ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{115}

6K 1K 68
By Greentealay-

Unicode



သူသည် ချူချန်အတွက် ခက်ခဲစေမည့်အရာတွေကို နည်းနည်းမှ မဖြစ်စေချင်သည့်အတွက်  မတ်တပ်ရပ်ဖို့ တောင်းဆိုလိုက်သည်။

သူဘက်မှ မည်သည့်စကားမှ ထပ်မဆိုလာသည့်အတွက် ချူချန်ကပင် ထပ်ပြောလိုက်သည်။

“ကျိုးကျိုး...မင်းအခက်အခဲကြုံနေရတာကို ကိုယ်လစ်လျူရှုပြီး မနေနိုင်ဘူး။အထူးသဖြင့် ဒီကိစ္စက ကိုယ့်အတွက် ဘာမှ ကြီးကြီးမားမားမဟုတ်ဘူးလေ။ကိုယ်တို့ လမ်းခွဲပြီးတည်းက မင်းအဆင်ပြေတယ် ကောင်းကောင်းမွန်မွန်လေးနေနေတယ်ဆိုတာ ကိုယ်လက်ခံနိုင်ပါတယ်။ဒါပေမယ့် မင်းကိုဆိုးကျိုးသက်ရောက်စေမဲ့  ပြဿနာတစ်ခုခုနဲ့ကြုံတိုင်း ကိုယ့်ကို ဝင်မစွက်ဖက်စေချင်တဲ့အပြင် ယွီအန်းယီကိုတောင် ရှာပြီး အကူအညီတောင်းဖို့တွေးလိုက်သေးတယ်။ ကိုယ့်ဆီတော့ မင်းရောက်မလာခဲ့ဘူး။ အဲ့ကိစ္စကို  ကိုယ်လက်မခံနိုင်ဖြစ်နေတယ်ဆိုတာသိရဲ့လား”

“ဒီကိစ္စနဲ့ပတ်သက်ပြီးသည်းခံဖို့ မင်းအတွက် အဆင်ပြေတယ်ဆိုပေမယ့် မင်းမဖြေရှင်းနိုင်ရင် မင်းရဲ့ သူငယ်ချင်း ကို အကူအညီတောင်းလို့ ရတယ်ဆိုပေမယ့် အန်းယွီက မင်း သူငယ်ချင်းမို့ မင်း သူ့ဆီသွား‌တယ်ဆိုပေမယ့် ဘာမှ လွဲမှားတာလည်း မရှိပေမယ့်  ကိုယ်ကလက်မခံနိုင်လို့ပါ။ အပြင်မှာ မင်းအနိုင်ကျင့်ခံရမှာကို ကိုယ် လက်မခံနိုင်လို့ မင်းပါးစပ်က ထွက်လာတဲ့ အဆိုးဆုံးအရာကြီးဆိုတာကို လက်မခံနိုင်လို့ပါကွာ။ မင်းကိုဆို ကိုယ်က ကာကွယ်ပေးချင်တယ် ပိုင်ဆိုင်ချင်စိတ်ပြင်းပြတယ် ။ မင်းက ကိုယ့်အပိုင်ပဲ။ မင်းနဲ့ ကိုယ် လမ်းခွဲပြီးပြီး မပြီးပြီး မင်းပြဿနာကြုံလာတာနဲ့ ဖြစ်နိုင်သလောက် ကိုယ့်ကိုဘဲ လာရှာစေချင်တဲ့အထိပဲ။တကယ်လို့ မင်း ကိုယ့်ဆီမလာခဲ့ရင်လည်း ကိုယ်ကိုယ်တိုင်မင်းဆီ အရောက်လာပေးမှာပါ”

“မင်းမှန်ပါတယ်။ မင်းဘဝမှာ ဘာတွေဘယ်လောက်ပဲ ကြုံခဲ့ရပါစေ ဒီအရာက မင်းဘဝမှာ အဆိုးဆုံးအရာဆိုတာလေ။မင်း ဒါကိုသာ ကျော်ဖြတ်နိုင်ရင် ဘာတစ်ခုမှ ကြောက်စရာမလိုတော့ဘူး။ဒါပေမယ့်...ဒီကိစ္စသာ ဖြေရှင်းနိုင်သွားရင် မင်းကိုယ့်ကို မလိုအပ်တော့ဘူးမလား? ဟင်”

ချူချန်သည် သူ့ကို ကြည့်၍ အလေးအနက်ထားပြောလိုက်၏။

“ကိုယ်လက်သင့်မခံနိုင်ဘူး။အဲ့လိုရလဒ်မျိုးကိုလည်း မခံယူနိုင်ဘူး”

အရင်ကဆို ကျိချင်းကျိုးကသူ့ပေါ် မှီခိုအားထားလေ့ရှိပြီး သူ့ပြဿနာတွေကို ကူပေးဖို့လည်း အရင်စပြောလေ့ရှိသည်။ကျိချင်းကျိုးနဲ့သူတို့ စာချုပ်သက်တမ်းကုန်ပြီး ကျိချင်းကျိုး အိမ်ကနေ ထွက်သွားသည့်နေ့တွင် ခွင့်မပြုနိုင်တာမျိုး ချူချန်စိတ်ထဲ မဖြစ်ပေါ်ခဲ့။ဘာလို့ဆို သူလက်လွတ်ပေးလိုက်ပြီး သူတို့ ဆက်ဆံရေး အဆုံးသတ်သွားရင်တောင် သူ့မှာ ပိုကောင်းမွန်သည့် အနာဂတ်လမ်းတွေ ရရှိ‌လာအောင်  ကူညီပေးနိုင်လိမ့်ဦးမည်ဆိုတာ သိနေလို့ပင်။

ကျိချင်းကျိုးက သူ့အိမ်ရှာတွေ့ပြီးဖြစ်၍ စိုးရိမ်စရာမလိုဘူးလို့ ပြောလာသည့်နေ့က ချူချန် စိတ်ဓာတ်ကျခဲ့ပေမယ့် လက်မခံနိုင်တာမရှိသေး။ဘာလို့ဆို ကျိချင်းကျိုးက သူ့ကို ဖုန်းပြောနေတုန်းဖြစ်ပြီး သူအရှည်ကြီး ပျံသန်းရဦးမယ်ဆိုတာကို ချူချန်သိနေသည်။သူက ကြံ့ခိုင်ပြတ်သားနေပေမယ့်တကယ်တော့  အသိုက်ထဲမှာ လုံခြုံစွာ ရှိနေသေးသည့် အပျံသင်စ ငှက်ပေါက်လေးအရွယ်ပင်ရှိသေးတယ်လေ။

နောက်ပိုင်း မြေအောက်ကားပါးကင်မှာ တွေ့ကြချိန် ကျိချင်းကျိုးက သူ့ကို လွှတ်ပေးဖို့ ပြောလာသည်။ ချူချန်မှာ ခံစားချက်အကုန် ချုပ်ထိန်းထားရသော်ငြား ဒါကိုလည်း ခံယူနိုင်ဆဲပင်။ အဲ့နေ့က နှင်းဆီ ပန်းတွေကို သူသိမ်းဖြစ်ခဲ့သည်။သူ့မသိတ်စိတ်က ကျိချင်းကျိုးပြန်လာလိမ့်မည်ဟု အမြဲခံစားနေရ၍ဖြစ်၏။

သို့တိုင် ဖန်ယောင်ရွှမ်း၏ မတော်တဆမှု ဖြစ်သည့်အချိန်မတိုင်ခင်ထိသာ...ကျိချင်းကျိုးက သူ့ကို ပြောလာသည်။
“ဒီကိစ္စကိုသာ ကျွန်တော် ဖြတ်ကျော်နိုင်ရင် ဘာမှ ကြောက်စရာမလိုတော့ဘူး” တဲ့...
ထိုအချိန်မှာတော့ ချူချန်တကယ်ကို အထိတ်တလန့်ဖြစ်လာမိ၏။သူတို့ရဲ့ အစပြုခြင်းက ကျိချင်းကျိုးလိုအပ်သော သူနှင့် သူ့ပိုက်ဆံပေါ် အခြေပြုထားခြင်းဖြစ်တယ်။သူတို့အတူရှိနေစဉ် တစ်လျှောက်လုံး ကျိချင်းကျိုးက သူ့ကို အားကိုးပြီး သူ့ကိစ္စတွေမှာလည်း ဝင်ဖြေရှင်းခိုင်းဖို့ ဆန္ဒရှိနေခြင်းဖြစ်၏။တစ်နေ့နေ့တစ်ချိန်ချိန်များ ကျိချင်းကျိုးက သူ့ကို မလိုအပ်တော့ဘဲ အားမကိုးချင်တော့ဘူးဆိုရင် သူဘာလုပ်ရတော့မလဲ? အဲ့အချိန်ကျရင် သူပိုင်တဲ့ကျိချင်းကျိုးကို ပြန်ရနိုင်ပါဦးမလား?

