ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{108}

5K 936 49
By Greentealay-


Unicode

{ဟိုနေ့က ကျိုးကျိုးတို့ကား ရင်းနှီးမြှုပ်နှံသူကို E-trans မှာ ဖန်ယောင်ရွှမ်းရဲ့ ယောင်ဖလို့ သုံးထားသည့်အတွက် ယောက်ဖနဲ့သုံးလိုက်ပါတယ်။အမှန်က ဦးလေးပါတဲ့}

အဲ့အချိန်တုန်းက ကျိချင်းကျိုးက သူ့ကိုသဘောကျနေတာလို့ပဲ သူအမြဲထင်ခဲ့တာ။မဟုတ်ရင် ကျိချင်းကျိုးက ဘယ်လိုလုပ်ပြီး ချူချန်မသိအောင် သူ့ကို တွဲမှာလဲ။ဒါပေမယ့် အခုကျိချင်းကျိုးပြောလာတာကျတော့ ချူချန်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ သူ့ကို အထောက်အကူပစ္စည်းသာသာသုံးခဲ့တာလို့လား။ဖန်ယောင်ရွှမ်းမယုံနိုင်ဘူး။

“ထပ်ပြောလိုက်စမ်း!”

“လုပ်စမ်းပါ။မင်းရောငါရောလိုချင်တာ ရခဲ့ကြတာပဲမလား။မင်းက ငါ့ကို လော့ယွီရှင်းနဲ့ဆင်တယ်လို့ထင်ပြီး အစားထိုးချင်တယ်။ငါကလည်း အဲ့အချိန်က ချူချန်နဲ့ အတူရှိချင်နေတာ။ဒါပေမယ့် ငါ သူ့ဆီကပိုက်ဆံချေးထားတာမို့ သူက ငါ့ကို လုံးလုံး အာရုံမရှိဘူးလေ။အဲ့တာကြောင့် ငါက မင်းနဲ့ ပေါင်းပြီး သရုပ်ဆောင်လိုက်တာ။မင်းကအခုမှ ဒီလိုအမူအရာမျိုးလာလုပ်နေလို့ရမလား။မင်းဘာသာ ငါ့ဆီအရင်ကပ်ပြီး အစားထိုးချင်တာနော်။ဟုတ်တယ်မလား။ငါကတော့ အခြေအနေကို အမိအရအခွင့်အရေးယူလိုက်ရုံပဲ။ကိစ္စတိုင်း မင်းဘက်စလာတာချည်းပဲ။ ဟုတ်လား မဟုတ်ဘူးလားပြော”

ဖန်ယောင်ရွှမ်းသည် တစ်ဖက်လူရဲ့ ပခုံးအား ဖိညှစ်ရန်လုပ်လိုက်ပေမယ့် ကျိချင်းကျိုးက အာရုံလျင်လျင်ထားထားသူဖြစ်၍ သူအနားကပ်လာတာနဲ့ ထိုလူ့လက်ကို ရိုက်ချပြီး ခြေထောက်နဲ့ ဆောင့်ကန်လိုက်သည်။ ဖန်ယောင်ရွှမ်းတစ်ယောက် ဗိုက်ကို ဖိအုပ်လိုက်ရသည်။ကျိချင်းကျိုးကတော့ ချက်ချင်း ကျိုးချန်ဖုန်းဘက်ကို ဆုတ်သွားလေသည်။

သူတို့ဘာတွေပြောနေကြမှန်း စွင်းယင် နားမလည်ပေမယ့် ရန်ဖြစ်နေကြတာလည်းမြင်ရော ဖန်ယောင်ရွှမ်းကို မြန်မြန်တွဲပေးထားပြီး ကျိချင်းကျိုးကို မာန်မဲလာသည်။

“မင်းဘာလုပ်တာလဲ ကျိချင်းကျိုး!”

“သူခုနကဘာလုပ်ချင်နေတာလဲဆိုတာကျတော့မမေးဘူးလား။”

ကျိချင်းကျိုး ပြန်ခံပက်လိုက်သည်။

ကျိုးချန်ဖုန်းသည် ဖန်ယောင်ရွှမ်းနဲ့ အချိန်ထပ်မဖြုန်းချင်တော့သည့်အတွက် ကျိချင်းကျိုးအား nanny car ထဲခေါ်သွားပေးဖို့ ရှောင်ချန်းကို ပြောလိုက်သည်။ဖန်ယောင်ရွှမ်းက အနားကပ်လာပြီး ထပ်လိုက်ချင်သေးပေမယ့် ကျိုးချန်ဖုန်းက ကြားဝင်ဖြတ်လိုက်သည်။

“ဖန်ယောင်ရွှမ်း...မင်းဒီလိုမျိုးပြဿနာထပ်ရှာနေရင် ဒီကားကို ကျိချင်းကျိုး ရိုက်မှာ မဟုတ်တော့ဘူး”

“မင်းတို့ရပ်ချင်ရင် ရပ်ပစ်တာကြာပေါ့။အခုထိ စောင့်စရာလိုသေးလို့လား”

“ဖန်ယောင်ရွှမ်း မင်း သူနဲ့စကားကောင်းကောင်းပြောချင်ပြီး သူ့နားကပ်ချင်ရင် အရင်ဆုံး သူ့ပေါ် လေးစားမှုရှိပေးပါ။မင်း ဒီလိုလျှောက်ဖမ်းနေလို့ သူမင်းနဲ့ စကားပြောမယ်ထင်လား။မင်းကို စကားမပြောချင်ပါဘူးဆိုတာကို နောက်ကလျှောက်လိုက်နေတာ ဘာသဘောလဲ”

ဖန်ယောင်ရွှမ်းသည် ထိုစကား‌တွေကြားတာနဲ့ အရုပ်ကြိုးပျက်ဖြစ်နေရာက ရပ်သွားပြီး ကျိုးချန်ဖုန်းကို တစ်ချက်ဝေ့ကြည့်လာသည့်တိုင် မည်သည့်စကားကိုမှတော့ မဆိုခဲ့လာပေ။

ကျိချင်းကျိုး အပေါ်ထားတဲ့ သူ့ခံစားချက်တွေ ရှုပ်ထွေးနေ၏။အစပိုင်းက ထိုလူကို သဘောကျပြီး တဖြည်းဖြည်း စိတ်ထဲစွဲလာသည်။ခုနကလို ဒေါသတွေမြင့်တက်လာတတ်သည်။ ဟိုတစ်ချိန်က ကျိချင်းကျိုး သူ့ကို မချစ်ခဲ့ဘဲ ချူချန်ရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့ တမင်သက်သက်အသုံးချခဲ့တယ်ဆိုတာကို  သူဘယ်လိုလက်မခံရပါ့မလဲ။ဒါပေမယ့် သူတဖြည်းဖြည်းပြန်တွေးကြည့်ချိန်မှာတော့ သူနဲ့ ချူချန်တို့ ဆေးရုံမှာ ရန်ဖြစ်ကြချိန် ကျိချင်းကျိုးက သူ့ကို ထားခဲ့ပြီး ချူချန်လက်မောင်းထဲ တိုးဝင်သွားခဲ့သည်။

အရင်ကဆို ဘာတွေဖြစ်နေမှန်းသူနားမလည်ခဲ့ဘူး။ရုတ်တရက်ကြီး ကျိချင်းကျိုး သူ့နားကပ်လာပြီး ရုတ်တရက်ကြီးပဲ သူ့ကို ကပ်ဘေးတစ်ခုလို ရှောင်ကျဉ်သွားခြင်းက ဘာလို့လဲ? ဒါပေမယ့် ကျိချင်းကျိုးခုနကပြောသွားသည့် စကားတွေအရဆို မိမိက ချူချန်ဆီချဉ်းကပ်ဖို့သုံးတဲ့ ပစ္စည်းတစ်ခုသာသာပေါ့လေ။အဲ့တော့ ဆေးရုံက သူတို့ရန်ဖြစ်ကြပြီးနောက် ကျိချင်းကျိုးက ချူချန်ရင်ထဲက သူ့နေရာကို သိသွားပြီး ဆက်သရုပ်ဆောင်စရာမလိုတော့လို့ သူနဲ့ မပတ်သက်တော့တာပေါ့။

ဖန်ယောင်ရွှမ်းရဲ့ လက်တွေက လက်သီးဆုပ်အဖြစ်တင်းကြပ်သွား၏။
ကောင်းတယ်! ကျိချင်းကျိုး! သိပ်ကောင်းတယ်! ဖန်ယောင်ရွှမ်းကို ဘယ်သူမှအဲ့လိုမဆက်ဆံရဲခဲ့ဘူး! ကျိချင်းကျိုးဘက်ကအရင် သူ့ကို အသုံးချလာမှတော့ သူကလည်း ကြင်နာပေးနေမှာမဟုတ်တော့ဘူး။ မတရားခံရမှ ဖန်ယောင်ရွှမ်းကို လာအပြစ်မတင်နဲ့! သူ့ခံစားချက်က တစ်ခြားသူတွေ လွယ်လွယ်အသုံးချလို့ရတဲ့ အရာမဟုတ်ဘူး!

