ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...
By Greentealay-
1M 153K 7.6K
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More
{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}
{110}
5.2K 947 85
By Greentealay-
Unicode
ကျိချင်းကျိုးသည် သူ့ဗိုက်အောက်ပိုင်းနားကိုကြည့်၍ အခွင့်အရေးကို လက်လွတ်မခံဘဲ လော့ခ်ချထားသည့် တံခါးဆီပြေး၍ မြန်မြန်ဖွင့်ပြီး ထွက်ပြေးလာခဲ့သည်။သူ ကျိုးချန်ဖုန်းရဲ့ အခန်းဆီ ပြေးသွားပြီး ပြင်းပြင်းထန်ထန်တံခါးခေါက်လိုက်သည်။
ကျိုးချန်ဖုန်းက‌ဖုန်းပြောနေချိန် တံခါးခေါက်သံကြားသဖြင့် ထိုနေရာဆီ သွားပြီး ဖွင့်လိုက်ချိန် သွေးမရှိသောမျက်နှာဖြင့် တံခါးရှေ့မှာ ရပ်နေသည့် ကျိချင်းကျိုးအားတွေ့လိုက်ရလေသည်။
ဘာဖြစ်တာလဲဟု သူမမေးရခင် ကျိချင်းကျိုးက အကုန်ပြောလာခဲ့သည်။
“ကျွန်တော် ဖန်ယောင်ရွှမ်းကို ဓားနဲ့ထိုးခဲ့မိတယ်။ကျွန်တော်တို့ ရန်ဖြစ်ကြရင်း သူ့ကို ဓားနဲ့ထိုးခဲ့တာ။သိပ်နက်လောက်မှာ မဟုတ်ဘူး။သူအခု ကျွန်တော့် အခန်းထဲမှာ ‌ရှိတာမို့ သွားကြည့်ပေးနိုင်မလား။ကျွန်တော် 120 ကို ဖုန်းဆက်လိုက်မယ်”
သူက အရမ်းတည်ငြိမ်လွန်းစွာပြောနေပေမယ့် အသံကတော့ ကြောက်လန့်မှုတို့ ရောယှက်နေခဲ့သည် ။
“ချူချန်ကို မပြောလိုက်ပါနဲ့နော်။လုံးဝမပြောလိုက်ပါနဲ့။ခင်ဗျားပြောလိုက်ရင် ကျွန်တော် နောက်အေးဂျင့်ပြောင်းလိုက်မှာ”
ကျိုးချန်ဖုန်းသည် သူ့စကားလေးနှစ်ကြောင်းထဲမှာပါသည့် အချက်အလက်တစ်ပြုံတစ်မကြီးကြောင့် လန့်နေဆဲဖြစ်ပြီး ခဏကြာမှသာ စိတ်ပြန်ထိန်း၍ ပြောလိုက်သည်။
“ငါသွားကြည့်လိုက်ဦးမယ်။ချက်ချင်းကြီး120ကို မခေါ်လိုက်နဲ့ဦး။ငါ့အခန်းထဲမှာ စောင့်နေဟုတ်ပြီလား။မကြောက်နဲ့နော်။ဘာမှမဖြစ်ဘူး”
ကျိချင်းကျိုးက ခေါင်းညိမ့်ပြီး အလေးထား၍ ထပ်ပြောလာသည်။
“ချူချန်ကို မပြောပါနဲ့။ဒီကိစ္စကို ကျွန်တော်တို့ဘာသာဖြေရှင်းကြမယ်လေနော်။သူ့ကို မစိုးရိမ်စေချင်ဘူး”
