Unicode
တစ်ညလုံး ပျာယာခတ်ပြီးနောက် ချူချန်လည်း ပင်ပန်းနေပြီဖြစ်ကာ ကျိချင်းကျိုးနဲ့ စကားနည်းနည်းဆိုပြီးသည်နှင့်ကို အိပ်ပျော်သွားတော့သည်။ကျိချင်းကျိုးမှာတော့ အိပ်ပျော်နေသူကိုကြည့်၍ အစစ်အမှန်မဟုတ်သလိုပဲ ခံစားနေရသဖြင့် ချူချန်ခါးအား သိုင်းဖက်ထားပြီး ကိုယ်ပေါ်မှီထားရင်း ဖြည်းညှင်းစွာ မျက်လွှာချလိုက်သည်။သို့သော် ခဏကြာတာနှင့် မျက်လုံး ပြန်ဖွင့်၍ ရှေ့ကလူကို ထပ်ကြည့်မိပြန်သည်။ ထို့နောက် မျက်လုံး ပြန်ပိတ်လိုက်၏။ ထို့နောက် မျက်လုံးပြန်ဖွင့်၍ ထပ်ကြည့်မိပြန်သည်။
ထိုကဲ့သို့ လေးခါလောက် ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးနောက် ကျိချင်းကျိုးမှာ သူ့အဖြစ်သူ သဘောကျစွာဖြင့် ရယ်မိလေတော့သည်။ပြုံးပြုံးလေး အိပ်ပျော်နေသည့် ချူချန်ကို မော့ကြည့်၍ ကိုယ်နည်းနည်းကြွကာ မေးစေ့ကို မော့နမ်းလိုက်ပြီးနောက် မျက်လုံး ပိတ်လိုက်တော့သည်။
ဒီတစ်ခါတော့ သူ့မျက်လုံးတွေ ထပ်မဖွင့်ဖြစ်ပါ။
ကျိုးချန်ဖုန်းက ကျိချင်းကျိုးကို လှမ်းနှိုးသည်။မိတ်ကပ်ပြင်ချိန်ထိ ထွက်မလာသူကြောင့် မနေနိုင်မထိုင်နိုင်နှင့် ဖုန်းဆက်သတိပေးလိုက်ရသည့် ကျိုးချန်ဖုန်းအဖြစ်ပင်။
“ရိုက်ကူးရေးအဆင်သင့်ဖြစ်နေပြီ။ထွက်လာတော့လေ”
ကျိချင်းကျိုးသည် ငူတူတူနှင့် အချိန်ကို တစ်ချက်ကြည့်လိုက်၏။နေ့လည် နှစ်နာရီတောင် ထိုးနေပြီဖြစ်သည်။သူ ထထိုင်ပြီး အိပ်ရာထခါနီးတွင် သူ့လှုပ်ရှားမှုကြောင့် အိပ်နေသည့် ချူချန်က မျက်လုံးပွင့်လာသည်။
“ဘာဖြစ်လို့လဲ”
“ကျွန်တော် ဇာတ်ကားသွားရိုက်ရတော့မယ်လေ။ဒါပေမယ့် ခင်ဗျားမထနဲ့ဦးနော်။ဆက်အိပ်နေဦး”
ချူချန်က ဆတ်ခနဲထထိုင်ပြီး အိပ်ချင်မူးတူးပြော၏။
“မင်းနဲ့လိုက်မှာ။မင်းမရှိရင် ကိုယ်အိပ်ပျော်နိုင်မှာ မဟုတ်ဘူး”°
သူသည် ထိုအကြောင်းပြောလိုက်ချိန်မှ အဖြစ်ပျက်တစ်ခုကို သတိရသွားကာ လက်ဆန့်၍ ကျိချင်းကျိုးမျက်နှာလေးကို ဆွဲညှစ်ချေသည်။
“မင်းကတော့ ကြော့ကြော့မော့မော့လေး ထွက်သွားခဲ့တာပဲ။ မင်းမရှိတော့တဲ့နောက်ပိုင်း ကိုယ် တစ်ညမှ ကောင်းကောင်းအိပ်မပျော်ခဲ့ဘူး”
“ခင်ဗျားပဲ သွားခိုင်းပြီးတော့” ကျိချင်းကျိုးက တိကျသူတစ်ယောက်ပင်။
ချူချန်မှာ သက်ပြင်းလေးချကာနှင့်-
“ဒီလိုရလဒ်မျိုးထွက်လာမယ်မှန်းကိုယ်ကြိုသိခဲ့ရင် မင်းကိုထွက်သွားခွင့်ပေးမှာမဟုတ်ဘူး။ဒါဆို မင်းနဲ့ ကိုယ့်မှာလည်း အချိန်ဆိုးကြီး ရှိခဲ့မှာ မဟုတ်ဘူး”
“ကျွန်တော့်မှာ အချိန်ဆိုးကြီးရှိခဲ့မယ်လို့ ဘယ်သူပြောလဲ”
တစ်ဖက်လူက ဖြစ်ချင်တာတွေလျှောက်တွေးနေသည်ဟု ကျိချင်းကျိုး ခံစားလိုက်ရသည်။
“မထင်မှတ်ထားတဲ့ ဖန်ယောင်ရွှမ်းကိစ္စကလွဲရင် ကျွန်တော့်ဘဝကြီးက အရမ်းကိုမှအဆင်ပြေနေတာပါနော်။ကျွန်တော်တော့ အရမ်းပျော်တယ်”
ချူချန် : ........
“*ဝေလငါးတွေ ဘယ်လောက်ပဲဝေးဝေး ကူးခတ်နေပါစေ ပင်လယ်ပြင်ကြီးဆီက ထွက်ခွာသွားလို့မရသလို ငှက်တွေ ဘယ်လောက်ပဲ မြင့်မြင့်ပျံနေပါစေ ကောင်းကင်ယံထိတော့ မရောက်နိုင်ပါဘူး*။တစ်ယောက်တည်းနေရတာသာ တကယ်မိုက်တယ်” ကျိချင်းကျိုးက စိတ်ခံစားချက်အပြည့်ဖြင့် ပြောလာခြင်း။
{*စကားပုံကို သူ့အနီးစပ်ဆုံးပြန်ဖွင့်ဆိုထားသည့် အဓိပ္ပါယ်အတိုင်းပြန်ဆိုထားပါတယ်}
ချူချန် : .......
ချူချန်ဖြင့် ချစ်သူအသစ်စက်စက်လေး၏ လက်စားချေခြင်းစတင် တော့မည်ဖြစ်ကြောင်းထင်ကြေးလေးတစ်ခု ခံစားလိုက်ရတယ်။
သူရဲ့ ဆွံ့အနေသည့် အမူအရာကြောင့် ကျိချင်းကျိုး စိတ်ထဲ အပျော်တို့ ပြည့်နှက်သွားကာ တမင်တကာပင် ထပ်ပြောလိုက်သည်။
“ဒါပေမယ့် ခင်ဗျား အဆင်မပြေဖြစ်နေလိမ့်မယ်လို့တော့ ကျွန်တော် တကယ်ကို မသိခဲ့ရိုးပါ။ခင်ဗျား အရမ်းအဆင်ပြေနေမယ်လို့ ထင်ခဲ့တာ။တကယ်ဆို ကျွန်တော်လုပ်သမျှအားလုံးက ခင်ဗျားရဲ့တောင်းဆိုချက်တွေပဲလေနော်”
ချူချန်တစ်ယောက် အကူအညီမဲ့စွာဖြင့် နှာဖူးကို ဖိနှိပ်ထားလျက်-
“ကျိုးကျိုးရာ ကျေးဇူးပြုပြီး မင်းရဲ့ သွားထက်ထက်လေးတွေကို သိမ်းပြီး ဒီအသိုက်မဲ့နေတဲ့ လူအိုကြီးကို ဂရုစိုက်ပေးပါတော့နော်”
အသိုက်မဲ့နေတဲ့လူအိုကြီးဆိုသည့်စကားကြောင့် ကျိချင်းကျိုးက ရယ်လေတော့သည်။တွေးကြည့်မှ အရင်က သူတို့ ဆက်ဆံရေးတွင် ချူချန် ဒီလိုဆွံ့အနေသည့် အမူအရာက ခပ်ရှားရှားရယ်။ထို့ကြောင့် ပျော်ရွှင်စွာနှင့် စိတ်အခြေအနေကောင်းစွာ အိပ်ရာထလိုက်တော့သည်။
ချူချန်ကတော့ ရှုံ့မဲ့မဲ့လေးနှင့် သူ့နောက်က အိပ်ရာလိုက်ထပြီး အဝတ်အစားပြင်ဝတ်၍ အပြင်လိုက်ထွက်လာခဲ့သည်။
ဖန်လီရဲ့ လုပ်ဆောင်ချက်တွေက မြန်သည်။ဖန်ယောင်ရွှမ်းကို ညတွင်းချင်းနီးပါး ပြန်ခေါ်ခဲ့၏။ဖန်ယောင်ရွှမ်းရဲ့ မန်နေဂျာကတော့ ဒေါသထွက်ဖို့နေနေသာ စကားတောင်မပြောရဲခဲ့။ဖန်လီက ဒီအခွင့်အရေးကို ပြည့်ပြည့်ဝဝအသုံးချ၍ ဖန်ယောင်ရွှမ်းကို အနုပညာလောကထဲမှ ထုတ်ကာ ဖန်ယောင်ရွှမ်းကို ပြန်ခေါ်ပြီးသည်နှင့် သူ့လက်ထောက်အား ဖန်ယောင်ရွှမ်းရဲ့ စတူဒီယိုကို ဖျက်သိမ်းခိုင်းလေသည်။ဖန်ယောင်ရွှမ်းရဲ့ မန်နေဂျာကတော့ ဘာမှ မပြောနိုင်တဲ့အထိ ဒေါသထွက်နေတော့သည်။¹သူသေတော့မယ်လို့ ဖန်ယောင်ရွှမ်းကျိန်ရင်တောင် ဖန်လီက ဆရာဝန်ကို အိမ်ခေါ်ပြီး သူ့အနာတွေကို စစ်ဆေးခိုင်းကာ ဒဏ်ရာမနက်ဘူးဆိုသည်အား အတည်ပြု၍ တံခါးပိတ်ထားပြီး ဆရာဝန်ကိုသာ ပုံမှန်လာကြည့်ခိုင်းလေတော့သည်။