ဖန်ယောင်ရွှမ်းက လက်သီးတင်းတင်းဆုပ်ပြီး သူ့အနားယူတဲ့နေရာဆီ ပြန်လှည့်သွားလေသည်။

သူပြန်သွားတာနဲ့ ကျိုးချန်ဖုန်းလည်း ကျိချင်းကျိုးဆီ သွားလိုက်ပြီး သတိပေးစကားဆိုလိုက်သည်။

“သူ့ကိုအမြဲရန်မစဘဲနေလို့ မရဘူးလားကွာ။ပြီးတော့ သူ့ကို စကားပြောရင်လည်း ပိုပြီး ယဉ်ယဉ်ကျေးကျေးလေးပြောပေးလို့ရမလား။ တစ်ခြားသူတွေဆို မင်းအရမ်းယဉ်ကျေးသိမ်မွေ့လွန်းတာကို သူနဲ့တွေ့တာနဲ့ ဘာလို့ ပေါက်တော့မယ့် အမြှောက်ဆန်လိုဖြစ်သွားတာလဲ...မင်း ပေါက်ကွဲသွားလို့ သူထိခိုက်သွားရင် အကောင်း။မင်းကိုယ်မင်း ပြန်ထိခိုက်သွားမှာကျ မကြောက်ဘူးလားဟမ်”

“ကျွန်တော် သူ့ကို သဘောမကျဘူး”

ကျိချင်းကျိုးက ဘွင်းဘွင်းရှင်းရှင်းပဲ။

“သူနဲ့ လော့ယွီရှင်းကို တွေ့တာနဲ့ ဒေါသထွက်လွန်းလို့ လုံးဝယဉ်ယဉ်ကျေးကျေးမဆက်ဆံပေးနိုင်အောင်ပဲ”

ကျိုးချန်ဖုန်းလေးတစ်ယောက် ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်ရတော့သည်။
ဘယ်သူက စိတ်မရှိပဲ နေမှာလဲဗျာ ?? ကျိချင်းကျိုးဆိုတဲ့ကောင်လေးက စိတ်ထားကောင်းရဲ့သားနဲ့။ ဒါပေမယ့် သူတို့လမ်းခွဲပြီးရင်တောင် ချူချန်ပုံစံအရဆို သူ့ကို လွှတ်ပေးထားမှာ မဟုတ်လိမ့်ဘူး။ ကောင်းပါတယ်လေ။ ကျိချင်းကျိုးရဲ့ ဒေါသတွေကို သူမထိန်းနိုင်ပေမယ့် ချူချန်ထိန်းပေးလိမ့်မည်။

သူတို့နှစ်ယောက်ခန်းတွေရိုက်ပြီး ရက်နည်းနည်းအကြာ ဖန်ယောင်ရွှမ်းရဲ့ ဦးလေး ဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံသူ  ဖန်ကျယ်ရောက်လာပြီး ဇာတ်ကားရိုက်ကူးရေးတိုးတက်နှုန်းကို လာကြည့်၏။ညနေဘက်မှာတော့ ရိုက်ကူးရေးအဖွဲ့ထဲက အဓိကဇာတ်ဆောင်နှစ်ယောက်ကို သူနဲ့အတူ ညစာစားဖို့ ဖိတ်လေသည်။ကျိချင်းကျိုး မသွားချင်ပေမယ့် ကျိုးချန်ဖုန်းက ဖျောင်းဖျလာသည်။

“သွားလိုက်ပါကွာ။မင်းကခေါင်းဆောင်မင်းသား သူက ရင်းနှီးမြှုပ်နှံသူ ။ မင်းမသွားရင် သူ့ကို အရှက်ခွဲလိုက်သလိုဖြစ်သွားမှာမလား။မင်းနဲ့ ဖန်ယောင်ရွှမ်းတို့ကြားမှာ ကတောက်ကဆလေးတွေ ရှိရင်တောင် ဖန်ကျယ်ကို မျက်နှာသာပေးဖို့ လိုသေးတယ်လေ”

ကျိချင်းကျိုးလည်း မငြင်းသာစွာ ကျိုးချန်ဖုန်းနဲ့အတူ သွားရလေတော့သည်။

ဖန်ကျယ်က မီးခိုးမှိုင်းရောင် အနောက်တိုင်းဝတ်စုံနှင့် ရွှေကိုင်းမျက်မှန်ကို ဝတ်ဆင်ထားသည်။သူက ဘုရင်တစ်ပါးလို အဓိက ထိုင်ခုံမှာ ထိုင်ပြီး ဇာတ်ကားနဲ့ပတ်သက်တဲ့ သူ့အတွေးတွေကို ပြောပြနေ၏။ထုတ်လုပ်သူကလည်း မကြာမကြာကို ချီးမွမ်းစကားဆိုနေ၍ ဖန်ကျယ် မျက်နှာ ထက်က အပြုံးသည် ပိုပိုပြီးကို တောက်ပလာချေတော့၏။

တရုတ်လူမျိုးအများစုရဲ့ အစားအသောက်ပွဲမှာ အရက်က မပါမဖြစ်ပေ။သိပ်မကြာခင်မှာပင် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခွက်တိုက်ပြီး အချင်းချင်း ဆုမွန်ကောင်းတောင်း ကြသည်။ ကျိချင်းကျိုးကတော့ မသောက်ပေ။ကျိုးချန်ဖုန်းက သိနေသည့်အတွက် သူ့ဘက်ကအရင် ဖန်ကျယ်ကို ခွက်တိုက်လိုက်ပြီး ယဉ်ယဉ် ကျေးကျေးစကားစလိုက်သည်။

“ချင်းကျိုးက အရက်မသောက်တာမို့ သူ့အစားကျွန်တော်သောက်ပေးပါ့မယ်။နှစ်ခွက်သောက်ပေးပါ့မယ်ဗျာ”

ဖန်ကျယ်က မကျေမနပ်ဖြစ်သွား၏။

“ဘယ်ဖြစ်မလဲ? အရက်မပါဘဲ စားလို့ရမလားကွ။ မင်းတို့က ငါ့ကို မျက်နှာသာမပေးဘဲနေကြမလို့လား”

“အဲ့လိုမဟုတ်ပါဘူး။ ချင်းကျိုးက အရက်မသောက်နိုင်လို့ သူက သောက်ပြီးတာနဲ့ မူးရော ။ မနက်ဖြန်လည်း ရိုက်ရမည့်အခန်းတွေရှိသေးတာမို့ အရက်အစား လက်ဖက်ရည် အစားထိုးလိုက်ရင်ရော”

“ဒီလိုလုပ်လိုက်မယ်?”

ဖန်ကျယ်က ဒါရိုက်တာ ဝူဘက်လှည့်ကာ-

“ဒါရိုက်တာဝူရေ မနက်ဖြန်ရိုက်ရမယ့် ကျိချင်းကျိုးအခန်းကို သဘက်ခါရွှေ့လိုက်ပါ”

ထို့နောက် သူက ကျိုးချန်ဖုန်းကိုကြည့်လာသည်။

“ကြည့်လေ။ ဖြေရှင်းပြီးသွားပြီမဟုတ်လား”

ကျိုးချန်ဖုန်း : ............

