက်ရသည်အား မအံ့ဩဟန်ပင်။
       
ရှန်းဝမ့်ရှီဟာ ဟိုနေ့ည ကျိချင်းကျိုး အရက်မသောက်ဘူးပြောတည်းက သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေမှန်းတွက်ထားပြီးသား။ကျိချင်းကျိုး အနုပညာလောကထဲ ဝင်လာတာ မကြာသေးသလို တစ်နှစ်တောင် မပြည့်သေးပါ။သူပြောခဲ့သလိုပဲ သူက ညစာစားပွဲတွေမှာ မသောက်ဘူးဟုဆို၏။သူ့အေးဂျင့်ကလည်း လုံးဝစိတ်ထဲမထားပေ။ဒီလိုကိစ္စမျိုးက နောက်ခံမရှိတဲ့ လူသစ်လေးတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုး မဟုတ်။

ရှန်းဝမ့်ရှီ ဟိုတယ်ကို ပြန်လာပြီးနောက် ကျိချင်းကျိုးရဲ့ မှတ်တမ်းတစ်ခုအား သူ့လက်ထောက်က သူ့ဆီပို့လာသည်။ ထိုစာအားဖတ်ပြီးနောက် ကျိချင်းကျိုးရဲ့ အရင်းအမြစ်တွေက တကယ်ပင်ကောင်းကြောင်းသိလိုက်ရတယ်။နာမည်ကြီး ရသစုံရှိုးတွေရော၊ နာမည်ကြီး ဒါရိုက်တာတွေရိုက်သည့် IPကြီးတွေရော ရုပ်ရှင်တွေပါဖြစ်သည်။အဆိုးဆုံး အွန်လိုင်းဒရမ်မာဖြစ်တဲ့ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》မှာတောင် သူက ခေါင်းဆောင်မင်းသားဖြစ်သည် ။

ဒီလိုမျိုးအရင်းအမြစ်တွေကို နောက်ခံမရှိတဲ့ လူသစ်တစ်ယောက်က ဘယ်လိုရနိုင်မှာလဲ။ရှန်းဝမ့်ရှီအတွက်တော့ ကူပေးနေတဲ့သူအား ရှာရန် သိပ်တောင်အားမစိုက်လိုက်ရ- ချူမိသားစုရဲ့ ဒုတိယသခင်လေး၊New Cultureရဲ့ ပိုင်ရှင် ချူချန်ဖြစ်၏။

ရှန်းဝမ့်ရှီ သက်ပြင်းချလိုက်သည်။ တစ်ယောက်က ချမ်းသာတဲ့ ဒုသခင်လေး။တစ်ယောက်ကတော့ ပွဲဦးထွက်နေတဲ့ ကြယ်ပွင့်လေးသာသာရယ်။သူတို့ ဆက်ဆံရေးက ရှင်းနေပြီလေ။ ကျောင်းသားလေးလိုဖြူစင်ရိုးသားပုံရတဲ့ ကျိချင်းကျိုးက တစ်ခြားသူတစ်ယောက် မြေတောင်မြှောက်ပေးပြီးသွားပြီဖြစ်သည့် စာဝါငှက်လေးမှန်း ရှန်းဝမ့်ရှီမထင်ထားခဲ့ပါ။
       
ချူချန်လို ချမ်းသာတဲ့ သခင်လေးအနေနဲ့ ချူချန်ဘက်က ကျိချင်းကျိုးကို ကြိုက်တယ်လို့ သူမထင်ဘူး။ ချူချန်ဆိုတာက ဒေဝါလီခံရလုနီးနီးဖြစ်နေသော ဝက်ဆိုဒ်တစ်ခုအား ပြန်ဆယ်ယူကာ ထိုအရာပေါ် မှီ၍ ယဉ်ကျေးမှုဆိုင်ရာ စီးပွားရေးနယ်ပယ်ခွဲတစ်ခုတည်ထောင်ပြီး စီးပွားရေးလောကရဲ့အင်အားကြီးကစားသမား တစ်ယောက်ဖြစ်ကာ အရမ်းပါးနပ်သူဖြစ်သည်။အဲ့လိုလူတစ်ယောက်က ကျိချင်းကျိုးလို သာမန်ကြယ်ပွင့်လေးကို ကြိုက်ပါ့မလား? ဘယ်လိုဖြစ်နိုင်မှာလဲ? ချူမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှ တစ်ခုကဖျော်ဖြေရေးကုမ္ပဏီလေ။ကျိချင်းကျိုးကို ရွေးဖို့မပြောနဲ့ဦး ဘယ်လိုအလှလေးကိုမဆို သူမမြင်ဖူးပဲ နေပါ့မလားဟမ်?
        
အကြောင်းအရင်းတစ်ချို့ကြောင့် ရှန်းဝမ့်ရှီမှာ ကျိချင်းကျိုးအတွက် ဝမ်းနည်းမိသွားသည်။

သူသည် ကျိချင်းကျိုး၏ သန့်စင်အပြစ်ကင်းသော ပြစ်မျိုးမှဲ့မထင် ပုံလေးကို တွေးမိကာ မဟုတ်ပေမယ့် ကျိချင်းကျိုးဖြစ်သင့်တယ်လို့လည်း ခံစားရပြန်သည်။သူ့မျက်လုံးလေးများက အင်မတန်ကြည်လင်ပြီး အပြုံးကလည်းတောက်ပကာ သရုပ်ဆောင်အရည်အချင်းကလည်း အရှိန်အဝါကြီးမားလွန်းလှပေသည်။မသွေးရသေးသည့် ကျောက်ရိုင်းတုံးလေးတစ်တုံးလိုပင်။နည်းနည်းလောက် ပုံသွင်းလိုက်သည်နှင့် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်ရမှာဖြစ်၏။ထိုကဲ့သို့ လူတစ်ယောက်က လှောင်ချိုင့်ထဲမှာ ကန့်သတ်ခံနေစရာမလိုဘဲ သူ့ကိုယ်ပိုင်ကောင်ကင်ကြီးပိုင်ဆိုင်သင့်တာဖြစ်၏။
       

ထိုအတွေးတွေဝင်လာသည်နှင့် ရှန်းဝမ့်ရှီမှာ ချူချန်ကို မတွေ့ခင်ကတင် သဘောမကျဖြစ်နေတာဖြစ်ပြီး အခုတွေ့ရချိန်မှာတော့ ဖြတ်ခနဲတစ်ချက်သာ ကြည့်၍ စိတ်ထဲတောင်ထည့်မနေ‌ ပေ။
       

ချူချန်လည်း စိတ်ကြီးဝင်လွန်းနေသည့် ထိုလူကြောင့်  လျစ်လျူရှုလိုက်ကာ ကျိချင်းကျိုး ကို စောင့်နေသည့်အပေါ်မှာသာ အာရုံစိုက်နေလိုက်တော့၏။ကျိချင်းကျိုးရဲ့ ရိုက်ကူးရေးက သိပ်မကြာလိုက်ပေ။

သူသည် ချူချန်ကိုမြင်တာနဲ့ အပျော်တွေကို မဖုံးနိုင်စွာ အပြေးလှမ်းလာတော့သည်။
       

“ဘာလို့ အဝတ်ပါးလေးတွေပဲဝတ်ထားရတာလဲ?”