ကျိုးချန်ဖုန်းကလည်း ဖန်ယောင်ရွှမ်းရဲ့ အခြေအနေကိုကြည့်ဖို့ လောကြီးနေတာဖြစ်၍ ခေါင်းတစ်ချက်ညိမ့်ပြီး ထွက်သွားသည်။
ကျိချင်းကျိုးသည် ဖြည်းညှင်းစွာ အခန်းထဲဝင်လိုက်ပြီး ဆိုဖာပေါ်ထိုင်ချ၍  အသက်ပြင်းပြင်းနှစ်ခါရှူလိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး လက်ရှိအခြေအနေကို စီစစ်နိုင်ဖို့ ကြိုးစားလိုက်သည်။
ဖန်ယောင်ရွှမ်းမသေလောက်ပါဘူးနော်။ဓားနဲ့ထိုးခဲ့တယ်ဆိုပေမယ့် ဓားသေးသေးလေးတစ်ချောင်းပဲလေ။ပထမဆုံးအကြိမ် လူတစ်ယောက်ကို ဓားနဲ့ ထိုးဖူးခြင်းဖြစ်၍ သူ့လက်တွေ တုန်ရီနေခဲ့ပြီး အနက်ကြီး ထိုးသွင်းခဲ့တာမဟုတ်။ဒါ့ပြင် အရေးကြီးတဲ့ နေရာတွေကို အထူးရှောင်ပြီး ထိုးခဲ့ခြင်းဖြစ်၍ သူ့ကို ဒဏ်ရာရစေရုံသာဖြစ်ပြီး သေစေချင်ခဲ့တာမဟုတ် ပေ။ ဖန်ယောင်ရွှမ်း ကြီးကြီးမားမားဖြစ်မှာ မဟုတ်လောက်ပါဘူး။
ဒါပေမယ့် ဖန်ယောင်ရွှမ်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ကတ်သီးကတ်ဖဲ့လုပ်လာနိုင်သည်။သူ့ကို လွှတ်ပေးချင်မှာ မဟုတ်ပေ။ဒါပေမယ့် သူ့မှာ အကြောင်းရင်း ရှိတာပဲ။ဥပဒေမှာ ကိုယ့်ကိုကိုယ် ကာကွယ်ခွင့်၊ခုခံခွင့်ရှိကြောင်း အလွန်ခွဲခြားပြီးကို တရားဝင်သတ်မှတ်ထားသည်လေ။သူညစ်ပတ်နေသမျှကာလပတ်လုံး သူကလည်း ကိုယ့်ကိုကိုယ် ကာကွယ်တာဆိုပြီး ပြန်ချေပလို့ရတာပဲ။
အခုချိန်မှာ အရေးကြီးဆုံးအရာက ဒီကိစ္စကို မဖော်ပြနိုင်ဖို့ပင်။ အကြောင်းပြချက်က ဘယ်လိုဆိုတာ အရေးမကြီးဘူး ဒီကိစ္စကြောင့် သူအသေရေဖျက်ခံရမှာ။အဲ့တာကြောင့် ဒီအဖြစ်အပျက်ကို သတင်းမီဒီယာတွေမှာမဖော်ထုတ်လာဖို့အတွက် သေချာအောင်လို့ အဆက်အသွယ်ရှာဖို့လိုနေတာဖြစ်သည်။
ကျိချင်းကျိုး ဖုန်းကို အမြန်ရှာလိုက်ပေမယ့် တစ်ကိုယ်လုံးနှံ့နေသော်လည်း ရှာမတွေ့ခဲ့ပေ။ ပြီးမှ ခုနရန်ဖြစ်တုန်း ဖုန်းကျကျန်နေခဲ့ကြောင်း သတိရသွား၏။