သူမှာ ကျိချင်းကျိုးကို ပြန်ရနိုင်တယ်ဆိုသည့် အတွေးက အမြဲစိုးမိုးထား၏။ထို့ကြောင့် သူ့အချစ်အကြောင်းနှင့် ဘဝဟုခေါ်တွင်လို့ရသည့် အကြောင်းတွေကို တွေးယူဖို့ အချိန်ရှိသေးသည်ဟု တွေးထင်ခဲ့သည်။သို့သော် ယခုအချိန်မှ သူ့မှာ အချိန်မရှိတော့ဘူးဆိုတာ ချူချန် သိလိုက်ရတယ်။

သူ့အတွေးတွေကို နားလည်လိုက်သည့် အချိန်ခဏလေးတွင်း အလောတကြီးနှင့် ကတိုက်ကရိုက်ဆန်စွာ သူပြန်ပိုင်ဆိုင်ချင်သည့် လူသားဆီ စိုးရိမ်တကြီး ပြေးရတော့သည်။သူ့အဖြစ်က ထွက်ခွာခါနီးမို့ တဂျုံးဂျုံးမြည်နေသည့် ရထားကြီးပေါ် အမှီလိုက်နေရသည့် ခရီးသွားတစ်ယောက်ကဲ့သို့ပင်။ရှူခင်းတွေရော တစ်ခြားလူတွေပါ  လမ်းတစ်လျှောက် တရိပ်ရိပ်ပြေးနေပေမယ့် တစ်ဖက်လူတစ်ယောက် အခုထိ အပျံမသင်ရသေးပါနဲ့ဆိုသည့် မျှော်လင့်ချက်တစ်ခုတည်းဖြင့်သာ ရှေ့တူရူဆီ ဆက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ကျိချင်းကျိုး ရင့်ကျက်နိုင်ပြီး ကိုယ်ပိုင်ကောင်ကင်ပြာကြီး ပိုင်ဆိုင်နိုင်ပေမယ့် အဲ့ဒါတွေအကုန်လုံး သူ့ဂရုစိုက်ပေးမှုနှင့် သူ့ကုမ္ပဏီ‌လက်အောက်မှာသာဖြစ်ရမည်။စိတ်လှုပ်ရှားမှု ဆုံးဖြတ်ချက်ပြတ်သားမှုတို့ကို အပြည့်အဝသယ်ဆောင်ထားပြီး နောက်ဆုံးစက္ကန့်လေး၌ အချစ်ရထားကြီးအား သူဖမ်းမိခဲ့ပါသည်။

ကျိချင်းကျိုးသည် သူ့စကားတွေကို နားထောင်ပြီးနောက် အတန်ကြာတိတ်ဆိတ်သွားပြီး ပြုံးသည်။

“ဟုတ်ပါပြီ”

တကယ်တော့ သူ ချူချန်ကို ဘာမှ များများစားစားပြန်မပေးနိုင်ခဲ့ဘူး။ချူချန်ကလည်း ဘာမှ ချို့တဲ့သူတစ်ယောက်မဟုတ်ပေ။ သူက ကောင်ကင်ဘုံရဲ့ နှစ်သက်ခြင်းခံရသူတစ်ယောက်ဖြစ်ဖို့ မွေးဖွားလာခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် သူပေးနိုင်တာအကုန်လုံးက  သူရဲ့ ရေမရောသည့် အချစ်စစ်နှင့် ယုံကြည်မှုအလုံးစုံကို အိတ်သွန်ဖာမှောက် ပေးလိုက်ခြင်းပင်။တကယ်လို့ ချူချန်သာ ဒီမှီခိုအားထားမှုနှင့် တွယ်တာမှုအား လိုချင်သည်ဆိုပါက ကျိချင်းကျိုးက ပေးဖို့ ဆန္ဒရှိနေပါ၏။တကယ်တော့ သူ့လွတ်လပ်မှုတွေ အကုန်လုံး ရှေ့ကလူသားဆီ ပေးအပ်ထားခဲ့ပြီးသားပင်။အခုသူ့ဆီ ထပ်ပေးခိုင်းလည်း ပေးနိုင်ပါတယ်။

“ကဲ ထလို့ရပြီနော်”

ချူချန် ရယ်ပြီး ဖြည်းညှင်းစွာ မတ်တပ်ထရပ်၍ သူ့ဘေးမှာ ထိုင်ချလိုက်သည်။ သူသည် ကျိချင်းကျိုးကိုကြည့်၍ ပြောစရာရှိသေးပေမယ့် တစ်ဖက်သား၏လည်တိုင်ဆီ အမှတ်တမဲ့ အကြည့်ရောက်သွားမိ၏။ ထိုမှသာ ပြောင်ရှင်းနေသည့် လည်တိုင်အား ချူချန် သတိပြုမိတော့သည်။သူ ခဏအကြာထိ အေးခဲသွားပြီး သူ့လည်တိုင်ဆီသူ ဆိတ်ငြိမ်စွာ ပြန်ငုံ့ကြည့်လိုက်တယ်။အကြောင်းပြချက်မဲ့သည့် ကြောက်ရွံ့မှု တစ်ချို့ဖြစ်တည်နေ၏။- ကျိချင်းကျိုးက တကယ်ပဲ သူ့ကို လက်လွှတ်ခဲ့ပြီလား...

သူ့မျက်လုံးတွေကို သတိထားမိသွားသည့် ကျိချင်းကျိုးက ငုံ့ကြည့်လိုက်ချိန် ရုတ်တရက်ကြီး သူ့မျက်နှာ ပြောင်းသွားရသည့် အကြောင်းကို ချက်ချင်းသဘောပေါက်သွားတယ်။

“အတွေးလွန်နေပြီရော”

သူကပြောလည်းပြော အိတ်ကပ်ထဲမှ ဆွဲကြိုးလေး ယူထုတ်လိုက်ကာ-

“လတ်တလောရိုက်ကူးရေးနဲ့ဆိုတော့ ဝတ်ထားလို့ အဆင်မပြေလို့ အိတ်ကပ်ထဲထည့်ထားတာလေ”

ချူချန်လည်း ထိုမှသာ စိတ်ဖြေလျော့စွာ သက်ပြင်းရှိုက်လိုက်ပြီး နေမထိထိုင်မထိဖြစ်နေသည့် ခန္ဓာကိုယ်ကြီးကလည်း သက်သောင့်သက်သာဖြစ်သွားကာ ကပ်ဆိုးကြီးထဲမှာ အသက်ရှင်ကျန်ရစ်သည့် ကံကောင်းသောလူသားတစ်ယောက်လို့တောင် ခံစားချက်တွေ ဖြစ်ပေါ်လာ၏။

“မင်းချွတ်လိုက်ပြီးထင်လို့...”

ကျိချင်းကျိုး၏အကြည့်တွေက သူ့လည်ပင်းထက်ရှိ ဆွဲကြိုးဆီရောက်လာပြီး ညင်သာစွာ စကားဆို၏။

“ခင်ဗျားမချွတ်မချင်းကျွန်တော်လည်း ချွတ်မှာမဟုတ်ဘူး”

“ဒါဆိုရင်တော့ မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးချွတ်ရတော့မှာမဟုတ်ဘူးနော်” ချူချန်က သဘောတကျရယ်၏။

ကျိချင်းကျိုး ပြုံးကာ ဆွဲကြိုး ပြန်ဝတ်နေရင်း နောက်ဆုံးထွက်သက်ထိ ထာဝရချစ်နိုင်ရင် သိပ်ကောင်းမှာပဲဟု အတွေးဝင်လာသည်။

ဒါပေမယ့် ချူချန်ကိုတော့ ဖွင့်မပြောဖြစ်ခဲ့။

“ခဏလောက် အိပ်ချင်လို့ဆို? သွားအိပ်ကြမယ်လေ။ကျွန်တော်လည်း နေ့လည်ဆို ရိုက်ကူးရေးရှိလို့။ ဖန်ယောင်ရွှမ်းပြဿနာဖြစ်သွားပေမယ့် ကျိုးကောက ဒါရိုက်တာကြီးကို တောင်းဆိုပြီး ရိုက်ကူးရေးဆက်ရိုက်ပေးဖို့ ပြောထားတယ်တဲ့”

ချူချန် သဘောတူလိုက်၏။ပြီးမှ ခုနသူမေးချင်ခဲ့သော မေးခွန်းကို သတိရသွားကာ-

“ဒါနဲ့ ဓားက ဘယ်ကရတာလဲ? မင်းတို့ ဘယ်နေရာမှာ စကားစများကြတာမို့လဲ”

“ဟိုတံခါးနားမှာလေ”

ကျိချင်းကျိုးက သူ့ကို လျှို့ဝှက်မနေပါ။

“ဓားက ကျွန်တော့် အိတ်ကပ်ထဲမှာထည့်ထားတာ။အဲ့တိုင်း ဓားကိုသယ်သွားရတာ အကျင့်ကြီးလိုဖြစ်နေလို့။ဒါပေမယ့် စိတ်မပူပါနဲ့ ဓားကသေးသေးလေးပါ။ကျွန်တော့် အိတ်ကပ်ထဲမှာ ထည့်လို့ရတဲ့ ဆိုဒ်သေးလေး။တကယ်လို့ အဲ့အချိန်က ဖန်ယောင်ရွှမ်း ကျွန်တော့်ကို ဖိအားမပေးလာရင် ဓားကို ထုတ်သုံးဖြစ်မှာ မဟုတ်ဘူး။ကျွန်တော်မှာလည်း ကိုယ့်အတိုင်းအဆနဲ့ကိုယ် ရှိတယ်လေ”

အခုတော့ ချူချန် လန့်ရမည့် အလှည့်ပင်။ သူဖြင့် ကျိချင်းကျိုးနဲ့ တစ်နှစ်လုံးသာ အတူရှိခဲ့တယ် ကျိချင်းကျိုးမှာ ဒီလိုအကျင့်မျိုးရှိသေးကြောင်း တစ်ခါမှ မသိခဲ့ဘူး။

“အဲ့ဒါကို....ကိုယ်တို့ အတူနေကြတုန်းကလည်း မင်းနဲ့အမြဲဆောင်ထားတာပဲလား”

“တစ်ခါတစ်လေတော့ ဆောင်ထားပေမယ့် တစ်ခါတစ်လေကျလည်း မဆောင်ဖြစ်ဘူး”

ကျိချင်းကျိုး ဖြေလိုက်သည်။

“ခင်ဗျားနဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်းတော့ အမြဲဆောင်ထားဖြစ်တယ်”

ချူချန်နဲ့ အတူရှိသည့် အချိန်တွေမှာဆို ချူချန်ရဲ့ နောက်ခံရော အရမ်းအင်အားကြီးတာကို ရော သိနေသောကြောင့် အချိန်အများစုမှာ စိတ်လွတ်ကိုယ်လွတ်ခံစားရပြီး မယူဖြစ်တဲ့ အခါတွေရှိသည်။ဒါပေမယ့် ချူချန်ဆီက ခွဲထွက်လာပြီးနောက် တစ်ယောက်တည်းရှိသည့်အချိန် အိတ်ကပ်ထဲ ဓားဆောင်ထားတတ်သည့် အကျင့်ကပြန်ဖြစ်လာသည်။ သူကလေးဘဝတည်းက အဲ့လိုဆောင်ထားတာဖြစ်သည်။ မတတ်သာတဲ့ အခြေအနေတစ်ခုရောက်လာခဲ့ရင် ထွက်ပေါက်ရအောင် ဖြစ်၏။