စွင်းယင်လည်း ရွေးစရာမရှိစွာနှင့် စာချုပ်ဖျက်သိမ်းဖို့ ရိုက်ကူးရေးအဖွဲ့နဲ့ ပြောဆိုပြီး လျော်ကြေးပေးရလေသည်။ဒါရိုက်တာဝူနှင့် ထုတ်လုပ်သူသည် အဲ့နေ့က ဖန်ကျယ်နှင့် အရက်သောက်နေကြခြင်းဖြစ်၍ ညဘက်မှာ ဘာတွေဖြစ်သွားမှန်းမသိလိုက်ကြ။နောက်မှ ဖန်ယောင်ရွှမ်း ဆေးရုံရောက်နေကြောင်း သိရပြီး စွင်းယင်ဆီ ဖုန်းဆက်မေးတော့ စွင်းယင်ကလည်း နောက်မှ ပြောပြမယ်ချည်းလုပ်နေ၏။
ဖန်ယောင်ရွမ်းစာချုပ်ဖျက်သွားပေမယ့် ရိုက်ကူးရေးလုပ်နေဆဲပင်။ဒီတစ်ခါမှ လီအောင်းဆီပြန်ဆိုက်သွားခဲ့ရင်လည်း ဒါရိုက်တာကြီးမှာ ရှက်လွန်းသလို လီအောင်းကလည်း လက်ခံလိမ့်မည်မဟုတ်။ထို့ကြောင့် ဒါရိုက်တာဝူသည် အင်တာဗျူးလာဖြေသည့် သရုပ်ဆောင်တွေထဲမှ သူနဲ့ ရင်းနှီးသည့် သရုပ်ဆောင်အချို့ကို မြန်မြန်ရွေးထုတ်လိုက်ပြီး နောက်ဆုံးမှာတော့ ကျိချင်းကျိုးနဲ့ အသက်တူသည့် သရုပ်ဆောင်အရည်အချင်းကောင်းမွန်သော မင်းသားတစ်လက်ဖြစ်သည့် ခုံးယန် ကို ရွေးချယ်လိုက်သည် ။
ခုံးယန် က အခုထိ ရိုက်ကူးရေးအဖွဲ့ဆီ မရောက်လာသေးသဖြင့် ကျိချင်းကျိုးသီးသန့်ခန်းတွေပဲ အရင်ရိုက်ဖို့ ရိုက်ကူးရေးအဖွဲ့က တောင်းဆိုလာသဖြင့် သူ့ရဲ့ နေ့စဉ်ရိုက်ကူးရေးအချိန်က ရှည်လျားပြီး ချူချန်နှင့် အတူရှိရသည့် အချိန်ဟူ၍ အများကြီးမရှိခဲ့ပေ။
ချူချန်ကလည်း လောလောလောလောနှင့် လာခဲ့ခြင်းဖြစ်သဖြင့် အလုပ်တွေအများကြီးရှင်းဖို့ အချိန်မရခဲ့သောကြောင့် ဒီမှာ အကြာကြီး နေလို့မရဖြစ်နေသည်။သုံးရက်မြောက်နေ့မှာတော့ သူခဏပြန်ပြီး နောက်ရက်နည်းနည်းတွင်း ပြန်လာလည်မည့်အကြောင်း ကျိချင်းကျိုးကို တောင်းဆိုလိုက်သည်။
“ရပါတယ်”
“ပြန်သွားပြီး အလုပ်ကိုဆက်လုပ်ချည်။ကျွန်တော်လည်း ဒီမှာလုပ်စရာတွေရှိသေးတယ်”
“ကိုယ့်ကို တစ်ပတ်ပဲ အချိန်ပေး။တစ်ပတ်ပြီးတာနဲ့ မင်းဆီ ထပ်လာလည်ဦးမှာ”
ကျိချင်းကျိုးကတော့ အပြေးအလွှားကြီး လုပ်နေစရာမလိုအပ်ဘူးခံစားရကာ-
“ခင်ဗျားအချိန်ဇယားကိုပဲ ကြည့်ပါဦး။ကျွန်တော်က သုံးလလောက် ရိုက်ရဦးမှာ။အလျင်မလိုနေနဲ့”
“ပြောရဦးမယ်...ဒီဇာတ်ကားရိုက်ပြီးတာနဲ့ မင်းပြန်ပြောင်းလာသင့်တယ်မလား”
“အဲ့လိုလုပ်လို့ မဖြစ်တော့ဘူးလေ” ကျိချင်းကျိုး ငြင်းပယ်လိုက်သည်။
“ဘာလို့လဲ?” ချူချန်က အတွေးများလျက်ပင်။
“ကိုယ်တို့ပြန်ပြေလည်သွားပြီမဟုတ်ဘူးလား”
“ပြန်ပြေလည်သွားတိုင်း အတူတူနေရမှာလား? အရင်ကတော့ ပိုက်ဆံဆက်ဆံရေးမို့ ခင်ဗျားနဲ့နေပေးတာလေ။ အခုက အဲ့လိုဆက်ဆံရေးမျိုးမှ မဟုတ်ဘဲ။ချစ်သူစုံတွဲတွေဆို လက်မထပ်ဘဲ တူတူနေလို့မရဘူးမလား ”
ချူချန် : ....................
ကျိချင်းကျိုး ဒီလိုလုပ်လာမယ်လို့ ချူချန်လုံးဝမမျှော်လင့်ထားခဲ့တာပါ။
“ဒါ့ပြင်....” ကျိချင်းကျိုးက ဆက်သည်။
“အိမ်ငှားခကလည်း ပေးပြီးသွားပြီ။အခုထိလည်း သက်တမ်းပြည့်သေးတာမဟုတ်ဘူး။အဲ့ကို ပြောင်းလာရင် ဆုံးရှုံးစရာတွေ မဖြစ်ကုန်ဘူးလား”
“အဲ့ဒါကြောင့် လား”
ကျိချင်းကျိုးက ခေါင်းလေးတစ်ချက်ညိမ့်၍ -
“အဲ့ဒါကတော့ အဓိကပေါ့”
ချူချန်မှာ အကူအညီမဲ့လျက်။သူ့ဘဝမှာ ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ် ခြေထောက်နဲ့ ပိတ်မကန်ခဲ့မိ၍ ဝမ်းနည်မိသည်။အဆင်ပြေနေရောပဲ ဆက်ဆံရေးအတည်မပြုခင်ကမှ တစ်ခန်းတည်း အတူနေလို့ရသေးတယ်။အခုလည်းကျရော ဆက်ဆံရေးအတည်ပြုပြီးတာနဲ့ ခွဲနေရတော့မယ်တဲ့။ ဘာလို့ သူက ပြန်မလာချင်တာလဲ?
“မင်း ပေးခဲ့တဲ့ အိမ်ငှားခဘယ်လောက်လဲပြောကြည့် ကိုယ် မင်းကို ပြန်ပေးမယ်”
“ခင်ဗျားပိုက်ဆံယူပြီးဘာလုပ်ရမှာလဲ? ခင်ဗျားက ကျွန်တော့်ရဲ့ အိမ်ခန်းပိုင်ရှင်လည်း ဟုတ်မနေဘူး။ပြီးတော့ နှစ်ဝက်ပဲ ငှားထားတာပါ။ရိုက်ကူးရေးပြီးတာနဲ့ဆို နှစ်လလောက်ပဲ နေရတော့မှာ။တအောင့်လေးပဲ ”
“အဲ့တော့ ကိုယ်နဲ့အတူနေရဖို့ထက် အိမ်ငှားခနှစ်လခက ပိုအရေးကြီးတယ်ဆိုတဲ့သဘောလား”
ချူချန် ရှော့ခ်ရနေပြီ။
“မင်းပေးထားတဲ့ အိမ်ငှားခက ဘယ်လောက်မို့လို့လဲဟမ် မိုးထိမြင့်တဲ့ အိမ်ငှားကြေးလား”
ကျိချင်းကျိုးက ထရယ်သည် ။
“မင်းကဘာရယ်နေတာလဲ? ကိုယ်မှားလားပြော? ကိုယ်က မင်းရဲ့အိမ်လခနှစ်လခကိုတောင် မတတ်နိုင်တဲ့ လူမျိုးလား”
“ခင်ဗျားနဲ့အိမ်ငှားခကတူတူပဲဘာမှဝိရောဓိဖြစ်နေစရာမရှိဘူး”
“အခုတွေ့နေရတယ်လေ”
ချူချန် သူ့ကို ကြည့်လိုက်ပြီး ရွေးချယ်စရာနှစ်ခုပေးလိုက်တယ်။
“ရိုက်ကူးရေးပြီးသွားရင် မင်းကိုယ့်ဆီလာမလား ဒါမှမဟုတ် ကိုယ်မင်းဆီ လာရမလားပြော။တကယ်လို့ မင်း အိမ်ငှားနေချင်သပဆိုလည်း ကိုယ့်အိမ်ငှားပေးမယ်”
ကျိချင်းကျိုးသည် သူ့ကိုကြည့်ရင်း ခေါင်းတစ်ခါခါနှင့် -
“ခင်ဗျားရဲ့ အခုအပြုအမူတွေကလေ ကျွန်တော်ကြားဖူးတဲ့ သီချင်းတစ်ပုဒ်နဲ့တူတယ်သိလား? ကျွန်တော်ဆိုပြမယ်နော်..”