ကျိုးချန်ဖုန်းတစ်ယောက် စိတ်ထဲမှ ပြစ်ပြစ်နှစ်နှစ်ကျိန်ဆဲလိုက်ပေမယ့် အပြင်ပန်းမှာတော့ ယဉ်ကျေးစွာ အပြုံးတစ်ခုတပ်ဆင်၍ ငြင်းဆန်နေရ၏။

“သူတကယ်ကို မသောက်နိုင်တာမို့။သူ့အစား ကျွန်တော်နှစ်ခွက်ထက်ပိုပြီး သောက်ပေးမယ်လေ။ဘယ်လိုလဲ”

“ငါ မင်းကို သောက်ခိုင်းနေတာမို့လား”

ဖန်ကျယ်က နှာခေါင်းရှုံ့ပြီး ကျိချင်းကျိုးကိုကြည့်၏။

“ဒီလောကထဲမှာနေပြီး အရက်တစ်ခွက်တောင် မသောက်နိုင်ဘူးဆိုတော့ သူက သိပ်တန်ဖိုးကြီးတဲ့လူသားပဲဝေ။ တစ်ခွက်‌တည်းသောက်လို့ သူ့ကို မသေစေပါဘူး”

ကျိချင်းကျိုးသည် တစ်ဖက်လူမျက်လုံးထဲက အထင်သေးတဲ့အကြည့်တွေကို ကြည့်ပြီး ဘာစကားမှ မဆိုဘဲ ကျိုးချန်ဖုန်းဆီသာ လက်လွှဲထားလိုက်သည်။သူဘယ်လောက်ပဲ သောက်နိုင်လဲ သူ့ကိုယ်သူ သိတာမို့။ ဒီလူဆီက တစ်ခွက်သောက်ပြီးရင် ထုတ်လုပ်သူတွေ၊ဒါရိုက်တာတွေဆီကလာတော့မယ်။ သူ အပြင်မှာ အရက်မသောက်ချင်ပေ။ ပြီးတော့ တစ်ခြားသူတွေရှေ့မှာ အရက်မသောက်တော့ဘူးလို့ ချူချန်ကို ကတိပေးထားခဲ့ပြီးဖြစ်၍ ဖန်ကျယ်အတွက် သောက်ပေးတာဆိုပြီး ချွင်းချက်မလုပ်ချင်ပါ။

ကျိုးချန်ဖုန်းက ကျိချင်းကျိုးရဲ့ အရက်ခံနိုင်ရည်ကို မသိသော်လည်း သူတစ်ခွက်စသောက်လိုက်တာနဲ့ ရပ်လို့မရတော့ဘူးဆိုတာသိ၍ သူမငြင်းနိုင်တော့တဲ့အဆုံး တည့်တိုးပဲပြောလိုက်တော့သည်။

“ကျွန်တော် သူ့ကို သောက်ခွင့်မပေးတာ မဟုတ်ဘူး မစ္စတာဖန်။ မစ္စတာချူမှာထားလို့ပါ။ကျွန်တော်က မစ္စချူဆီမှာ အလုပ်လုပ်နေတာမို့ ချင်းကျိုးကို သောက်ခိုင်းလိုက်ရင် မစ္စချူကို ကျွန်တော် ဘယ်လိုပြန်ရှင်းပြရတော့မလဲ။”

သူကို ဖိအားပေးဖို့ ချူရှင်ကို ထုတ်သုံးလာသဖြင့် ဖန်ကျယ်က လှောင်သလို ရယ်သည်။

“သူ့အနုပညာရှင်တွေ အရက်သောက်တာမသောက်တာထိတောင် ချူရှင်းက ဝင်ပါနေပြီဆိုတော့ ရှီးယွီမှာ ဒီလောက် အနုပညာရှင်တွေအများကြီးရှိတာ အကုန်လုံးကို သူထိန်းချုပ်နိုင်ပါ့မလား”

ကျိုးချန်ဖုန်းက ရယ်ပြီး အလွန်တည်ငြိမ်စွာ ပြန်ချေပသည်။

“ခင်ဗျားမယုံရင် ကျွန်တော်ပြောတာမှန်လားမမှန်လား မစ္စတာချူကို ဖုန်းဆက်ပြီး မေးကြည့်လို့ရတယ်။တကယ်လို့ မဟုတ်ဘူးဆို တစ်ခွက်မပြောနဲ့ ခင်ဗျား သောက်စေချင်သလောက် ဘယ်နှစ်ခွက်ပဲဖြစ်ဖြစ် သောက်ပေးမယ်”

ကျိချင်းကျိုးက နည်းနည်းတောင့်တင်းသွားပြီး တည်ငြိမ်နေသော ကျိုးချန်ဖုန်းကို ကြည့်လိုက်သည်။ အစက ကျိုးချန်ဖုန်းပြောတဲ့  မစ္စတာချူဆိုတာကို သူထင်တာက  ချူချန်ကို ရည်ညွှန်းတာလို့လေ။ ချူရှင်းဖြစ်လိမ့်မယ်လို့ တကယ်မထင်ထားခဲ့ပါ။သူကူးပြောင်းလာပြီးတဲ့ အချိန်ကစလို့ ထိုလူကို တစ်ခါနှစ်ခါထက်ပိုပြီး မမြင်ဖူးခဲ့။ရင်းနှီးမရင်းနှီးခဲ့ပါ။အခုကျိုးချန်ဖုန်းပြောတာတွေကြားတော့ နည်းနည်း လိပ်ပြာမလုံတောင်ဖြစ်လာသည်။

ကျိုးချန်ဖုန်းက ဖန်ကျယ်ကို ပိတ်ဆို့လိုက်သည်။မိနစ်အနည်းငယ်ကြယတဲ့အထိ သူနဲ့ ကျိချင်းကျိုးကြားမှာ ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေဖြစ်နေ၏။အခုချိန် ကျိုးချန်ဖုန်းရဲ့ စကားတွေကြောင့် သူအလွှတ်ပေးလိုက်ရင် ချူရှင်းကို ကြောက်တဲ့ပုံဖြစ်သွားလိမ့်မည်။ကျိုးချန်ဖုန်းပြောသလိုသာဆို သူ့ကိုယ်သူ အရူးလုပ်သလို ဖြစ်သွားလိမ့်မည်။

အကျပ်အတည်းဖြစ်နေသော အချိန်၌ ဝူဟွေ့နဲ့ ပရိုဂျူဆာက သူတို့ရှေ့မှ အခြေအနေကို ကြည့်ပြီး ဝင်ဖြေလျော့လာသည်။

“မစ္စတာချူရဲ့ ‌တောင်းဆိုချက်ဆိုမှတော့ ထားလိုက်ပါတော့ မစ္စတာဖန်ရယ်။ချင်းကျိုးလည်း မနက်ဖြန် ရိုက်ကူးရေးရှိနေတော့ မူးသွားရင် မကောင်းဘူး”

“ဟုတ်ပ။ ကျုပ် မစ္စတာဖန်နဲ့သောက်ပေးမယ်လေ ။ချင်းကျိုးက အရမ်းငယ်သေးပုံရတော့ သူတကယ်မသောက်နိုင်တာထင်ပါတယ်။သူနဲ့ သောက်ရမှလားဗျာ။ကျုပ် သောက်ပေးမယ်။ဒီနေ့ မမူးမချင်း ကျုပ် တို့ အိမ်မပြန်ကြဘူးဆိုရင်ရော”

သူတို့နှစ်ယောက် စကားဝင်ပြောလာတော့ အခြေအနေကလည်း ကောင်းတယ်ဆိုရုံလေးရှိလာသည်။ ဖန်ကျယ်က နှာခေါင်းရှုံ့ကာ-

“ချင်းကျိုးက တကယ်တော်တာဖြစ်ရမယ်နော်။ ငါအစကတော့ မင်းကို ချူချန်နဲ့ပဲသိပြီး သူငယ်ချင်းတွေဖြစ်တယ်ထင်နေတာ။မထင်မှတ်ပဲ ချူရှင်းနဲ့ပါ ဆက်ဆံရေးကောင်းနေပါလား။မင်းသောက်တာမသောက်တာကိုတောင် သူက ဂရုစိုက်ပေးတယ်။ငါသိသလောက်ဆို ကျင်းရှင်လည်း သောက်ပါတယ်။ကြည့်ရတာ ကျင်းရှင်က မင်းလောက် အရေးမပါဘူးထင်ပါ့ကွာ”