ခပ်ပါးပါးဂျက်ကတ်တစ်ထည်သာဝတ်ထားသည့်သူ့ကြောင့် ကျိချင်းကျိုးက အံ့ဩတကြီးလွှတ်ခနဲပြောသည်။

“အေးနေလား? အနွေးထည်ယူလိုက်ဦး”

        သူသည်စကားဆုံးသည်နှင့် ရှောင်ချန်းဘက်လှည့်၍-

“ကောအရင်ပြန်တော့မယ်နော်။တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်ဟုတ်ပြီလား”
       

“ဟုတ်ကဲ့ပါ” ရှောင်ချန်းက ပြန်ဖြေသည် ။

ကျိချင်းကျိုးသည် ချူချန်ကို ဆွဲခေါ်၍ ဟိုတယ်ဆီ ဦးတည်လျှောက်သွားသည်။
       
ရှန်းဝမ့်ရှီမှာ ဒီလိုပဲထွက်သွားတဲ့သူကိုကြည့်ပြီးတအံ့တဩကိုဖြစ်လို့။ ကျိချင်းကျိုးက ရိုက်ကူး‌ရေးပြီးတာနဲ့ အမြဲလိုလိုသူ့ကိုနှုတ်ဆက်ပြီး စကားလာပြောလေ့ရှိသည်။ဒီနေ့ကျ ဒီလိုပဲ ထွက်သွားတယ်တဲ့လား? သူထိုင်ခုံပေါ်မှာထိုင်နေတုန်းပဲလေ! ဟယ်...လို...ဆိုတဲ့စကားလေးတောင်မပြောဘဲ ဒီတိုင်းထွက်သွားရလား? ! ရှန်းဝမ့်ရှီ စိတ်ဓာတ်ကျသွားပြီ။

ကျိချင်းကျိုးအတွက်မှု မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တည်းက ချူချန်အကြောင်းပဲ တွေးနေမိတာဖြစ်၏။ ဒါရိုက်တာ  “cut” လို့ အော်လိုက်သည့်အချိန်တိုင်း သူ့ခေါင်းက အနားယူတဲ့ နေရာဘက်ပဲရောက်သွားကာ သူ့ကို တွေ့ရဖို့ မျှော်လင့်မိသည်။ဒါပေမယ့် ဘယ်သူမှ ရှိမနေခဲ့ပေ။ချူချန်က အစောကြီး ရောက်လာမှာမဟုတ်မှန်း သူသိနေပေမယ့်လည်း မထိန်းနိုင်စွာ နောက်တစ်စက္ကန့်ကြာတာနဲ့ ချူချန်ကို တွေ့လိုက်ရဖို့ မျှော်လင့်မိမြဲပင်။အခုတော့ တကယ်ကြီး သူဖြစ်နေသည်။ကျိချင်းကျိုးရဲ့ နှလုံးသားထဲ ကျေနပ်အားရခြင်းများစွာဖြင့် ဘေးမှာ ဘယ်သူမှ မရှိတာကို အခွင့်ကောင်းယူပြီး သူ့အင်္ကျီလက်ရှည်များဖြင့်ကာ၍ ချူချန်လက်အား တိတ်တိတ်လေးဆုပ်ကိုင်ပြီး လက်ချောင်းချင်းယှက်လိုက်ကာ ခေါင်းငုံ၍ နူးနူးညံ့ညံ့လေးပြုံးလိုက်မိချေသည် ။
       

ချူချန်ဖြင့် သူ့ရဲ့ မသိမသာလှုပ်ရှားမှုလေးကြောင့် အတော်လေးကို ချစ်ဖို့ကောင်းလွန်းနေသည်ဟု ခံစားလိုက်ရတယ်။သူလည်း တိတ်တဆိတ်အားတိုးကာ လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ ဖျစ်ညှစ်လိုက်၏။ကျိချင်းကျိုးက အားထပ်တိုးလာသည်။ ချူချန်ကလည်း ထပ်တိုးလိုက်ပြန်သည်။နှစ်ယောက်သား အားပြိုင်တမ်းကစားကြပြီးမှ နောက်ဆုံးတော့ မထိန်းနိုင်ဘဲတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မိကြတော့သည်။
       

“အဲ....”

ကျိချင်းကျိုးက ရုတ်တရက်ဆိုသလို ရယ်နေတာ ရပ်သွားပြီး တစ်ခုခုကို သတိရသွား၏။

“ခုနက ဟိုနားမှာ ထိုင်နေတာ ဒါရိုက်တာရှန်းမလား? နှုတ်ဆက်စကားပြောဖို့ မေ့သွားတယ်ရော....”
       

************

စာရေးသူမှာပြောစရာရှိပါတယ် :

ရှန်းဝမ့်ရှီ : ဒီလောက်ကြီးတဲ့ သက်ရှိလူသားကြီးတစ်ယောက်လုံးထိုင်နေတာကို မင်းတို့ မမြင်ကြဘူးလားကွာ??

ချူချန် : ခင်ဗျားကို မြင်ဖို့လိုသေးလို့လား? ခင်ဗျားက ဘယ်သူမို့လဲ? သူ ကျွန်တော့်ကိုမြင်ဖို့ပဲလိုတယ် သိဖို့!

ကျိုးကျိုး : အကုန်အားချန်ရဲ့အမှားပဲ။သူအဲ့မှာရပ်လိုက်တာနဲ့ သူ့ကိုပဲ အာရုံစိုက်မိနေတော့တယ်

ချူချန် : တော်...လိုက်တာကွာာာာ~

ရှန်းဝမ့်ရှီ : ........

ကျိုးကျိုးက ဇာတ်ကားကို လက်ခံမှာ မဟုတ်ပါဘူးတဲ့...

Thank you for your  reading, voting and commenting .

***********************

Zawgyi


ႏွစ္ေယာက္သားေခတၱခန္႔စကားေျပာၾကၿပီးေနာက္ အခ်ိန္လည္းေနာက္က်ေနၿပီျဖစ္၍ မနက္ေစာေစာထရမည့္ က်ိခ်င္းက်ိဳးမွာ video call ျမန္ျမန္ခ်၍ အေျပးအလႊားေရခ်ိဳးရေတာ့သည္။

ဖုန္းေျပာၿပီးသည့္ ခ်ဴခ်န္တစ္ေယာက္ တစ္ခုခုစားဖို႔ ေအာက္ထပ္မွာလာ႐ွာခ်ိန္ အခုမွ အိမ္ျပန္ေရာက္သည့္ ခ်ဴ႐ွင္းဆီ တိုးဝင္မိသြား၏။ထို႔ေနာက္ ခ်ဴ႐ွင္းအနားထိတိုးလိုက္ကာ-

“ေကာမူးလာတာလား”
       
“ညစာစားပြဲမွာ နည္းနည္းေသာက္လာတာ...မမ်ားပါဘူး”
       
“ ေကာ လက္ဖက္ရည္ေသာက္မလား?”
      