“ဘာသီချင်းလဲ” ချူချန်က သိချင်စိတ်ပြင်းပြနေ၏။
“ ⟨အချစ် အရောင်းအဝယ်⟩ ဆိုတဲ့သီချင်းလေကြားဖူးလား?” ကျိချင်းကျိုးက မေးသည်။
ချူချန် : ..............
“စစချင်း လမ်းခွဲချင်တဲ့သူကမင်းပါ...အခု လမ်းခွဲပြီးတော့လည်း ငါ့ကို ပြန်လာခိုင်းဖို့ အချစ်စစ်ဆိုတာကြီး သုံးချင်နေတယ်...အချစ်က မင်း ဝယ်ချင်တိုင်း ဝယ် ရောင်းချင်တိုင်း ရောင်းလို့ရတဲ့ အရာဝတ္ထုတစ်ခုမဟုတ်ဘူးကွယ်....မင်းလွှတ်ချလိုက်တဲ့ အချစ်တွေကို အချိန်ယူပြီး ငါ့ကို နားလည်သဘောပေါက်ခွင့်တော့ပေးပါဦး...”
ကျိချင်းကျိုးသည် သီချင်းလေးဆုံးသည်နှင့် တမင်တကာ ကို စကားနာထိုးလိုက်သည်။
“ခင်ဗျားနဲ့ အရမ်းသင့်တော်လွန်းတယ်မလား”
ချူချန် : “...........မင်းကိုယ်မင်း 'မြွေဖြူမလေးရဲ့ချစ်ဒဏ္ဍာရီ' ဇာတ်ကားမှာ သရုပ်ဆောင်နေတယ်များထင်နေလား။စကားပြောရင်း သီချင်းကဆိုတတ်နေပြီ!”
“ခင်ဗျား အပြစ်ရှိသလို ခံစားနေရလို့မလား? မေးတာပြန်မဖြေဘဲ စကားလမ်းကြောင်းကို ဟိုပြောင်းဒီပြောင်းလုပ်နေတယ်”
“ကိုယ်က အပြစ်ရှိသလိုခံစားရတယ်? ဘာလို့ အပြစ်ရှိသလို ခံစားရမှာတုန်း” ချူချန်က ပြောရင်း ဟွန်းဟင်းလုပ်နေသည်။
“အပြစ်မရှိဘူးပေါ့ဟုတ်လား?”
ကျိချင်းကျိုးက ခေါင်းလေးစောင်း၍ သူ့ကိုကြည့်သည် ။
“ဒါဆိုလည်း အပြစ်မရှိသလိုနေလေ။ ဘာလို့ ကျွန်တော်ကို ပြန်ပြောင်းခိုင်းနေတာလဲ? ခုနသီချင်းထဲမှာ “ အခု လမ်းခွဲပြီးတော့လည်း ငါ့ကို ပြန်လာခိုင်းဖို့ အချစ်စစ်ဆိုတာကြီး သုံးချင်နေတယ်” ဆိုတာလေ ခင်ဗျားက အချစ်စစ်ဆိုတဲ့ ထိတောင် မရောက်သေးဘူးနော်။ကျွန်တော်ကတော့ အပြင်မှာ အိမ်ငှားပြီး ဆက်နေဦးမှာပဲ။ တစ်ယောက်တည်းနေရတာက အရမ်းကောင်းတယ်၊အရမ်းလွတ်လပ်တယ်၊ အရမ်း အရမ်းကိုမှ လွတ်လပ်လွန်းတယ်”
ချူချန်မှာ စကားမပြောနိုင်စွာ အာစေးမိလျက်။
“.............. အင်းပါကွာ... ကိုယ် အပြစ်ရှိပါတယ်”
ကျိချင်းကျိုးဖြင့် မထိန်းနိုင်ဘဲ သဘောတကျ ရယ်လေတော့သည်။
ချူချန်ကတော့ သက်ပြင်းလေးတစ်ချချ။
ဘာလို့များ ကျိချင်းကျိုးကို အပြင်မှာ နေခွင့်ပေးလိုက်မိတာလဲလို့။
အခုများ 'အချစ် အရောင်းအဝယ်' သီချင်းတွေပါ သူ့အတွက် ဆိုပေးနေပြီမလား?
ကျိချင်းကျိုးသည် အတော်ကြာထိ သဘောတကျရယ်ပြီးနောက် ရပ်ကာ ချူချန်နားတိုးကပ်လိုက်သည်။
“ကျွန်တော့် နှင်းဆီ ပန်းတွေရှိသေးလား”
“မင်းဘယ်လိုတွေးလိုက်တာလဲ”
ချူချန်က သူ့ကို ကြည့်လေသည်။
“မင်းပစ္စည်းမှန်သမျှကို ကိုယ်မလွှင့်ပစ်ရက်ပါဘူး။နှင်းဆီပန်းဆိုတာမပြောနဲ့ဦး မင်းဝယ်လေ့ရှိတဲ့ ပစ္စည်းသေးသေးလေးတွေကအစ အဲ့မှာ အကုန်ရှိတယ်”
ကျိချင်းကျိုးတစ်ယောက် ပျော်ရွှင်သွားသည်။ သူငှားနေတဲ့အိမ်ထက်စာရင် ချူချန်ရဲ့ အိမ်ကို အများကြီး ပိုသဘောကျသည်။ကူးပြောင်းလာပြီးတည်းက အဲ့မှာပဲ နေခဲ့တာဖြစ်ပြီး ချူချန်နဲ့လည်း အဲ့မှာပဲ တူတူစနေခဲ့တာဖြစ်သည်။သူ့အိမ်မဟုတ်သော်လည်း သူ့အိမ်လိုမျိုး အများကြီး သဘောကျရပါသည်။
ကျိချင်းကျိုးက မတွက်ချက်တတ်လို့ပေါ့။ တကယ်လို့ သူသာ တကယ် တွက်ချက်နေရင် ချူချန်ကို အများကြီး အကြွေးဆပ်ရဦးမှာ။ပြီးတော့ သူနဲ့ ချူချန်နဲ့ကြားက ကွာခြားမှု ကြီးလွန်းသည်။အဲ့လိုအတွေးတွေတွေးနေတိုင်း သူတို့ အတူဆက်ရှိဖို့ ခက်ခဲနေဦးမှာပင်။ချူချန် သူ့ဆီလာလာ သူပဲ ချူချန်ဆီသွားသွား ကိစ္စတော့မရှိ။ ဒါက အဆင်ပြေတဲ့တစ်ခု ရွေးလိုက်ရုံပဲ။သူတို့နှစ်ယောက် အခုမှ ပထမဆုံး အတူနေကြမှာ မဟုတ်တဲ့အတွက် ဒီအတွေးအခေါ်ကြောင့် စည်းခြားသွားနိုင်တယ်ဟု ကျိချင်းကျိုး ထင်သည်။ ချူချန်လည်း သဘောမကျပေ။ ပြီးတော့ သူ...သူလည်းပဲ....သိပ်သဘောမကျဘူးရယ်။
ချူချန်နဲ့ အတူနေရတာကို သူသဘောကျသည်။ သူတို့နှစ်ယောက် ဘာမှမဘာခင်ကတောင် ချူချန် သူ့ရှေ့မှာ ရှိရုံ သူ့နားမှာ ရှိရုံနဲ့ သူ့ကို အများကြီး စိတ်သက်သာရာရစေခဲ့တဲ့ဥစ္စာ။
“ကျွန်တော်ပဲပြောင်းလာလိုက်မယ်” ကျိချင်းကျိုး ပြောလိုက်တယ်။
“ဟိုနှင်းဆီပန်းတွေကို မလွှင့်ပစ်တဲ့ မျက်နှာထောက်ပြီးတော့...”