ကျိုးချန်ဖုန်းရဲ့ အမူအရာက ချက်ချင်းပြောင်းသွားသည်။

“ကျင်းရှင်သောက်တာမသောက်တာက သူ့ကိစ္စပါ။ ချင်းကျိုးနဲ့ ဘာမှမဆိုင်ဘူး”

“နည်းနည်းလေး ထူးဆန်းတယ်လို့ ခံစားမိရုံပါ။ကျင်းရှင်လို ရှီးယွီရဲ့ ဝှက်ဖဲတောင် ဒီလို ဆက်ဆံပုံတွေနဲ့ မသာယာခဲ့ဖူးပေမယ့် သူကတော့ ရခဲ့တယ်ဆိုတော့ ချင်းကျိုးက အရမ်းအင်အားကြီးတာပဲ”

သူ့ရဲ့ ကြောင်တောင်တောင် စကားတွေကို နားထောင်ပြီး ကျိချင်းကျိုးက တည်ငြိမ်စွာဆိုလိုက်သည်။

“ခင်ဗျားကိစ္စမဟုတ်ဘူး”

ဖန်ကျယ်လည်း ထိုအချိန်ကို ပြန်တွေးကြည့်လိုက်သည်။သူသိတဲ့ လျန်ကျင်းရှင်ရဲ့ အနေအထားနဲ့ဆို ကျိချင်းကျိုးကကျ ဒီလို ဆက်ဆံခံရပြီး သူကဘာလို့ ဒီလိုမဆက်ဆံခံရတာလဲ။ကျိုးချန်ဖုန်းလိမ်ညာတာကလွဲပြီး တစ်ခြားဖြစ်နိုင်မှာ မဟုတ်။သူပြုံးပြီး တမင်စကားစလိုက်သည်။

“ကြည့်ရတာ ချင်းကျိုးက ရှီးယွီရဲ့ မျှော်လင့်ချက်လေးထင်ပါရဲ့။ဒီတိုင်းသာဆို ငါက ချင်းကျိုးနဲ့ ပိုတောင် သောက်ချင်သေးတယ်။မဟုတ်သေးဘူး။ငါအားရှင်းကို ပြောမှရတော့မယ်။ဒီကောင်လေး ဘယ်လိုလုပ်နိုင်တာလဲ။ဒီကလူတွေဘယ်သူမှ မသောက်ပဲ မထွက်သွားရဘူး။ဟုတ်ပြီလား။”

သူကစကားဆုံးတာနဲ့ စားပွဲပေါ်တင်ထားသည့် ဖုန်းကို ကိုင်လိုက်ပြီး ချူရှင်းဆီဆက်လိုက်သည်။ဒီခဏမှာတော့ ကျိချင်းကျိုး နည်းနည်း လန့်သွားက ကျိုးချန်ဖုန်းကို လှမ်းကြည့်လိုက်ပေမယ့် ကျိုးချန်ဖုန်းရဲ့ ရုပ်တည်တည်ကိုသာ တွေ့လိုက်ရ၏။သူ့ကြည့်ရတာ နည်းနည်းမှ စိုးရိမ်မနေပုံပင်။

ချူရှင်း တစ်ယောက် အချိန်ပိုဆင်းပြီးလို့ ကားပါကင်ဆီရောက်ရုံရှိသေး ဖုန်းထမြည်လာသည်။ သူတစ်ချက်ကြည့်လိုက်တော့ ဖန်ကျယ်ဆီက ဖြစ်နေ၏။ ချူရှင်း တစ်ဖက်က ဖုန်းကိုင်လိုက်ရင်း ကားဆီ ဆက်လျှောက်နေလိုက်သည်။

“အားရှင်ရေ ငါပါ”

ဖန်ကျယ်က ကျိချင်းကျိုးထံ ပြုံးပြုံးကြီးကြည့်သည်။

“မင်းက  အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး အရမ်းစည်းကမ်းတင်ကြပ်တာပဲကောင်လေးရေ။ဘာလို့ သူတို့ကို အရက်သောက်ခွင့်မပေးတာလဲ”

ဘာပြောတယ်? အနုပညာရှင်တွေ သောက်သောက်မသောက်သောက် သူဘယ်တုန်းက ဂရုစိုက်ပေးခဲ့လို့လဲ။
သို့သော် သူ့အတွေးတွေက ဖန်ကျယ်ထက်ပိုပြီး အသေးစိတ်ကျတဲ့အတွက် မထူးခြားသကဲ့သို့ မေးလိုက်သည်။

“ဘယ်သူနဲ့လဲ”

“မင်းတို့ ကုမ္ပဏီက ကျိချင်းကျိုးလို့ ခေါ်တဲ့ အနုပညာရှင်လေကွာ။ငါက သူလက်ရှိရိုက်နေတဲ့ ဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်နေတော့ ဒီနေ့ ရိုက်ကူးရေးအဖွဲ့တွေကို ဖိတ်ပြီးညစာကျွေးတာ လူတိုင်း သောက်ကြပေမယ့် မင်းစကားကြောင့် မင်းရဲ့ အနုပညာရှင်ကောင်လေးက မသောက်ရဲဘူးလေ။သူက လူငယ်လေးပဲ ရှိသေးတယ်လေ။ ဘယ်လူငယ်လေးက မသောက်ပဲနေပါ့မလဲ။မင်း အရမ်းဂရုစိုက်လွန်းနေပါကော”

+++++++++++++++++-

ယောက်ဖရေ နေတောင်အတော်စောင်းပြီ😂😂😂😂

ချူရှင်းကတို့ဘဲပါ😄

ကြာသွားတယ်နော်💃💃💃။တောင်းပန်ပါတယ်ရှင့်🙋

++++++++++-++++++-----+++

Zawgyi

{ဟိုေန႔က က်ိဳးက်ိဳးတို႔ကား ရင္းႏွီးျမႇဳပ္ႏွံသူကို E-trans မွာ ဖန္ေယာင္႐ႊမ္းရဲ႕ ေယာင္ဖလို႔ သုံးထားသည့္အတြက္ ေယာက္ဖနဲ႔သုံးလိုက္ပါတယ္။အမွန္က ဦးေလးပါတဲ့}

အဲ့အခ်ိန္တုန္းက က်ိခ်င္းက်ိဳးက သူ႕ကိုသေဘာက်ေနတာလို႔ပဲ သူအၿမဲထင္ခဲ့တာ။မဟုတ္ရင္ က်ိခ်င္းက်ိဳးက ဘယ္လိုလုပ္ၿပီး ခ်ဴခ်န္မသိေအာင္ သူ႕ကို တြဲမွာလဲ။ဒါေပမယ့္ အခုက်ိခ်င္းက်ိဳးေျပာလာတာက်ေတာ့ ခ်ဴခ်န္ရဲ႕ အာ႐ုံကို ဆြဲေဆာင္ဖို႔ သူ႕ကို အေထာက္အကူပစၥည္းသာသာသုံးခဲ့တာလို႔လား။ဖန္ေယာင္႐ႊမ္းမယုံႏိုင္ဘူး။

“ထပ္ေျပာလိုက္စမ္း!”