သူ႕ကိုျပန္ေျဖဖို႔ မလိုအပ္ဘူးဟု ခံစားရသျဖင့္ ခ်ဴ႐ွင္းက ျပန္သာေမးလိုက္သည္။

“မင္း မအိပ္ေသးဘူးလား။ဘာလို႔လဲ? ”
       
“ဗိုက္ဆာလို႔ေလ။စားစရာတစ္ခုခုလာ႐ွာတာ။ေကာေရာစားခ်င္ေသးလား”

       
ခ်ဴခ်န္လည္း ညစာစားပြဲမွာ သိပ္မစားျဖစ္ခဲ့သျဖင့္ နည္းနည္းဗိုက္ဆာေန၍ ေခါင္းညိမ့္ျပလိုက္သည္။
       

ခ်ဴခ်န္ ကပ်ာကယာျဖင့္ ေရခဲေသတၱာကို လွန္ေလွာ႐ွာေဖြလိုက္ၿပီးေနာက္မွာေတာ့ ေအးခဲထားသည့္ ဖက္ထုပ္တစ္ထုပ္ကိုေတြ႕သြားကာ သူ႕ေကာအား တ႐ို‌တေသကမ္းေပးလိုက္သည္။
       

ခ်ဴ႐ွင္း : ...............
      

“ေကာစားခ်င္လားလို႔ေမးတာမအံ့ဩေတာ့ပါဘူး?ဒီမွာေစာင့္ေနဟုတ္ၿပီလား ?”
       

“အလုပ္႐ႈပ္‌ေစမိပါၿပီ”

ခ်ဴခ်န္သည္ စိတ္ရင္းကိုျပလိုသည့္အေနျဖင့္-

“‌ ကြၽန္ေတာ့္ေကာကို အခ်စ္ဆုံးပဲေနာ္”
       

ခ်ဴ႐ွင္းက စကားျပန္မေျပာေနေတာ့ဘဲ ဖက္ထုပ္ကိုယူ၍ မီးဖိုခန္းထဲ ဝင္သြား၏။ သြားေနရင္းလည္း ဆူဖို႔မေမ့ေပ။

“အလိုလိုက္ခံထားရတဲ့အတိုင္းပါပဲ။အသက္ကျဖင့္ ဒီေလာက္ႀကီးေနၿပီကို အခုထိ ဖက္ထုပ္မျပဳတ္‌တတ္ေသးဘူး”
       
“အိမ္ကဘယ္သူ႕မွာမွ မသင္ေပးၾကတဲ့ဥစၥာ”

ခ်ဴခ်န္က သူ႕ေနာက္မွလိုက္ၿပီး က်ိဳးသင့္ေၾကာင္းသင့္႐ွင္းျပေနျခင္း။

   “အခုသင္ေပးမယ္။လာၾကည့္”
       

ခ်ဴခ်န္ : “........ေအာ”
       

ခ်ဴ႐ွင္းက သူ႕ကိုလည္ျပန္ၾကည့္ကာ-

“မင္းေပ်ာ္ေနတာလား”
       

ခ်ဴခ်န္သည္ ညဥ့္နက္ေနတာေရာ မီးဖိုခန္းထဲမွာ ႏွစ္ေယာက္တည္း႐ွိေနတာေၾကာင့္ပါ ေျပာျပလိုက္တယ္။

“တစ္ရက္ႏွစ္ရက္ေနရင္  ကြၽန္ေတာ္အိမ္ျပန္ေျပာင္းေတာ့မယ္”
       

“ထပ္ေျပာင္းခ်င္ျပန္ၿပီလား။ဘာလို႔လဲ”
       

ခ်ဴခ်န္မွာ နည္းနည္း႐ွက္မိေပမယ့္ ထိုအေၾကာင္းစဥ္းစားကာ ခ်ဴ႐ွင္းကို ေမးလိုက္တယ္။

“ေကာ....ကြၽန္ေတာ္တို႔လို႔ ဂုဏ္သေရ႐ွိ မိသားစုႀကီးတစ္ခုအေနနဲ႔ ခံစားခ်က္ေတြနဲ႔ တရားနည္းလမ္းက်မႈေတြကို အေရးႀကီးဆုံးအရာလိုမ်ိဳး လက္ကိုင္ထားသင့္တယ္လို႔ ေကာမထင္ဘူးလား....နိဂုံးခ်ဳပ္ရရင္ တစ္ျခားသူေတြရဲ႕ ခံစားခ်က္ေတြကို မကစားသင့္ဘူးမလား”
       

ခ်ဴ႐ွင္းျပဳံးလိုက္ကာ ဖက္ထုပ္ေအးရဲ႕ပလပ္စတစ္အိတ္ကို ခြာရင္း သူ႕ကိုၾကည့္လိုက္တယ္။

“ခ်ဴခ်န္ မင္းအရင္က ေကာကို ဘယ္လိုေျပာခဲ့လဲ မွတ္မိေသးလား”
       

“မွတ္မိပါတယ္။ကြၽန္ေတာ့္မွာ အတိုင္းအတာ႐ွိတယ္လို႔ေျပာခဲ့တာ”
       

“ဒါ မင္းရဲ႕ အတိုင္းအတာလား”
       

“မဟုတ္ဘူးေလ?”
   
“မင္းတို႔ႏွစ္ေယာက္ဆက္ဆံေရးက စာခ်ဳပ္ကုန္သြားၿပီမဟုတ္ဘူးလား”

ခ်ဴခ်န္မွာ အစြပ္စြဲခံရသလိုခံစားေနရသည္။

“အစတည္းကလည္း သြားစရာမလိုဘူးထင္ခဲ့ေပမယ့္ ေျပာင္းလဲသြားတဲ့ အရာေတြကို အေသအခ်ာေတြ႕သြားရတာ။ကြၽန္ေတာ္တို႔လည္း ေရစီးေၾကာင္းအတိုင္းလိုက္ၿပီး မဆန္႔က်င္ၾက႐ုံပါပဲေကာရာ”
       

ခ်ဴ႐ွင္းက ေအးတိေအးစက္ ႏွာေခါင္း႐ႈံ႕လိုက္ကာ ဖက္ထုပ္ေတြအား ေရပြက္ပြက္ဆူေနေသာ အိုးထဲထည့္ေနသည္။
       

ခ်ဴခ်န္မွာ သူ႕ေကာ၏ေအးစက္စက္အမူအရာကိုၾကည့္ကာ-

“ေကာမတားေတာ့ဘူးလား?”
       