“ဒီတိုင်းပဲ အိပ်ကပ်ထဲထည့်ထားတာလား”

ကျိချင်းကျိုးက ခေါင်းတစ်ချက်ညိမ့်ကာ-

“အဲ့လိုဆို လိုတဲ့အချိန် ထုတ်သုံးရလွယ်တယ်လေ”

သူအတော်လေး စေ့စေ့စပ်စပ်ဖြစ်နေသည်ဟု ချူချန်ခံစားရသဖြင့်-

“မင်းမှာ ဒီလိုအကျင့်မျိုးရှိသေးကြောင်း ကိုယ်မသိခဲ့ဘူး”

ကျိချင်းကျိုးက အတော်ကြာစဉ်းစားသွားပြီး ဖြေးဖြေးချင်းပြန်ပြောလာသည်။

“ခင်ဗျားသိတဲ့အတိုင်း ကျွန်တော်က မားနဲ့ ကြီးပြင်းခဲ့ရတာလေ။ကျွန်တော်မိဘတွေ ကွာရှင်းကြတုန်းကဆို ကျွန်တော်က အထက်တန်းပထမနှစ်ဂျူနီယာလေးပဲရှိသေးတယ်။ကျွန်တော်မှာ ကောလည်း မရှိဘူး ။ ကျဲကျဲလည်း မရှိဘူး ။ ကျွန်တော့်ပါးက ကွာရှင်းပြီးတာနဲ့ အိမ်ကထွက်သွားတာ။ ကျွန်တော်ကလည်း ကလေးပဲဆိုတော့ မားနဲ့ကျွန်တော်ပဲ ရှိခဲ့တယ်။ အစတုန်းက ဘာမှ မကွာခြားသွားလောက်ပါဘူးလို့ ကျွန်တော် ထင်ခဲ့သေးတယ်။ဒါပေမယ့် နောက်မှ ကွာခြားချက်လေးတစ်ခုရှိကြောင်း ကျွန်တော် တဖြည်းဖြည်း နားလည်လာရတယ်။ အရင်ကဆို ကျွန်တော်ရဲ့ အခက်အခဲတွေကို မားကို ဖွင့်ပြောလေ့ရှိခဲ့ပေမယ့် နောက်ပိုင်း ထပ်မပြောပြဖြစ်တော့ဘူး။ဘာလို့ဆို မားအရမ်းခက်ခဲပင်ပန်းနေမယ်လို့ ကျွန်တော်ထင်တယ်။တစ်ခြားသူမှာ ပါးတွေ၊ကောကောတွေ၊ကျဲကျဲတွေရှိကြတယ်။ သူတို့ ဒေါသထွက်တဲ့အချိန် သူတို့ဘက်မှာရပ်တည်ပေးပြီး ကာကွယ်ပေးမဲ့လူတွေ အများကြီးရှိကြတယ်။ဒါပေမယ့် ကျွန်တော့်မှာ တစ်ယောက်မှ မရှိဘူး။ အဲ့ဒါကြောင့်မို့ ကျွန်တော့်ကို ကျွန်တော်ကာကွယ်ထားတာ”

“ကျွန်တော်အရင်က လက်ဝှေ့သင်တန်းတောင်တက်ဖူးတယ်ဆိုတာယုံလား”

ချူချန်‌က‌ခေါင်းယမ်းရင်း-
“မပြောတတ်ဘူး”

“ကလေးလေးတုန်းကသင်ဖူးတာပါ။အရမ်းလွယ်တယ်သိလား။ကျွန်တော်တို့ဆရာကလေ အရင်ဆုံး မိနစ်နှစ်ဆယ်ပြေးခိုင်းတာ။ကျွန်တော်ဆို အပြေးလေ့ကျင့်ပြီးတိုင်း ငါသာ မြန်မြန်ပြေးနိုင်ရင် ဘယ်သူမှ ငါ့ကို မရိုက်နိုင်တော့ဘူးဆိုပြီး တွေးတာ” ကျိချင်းကျိုးက သဘောတကျ ရယ်သွမ်းသွေးသည်။

ချူချန်လည်း လိုက်ရယ်၏။

“အဲ့တာ အမှန်ပဲလေနော့”

“အဲ့တုန်းက ကျောင်းသားပဲရှိသေးတယ်ဆိုတော့ စာမှစာပဲလုပ်ရတာ။ကျွန်တော်တို့ကျောင်းက တအားတင်းကြပ်တယ်။တစ်ခါတစ်လေဆို စနေနေ့တိုင်း သင်တန်းသွားတက်ဖြစ်တယ်။ဒါပေမယ့် ကျွန်တော် နေ့တိုင်း စာရွက်တွေအများကြီး ရေးရသေးတယ်‌လေ။ ပြီးတော့  အိမ်မှာလည်း စနေနေ့ဆို မားနဲ့နေချင်သေးတယ်။အဲ့ဒါကြောင့် တစ်ခြားအရာတွေပေါ်မှာ အချိန်မဖြုန်းနိုင်ခဲ့ဘူး။ လက်ဝှေ့သင်တန်းဆိုလည်း ရက်နည်းနည်းလောက်တက်ပြီး လက်လွှတ်လိုက်ရတယ်”

“နောက်ပိုင်း ကျွန်တော့် အတန်းဖော်နဲ့ အပြင်ထွက်လည်တော့ သူက ဓားတွေစုဆောင်းရတာ သဘောကျတယ်။သူသဘောကျတာမြင်တာနဲ့ ဝယ်စုထားတာ။အဲ့ဒါနဲ့ ကျွန်တော်လည်း တစ်ခုလောက်ဝယ်သင့်တယ်ဆိုပြီး တွေးလိုက်တာ။ဒါပေမယ့် သုံးလေ့မရှိပါဘူး။အိတ်ကပ်ထဲထည့်ထားရုံပဲထည့်ထားတာ။တကယ်လို့ ကျွန်တော့်ကို အနိုင်ကျင့်ချင်တဲ့လူနဲ့တွေ့ပြီး သူ့ကိုပြန်မချနိုင်ဘူးဆိုရင် အနည်းဆုံးတော့ ကျွန်တော့်မှာ တစ်ခုခုရှိနေသေးတယ်။မဟုတ်ဘဲတစ်ဖက်လူက အသေဆော်ချင်နေတာဆို ကျွန်တော် ဘာလုပ်ရတော့မလဲ? ကျွန်တော့်မှာ မားရှိသေးတယ်။ ကျွန်တော်သေသွားရင် မားတစ်ယောက်တည်းပဲ ကျန်ခဲ့မှာ”

ကျိချင်းကျိုးသည် စကားဆုံးသည်နှင့် ချူချန်ဆီ တိတ်တိတ်လေးလှမ်းကြည့်၏။

“ဆိုတော့ ကိုယ်နဲ့ အိမ်လိုက်လာတဲ့နေ့တည်းက အိတ်ကပ်ထဲ ဓားထည့်ထားခဲ့တာလား? ကြည့်ရတာ မင်း ကိုယ့်ကို ဆန့်ကျင့်ဖို့ ဓားမဆွဲထုတ်ခဲ့ဘူးဆိုတော့ ကိုယ်တော်တော် ကံကောင်းနေလို့ဖြစ်ရမယ်”

ကျိချင်းကျိုး ခေါင်းယမ်းလိုက်ကာ-

“အဲ့နေ့တုန်းကမရှိပါဘူး”

အဲ့တုန်းက ကူးပြောင်းခါစဖြစ်၍ ဓားဝယ်ဖို့ အချိန်မရှိခဲ့။ချူချန်နဲ့အတူနေပြီး အတော်ကြာမှသာ ဝယ်ဖြစ်ခဲ့တာဖြစ်သည်။ သူ့ဘဝ၂၂နှစ်တာကာလလုံး ဓားကို အသုံးမပြုဖြစ်ခဲ့ဘူးဆိုတာတော့ ချူချန်ကို မပြောပြလိုက်ပါ ။

သူ အသုံးပြုရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့သည့် ဒီဓားအား အံ့ဩဖို့ကောင်းစွာ ထုတ်သုံးဖြစ်ခဲ့၏။

“ကျွန်တော်တကယ်ကြီး မသုံးချင်ခဲ့ပါဘူး”

ကျိချင်းကျိုးက နှစ်ကိုယ်ကြားရုံ တီးတိုးလေးရွတ်နေ၏။

“ဖန်ယောင်ရွှမ်းဆိုရင်တောင် ကျွန်တော် မသုံးချင်ခဲ့ဘူး။ သူမှာ အမြဲ မကောင်းတဲ့ အပြုအမူတွေ ရှိရင်တောင်မှ ကျွန်တော် ထုတ်မသုံးချင်ခဲ့ဘူး။”

သူကစကားပြောနေရင်း ခေါင်းပါ မသိမသာလေး နိမ့်ကျသွား၏။

ချူချန်သည် ထိုလူသားအား လက်မောင်းတွေထဲ ဆွဲသွင်းကာ နှစ်သိမ့်ပေးလိုက်သည်။

“ကိုယ်သိတယ် ။ မင်းမတတ်သာလို့သာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ထုတ်သုံးခဲ့တာ ကိုယ်သိပါတယ်။ ဘာမှမဖြစ်ဘူးနော်”

ကျိချင်းကျိုး ဝမ်းနည်းမိ၏။ ချူချန်ကိုယ်ပေါ် မှီထားရင်း စိတ်ထဲ ခါးသက်နေသည်။ သူ ဖန်ယောင်ရွှမ်းကို မုန်းပေမယ့် နာကျင်စေမယ့် အတွေးမျိုး တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဖန်ယောင်ရွှမ်းကို လက်သီးနဲ့ ထိုးခဲ့တဲ့ အခေါက်ကလည်း ဖန်ယောင်ရွှမ်းကအရင် လက်သီးဆုပ်ကြီးမြှောက်ပြီး သူ့ကို ထိုးဖို့ ရွယ်ထားလို့ဖြစ်သည်။အခုလည်း ဖန်ယောင်ရွှမ်းကြောင့်ပဲ သူမလုပ်ချင်တဲ့ အရာကို လုပ်ခဲ့ရသည်။