“လုပ္စမ္းပါ။မင္းေရာငါေရာလိုခ်င္တာ ရခဲ့ၾကတာပဲမလား။မင္းက ငါ့ကို ေလာ့ယြီ႐ွင္းနဲ႔ဆင္တယ္လို႔ထင္ၿပီး အစားထိုးခ်င္တယ္။ငါကလည္း အဲ့အခ်ိန္က ခ်ဴခ်န္နဲ႔ အတူ႐ွိခ်င္ေနတာ။ဒါေပမယ့္ ငါ သူ႕ဆီကပိုက္ဆံေခ်းထားတာမို႔ သူက ငါ့ကို လုံးလုံး အာ႐ုံမ႐ွိဘူးေလ။အဲ့တာေၾကာင့္ ငါက မင္းနဲ႔ ေပါင္းၿပီး သ႐ုပ္ေဆာင္လိုက္တာ။မင္းကအခုမွ ဒီလိုအမူအရာမ်ိဳးလာလုပ္ေနလို႔ရမလား။မင္းဘာသာ ငါ့ဆီအရင္ကပ္ၿပီး အစားထိုးခ်င္တာေနာ္။ဟုတ္တယ္မလား။ငါကေတာ့ အေျခအေနကို အမိအရအခြင့္အေရးယူလိုက္႐ုံပဲ။ကိစၥတိုင္း မင္းဘက္စလာတာခ်ည္းပဲ။ ဟုတ္လား မဟုတ္ဘူးလားေျပာ”

ဖန္ေယာင္႐ႊမ္းသည္ တစ္ဖက္လူရဲ႕ ပခုံးအား ဖိညႇစ္ရန္လုပ္လိုက္ေပမယ့္ က်ိခ်င္းက်ိဳးက အာ႐ုံလ်င္လ်င္ထားထားသူျဖစ္၍ သူအနားကပ္လာတာနဲ႔ ထိုလူ႕လက္ကို ႐ိုက္ခ်ၿပီး ေျခေထာက္နဲ႔ ေဆာင့္ကန္လိုက္သည္။ ဖန္ေယာင္႐ႊမ္းတစ္ေယာက္ ဗိုက္ကို ဖိအုပ္လိုက္ရသည္။က်ိခ်င္းက်ိဳးကေတာ့ ခ်က္ခ်င္း က်ိဳးခ်န္ဖုန္းဘက္ကို ဆုတ္သြားေလသည္။

သူတို႔ဘာေတြေျပာေနၾကမွန္း စြင္းယင္ နားမလည္ေပမယ့္ ရန္ျဖစ္ေနၾကတာလည္းျမင္ေရာ ဖန္ေယာင္႐ႊမ္းကို ျမန္ျမန္တြဲေပးထားၿပီး က်ိခ်င္းက်ိဳးကို မာန္မဲလာသည္။

“မင္းဘာလုပ္တာလဲ က်ိခ်င္းက်ိဳး!”

“သူခုနကဘာလုပ္ခ်င္ေနတာလဲဆိုတာက်ေတာ့မေမးဘူးလား။”

က်ိခ်င္းက်ိဳး ျပန္ခံပက္လိုက္သည္။

က်ိဳးခ်န္ဖုန္းသည္ ဖန္ေယာင္႐ႊမ္းနဲ႔ အခ်ိန္ထပ္မျဖဳန္းခ်င္ေတာ့သည့္အတြက္ က်ိခ်င္းက်ိဳးအား nanny car ထဲေခၚသြားေပးဖို႔ ေ႐ွာင္ခ်န္းကို ေျပာလိုက္သည္။ဖန္ေယာင္႐ႊမ္းက အနားကပ္လာၿပီး ထပ္လိုက္ခ်င္ေသးေပမယ့္ က်ိဳးခ်န္ဖုန္းက ၾကားဝင္ျဖတ္လိုက္သည္။

“ဖန္ေယာင္႐ႊမ္း...မင္းဒီလိုမ်ိဳးျပႆနာထပ္႐ွာေနရင္ ဒီကားကို က်ိခ်င္းက်ိဳး ႐ိုက္မွာ မဟုတ္ေတာ့ဘူး”

“မင္းတို႔ရပ္ခ်င္ရင္ ရပ္ပစ္တာၾကာေပါ့။အခုထိ ေစာင့္စရာလိုေသးလို႔လား”

“ဖန္ေယာင္႐ႊမ္း မင္း သူနဲ႔စကားေကာင္းေကာင္းေျပာခ်င္ၿပီး သူ႕နားကပ္ခ်င္ရင္ အရင္ဆုံး သူ႕ေပၚ ေလးစားမႈ႐ွိေပးပါ။မင္း ဒီလိုေလွ်ာက္ဖမ္းေနလို႔ သူမင္းနဲ႔ စကားေျပာမယ္ထင္လား။မင္းကို စကားမေျပာခ်င္ပါဘူးဆိုတာကို ေနာက္ကေလွ်ာက္လိုက္ေနတာ ဘာသေဘာလဲ”

ဖန္ေယာင္႐ႊမ္းသည္ ထိုစကား‌ေတြၾကားတာနဲ႔ အ႐ုပ္ႀကိဳးပ်က္ျဖစ္ေနရာက ရပ္သြားၿပီး က်ိဳးခ်န္ဖုန္းကို တစ္ခ်က္ေဝ့ၾကည့္လာသည့္တိုင္ မည္သည့္စကားကိုမွေတာ့ မဆိုခဲ့လာေပ။

က်ိခ်င္းက်ိဳး အေပၚထားတဲ့ သူ႕ခံစားခ်က္ေတြ ႐ႈပ္ေထြးေန၏။အစပိုင္းက ထိုလူကို သေဘာက်ၿပီး တျဖည္းျဖည္း စိတ္ထဲစြဲလာသည္။ခုနကလို ေဒါသေတြျမင့္တက္လာတတ္သည္။ ဟိုတစ္ခ်ိန္က က်ိခ်င္းက်ိဳး သူ႕ကို မခ်စ္ခဲ့ဘဲ ခ်ဴခ်န္ရဲ႕ အာ႐ုံကို ဆြဲေဆာင္ႏိုင္ဖို႔ တမင္သက္သက္အသုံးခ်ခဲ့တယ္ဆိုတာကို  သူဘယ္လိုလက္မခံရပါ့မလဲ။ဒါေပမယ့္ သူတျဖည္းျဖည္းျပန္ေတြးၾကည့္ခ်ိန္မွာေတာ့ သူနဲ႔ ခ်ဴခ်န္တို႔ ေဆး႐ုံမွာ ရန္ျဖစ္ၾကခ်ိန္ က်ိခ်င္းက်ိဳးက သူ႕ကို ထားခဲ့ၿပီး ခ်ဴခ်န္လက္ေမာင္းထဲ တိုးဝင္သြားခဲ့သည္။

အရင္ကဆို ဘာေတြျဖစ္ေနမွန္းသူနားမလည္ခဲ့ဘူး။႐ုတ္တရက္ႀကီး က်ိခ်င္းက်ိဳး သူ႕နားကပ္လာၿပီး ႐ုတ္တရက္ႀကီးပဲ သူ႕ကို ကပ္ေဘးတစ္ခုလို ေ႐ွာင္က်ဥ္သြားျခင္းက ဘာလို႔လဲ? ဒါေပမယ့္ က်ိခ်င္းက်ိဳးခုနကေျပာသြားသည့္ စကားေတြအရဆို မိမိက ခ်ဴခ်န္ဆီခ်ဥ္းကပ္ဖို႔သုံးတဲ့ ပစၥည္းတစ္ခုသာသာေပါ့ေလ။အဲ့ေတာ့ ေဆး႐ုံက သူတို႔ရန္ျဖစ္ၾကၿပီးေနာက္ က်ိခ်င္းက်ိဳးက ခ်ဴခ်န္ရင္ထဲက သူ႕ေနရာကို သိသြားၿပီး ဆက္သ႐ုပ္ေဆာင္စရာမလိုေတာ့လို႔ သူနဲ႔ မပတ္သက္ေတာ့တာေပါ့။

ဖန္ေယာင္႐ႊမ္းရဲ႕ လက္ေတြက လက္သီးဆုပ္အျဖစ္တင္းၾကပ္သြား၏။
ေကာင္းတယ္! က်ိခ်င္းက်ိဳး! သိပ္ေကာင္းတယ္! ဖန္ေယာင္႐ႊမ္းကို ဘယ္သူမွအဲ့လိုမဆက္ဆံရဲခဲ့ဘူး! က်ိခ်င္းက်ိဳးဘက္ကအရင္ သူ႕ကို အသုံးခ်လာမွေတာ့ သူကလည္း ၾကင္နာေပးေနမွာမဟုတ္ေတာ့ဘူး။ မတရားခံရမွ ဖန္ေယာင္႐ႊမ္းကို လာအျပစ္မတင္နဲ႔! သူ႕ခံစားခ်က္က တစ္ျခားသူေတြ လြယ္လြယ္အသုံးခ်လို႔ရတဲ့ အရာမဟုတ္ဘူး!