“မင္းနဲ႔ရန္ျဖစ္ေတာ့ေရာအသုံးဝင္လို႔လား? မင္းသေဘာက်သြားၿပီဆိုတာနဲ႔ သူ႕ဘာသာ မိုးေျမအဆုံး‌ထိေျပးေန‌ရင္ေတာင္ သူ႕ေနာက္ေလွ်ာက္လိုက္ၿပီး အခ်ိန္ျဖဳန္းေနမွာပဲကို”

“‌ ဒါေပါ့ ”
       
“ဒါေပါ့ဟုတ္လား”

ခ်ဴ႐ွင္းက သူ႕ကို ေစြၾကည့္လာ၏။

“အရင္ကေတာ့ သူသိသူတတ္ႀကီးလိုေျပာေနၿပီး အခု ကိုယ့္အလွည့္လည္းက်ေရာ ကိုယ့္ပါးကိုယ္ ျပန္႐ိုက္လိုက္သလိုပဲေလ။အဲ့ဒါေကာင္းတာလားဟမ္”
       

“ဒီလိုေတြ ျဖစ္လာမယ္မွန္း ေကာေတြးထားၿပီးသားမလား?”

ခ်ဴခ်န္သည္ ငတုံးမဟုတ္။

“မဟုတ္ရင္ ကြၽန္ေတာ့္ကို အခ်ိန္တိုင္းသတိေပးေနမွာမဟုတ္ဘူးေလ။ေကာက မ်ားမ်ားပိုေျပာမိရင္ ကြၽန္ေတာ္ အလင္းေပါက္သြားမွာလည္းေၾကာက္ နည္းနည္းေျပာလိုက္လို႔ ကြၽန္ေတာ္ အေလးမထားမွာလည္း ေၾကာက္ေနတာ။ကြၽန္ေတာ္တို႔ တြဲျဖစ္မယ္မွန္း ေကာအေစာႀကီးတည္းက ခံစားမိတယ္မဟုတ္လား”
       

“ဒါေပမယ့္ မင္း အဲ့ေျခလွမ္းလွမ္းလိုက္မယ္လို႔ေတာ့ ငါတကယ္မထင္ခဲ့ပါဘူး။အခ်ိန္တိုင္း 'ကြၽန္ေတာ္မွာ အတိုင္းအတာ႐ွိပါတယ္' ခ်ည္းေျပာေနတာေလ။ၿပီးလည္းၿပီးေရာ ဒါႀကီးက မင္းအတိုင္းအတာျဖစ္သြားတာမလား”
       

“ကြၽန္ေတာ္က အာဏာ႐ွင္ႀကီးျဖစ္ၿပီး ေကာကေတာ့ ပြဲၾကည့္ပရိတ္သတ္လို႔လည္း ေျပာခဲ့ေသးတယ္ေလ။ၿပီးေတာ့ ေကာလို ႏွစ္တစ္ေထာင္ ေျမေခြးအိုႀကီးေလာက္ ကြၽန္ေတာ္လည္း မျမင္တတ္ပါဘူးေနာ္။ကြၽန္ေတာ္က ေကာေလာက္မွ မေတာ္ဘဲ ဥစၥာ”
       

“မင္း ငါ့ကို ခ်ီးက်ဴးေပးဖို႔ ေတာင္းဆိုခဲ့မိလို႔လား”
       
“မဟုတ္ကဟုတ္က ဒီစကားေတြအကုန္ ကြၽန္ေတာ္ မထိန္းႏိုင္‌ေတာ့လို႔ စိတ္ရင္းနဲ႔ေျပာတာပါ”
     

ခ်ဴ႐ွင္း ပ်င္းရိစြာျဖင့္ လ်စ္လ်ဴ႐ႈလိုက္ကာ ေရပြက္ပြက္ဆူေနၿပီျဖစ္၍ ပန္းကန္ထဲဆယ္ထည့္လိုက္ၿပီး အိုးထဲက ေရတစ္ဝက္ေလာက္ပါ ပန္းကန္ထဲ ေလာင္းထည့္လိုက္သည္။
       

“ၿပီးေတာ့ေလ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေကာကို ေျပာရဦးမယ္” ခ်ဴခ်န္က ဆက္ေျပာသည္။

“အမ္း” ခ်ဴ႐ွင္းက စကားေထာက္လိုက္၏။

“ကြၽန္ေတာ္ သူနဲ႔ တိုင္ပင္ၿပီးလို႔ ပါးနဲ႔မားတို႔ကို ဖြင့္ေျပာတဲ့ အခ်ိန္ေရာက္ရင္ ေကာပါ ကူေျပာေပးပါေနာ္”

       

“ မင္းကေတာ့ေလ စေတာင္မစရေသးဘူး ဟိုဟာပူဒီဟာပူနဲ႔”
       

“မပူလို႔ရမလားေကာရဲ႕။ကြၽန္ေတာ္တို႔က တစ္သားတည္းျဖစ္ၿပီးသြာၿပီေလ”
      

“ပါးနဲ႔မားတို႔ကို ေျပာဖို႔ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္  ေကာကို လာေျပာ”
       

ခ်ဴခ်န္က ေခါင္းတစ္ခ်က္ညိမ့္ကာ-

“ေနာက္ဆို သူ႕အေပၚ ေကာင္းေကာင္းဆက္ဆံေပးေနာ္”
       

ခ်ဴ႐ွင္းက ေခါင္းေစာင္း၍ သူ႕ကို ၾကည့္လိုက္၏။

ခ်ဴခ်န္ကမူ နည္းလမ္းတက် ဆက္ေျပာေနေလသည္။

“ေနာက္ဆုံးေတာ့ ေကာမွာ ခယ္မေလး႐ွိလာၿပီ”
       

ခ်ဴ႐ွင္း : ................
       
ခ်ဴ႐ွင္းကေတာ့ ခ်ဴခ်န္က ငယ္ေသးတယ္ဟုပဲ ခံစားေနရသည္။အဲ့ဒါက သူအသက္ငယ္ေသးတာေၾကာင့္ ဆက္ဆံေရးတစ္ခုရဲ႕ စဦးပိုင္းကိုပဲ ေတြးတာျဖစ္ၿပီး သူငယ္ေသးလို႔သာ သူတို႔ထာဝရလက္တြဲသြားႏိုင္မယ္လို႔ စိတ္ထဲ႐ွိတဲ့အတိုင္းေတြးေနျခင္း။သူကေတာ့ ခ်ဴခ်န္နဲ႔ က်ိခ်င္းက်ိဳးတို႔အား အျမင့္ႀကီးထိ မေတြးထားပါ။ခ်ဴခ်န္ သူ႕ကုမၸဏီက အႏုပညာ႐ွင္ေလးတစ္ေယာက္ကို လက္ရဖမ္းေနတယ္ဆိုတည္းက က်ိခ်င္းက်ိဳးကို စုံစမ္းၿပီးသားပင္။
        