ကျိချင်းကျိုး မတ်တပ်ထရပ်လိုက်ပြီး အခန်းထဲမှ ကြိုးဖုန်းရှိရာဆီသွားချိန် တံခါးခေါက်သံကြားလိုက်ရသဖြင့် နှလုံးခုန်သံများ မြန်လာခဲ့သည်။ ထိုအချိန် အပြင်မှ ရှောင်ချန်း အသံထွက်ပေါ်လာ၏။
“ကျိကော ကျွန်တော်ပါ။ ကောနဲ့ နေပေးဖို့ ကျိုးကောလွှတ်ပေးလိုက်လို့ပါ”
ထိုမှသာ ကျိချင်းကျိုး စိတ်အေးသွားပြီး တံခါးဆီလျှောက်သွား၍ တံခါးသွားဖွင့်လိုက်သည်။
ရှောင်ချန်းသည် ကျိုးချန်ဖုန်းရဲ့ ဘာဖြစ်သွားတယ်ဆိုတဲ့ အကြမ်းဖျင်းရှင်းပြချက်တွေပဲ နားထောင်ခဲ့ရတာဖြစ်ပြီး ဒီကိုမလာခင်တည်းက စိတ်ပူနေခဲ့မိသည်။အခုတွေ့လိုက်ရမှပဲ ကောရဲ့ အခြေအနေက နည်းနည်းတည်ငြိမ်နေပြီဖြစ်၍ စိတ်သက်သာရာရသွားရ၏။သူသည် အခန်းထဲလိုက်ဝင်ရင်း ကျိချင်းကျိုးရဲ့ ဖုန်းအား လက်ထဲထည့်ပေးလိုက်ကာ-
“ဒီမှာကောရဲ့ဖုန်း...ကျိုးကောက ကောဆီယူသွားပေးပါဆိုလို့။ပြီးတော့ စိတ်မပူပါနဲ့တဲ့။ကိစ္စတွေအားလုံးသူကိုင်တွယ်လိုက်မှာမို့ ကောဘာမှ လုပ်စရာမလိုဘူးတဲ့”
ကျိချင်းကျိုးက ခေါင်းတစ်ချက်ညိမ့်၍ ဖုန်းယူလိုက်သည်။
သူ့ပါးတွေနီရဲနေကြောင်းရှောင်ချန်းသတိပြုမိသွား၏။
“ကော ဖန်ယောင်ရွှမ်းနဲ့ ရန်ဖြစ်ခဲ့တာလား”
“ငါတို့ ရန်ဖြစ်ခဲ့ကြတာ”
ကျိချင်းကျိုးက အသံအတက်အကျမရှိဘဲ တည်ငြိမ်စွာ ပြောလာခဲ့ပြီး သူ့ကို ပြုံးပြလာသည်။
“ငါနိုင်ခဲ့တယ်”
ရှောင်းချန်းတစ်ယောက် ခေါင်းညိမ့်ပြလိုက်ပြီး ဘာမှထပ်မပြောဖြစ်တော့။
ကျိချင်းကျိုးနဲ့အတူ ဆိုဖာပေါ်မှာ ထိုင်ရင်း နှစ်သိမ့်ပေးနေမိတယ်။
“ကျိုးကောက အဆက်အသွယ်တွေနဲ့ ချိန်ဆက်ပြီပြီးဆိုတော့ ဒီကိစ္စပြန့်မှာ မဟုတ်တော့ဘူး။စိတ်မပူပါနဲ့”
ကျိချင်းကျိုး ကအသံလေးတစ်ချက်ပြုပြီး ဘာဖုန်းမှ ထပ်မခေါ်နေတော့ဘဲ ရှေ့က ကော်ဖီစားပွဲပေါ်ချထားလိုက်တော့သည်။သူစိတ်လည်း တဖြည်းဖြည်းတည်ငြိမ်စပြုလာပြီဖြစ်၏။မသိစိတ်ကတော့ အိတ်ကပ်ထဲမှ ဆွဲကြိုးလေးအား လက်နဲ့ ပွတ်သပ်နေမိတော့သည်။