အကယ်၍ သူအဲ့နေ့က တံခါးမဖွင့်ပေးဖြစ်ခဲ့ရင် သိပ်ကောင်းမည်ဟု ကျိချင်းကျိုး တွေးမိ၏။ အကယ်၍ သူသာ ဖန်ယောင်ရွှမ်းကို ရန်စပြီး အသုံးချရုံသက်သက်ပဲလို့ မပြောခဲ့ရင် ဖန်ယောင်ရွှမ်းလည်း အရက်သောက်လာပြီး သူ့ကို ရန်စကာ ဒီလိုအရာတွေ လုပ်လာလိမ့်မည်မဟုတ်ပေ။ ဒါပေမယ့် ဒီလောကကြီးမှာ အကယ်၍ ဆိုတာ မှမရှိဘဲ။ထို့ကြောင့် သူ့ခံစားချက်တွေကို စုစည်းပြီး ရှေ့သို့ပဲ ဆက်လျှောက်လှမ်းရမည်ဖြစ်သည်။

“ ပြောကြည့် နောက်ဆို ကျွန်တော်ဓားသယ်သွားသင့်တယ်လို့ ခင်ဗျားထင်လား”  သူ ချူချန်ကို မေးလိုက်တယ်။

ဒီမတော်တဆမှုက သူ့ပေါ် ဘယ်လောက်တောင် အကျိုးသက်ရောက်နေလဲ ချူချန်သာသိတယ်။ သူက အပြင်ပန်းသာ တည်ငြိမ်တယ်ထင်ရပေမယ့် စိတ်ထဲမှာတော့ တည်ငြိမ်မှု ကင်းမဲ့နေဆဲပင်။ ပြီးတော့ သူ့ကို ဒီလို အရာမျိုး ထပ်မကြုံစေချင်ပေ။ဒါပေမယ့် ဒီ ကိစ္စမျိုးကြုံလာခဲ့ရင် သူ့မှာ ခုခံနိုင်စွမ်းမရှိမှာကို ပိုကြောက်မိပါသည်။

ကျိချင်းကျိုးမှာ ဒီအကျင့်သာ မရှိခဲ့ရင် ဖန်ယောင်ရွှမ်း အောင်မြင်သွားခဲ့ရင် သူကို ဘာတွေဖြစ်သွားစေမလဲ ချူချန် တွေးတောင်မတွေးကြည့်နိုင်ဘူး။ ဖြစ်နိုင်ခြေတွေကို တွေးကြည့်ရုံနဲ့ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး နှလုံးသားထဲမှာလည်း ကြောက်ရွံ့မှုတို့ ကြီးစိုးနေ၏။

“ကိုယ် တစ်ခြားပစ္စည်းပေးမယ်”

သူပြောလိုက်တယ် ။

“မင်းက သွေးအေးတတ်တဲ့သူမျိုးမဟုတ်တော့ ဒီလိုကိစ္စမျိုး ထပ်ဖြစ်လာရင် ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး။ဒါပေမယ့် မင်းကို စိတ်သက်သာစေမဲ့ အရာကိုလည်း လိုအပ်သေးတယ်လေ။အဲ့တော့ ကိုယ် မင်းကို တစ်ခြားပစ္စည်းပေးမယ်။ဒါကြောင့် ဓားပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ် မင်းနဲ့ မသယ်သွားရတော့ဘူးနော်”

“ဘာလဲဟင်” ကျိချင်းကျိုး သိချင်သွားတယ်။

ချူချန်ကပြုံးရွှင်စွာဖြင့်-

“ကိုယ် ပေးရင် သိလာမှာပေါ့ကွာ ။ စိတ်သာချ ဒီဟာထက်သုံးရလွယ်တယ်”

သူက လျှို့ဝှက်ထားချင်သေးသည်ထင်၏။

“အင်းပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့လုံးဝအနိုင်ကျင့်ခံမှာမဟုတ်ဘူးနော်”

“ဘယ်သူက မင်းကိုအနိုင်ကျင့်ရဲမှာလဲဗျာ။ မင်းအပြုအမူကြောင့် ဖန်ယောင်ရွှမ်းမပြောနဲ့ ကိုယ်ပါ ထိတ်လန့်သွားရတာ”

ထိုသတင်းကြားရချိန်က ခံစားချက်တွေကို တွေးမိလာတိုင်း ချူချန်မှာ ထိတ်လန့်ရဆဲ။လိမ္မာပြီးချစ်ဖို့ကောင်းသည့် သိုးပေါက်လေးတစ်ကောင်ကို ပျိုးထောင်ခဲ့ရတယ်လို့ ထင်ခဲ့ပေမယ့် ဆိတ်ပေါက်လေး‌ဖြစ်နေလိမ့်မည်ဟု ဘယ်သူထင်ထားမှာတဲ့လဲ။ တပ်မခေါက်နိုင်တော့သည်နှင့် ချိုနဲ့လိုက်ထိုးတတ်သည့် ဆိတ်ပေါက်လေး။

ကျိချင်းကျိုးက သူ့ကိုကြည့်၍ ရယ်ပြီး နူးညံ့စွာဆိုသည်။

“ခင်ဗျား...”

သူကပြောလာသည်။

“ခင်ဗျားကတော့ ကျွန်တော့်ကို အဲ့လိုမျိုး အနိုင်ကျင့်လို့ရတယ်”

သူထိုသို့ပြောလာမည်ဟု မမျှော်လင့်ထားသည့် ချူချန်ရဲ့ရင်ထဲ ချိုမြိန်မှုတို့ ရောပွမ်းလာခဲ့လျက်။

“မကျင့်ရက်ပါဘူးကွာ”

သူက ကျိချင်းကျိုးကိုကြည့်၍ နှာဖူးလေးကို အနမ်းခြွေလိုက်၏။

“မင်းက ကိုယ်အချစ်ရဆုံးလူသားလေးပါ”

ထိုစာကြောင်းလေးကြားသည်နှင့် ကျိချင်းကျိုးက သူ့ကိုမော့ကြည့်၍ ခပ်ပါးပါးလေး ပြုံးပြလာခဲ့ပါသည်။

###

အ!မယ်!လေး!ရှင်!!!!! 😂

ဘာမှမပြောတော့ဘူး♥️

/ငါဘာလို့ ဘဲမရှိတာလဲလို့ အားးးးးးးးးးးးးးးးးးးး/ စိတ်ထဲကအော်တာနော်😂

ခဏလေး ထပ်ပြောဦးမယ် ပါးချူက ဘာပေးမှာလဲ မသိဘူးနော် သူတို့လင်လင်နှစ်ယောက်ကို oc ရတာတောင် ကြောက်လာပြီ😂

ဖတ်ပြီး Vote၊ comment တွေပေးသွားသည့် ကိုယ့် အားဆေးလေးတွေအကုန်လုံးကို သိပ်ချစ်ပါတယ်နော်

Good night ✨

သီချင်းထဲက မင်းသားကို ကိုယ်အရမ်းသဘောကျတာ ဘစိနှစ်ယောက်က ပေးစားထားရလို့ မocပေမယ့် သီချင်းထဲက မင်းသားလည်း မင်းသမီးနဲ့ရိုက်ရော အသည်းတွေကွဲတာဆိုတာ အဲ့တာ ကိုယ် သူ့နာမည်လည်း မသိဘူး သူ့ကားလည်း မသိဘူးနော် (အဟမ်း မြင်မြင်ချင်းချစ်သွားတာ😂)

#################🌻


Zawgyi



သူသည္ ခ်ဴခ်န္အတြက္ ခက္ခဲေစမည့္အရာေတြကို နည္းနည္းမွ မျဖစ္ေစခ်င္သည့္အတြက္  မတ္တပ္ရပ္ဖို႔ ေတာင္းဆိုလိုက္သည္။

သူဘက္မွ မည္သည့္စကားမွ ထပ္မဆိုလာသည့္အတြက္ ခ်ဴခ်န္ကပင္ ထပ္ေျပာလိုက္သည္။

“က်ိဳးက်ိဳး...မင္းအခက္အခဲၾကဳံေနရတာကို ကိုယ္လစ္လ်ဴ႐ႈၿပီး မေနႏိုင္ဘူး။အထူးသျဖင့္ ဒီကိစၥက ကိုယ့္အတြက္ ဘာမွ ႀကီးႀကီးမားမားမဟုတ္ဘူးေလ။ကိုယ္တို႔ လမ္းခြဲၿပီးတည္းက မင္းအဆင္ေျပတယ္ ေကာင္းေကာင္းမြန္မြန္ေလးေနေနတယ္ဆိုတာ ကိုယ္လက္ခံႏိုင္ပါတယ္။ဒါေပမယ့္ မင္းကိုဆိုးက်ိဳးသက္ေရာက္ေစမဲ့  ျပႆနာတစ္ခုခုနဲ႔ၾကဳံတိုင္း ကိုယ့္ကို ဝင္မစြက္ဖက္ေစခ်င္တဲ့အျပင္ ယြီအန္းယီကိုေတာင္ ႐ွာၿပီး အကူအညီေတာင္းဖို႔ေတြးလိုက္ေသးတယ္။ ကိုယ့္ဆီေတာ့ မင္းေရာက္မလာခဲ့ဘူး။ အဲ့ကိစၥကို  ကိုယ္လက္မခံႏိုင္ျဖစ္ေနတယ္ဆိုတာသိရဲ႕လား”