ထိုစုံစမ္းမႈေၾကာင့္ပဲ က်ိခ်င္းက်ိဳးရဲ႕ စ႐ိုက္နဲ႔ ခ်ဴခ်န္ထံ ခ်ည္းကပ္လာတဲ့ ရည္႐ြယ္ခ်က္ကို သိလိုက္ရသည္။အစတည္းက ခ်ဴခ်န္ရဲ႕ ပိုက္ဆံေၾကာင့္ က်ိခ်င္းက်ိဳးက ကပ္လာျခင္းျဖစ္ကာ ဖန္ေယာင္႐ႊမ္းနဲ႔ေတာင္ အေတာ္ၾကာ ဟိုလိုလို ဒီလိုလို လုပ္လိုက္ေသး၏။တစ္ဖက္မွာေတာ့ ျမင့္ျမတ္သလို ဟန္ေဆာင္ေနၿပီး တစ္ျခားတစ္ဖက္ကေတာ့ ခ်ဴခ်န္ပိုက္ဆံေတြကို သယ့္ယူေနတာျဖစ္၏။ ထိုလိုလူမ်ိဳးေတြကို ခ်ဴ႐ွင္း စိတ္အပ်က္ဆုံးပင္။ေနာက္ပိုင္း ခ်ဴခ်န္ကာကြယ္ေပးေနတာေၾကာင့္သာမဟုတ္ရင္ က်ိခ်င္းက်ိဳးရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္အား သူဖ်က္ဆီးပစ္မိလိမ့္မည္။
        

ခ်ဴခ်န္ အေပ်ာ္သက္သက္ကစားေနတာပဲဟု သူထင္ခဲ့ေသာေၾကာင့္  က်ိခ်င္းက်ိဳး ခ်ဴခ်န္အိမ္က ထြက္သြားၿပီးေနာက္ပိုင္း သူ႕ညီေလးအေပၚ  ေလးစားတဲ့ အေနျဖင့္ က်ိခ်င္းက်ိဳးအေၾကာင္း ဘယ္သူ႕ကိုမွ ထပ္မစုံစမ္းခိုင္းျဖစ္ေတာ့ပါ။သိုေသာ္ျငား ထင္မွတ္မထားသည္က သူ႕ညီေလးႏွင့္ က်ိခ်င္းက်ိဳးတို႔ ဒီအဆင့္ထိ ေရာက္လာလိမ့္မယ္လို႔ပင္။ခ်ဴခ်န္က အ႐ြယ္ေရာက္ၿပီးသားျဖစ္၍ သူ လူတစ္ေယာက္ကို ႀကိဳက္ခဲ့ရင္ ခ်ဴ႐ွင္းကလည္း ဝင္ပါလိမ့္မည္မဟုတ္ ။ ဒါေပမယ့္ က်ိခ်င္းက်ိဳးလိုလူကေတာ့ သူတကယ္ကို အေကာင္ျမင္တဲ့ လူတစ္ေယာက္အျဖစ္ မရပ္တည္ေပးႏိုင္ေပ။

သူတို႔ၾကားမွ အဆင့္အတန္းကြာျခားမႈက ႀကီးလြန္းသည္။ ၿပီးေတာ့ က်ိခ်င္းက်ိဳးကလည္း အဲ့လိုစ႐ိုက္မ်ိဳး ႐ွိေနျပန္၏။ခ်စ္စိတ္ျပင္းျပေနေသာေၾကာင့္သာ ေတြးေခၚႏိုင္မႈေတြ သဘာဝက်က်ပင္လႊမ္းမိုးခံလိုက္ရျခင္းျဖစ္သည္။ထို႔ေၾကာင့္ သူ က်ိခ်င္းက်ိဳးကိစၥအား အေရးမစိုက္ေတာ့ပါ။စိတ္အားထက္သန္မႈေတြ မွိန္ေဖ်ာ့သြားတဲ့အခ်ိန္က် က်ိခ်င္းက်ိဳးက သူ႕ မွားယြင္တဲ့ ျမင့္ျမတ္သည့္ စ႐ိုက္ကို ျပန္ဖုံးေနရမွာျဖစ္ေသာေၾကာင့္ ျပႆနာမဟုတ္တာေတြက ျပႆနာေတြျဖစ္လာၿပီး ျပႆနာေတြ အမ်ားႀကီးတက္လာမွာပင္။သူၾကားမဝင္ဘဲႏွင့္ သူ႕မိဘေတြေတာင္ မျမင္လိုက္ရဘဲႏွင့္ သူတို႔ ရန္ျဖစ္ၿပီး လမ္းခြဲၾကမွာပင္။
       

ခ်ဴ႐ွင္းသည္ ေရနည္းနည္းထပ္ျဖည့္၍ ဖက္ထုပ္ေတြက်က္တဲ့အထိ စကားမဆိုေတာ့ဘဲ ေစာင့္ေန၏။
ခ်ဴခ်န္က သူ႕ေဘးမွာ ရပ္၍ သူလုပ္ေနတာကိုၾကည့္ၿပီး ဘာလို႔ ေရႏွစ္ခါထည့္တာလဲ ေမးသည္။ ခ်ဴ႐ွင္းက စိတ္႐ွည္လက္႐ွည္ ႐ွင္းျပေလကာ ခ်ဴခ်န္က ေခါင္းတစ္ညိမ့္ညိမ့္ျဖင့္ နားေထာင္၏။ ေနက္တစ္ခါဆို သူ နဲ႔က်ိခ်င္းက်ိဳး တို႔အတူတူ ဖက္ထုပ္ခ်က္လို႔ရၿပီ....
       
က်ိခ်င္းက်ိဳးက သူနဲ႔ ဟင္းခ်က္ခ်င္မွန္း သူအနည္းနဲ႔အမ်ားေျပာႏိုင္ပါတယ္။ဒါေပမယ့္ တစ္ဖက္လူက သူ႕ကို ဖိအားမျဖစ္ေစခ်င္ေပ။ အခ်ိန္တိုင္း ဖက္ထုပ္လုပ္စားၾကမယ္ေျပာေနတာကလဲ သူနဲ႔ အတူတူခ်က္ခ်င္၍ျဖစ္သည္  ။ အခုဆို သူတို႔ တြဲေနၾကၿပီျဖစ္၍ သူလည္း ဟင္းခ်က္ေလ့လာၿပီး က်ိခ်င္းက်ိဳး ႀကိဳက္တဲ့ ဟင္းေတြအား ခ်က္ေကြၽးရမည္။
       
အဲ့လိုသာဆို.....သူ အရမ္းေပ်ာ္သြားမွာပဲ ဟုတ္တယ္မလား?
       