လွန်ခဲ့သောနှစ်ရက် ရိုက်ကူးရေးလုပ်နေစဉ်အတွင်း ဆွဲကြိုးကို ချွတ်ထားခဲ့ရပေမယ့် ဘူးထဲထည့်မသိမ်းထားခဲ့ဘဲ သူ့အိတ်ကပ်ထဲမှာပဲ တစ်ချိန်လုံးထည့်ထားခဲ့တာဖြစ်သည်။ဆွဲကြိုးလေးအား ငြိမ်သက်စွာ ထိတွေ့ရင်း ဘာမှမလုပ်တော့ဘဲ ငြိမ်နေခဲ့၏ ။ တိတ်လွန်းလို့ ရှောင်ချန်းတောင် ကြောက်လာသည်အထိပင်။
မကြာခင် ကျိုးချန်ဖုန်း ပြန်ရောက်လာခဲ့ပြီး ရှောင်ချန်းတံခါးသွားဖွင့်ပေးလိုက်၏။ထိုမှ ကျိချင်းကျိုးက မော့ကြည့်လာသည်။
ကျိုးချန်ဖုန်းရဲ့ အမူအရာက သိပ်မကောင်းပေ။သူက ကျိချင်းကျိုးထံကြည့်၍-
“ဖန်ယောင်ရွှမ်းကို ဆေးရုံပိုပြီးပြီ။သတင်းကောင်းကတော့ ဒဏ်ရာသိပ်မနက်တာပဲ။ဖန်ယောင်ရွှမ်းဘက်ကလည်း လျှို့ဝှက်ထားပေးဖို့ သဘောတူတာမို့ သတင်းတွေပိတ်ပြီးသွားပြီ။အခုချိန်တော့  ဒီကိစ္စအပြင်ကို ပေါက်သွားမှာ မဟုတ်ဘူး”
“ယာယီပဲလား”
ကျိချင်းကျိုးက အဓိက သော့ချက် စကားလုံးကို အမိအရဖမ်းမိလိုပ်သည်။
ကျိုးချန်ဖုန်းက ခေါင်းညိမ့်လာကာ လေးလံသောအသံဖြင့်-
“စွင်းယင်ကတော့ ပြဿနာရှာနေဆဲပဲ။သူမက ဒီတိုင်း မပြီးလိုက်ချင်ဘူးလေ။ဖန်ယောင်ရွှမ်းက မင်းဘက်က ဝိုင်းပြောပြီး စွင်းယင်ကို တားလိုက်လို့ သတင်းတွေမထုတ်ခဲ့တာ”
“သူ့သတ်မှတ်ချက်တွေကရောဘာတဲ့လဲ”
ကျိချင်းကျိုးက တည်ငြိမ်စွာပင်ပြောသည်။
“သူက အဲ့လောက် ကြင်နာတတ်တဲ့လူဖြစ်ပါ့မလား”
“အမှန်ပဲ။သတ်မှတ်ချက်တွေတော့ရှိတယ်။ ပထမအချက် - မင်း သူ့ကို တောင်းပန်ရမယ်။ ဒုတိယအချက် မင်းကြောင့် သူဒဏ်ရာရတာမို့ သူ့ ဒဏ်ရာမပျောက်မချင်း မင်း သူ့ကို ပြုစုပေးရမယ်။တတိယအချက်က သူ မင်းနဲ့ မျက်နှာ ချင်းဆိုင်ပြီး စကားပြောချင်တယ်တဲ့။မင်းဘက်က ငြင်းချင်တယ်ဆိုရင် သူကလည်း တရားစွဲမယ်လို့ ဖန်ယောင်ရွှမ်းကပြောတယ်။မင်း ငြင်းလိုက်တာနဲ့ ချက်ချင်းတရားစွဲမှာတဲ့”
ကျိချင်းကျိုးတစ်ယောက် လှောင်ရယ်လိုက်သည်
“စွဲပစေပေါ့။ကျွန်တော်ကတော့ တောင်းလည်း မတောင်းပန်နိုင်သလို ဂရုလည်း မစိုက်ပေးနိုင်ဘူး။ ပြုစုပေးရမယ်ဟုတ်လား။ကျွန်တော် သူ့ကို ဓားနဲ့ ထပ်ထိုးမိမှာ ကြောက်ရတယ်!”