“ဒီကိစၥနဲ႔ပတ္သက္ၿပီးသည္းခံဖို႔ မင္းအတြက္ အဆင္ေျပတယ္ဆိုေပမယ့္ မင္းမေျဖ႐ွင္းႏိုင္ရင္ မင္းရဲ႕ သူငယ္ခ်င္း ကို အကူအညီေတာင္းလို႔ ရတယ္ဆိုေပမယ့္ အန္းယြီက မင္း သူငယ္ခ်င္းမို႔ မင္း သူ႕ဆီသြား‌တယ္ဆိုေပမယ့္ ဘာမွ လြဲမွားတာလည္း မ႐ွိေပမယ့္  ကိုယ္ကလက္မခံႏိုင္လို႔ပါ။ အျပင္မွာ မင္းအႏိုင္က်င့္ခံရမွာကို ကိုယ္ လက္မခံႏိုင္လို႔ မင္းပါးစပ္က ထြက္လာတဲ့ အဆိုးဆုံးအရာႀကီးဆိုတာကို လက္မခံႏိုင္လို႔ပါကြာ။ မင္းကိုဆို ကိုယ္က ကာကြယ္ေပးခ်င္တယ္ ပိုင္ဆိုင္ခ်င္စိတ္ျပင္းျပတယ္ ။ မင္းက ကိုယ့္အပိုင္ပဲ။ မင္းနဲ႔ ကိုယ္ လမ္းခြဲၿပီးၿပီး မၿပီးၿပီး မင္းျပႆနာၾကဳံလာတာနဲ႔ ျဖစ္ႏိုင္သေလာက္ ကိုယ့္ကိုဘဲ လာ႐ွာေစခ်င္တဲ့အထိပဲ။တကယ္လို႔ မင္း ကိုယ့္ဆီမလာခဲ့ရင္လည္း ကိုယ္ကိုယ္တိုင္မင္းဆီ အေရာက္လာေပးမွာပါ”

“မင္းမွန္ပါတယ္။ မင္းဘဝမွာ ဘာေတြဘယ္ေလာက္ပဲ ၾကဳံခဲ့ရပါေစ ဒီအရာက မင္းဘဝမွာ အဆိုးဆုံးအရာဆိုတာေလ။မင္း ဒါကိုသာ ေက်ာ္ျဖတ္ႏိုင္ရင္ ဘာတစ္ခုမွ ေၾကာက္စရာမလိုေတာ့ဘူး။ဒါေပမယ့္...ဒီကိစၥသာ ေျဖ႐ွင္းႏိုင္သြားရင္ မင္းကိုယ့္ကို မလိုအပ္ေတာ့ဘူးမလား? ဟင္”

ခ်ဴခ်န္သည္ သူ႕ကို ၾကည့္၍ အေလးအနက္ထားေျပာလိုက္၏။

“ကိုယ္လက္သင့္မခံႏိုင္ဘူး။အဲ့လိုရလဒ္မ်ိဳးကိုလည္း မခံယူႏိုင္ဘူး”

အရင္ကဆို က်ိခ်င္းက်ိဳးကသူ႕ေပၚ မွီခိုအားထားေလ့႐ွိၿပီး သူ႕ျပႆနာေတြကို ကူေပးဖို႔လည္း အရင္စေျပာေလ့႐ွိသည္။က်ိခ်င္းက်ိဳးနဲ႔သူတို႔ စာခ်ဳပ္သက္တမ္းကုန္ၿပီး က်ိခ်င္းက်ိဳး အိမ္ကေန ထြက္သြားသည့္ေန႔တြင္ ခြင့္မျပဳႏိုင္တာမ်ိဳး ခ်ဴခ်န္စိတ္ထဲ မျဖစ္ေပၚခဲ့။ဘာလို႔ဆို သူလက္လြတ္ေပးလိုက္ၿပီး သူတို႔ ဆက္ဆံေရး အဆုံးသတ္သြားရင္ေတာင္ သူ႕မွာ ပိုေကာင္းမြန္သည့္ အနာဂတ္လမ္းေတြ ရ႐ွိ‌လာေအာင္  ကူညီေပးႏိုင္လိမ့္ဦးမည္ဆိုတာ သိေနလို႔ပင္။

က်ိခ်င္းက်ိဳးက သူ႕အိမ္႐ွာေတြ႕ၿပီးျဖစ္၍ စိုးရိမ္စရာမလိုဘူးလို႔ ေျပာလာသည့္ေန႔က ခ်ဴခ်န္ စိတ္ဓာတ္က်ခဲ့ေပမယ့္ လက္မခံႏိုင္တာမ႐ွိေသး။ဘာလို႔ဆို က်ိခ်င္းက်ိဳးက သူ႕ကို ဖုန္းေျပာေနတုန္းျဖစ္ၿပီး သူအ႐ွည္ႀကီး ပ်ံသန္းရဦးမယ္ဆိုတာကို ခ်ဴခ်န္သိေနသည္။သူက ၾကံ့ခိုင္ျပတ္သားေနေပမယ့္တကယ္ေတာ့  အသိုက္ထဲမွာ လုံျခဳံစြာ ႐ွိေနေသးသည့္ အပ်ံသင္စ ငွက္ေပါက္ေလးအ႐ြယ္ပင္႐ွိေသးတယ္ေလ။

ေနာက္ပိုင္း ေျမေအာက္ကားပါးကင္မွာ ေတြ႕ၾကခ်ိန္ က်ိခ်င္းက်ိဳးက သူ႕ကို လႊတ္ေပးဖို႔ ေျပာလာသည္။ ခ်ဴခ်န္မွာ ခံစားခ်က္အကုန္ ခ်ဳပ္ထိန္းထားရေသာ္ျငား ဒါကိုလည္း ခံယူႏိုင္ဆဲပင္။ အဲ့ေန႔က ႏွင္းဆီ ပန္းေတြကို သူသိမ္းျဖစ္ခဲ့သည္။သူ႕မသိတ္စိတ္က က်ိခ်င္းက်ိဳးျပန္လာလိမ့္မည္ဟု အၿမဲခံစားေနရ၍ျဖစ္၏။

သို႔တိုင္ ဖန္ေယာင္႐ႊမ္း၏ မေတာ္တဆမႈ ျဖစ္သည့္အခ်ိန္မတိုင္ခင္ထိသာ...က်ိခ်င္းက်ိဳးက သူ႕ကို ေျပာလာသည္။
“ဒီကိစၥကိုသာ ကြၽန္ေတာ္ ျဖတ္ေက်ာ္ႏိုင္ရင္ ဘာမွ ေၾကာက္စရာမလိုေတာ့ဘူး” တဲ့...
ထိုအခ်ိန္မွာေတာ့ ခ်ဴခ်န္တကယ္ကို အထိတ္တလန္႔ျဖစ္လာမိ၏။သူတို႔ရဲ႕ အစျပဳျခင္းက က်ိခ်င္းက်ိဳးလိုအပ္ေသာ သူႏွင့္ သူ႕ပိုက္ဆံေပၚ အေျချပဳထားျခင္းျဖစ္တယ္။သူတို႔အတူ႐ွိေနစဥ္ တစ္ေလွ်ာက္လုံး က်ိခ်င္းက်ိဳးက သူ႕ကို အားကိုးၿပီး သူ႕ကိစၥေတြမွာလည္း ဝင္ေျဖ႐ွင္းခိုင္းဖို႔ ဆႏၵ႐ွိေနျခင္းျဖစ္၏။တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မ်ား က်ိခ်င္းက်ိဳးက သူ႕ကို မလိုအပ္ေတာ့ဘဲ အားမကိုးခ်င္ေတာ့ဘူးဆိုရင္ သူဘာလုပ္ရေတာ့မလဲ? အဲ့အခ်ိန္က်ရင္ သူပိုင္တဲ့က်ိခ်င္းက်ိဳးကို ျပန္ရႏိုင္ပါဦးမလား?

သူမွာ က်ိခ်င္းက်ိဳးကို ျပန္ရႏိုင္တယ္ဆိုသည့္ အေတြးက အၿမဲစိုးမိုးထား၏။ထို႔ေၾကာင့္ သူ႕အခ်စ္အေၾကာင္းႏွင့္ ဘဝဟုေခၚတြင္လို႔ရသည့္ အေၾကာင္းေတြကို ေတြးယူဖို႔ အခ်ိန္႐ွိေသးသည္ဟု ေတြးထင္ခဲ့သည္။သို႔ေသာ္ ယခုအခ်ိန္မွ သူ႕မွာ အခ်ိန္မ႐ွိေတာ့ဘူးဆိုတာ ခ်ဴခ်န္ သိလိုက္ရတယ္။

သူ႕အေတြးေတြကို နားလည္လိုက္သည့္ အခ်ိန္ခဏေလးတြင္း အေလာတႀကီးႏွင့္ ကတိုက္က႐ိုက္ဆန္စြာ သူျပန္ပိုင္ဆိုင္ခ်င္သည့္ လူသားဆီ စိုးရိမ္တႀကီး ေျပးရေတာ့သည္။သူ႕အျဖစ္က ထြက္ခြာခါနီးမို႔ တဂ်ံဳးဂ်ံဳးျမည္ေနသည့္ ရထားႀကီးေပၚ အမွီလိုက္ေနရသည့္ ခရီးသြားတစ္ေယာက္ကဲ့သို႔ပင္။႐ွဴခင္းေတြေရာ တစ္ျခားလူေတြပါ  လမ္းတစ္ေလွ်ာက္ တရိပ္ရိပ္ေျပးေနေပမယ့္ တစ္ဖက္လူတစ္ေယာက္ အခုထိ အပ်ံမသင္ရေသးပါနဲ႔ဆိုသည့္ ေမွ်ာ္လင့္ခ်က္တစ္ခုတည္းျဖင့္သာ ေ႐ွ႕တူ႐ူဆီ ဆက္ေျပးလာခဲ့ျခင္းျဖစ္သည္။

က်ိခ်င္းက်ိဳး ရင့္က်က္ႏိုင္ၿပီး ကိုယ္ပိုင္ေကာင္ကင္ျပာႀကီး ပိုင္ဆိုင္ႏိုင္ေပမယ့္ အဲ့ဒါေတြအကုန္လုံး သူ႕ဂ႐ုစိုက္ေပးမႈႏွင့္ သူ႕ကုမၸဏီ‌လက္ေအာက္မွာသာျဖစ္ရမည္။စိတ္လႈပ္႐ွားမႈ ဆုံးျဖတ္ခ်က္ျပတ္သားမႈတို႔ကို အျပည့္အဝသယ္ေဆာင္ထားၿပီး ေနာက္ဆုံးစကၠန္႔ေလး၌ အခ်စ္ရထားႀကီးအား သူဖမ္းမိခဲ့ပါသည္။