ဖန္ေယာင္႐ႊမ္းက လက္သီးတင္းတင္းဆုပ္ၿပီး သူ႕အနားယူတဲ့ေနရာဆီ ျပန္လွည့္သြားေလသည္။

သူျပန္သြားတာနဲ႔ က်ိဳးခ်န္ဖုန္းလည္း က်ိခ်င္းက်ိဳးဆီ သြားလိုက္ၿပီး သတိေပးစကားဆိုလိုက္သည္။

“သူ႕ကိုအၿမဲရန္မစဘဲေနလို႔ မရဘူးလားကြာ။ၿပီးေတာ့ သူ႕ကို စကားေျပာရင္လည္း ပိုၿပီး ယဥ္ယဥ္ေက်းေက်းေလးေျပာေပးလို႔ရမလား။ တစ္ျခားသူေတြဆို မင္းအရမ္းယဥ္ေက်းသိမ္ေမြ႕လြန္းတာကို သူနဲ႔ေတြ႕တာနဲ႔ ဘာလို႔ ေပါက္ေတာ့မယ့္ အေျမႇာက္ဆန္လိုျဖစ္သြားတာလဲ...မင္း ေပါက္ကြဲသြားလို႔ သူထိခိုက္သြားရင္ အေကာင္း။မင္းကိုယ္မင္း ျပန္ထိခိုက္သြားမွာက် မေၾကာက္ဘူးလားဟမ္”

“ကြၽန္ေတာ္ သူ႕ကို သေဘာမက်ဘူး”

က်ိခ်င္းက်ိဳးက ဘြင္းဘြင္း႐ွင္း႐ွင္းပဲ။

“သူနဲ႔ ေလာ့ယြီ႐ွင္းကို ေတြ႕တာနဲ႔ ေဒါသထြက္လြန္းလို႔ လုံးဝယဥ္ယဥ္ေက်းေက်းမဆက္ဆံေပးႏိုင္ေအာင္ပဲ”

က်ိဳးခ်န္ဖုန္းေလးတစ္ေယာက္ ကိုယ့္ကိုကိုယ္ ျပန္ႏွစ္သိမ့္ရေတာ့သည္။
ဘယ္သူက စိတ္မ႐ွိပဲ ေနမွာလဲဗ်ာ ?? က်ိခ်င္းက်ိဳးဆိုတဲ့ေကာင္ေလးက စိတ္ထားေကာင္းရဲ႕သားနဲ႔။ ဒါေပမယ့္ သူတို႔လမ္းခြဲၿပီးရင္ေတာင္ ခ်ဴခ်န္ပုံစံအရဆို သူ႕ကို လႊတ္ေပးထားမွာ မဟုတ္လိမ့္ဘူး။ ေကာင္းပါတယ္ေလ။ က်ိခ်င္းက်ိဳးရဲ႕ ေဒါသေတြကို သူမထိန္းႏိုင္ေပမယ့္ ခ်ဴခ်န္ထိန္းေပးလိမ့္မည္။

သူတို႔ႏွစ္ေယာက္ခန္းေတြ႐ိုက္ၿပီး ရက္နည္းနည္းအၾကာ ဖန္ေယာင္႐ႊမ္းရဲ႕ ဦးေလး ဇာတ္ကားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံသူ  ဖန္က်ယ္ေရာက္လာၿပီး ဇာတ္ကား႐ိုက္ကူးေရးတိုးတက္ႏႈန္းကို လာၾကည့္၏။ညေနဘက္မွာေတာ့ ႐ိုက္ကူးေရးအဖြဲ႕ထဲက အဓိကဇာတ္ေဆာင္ႏွစ္ေယာက္ကို သူနဲ႔အတူ ညစာစားဖို႔ ဖိတ္ေလသည္။က်ိခ်င္းက်ိဳး မသြားခ်င္ေပမယ့္ က်ိဳးခ်န္ဖုန္းက ေဖ်ာင္းဖ်လာသည္။

“သြားလိုက္ပါကြာ။မင္းကေခါင္းေဆာင္မင္းသား သူက ရင္းႏွီးျမႇဳပ္ႏွံသူ ။ မင္းမသြားရင္ သူ႕ကို အ႐ွက္ခြဲလိုက္သလိုျဖစ္သြားမွာမလား။မင္းနဲ႔ ဖန္ေယာင္႐ႊမ္းတို႔ၾကားမွာ ကေတာက္ကဆေလးေတြ ႐ွိရင္ေတာင္ ဖန္က်ယ္ကို မ်က္ႏွာသာေပးဖို႔ လိုေသးတယ္ေလ”

က်ိခ်င္းက်ိဳးလည္း မျငင္းသာစြာ က်ိဳးခ်န္ဖုန္းနဲ႔အတူ သြားရေလေတာ့သည္။

ဖန္က်ယ္က မီးခိုးမိႈင္းေရာင္ အေနာက္တိုင္းဝတ္စုံႏွင့္ ေ႐ႊကိုင္းမ်က္မွန္ကို ဝတ္ဆင္ထားသည္။သူက ဘုရင္တစ္ပါးလို အဓိက ထိုင္ခုံမွာ ထိုင္ၿပီး ဇာတ္ကားနဲ႔ပတ္သက္တဲ့ သူ႕အေတြးေတြကို ေျပာျပေန၏။ထုတ္လုပ္သူကလည္း မၾကာမၾကာကို ခ်ီးမြမ္းစကားဆိုေန၍ ဖန္က်ယ္ မ်က္ႏွာ ထက္က အျပဳံးသည္ ပိုပိုၿပီးကို ေတာက္ပလာေခ်ေတာ့၏။

တ႐ုတ္လူမ်ိဳးအမ်ားစုရဲ႕ အစားအေသာက္ပြဲမွာ အရက္က မပါမျဖစ္ေပ။သိပ္မၾကာခင္မွာပင္ လူတိုင္းက တစ္ေယာက္ၿပီးတစ္ေယာက္ ခြက္တိုက္ၿပီး အခ်င္းခ်င္း ဆုမြန္ေကာင္းေတာင္း ၾကသည္။ က်ိခ်င္းက်ိဳးကေတာ့ မေသာက္ေပ။က်ိဳးခ်န္ဖုန္းက သိေနသည့္အတြက္ သူ႕ဘက္ကအရင္ ဖန္က်ယ္ကို ခြက္တိုက္လိုက္ၿပီး ယဥ္ယဥ္ ေက်းေက်းစကားစလိုက္သည္။

“ခ်င္းက်ိဳးက အရက္မေသာက္တာမို႔ သူ႕အစားကြၽန္ေတာ္ေသာက္ေပးပါ့မယ္။ႏွစ္ခြက္ေသာက္ေပးပါ့မယ္ဗ်ာ”

ဖန္က်ယ္က မေက်မနပ္ျဖစ္သြား၏။

“ဘယ္ျဖစ္မလဲ? အရက္မပါဘဲ စားလို႔ရမလားကြ။ မင္းတို႔က ငါ့ကို မ်က္ႏွာသာမေပးဘဲေနၾကမလို႔လား”

“အဲ့လိုမဟုတ္ပါဘူး။ ခ်င္းက်ိဳးက အရက္မေသာက္ႏိုင္လို႔ သူက ေသာက္ၿပီးတာနဲ႔ မူးေရာ ။ မနက္ျဖန္လည္း ႐ိုက္ရမည့္အခန္းေတြ႐ွိေသးတာမို႔ အရက္အစား လက္ဖက္ရည္ အစားထိုးလိုက္ရင္ေရာ”

“ဒီလိုလုပ္လိုက္မယ္?”

ဖန္က်ယ္က ဒါ႐ိုက္တာ ဝူဘက္လွည့္ကာ-

“ဒါ႐ိုက္တာဝူေရ မနက္ျဖန္႐ိုက္ရမယ့္ က်ိခ်င္းက်ိဳးအခန္းကို သဘက္ခါေ႐ႊ႕လိုက္ပါ”

ထို႔ေနာက္ သူက က်ိဳးခ်န္ဖုန္းကိုၾကည့္လာသည္။

“ၾကည့္ေလ။ ေျဖ႐ွင္းၿပီးသြားၿပီမဟုတ္လား”

က်ိဳးခ်န္ဖုန္း : ............