ကျိုးချန်ဖုန်းက သက်ပြင်းချကာ-
“ချင်းကျိုး .... မင်းသိပါတယ်။ဖန်ယောင်ရွှမ်းက ဒီအသိုင်းအဝိုင်းထဲမှာ နှစ်တွေအများကြီးကျင်လည်လာလို့ အောင်မြင်မှုရထားပြီးသားလူတစ်ယောက်ဖြစ်တဲ့ အပြင် သူ့နောက်မှာ ဖန်မိသားစုကလည်း ရှိသေးတယ်။သူ မင်းကို တရားဆွဲချင်ရင် ဒဏ်ရာမနက်တာပဲဖြစ်ဖြစ် မင်းကိုယ်မင်း ကာကွယ်တဲ့ အနေနဲ့ လုပ်ခဲ့တာပဲ ဖြစ်ဖြစ် သူ နည်းနည်းလောက် လှည့်ကွက်လေးထုတ်သုံးလိုက်တာနဲ့ မင်း အချုပ်ထောင်ထဲမှာ အဆုံးသတ်သွားလိမ့်မယ်။မတန်ဘူးလေနော်”
“အဲ့တော့ ကျွန်တော့်ကို ဖန်ယောင်ရွှမ်းဆီ သွားတောင်းပန်စေချင်တာလား”
“မဟုတ်ဘူးလေ”
ကျိုးချန်ဖုန်း ပင်ပန်းလာပြီ။
“ချူချန်ကို ပြောပြလိုက်ပါ။ ဖန်ယောင်ရွှမ်းလို သရုပ်ဆောင်တစ်ယောက်ကို ငါ ကိုင်တွယ်နိုင်ပေမယ့် သူ့မိသားစုကိုကျ မင်းရောငါရော မခုခံနိုင်ကြဘူး။ဒါပေမယ့် ချူချန်ကတော့ လုပ်လို့ရတယ်။ချူချန်ဒီကိစ္စထဲ ဝင်ပါလာတာနဲ့ ပြဿနာလို့တောင် လုံးလုံး ခေါ်စရာမလိုတော့ဘူးကွာ။သူ့ကို ပြောပြလိုက်ပါဟုတ်ပြီလား”
ဆွဲကြိုးလေးကို ဆုပ်ကိုင်ထားသည့် ကျိချင်းကျိုးရဲ့ လက်အားက မသိမသာတိုးသွားမိသည်။ကျိုးချန်ဖုန်းကိုကြည့်ရင်း ကျိုးချန်ဖုန်းပြောတာတွေ မှန်နေတယ်ဆိုတာ သူလက်ခံပါတယ်။စာအုပ်ထဲမှာဆို ဖန်ယောင်ရွှမ်းက ဖန်မိသားစုအားကိုးနဲ့ သူ့ကို လာထိတဲ့ လူတိုင်းကို ဇာတ်သိမ်းဆိုးအောင် လုပ်ပြစ်တတ်သည်လေ။ဘာဖြစ်ဖြစ်ပါ....ကျိချင်းကျိုးသည် လက်နဲ့ ထိနေသည့် ဆွဲကြိုးအား ယုသစွာ ပွတ်သပ်ရင်း ခေါင်းယမ်းလိုက်သည်။
“သူ့ကို မပြောပြချင်ဘူး။ကျွန်တော်တို့ အတူရှိခဲ့ကြတုန်းကလည်း ကျွန်တော် မဖြေရှင်းနိုင်တော့တဲ့ ကိစ္စတွေမှ သူ့ကို ပြောပြဖြစ်တာ။သူက ကျွန်တော် အရင်းနှီးဆုံး လူတစ်ယောက် ဖြစ်ခဲ့တာမို့။အခု ကျွန်တော်တို့ လမ်းခွဲခဲ့ပြီးပြီ။သူ့ကို နည်းနည်းမှ ဒုက္ခမပေးချင်တော့ဘူး။သူ့အပေါ်ပဲ မှီခိုနေတာက တဖြည်းဖြည်း အကျင့်ကြီးဖြစ်လာလိမ့်မယ်။ကျွန်တော် အဲ့လို အကျင့်မျိုး မရှိချင်ဘူး။မဟုတ်ရင် ကျွန်တော်ဘယ်တော့မှ တစ်ယောက်တည်း ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး”
“ဒါပေမယ့်... ချူချန်ကို မပြောပြရင် မင်းဘာလုပ်မလဲ? ဖန်ယောင်ရွှမ်းကို သွားတောင်ပန်ပြီး ပြုစုပေးမှာလား”