ချူချန်က စိတ်အေးသွားသလို သက်ပြင်းချပြီး သူ့ကို ဆွဲဖက်၍ နှုတ်ခမ်းလွှာတွေပေါ် ဖိကပ်နမ်းရှိုက်လိုက်သည်။
“ကိုယ်လောဘကြီးနေပြီလို့ထင်လား”
ကျိချင်းကျိုးက ပြုံးကာဖြင့်-
“ဟင့်အင်း။ ခင်ဗျားက အသိုက်လွတ်ကြီးလုပ်။ ဒါပေမယ့် ကျွန်တော်ကတော့ တာဝန်ကျေပွန်တဲ့သားလေးလုပ်မယ်”
စကားဆုံးသည်နှင့် ချူချန်လည်တိုင်အား သိုင်းဖက်ကာ ပြန်နမ်းလိုက်သည်။
သူ့စကားကြောင့် ချူချန်ကသဘောတကျဖြစ်သွားပြီး ပြုံးပြုံးကြီးနဲ့ ပွေ့ဖက်ထားလေတော့သည်။
“မင်းလို တစ်ဦးတည်သောကလေးလေးကမှ သားသမီးဝတ္တရားမကျေပွန်ရင် ဘယ်သူကလာကျေပွန်ပေးမှာလဲ”
“မင်းပြန်လာတဲ့နေ့ကျရင် နှင်းဆီပန်းစည်းကြီးပေးမယ်လေနော်” ချူချန်က နားနားကပ်၍ တီးတိုးဆိုလာသည်။
ကျိချင်းကျိုးလည်း အဆင်ပြေတယ်တွေးမိတယ်။တကယ်ဆို သူတို့က ဆက်ဆံရေးအသစ်တစ်ခု အတည်ပြုတော့မှာဖြစ်၍ နှင်းဆီပန်းတွေ ပြောင်းပေးရမယ့် အချိန်ရောက်နေပြီလေ ။
“ကျွန်တော်က နှင်းဆီဖြူတွေလိုချင်တာ”
“အနီတွေရပြီးတော့ ဒီတစ်ခါအဖြူရောင်နှင်းဆီပန်းတွေ လိုချင်တယ်။”
“ရစေရမယ်ဗျာ” ချူချန် သူ့ကို နမ်းလိုက်သည်။
“နောက်ဆို အပြာရောင်နှင်းဆီပန်းတွေ၊ပန်းရောင်နှင်းဆီပန်းတွေပါရှိလာဦးမှာ”
“ဒါဆို အဝါရောင်နှင်းဆီပန်းတွေရောရှိလာဦးမှာလားဟင်”
ကျိချင်းကျိုးက သိသိနဲ့မေးလိုက်တယ်။
ချူချန်က ခေါင်းယမ်း၏။
“ဘေဘီ...အဲ့ပန်းက မင်းနဲ့မလိုက်ဖက်ဘူးဆိုတာသိရမယ်လေကွာ”
“အွန်းပါ”
အဝါရောင်နှင်းဆီပန်းတွေက - အရောင်မှိန်သွားတဲ့အချစ်...ဒီပန်းက သူငယ်ချင်းဆက်ဆံရေးကြားက ကောင်းချီးကို ကိုယ်စားပြုတယ်ဆိုပေမယ့် အချစ်မှာဆို ခွဲခွာခြင်းကို ကိုယ်စားပြုပြန်တယ်။ ဒါကြောင့် မရလေကောင်းလေပင်ဟုကျိချင်းကျိုးဘာသာတွေးလိုက်တော့သည်။
ချူချန်ကတော့ နောက်တစ်နေ့နေ့လည်၌ လေယာဉ်နဲ့ ပြန်သွားခဲ့သည်။ကျိချင်းကျိုးမှာ တစ်ဖက်လူ မြင်ကွင်းမှ ပျောက်သည်အထိ လိုက်ကြည့်ပြီးမှ တွန့်ဆုတ်ဆုတ်နဲ့ ရိုက်ကူးရေးအဖွဲ့ဆီပြန်လာကာ ဇာတ်ကားဆက်ရိုက်ရသည်။
ကျိချင်းကျိုးတောင် သိပ်မစောင့်လိုက်ရဘဲ ခုံးယန်က ရိုက်ကူးရေးအဖွဲ့ဆီ ဝင်ရောက်လာခဲ့သည်။သူက တဖြောင့်တည်းသမားဖြစ်ပြီး သဘောထားလည်းပြည့်ကာ ဇာတ်ကောင်ဟယ့်ဟွား ပေါ်လည်း သူ့ကိုယ်ပိုင် အမြင်တွေရှိလေသည်။ကျိချင်းကျိုးတစ်ယောက် သူနဲ့ တွဲသရုပ်ဆောင်ပြီးနောက် သူ့သရုပ်ဆောင်စွမ်းရည်က ဖန်ယောင်ရွှမ်းထက် အများကြီး ပိုကောင်းမှန်းသိလိုက်ရလေတော့သည်။
********************************
စာရေးသူမှာပြောစရာရှိပါတယ် :
ချူချန် : ကျိုးကျိုးထွက်သွားပြီးတည်းက ငါဟာ အသိုက်မဲ့နေတဲ့ လူအိုကြီး တစ်ယောက်ဖြစ်လာခဲ့တယ်...အိုက်ယား...
အသိုက်လွတ်ကြီး : ????????? မင်းတို့အားလုံးအိမ်တွေကိုယ်စီသွားကြမှတော့ ကျန်နေခဲ့တဲ့ အသိုက်လွတ်ကြီးကိုပါ ဖြိုသွားခဲ့ကြ။ ဘယ်လူအိုကြီးမှ ရှိမနေဘူး!
ကျိုးကျိုး : ခေါင်းညိမ့်၍ 'အချစ် အရောင်းအဝယ်' သီချင်းသာကျွန်တော့်ပါး ဆီ ပို့ပေးလိုက်တော့
ချူချန် : 'အိမ်ပြန်လာပါတော့' လို့ ကိုယ် အမိန့်ပေးမိတိုင်း အဲ့သီချင်းပို့လိုက်တော့
ကျိုးကျိုး : ပြောင်းဖို့တော့ မလိုအပ်သေးပါဘူး။ ဒါပေမယ့် အိမ်ကိုပြန်ပြီး တစ်ချက်လောက်လေး သွားကြည့်ရုံပဲဆိုတဲ့သဘောလား
[System ၏ လှို့ဆော်ချက် : ချူချန်က သီချင်းပိတ်ဖို့ ရွေးချယ်သွားပါသည်။ ]
ဒီနှစ်ယောက်တော့ မိုးကြိုးမကြောက်ဘာမကြောက် 😂 အဖေနဲ့သားလုပ်နေတာ😂
#အသိုက်မဲ့နေတဲ့လူအိုကြီးလို့ ပါးချူပြောတာက E-trans မှာ မပါဘူးရယ်။ ကိုယ်ပြန်တဲ့ website မှာပါတာပါ။
#(¹ )ဒီအပိုဒ်လေးလည်း E-trans မှာမပါပါဘူး။
# (°) ဒီအကြောင်းလေးလည်း E-trans နဲ့မတူဘူး။ မယုံရင် E-trans မှာ သွားဖတ်ကြည့်ပါ။ ကိုယ်ကတော့ ကိုယ်ယူပြန်တဲ့ website အတိုင်းပဲ ပြန်ပါတယ်။ သူ့မှာက စာရေးသူပြောထားတဲ့စာပိုဒ်လေးတွေလည်း ပါလို့ပါ။
🔥မဟုတ်ရင် အခုတလော တက်နေတဲ့ ပြဿနာတွေထဲ ကိုယ်ပါသွားမှာ ကြောက်လို့ပါ ကိုယ်လည်း တရုတ်စာမတတ်ပါဘူး။ ဒါပေမယ့် အဲ့ website ကို မနည်းရှာထားပြီး Google translate နဲ့ English လို့ပြန်ပြီး မြန်မာလို့ ထပ်ပြန်ထားတာပါ။ အခုလို မရှင်းပြထားရင် ကိုယ်ထည့်ချင်တဲ့ စာတွေလိုက်ထည့်ထားတယ် ထင်နေမှာကြောက်လို့ပါ။ ကိုယ့်ဆီမှာ ပါးချူတို့ အပုဒ်ကိုပဲ website ဆယ်ခုကျော်လောက်ရှိတယ်။ ဟိုပြေးဒီပြေးကြည့်ပြီး ပြန်တာပါ။ ဘာမှ ကိုယ့်ဘာသာမထည့်ထားပါဘူးနော်။
ကြိုဖတ်ထားတဲ့သူတွေလည်း ရှိမှာပဲလေ။ အဲ့ကျ ကိုယ့်ကို လာမေးဖို့ကလည်း အားနာ စာကလည်း E-trans နဲ့ မတူနေတော့ စိတ်ထဲ ခုနေကြမှာစိုးလို့ ပြောပြတာပါ။ စိတ်ချလက်ချ ဖတ်ကြနော် ဘယ်စာပိုဒ်မှ မဖြုတ်ထားသလို ဘာမှ အပိုလည်း မထည့်ထားပါဘူး။
Good night ✨
*********************************
Zawgyi