က်ိခ်င္းက်ိဳးသည္ သူ႕စကားေတြကို နားေထာင္ၿပီးေနာက္ အတန္ၾကာတိတ္ဆိတ္သြားၿပီး ျပဳံးသည္။

“ဟုတ္ပါၿပီ”

တကယ္ေတာ့ သူ ခ်ဴခ်န္ကို ဘာမွ မ်ားမ်ားစားစားျပန္မေပးႏိုင္ခဲ့ဘူး။ခ်ဴခ်န္ကလည္း ဘာမွ ခ်ိဳ႕တဲ့သူတစ္ေယာက္မဟုတ္ေပ။ သူက ေကာင္ကင္ဘုံရဲ႕ ႏွစ္သက္ျခင္းခံရသူတစ္ေယာက္ျဖစ္ဖို႔ ေမြးဖြားလာခဲ့ျခင္းျဖစ္သည္။  ထို႔ေၾကာင့္ သူေပးႏိုင္တာအကုန္လုံးက  သူရဲ႕ ေရမေရာသည့္ အခ်စ္စစ္ႏွင့္ ယုံၾကည္မႈအလုံးစုံကို အိတ္သြန္ဖာေမွာက္ ေပးလိုက္ျခင္းပင္။တကယ္လို႔ ခ်ဴခ်န္သာ ဒီမွီခိုအားထားမႈႏွင့္ တြယ္တာမႈအား လိုခ်င္သည္ဆိုပါက က်ိခ်င္းက်ိဳးက ေပးဖို႔ ဆႏၵ႐ွိေနပါ၏။တကယ္ေတာ့ သူ႕လြတ္လပ္မႈေတြ အကုန္လုံး ေ႐ွ႕ကလူသားဆီ ေပးအပ္ထားခဲ့ၿပီးသားပင္။အခုသူ႕ဆီ ထပ္ေပးခိုင္းလည္း ေပးႏိုင္ပါတယ္။

“ကဲ ထလို႔ရၿပီေနာ္”

ခ်ဴခ်န္ ရယ္ၿပီး ျဖည္းညႇင္းစြာ မတ္တပ္ထရပ္၍ သူ႕ေဘးမွာ ထိုင္ခ်လိုက္သည္။ သူသည္ က်ိခ်င္းက်ိဳးကိုၾကည့္၍ ေျပာစရာ႐ွိေသးေပမယ့္ တစ္ဖက္သား၏လည္တိုင္ဆီ အမွတ္တမဲ့ အၾကည့္ေရာက္သြားမိ၏။ ထိုမွသာ ေျပာင္႐ွင္းေနသည့္ လည္တိုင္အား ခ်ဴခ်န္ သတိျပဳမိေတာ့သည္။သူ ခဏအၾကာထိ ေအးခဲသြားၿပီး သူ႕လည္တိုင္ဆီသူ ဆိတ္ၿငိမ္စြာ ျပန္ငုံ႔ၾကည့္လိုက္တယ္။အေၾကာင္းျပခ်က္မဲ့သည့္ ေၾကာက္႐ြံ႕မႈ တစ္ခ်ိဳ႕ျဖစ္တည္ေန၏။- က်ိခ်င္းက်ိဳးက တကယ္ပဲ သူ႕ကို လက္လႊတ္ခဲ့ၿပီလား...

သူ႕မ်က္လုံးေတြကို သတိထားမိသြားသည့္ က်ိခ်င္းက်ိဳးက ငုံ႔ၾကည့္လိုက္ခ်ိန္ ႐ုတ္တရက္ႀကီး သူ႕မ်က္ႏွာ ေျပာင္းသြားရသည့္ အေၾကာင္းကို ခ်က္ခ်င္းသေဘာေပါက္သြားတယ္။

“အေတြးလြန္ေနၿပီေရာ”

သူကေျပာလည္းေျပာ အိတ္ကပ္ထဲမွ ဆြဲႀကိဳးေလး ယူထုတ္လိုက္ကာ-

“လတ္တေလာ႐ိုက္ကူးေရးနဲ႔ဆိုေတာ့ ဝတ္ထားလို႔ အဆင္မေျပလို႔ အိတ္ကပ္ထဲထည့္ထားတာေလ”

ခ်ဴခ်န္လည္း ထိုမွသာ စိတ္ေျဖေလ်ာ့စြာ သက္ျပင္း႐ိႈက္လိုက္ၿပီး ေနမထိထိုင္မထိျဖစ္ေနသည့္ ခႏၶာကိုယ္ႀကီးကလည္း သက္ေသာင့္သက္သာျဖစ္သြားကာ ကပ္ဆိုးႀကီးထဲမွာ အသက္႐ွင္က်န္ရစ္သည့္ ကံေကာင္းေသာလူသားတစ္ေယာက္လို႔ေတာင္ ခံစားခ်က္ေတြ ျဖစ္ေပၚလာ၏။

“မင္းခြၽတ္လိုက္ၿပီးထင္လို႔...”

က်ိခ်င္းက်ိဳး၏အၾကည့္ေတြက သူ႕လည္ပင္းထက္႐ွိ ဆြဲႀကိဳးဆီေရာက္လာၿပီး ညင္သာစြာ စကားဆို၏။

“ခင္ဗ်ားမခြၽတ္မခ်င္းကြၽန္ေတာ္လည္း ခြၽတ္မွာမဟုတ္ဘူး”

“ဒါဆိုရင္ေတာ့ မင္းရဲ႕ က်န္တဲ့ဘဝတစ္ေလွ်ာက္လုံးခြၽတ္ရေတာ့မွာမဟုတ္ဘူးေနာ္” ခ်ဴခ်န္က သေဘာတက်ရယ္၏။

က်ိခ်င္းက်ိဳး ျပဳံးကာ ဆြဲႀကိဳး ျပန္ဝတ္ေနရင္း ေနာက္ဆုံးထြက္သက္ထိ ထာဝရခ်စ္ႏိုင္ရင္ သိပ္ေကာင္းမွာပဲဟု အေတြးဝင္လာသည္။

ဒါေပမယ့္ ခ်ဴခ်န္ကိုေတာ့ ဖြင့္မေျပာျဖစ္ခဲ့။

“ခဏေလာက္ အိပ္ခ်င္လို႔ဆို? သြားအိပ္ၾကမယ္ေလ။ကြၽန္ေတာ္လည္း ေန႔လည္ဆို ႐ိုက္ကူးေရး႐ွိလို႔။ ဖန္ေယာင္႐ႊမ္းျပႆနာျဖစ္သြားေပမယ့္ က်ိဳးေကာက ဒါ႐ိုက္တာႀကီးကို ေတာင္းဆိုၿပီး ႐ိုက္ကူးေရးဆက္႐ိုက္ေပးဖို႔ ေျပာထားတယ္တဲ့”

ခ်ဴခ်န္ သေဘာတူလိုက္၏။ၿပီးမွ ခုနသူေမးခ်င္ခဲ့ေသာ ေမးခြန္းကို သတိရသြားကာ-

“ဒါနဲ႔ ဓားက ဘယ္ကရတာလဲ? မင္းတို႔ ဘယ္ေနရာမွာ စကားစမ်ားၾကတာမို႔လဲ”

“ဟိုတံခါးနားမွာေလ”

က်ိခ်င္းက်ိဳးက သူ႕ကို လွ်ိဳ႕ဝွက္မေနပါ။

“ဓားက ကြၽန္ေတာ့္ အိတ္ကပ္ထဲမွာထည့္ထားတာ။အဲ့တိုင္း ဓားကိုသယ္သြားရတာ အက်င့္ႀကီးလိုျဖစ္ေနလို႔။ဒါေပမယ့္ စိတ္မပူပါနဲ႔ ဓားကေသးေသးေလးပါ။ကြၽန္ေတာ့္ အိတ္ကပ္ထဲမွာ ထည့္လို႔ရတဲ့ ဆိုဒ္ေသးေလး။တကယ္လို႔ အဲ့အခ်ိန္က ဖန္ေယာင္႐ႊမ္း ကြၽန္ေတာ့္ကို ဖိအားမေပးလာရင္ ဓားကို ထုတ္သုံးျဖစ္မွာ မဟုတ္ဘူး။ကြၽန္ေတာ္မွာလည္း ကိုယ့္အတိုင္းအဆနဲ႔ကိုယ္ ႐ွိတယ္ေလ”

အခုေတာ့ ခ်ဴခ်န္ လန္႔ရမည့္ အလွည့္ပင္။ သူျဖင့္ က်ိခ်င္းက်ိဳးနဲ႔ တစ္ႏွစ္လုံးသာ အတူ႐ွိခဲ့တယ္ က်ိခ်င္းက်ိဳးမွာ ဒီလိုအက်င့္မ်ိဳး႐ွိေသးေၾကာင္း တစ္ခါမွ မသိခဲ့ဘူး။

“အဲ့ဒါကို....ကိုယ္တို႔ အတူေနၾကတုန္းကလည္း မင္းနဲ႔အၿမဲေဆာင္ထားတာပဲလား”

“တစ္ခါတစ္ေလေတာ့ ေဆာင္ထားေပမယ့္ တစ္ခါတစ္ေလက်လည္း မေဆာင္ျဖစ္ဘူး”

က်ိခ်င္းက်ိဳး ေျဖလိုက္သည္။

“ခင္ဗ်ားနဲ႔ လမ္းခြဲၿပီးတဲ့ ေနာက္ပိုင္းေတာ့ အၿမဲေဆာင္ထားျဖစ္တယ္”

ခ်ဴခ်န္နဲ႔ အတူ႐ွိသည့္ အခ်ိန္ေတြမွာဆို ခ်ဴခ်န္ရဲ႕ ေနာက္ခံေရာ အရမ္းအင္အားႀကီးတာကို ေရာ သိေနေသာေၾကာင့္ အခ်ိန္အမ်ားစုမွာ စိတ္လြတ္ကိုယ္လြတ္ခံစားရၿပီး မယူျဖစ္တဲ့ အခါေတြ႐ွိသည္။ဒါေပမယ့္ ခ်ဴခ်န္ဆီက ခြဲထြက္လာၿပီးေနာက္ တစ္ေယာက္တည္း႐ွိသည့္အခ်ိန္ အိတ္ကပ္ထဲ ဓားေဆာင္ထားတတ္သည့္ အက်င့္ကျပန္ျဖစ္လာသည္။ သူကေလးဘဝတည္းက အဲ့လိုေဆာင္ထားတာျဖစ္သည္။ မတတ္သာတဲ့ အေျခအေနတစ္ခုေရာက္လာခဲ့ရင္ ထြက္ေပါက္ရေအာင္ ျဖစ္၏။