ကျိုးချန်ဖုန်းကတော့ သူလုပ်နိုင်လိမ့်မယ်မထင်ဘူး။သူသိတဲ့ ကျိချင်းကျိုးဆို လုပ်မှာမဟုတ်ပေ။ဖန်ယောင်ရွှမ်းကို မုန်းလွန်းလို့ တွေ့တဲ့အချိန်အများစုကို ရန်ဖြစ်စကားများနေလိမ့်မည်။ပြီးတော့ ဖန်ယောင်ရွှမ်းက အခြေအနေတွေဆိုးရွားအောင် လုပ်ပြီးသွားပြီဆိုတာ လူတိုင်းသိနိုင်လေသည်။ကျိချင်းကျိုး တောင်းပန်စရာလုံးလုံးမလိုတဲ့ ကိစ္စပင်! ပြီးတော့ ဖန်ယောင်ရွှမ်းဒဏ်ရာကလည်း ကျိချင်းကျိုးပြုစုရလောက်တဲ့အထိ မပြင်းထန်နေဘူး!
ကျိချင်းကျိုးက အတန်ကြာငြိမ်သက်ကာ စဉ်းစားနေပြီး နောက်ဆုံးတော့ မတုန်မလှုပ်ပြောလာသည်။
“အကြံရပြီ။ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ တစ်ခြားတစ်ယောက်ရှိသေးတယ်လေ”
သူသည် ကျိုးချန်ဖုန်းအား မော့ကြည့်၍ တစ်လုံးချင်းပြောလာသည်။
“ယွီအန်းယီ”
ယွီအန်းတစ်ယောက်အိပ်ကောင်းခြင်းအိပ်နေ၏။အရင်ရက်ကမှ ရိုက်ကူးရေးပြီးသွားတာဖြစ်၍ ဒီရက်ပိုင်းအတွင်း အိပ်ယာစောစောဝင်ပြီးသာယာနေသည်။ဖုန်းသံမြည်လာတဲ့အချိန် ယွီအန်းယီ အိပ်ချင်မူးတူးဖြင့် ကောက်ကိုက်လိုင်ကာ အသံမသဲမကွဲရေရွတ်လိုက်သည်။
“ဟယ်လို”
“ငါပါ အန်းယီ။ အကူအညီတောင်းစရာလေးရှိလို့”
ကျိချင်းကျိုးကညင်ညင်သာသာလေးပြောလာသည်။
“နည်းနည်းလေး ပြဿနာတက်နေတာမို့။ဒါပေမယ့် ချူချန်ကို မပြောပြဘူးဆိုတဲ့ ကတိအရင်ပေးနိုင်မလား”
ယွီအန်းယီက အခုထိ မနိုးသေးသဖြင့် မျက်လုံးပိတ်ထားရင်း ပြန်မေးလိုက်သည်။
“ဘာလို့ အားချန်ကို မပြောဘဲနေရမှာလဲ”
“အရင်ဆုံး ငါ့ကိုကတိပေးပါ”
“မရဘူး”
ယွီအန်းယီ တစ်ဖက်လှိမ့်လိုက်ပြီး မျက်လုံးနည်းနည်းဖွင့်လိုက်သည်။
“ဘာလို့လဲပြောပြ။‌နင်တို့ ရန်ဖြစ်ထားကြတာလား”
ကျိချင်းကျိုးသည် ခေတ္တခန့်တိတ်သွားပြီးမှ တိုးတိုးလေးပြောလာသည်။
“ငါတို့ လမ်းခွဲလိုက်ပြီ”
ယွီအန်းယီ ချက်ချင်းလန့်နိုးသွား၏။
“ဘာပြောတယ်?  နင်တို့လမ်းခွဲလိုက်ပြီဟုတ်လား? ဘာလို့လဲ? ငါရိုက်ကူးရေးလုပ်နေတုန်း လမ်းခွဲလိုက်ကြတာလား? ဘာလို့လဲဟဲ့? ကြောက်ဖို့ကောင်းလိုက်ကြတာ”
“စက်တင်ဘာလတုန်းက လမ်းခွဲလိုက်တာ။ဒီတိုင်း အေးအေးချမ်းချမ်းပဲ ပြတ်သွားတာပါ။အန်းယီ...ငါနဲ့ချူချန်နဲ့ လမ်းခွဲလိုက်ပေမယ့် ငါတို့က သူငယ်ချင်းဖြစ်နေတုန်းပဲမလား?”