ေတြးေနရင္းနဲ႔ က်ိခ်င္းက်ိဳးကိုေတာင္ လြမ္းလာၿပီ။ ခ်ဴခ်န္မွာ အိုးထဲက ဖက္ထုပ္ေတြကိုၾကည့္လိုက္ ျပတင္းေပါက္အျပင္မွ လေရာင္ကို ၾကည့္လိုက္ျဖင့္ ဆယ္ေက်ာ္သက္အ႐ြယ္ကသင္ခဲ့ရသည့္ ကဗ်ာတစ္ပုဒ္ေတာင္ သြားသတိရမိ၏။

“အခုခ်ိန္  မင္းေပၚ ျဖာက်ေနမယ့္ လေရာင္ေလးနဲ႔အတူ ကိုယ္ပါ စီးေမ်ာလာခ်င္မိတယ္ကြယ္ ”
      
တစ္ဖက္မွ လေရာင္ ျဖာက်ခံေနရသည့္ က်ိခ်င္းက်ိဳးကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေလသည္ ။
       
ေနာက္တစ္ေန႔မနက္၌ ခ်ဴခ်န္တစ္ေယာက္ အေစာႀကီး အိမ္ကထြက္ေလသည္။ခ်ဴ႐ွင္းက သူသြားတာကိုလိုက္ၾကည့္ေနၿပီး ဘာမွမေျပာ။သူက အၿမဲတေစ ယုံၾကည္အားထားရသည့္ အစ္ကို တစ္ေယာက္ ျဖစ္ေနဆဲပင္။ခ်ဴခ်န္ကို သြန္သင္ဆုံးမရာ၌ အစ္ကိုႀကီးေနရာကေရာ သူငယ္ခ်င္းအေနနဲ႔ပါ သူျပဳမူ၏။ခ်ဴခ်န္ သူ႕ကို ယုံၾကည္ခဲ့ရင္ အမွန္တရားကို သူ႕ဘာသာ ေျပာလာလိမ့္မည္။ ခ်ဴ႐ွင္းကေတာ့ အမ်ားႀကီး သေဝထိုးၿပီး ဘယ္ေတာ့မွ ေျပာလိမ့္မည္မဟုတ္။သူ႕ညီေလးအား လြတ္လပ္မႈအျပည့္ႏွင့္ ပံ့ပိုးမႈ အျပည့္ေပးထား၏။ သူျဖစ္ခ်င္တာဆိုလို႔ ခ်ဴခ်န္လိုမ်ိဳး လြတ္လြတ္လပ္လပ္ ေနထိုင္ခ်င္႐ုံသာ။ဒါလည္းအၾကမ္းဖ်င္း ေမွ်ာ္လင့္ထားတာသာျဖစ္၏။
        

ခ်ဴခ်န္ Y ၿမိဳ႕ေတာ္ကို ေရာက္တာနဲ႔ နည္းနည္းခ်မ္းေအးသလိုေတာင္ ခံစားလိုက္ရသည္။

ေ႐ွာင္ခ်န္းက သူ႕ကို လာႀကိဳ၏။

“လြန္ခဲ့တဲ့ႏွစ္ရက္အတြင္း အပူခ်ိန္အမ်ားႀကီး က်သြားတာ”

“ဒီရာသီဥတုနဲ႔ မင္း ဂ်က္ကတ္ထူထူဝတ္ရမယ္ေလ”
       

ေ႐ွာင္ခ်န္းကအျမန္ ဂ်က္ကတ္ထုတ္ဝတ္လိုက္ၿပီး ခ်ဴခ်န္ထံတစ္ထည္ကမ္းေပးလိုက္၏။

ခ်ဴခ်န္ လက္ယမ္းျပလိုက္သည္။

“ငါက အဆင္ေျပတယ္။အေအးမေၾကာက္တတ္ဘူး။သြားရေအာင္”

သူမဝတ္ခ်င္တာကို ျမင္ေတာ့ ေ႐ွာင္ခ်န္းလည္း ထိုအထည္အား ထပ္ဝတ္လိုက္ကာ ႐ိုက္ကြင္းဆီ ေမာင္းလိုက္သည္။
       

ခ်ဴခ်န္ေရာက္သည့္အခ်ိန္၌ ႐ွန္းဝမ့္႐ွီကလည္း ႐ိုက္ကြင္းမွာ ႐ွိေနသည္။ဒါက သူဒီမွာ႐ွိေနတဲ့ သုံးရက္ေျမာက္ေန႔ပင္။သူကေတာ့ အရင္လိုပဲ အနားယူတဲ့ ေနရာမွာထိုင္ၿပီးက်ိခ်င္းက်ိဳး ႐ိုက္ကူးေရးလုပ္တာကို ထိုင္ၾကည့္ေနသည္။
       

ခ်ဴခ်န္က တစ္ခ်က္သာ ေဝ့ၾကည့္လိုက္ၿပီး ေ႐ွာင္ခ်န္းကို ေမးလိုက္တယ္။

“သူကဘာလို႔ ဒီေရာက္ေနတာလဲ”
       

“ဒါ႐ိုက္႐ွန္းက ေကာကို သူ႕ကားမွာ သ႐ုပ္ေဆာင္ေစခ်င္တာ။က်ိေကာ ျငင္းထားၿပီးသာဟာကို ဒါ႐ိုက္တာ႐ွန္းကေတာ့ အေတာ္ေလးေခါင္းေၾကာမာပုံရတယ္ဗ်။ဘာလို႔လည္း မသိေပမယ့္ သူက ဘယ္မွမသြားဘူး။က်ိေကာ ႐ိုက္ကူးေရးလုပ္တာကိုပဲ ထိုင္ၾကည့္ေနတာ။ၾကည့္ရတာေတာ့ က်ိေကာရဲ႕ သ႐ုပ္ေဆာင္အရည္အခ်င္းကို ၾကည့္ခ်င္တာေနပါမယ္”
       
ခ်ဴခ်န္မ်က္ေမွာင္ၾကဳံ႕လိုက္ၿပီး ႐ွန္းဝမ့္႐ွီအားစိတ္အေႏွာင့္ယွက္ ျဖစ္စရာဟု ျမင္လာသည္ ။
       
သူသည္ ေျခလွမ္းက်ဲက်ဲျဖင့္ ႐ွန္းဝမ့္႐ွီနားကပ္သြား၏။႐ွန္းဝမ့္႐ွီက ေမာ့ၾကည့္သည္။သူ႕ကိုျမင္လိုက္ရသည္အား မအံ့ဩဟန္ပင္။
       
႐ွန္းဝမ့္႐ွီဟာ ဟိုေန႔ည က်ိခ်င္းက်ိဳး အရက္မေသာက္ဘူးေျပာတည္းက သူ႕ေနာက္မွာ တစ္ေယာက္ေယာက္ ႐ွိေနမွန္းတြက္ထားၿပီးသား။က်ိခ်င္းက်ိဳး အႏုပညာေလာကထဲ ဝင္လာတာ မၾကာေသးသလို တစ္ႏွစ္ေတာင္ မျပည့္ေသးပါ။သူေျပာခဲ့သလိုပဲ သူက ညစာစားပြဲေတြမွာ မေသာက္ဘူးဟုဆို၏။သူ႕ေအးဂ်င့္ကလည္း လုံးဝစိတ္ထဲမထားေပ။ဒီလိုကိစၥမ်ိဳးက ေနာက္ခံမ႐ွိတဲ့ လူသစ္ေလးတစ္ေယာက္ လုပ္ႏိုင္တဲ့ အရာမ်ိဳး မဟုတ္။