တစ္ညလုံး ပ်ာယာခတ္ၿပီးေနာက္ ခ်ဴခ်န္လည္း ပင္ပန္းေနၿပီျဖစ္ကာ က်ိခ်င္းက်ိဳးနဲ႔ စကားနည္းနည္းဆိုၿပီးသည္ႏွင့္ကို အိပ္ေပ်ာ္သြားေတာ့သည္။က်ိခ်င္းက်ိဳးမွာေတာ့ အိပ္ေပ်ာ္ေနသူကိုၾကည့္၍ အစစ္အမွန္မဟုတ္သလိုပဲ ခံစားေနရသျဖင့္ ခ်ဴခ်န္ခါးအား သိုင္းဖက္ထားၿပီး ကိုယ္ေပၚမွီထားရင္း ျဖည္းညႇင္းစြာ မ်က္လႊာခ်လိုက္သည္။သို႔ေသာ္ ခဏၾကာတာႏွင့္ မ်က္လုံး ျပန္ဖြင့္၍ ေ႐ွ႕ကလူကို ထပ္ၾကည့္မိျပန္သည္။ ထို႔ေနာက္ မ်က္လုံး ျပန္ပိတ္လိုက္၏။ ထို႔ေနာက္ မ်က္လုံးျပန္ဖြင့္၍ ထပ္ၾကည့္မိျပန္သည္။
ထိုကဲ့သို႔ ေလးခါေလာက္ ဖြင့္လိုက္ပိတ္လိုက္လုပ္ၿပီးေနာက္ က်ိခ်င္းက်ိဳးမွာ သူ႕အျဖစ္သူ သေဘာက်စြာျဖင့္ ရယ္မိေလေတာ့သည္။ျပဳံးျပဳံးေလး အိပ္ေပ်ာ္ေနသည့္ ခ်ဴခ်န္ကို ေမာ့ၾကည့္၍ ကိုယ္နည္းနည္းႂကြကာ ေမးေစ့ကို ေမာ့နမ္းလိုက္ၿပီးေနာက္ မ်က္လုံး ပိတ္လိုက္ေတာ့သည္။
ဒီတစ္ခါေတာ့ သူ႕မ်က္လုံးေတြ ထပ္မဖြင့္ျဖစ္ပါ။
က်ိဳးခ်န္ဖုန္းက က်ိခ်င္းက်ိဳးကို လွမ္းႏိႈးသည္။မိတ္ကပ္ျပင္ခ်ိန္ထိ ထြက္မလာသူေၾကာင့္ မေနႏိုင္မထိုင္ႏိုင္ႏွင့္ ဖုန္းဆက္သတိေပးလိုက္ရသည့္ က်ိဳးခ်န္ဖုန္းအျဖစ္ပင္။
“႐ိုက္ကူးေရးအဆင္သင့္ျဖစ္ေနၿပီ။ထြက္လာေတာ့ေလ”
က်ိခ်င္းက်ိဳးသည္ ငူတူတူႏွင့္ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္၏။ေန႔လည္ ႏွစ္နာရီေတာင္ ထိုးေနၿပီျဖစ္သည္။သူ ထထိုင္ၿပီး အိပ္ရာထခါနီးတြင္ သူ႕လႈပ္႐ွားမႈေၾကာင့္ အိပ္ေနသည့္ ခ်ဴခ်န္က မ်က္လုံးပြင့္လာသည္။
“ဘာျဖစ္လို႔လဲ”
“ကြၽန္ေတာ္ ဇာတ္ကားသြား႐ိုက္ရေတာ့မယ္ေလ။ဒါေပမယ့္ ခင္ဗ်ားမထနဲ႔ဦးေနာ္။ဆက္အိပ္ေနဦး”
ခ်ဴခ်န္က ဆတ္ခနဲထထိုင္ၿပီး အိပ္ခ်င္မူးတူးေျပာ၏။
“မင္းနဲ႔လိုက္မွာ။မင္းမ႐ွိရင္ ကိုယ္အိပ္ေပ်ာ္ႏိုင္မွာ မဟုတ္ဘူး”°
သူသည္ ထိုအေၾကာင္းေျပာလိုက္ခ်ိန္မွ အျဖစ္ပ်က္တစ္ခုကို သတိရသြားကာ လက္ဆန္႔၍ က်ိခ်င္းက်ိဳးမ်က္ႏွာေလးကို ဆြဲညႇစ္ေခ်သည္။
“မင္းကေတာ့ ေၾကာ့ေၾကာ့ေမာ့ေမာ့ေလး ထြက္သြားခဲ့တာပဲ။ မင္းမ႐ွိေတာ့တဲ့ေနာက္ပိုင္း ကိုယ္ တစ္ညမွ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ဘူး”
“ခင္ဗ်ားပဲ သြားခိုင္းၿပီးေတာ့” က်ိခ်င္းက်ိဳးက တိက်သူတစ္ေယာက္ပင္။
ခ်ဴခ်န္မွာ သက္ျပင္းေလးခ်ကာႏွင့္-
“ဒီလိုရလဒ္မ်ိဳးထြက္လာမယ္မွန္းကိုယ္ႀကိဳသိခဲ့ရင္ မင္းကိုထြက္သြားခြင့္ေပးမွာမဟုတ္ဘူး။ဒါဆို မင္းနဲ႔ ကိုယ့္မွာလည္း အခ်ိန္ဆိုးႀကီး ႐ွိခဲ့မွာ မဟုတ္ဘူး”
“ကြၽန္ေတာ့္မွာ အခ်ိန္ဆိုးႀကီး႐ွိခဲ့မယ္လို႔ ဘယ္သူေျပာလဲ”
တစ္ဖက္လူက ျဖစ္ခ်င္တာေတြေလွ်ာက္ေတြးေနသည္ဟု က်ိခ်င္းက်ိဳး ခံစားလိုက္ရသည္။
“မထင္မွတ္ထားတဲ့ ဖန္ေယာင္႐ႊမ္းကိစၥကလြဲရင္ ကြၽန္ေတာ့္ဘဝႀကီးက အရမ္းကိုမွအဆင္ေျပေနတာပါေနာ္။ကြၽန္ေတာ္ေတာ့ အရမ္းေပ်ာ္တယ္”
ခ်ဴခ်န္ : ........
“*ေဝလငါးေတြ ဘယ္ေလာက္ပဲေဝးေဝး ကူးခတ္ေနပါေစ ပင္လယ္ျပင္ႀကီးဆီက ထြက္ခြာသြားလို႔မရသလို ငွက္ေတြ ဘယ္ေလာက္ပဲ ျမင့္ျမင့္ပ်ံေနပါေစ ေကာင္းကင္ယံထိေတာ့ မေရာက္ႏိုင္ပါဘူး*။တစ္ေယာက္တည္းေနရတာသာ တကယ္မိုက္တယ္” က်ိခ်င္းက်ိဳးက စိတ္ခံစားခ်က္အျပည့္ျဖင့္ ေျပာလာျခင္း။
{*စကားပုံကို သူ႕အနီးစပ္ဆုံးျပန္ဖြင့္ဆိုထားသည့္ အဓိပၸါယ္အတိုင္းျပန္ဆိုထားပါတယ္}
ခ်ဴခ်န္ : .......
ခ်ဴခ်န္ျဖင့္ ခ်စ္သူအသစ္စက္စက္ေလး၏ လက္စားေခ်ျခင္းစတင္ ေတာ့မည္ျဖစ္ေၾကာင္းထင္ေၾကးေလးတစ္ခု ခံစားလိုက္ရတယ္။
သူရဲ႕ ဆြံ႕အေနသည့္ အမူအရာေၾကာင့္ က်ိခ်င္းက်ိဳး စိတ္ထဲ အေပ်ာ္တို႔ ျပည့္ႏွက္သြားကာ တမင္တကာပင္ ထပ္ေျပာလိုက္သည္။
“ဒါေပမယ့္ ခင္ဗ်ား အဆင္မေျပျဖစ္ေနလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ တကယ္ကို မသိခဲ့႐ိုးပါ။ခင္ဗ်ား အရမ္းအဆင္ေျပေနမယ္လို႔ ထင္ခဲ့တာ။တကယ္ဆို ကြၽန္ေတာ္လုပ္သမွ်အားလုံးက ခင္ဗ်ားရဲ႕ေတာင္းဆိုခ်က္ေတြပဲေလေနာ္”
ခ်ဴခ်န္တစ္ေယာက္ အကူအညီမဲ့စြာျဖင့္ ႏွာဖူးကို ဖိႏွိပ္ထားလ်က္-
“က်ိဳးက်ိဳးရာ ေက်းဇူးျပဳၿပီး မင္းရဲ႕ သြားထက္ထက္ေလးေတြကို သိမ္းၿပီး ဒီအသိုက္မဲ့ေနတဲ့ လူအိုႀကီးကို ဂ႐ုစိုက္ေပးပါေတာ့ေနာ္”
အသိုက္မဲ့ေနတဲ့လူအိုႀကီးဆိုသည့္စကားေၾကာင့္ က်ိခ်င္းက်ိဳးက ရယ္ေလေတာ့သည္။ေတြးၾကည့္မွ အရင္က သူတို႔ ဆက္ဆံေရးတြင္ ခ်ဴခ်န္ ဒီလိုဆြံ႕အေနသည့္ အမူအရာက ခပ္႐ွား႐ွားရယ္။ထို႔ေၾကာင့္ ေပ်ာ္႐ႊင္စြာႏွင့္ စိတ္အေျခအေနေကာင္းစြာ အိပ္ရာထလိုက္ေတာ့သည္။
ခ်ဴခ်န္ကေတာ့ ႐ႈံ႕မဲ့မဲ့ေလးႏွင့္ သူ႕ေနာက္က အိပ္ရာလိုက္ထၿပီး အဝတ္အစားျပင္ဝတ္၍ အျပင္လိုက္ထြက္လာခဲ့သည္။
ဖန္လီရဲ႕ လုပ္ေဆာင္ခ်က္ေတြက ျမန္သည္။ဖန္ေယာင္႐ႊမ္းကို ညတြင္းခ်င္းနီးပါး ျပန္ေခၚခဲ့၏။ဖန္ေယာင္႐ႊမ္းရဲ႕ မန္ေနဂ်ာကေတာ့ ေဒါသထြက္ဖို႔ေနေနသာ စကားေတာင္မေျပာရဲခဲ့။ဖန္လီက ဒီအခြင့္အေရးကို ျပည့္ျပည့္ဝဝအသုံးခ်၍ ဖန္ေယာင္႐ႊမ္းကို အႏုပညာေလာကထဲမွ ထုတ္ကာ ဖန္ေယာင္႐ႊမ္းကို ျပန္ေခၚၿပီးသည္ႏွင့္ သူ႕လက္ေထာက္အား ဖန္ေယာင္႐ႊမ္းရဲ႕ စတူဒီယိုကို ဖ်က္သိမ္းခိုင္းေလသည္။ဖန္ေယာင္႐ႊမ္းရဲ႕ မန္ေနဂ်ာကေတာ့ ဘာမွ မေျပာႏိုင္တဲ့အထိ ေဒါသထြက္ေနေတာ့သည္။¹သူေသေတာ့မယ္လို႔ ဖန္ေယာင္႐ႊမ္းက်ိန္ရင္ေတာင္ ဖန္လီက ဆရာဝန္ကို အိမ္ေခၚၿပီး သူ႕အနာေတြကို စစ္ေဆးခိုင္းကာ ဒဏ္ရာမနက္ဘူးဆိုသည္အား အတည္ျပဳ၍ တံခါးပိတ္ထားၿပီး ဆရာဝန္ကိုသာ ပုံမွန္လာၾကည့္ခိုင္းေလေတာ့သည္။