“အင်း”
ယွီအန်းယီ ခေါင်းညိမ့်လိုက်ကာ-
“ငါတို့က သူငယ်ချင်းပဲပေါ့။နင်ဘာဖြစ်လို့လဲ။ ငါ့အကူအညီလိုတာလား”
“ချူချန်ကို မပြောဘူးလို့ ကတိပေးနိုင်မလား”
ယွီအန်းယီကတိမပေးနိုင်ပေ။သူမနဲ့ချူချန်က ငယ်စဉ်တောင်ကျေးတည်းက ကစားဖော်ကစားဖက်တွေဖြစ်သည်။ကျိချင်းကျိုးနဲ့ ချူချန်တို့ လမ်းခွဲသွားပြီ ဆိုရင်တောင် သူက ချူချန်ရဲ့ ရည်စားဟောင်းဖြစ်နေဆဲမလား။ဘယ်လိုလုပ်မပြောဘဲ နေနိုင်ပါ့မလဲ။ဒါ့ပြင် သူတို့နှစ်ယောက် လမ်းခွဲကြတဲ့ အကြောင်းရင်းကိုလည်း သူမဂဂနနသိရတာမဟုတ်ဘူး။နောက်ပိုင်း သူတို့ ပြန်တွဲကြရင် ဒီလျှို့ဝှက်ထားတဲ့ ကိစ္စကြီးကြောင့် သူတို့ဆက်ဆံရေးကို အန္တရာယ်ဖြစ်လာစေနိုင်တယ်မဟုတ်ဘူးလား”
ယွီအန်းယီ ငြင်းဖို့ ပြင်ခါနီး ရုတ်တရက်ဆိုသလို အတွေးတစ်ခု ဝင်လာသည်။သူမတကယ် ချူချန်ကို မပြောဘူးဆိုတာက သူမ‌မပြောပြရင်ရတာပဲလို့ တွေးလိုက်ရုံပဲ။အခု အရေးကြီးဆုံးအရာက ကျိချင်းကျိုး ဘာဖြစ်နေတယ်ဆိုတာကို သိဖို့ ပဲ။ပြီးတော့ သူဘာလို့ ညကြီးမင်းကြီး ဖုန်းဆက်တာလဲ? *
“အေး။ငါ အားချန်ကိုမပြောပြတော့ဘူး။ဘာဖြစ်လို့လဲ”
“ချူချန်ကို မပြောပြဘူးလို့ အရင်ကျိန်”
ယွီအန်ယွီတစ်ယောက် ဆွံ့အလျက်။
“ ကျိန်တယ်ဟေ့။ငါအားချန်ကို မပြောပြဘူး။ တကယ်လို့ ငါ အားချန်ကိုပြောခဲ့မိရင် ဘယ်တော့မှ လင်မရပါစေနဲ့။ရပြီလား”
“ကျေးဇူးပါ” ကျိချင်းကျိုးက နွေးထွေးစွာပြောလာသည်။
“အဲ့တော့ ဘာတွေဖြစ်ကြတာလဲ။ငါ့အကူအညီလိုသေးလား? ”
ကျိချင်းကျိုးက အတန်ကြာငြိမ်ကျသွားပြီး လိုရင်းပြောလာသည်။
“ငါ ဖန်ယောင်ရွှမ်းကို ဓားနဲ့ထိုးမိလိုက်တယ်။ သူ့ဒဏ်ရာက သိပ်မပြင်းပေမယ့် သူအနာတရဖြစ်လို့ ငါ့ကို တရားစွဲချင်တယ်တဲ့။မင်းသိတဲ့အတိုင်း ဖန်ယောင်ရွှမ်းသာ တရားစွဲလာရင် ငါမှာ နိုင်နိုင်ချေမရှိဘူး”
“နင်က သူ့ကို ဓားနဲ့ထိုးတယ်!”