“ဒီတိုင္းပဲ အိပ္ကပ္ထဲထည့္ထားတာလား”

က်ိခ်င္းက်ိဳးက ေခါင္းတစ္ခ်က္ညိမ့္ကာ-

“အဲ့လိုဆို လိုတဲ့အခ်ိန္ ထုတ္သုံးရလြယ္တယ္ေလ”

သူအေတာ္ေလး ေစ့ေစ့စပ္စပ္ျဖစ္ေနသည္ဟု ခ်ဴခ်န္ခံစားရသျဖင့္-

“မင္းမွာ ဒီလိုအက်င့္မ်ိဳး႐ွိေသးေၾကာင္း ကိုယ္မသိခဲ့ဘူး”

က်ိခ်င္းက်ိဳးက အေတာ္ၾကာစဥ္းစားသြားၿပီး ေျဖးေျဖးခ်င္းျပန္ေျပာလာသည္။

“ခင္ဗ်ားသိတဲ့အတိုင္း ကြၽန္ေတာ္က မားနဲ႔ ႀကီးျပင္းခဲ့ရတာေလ။ကြၽန္ေတာ္မိဘေတြ ကြာ႐ွင္းၾကတုန္းကဆို ကြၽန္ေတာ္က အထက္တန္းပထမႏွစ္ဂ်ဴနီယာေလးပဲ႐ွိေသးတယ္။ကြၽန္ေတာ္မွာ ေကာလည္း မ႐ွိဘူး ။ က်ဲက်ဲလည္း မ႐ွိဘူး ။ ကြၽန္ေတာ့္ပါးက ကြာ႐ွင္းၿပီးတာနဲ႔ အိမ္ကထြက္သြားတာ။ ကြၽန္ေတာ္ကလည္း ကေလးပဲဆိုေတာ့ မားနဲ႔ကြၽန္ေတာ္ပဲ ႐ွိခဲ့တယ္။ အစတုန္းက ဘာမွ မကြာျခားသြားေလာက္ပါဘူးလို႔ ကြၽန္ေတာ္ ထင္ခဲ့ေသးတယ္။ဒါေပမယ့္ ေနာက္မွ ကြာျခားခ်က္ေလးတစ္ခု႐ွိေၾကာင္း ကြၽန္ေတာ္ တျဖည္းျဖည္း နားလည္လာရတယ္။ အရင္ကဆို ကြၽန္ေတာ္ရဲ႕ အခက္အခဲေတြကို မားကို ဖြင့္ေျပာေလ့႐ွိခဲ့ေပမယ့္ ေနာက္ပိုင္း ထပ္မေျပာျပျဖစ္ေတာ့ဘူး။ဘာလို႔ဆို မားအရမ္းခက္ခဲပင္ပန္းေနမယ္လို႔ ကြၽန္ေတာ္ထင္တယ္။တစ္ျခားသူမွာ ပါးေတြ၊ေကာေကာေတြ၊က်ဲက်ဲေတြ႐ွိၾကတယ္။ သူတို႔ ေဒါသထြက္တဲ့အခ်ိန္ သူတို႔ဘက္မွာရပ္တည္ေပးၿပီး ကာကြယ္ေပးမဲ့လူေတြ အမ်ားႀကီး႐ွိၾကတယ္။ဒါေပမယ့္ ကြၽန္ေတာ့္မွာ တစ္ေယာက္မွ မ႐ွိဘူး။ အဲ့ဒါေၾကာင့္မို႔ ကြၽန္ေတာ့္ကို ကြၽန္ေတာ္ကာကြယ္ထားတာ”

“ကြၽန္ေတာ္အရင္က လက္ေဝွ႔သင္တန္းေတာင္တက္ဖူးတယ္ဆိုတာယုံလား”

ခ်ဴခ်န္‌က‌ေခါင္းယမ္းရင္း-
“မေျပာတတ္ဘူး”

“ကေလးေလးတုန္းကသင္ဖူးတာပါ။အရမ္းလြယ္တယ္သိလား။ကြၽန္ေတာ္တို႔ဆရာကေလ အရင္ဆုံး မိနစ္ႏွစ္ဆယ္ေျပးခိုင္းတာ။ကြၽန္ေတာ္ဆို အေျပးေလ့က်င့္ၿပီးတိုင္း ငါသာ ျမန္ျမန္ေျပးႏိုင္ရင္ ဘယ္သူမွ ငါ့ကို မ႐ိုက္ႏိုင္ေတာ့ဘူးဆိုၿပီး ေတြးတာ” က်ိခ်င္းက်ိဳးက သေဘာတက် ရယ္သြမ္းေသြးသည္။

ခ်ဴခ်န္လည္း လိုက္ရယ္၏။

“အဲ့တာ အမွန္ပဲေလေနာ့”

“အဲ့တုန္းက ေက်ာင္းသားပဲ႐ွိေသးတယ္ဆိုေတာ့ စာမွစာပဲလုပ္ရတာ။ကြၽန္ေတာ္တို႔ေက်ာင္းက တအားတင္းၾကပ္တယ္။တစ္ခါတစ္ေလဆို စေနေန႔တိုင္း သင္တန္းသြားတက္ျဖစ္တယ္။ဒါေပမယ့္ ကြၽန္ေတာ္ ေန႔တိုင္း စာ႐ြက္ေတြအမ်ားႀကီး ေရးရေသးတယ္‌ေလ။ ၿပီးေတာ့  အိမ္မွာလည္း စေနေန႔ဆို မားနဲ႔ေနခ်င္ေသးတယ္။အဲ့ဒါေၾကာင့္ တစ္ျခားအရာေတြေပၚမွာ အခ်ိန္မျဖဳန္းႏိုင္ခဲ့ဘူး။ လက္ေဝွ႔သင္တန္းဆိုလည္း ရက္နည္းနည္းေလာက္တက္ၿပီး လက္လႊတ္လိုက္ရတယ္”

“ေနာက္ပိုင္း ကြၽန္ေတာ့္ အတန္းေဖာ္နဲ႔ အျပင္ထြက္လည္ေတာ့ သူက ဓားေတြစုေဆာင္းရတာ သေဘာက်တယ္။သူသေဘာက်တာျမင္တာနဲ႔ ဝယ္စုထားတာ။အဲ့ဒါနဲ႔ ကြၽန္ေတာ္လည္း တစ္ခုေလာက္ဝယ္သင့္တယ္ဆိုၿပီး ေတြးလိုက္တာ။ဒါေပမယ့္ သုံးေလ့မ႐ွိပါဘူး။အိတ္ကပ္ထဲထည့္ထား႐ုံပဲထည့္ထားတာ။တကယ္လို႔ ကြၽန္ေတာ့္ကို အႏိုင္က်င့္ခ်င္တဲ့လူနဲ႔ေတြ႕ၿပီး သူ႕ကိုျပန္မခ်ႏိုင္ဘူးဆိုရင္ အနည္းဆုံးေတာ့ ကြၽန္ေတာ့္မွာ တစ္ခုခု႐ွိေနေသးတယ္။မဟုတ္ဘဲတစ္ဖက္လူက အေသေဆာ္ခ်င္ေနတာဆို ကြၽန္ေတာ္ ဘာလုပ္ရေတာ့မလဲ? ကြၽန္ေတာ့္မွာ မား႐ွိေသးတယ္။ ကြၽန္ေတာ္ေသသြားရင္ မားတစ္ေယာက္တည္းပဲ က်န္ခဲ့မွာ”

က်ိခ်င္းက်ိဳးသည္ စကားဆုံးသည္ႏွင့္ ခ်ဴခ်န္ဆီ တိတ္တိတ္ေလးလွမ္းၾကည့္၏။

“ဆိုေတာ့ ကိုယ္နဲ႔ အိမ္လိုက္လာတဲ့ေန႔တည္းက အိတ္ကပ္ထဲ ဓားထည့္ထားခဲ့တာလား? ၾကည့္ရတာ မင္း ကိုယ့္ကို ဆန္႔က်င့္ဖို႔ ဓားမဆြဲထုတ္ခဲ့ဘူးဆိုေတာ့ ကိုယ္ေတာ္ေတာ္ ကံေကာင္းေနလို႔ျဖစ္ရမယ္”

က်ိခ်င္းက်ိဳး ေခါင္းယမ္းလိုက္ကာ-

“အဲ့ေန႔တုန္းကမ႐ွိပါဘူး”

အဲ့တုန္းက ကူးေျပာင္းခါစျဖစ္၍ ဓားဝယ္ဖို႔ အခ်ိန္မ႐ွိခဲ့။ခ်ဴခ်န္နဲ႔အတူေနၿပီး အေတာ္ၾကာမွသာ ဝယ္ျဖစ္ခဲ့တာျဖစ္သည္။ သူ႕ဘဝ၂၂ႏွစ္တာကာလလုံး ဓားကို အသုံးမျပဳျဖစ္ခဲ့ဘူးဆိုတာေတာ့ ခ်ဴခ်န္ကို မေျပာျပလိုက္ပါ ။

သူ အသုံးျပဳရလိမ့္မည္ဟု ဘယ္တုန္းကမွ မထင္ထားခဲ့သည့္ ဒီဓားအား အံ့ဩဖို႔ေကာင္းစြာ ထုတ္သုံးျဖစ္ခဲ့၏။

“ကြၽန္ေတာ္တကယ္ႀကီး မသုံးခ်င္ခဲ့ပါဘူး”