စြင္းယင္လည္း ေ႐ြးစရာမ႐ွိစြာႏွင့္ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ႐ိုက္ကူးေရးအဖြဲ႕နဲ႔ ေျပာဆိုၿပီး ေလ်ာ္ေၾကးေပးရေလသည္။ဒါ႐ိုက္တာဝူႏွင့္ ထုတ္လုပ္သူသည္ အဲ့ေန႔က ဖန္က်ယ္ႏွင့္ အရက္ေသာက္ေနၾကျခင္းျဖစ္၍ ညဘက္မွာ ဘာေတြျဖစ္သြားမွန္းမသိလိုက္ၾက။ေနာက္မွ ဖန္ေယာင္႐ႊမ္း ေဆး႐ုံေရာက္ေနေၾကာင္း သိရၿပီး စြင္းယင္ဆီ ဖုန္းဆက္ေမးေတာ့ စြင္းယင္ကလည္း ေနာက္မွ ေျပာျပမယ္ခ်ည္းလုပ္ေန၏။
ဖန္ေယာင္႐ြမ္းစာခ်ဳပ္ဖ်က္သြားေပမယ့္ ႐ိုက္ကူးေရးလုပ္ေနဆဲပင္။ဒီတစ္ခါမွ လီေအာင္းဆီျပန္ဆိုက္သြားခဲ့ရင္လည္း ဒါ႐ိုက္တာႀကီးမွာ ႐ွက္လြန္းသလို လီေအာင္းကလည္း လက္ခံလိမ့္မည္မဟုတ္။ထို႔ေၾကာင့္ ဒါ႐ိုက္တာဝူသည္ အင္တာဗ်ဴးလာေျဖသည့္ သ႐ုပ္ေဆာင္ေတြထဲမွ သူနဲ႔ ရင္းႏွီးသည့္ သ႐ုပ္ေဆာင္အခ်ိဳ႕ကို ျမန္ျမန္ေ႐ြးထုတ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ က်ိခ်င္းက်ိဳးနဲ႔ အသက္တူသည့္ သ႐ုပ္ေဆာင္အရည္အခ်င္းေကာင္းမြန္ေသာ မင္းသားတစ္လက္ျဖစ္သည့္ ခုံးယန္ ကို ေ႐ြးခ်ယ္လိုက္သည္ ။
ခုံးယန္ က အခုထိ ႐ိုက္ကူးေရးအဖြဲ႕ဆီ မေရာက္လာေသးသျဖင့္ က်ိခ်င္းက်ိဳးသီးသန္႔ခန္းေတြပဲ အရင္႐ိုက္ဖို႔ ႐ိုက္ကူးေရးအဖြဲ႕က ေတာင္းဆိုလာသျဖင့္ သူ႕ရဲ႕ ေန႔စဥ္႐ိုက္ကူးေရးအခ်ိန္က ႐ွည္လ်ားၿပီး ခ်ဴခ်န္ႏွင့္ အတူ႐ွိရသည့္ အခ်ိန္ဟူ၍ အမ်ားႀကီးမ႐ွိခဲ့ေပ။
ခ်ဴခ်န္ကလည္း ေလာေလာေလာေလာႏွင့္ လာခဲ့ျခင္းျဖစ္သျဖင့္ အလုပ္ေတြအမ်ားႀကီး႐ွင္းဖို႔ အခ်ိန္မရခဲ့ေသာေၾကာင့္ ဒီမွာ အၾကာႀကီး ေနလို႔မရျဖစ္ေနသည္။သုံးရက္ေျမာက္ေန႔မွာေတာ့ သူခဏျပန္ၿပီး ေနာက္ရက္နည္းနည္းတြင္း ျပန္လာလည္မည့္အေၾကာင္း က်ိခ်င္းက်ိဳးကို ေတာင္းဆိုလိုက္သည္။
“ရပါတယ္”
“ျပန္သြားၿပီး အလုပ္ကိုဆက္လုပ္ခ်ည္။ကြၽန္ေတာ္လည္း ဒီမွာလုပ္စရာေတြ႐ွိေသးတယ္”
“ကိုယ့္ကို တစ္ပတ္ပဲ အခ်ိန္ေပး။တစ္ပတ္ၿပီးတာနဲ႔ မင္းဆီ ထပ္လာလည္ဦးမွာ”
က်ိခ်င္းက်ိဳးကေတာ့ အေျပးအလႊားႀကီး လုပ္ေနစရာမလိုအပ္ဘူးခံစားရကာ-
“ခင္ဗ်ားအခ်ိန္ဇယားကိုပဲ ၾကည့္ပါဦး။ကြၽန္ေတာ္က သုံးလေလာက္ ႐ိုက္ရဦးမွာ။အလ်င္မလိုေနနဲ႔”
“ေျပာရဦးမယ္...ဒီဇာတ္ကား႐ိုက္ၿပီးတာနဲ႔ မင္းျပန္ေျပာင္းလာသင့္တယ္မလား”
“အဲ့လိုလုပ္လို႔ မျဖစ္ေတာ့ဘူးေလ” က်ိခ်င္းက်ိဳး ျငင္းပယ္လိုက္သည္။
“ဘာလို႔လဲ?” ခ်ဴခ်န္က အေတြးမ်ားလ်က္ပင္။
“ကိုယ္တို႔ျပန္ေျပလည္သြားၿပီမဟုတ္ဘူးလား”
“ျပန္ေျပလည္သြားတိုင္း အတူတူေနရမွာလား? အရင္ကေတာ့ ပိုက္ဆံဆက္ဆံေရးမို႔ ခင္ဗ်ားနဲ႔ေနေပးတာေလ။ အခုက အဲ့လိုဆက္ဆံေရးမ်ိဳးမွ မဟုတ္ဘဲ။ခ်စ္သူစုံတြဲေတြဆို လက္မထပ္ဘဲ တူတူေနလို႔မရဘူးမလား ”
ခ်ဴခ်န္ : ....................
က်ိခ်င္းက်ိဳး ဒီလိုလုပ္လာမယ္လို႔ ခ်ဴခ်န္လုံးဝမေမွ်ာ္လင့္ထားခဲ့တာပါ။
“ဒါ့ျပင္....” က်ိခ်င္းက်ိဳးက ဆက္သည္။
“အိမ္ငွားခကလည္း ေပးၿပီးသြားၿပီ။အခုထိလည္း သက္တမ္းျပည့္ေသးတာမဟုတ္ဘူး။အဲ့ကို ေျပာင္းလာရင္ ဆုံး႐ႈံးစရာေတြ မျဖစ္ကုန္ဘူးလား”
“အဲ့ဒါေၾကာင့္ လား”
က်ိခ်င္းက်ိဳးက ေခါင္းေလးတစ္ခ်က္ညိမ့္၍ -
“အဲ့ဒါကေတာ့ အဓိကေပါ့”
ခ်ဴခ်န္မွာ အကူအညီမဲ့လ်က္။သူ႕ဘဝမွာ ပထမဆုံးအႀကိမ္ ကိုယ့္ကိုကိုယ္ ေျခေထာက္နဲ႔ ပိတ္မကန္ခဲ့မိ၍ ဝမ္းနည္မိသည္။အဆင္ေျပေနေရာပဲ ဆက္ဆံေရးအတည္မျပဳခင္ကမွ တစ္ခန္းတည္း အတူေနလို႔ရေသးတယ္။အခုလည္းက်ေရာ ဆက္ဆံေရးအတည္ျပဳၿပီးတာနဲ႔ ခြဲေနရေတာ့မယ္တဲ့။ ဘာလို႔ သူက ျပန္မလာခ်င္တာလဲ?
“မင္း ေပးခဲ့တဲ့ အိမ္ငွားခဘယ္ေလာက္လဲေျပာၾကည့္ ကိုယ္ မင္းကို ျပန္ေပးမယ္”
“ခင္ဗ်ားပိုက္ဆံယူၿပီးဘာလုပ္ရမွာလဲ? ခင္ဗ်ားက ကြၽန္ေတာ့္ရဲ႕ အိမ္ခန္းပိုင္႐ွင္လည္း ဟုတ္မေနဘူး။ၿပီးေတာ့ ႏွစ္ဝက္ပဲ ငွားထားတာပါ။႐ိုက္ကူးေရးၿပီးတာနဲ႔ဆို ႏွစ္လေလာက္ပဲ ေနရေတာ့မွာ။တေအာင့္ေလးပဲ ”
“အဲ့ေတာ့ ကိုယ္နဲ႔အတူေနရဖို႔ထက္ အိမ္ငွားခႏွစ္လခက ပိုအေရးႀကီးတယ္ဆိုတဲ့သေဘာလား”
ခ်ဴခ်န္ ေ႐ွာ့ခ္ရေနၿပီ။
“မင္းေပးထားတဲ့ အိမ္ငွားခက ဘယ္ေလာက္မို႔လို႔လဲဟမ္ မိုးထိျမင့္တဲ့ အိမ္ငွားေၾကးလား”
က်ိခ်င္းက်ိဳးက ထရယ္သည္ ။
“မင္းကဘာရယ္ေနတာလဲ? ကိုယ္မွားလားေျပာ? ကိုယ္က မင္းရဲ႕အိမ္လခႏွစ္လခကိုေတာင္ မတတ္ႏိုင္တဲ့ လူမ်ိဳးလား”
“ခင္ဗ်ားနဲ႔အိမ္ငွားခကတူတူပဲဘာမွဝိေရာဓိျဖစ္ေနစရာမ႐ွိဘူး”
“အခုေတြ႕ေနရတယ္ေလ”
ခ်ဴခ်န္ သူ႕ကို ၾကည့္လိုက္ၿပီး ေ႐ြးခ်ယ္စရာႏွစ္ခုေပးလိုက္တယ္။
“႐ိုက္ကူးေရးၿပီးသြားရင္ မင္းကိုယ့္ဆီလာမလား ဒါမွမဟုတ္ ကိုယ္မင္းဆီ လာရမလားေျပာ။တကယ္လို႔ မင္း အိမ္ငွားေနခ်င္သပဆိုလည္း ကိုယ့္အိမ္ငွားေပးမယ္”
က်ိခ်င္းက်ိဳးသည္ သူ႕ကိုၾကည့္ရင္း ေခါင္းတစ္ခါခါႏွင့္ -
“ခင္ဗ်ားရဲ႕ အခုအျပဳအမူေတြကေလ ကြၽန္ေတာ္ၾကားဖူးတဲ့ သီခ်င္းတစ္ပုဒ္နဲ႔တူတယ္သိလား? ကြၽန္ေတာ္ဆိုျပမယ္ေနာ္..”