ယွီအန်းယီက ရှော့ခ်ရလျက်။
“ဘာလို့ ဓားနဲ့ထိုးတာလဲ? သူနင့်ကို ဘာလုပ်လိုက်သေးလဲ? နင့်ကို အနိုင်ကျင့်လို့လား? မဟုတ်သေးပါဘူး။နင်တို့နှစ်ယောက်က ဘယ်လို တွေ့သွားကြတာလဲ?”
“ငါတို့နှစ်ယောက် အတူ ရိုက်ကူးရေးလုပ်နေကြတာ။ အန်းယီ။ ငါ ဒီကိစ္စကို အကြီးကြီး မဖြစ်စေချင်ဘူး။ ငါ သူနဲ့ ဥပဒေအရ ရင်ဆိုင်ချင်ပေမယ့် သာမန် ဥပဒေဖြစ်ရပ်စ်ခုလိုပဲ ဖြစ်စေချင်တာ”
“ဘာဥပဒေကိစ္စတွေလုပ်နေတာလဲ? သူဘာသာ နင့်ကို အနိုင်ကျင့်ပြီး တရားမျှတတယ်ထင်နေတာလား? နင်ပြောတော့ ဒဏ်ရာသိပ်မနက်ဘူးဆို သူနဲ့တန်လို့ရတာနေပစေ။ဘယ်သူက အရင် ကျူးလွန်တဲ့သူမို့ လာပြောနေတာလဲ? သူသာအဲ့လို လာမလုပ်ရင် နင် သူ့ကို ပြန်တိုက်ခိုက်မိမှာမဟုတ်ဘူးလေ။ဒီကိစ္စ ငါ့ဆီ လွှဲထားလိုက်။သူတရားစွဲရဲသလား ကြည့်ရသေးတာပေါ့”
“ကျေးဇူးပါ”
##########
ကျိုးကျိုးက တကယ်ကလေးစိတ်လေး။ဟိုဘက်ဘဝမှာလည်း သူ ကျောင်မပြီးသေးဘူးလေ။နောက်ဆုံးနှစ်တက်နေတုန်း သင်တန်းဆင်းမို့ကို ကူးပြောင်းလာတာနဲ့ တိုက်ဆိုင်သွားတာ။ဖန်ယောင်ရွှမ်းနဲ့ ရန်ဖြစ်ထားတာလား လို့ ရှောင်ချန်မေးတော့ ပြုံးပြီး ငါနိုင်တယ်လို့ ပြောတယ်လေ။ အဲ့နေရာမှာ ပါးချူဆို သူ့ကလေးပေါက်ကို ချီးကျူးပေးဦးမှာနော်
*ပြထားတဲ့ အပိုဒ်က E-trans မှာ မပါပါဘူး။တရုတ် ဝက်ဆိုက်ဒ်ကနေ ယူထားတာမို့ အဲ့မှာပါလို့ ထည့်ရေးထားတာပါ*
##############
Zawgyi
“ငါနိုင်ခဲ့တယ်”
“ယာယီပဲလား”
“မဟုတ်ဘူးလေ”
“ယွီအန်းယီ”
“ဟယ်လို”
“မရဘူး”
“အင်း”
“ကျေးဇူးပါ”
##########
##############
Continue Reading
You'll Also Like
428K 26.2K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
994K 41.2K 53
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
783K 50.7K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
246K 2.5K 18
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...