႐ွန္းဝမ့္႐ွီ ဟိုတယ္ကို ျပန္လာၿပီးေနာက္ က်ိခ်င္းက်ိဳးရဲ႕ မွတ္တမ္းတစ္ခုအား သူ႕လက္ေထာက္က သူ႕ဆီပို႔လာသည္။ ထိုစာအားဖတ္ၿပီးေနာက္ က်ိခ်င္းက်ိဳးရဲ႕ အရင္းအျမစ္ေတြက တကယ္ပင္ေကာင္းေၾကာင္းသိလိုက္ရတယ္။နာမည္ႀကီး ရသစုံ႐ိႈးေတြေရာ၊ နာမည္ႀကီး ဒါ႐ိုက္တာေတြ႐ိုက္သည့္ IPႀကီးေတြေရာ ႐ုပ္႐ွင္ေတြပါျဖစ္သည္။အဆိုးဆုံး အြန္လိုင္းဒရမ္မာျဖစ္တဲ့ 《ခ်စ္သူ႕ကဗ်ာမ်ားမွျမတ္ႏိုးေသာစာမ်က္ႏွာ》မွာေတာင္ သူက ေခါင္းေဆာင္မင္းသားျဖစ္သည္ ။

ဒီလိုမ်ိဳးအရင္းအျမစ္ေတြကို ေနာက္ခံမ႐ွိတဲ့ လူသစ္တစ္ေယာက္က ဘယ္လိုရႏိုင္မွာလဲ။႐ွန္းဝမ့္႐ွီအတြက္ေတာ့ ကူေပးေနတဲ့သူအား ႐ွာရန္ သိပ္ေတာင္အားမစိုက္လိုက္ရ- ခ်ဴမိသားစုရဲ႕ ဒုတိယသခင္ေလး၊New Cultureရဲ႕ ပိုင္႐ွင္ ခ်ဴခ်န္ျဖစ္၏။

႐ွန္းဝမ့္႐ွီ သက္ျပင္းခ်လိုက္သည္။ တစ္ေယာက္က ခ်မ္းသာတဲ့ ဒုသခင္ေလး။တစ္ေယာက္ကေတာ့ ပြဲဦးထြက္ေနတဲ့ ၾကယ္ပြင့္ေလးသာသာရယ္။သူတို႔ ဆက္ဆံေရးက ႐ွင္းေနၿပီေလ။ ေက်ာင္းသားေလးလိုျဖဴစင္႐ိုးသားပုံရတဲ့ က်ိခ်င္းက်ိဳးက တစ္ျခားသူတစ္ေယာက္ ေျမေတာင္ေျမႇာက္ေပးၿပီးသြားၿပီျဖစ္သည့္ စာဝါငွက္ေလးမွန္း ႐ွန္းဝမ့္႐ွီမထင္ထားခဲ့ပါ။
       
ခ်ဴခ်န္လို ခ်မ္းသာတဲ့ သခင္ေလးအေနနဲ႔ ခ်ဴခ်န္ဘက္က က်ိခ်င္းက်ိဳးကို ႀကိဳက္တယ္လို႔ သူမထင္ဘူး။ ခ်ဴခ်န္ဆိုတာက ေဒဝါလီခံရလုနီးနီးျဖစ္ေနေသာ ဝက္ဆိုဒ္တစ္ခုအား ျပန္ဆယ္ယူကာ ထိုအရာေပၚ မွီ၍ ယဥ္ေက်းမႈဆိုင္ရာ စီးပြားေရးနယ္ပယ္ခြဲတစ္ခုတည္ေထာင္ၿပီး စီးပြားေရးေလာကရဲ႕အင္အားႀကီးကစားသမား တစ္ေယာက္ျဖစ္ကာ အရမ္းပါးနပ္သူျဖစ္သည္။အဲ့လိုလူတစ္ေယာက္က က်ိခ်င္းက်ိဳးလို သာမန္ၾကယ္ပြင့္ေလးကို ႀကိဳက္ပါ့မလား? ဘယ္လိုျဖစ္ႏိုင္မွာလဲ? ခ်ဴမိသားစုရဲ႕ စီးပြားေရးလုပ္ငန္းေတြထဲမွ တစ္ခုကေဖ်ာ္ေျဖေရးကုမၸဏီေလ။က်ိခ်င္းက်ိဳးကို ေ႐ြးဖို႔မေျပာနဲ႔ဦး ဘယ္လိုအလွေလးကိုမဆို သူမျမင္ဖူးပဲ ေနပါ့မလားဟမ္?
        
အေၾကာင္းအရင္းတစ္ခ်ိဳ႕ေၾကာင့္ ႐ွန္းဝမ့္႐ွီမွာ က်ိခ်င္းက်ိဳးအတြက္ ဝမ္းနည္းမိသြားသည္။

သူသည္ က်ိခ်င္းက်ိဳး၏ သန္႔စင္အျပစ္ကင္းေသာ ျပစ္မ်ိဳးမွဲ႔မထင္ ပုံေလးကို ေတြးမိကာ မဟုတ္ေပမယ့္ က်ိခ်င္းက်ိဳးျဖစ္သင့္တယ္လို႔လည္း ခံစားရျပန္သည္။သူ႕မ်က္လုံးေလးမ်ားက အင္မတန္ၾကည္လင္ၿပီး အျပဳံးကလည္းေတာက္ပကာ သ႐ုပ္ေဆာင္အရည္အခ်င္းကလည္း အ႐ွိန္အဝါႀကီးမားလြန္းလွေပသည္။မေသြးရေသးသည့္ ေက်ာက္႐ိုင္းတုံးေလးတစ္တုံးလိုပင္။နည္းနည္းေလာက္ ပုံသြင္းလိုက္သည္ႏွင့္ ပိုေကာင္းတဲ့ အနာဂတ္တစ္ခု ပိုင္ဆိုင္ရမွာျဖစ္၏။ထိုကဲ့သို႔ လူတစ္ေယာက္က ေလွာင္ခ်ိဳင့္ထဲမွာ ကန္႔သတ္ခံေနစရာမလိုဘဲ သူ႕ကိုယ္ပိုင္ေကာင္ကင္ႀကီးပိုင္ဆိုင္သင့္တာျဖစ္၏။
       

ထိုအေတြးေတြဝင္လာသည္ႏွင့္ ႐ွန္းဝမ့္႐ွီမွာ ခ်ဴခ်န္ကို မေတြ႕ခင္ကတင္ သေဘာမက်ျဖစ္ေနတာျဖစ္ၿပီး အခုေတြ႕ရခ်ိန္မွာေတာ့ ျဖတ္ခနဲတစ္ခ်က္သာ ၾကည့္၍ စိတ္ထဲေတာင္ထည့္မေန‌ ေပ။
       

ခ်ဴခ်န္လည္း စိတ္ႀကီးဝင္လြန္းေနသည့္ ထိုလူေၾကာင့္  လ်စ္လ်ဴ႐ႈလိုက္ကာ က်ိခ်င္းက်ိဳး ကို ေစာင့္ေနသည့္အေပၚမွာသာ အာ႐ုံစိုက္ေနလိုက္ေတာ့၏။က်ိခ်င္းက်ိဳးရဲ႕ ႐ိုက္ကူးေရးက သိပ္မၾကာလိုက္ေပ။

သူသည္ ခ်ဴခ်န္ကိုျမင္တာနဲ႔ အေပ်ာ္ေတြကို မဖုံးႏိုင္စြာ အေျပးလွမ္းလာေတာ့သည္။
       

“ဘာလို႔ အဝတ္ပါးေလးေတြပဲဝတ္ထားရတာလဲ?”