“ဘာသီခ်င္းလဲ” ခ်ဴခ်န္က သိခ်င္စိတ္ျပင္းျပေန၏။
“ ⟨အခ်စ္ အေရာင္းအဝယ္⟩ ဆိုတဲ့သီခ်င္းေလၾကားဖူးလား?” က်ိခ်င္းက်ိဳးက ေမးသည္။
ခ်ဴခ်န္ : ..............
“စစခ်င္း လမ္းခြဲခ်င္တဲ့သူကမင္းပါ...အခု လမ္းခြဲၿပီးေတာ့လည္း ငါ့ကို ျပန္လာခိုင္းဖို႔ အခ်စ္စစ္ဆိုတာႀကီး သုံးခ်င္ေနတယ္...အခ်စ္က မင္း ဝယ္ခ်င္တိုင္း ဝယ္ ေရာင္းခ်င္တိုင္း ေရာင္းလို႔ရတဲ့ အရာဝတၳဳတစ္ခုမဟုတ္ဘူးကြယ္....မင္းလႊတ္ခ်လိုက္တဲ့ အခ်စ္ေတြကို အခ်ိန္ယူၿပီး ငါ့ကို နားလည္သေဘာေပါက္ခြင့္ေတာ့ေပးပါဦး...”
က်ိခ်င္းက်ိဳးသည္ သီခ်င္းေလးဆုံးသည္ႏွင့္ တမင္တကာ ကို စကားနာထိုးလိုက္သည္။
“ခင္ဗ်ားနဲ႔ အရမ္းသင့္ေတာ္လြန္းတယ္မလား”
ခ်ဴခ်န္ : “...........မင္းကိုယ္မင္း 'ေႁမြျဖဴမေလးရဲ႕ခ်စ္ဒ႑ာရီ' ဇာတ္ကားမွာ သ႐ုပ္ေဆာင္ေနတယ္မ်ားထင္ေနလား။စကားေျပာရင္း သီခ်င္းကဆိုတတ္ေနၿပီ!”
“ခင္ဗ်ား အျပစ္႐ွိသလို ခံစားေနရလို႔မလား? ေမးတာျပန္မေျဖဘဲ စကားလမ္းေၾကာင္းကို ဟိုေျပာင္းဒီေျပာင္းလုပ္ေနတယ္”
“ကိုယ္က အျပစ္႐ွိသလိုခံစားရတယ္? ဘာလို႔ အျပစ္႐ွိသလို ခံစားရမွာတုန္း” ခ်ဴခ်န္က ေျပာရင္း ဟြန္းဟင္းလုပ္ေနသည္။
“အျပစ္မ႐ွိဘူးေပါ့ဟုတ္လား?”
က်ိခ်င္းက်ိဳးက ေခါင္းေလးေစာင္း၍ သူ႕ကိုၾကည့္သည္ ။
“ဒါဆိုလည္း အျပစ္မ႐ွိသလိုေနေလ။ ဘာလို႔ ကြၽန္ေတာ္ကို ျပန္ေျပာင္းခိုင္းေနတာလဲ? ခုနသီခ်င္းထဲမွာ “ အခု လမ္းခြဲၿပီးေတာ့လည္း ငါ့ကို ျပန္လာခိုင္းဖို႔ အခ်စ္စစ္ဆိုတာႀကီး သုံးခ်င္ေနတယ္” ဆိုတာေလ ခင္ဗ်ားက အခ်စ္စစ္ဆိုတဲ့ ထိေတာင္ မေရာက္ေသးဘူးေနာ္။ကြၽန္ေတာ္ကေတာ့ အျပင္မွာ အိမ္ငွားၿပီး ဆက္ေနဦးမွာပဲ။ တစ္ေယာက္တည္းေနရတာက အရမ္းေကာင္းတယ္၊အရမ္းလြတ္လပ္တယ္၊ အရမ္း အရမ္းကိုမွ လြတ္လပ္လြန္းတယ္”
ခ်ဴခ်န္မွာ စကားမေျပာႏိုင္စြာ အာေစးမိလ်က္။
“.............. အင္းပါကြာ... ကိုယ္ အျပစ္႐ွိပါတယ္”
က်ိခ်င္းက်ိဳးျဖင့္ မထိန္းႏိုင္ဘဲ သေဘာတက် ရယ္ေလေတာ့သည္။
ခ်ဴခ်န္ကေတာ့ သက္ျပင္းေလးတစ္ခ်ခ်။
ဘာလို႔မ်ား က်ိခ်င္းက်ိဳးကို အျပင္မွာ ေနခြင့္ေပးလိုက္မိတာလဲလို႔။
အခုမ်ား 'အခ်စ္ အေရာင္းအဝယ္' သီခ်င္းေတြပါ သူ႕အတြက္ ဆိုေပးေနၿပီမလား?
က်ိခ်င္းက်ိဳးသည္ အေတာ္ၾကာထိ သေဘာတက်ရယ္ၿပီးေနာက္ ရပ္ကာ ခ်ဴခ်န္နားတိုးကပ္လိုက္သည္။
“ကြၽန္ေတာ့္ ႏွင္းဆီ ပန္းေတြ႐ွိေသးလား”
“မင္းဘယ္လိုေတြးလိုက္တာလဲ”
ခ်ဴခ်န္က သူ႕ကို ၾကည့္ေလသည္။
“မင္းပစၥည္းမွန္သမွ်ကို ကိုယ္မလႊင့္ပစ္ရက္ပါဘူး။ႏွင္းဆီပန္းဆိုတာမေျပာနဲ႔ဦး မင္းဝယ္ေလ့႐ွိတဲ့ ပစၥည္းေသးေသးေလးေတြကအစ အဲ့မွာ အကုန္႐ွိတယ္”
က်ိခ်င္းက်ိဳးတစ္ေယာက္ ေပ်ာ္႐ႊင္သြားသည္။ သူငွားေနတဲ့အိမ္ထက္စာရင္ ခ်ဴခ်န္ရဲ႕ အိမ္ကို အမ်ားႀကီး ပိုသေဘာက်သည္။ကူးေျပာင္းလာၿပီးတည္းက အဲ့မွာပဲ ေနခဲ့တာျဖစ္ၿပီး ခ်ဴခ်န္နဲ႔လည္း အဲ့မွာပဲ တူတူစေနခဲ့တာျဖစ္သည္။သူ႕အိမ္မဟုတ္ေသာ္လည္း သူ႕အိမ္လိုမ်ိဳး အမ်ားႀကီး သေဘာက်ရပါသည္။
က်ိခ်င္းက်ိဳးက မတြက္ခ်က္တတ္လို႔ေပါ့။ တကယ္လို႔ သူသာ တကယ္ တြက္ခ်က္ေနရင္ ခ်ဴခ်န္ကို အမ်ားႀကီး အေႂကြးဆပ္ရဦးမွာ။ၿပီးေတာ့ သူနဲ႔ ခ်ဴခ်န္နဲ႔ၾကားက ကြာျခားမႈ ႀကီးလြန္းသည္။အဲ့လိုအေတြးေတြေတြးေနတိုင္း သူတို႔ အတူဆက္႐ွိဖို႔ ခက္ခဲေနဦးမွာပင္။ခ်ဴခ်န္ သူ႕ဆီလာလာ သူပဲ ခ်ဴခ်န္ဆီသြားသြား ကိစၥေတာ့မ႐ွိ။ ဒါက အဆင္ေျပတဲ့တစ္ခု ေ႐ြးလိုက္႐ုံပဲ။သူတို႔ႏွစ္ေယာက္ အခုမွ ပထမဆုံး အတူေနၾကမွာ မဟုတ္တဲ့အတြက္ ဒီအေတြးအေခၚေၾကာင့္ စည္းျခားသြားႏိုင္တယ္ဟု က်ိခ်င္းက်ိဳး ထင္သည္။ ခ်ဴခ်န္လည္း သေဘာမက်ေပ။ ၿပီးေတာ့ သူ...သူလည္းပဲ....သိပ္သေဘာမက်ဘူးရယ္။
ခ်ဴခ်န္နဲ႔ အတူေနရတာကို သူသေဘာက်သည္။ သူတို႔ႏွစ္ေယာက္ ဘာမွမဘာခင္ကေတာင္ ခ်ဴခ်န္ သူ႕ေ႐ွ႕မွာ ႐ွိ႐ုံ သူ႕နားမွာ ႐ွိ႐ုံနဲ႔ သူ႕ကို အမ်ားႀကီး စိတ္သက္သာရာရေစခဲ့တဲ့ဥစၥာ။
“ကြၽန္ေတာ္ပဲေျပာင္းလာလိုက္မယ္” က်ိခ်င္းက်ိဳး ေျပာလိုက္တယ္။
“ဟိုႏွင္းဆီပန္းေတြကို မလႊင့္ပစ္တဲ့ မ်က္ႏွာေထာက္ၿပီးေတာ့...”