က်ိခ်င္းက်ိဳးက ႏွစ္ကိုယ္ၾကား႐ုံ တီးတိုးေလး႐ြတ္ေန၏။

“ဖန္ေယာင္႐ႊမ္းဆိုရင္ေတာင္ ကြၽန္ေတာ္ မသုံးခ်င္ခဲ့ဘူး။ သူမွာ အၿမဲ မေကာင္းတဲ့ အျပဳအမူေတြ ႐ွိရင္ေတာင္မွ ကြၽန္ေတာ္ ထုတ္မသုံးခ်င္ခဲ့ဘူး။”

သူကစကားေျပာေနရင္း ေခါင္းပါ မသိမသာေလး နိမ့္က်သြား၏။

ခ်ဴခ်န္သည္ ထိုလူသားအား လက္ေမာင္းေတြထဲ ဆြဲသြင္းကာ ႏွစ္သိမ့္ေပးလိုက္သည္။

“ကိုယ္သိတယ္ ။ မင္းမတတ္သာလို႔သာ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔ ထုတ္သုံးခဲ့တာ ကိုယ္သိပါတယ္။ ဘာမွမျဖစ္ဘူးေနာ္”

က်ိခ်င္းက်ိဳး ဝမ္းနည္းမိ၏။ ခ်ဴခ်န္ကိုယ္ေပၚ မွီထားရင္း စိတ္ထဲ ခါးသက္ေနသည္။ သူ ဖန္ေယာင္႐ႊမ္းကို မုန္းေပမယ့္ နာက်င္ေစမယ့္ အေတြးမ်ိဳး တစ္ခါမွ မေတြးခဲ့ဖူးဘူး။ ဖန္ေယာင္႐ႊမ္းကို လက္သီးနဲ႔ ထိုးခဲ့တဲ့ အေခါက္ကလည္း ဖန္ေယာင္႐ႊမ္းကအရင္ လက္သီးဆုပ္ႀကီးေျမႇာက္ၿပီး သူ႕ကို ထိုးဖို႔ ႐ြယ္ထားလို႔ျဖစ္သည္။အခုလည္း ဖန္ေယာင္႐ႊမ္းေၾကာင့္ပဲ သူမလုပ္ခ်င္တဲ့ အရာကို လုပ္ခဲ့ရသည္။

အကယ္၍ သူအဲ့ေန႔က တံခါးမဖြင့္ေပးျဖစ္ခဲ့ရင္ သိပ္ေကာင္းမည္ဟု က်ိခ်င္းက်ိဳး ေတြးမိ၏။ အကယ္၍ သူသာ ဖန္ေယာင္႐ႊမ္းကို ရန္စၿပီး အသုံးခ်႐ုံသက္သက္ပဲလို႔ မေျပာခဲ့ရင္ ဖန္ေယာင္႐ႊမ္းလည္း အရက္ေသာက္လာၿပီး သူ႕ကို ရန္စကာ ဒီလိုအရာေတြ လုပ္လာလိမ့္မည္မဟုတ္ေပ။ ဒါေပမယ့္ ဒီေလာကႀကီးမွာ အကယ္၍ ဆိုတာ မွမ႐ွိဘဲ။ထို႔ေၾကာင့္ သူ႕ခံစားခ်က္ေတြကို စုစည္းၿပီး ေ႐ွ႕သို႔ပဲ ဆက္ေလွ်ာက္လွမ္းရမည္ျဖစ္သည္။

“ ေျပာၾကည့္ ေနာက္ဆို ကြၽန္ေတာ္ဓားသယ္သြားသင့္တယ္လို႔ ခင္ဗ်ားထင္လား”  သူ ခ်ဴခ်န္ကို ေမးလိုက္တယ္။

ဒီမေတာ္တဆမႈက သူ႕ေပၚ ဘယ္ေလာက္ေတာင္ အက်ိဳးသက္ေရာက္ေနလဲ ခ်ဴခ်န္သာသိတယ္။ သူက အျပင္ပန္းသာ တည္ၿငိမ္တယ္ထင္ရေပမယ့္ စိတ္ထဲမွာေတာ့ တည္ၿငိမ္မႈ ကင္းမဲ့ေနဆဲပင္။ ၿပီးေတာ့ သူ႕ကို ဒီလို အရာမ်ိဳး ထပ္မၾကဳံေစခ်င္ေပ။ဒါေပမယ့္ ဒီ ကိစၥမ်ိဳးၾကဳံလာခဲ့ရင္ သူ႕မွာ ခုခံႏိုင္စြမ္းမ႐ွိမွာကို ပိုေၾကာက္မိပါသည္။

က်ိခ်င္းက်ိဳးမွာ ဒီအက်င့္သာ မ႐ွိခဲ့ရင္ ဖန္ေယာင္႐ႊမ္း ေအာင္ျမင္သြားခဲ့ရင္ သူကို ဘာေတြျဖစ္သြားေစမလဲ ခ်ဴခ်န္ ေတြးေတာင္မေတြးၾကည့္ႏိုင္ဘူး။ ျဖစ္ႏိုင္ေျခေတြကို ေတြးၾကည့္႐ုံနဲ႔ သူ႕တစ္ကိုယ္လုံး တုန္ရီေနၿပီး ႏွလုံးသားထဲမွာလည္း ေၾကာက္႐ြံ႕မႈတို႔ ႀကီးစိုးေန၏။

“ကိုယ္ တစ္ျခားပစၥည္းေပးမယ္”

သူေျပာလိုက္တယ္ ။

“မင္းက ေသြးေအးတတ္တဲ့သူမ်ိဳးမဟုတ္ေတာ့ ဒီလိုကိစၥမ်ိဳး ထပ္ျဖစ္လာရင္ ခံႏိုင္ရည္႐ွိမွာ မဟုတ္ေလာက္ဘူး။ဒါေပမယ့္ မင္းကို စိတ္သက္သာေစမဲ့ အရာကိုလည္း လိုအပ္ေသးတယ္ေလ။အဲ့ေတာ့ ကိုယ္ မင္းကို တစ္ျခားပစၥည္းေပးမယ္။ဒါေၾကာင့္ ဓားပဲျဖစ္ျဖစ္ဘာျဖစ္ျဖစ္ မင္းနဲ႔ မသယ္သြားရေတာ့ဘူးေနာ္”

“ဘာလဲဟင္” က်ိခ်င္းက်ိဳး သိခ်င္သြားတယ္။

ခ်ဴခ်န္ကျပဳံး႐ႊင္စြာျဖင့္-

“ကိုယ္ ေပးရင္ သိလာမွာေပါ့ကြာ ။ စိတ္သာခ် ဒီဟာထက္သုံးရလြယ္တယ္”

သူက လွ်ိဳ႕ဝွက္ထားခ်င္ေသးသည္ထင္၏။

“အင္းပါ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့လုံးဝအႏိုင္က်င့္ခံမွာမဟုတ္ဘူးေနာ္”

“ဘယ္သူက မင္းကိုအႏိုင္က်င့္ရဲမွာလဲဗ်ာ။ မင္းအျပဳအမူေၾကာင့္ ဖန္ေယာင္႐ႊမ္းမေျပာနဲ႔ ကိုယ္ပါ ထိတ္လန္႔သြားရတာ”

ထိုသတင္းၾကားရခ်ိန္က ခံစားခ်က္ေတြကို ေတြးမိလာတိုင္း ခ်ဴခ်န္မွာ ထိတ္လန္႔ရဆဲ။လိမၼာၿပီးခ်စ္ဖို႔ေကာင္းသည့္ သိုးေပါက္ေလးတစ္ေကာင္ကို ပ်ိဳးေထာင္ခဲ့ရတယ္လို႔ ထင္ခဲ့ေပမယ့္ ဆိတ္ေပါက္ေလး‌ျဖစ္ေနလိမ့္မည္ဟု ဘယ္သူထင္ထားမွာတဲ့လဲ။ တပ္မေခါက္ႏိုင္ေတာ့သည္ႏွင့္ ခ်ိဳနဲ႔လိုက္ထိုးတတ္သည့္ ဆိတ္ေပါက္ေလး။

က်ိခ်င္းက်ိဳးက သူ႕ကိုၾကည့္၍ ရယ္ၿပီး ႏူးညံ့စြာဆိုသည္။

“ခင္ဗ်ား...”

သူကေျပာလာသည္။

“ခင္ဗ်ားကေတာ့ ကြၽန္ေတာ့္ကို အဲ့လိုမ်ိဳး အႏိုင္က်င့္လို႔ရတယ္”

သူထိုသို႔ေျပာလာမည္ဟု မေမွ်ာ္လင့္ထားသည့္ ခ်ဴခ်န္ရဲ႕ရင္ထဲ ခ်ိဳၿမိန္မႈတို႔ ေရာပြမ္းလာခဲ့လ်က္။

“မက်င့္ရက္ပါဘူးကြာ”

သူက က်ိခ်င္းက်ိဳးကိုၾကည့္၍ ႏွာဖူးေလးကို အနမ္းေႁခြလိုက္၏။

“မင္းက ကိုယ္အခ်စ္ရဆုံးလူသားေလးပါ”

ထိုစာေၾကာင္းေလးၾကားသည္ႏွင့္ က်ိခ်င္းက်ိဳးက သူ႕ကိုေမာ့ၾကည့္၍ ခပ္ပါးပါးေလး ျပဳံးျပလာခဲ့ပါသည္။

###

အ!မယ္!ေလး!႐ွင္!!!!! 😂

ဘာမွမေျပာေတာ့ဘူး♥️

/ငါဘာလို႔ ဘဲမ႐ွိတာလဲလို႔ အားးးးးးးးးးးးးးးးးးးး/ စိတ္ထဲကေအာ္တာေနာ္😂

ခဏေလး ထပ္ေျပာဦးမယ္ ပါးခ်ဴက ဘာေပးမွာလဲ မသိဘူးေနာ္ သူတို႔လင္လင္ႏွစ္ေယာက္ကို oc ရတာေတာင္ ေၾကာက္လာၿပီ😂

ဖတ္ၿပီး Vote၊ comment ေတြေပးသြားသည့္ ကိုယ့္ အားေဆးေလးေတြအကုန္လုံးကို သိပ္ခ်စ္ပါတယ္ေနာ္

Good night ✨

#################🌻

Continue Reading

You'll Also Like

1.2M 50.2K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.1M 24.5K 39
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
558K 56.2K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...