က်ိဳးခ်န္ဖုန္းတစ္ေယာက္ စိတ္ထဲမွ ျပစ္ျပစ္ႏွစ္ႏွစ္က်ိန္ဆဲလိုက္ေပမယ့္ အျပင္ပန္းမွာေတာ့ ယဥ္ေက်းစြာ အျပဳံးတစ္ခုတပ္ဆင္၍ ျငင္းဆန္ေနရ၏။

“သူတကယ္ကို မေသာက္ႏိုင္တာမို႔။သူ႕အစား ကြၽန္ေတာ္ႏွစ္ခြက္ထက္ပိုၿပီး ေသာက္ေပးမယ္ေလ။ဘယ္လိုလဲ”

“ငါ မင္းကို ေသာက္ခိုင္းေနတာမို႔လား”

ဖန္က်ယ္က ႏွာေခါင္း႐ႈံ႕ၿပီး က်ိခ်င္းက်ိဳးကိုၾကည့္၏။

“ဒီေလာကထဲမွာေနၿပီး အရက္တစ္ခြက္ေတာင္ မေသာက္ႏိုင္ဘူးဆိုေတာ့ သူက သိပ္တန္ဖိုးႀကီးတဲ့လူသားပဲေဝ။ တစ္ခြက္‌တည္းေသာက္လို႔ သူ႕ကို မေသေစပါဘူး”

က်ိခ်င္းက်ိဳးသည္ တစ္ဖက္လူမ်က္လုံးထဲက အထင္ေသးတဲ့အၾကည့္ေတြကို ၾကည့္ၿပီး ဘာစကားမွ မဆိုဘဲ က်ိဳးခ်န္ဖုန္းဆီသာ လက္လႊဲထားလိုက္သည္။သူဘယ္ေလာက္ပဲ ေသာက္ႏိုင္လဲ သူ႕ကိုယ္သူ သိတာမို႔။ ဒီလူဆီက တစ္ခြက္ေသာက္ၿပီးရင္ ထုတ္လုပ္သူေတြ၊ဒါ႐ိုက္တာေတြဆီကလာေတာ့မယ္။ သူ အျပင္မွာ အရက္မေသာက္ခ်င္ေပ။ ၿပီးေတာ့ တစ္ျခားသူေတြေ႐ွ႕မွာ အရက္မေသာက္ေတာ့ဘူးလို႔ ခ်ဴခ်န္ကို ကတိေပးထားခဲ့ၿပီးျဖစ္၍ ဖန္က်ယ္အတြက္ ေသာက္ေပးတာဆိုၿပီး ခြၽင္းခ်က္မလုပ္ခ်င္ပါ။

က်ိဳးခ်န္ဖုန္းက က်ိခ်င္းက်ိဳးရဲ႕ အရက္ခံႏိုင္ရည္ကို မသိေသာ္လည္း သူတစ္ခြက္စေသာက္လိုက္တာနဲ႔ ရပ္လို႔မရေတာ့ဘူးဆိုတာသိ၍ သူမျငင္းႏိုင္ေတာ့တဲ့အဆုံး တည့္တိုးပဲေျပာလိုက္ေတာ့သည္။

“ကြၽန္ေတာ္ သူ႕ကို ေသာက္ခြင့္မေပးတာ မဟုတ္ဘူး မစၥတာဖန္။ မစၥတာခ်ဴမွာထားလို႔ပါ။ကြၽန္ေတာ္က မစၥခ်ဴဆီမွာ အလုပ္လုပ္ေနတာမို႔ ခ်င္းက်ိဳးကို ေသာက္ခိုင္းလိုက္ရင္ မစၥခ်ဴကို ကြၽန္ေတာ္ ဘယ္လိုျပန္႐ွင္းျပရေတာ့မလဲ။”

သူကို ဖိအားေပးဖို႔ ခ်ဴ႐ွင္ကို ထုတ္သုံးလာသျဖင့္ ဖန္က်ယ္က ေလွာင္သလို ရယ္သည္။

“သူ႕အႏုပညာ႐ွင္ေတြ အရက္ေသာက္တာမေသာက္တာထိေတာင္ ခ်ဴ႐ွင္းက ဝင္ပါေနၿပီဆိုေတာ့ ႐ွီးယြီမွာ ဒီေလာက္ အႏုပညာ႐ွင္ေတြအမ်ားႀကီး႐ွိတာ အကုန္လုံးကို သူထိန္းခ်ဳပ္ႏိုင္ပါ့မလား”

က်ိဳးခ်န္ဖုန္းက ရယ္ၿပီး အလြန္တည္ၿငိမ္စြာ ျပန္ေခ်ပသည္။

“ခင္ဗ်ားမယုံရင္ ကြၽန္ေတာ္ေျပာတာမွန္လားမမွန္လား မစၥတာခ်ဴကို ဖုန္းဆက္ၿပီး ေမးၾကည့္လို႔ရတယ္။တကယ္လို႔ မဟုတ္ဘူးဆို တစ္ခြက္မေျပာနဲ႔ ခင္ဗ်ား ေသာက္ေစခ်င္သေလာက္ ဘယ္ႏွစ္ခြက္ပဲျဖစ္ျဖစ္ ေသာက္ေပးမယ္”

က်ိခ်င္းက်ိဳးက နည္းနည္းေတာင့္တင္းသြားၿပီး တည္ၿငိမ္ေနေသာ က်ိဳးခ်န္ဖုန္းကို ၾကည့္လိုက္သည္။ အစက က်ိဳးခ်န္ဖုန္းေျပာတဲ့  မစၥတာခ်ဴဆိုတာကို သူထင္တာက  ခ်ဴခ်န္ကို ရည္ၫႊန္းတာလို႔ေလ။ ခ်ဴ႐ွင္းျဖစ္လိမ့္မယ္လို႔ တကယ္မထင္ထားခဲ့ပါ။သူကူးေျပာင္းလာၿပီးတဲ့ အခ်ိန္ကစလို႔ ထိုလူကို တစ္ခါႏွစ္ခါထက္ပိုၿပီး မျမင္ဖူးခဲ့။ရင္းႏွီးမရင္းႏွီးခဲ့ပါ။အခုက်ိဳးခ်န္ဖုန္းေျပာတာေတြၾကားေတာ့ နည္းနည္း လိပ္ျပာမလုံေတာင္ျဖစ္လာသည္။

က်ိဳးခ်န္ဖုန္းက ဖန္က်ယ္ကို ပိတ္ဆို႔လိုက္သည္။မိနစ္အနည္းငယ္ၾကယတဲ့အထိ သူနဲ႔ က်ိခ်င္းက်ိဳးၾကားမွာ ေ႐ွ႕မတိုးသာေနာက္မဆုတ္သာ အေျခအေနျဖစ္ေန၏။အခုခ်ိန္ က်ိဳးခ်န္ဖုန္းရဲ႕ စကားေတြေၾကာင့္ သူအလႊတ္ေပးလိုက္ရင္ ခ်ဴ႐ွင္းကို ေၾကာက္တဲ့ပုံျဖစ္သြားလိမ့္မည္။က်ိဳးခ်န္ဖုန္းေျပာသလိုသာဆို သူ႕ကိုယ္သူ အ႐ူးလုပ္သလို ျဖစ္သြားလိမ့္မည္။

အက်ပ္အတည္းျဖစ္ေနေသာ အခ်ိန္၌ ဝူေဟြ႕နဲ႔ ပ႐ိုဂ်ဴဆာက သူတို႔ေ႐ွ႕မွ အေျခအေနကို ၾကည့္ၿပီး ဝင္ေျဖေလ်ာ့လာသည္။

“မစၥတာခ်ဴရဲ႕ ‌ေတာင္းဆိုခ်က္ဆိုမွေတာ့ ထားလိုက္ပါေတာ့ မစၥတာဖန္ရယ္။ခ်င္းက်ိဳးလည္း မနက္ျဖန္ ႐ိုက္ကူးေရး႐ွိေနေတာ့ မူးသြားရင္ မေကာင္းဘူး”