ခ်ဴခ်န္က စိတ္ေအးသြားသလို သက္ျပင္းခ်ၿပီး သူ႕ကို ဆြဲဖက္၍ ႏႈတ္ခမ္းလႊာေတြေပၚ ဖိကပ္နမ္း႐ိႈက္လိုက္သည္။
“ကိုယ္ေလာဘႀကီးေနၿပီလို႔ထင္လား”
က်ိခ်င္းက်ိဳးက ျပဳံးကာျဖင့္-
“ဟင့္အင္း။ ခင္ဗ်ားက အသိုက္လြတ္ႀကီးလုပ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ တာဝန္ေက်ပြန္တဲ့သားေလးလုပ္မယ္”
စကားဆုံးသည္ႏွင့္ ခ်ဴခ်န္လည္တိုင္အား သိုင္းဖက္ကာ ျပန္နမ္းလိုက္သည္။
သူ႕စကားေၾကာင့္ ခ်ဴခ်န္ကသေဘာတက်ျဖစ္သြားၿပီး ျပဳံးျပဳံးႀကီးနဲ႔ ေပြ႕ဖက္ထားေလေတာ့သည္။
“မင္းလို တစ္ဦးတည္ေသာကေလးေလးကမွ သားသမီးဝတၱရားမေက်ပြန္ရင္ ဘယ္သူကလာေက်ပြန္ေပးမွာလဲ”
“မင္းျပန္လာတဲ့ေန႔က်ရင္ ႏွင္းဆီပန္းစည္းႀကီးေပးမယ္ေလေနာ္” ခ်ဴခ်န္က နားနားကပ္၍ တီးတိုးဆိုလာသည္။
က်ိခ်င္းက်ိဳးလည္း အဆင္ေျပတယ္ေတြးမိတယ္။တကယ္ဆို သူတို႔က ဆက္ဆံေရးအသစ္တစ္ခု အတည္ျပဳေတာ့မွာျဖစ္၍ ႏွင္းဆီပန္းေတြ ေျပာင္းေပးရမယ့္ အခ်ိန္ေရာက္ေနၿပီေလ ။
“ကြၽန္ေတာ္က ႏွင္းဆီျဖဴေတြလိုခ်င္တာ”
“အနီေတြရၿပီးေတာ့ ဒီတစ္ခါအျဖဴေရာင္ႏွင္းဆီပန္းေတြ လိုခ်င္တယ္။”
“ရေစရမယ္ဗ်ာ” ခ်ဴခ်န္ သူ႕ကို နမ္းလိုက္သည္။
“ေနာက္ဆို အျပာေရာင္ႏွင္းဆီပန္းေတြ၊ပန္းေရာင္ႏွင္းဆီပန္းေတြပါ႐ွိလာဦးမွာ”
“ဒါဆို အဝါေရာင္ႏွင္းဆီပန္းေတြေရာ႐ွိလာဦးမွာလားဟင္”
က်ိခ်င္းက်ိဳးက သိသိနဲ႔ေမးလိုက္တယ္။
ခ်ဴခ်န္က ေခါင္းယမ္း၏။
“ေဘဘီ...အဲ့ပန္းက မင္းနဲ႔မလိုက္ဖက္ဘူးဆိုတာသိရမယ္ေလကြာ”
“အြန္းပါ”
အဝါေရာင္ႏွင္းဆီပန္းေတြက - အေရာင္မွိန္သြားတဲ့အခ်စ္...ဒီပန္းက သူငယ္ခ်င္းဆက္ဆံေရးၾကားက ေကာင္းခ်ီးကို ကိုယ္စားျပဳတယ္ဆိုေပမယ့္ အခ်စ္မွာဆို ခြဲခြာျခင္းကို ကိုယ္စားျပဳျပန္တယ္။ ဒါေၾကာင့္ မရေလေကာင္းေလပင္ဟုက်ိခ်င္းက်ိဳးဘာသာေတြးလိုက္ေတာ့သည္။
ခ်ဴခ်န္ကေတာ့ ေနာက္တစ္ေန႔ေန႔လည္၌ ေလယာဥ္နဲ႔ ျပန္သြားခဲ့သည္။က်ိခ်င္းက်ိဳးမွာ တစ္ဖက္လူ ျမင္ကြင္းမွ ေပ်ာက္သည္အထိ လိုက္ၾကည့္ၿပီးမွ တြန္႔ဆုတ္ဆုတ္နဲ႔ ႐ိုက္ကူးေရးအဖြဲ႕ဆီျပန္လာကာ ဇာတ္ကားဆက္႐ိုက္ရသည္။
က်ိခ်င္းက်ိဳးေတာင္ သိပ္မေစာင့္လိုက္ရဘဲ ခုံးယန္က ႐ိုက္ကူးေရးအဖြဲ႕ဆီ ဝင္ေရာက္လာခဲ့သည္။သူက တေျဖာင့္တည္းသမားျဖစ္ၿပီး သေဘာထားလည္းျပည့္ကာ ဇာတ္ေကာင္ဟယ့္ဟြား ေပၚလည္း သူ႕ကိုယ္ပိုင္ အျမင္ေတြ႐ွိေလသည္။က်ိခ်င္းက်ိဳးတစ္ေယာက္ သူနဲ႔ တြဲသ႐ုပ္ေဆာင္ၿပီးေနာက္ သူ႕သ႐ုပ္ေဆာင္စြမ္းရည္က ဖန္ေယာင္႐ႊမ္းထက္ အမ်ားႀကီး ပိုေကာင္းမွန္းသိလိုက္ရေလေတာ့သည္။
********************************
စာေရးသူမွာေျပာစရာ႐ွိပါတယ္ :
ခ်ဴခ်န္ : က်ိဳးက်ိဳးထြက္သြားၿပီးတည္းက ငါဟာ အသိုက္မဲ့ေနတဲ့ လူအိုႀကီး တစ္ေယာက္ျဖစ္လာခဲ့တယ္...အိုက္ယား...
အသိုက္လြတ္ႀကီး : ????????? မင္းတို႔အားလုံးအိမ္ေတြကိုယ္စီသြားၾကမွေတာ့ က်န္ေနခဲ့တဲ့ အသိုက္လြတ္ႀကီးကိုပါ ၿဖိဳသြားခဲ့ၾက။ ဘယ္လူအိုႀကီးမွ ႐ွိမေနဘူး!
က်ိဳးက်ိဳး : ေခါင္းညိမ့္၍ 'အခ်စ္ အေရာင္းအဝယ္' သီခ်င္းသာကြၽန္ေတာ့္ပါး ဆီ ပို႔ေပးလိုက္ေတာ့
ခ်ဴခ်န္ : 'အိမ္ျပန္လာပါေတာ့' လို႔ ကိုယ္ အမိန္႔ေပးမိတိုင္း အဲ့သီခ်င္းပို႔လိုက္ေတာ့
က်ိဳးက်ိဳး : ေျပာင္းဖို႔ေတာ့ မလိုအပ္ေသးပါဘူး။ ဒါေပမယ့္ အိမ္ကိုျပန္ၿပီး တစ္ခ်က္ေလာက္ေလး သြားၾကည့္႐ုံပဲဆိုတဲ့သေဘာလား
[System ၏ လိႈ႕ေဆာ္ခ်က္ : ခ်ဴခ်န္က သီခ်င္းပိတ္ဖို႔ ေ႐ြးခ်ယ္သြားပါသည္။ ]
ဒီႏွစ္ေယာက္ေတာ့ မိုးႀကိဳးမေၾကာက္ဘာမေၾကာက္ 😂 အေဖနဲ႔သားလုပ္ေနတာ😂
#အသိုက္မဲ့ေနတဲ့လူအိုႀကီးလို႔ ပါးခ်ဴေျပာတာက E-trans မွာ မပါဘူးရယ္။ ကိုယ္ျပန္တဲ့ website မွာပါတာပါ။
#(¹ )ဒီအပိုဒ္ေလးလည္း E-trans မွာမပါပါဘူး။
# (°) ဒီအေၾကာင္းေလးလည္း E-trans နဲ႔မတူဘူး။ မယုံရင္ E-trans မွာ သြားဖတ္ၾကည့္ပါ။ ကိုယ္ကေတာ့ ကိုယ္ယူျပန္တဲ့ website အတိုင္းပဲ ျပန္ပါတယ္။ သူ႕မွာက စာေရးသူေျပာထားတဲ့စာပိုဒ္ေလးေတြလည္း ပါလို႔ပါ။
🔥မဟုတ္ရင္ အခုတေလာ တက္ေနတဲ့ ျပႆနာေတြထဲ ကိုယ္ပါသြားမွာ ေၾကာက္လို႔ပါ ကိုယ္လည္း တ႐ုတ္စာမတတ္ပါဘူး။ ဒါေပမယ့္ အဲ့ website ကို မနည္း႐ွာထားၿပီး Google translate နဲ႔ English လို႔ျပန္ၿပီး ျမန္မာလို႔ ထပ္ျပန္ထားတာပါ။ အခုလို မ႐ွင္းျပထားရင္ ကိုယ္ထည့္ခ်င္တဲ့ စာေတြလိုက္ထည့္ထားတယ္ ထင္ေနမွာေၾကာက္လို႔ပါ။ ကိုယ့္ဆီမွာ ပါးခ်ဴတို႔ အပုဒ္ကိုပဲ website ဆယ္ခုေက်ာ္ေလာက္႐ွိတယ္။ ဟိုေျပးဒီေျပးၾကည့္ၿပီး ျပန္တာပါ။ ဘာမွ ကိုယ့္ဘာသာမထည့္ထားပါဘူးေနာ္။
ႀကိဳဖတ္ထားတဲ့သူေတြလည္း ႐ွိမွာပဲေလ။ အဲ့က် ကိုယ့္ကို လာေမးဖို႔ကလည္း အားနာ စာကလည္း E-trans နဲ႔ မတူေနေတာ့ စိတ္ထဲ ခုေနၾကမွာစိုးလို႔ ေျပာျပတာပါ။ စိတ္ခ်လက္ခ် ဖတ္ၾကေနာ္ ဘယ္စာပိုဒ္မွ မျဖဳတ္ထားသလို ဘာမွ အပိုလည္း မထည့္ထားပါဘူး။
*********************************