ခပ္ပါးပါးဂ်က္ကတ္တစ္ထည္သာဝတ္ထားသည့္သူ႕ေၾကာင့္ က်ိခ်င္းက်ိဳးက အံ့ဩတႀကီးလႊတ္ခနဲေျပာသည္။

“ေအးေနလား? အေႏြးထည္ယူလိုက္ဦး”

        သူသည္စကားဆုံးသည္ႏွင့္ ေ႐ွာင္ခ်န္းဘက္လွည့္၍-

“ေကာအရင္ျပန္ေတာ့မယ္ေနာ္။တစ္ခုခုျဖစ္ရင္ ဖုန္းဆက္လိုက္ဟုတ္ၿပီလား”
       

“ဟုတ္ကဲ့ပါ” ေ႐ွာင္ခ်န္းက ျပန္ေျဖသည္ ။

က်ိခ်င္းက်ိဳးသည္ ခ်ဴခ်န္ကို ဆြဲေခၚ၍ ဟိုတယ္ဆီ ဦးတည္ေလွ်ာက္သြားသည္။
       
႐ွန္းဝမ့္႐ွီမွာ ဒီလိုပဲထြက္သြားတဲ့သူကိုၾကည့္ၿပီးတအံ့တဩကိုျဖစ္လို႔။ က်ိခ်င္းက်ိဳးက ႐ိုက္ကူး‌ေရးၿပီးတာနဲ႔ အၿမဲလိုလိုသူ႕ကိုႏႈတ္ဆက္ၿပီး စကားလာေျပာေလ့႐ွိသည္။ဒီေန႔က် ဒီလိုပဲ ထြက္သြားတယ္တဲ့လား? သူထိုင္ခုံေပၚမွာထိုင္ေနတုန္းပဲေလ! ဟယ္...လို...ဆိုတဲ့စကားေလးေတာင္မေျပာဘဲ ဒီတိုင္းထြက္သြားရလား? ! ႐ွန္းဝမ့္႐ွီ စိတ္ဓာတ္က်သြားၿပီ။

က်ိခ်င္းက်ိဳးအတြက္မႈ မိုးလင္းလို႔ မ်က္လုံးႏွစ္လုံးပြင့္တည္းက ခ်ဴခ်န္အေၾကာင္းပဲ ေတြးေနမိတာျဖစ္၏။ ဒါ႐ိုက္တာ  “cut” လို႔ ေအာ္လိုက္သည့္အခ်ိန္တိုင္း သူ႕ေခါင္းက အနားယူတဲ့ ေနရာဘက္ပဲေရာက္သြားကာ သူ႕ကို ေတြ႕ရဖို႔ ေမွ်ာ္လင့္မိသည္။ဒါေပမယ့္ ဘယ္သူမွ ႐ွိမေနခဲ့ေပ။ခ်ဴခ်န္က အေစာႀကီး ေရာက္လာမွာမဟုတ္မွန္း သူသိေနေပမယ့္လည္း မထိန္းႏိုင္စြာ ေနာက္တစ္စကၠန္႔ၾကာတာနဲ႔ ခ်ဴခ်န္ကို ေတြ႕လိုက္ရဖို႔ ေမွ်ာ္လင့္မိၿမဲပင္။အခုေတာ့ တကယ္ႀကီး သူျဖစ္ေနသည္။က်ိခ်င္းက်ိဳးရဲ႕ ႏွလုံးသားထဲ ေက်နပ္အားရျခင္းမ်ားစြာျဖင့္ ေဘးမွာ ဘယ္သူမွ မ႐ွိတာကို အခြင့္ေကာင္းယူၿပီး သူ႕အက်ႌလက္႐ွည္မ်ားျဖင့္ကာ၍ ခ်ဴခ်န္လက္အား တိတ္တိတ္ေလးဆုပ္ကိုင္ၿပီး လက္ေခ်ာင္းခ်င္းယွက္လိုက္ကာ ေခါင္းငုံ၍ ႏူးႏူးညံ့ညံ့ေလးျပဳံးလိုက္မိေခ်သည္ ။
       

ခ်ဴခ်န္ျဖင့္ သူ႕ရဲ႕ မသိမသာလႈပ္႐ွားမႈေလးေၾကာင့္ အေတာ္ေလးကို ခ်စ္ဖို႔ေကာင္းလြန္းေနသည္ဟု ခံစားလိုက္ရတယ္။သူလည္း တိတ္တဆိတ္အားတိုးကာ လက္ေခ်ာင္းေတြကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္၍ ဖ်စ္ညႇစ္လိုက္၏။က်ိခ်င္းက်ိဳးက အားထပ္တိုးလာသည္။ ခ်ဴခ်န္ကလည္း ထပ္တိုးလိုက္ျပန္သည္။ႏွစ္ေယာက္သား အားၿပိဳင္တမ္းကစားၾကၿပီးမွ ေနာက္ဆုံးေတာ့ မထိန္းႏိုင္ဘဲတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ရယ္မိၾကေတာ့သည္။
       

“အဲ....”

က်ိခ်င္းက်ိဳးက ႐ုတ္တရက္ဆိုသလို ရယ္ေနတာ ရပ္သြားၿပီး တစ္ခုခုကို သတိရသြား၏။

“ခုနက ဟိုနားမွာ ထိုင္ေနတာ ဒါ႐ိုက္တာ႐ွန္းမလား? ႏႈတ္ဆက္စကားေျပာဖို႔ ေမ့သြားတယ္ေရာ....”
       

************

စာေရးသူမွာေျပာစရာ႐ွိပါတယ္ :

႐ွန္းဝမ့္႐ွီ : ဒီေလာက္ႀကီးတဲ့ သက္႐ွိလူသားႀကီးတစ္ေယာက္လုံးထိုင္ေနတာကို မင္းတို႔ မျမင္ၾကဘူးလားကြာ??

ခ်ဴခ်န္ : ခင္ဗ်ားကို ျမင္ဖို႔လိုေသးလို႔လား? ခင္ဗ်ားက ဘယ္သူမို႔လဲ? သူ ကြၽန္ေတာ့္ကိုျမင္ဖို႔ပဲလိုတယ္ သိဖို႔!

က်ိဳးက်ိဳး : အကုန္အားခ်န္ရဲ႕အမွားပဲ။သူအဲ့မွာရပ္လိုက္တာနဲ႔ သူ႕ကိုပဲ အာ႐ုံစိုက္မိေနေတာ့တယ္

ခ်ဴခ်န္ : ေတာ္...လိုက္တာကြာာာာ~

႐ွန္းဝမ့္႐ွီ : ........

က်ိဳးက်ိဳးက ဇာတ္ကားကို လက္ခံမွာ မဟုတ္ပါဘူးတဲ့...

Thank you for your  reading, voting and commenting .

***********************

Continue Reading

You'll Also Like

3.4M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
255K 6.8K 68
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...