“ဟုတ္ပ။ကျုပ် မစၥတာဖန္နဲ႔ေသာက္ေပးမယ္ေလ ။ခ်င္းက်ိဳးက အရမ္းငယ္ေသးပုံရေတာ့ သူတကယ္မေသာက္ႏိုင္တာထင္ပါတယ္။သူနဲ႔ ေသာက္ရမွလားဗ်ကျုပ်ေသာက္ေပးမယ္။ဒီေန႔ မမူးမခ်င္း ကြၽန့ကျုပ်တို့႔ အိမ္မျပန္ၾကဘူးဆိုရင္ေရာ”

သူတို႔ႏွစ္ေယာက္ စကားဝင္ေျပာလာေတာ့ အေျခအေနကလည္း ေကာင္းတယ္ဆို႐ုံေလး႐ွိလာသည္။ ဖန္က်ယ္က ႏွာေခါင္း႐ႈံ႕ကာ-

“ခ်င္းက်ိဳးက တကယ္ေတာ္တာျဖစ္ရမယ္ေနာ္။ ငါအစကေတာ့ မင္းကို ခ်ဴခ်န္နဲ႔ပဲသိၿပီး သူငယ္ခ်င္းေတြျဖစ္တယ္ထင္ေနတာ။မထင္မွတ္ပဲ ခ်ဴ႐ွင္းနဲ႔ပါ ဆက္ဆံေရးေကာင္းေနပါလား။မင္းေသာက္တာမေသာက္တာကိုေတာင္ သူက ဂ႐ုစိုက္ေပးတယ္။ငါသိသေလာက္ဆို က်င္း႐ွင္လည္း ေသာက္ပါတယ္။ၾကည့္ရတာ က်င္း႐ွင္က မင္းေလာက္ အေရးမပါဘူးထင္ပါ့ကြာ”

က်ိဳးခ်န္ဖုန္းရဲ႕ အမူအရာက ခ်က္ခ်င္းေျပာင္းသြားသည္။

“က်င္း႐ွင္ေသာက္တာမေသာက္တာက သူ႕ကိစၥပါ။ ခ်င္းက်ိဳးနဲ႔ ဘာမွမဆိုင္ဘူး”

“နည္းနည္းေလး ထူးဆန္းတယ္လို႔ ခံစားမိ႐ုံပါ။က်င္း႐ွင္လို ႐ွီးယြီရဲ႕ ဝွက္ဖဲေတာင္ ဒီလို ဆက္ဆံပုံေတြနဲ႔ မသာယာခဲ့ဖူးေပမယ့္ သူကေတာ့ ရခဲ့တယ္ဆိုေတာ့ ခ်င္းက်ိဳးက အရမ္းအင္အားႀကီးတာပဲ”

သူ႕ရဲ႕ ေၾကာင္ေတာင္ေတာင္ စကားေတြကို နားေထာင္ၿပီး က်ိခ်င္းက်ိဳးက တည္ၿငိမ္စြာဆိုလိုက္သည္။

“ခင္ဗ်ားကိစၥမဟုတ္ဘူး”

ဖန္က်ယ္လည္း ထိုအခ်ိန္ကို ျပန္ေတြးၾကည့္လိုက္သည္။သူသိတဲ့ လ်န္က်င္း႐ွင္ရဲ႕ အေနအထားနဲ႔ဆို က်ိခ်င္းက်ိဳးကက် ဒီလို ဆက္ဆံခံရၿပီး သူကဘာလို႔ ဒီလိုမဆက္ဆံခံရတာလဲ။က်ိဳးခ်န္ဖုန္းလိမ္ညာတာကလြဲၿပီး တစ္ျခားျဖစ္ႏိုင္မွာ မဟုတ္။သူျပဳံးၿပီး တမင္စကားစလိုက္သည္။

“ၾကည့္ရတာ ခ်င္းက်ိဳးက ႐ွီးယြီရဲ႕ ေမွ်ာ္လင့္ခ်က္ေလးထင္ပါရဲ႕။ဒီတိုင္းသာဆို ငါက ခ်င္းက်ိဳးနဲ႔ ပိုေတာင္ ေသာက္ခ်င္ေသးတယ္။မဟုတ္ေသးဘူး။ငါအား႐ွင္းကို ေျပာမွရေတာ့မယ္။ဒီေကာင္ေလး ဘယ္လိုလုပ္ႏိုင္တာလဲ။ဒီကလူေတြဘယ္သူမွ မေသာက္ပဲ မထြက္သြားရဘူး။ဟုတ္ၿပီလား။”

သူကစကားဆုံးတာနဲ႔ စားပြဲေပၚတင္ထားသည့္ ဖုန္းကို ကိုင္လိုက္ၿပီး ခ်ဴ႐ွင္းဆီဆက္လိုက္သည္။ဒီခဏမွာေတာ့ က်ိခ်င္းက်ိဳး နည္းနည္း လန္႔သြားက က်ိဳးခ်န္ဖုန္းကို လွမ္းၾကည့္လိုက္ေပမယ့္ က်ိဳးခ်န္ဖုန္းရဲ႕ ႐ုပ္တည္တည္ကိုသာ ေတြ႕လိုက္ရ၏။သူ႕ၾကည့္ရတာ နည္းနည္းမွ စိုးရိမ္မေနပုံပင္။

ခ်ဴ႐ွင္း တစ္ေယာက္ အခ်ိန္ပိုဆင္းၿပီးလို႔ ကားပါကင္ဆီေရာက္႐ုံ႐ွိေသး ဖုန္းထျမည္လာသည္။ သူတစ္ခ်က္ၾကည့္လိုက္ေတာ့ ဖန္က်ယ္ဆီက ျဖစ္ေန၏။ ခ်ဴ႐ွင္း တစ္ဖက္က ဖုန္းကိုင္လိုက္ရင္း ကားဆီ ဆက္ေလွ်ာက္ေနလိုက္သည္။

“အား႐ွင္ေရ ငါပါ”

ဖန္က်ယ္က က်ိခ်င္းက်ိဳးထံ ျပဳံးျပဳံးႀကီးၾကည့္သည္။

“မင္းက  အႏုပညာ႐ွင္ေတြနဲ႔ ပတ္သက္ၿပီး အရမ္းစည္းကမ္းတင္ၾကပ္တာပဲေကာင္ေလးေရ။ဘာလို႔ သူတို႔ကို အရက္ေသာက္ခြင့္မေပးတာလဲ”

ဘာေျပာတယ္? အႏုပညာ႐ွင္ေတြ ေသာက္ေသာက္မေသာက္ေသာက္ သူဘယ္တုန္းက ဂ႐ုစိုက္ေပးခဲ့လို႔လဲ။
သို႔ေသာ္ သူ႕အေတြးေတြက ဖန္က်ယ္ထက္ပိုၿပီး အေသးစိတ္က်တဲ့အတြက္ မထူးျခားသကဲ့သို႔ ေမးလိုက္သည္။

“ဘယ္သူနဲ႔လဲ”

“မင္းတို႔ ကုမၸဏီက က်ိခ်င္းက်ိဳးလို႔ ေခၚတဲ့ အႏုပညာ႐ွင္ေလကြာ။ငါက သူလက္႐ွိ႐ိုက္ေနတဲ့ ဇာတ္ကားရဲ႕ ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္ေနေတာ့ ဒီေန႔ ႐ိုက္ကူးေရးအဖြဲ႕ေတြကို ဖိတ္ၿပီးညစာေကြၽးတာ လူတိုင္း ေသာက္ၾကေပမယ့္ မင္းစကားေၾကာင့္ မင္းရဲ႕ အႏုပညာ႐ွင္ေကာင္ေလးက မေသာက္ရဲဘူးေလ။သူက လူငယ္ေလးပဲ ႐ွိေသးတယ္ေလ။ ဘယ္လူငယ္ေလးက မေသာက္ပဲေနပါ့မလဲ။မင္း အရမ္းဂ႐ုစိုက္လြန္းေနပါေကာ”

+++++++++++++++++-

ေယာက္ဖေရ ေနေတာင္အေတာ္ေစာင္းၿပီ😂😂😂😂

ခ်ဴ႐ွင္းကတို႔ဘဲပါ😄

ၾကာသြားတယ္ေနာ္💃💃💃။ေတာင္းပန္ပါတယ္႐ွင့္🙋

++++++++++-++++++-----+++

Continue Reading

You'll Also Like

640K 93.4K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
430K 26.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
662K 74.9K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
203K 5.3K 56
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...